← Chapters

အဲအစားလက်ထပ်နိုင်တယ်

Vol. 106 Ch. 1478

အဲအစားလက်ထပ်နိုင်တယ်

Vol. 106 Ch. 1478

သူလာသည်ကို သူတို့သိ၍လားတော့မသိပေ။ ဧည့်ခန်းသည် ကြားနာခြင်း အခန်းကဲ့သို့ဖြစ်သွားသည်။

ရှီမာချင်းနှင့် ရှီမာကျိယွင်တို့သည် သခင်နေရာတွင်ထိုင်နေကြပြီး ရှီမာဟော်ရွှမ်း၊ ရှီမာရှုံ့ချီနှင့် ဟွမ်ရင်ရင်တို့သည် အောက်အဆင့်တွင်ထိုင်နေကြ ကာ ရှီမာလျူရွှမ်သည် ပိုနိမ့်သောနေရာတွင်ထိုင်နသ်။

ရှီမာလျူချင်းသည် ဝူလင်းယူအား မျက်မှောင်ကြုတ်ကာ ကြည့်လေ သည်။

“ငါတို့မိသားစုရဲ့ သမီးကို ပြန်ပေးဆွဲသွားတာ ဒီကောင်လေးလား”

အာ… သူ့အသံမှာ စိမ်းကားလှကာ သူ့ကော်ဖီထုတ် ဝက်ဆွဲခံရသလိုမျိုး မပျော်မရွှင်ဖြစ်နေသည်။

“ဒီလောက် ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်လက်တွဲဖော်ရှိနေတာလဲ” ရှီမာဟော်ရွှမ်းသည်လည်း မပျော်ရွှင်ပေ “ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်သော သားတော်ဟုတ်လား ငါတို့နဲ့ ပညာရှိစံအိမ်တော်ကြားက ဆက်ဆံရေးကဘယ် တုန်းကမှမကောင်းဘူး ဘယ်လိုလုပ် ငါတို့သမီးကို အဲဒီကိုလက်ထပ်ဖို့ ထည့် ပေးရမှာလဲ”

“တကယ်ပဲ မဖြစ်နိုင်ဘူး”

သူတို့တစ်ယောက်နှင့် တစ်ယောက် သံယောင်လိုက်နေသည်ကို ကြည့်ပြီး ရှီမာယူယူ၏ နှဖူးတွင် အမည်းကြောင်းများပေါ်လာတော့သည်။

“ယူယူသာ သဘောတူရင် ကျွန်တော် မိန်းကလေးရဲ့မိသားစုမှာ နေနိုင်ပါ တယ်” ဝူလင်းယူ ပြောလိုက်သည်။

ဟွတ်…

ရှီမာယူယူသည် တံတွေးနှင့်ပင် သီးတော့မလိုဖြစ်ကာ ခေါင်းမော့ပြီး သူ့ကို အလန့်တကြားကြည့်လိုက်သည်။

သူ တစ်ခုခုများ ဖြစ်နေတာလား။

သူသည် သူတို့နှင့်နေရလျှင် ရလာမည့်အကျိုးအမြတ်ကို စဉ်းစားနေခြင်း ဖြစ်မည်ဟု ရှီမာယူယူ ခန့်မှန်းမိသည်။

“ငါ သိပ်မကျေနပ်သေးပေမဲ့ အခုအဲဒါကပိုကောင်းတဘ်” ရှီမာဟော်ရွှမ်း ဆက်ပြောလေသည် “ဒါကိုရော ဘယ်လိုထင်လဲ”

ရှီမာကျိယွင်သည် ဝူလင်းယူကို လက်ခံပြီးဖြစ်ကာ၊ ရှီမာရှုံ့ချီနှင့် တခြားသူ များသည် သားသမီးဆိုင်ရာစံပြ ၂၄ ယောက်ဖြစ်သဖြင့် ရှီမာယူယူသဘောတူ လျှင် သူတို့သဘောတူပြီးသားဖြစ်သည်။

“အဘိုး သမီးပြောဖို့လိုတဲ့ တခြားကိစ္စတွေရှိပါသေးတယ်” ရှီမာယူယူ စကားဖြတ်ပြောလိုက်သည်။

သူတို့ ဆက်ပြီးစကားပြောနေလျှင် တချို့ကိစ္စများဖြစ်လာနိုင်သည်။

“ဘာလဲ” ရှီမာလျူရွှမ် မေးလိုက်သည်။

“သမီး ဝူလင်းယူနဲ့ အချိန်တစ်ခုလောက် ထွက်သွားပါမယ်” ရှီမာယူယူ ပြန်ဖြေလေသည်။

“မင်းတို့က ခိုးပြေးကြမလို့လား” ရှီမာချင်းသည် ရုတ်တရက် ပြောလေ သည်။

ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည် “သမီး ခိုးရာလိုက်ပြေး တာကို သတင်းပို့မှာတဲ့လား”

“ဘယ်သွားမှာလဲ ဘယ်လောက်ကြာမှာလဲ အန္တရာယ်များလား” ဟွမ်ရင်ရင် မေးလေသည်။

ရှီမာယူယူသည် ဝူလင်းယူကိုကြည့်ပြီး သူ ဘာမှမတုံ့ပြန်သည်ကို မြင်ပြီး နောက် ပြောလိုက်သည် “ပြည်နယ် ၃၂ မှာ ရှေးဟောင်းသတ္တုတွင်းတွေ့တယ် လို့ လင်းယူပြောပါတယ်”

“ရှေးဟောင်းသတ္တုတွင်းဟုတ်လား” အားလုံးသည် ပင့်သက်ရှိုက်လိုက်ပြီး ပိုစိတ်လှုပ်ရှားသွားသည် “အဲဒါအမှန်ပဲလား”

“လင်းယူ ပြောတာဆိုတော့ အမှန်ပါပဲ” ရှီမာယူယူသည် သူ့ကို အပြည့်အဝ ယုံကြည်သည်။

“ရှေးဟောင်းသတ္တုတွင်းက လူမသိကြဘူး၊ ပြီးတော့ အဲဒီမှာအန္တရာယ် လည်းများတယ်၊ ပြည်နယ် ၃၂ က အတွင်းပိုင်းဒေသမှာဆိုရင် အမြဲတမ်း ထူးဆန်းတဲ့နေရာပဲ အဲဒီမှာရှေးဟောင်းသတ္တုတွင်းရှာတွေ့တယ်ဆိုတာ ဖြစ်နိုင် တယ်” ရှီမာဟော်ရွှမ်း ပြောလိုက်သည်။

“ဒီအကြောင်းကို အင်အားစုအများစုသိပြီးနေပြီ အခုလောက်ဆို ပြည်နယ် ၃၂ ကိုသွားတဲ့လူများနေလောက်ပြီ”

“ဒါဆိုရင် ငါတို့လည်း အဲဒီကိုလူလွှတ်ရမလား”

“ဘိုးဘိုးကြီး မျိုးနွယ်အကြီးအကဲ မျိုးနွယ်က ဒီရေနောက်ကြီးထဲကို ဝင်ပါလို့မသင့်ဘူးလို့ထင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလို့လဲ”

“အဲဒီရှေးဟောင်းသတ္တုတွင်းတွေက အရမ်းထူးဆန်းတယ်လို့ လင်းယူ ပြောပါတယ်” ရှီမာယူယူဆက်ပြောလေသည် “ထူးထူးဆန်းဆန်းပေါ်လာပြီး တော့ ထူးထူးခြားခြားပဲတွေ့ခဲ့တာပါ ပြီးတော့ အဲဒီနေရာမှာ နတ်ဆိုးအရည် အချင်းတွေနဲ့ပြည့်နေပါတယ်”

“နတ်ဆိုးအရည်အချင်းဟုတ်လား”

“ဟုတ်ပါတယ် အဲဒီကိုဝင်သွားလိုက်တာနဲ့ ဘယ်သူမှထွက်လာနိုင်မှာ မဟုတ်ပါဘူး” ဝူလင်းယူ ဆက်ပြောလေသည် “တကယ်တော့ အဲဒီနေရာကို တွေ့ထားတာ ဆယ်စုနှစ်တစ်ခုရှိပါပြီ ဒါပေမဲ့ အဲဒီကိုသွားတဲ့လူတွေက ဘယ်တော့မှ ပြန်မထွက်လာနိုင်ပါဘူး၊ ဒါပေမဲ့ နှစ်တိုင်းမှာ အဲလူတွေရဲ့ ပစ္စည်း တွေကို သတ္တုတွင်းမှာ ပုံမှန်မဟုတ်ဘဲ တွေ့ရပါတယ်”

“အဲလောက် အန္တရာယ်များလား”

“အန္တရာယ်များပေမဲ့ သဘောကျလောက်စရာဖြစ်နေတယ်” ရှီမာဟော်ရွှမ်း ပြောလေသည်။

“ဟုတ်ပါတယ်” ဝူလင်းယူ ခေါင်းညိတ်လေသည် “ဒီသတ္တုတွင်းကို သိတဲ့အင်အားစုတွေက သူတို့ဘာသာလိုချင်လို့ သတင်းဖုံးထားတဲ့အတွက် အစတုန်းက သတင်းမပျံ့ခဲ့ပါဘူး၊ ဒါပေမဲ့ ဒါကယူဖို့အရမ်းခက်တယ်ဆိုတာ သိသွားတော့ သတင်းက တဖြည်းဖြည်းပျံ့သွားတာပါ”

“သတင်းပျံ့သွားတော့ အင်အားစုအများစုက အဲဒီကိုသေချာပေါက် သွား ကြတာပေါ့၊ မျိုးနွယ်က ကျန်းမျိုးနွယ်ကိစ္စလည်းရှင်းရသေးတယ်ဆိုတော့ အသက်စွမ်းအင်တွေ ပြန်မပြည့်သေးဘူး၊ ပြီးတော့ အဲဒီမှာအန္တရာယ်များလို့ မျိုးနွယ်က အဲဒီကိုသွားဖို့ဆုံးဖြတ်လိုက်ရင်တောင် ဘာမှမရနိုင်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မတို့ စမ်းကြည့်လို့ရမယ့် အခွင့်အရေးတချို့ရှိပါ တဘ်၊ ဒါပေမဲ့ ကျွန်မတို့နဲ့ မလိုက်ဖက်တာလည်း တချို့ရှိနိုင်တယ် ဒါကို လက်တွေ့ကျကျပဲ စဉ်းစားဖို့လိုပါတယ်”

အားလုံး တိတ်ဆိတ်သွားကြသည်။ သူမ ပြောသည်မှာမှန်သည်။ အခုချိန် ထိုကိစ္စကိုဝင်ပါရန် ရှီမာမျိုးနွယ်အတွက် စွမ်းအားမလုံလောက်သေးပေ။ သို့သော် ထိုသည်မှာ ရှေးဟောင်းသတ္တုတွင်းဖြစ်နေသဖြင့် အများအပြားမရနိုင် ခဲ့လျှင်တောင် မျိုးနွယ်ပြန်ထူမတ်လာရန်အတွက် အသုံးဝင်နိုင်သည်။

“ယူယူ ပြောတာမှန်တယ်၊ ဒါက အရမ်းကိုမက်လောက်စဏရာဆိုပေမဲ့ ငါတို့မှာက စွမ်းအားမလောက်သေးဘူး” ရှီမာဟော်ရွှမ်း ဆက်ပြောလေသည် “ဒီကိစ္စကိုတော့ ဘေးထွက်ပြီးကြည့်နေသင့်တယ်ထင်တယ်”

“ယူယူ သမီးအဲဒီကိုသွားရင် အန္တရာယ်များမှာပေါ့” ဟွမ်ရင်ရင်သည် စိုးရိမ်နေသည် “သွားမယ်ဆိုလည်း လူတချို့ခေါ်သွားတာ ပိုကောင်းမယ်ထင် တယ်”

“အဘွား လင်းယူရှိပါတယ်” ရှီမာယူယူ ပြုံးလိုက်သည် “သမီးတစ် ယောက်တည်းဆို အခြေအနေပြောင်းဖို့ လွယ်ပါတယ် မစိုးရိမ်ပါနဲ့”

ဟွမ်ရင်ရင်သည် ဝူလင်းယူကို ကြည့်လိုက်သည်။ သူ မည်မျှအားကောင်း ကြောင်းနှင့် သူရှိလျှင် ယူယူအဆင်ပြေမည်ကိုလည်း သိသည်။

“ဘယ်တော့ သွားကြမှာလဲ” ရှီမာလျူရွှမ် မေးလိုက်သည်။

“အခုကတော့ အကောင်းဆုံးပဲ သတင်းပျံ့တာမြန်တယ်၊ အခုကို လူတွေ ဘယ်လောက် သွားနေကြလဲမသိဘူး” ရှီမာယူယူ ဆက်ပြောလေသည် “စောစောသွားလိုက်ရင် ပိုကောင်းတာတွေ ယူလာလို့ရနိုင်တယ်”

“ကောင်းပြီလေ တစ်ခုခုဖြစ်ရင် မျိုးနွယ်ကို သေချာပေါက် ဆက်သွယ်ရ မယ်နော်” ရှီမာကျိယွင် စိုးရိမ်တကြီး ပြောလိုက်သည် “မျိုးနွယ်က သမီးအတွက် ပစ္စည်းတချို့ပြင်ပေးဦးမယ် မနက်ဖြန်မှသွားပါလား”

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ နှစ်ရက်သာကွာသွားမည်ဖြစ်သည်။

“ဒါဆိုရင် အခုတော့ပြန်လိုက်ဦး ပြင်ဆင်ပြီးသွားရင် လူလွှတ်ပြီး ပစ္စည်း‌ တွေ ပို့ခိုင်းလိုက်မယ်” ရှီမာကျိယွင် ပြောလိုက်သည်။

ရှီမာယူယူ တွေဝေပြီးနောက် သေတ္တာတစ်လုံးထုတ်လိုက်သည် “ဘိုးဘေး ဒါကလင်းယူပိုင်တာပါ သမီးမှာ ဒါမျိုးတစ်ခုရှိတယ်၊ သမီးတို့ မျိုးနွယ် ရဲ့ ဝိညာဉ်သိုင်းနဲ့ပေါင်းလိုက်ရင် ပိုပြီးသက်ရောက်မှုရှိမယ်ထင်ပါတယ်”

“ဒါဘာလဲ” ရှီမာချင်းသည် သေတ္တာယူပြီး ဖွင့်လိုက်ရာ လက်ရေးမူ အညွှန်းကိုတွေ့လေသည်။

“ဒါကအင်ပါယာသားရဲကျမ်းပါ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါက လွန်ခဲ့တဲ့ နှစ်ထောင်ချီက အကောင်းဆုံး အင်ပါယာသားရဲကျမ်းပါ”

ရှီမာချင်း၏ လက်ထဲမှသေတ္တာသည် ကြမ်းပြင်ပေါ် ကျလုနီးပါးဖြစ်သွား သည်။ ထိုစာလိပ်ကိုကိုင်ထားသော လက်များမှာ တုန်ယင်နေသည်။

“ဒါကို ဘာလို့ပြောလိုက်တာ” သူသည် သူ့နားသူပင် မယုံနိုင်ပေ။

“ဒါက အင်ပါယာသားရဲကျမ်းပါ၊ လင်းယူမထင်မှတ်ဘဲ ရလာပြီး သမီးကို ပေးထားတာပါ၊ မျိုးနွယ်အဓိကလိုနေတဲ့ ဝိညာဉ်သိုင်းက ပေါင်းစပ်ခြင်းနဲ့ ဝိညာဉ်သားရဲ အများအပြားလိုနေတယ်၊ အားကောင်းတဲ့ ဝိညာဉ်သားရဲ အများ ကြီးရှိရင် သမီးတို့မျိုးနွယ်ဝင်တွေရဲ့ အားလည်း အဆပေါင်းများစွာ တိုးလာမှာ ပဲ၊ အဲလိုဆိုရင် သမီးတို့မျိုးနွယ်ရဲ့ အင်အားလည်း တိုးလာမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါတကယ်ပဲ အင်ပါယာသားရဲကျမ်းပဲ… အင်ပါယာသားရဲကျမ်းကို ငါ့ မျက်လုံးနဲ့ကိုယ်တိုင်မြင်ရလိမ့်မယ်လို့ ထင်မထားဘူး” ရှီမာချင်းသည် စကား မပြောနိုင်လောက်အောင် အံ့ဩနေကာ လက်ထဲမှ လက်ရေးမူကိုကြည့်ရင်းနှင့် သွေးလေချောက်ချားသည်ဟုပင် ထင်မိသွဦးသည်။

“ဪ ဟုတ်သားပဲ စာချုပ်ပိုင်ရှင်နဲ့ ဝိညာဉ်သားရဲတို့က စာချုပ် တည် ထောင်တဲ့အချိန်ကို ဒီအင်ပါယာသားရဲကျမ်းသုံးလိုက်ရင် အားတိုးလာပြီး အဆင့်တက်တာကို ကူညီပေးနိုင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒီလို အင်ပါယာသားရဲကျမ်းက ပျောက်ကွယ်သွားပြီ အဲဒါကြောင့် ဒီအကြောင်းကို တခြားသူတွေမသိတာ အကောင်းဆုံးပါပဲ၊ မဟုတ်ရင် မျိုးနွယ်ထူမတ်မယ့် အစားမျိုးနွယ် ပျက်သုဉ်းမှုပဲ ဖြစ်သွားလိမ့်မယ်”

***

All Chapters