လူတစ်ယောက်ကို သဘောကျတာမကောင်းဘူး
Vol. 106 Ch. 1477
ရင်လန် သူမ၏ ရွှင်လန်းသောမျက်နှာနှင့် ချိုမြိန်သောအပြုံးကို မြင်ဖူး သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမကို တစ်ခါမှ ထိုကဲ့သို့ မမြင်ဖူးပေ။
ဒါ သူမပြောတဲ့ သဘောကျတဲ့လူတစ်ယောက် ရှိလာရင်ဖြစ်တဲ့ လူတွေရဲ့ မျက်နှာထားလား။
ဝူလင်းယူလျှောက်လာချိန်တွင် ရှီမာယူယူသည် တောက်ပစွာပြုံးပြီး သူ့ကို ကြိုဆိုလေသည်။
“ဘာလို့ရောက်လာတာလဲ”
ဝူလင်းယူသည် သူမပခုံးများကို ဖက်ပြီး ကျောဘက်မှ ကျနေသော ဆံနွယ်များကို အသာအယာပွတ်သတ်ပြီး ပြုံးကာပြောလိုက်သည် “မင်းကို လွမ်းလို့လာတာပေါ့”
ရှီမာယူယူသည် တောက်ပစွာပြုံးကာ သူ့ပခုံးကို အသာအယာတွန်းလိုက် သည် “အစ်ကို့သတင်းကိုမကြားတာ အရမ်းကြာနေပြီ တစ်ခုခုဖြစ်နေပြီလို့ တောင်ထင်နေတာ”
“တကယ်ပဲ ပြဿနာတချို့ရှိခဲ့တယ် မင်းကိုနောက်မှ ပြောပြမယ်” ဝူလင်းယူသည် သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
“ဟုတ်ပြီလေ”
ရင်လန်သည် အသက်ရှုရန် ခက်သည့်အတိုင်း ရင်များ ဆို့နင့်လာသည်။ သူ နေရခက်စွာဖြင့် လက်ဆန့်ထုတ်ပြီး ရင်ဘတ်ကိုကိုင်လိုက်သည်။
သူ့အဖြစ်ကို ဝူလင်းယူသတိထားမိပြီး ရှီမာယူယူကို ပခုံးကိုင်ပြီး တား ကာ ပြောလိုက်သည် “ကိုယ်မရှိရင် တခြားကောင်တွေနဲ့ မပတ်သတ်ဖို့မပြော ထားဘူးလား ဒါဘယ်သူလဲ”
“အဟမ်း သူက လိမ္မော်သီးမြို့တော်ရဲ့ မြို့ဝန်ပါ” ရှီမာယူယူ မိတ်ဆက် ပေးလေသည်။
“သိပြီ မြို့ဝန်ရင်ကိုး အစောပိုင်းက မရိုသေမိတဲ့အတွက်တောင်းပန်ပါ တယ်” ဝူလင်းယူသည် သူ့ကိုခေါင်းညိတ်ပြလေသည်။ သို့သော် ရင်လန်၏ ရာထူးကြောင့် မည်သည့်အရာမှ ပြောင်းလဲသွားခြင်းမရှိပေ။
“ယူယူ သူက မင်းသဘောကျတဲ့သူလား” ရင်လန်သည် ဝူလင်းယူကို ဂရုမစိုက်ပေ။ သူသည် ရှီမာယူယူ ပခုံးပေါ်မှလက်ကို ဖယ်ပစ်ရန် တိုက်တွန်းနေ သည်။
“ဟုတ်ပါတယ်” ရှီမာယူယူသည် ပွင့်လင်းစွာ ဝန်ခံလေသည် “သူက အလယ်ပိုင်းဒေသက ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်သောသားတော်ပါ”
“အခု အတွင်းပိုင်းဒေသရဲ့ မြင့်မြတ်သောသားတော်ဖြစ်နေပြီ” ဝူလင်းယူ ပြောလိုက်သည်။
“အတွင်းပိုင်းဒေသကိုလာလိုက်ပြီလား”
“ဟုတ်တယ် သူတို့က လာစေချင်တာကြာပြီ၊ ဒါပေမဲ့ ကိုယ်မကြိုက်လို့ သူတို့ ဘာမှမလုပ်ကြတာ၊ ဒါပေမဲ့ အခုတော့ မင်းလည်း အတွင်းပိုင်းဒေသကို လာပြီဆိုတော့ သေချာပေါက် မင်းနောက်လိုက်ရမှာပေါ့” ဝူလင်းယူ ပြောလိုက် သည်။
“ဪ သူက ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်သောသားတော်ကိုး” ရင်လန်သည် သူမခံစားနိုင်တော့ဟု ထင်မိသဖြင့် မတ်တတ်ရပ်ကာ ပြောလိုက် သည် “ကျွန်တော် ဖြေရှင်းစရာကိစ္စလေးတွေရှိလို့ အရင်သွားနှင့်ပါဦးမယ်”
သူပြောပြီးသည်နှင့် သူတို့အဖြေကိုပင် မစောင့်တော့ဘဲ အခန်းထဲမှ ထွက် ခဲ့လိုက်သည်။
သူထွက်သွားပြီးနောက်တွင် ဝူလင်းယူသည် ကိုယ်ညွှတ်ကာ သူမ၏ နှုတ်ခမ်းများကို နက်ရှိုင်းသောအနမ်းများပေးလိုက်သည် “ဒါက မင်းအတွက် အပြစ်ဒဏ်ပဲ၊ တခြားယောက်ျားတွေကို မဆွဲဆောင်ဖို့ပြောခဲ့တယ် ဒါပေမဲ့ မင်း က အိမ်ထဲမှာတောင် နေခိုင်းလိုက်သေးတယ်”
ရှီမာယူယူသည် သူ့ရင်ဘတ်ကို ပုတ်လိုက်သည် “ဘယ်တုန်းကလဲ”
“ဟင်း သူ မင်းနောက်လိုက်နေတာ ကြာပြီကို ကိုယ်မသိဘူးမထင်နဲ့” ဝူလင်းယူ ပြောလိုက်သည်။
“သိရဲ့သားနဲ့ ဘာလို့ဒီလောက်နောက်ကျမှ ပြန်လာတာလဲ” ရှီမာယူယူ သည် သူ့ကိုစနောက်လိုက်သည် “ညီမကိုတောင် မဆက်သွယ်ဘဲ စိတ်ပူပြီး သေအောင်လုပ်နေတယ်”
“စကားလမ်းကြောင်းမလွှဲနဲ့ မင်းနားမှာ ယောက်ျားတွေအများကြီးရှိတာ ကို ကိုယ်သိတယ်၊ ဒါပေမဲ့ သူတို့ဘာလို့ မင်းနောက်လိုက်ကြတာလဲကို နားမလည်တာ၊ ရိုးရိုးသားသားပြောရင် သက်ညှာပေးမယ် ငြင်းနေဦးမယ်ဆိုရင် အပြစ်ပေးဦးမှာ” ဝူလင်းယူသည် သူမလက်ကိုဆုပ်ကိုင်ကာ သူ့နှုတ်ခမ်းနှင့် တေ့ပြီး ဖွဖွလေးကိုက်လိုက်သည်။
“သူက ညီမနောက်ကို သူ့ဘာသာလိုက်လာတာလေ မလိုက်နဲ့လို့လည်း ပြောလို့မှမရတာ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို သူက ဘာလို့နောက်ကလိုက်တာတဲ့လဲ”
ရှီမာယူယူသည် သူ့ရင်ခွင်ထဲတွင် မှီရင်း ရင်လန်သည် သူမကို သူ့မိန်းကလေး ဖြစ်စေချင်ကြောင်းနှင့် သူမနောက်သို့ လိုလားစွာ လိုက်လို ကြောင်းတွေ ပြောပြလိုက်သည်။ သူမ ခေါင်းမော့ကြည့်ရာ သူအံကြိတ်ထား သည်ကို တွေ့လိုက်ရသည် “ဘယ်လိုတောင် မင်းကို သူ့မိန်းကလေး ဖြစ်ဖို့ ပြော ရဲရတာလဲ သူနေရတာ ငြီးငွေ့လာပြီထင်တယ်”
“ကဲပါ ဒါကစတာပဲကို” ရှီမာယူယူ ဆက်ပြောလေသည် “သူ့အကြောင်း မပြောနဲ့တော့ ဘာလို့ဒီလောက်ကြာအောင် မဆက်သွယ်တာလဲ ပညာရှိစံအိမ် တော်က အပြစ်ပေးလို့လား”
“မဟုတ်ဘူး” ဝူလင်းယူသည် သူမ အမှန်တကယ် စိတ်ပူနေသည်ကို မြင် နိုင်ကာ ပြောလိုက်သည် “သူတို့က ကိုယ် ကိစ္စတွေဖြေရှင်းပုံကို အပြစ်တင်တာ ပဲရှိတာ အပြစ်မပေးပါဘူး၊ တချို့ကိစ္စတွေဖြေရှင်းနေလို့လည်း နည်းနည်းကြာ သွားတာ”
“အိုး” ရှီမာယူယူသည် သူဘေးကင်းသဖြင့် ထပ်ပြီး မမေးတော့ပေ။
“ကိုယ် ဇာမဏီနိဗ္ဗာန်ကိုမြင်ခဲ့တယ် အခုထိတော့မမှည့်သေးဘူး အချိန် လိုဦးမယ်” ဝူလင်းယူ ပြောလိုက်သည်။
“အဲဒါက ပညာရှိစံအိမ်တော်ရဲ့ ဘယ်နားမှာလဲ ဝင်ဖို့ရောလွယ်ရဲ့လား အဲဒီမှာ…”
“ကိုယ့်ကိုသာ အပ်ထားလိုက်ပါ” ဝူလင်းယူ ဆက်ပြောလေသည် “စိတ်မပူနဲ့ ကိုယ်မင်းဆီကိုယူလာပေးမယ်”
ရှီမာယူယူသည် သူ့လည်တိုင်ကို လက်ဖြင့်သိုင်းဖက်ထားရင်း ကြည့်ကာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည် “ဟုတ်ပါပြီ အစ်ကို့ကိုပဲ အပ်ထားလိုက်တော့ မယ်”
“အဲဒါအတွက်ဆုရှိလား” ဝူလင်းယူ၏ နှုတ်ခမ်းသည် ဆွဲဆောင်မှုသော အပြုံများအဖြစ် ကွေးတက်သွားသည်မှာ ဆွဲဆောင်မှုရှိသည့် ပြစ်မှုကျူးလွန်သူ အတိုင်းပင်။
ရှီမာယူယူသည် ခြေဖျားထောက်ကာ သူ့နှုတ်ခမ်းကိုနမ်းလိုက်သည် “ဒါ ဆုပဲ”
“မလောက်သေးဘူး…” ဝူလင်းယူသည် လက်ဝှေ့ယမ်းလိုက်ရာ အခန်း တံခါးမှာ အလိုလိုပိတ်သွားလေသည်။
အတန်ကြာပြီဂနောက်တွင် သူတို့၏ ရှုပ်ထွေးနေသော နှုတ်ခမ်းများ ကွာ သွားပြီး နှစ်ယောက်လုံး၏ ရောင်ဝါမှာ နည်းငယ် သန်မာလာသည်။
“ကိုယ်တကယ်ပဲ မင်းနဲ့အမြန်လက်ထပ်ချင်ပြီ” ဝူလင်းယူသည် သူမ ခေါင်းထိပ်တွင် မေးတင်ကာ သူ့ကိုယ်သူ နစ်မြုပ်ခွင့်မပေးတော့ပေ။
ရှီမာယူယူသည် သူမခေါင်းပေါ်မှ သူ့မေးစေ့ကို ခံစားမိသောအခါ အနည်း ငယ် ရှက်ရွံ့မိသည်။
“ဪ ဟုတ်သားပဲ ပြန်လည်မွေးဖွားခြင်းမီးတောက် သတင်းရောရသေး လား” သူမသည် အဓိပ္ပာယ်မရှင်းလင်းသော အခြေအနေကိုရှောင်ရှားရန် စကား လမ်းကြောင်းလွှဲလိုက်သည်။
ထိုသို့ပြောသောအခါ သူမ ခေါင်းပေါ်မှလူသည် တတ်ဆိတ်သွားလေ သည်။
“ဟင်” ရှီမာယူယူသည် သူ့ရင်ခွင်မှ ထွက်ကာ သူ့ကိုကြည့်လိုက်သည် “ဘာလို့လဲ အဲဒီသတင်းမရဘူးလား”
“မဟုတ်ဘူး” ဝူလင်းယူသည် အတန်ကြာအောင် တိတ်ဆိတ်သွားလေ သည် “တကယ်တော့ သတင်းရထားတာရှိပါတယ်”
“အဲဒါကဘယ်မှာလဲ”
ဝူလင်းယူသည် သူမ မျက်လုံးထဲမှ စိုးရိမ်မှုကိုမြင်သောအခါ အတွေးများ ကိုပြန်ရုတ်သိမ်းပြီး ပြောလိုက်သည် “အရင်တစ်ခေါက် ကိုယ်ကြားတာက ပြန်လည်မွေးဖွားခြင်းမီးတောက်နဲ့ လျှို့ဝှက်မိသားစု ရွှမ်းချုံမျိုးနွယ်တို့က ဆက်စပ်မှုရှိတယ်လို့ ကြားခဲ့တယ်၊ ဒါပေမဲ့ ရွှမ်းချုံမျိုးနွယ်မှာရှိလားဆိုတာကို တော့ အတည်မပြုနိုင်ခဲ့ဘူး ဒါပေမဲ့ ဘယ်မှာရှိလဲဆိုတာ ရွှမ်းချုံမျိုးနွယ်က သိတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခဲ့တယ်”
ရှီမာယူယူသည် ငေးငိုင်သွားကာ ရယ်မောလေသည်။
ပြန်လည်မွေးဖွားခြင်းမီးတောက်နှင့် ရွှမ်းချုံမျိုးနွယ်တို့ ဆက်စပ်မှုရှိသည် ကို သူမ သိလျှင် ရွှမ်းချုံမျိုးနွယ်ကိုသွားပြီး ရွှမ်းချုံဟော်ကို ဆက်သွယ်လိုက်ရုံ ပင်။
အဲဒါကြောင့် သူ ရှက်ကိုးရှက်ကန်းဖြစ်ပြီး ဘာမှမပြောတာကိုး။ သူက သူမကို ရွှမ်းချုံဟော်ကို သွားမရှာစေချင်တာလေ။
“ရိုးအလိုက်တာ” သူမ ရယ်မောကာ သူ့ကို ထုလိုက်သည်။
“မင်း သူ့ကိုသွားမရှာစေချင်ရုံပါ” ဝူလင်းယူသည် သူမကို ဖက်လိုက် သည်။
“သူတို့ ဘယ်လောက်ပဲ ထူးချွန်နေပါစေ အစ်ကို့လောက်မှမကောင်းတာ အာ… အလှတရားဆိုတာ ကြည့်တဲ့သူရဲ့ မျက်လုံးထဲမှာပဲရှိတယ်” သူမ ရယ်မောလိုက်သည်။
ဝူလင်းယူသည် သူမရယ်မောနေသည်ကို ကြည့်နေသည်။ ဘယ်လိုလုပ် သူ့ကို စရဲရတာလဲ။
နောက်တစ်ကြိမ်ပြန်ပြီး သူသည် သူမ၏ နှုတ်ခမ်းများကို ရှည်လျားပြီး ကြမ်းတမ်းသော အနမ်းများပေးလိုက်သည်။
ရင်လန်သည် ထွက်မသွားဘဲ အပြင်တွင်ရှိနေသည်။ အထဲတွင် ဝိညာဉ် အတားအဆီးရှိနေသဖြင့် အဖြစ်အပျက်ကို အာရုံမခံနိုင်သော်လည်း သူ နာကျင် မိသည်။
သူသည် သူမကို တခြားယောက်ျားတစ်ယောက်၏ ရင်ခွင်ထဲမှ ဆွဲထုတ် ပစ်ချင်သည်။ အကြောင်းမှာ သူမသည် ချောမောြခင်းကြောင့်မဟုတ်ဘဲ သူမကသာ သူ့နှလုံးသားထဲမှ လစ်ဟင်းနေသောနေရာကို ဖြည့်ပေးနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်ဟု ခံစားမိသောကြောင့်ဖြစ်သည်။
အတန်ကြာပြီးနောက်တွင် အခန်းတံခါးပွင့်လာသည်။ ဝူလင်းယူနှင့် သူမ တို့၏ ဖူးယောင်နေသော နှုတ်ခမ်းများသည် အမြတ်တနိုး ဖက်တွယ်ခဲ့ပုံကို ပြသနေသည်။
သူတို့ ခြံဝန်းထဲမှထွက်လာကာ သူမ သူ့ကိုချိုမြိန်စွာ ပြုံးပြသည်ကို ရင်လန်ကြည့်ပြီး သူမကို အမှန်တကယ် ချစ်မိနေပြီဆိုသည်ကို ပထမဆုံး အကြိမ် ခံစားမိလိုက်သည်။
ဒါက လူတစ်ယောက်ကို သဘောကျတဲ့ ခံစားချက်လား။ သူတကယ်ပဲ သူမကို သူ့အပိုင်ဖြစ်စေချင်ပေမဲ့ စိတ်ပြောင်းသွားတာပဲ။
“ဒီခံစားချက်က တကယ်ပဲ လူတစ်ယောက်ကို သဘောကျတာဆိုရင် ခံစားလို့မကောင်းဘူး” သူ ရေရွတ်ပြီး လှည့်ထွက်သွားလိုက်သည်။
ရှီမာယူယူသည် ဝူလင်းယူကို မိသားစုနှင့် တွေ့ရန်ခေါ်သွားလိုက်ပြီး သူ သူမကို အချိန်တစ်ခုကြာအောင် ခေါ်သွားမည်ဖြစ်ကြောင်း အသိပေးလိုက်လေသည်။
*