← Chapters

အသည်းကွဲခြင်း

Vol. 106 Ch. 1479

အသည်းကွဲခြင်း

Vol. 106 Ch. 1479

“အဲဒါကို သေချာပေါက် သိတာပေါ့” ရှီမာချင်းသည် လေးနက်သော မျက်နှာထားဖြင့် ပြောလေသည် “သူတို့ကိုလျှို့ဝှက်ထားခိုင်းလိုက်မယ်”

သူတို့သည် အထက်သို့ရောက်ချင်ပြီး သုတ်သင်မခံလိုပေ။ ထိုအင်ပါယာ သားရဲကျမ်းသည် တစ်တိုင်းပြည်လုံးကို ရူးသွပ်အောင်လုပ်ရန် လုံလောက် သည်။ ထိုအရာသည် ကောင်းကင်ခွဲဓားလောက်ပင် သက်ရောက်မှုအားပြင်း သည်။

သူသည် ရင်ထဲထိရှစွာဖြင့် ရှီမာယူယူကို ကြည့်လိုက်သည်။

ကောလဟလများပြောသလိုပင် သူမသည် မျိုးနွယ်၏ ကံကောင်းစေ သောကြယ်ပွင့်ဖြစ်ကာ သူမ ပြန်လာပြီးနောက်တွင် မျိုးနွယ်အတွက် ပြောင်းလဲ မှုများစွာ ယူဆောင်လာပေးသည်။

တစ်ခါတရံတွင် ဝိညာဉ်သိုင်းတစ်ခုသည် အင်အားစုကို တိုးမြှင့်ပေးနိုင် သည်။ တစ်ခါက ရှီမာမျိုးနွယ်သို့ ယူလာသော အားကောင်းသော ဝိညာဉ်သိုင်း တစ်ခုနှင့် ပေါင်းစပ်လိုက်ရာ မျိုးနွယ်သည် အထွတ်အထိပ်ရောက်ဖူးသည်။

သို့သော် သူမ ပြောသလိုပင် ထိုအကြောင်းကို မည်သူမှသိ၍မဖြစ်ပေ။ မဟုတ်လျှင် ပြဿနာများစွာ ယူဆောင်လာနိုင်သည်။

ထိုလူများ အတွေ့အကြုံရှိထားသဖြင့် သူမ များများစားစားပြောရန် မလို ပေ။

“ကျွန်မတို့အရင်ပြန်နှင့်ပါမယ်” ရှီမာယူယူသည် အရိုအသေပေး နှုတ်ဆက်ကာ ဝူလင်းယူကိုပြန်ခေါ်လာလိုက်သည်။

ပြန်လာသည့်လမ်းတွင် ရှီမာမျိုးနွယ်ဝင်များသည် သူမကိုမြင်သည်နှင့် အပြေးလာနှုတ်ဆက်ကြလေသည်။

ဝူလင်းယူသည် အစပိုင်းတွင် စိတ်ထဲမထားသော်လည်း အများစုမှာ ယောက်ျားလေးများဖြစ်ကြပြီး ရှီမာယူယူကို တောက်ပသောအကြည့်များဖြင့် ကြည့်သည်ကို သတိထားမိသောအခါ သက်တောင့်သက်သာမဖြစ်တော့ပေ။

ထို့ကြောင့် သူတို့ဆီသို့ လူများကပ်လာသည်နှင့် သူမလက်ကို ဆုပ်ကိုင် ကာ သူသည် သူမ၏ ပိုင်ရှင်ဖြစ်ကြောင်းကို တိတ်တခိုးကြေညာလေသည်။

ရှီမာမျိုးနွယ်ဝင်များသည် အစပိုင်းတွင် သူ့အကြောင်းကို သိချင်နေကြ‌ သော်လည်း သူသည် သူတို့နတ်ဘုရားမ၏လက်ကို ဆုပ်ကိုင်နေသည်ကို မြင် သောအခါ အချိန်တစ်ခုကြာအောင် မတုံ့ပြန်နိုင်ကြပေ။

“သူက ဘာအဓိပ္ပာယ်လဲ”

“ဘာအဓိပ္ပာယ်ဖြစ်ရမှာလဲ၊ သူက မင်းတို့ကြောင့် မပျော်နေတာလေ” ရှီမာချီချီ ရယ်မောလေသည် “ယူယူက ပိုင်ရှင်ရှိပြီးသားပဲ”

“သေစမ်း တကယ်ကြီးလား”

“ဟုတ်တယ်လေ ယူယူရုန်းတာကို မြင်လို့လား” ရှီမာချီချီသည် သူတို့ စိတ်ပျက်မှုကို ကြည့်ပြီးပျော်နေလေသည်။

ဟင်း… သူတို့ကို ဘယ်သူက ယူယူရဲ့ခြံဝန်းနားမှာ တစ်ချိန်လုံးဝဲခိုင်းနေ လို့လဲ။

ရှီမာယူယူသည် ခေါင်းမော့ကြည့်ပြီး ဝူလင်းယူ၏ မျက်နှာထားကိုမြင် သောအခါ တိုးတိုးလေးရယ်မောလေသည်။ သို့သော် သူ သူမလက်ကိုဆွဲခွင့် ပေးထားလိုက်ပြီး ရှီမာအိမ်တော်အတွင်း မြင်သာအောင် လမ်းလျှောက်ခွင့် ပေး လိုက်သည်။

“ကျေးဇူးတင်ပါတယ်”

“ဘာအတွက်လဲ”

“အင်ပါယာသားရဲကျမ်း ပေးတာကို ခွင့်ပြုပေးလို့ ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ပြုံးလိုက်သည်။

“ကိုယ် သူတို့ကို မတွေ့ခင်ကတည်းက ပြောပြီးသားလေ၊ မင်းကိုပေးပြီး သားဆိုတော့ မင်းပေးချင်ရင်ပေးလို့ရတယ်၊ ဒါကမင်းရဲ့မျိုးနွယ်ပဲ သူတို့ သန်မာ လာရင် မင်းလည်းအကျိုးအမြတ်ရမှာပဲ ပြီးတော့….”

“ဘာလဲ”

“ကိုယ်က ဒီကိုပြောင်းလာမှဆိုတော့ ရှီမာမျိုးနွယ်က အခုမဟုတ်ရင် နောက်လည်းရသွားမှာပဲ”

“ဟား အဟွတ် အဟွတ်” ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်လိုက်သည် “ညီမကိုနောက်နေတာမလား အဲဒါစတာမဟုတ်ဘူးလား”

“ကိုယ်စနေတယ်လို့ ဘယ်သူပြောလို့လဲ” ဝူလင်းယူသည် သူမကို ယဲ့ယဲ့ ကြည့်လိုက်သည် “သူတို့က မင်းကို ကိုယ်နဲ့လက်ထပ်ဖို့ထည့်မပေးလိုက်နိုင်ဘူး ဆိုရင် နင်းအနဲ့အတူ ကိုယ်ဒီမှာပြောင်းနေမှာပေါ့၊ မဟုတ်ရင် ကိုယ်တို့ ခိုးပြေး ကြမလား”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ သူ တကယ်ကြီးပြောနေတာလား။

ဝူလင်းယူ၏ မျက်နှာသည် သူမနှင့်နီးကပ်လာပြီး နမ်းမိတော့မလိုဖြစ်နေ သည်။

“သဘောမတူဘူးလား” ဝူလင်းယူသည် အခွင့်အရေးယူကာ သူမ နှုတ်ခမ်းပေါ်သို့ အနမ်းပေးလိုက်သည်။

“အစ်ကို့ပေါ်မူတည်တယ်” ရီမာယူယူသည် သူ့မျက်နှာကို လက်နှစ်ဖက် ဖြင့်ကိုင်ပြီးဖယ်ထုတ်ပြီး တစ်ချိန်တည်းမှာပင် သူ့ပါးပြင်ကို ဆိတ်လိုက်သည်။

ခိုးပြေးခြင်းသည် ရွေးချယ်စရာမဟုတ်သည်မှာတော့ သေချာသည်။ သူမ လက်ထပ်၍လိုက်သွားမလား မဟုတ်လျှင် သူပြောင်းလာမလားဆိုသည်ကို ဆွေးနွေးရန်အချိန်လုံလောက်သည်။

သူတို့နောက်ကို လိုက်ပါလာသော ထိုလူများသည် သူတို့အနမ်းများခြွေ နေသည်ကိုမြင်သောအခါ အများစုမှာ သူတို့ရင်ဘတ်သူတို့ တီးမိကြလေသည်။ သူတို့ရဲ့ နတ်ဘုရားမက တကယ်ပဲ သူနဲ့အတူရှိနေတာပဲ။

ငါတို့မှာ နတ်ဘုရားမရလာတာမှ မကြာသေးတာ ဘာလို့အလုခံလိုက်ရ တာလဲ။

“ဘာကြောက်စရာရှိလို့လဲ သူတို့က လက်ထပ်ရသေးတာမှမဟုတ်တာ ငါတို့က ဘာလို့အဲလောက်လွယ်လွယ်နဲ့ လက်လျော့ရမှာလဲ၊ တူးလို့မရတဲ့ တွင်း ဆိုတာမရှိဘူး တူးရွင်းပြားက မမာတာပဲရှိတာ” လူတစ်ယောက် အော်လေ သည်။

“ဟုတ်တယ် ငါတို့မှာ အခွင့်အရေးမရှိတာလည်းမဟုတ်ဘူး”

“မနက်ဖြတ်ကစပြီး ငါ့ရဲ့တည်ရှိမှုကို ပြပေးလိုက်လို့ သူမ ငါ့ကိုမှတ်မိသွား ရင် မျှော်လင့်ချက်ရှိနိုင်တယ်”

“အာ… ငါလည်း အဲလိုလုပ်မယ်”

သို့‌သော် နောက်တစ်နေ့ သူမခြံဝန်းနားသို့ ဝေ့လည်ကြောင်ပတ်သွားလုပ် ရာတွင် သူမသည် ဝူလင်းယူနှင့်ထွက်သွားပြီးကြောင်း သတင်းရလိုက်လေ သည်။

အားလုံးအံ့ဩသွားပြီး သူတို့မျက်နှာများမှာ ဖြူဖျော့နေကာ အသိစိတ် ပြန်မဝင်လာနိုင်ပေ။

သူမ ဘာလို့ဒီအတိုင်းကြီး ထွက်သွားလိုက်တာလဲ။

တစ်ချိန်တည်းမှာပင် ရှီမာယူယူသည် ဝိညာဉ်သခင်အသင်းအပြင်ဘက် တွင် ဝူလင်းယူနှင့် ရင်လန်တို့ တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေကြ သည်ကို ကြည့်နေရသည်။

ဝူလင်းယူနှင့် သူမသည် မနက်ပိုင်းတွင် ဝိညာဉ်သခင်အသင်းသို့သွား လိုက်ကြသည်။ သူတို့သည် ဖြတ်လမ်းဝင်္ကပါသုံးပြီး ချူးချန်းမြို့တော်သို့သွား မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်နယ် ၃၂ သို့လေဟာပြင်သင်္ဘောစီးမည်ဖြစ် သည်။

သို့သော် ထိုနေရာတွင် ရင်လန်ကိုတွေ့ရမည်ဟု မထင်ထားပေ။

အဲလူက မနေ့က ထွက်ပြေးသွားပြီးတော့ တစ်နေကုန်ပျောက်နေတာ ဒီမှာ လာစောင့်လိမ့်မယ်လို့ သူမ ထင်မထားဘူးလေ။

“ငါတို့အကုန်လုံး အဲဒီကိုသွားမယ်ဆိုမှတော့ အတူတူသွားကြတာပေါ့”

“မလိုပါဘူး” ဝူလင်းယူသည် တွေဝေခြင်းမရှိ ငြင်းဆန်လိုက်သည် “ဖယ်”

“ဖယ်ဖို့ မဖယ်ဖို့ကို ဆုံးဖြတ်ရမှာမင်းမဟုတ်ဘူး”

ထိုမှစပြီး သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စိုက် ကြည့် ကြတော့သည်။ သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် စိုက် ကြည့်နေသည်မှာ ၁၀ မိနစ်ကျော်ကြသွားကာ ရှီမာယူယူ စကားပြောတော့မည် အလုပ်တွင် စကားစပြောကြလေသည်။

“မင်းက ယုံကြည်ချက်မရှိဘူးပဲ” ရင်လန် ဆက်ပြောလေသည် “ငါ မင်းတို့ နောက်လိုက်ရင် သူမက ငါ့ကိုကြွေသွားမှာကို မင်းကြောက်နေတယ်”

“အဲလို ကလေးကလား စိတ်စမ်းတဲ့အပြောက ငါ့အတွက် အလုပ်ဖြစ်မယ် ထင်လား” ဝူလင်းယူ၏ မျက်လုံးများသည် ယုံကြည်ချက်များဖြင့်ပြည့်နေကာ တခြားယောက်ျားကို အထင်သေးသည့်ပုံပေါက်နေသည် “ဒါပေမဲ့ သူမရဲ့ မိတ်ဆွေဖွဲ့တဲ့ လွတ်လပ်ခွင့်ကို မနှောင့်ယှက်ချင်ဘူး မင်းလိုက်ချင်ရင် လိုက်လို့ ရတယ်”

“မင်းပြောတာပဲနော်”

“ဟုတ်ပြီ နောက်ကျတော့မယ် သွားရအောင်” ဝူလင်းယူသည် ပြောပြီးသည်နှင့် ရှီမာယူယူ၏ လက်ကိုဆွဲပြီး ဝိညာဉ်သခင်အသင်းဆီသို့ ဝင် သွားလေသည်။

ရှီမာယူယူသည် မသိမသာ မျက်လုံးလှိမ့်မိသည်။ ရင်လန် မသိရင်မသိ မည်။ သို့သော် သူမသည် ဝူလင်းယူ၏ မျက်လုံးကိုကြည့်ရုံနှင့်တင် သူ့အတွေး ကို သိသည်။

သူ ရင်လန်ကို လိုက်ခွင့်ပြလိုက်ခြင်းမှာ သူမ မိတ်ဆွေဖွဲ့သည်အပေါ် အနှောင့်အယှက်ဖြစ်မည် စိုး၍ကြောင့်မဟုတ်ဘဲ ရင်လန်၏ ရှေ့တွင် သူတို့ ချစ်ကြောင်းကိုပြပြီး ရန်စကာ လက်လျော့အောင်လုပ်ရန်ဖြစ်သည်။

ကလေးဆန်လိုက်တာ…

သို့သော် သူမ ဘာမှမပြောပေ။ သူလုပ်ချင်ရင် လုပ်လို့ရတယ်။ သူ မလွန်သရွေ့ လိုက်လျောဖို့ သူမမှာ ဆန္ဒရှိပြီဂသားပဲ။

သူတို့သုံးယောက်သည် ချူးချန်းမြို့တော်သို့သွားလိုက်ကြသည်။ သို့သော် လေဟာပြင်သင်္ဘောရောက်ရန် ရက်အနည်းငယ်လိုနေသေးသဖြင့် ဟော်မျိုးနွယ်သို့ သွားလိုက်ကြသည်။

ဟော်ကျန့်ကျန်းနှင့် စူးလျိုနျန်တို့သည် ရှီမာယူယူကို မြင်သည်နှင့် ရွှင်လန်းသွားကြသည်။

“သမီးလာမယ်ဆိုတာ ဘာလို့ကြိုမပြောလိုက်တာလဲ” စူးလျိုနျန်သည် ပြောဆိုနေသော်လည်း မျက်နှာတွင်တော့ အချစ်များဖြင့်ပြည့်နေသည်။

“ဒီကိုလေဟာပြင်သင်္ဘောစီးဖို့လာတာ သွားဖို့ကလည်း ရက်နည်းနည်း လိုနေသေးလို့ ဒီကိုလာခဲ့လိုက်တာ၊ တစ်ခါတည်း အဒေါ့်ကိုပါ စမ်းသပ်မလို့ လေ” ရှီမာယူယူ ပြောလိုက်သည်။

“အဒေါ့်ကျန်းမာရေးက ကောင်းနေပါပြီ ဝိညာဉ် ပိတ်မိနေလို့ဖြစ်တဲ့ ရောဂါတွေ အကုန်သက်သာနေပြီ” စူးလျိုနျန် ပြောလေသည်။

“ဒါပေမဲ့လည်း စစ်ဆေးလိုက်တာ ပိုကောင်းပါတယ်”

ရှီမာယူယူသည် သူမ အပြည့်အဝပြန်ကောင်းသည်ကို သေချာအောင် စစ်ဆေးပြီးနောက် ကုသပေးလိုက်သည်။

သူတို့ ရက်အနည်းငယ်အတွင်းတွင် လေဟာပြင်သင်္ဘောစီးမည်ဟု ဘေးမှ ဟော်ကျန့်ကျန်း ကြားသည်နှင့် ပြောလေသည် “မင်းတို့ ပြည်နယ် ၃၂ ကို သွားကြမလားလို့လား”

“ဟုတ်ပါတယ်”

“မင်းတို့ ပါချင်တယ်ဆိုတာ သေချာလို့လား အဲဒီမှာ တကယ်ထူးဆန်းနေ တယ်” ဟော်ကျန့်ကျန်း မေးလိုက်သည်။

“ဦးလေးဟော် ဦးလေးရောမသွားဘူးလား” ရှီမာယူယူ မေးလိုက်သည်။

သူ စဉ်းစားကြည့်သေးသည်။ သို့သော် ထိုအရာကို ကြားပြီးနောက်တွင် မပါဝင်ရန် ဆုံးဖြတ်လိုက်သည်။

***

All Chapters