← Chapters

နောက်တစ်ခါမတွေ့ချင်တဲ့သူကို တွေ့ရခြင်း

Vol. 106 Ch. 1480

နောက်တစ်ခါမတွေ့ချင်တဲ့သူကို တွေ့ရခြင်း

Vol. 106 Ch. 1480

“ဒီရှေးဟောင်းသတ္တုတွင်းက အရမ်းထူးဆန်းတယ်၊ အခွင့်အရေးကောင်း တစ်ခုဆိုပေမဲ့ အဲဒါရဖို့အတွက် အသက်ရှင်ရဦးမယ်” ဟော်ကျန့်ကျန်းသည် စဉ်းစားဆင်ခြင်ပြီး ပြောလိုက်သည် “ပြီးတော့ ဖြေရှင်းဖို့ပိုအရေးကြီးတာလည်း ရှိသေးတယ်”

“အဲဒီမသေနိုင်တဲ့လူတွေကို စုံစမ်းမလို့လား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်” ဟော်ကျန့်ကျန်း ဆက်ပြောလေသည် “လျိုနျန်ကို တိုက်ခိုက်ဖို့က မလွယ်ဘူး၊ ပြီးတော့ အဲဒါက ငါတို့နဲ့မသက်ဆိုင်တဲ့ဟာလို့ တောင် ထင်လိုက်တာ”

“ဦးလေးဟော် ရှာတွေ့ထားတာရှိလို့လား”

“တကယ်တော့ ထည့်မပြောတာ တချို့အရာတွေရှိသေးတယ်” ဟော်ကျန့်ကျန်း တွေဝေသွားသော်လည်း သူတွေ့ထားသမျှကို သူမကို ပြောရန် ဆုံးဖြတ်လိုက်သည်  “ဝတ်ရုံအနက်နဲ့လူတွေကို သမီးသတိထားရမယ်”

“ဝတ်ရုံအနက်လား တော်တော်များများ အဲဒါဝတ်ကြတာပဲလေ”

“အခုထိတော့ အဲလူတွေက ဝတ်ရုံအနက်ဝတ်တယ်ဆိုတာပဲသိသေး တယ် တခြားလက္ခဏာတွေတော့ ရှာမတွေ့သေးဘူး” ဟော်ကျန့်ကျန်း ဆက် ပြောလေသည် “ပြီးခဲ့တဲ့ လပိုင်းက စုံစမ်းရသလောက်တော့ ဒီနှစ်အတွင်းကို တိုင်းပြည်မှာ သေနှုန်းက မေးခွန်းထုတ်စရာဖြစ်နေတယ်၊ ဒါပေမဲ့ ယန်းမျိုးနွယ် ကဒါနဲ့ မပတ်သတ်ဘူးဖ်စနေတယ်”

“အဲဒါဘာလို့ထူးဆန်းတာလဲ”

“ဘယ်လိုရှင်းပြရမလဲတော့မသိဘူး ဒါပေမဲ့ အလောင်းကို မြင်လိုက်တော့ သာမန်သေတာမဟုတ်ဘူးလို့ ခံစားရတယ်” ဟော်ကျန့်ကျန်း ဆက်ပြောလေ သည် “ပြီးခဲ့တဲ့လကပဲ အလောင်းတစ်လောင်းတွေ့ခဲ့တယ်၊ တကယ်ပဲ လူကို ထူးထူးဆန်းဆန်း ခံစားသွားရစေတယ်”

“အဲလူတွေက မသေနိုင်တဲ့လူတွေက သတ်လိုက်တယ်ဆိုရင် သူတို့မှာ သေဆုံးခြင်းရောင်ဝါရှိမှာပဲ၊ ဦးလေးတို့က အလင်းအရည်အချင်း ဝိညာဉ်သခင် တွေဆိုတော့ သေချာပေါက် နေရခက်သွားမှာပဲ” ရှီမာယူယူ ရှင်းပြလိုက်သည်။

“ဟုတ်လောက်မှာ” ဟော်ကျန့်ကျန်းဆက်ပြောလေသည် “ပြီးတော့ ဒီနှစ်တွေမှာ လူပျောက်တာတွေ များလာတယ်”

“လူပျောက်တယ်ဟုတ်လား”

“သူတို့ကို မသေနိုင်တဲ့လူအဖြစ် ပြန်သန့်စင်မလို့ဖြစ်မယ်” ရှီမာယူယူ သည် ခိုင်မာစွာပြောလေသည် “သူတို့သတ်ချင်တဲ့လူကို သတ်ပြီး သူတို့အား အဖြစ်သုံးလိုက်ရင် ပိုအားကောင်းလာကြမှာ”

“ယူယူ အလောင်းတွေက ဆွေးမြေ့ပြီး အနံ့ထွက်နေတာမဟုတ်ဘူးလား အဲလူတွေ ဘယ်လိုများယူကြတာလဲ” စူးလျိုနျန်သည် သိချင်စိတ်ဖြင့် မေးလေ သည်။

“သူတို့ မသေနိုင်တဲ့လူဖြစ်ဖို့ လျှို့ဝှက်နည်းလမ်းသုံးတာဖြစ်ရမယ်” ရှီမာယူယူ ခန့်မှန်းလိုက်သည် “ဒါပေမဲ့ အလောင်းကိုမြင်မှပဲ သိမှာပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် သမီးသတိရှိမှဖြစ်မယ်” စူးလျိုနျန် သတိပေးလိုက် သည်။

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြန်တုံ့ပြန်လိုက်သည်။

“သွားကြမယ် သမီးတို့တည်းမယ့်နေရာကို ခေါ်သွားပေးမယ်၊ ငါ သူများ ရှေ့မှာ ပေါ်ပေါ်ထင်ထင်သာသွားလို့ရရင် အဒေါ်လည်းသွားကြည့်ချင်တယ်” စူးလျိုနျန်သည် ပြောရင်းနှင့် ရှီမာယူယူ၏ လက်ကို သူမလက်ဖြင့် ချိတ်လိုက် သည်။

သူမသည် ဝူလင်းယူကို မသိမသာကြည့်လိုက်ပြီး ဝူလင်းယူသည် ရှီမာယူယူ၏ ချစ်သူဖြစ်သည်ကို သိပြီးနောက် နှမြောတသစွာဖြင့် ခေါင်းခါယမ်း လိုက်သည်။

“အဒေါ်က သမီးကို အဒေါ့်တူနဲ့မိတ်ဆက်ပေးမလို့ကို အဲဒါအကြံကောင်း တော့မဟုတ်ဘူးထင်တယ်” စူးလျိုနျန်သည် နှမြောတသဖြင့် ပြောလေသည်။

အင်း…

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ တူဖြစ်သူကို သူမနဲ့ မိတ်ဆက်ပေး မယ်ဟုတ်လား။ သူမအတွက် အောင်သွယ်တော်လုပ်ပေးမလို့လား။

စူးလျိုနျန်သည် သူမ ပြန်ဖြေသည်ကို မစောင့်ဘဲ ဆက်ပြောလေသည် “ပြောရင်းနဲ့ အဒေါ့်တူက အရမ်းထူးချွန်တယ်၊ သူက သမီးနဲ့ပြိုင်နိုင်လောက် တယ် ဟူး နောက်ကျသွားတာတော့ နှမြောစရာပဲ”

“ဟီးဟီး” ရှီမာယူယူသည် ဘာပြောရမည်ကို မသိသောသဖြင့် နေရခက် စွာရယ်မောလိုက်သည်။

“ကောင်းပြီ ရှက်မနေနဲ့တော့ အဒေါ်က ဒီအတိုင်းပြောလိုက်တာပါ” စူးလျိုနျန်သည် သူမကို ထိုပုံစံအတိုင်းမြင်လိုက်သောအခါ ရယ်မောလိုက် သည်။ သို့သော် သူမအသည် အရင်အတိုင်းနူးညံ့ဆဲပင်။ “ဪ ဟုတ်သားပဲ သူလည်း ဒီတစ်ခေါက်ကို ရှေးဟောင်းသတ္တုတွင်းကိုသွားမှာတ့ သူ့ကိုတွေ့ရင် သွားမိတ်ဆက်လိုက်ပါဦး”

“အဒေါ်ဟော်ရဲ့ တူကဘယ်သူလဲမသိဘူး”

“စူးယူတဲ့”

“စူးယူလား ပြည်နယ် ၁၉ စူးမျိုးနွယ်က ကျွမ်းကျင်သူလား” ရင်လန်သည် သိချင်စိတ်ဖြင့် မေးပြီးပြောလိုက်သည် “အဒေါ်က စူးမျိုးနွယ်ကလား”

“ဟုတ်တယ်လေ” စူးလျိုနျန်သည် ပေါ့ပါးစွာပြောရင်း ပြုံးလိုက်သည်။

“သူ့ကိုသိလို့လား” ရှီမာယူယူ မေးလိုက်သည်။

“စူးမျိုးနွယ်က ပြည်နယ် ၁၉ မှာမျိုးနွယ်ကြီးတစ်ခုပဲလေ နှစ်တိုင်းကို စူးယူက မင်းအဖေလောက်နီပါးကို အရည်အချင်းရှိတယ်လို့ နာမည်ကြီးတယ်” ရင်လန် ဆက်ပြောလေသည် “ဒါပေမဲ့ ငါနဲ့ယှဉ်ရင် နည်းနည်းတော့ လိုသေး တယ်”

ရှီမာယူယူသည် အရင်ကအကြောင်းများကို သိထားသည်။ သူမ ဖခင်နှင့် ဆရာတို့သည် အတွင်းပိုင်းဒေသတွင် အလွန်နာမည်ကြီးသည်။ ကြည့်ရတာ အဲလူက သူမဖခင်ဖြစ်သူနဲ့ ညီတူညီမျှဖြစ်တယ်ဆိုတော့ တော်တော်နာမည်ကြီး တာဖြစ်မယ်။

ဆရာလည်း ဘယ်တွေသွားနေတာလဲမသိဘူး။

သူ့ကို နောက်ဆုံးတွေ့ခဲ့တာတောင် တော်တော်ကြာနေပြီ၊ သူမ ဘယ်လောက် ကြီးပြင်းလာလဲဆိုတာ သူမြင်ရင် ဂုဏ်ယူနေမှာလား။

“အဒေါ်ဟော် ယဲ့စီရင်စုနယ်က ဖန်မျိုးနွယ်ရောလာမှာလား” သူမ မေး လိုက်သည်။

“မလာဘူး‌လေ ဘာလို့မေးတာလဲ” စူးလျိုနျန် သိချင်သွားသည်။

“ကျွန်မဆရာနဲ့ အဖေတို့က သူငယ်ချင်းကောင်းတွေလေ၊ သူလည်း ယဲ့စီရင်စုကဆိုပြီး တွေးမိသွားလို့ပါ” ရှီမာယူယူ ပြောလိုက်သည်။

“အိုး… သမီးအဖေရဲ့ သူငယ်ချင်းဆိုတော့ ဘာလို့အဖေ့ကိုမမေးတာလဲ”

“သူတို့ဆက်ဆံရေးက အမေ့ကြောင့် နည်းနည်းစိမ်းသွားတာလေ၊ အဖေက သူ့ကိုစိတ်ထဲရှိမလားဆိုတာမသိလို့ မမေးလိုက်တာ” ရှီမာယူယူ ဆက် ပြောလေသည် “သူ့နာမည်က ဖန်ကျိရှင်းပါ အလယ်ပိုင်းဒေသက ဖန်မျိုးနွယ် အဖွဲ့ဝင်ပါ”

“အိုး ဖန်ကျိရှင်းကိုပြောနေတာလား၊ သူ့နာမည်ကိုပြောလိုက်တာနဲ့ ဘယ်သူလဲဆိုတာ တန်းသိသွားပြီ” စူးလျိုနျန် ဆက်ပြောလေသည် “ဒီမှာ ဖန်မျိုးနွယ်မရှိဘူး ဒါပေမဲ့ ဖန်မျိုးနွယ်ရဲ့ မဟာမိတ်အင်အားစုတော့ရှိတယ်”

“ဘာအင်အားစုလဲ”

“လပြည့်စုံနန်းတော်ပဲ”

“လပြည့်စုံနန်းတော်ဟုတ်လား၊ ကျွန်တော်စဉ်းစားနေတဲ့ လပြည့်စုံ နန်းတော်များလား”

ရှီမာယူယူသည် ရင်လန်ကိုကြည့်လိုက်သည်။ သူ့မျက်နှာက ဘာလို့ အဲလောက် ထူးဆန်းနေတာလဲ။

“ဘာလို့လဲ”

“လပြည့်စုံနန်းတော်က အရမ်းကိုလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုပဲ သူတို့က အတွင်းပိုင်းဒေသအတွင်းမှာ ဝင်ပတ်သတ်ကြတယ် ဒါပေမဲ့ သူတို့ နေရာကိုတော့ ဘယ်သူမှမသိကြဘူး” ရင်လန် ဆက်ပြောလေသည် “ဖန်မျိုးနွယ်အပြင် ဒီတိုင်းပြည်ထဲမှာ သူတို့မိသားမိတ်အင်အားစုတွေ အများ ကြီးရှိသေးတယ်၊ အဲဒီအင်အားစုတွေက သူတို့ရဲ့အတော်ဆုံးတပည့် ဒါမှမဟုတ် အဖွဲ့ဝင်တွေကို ရွေးပြီး သူတို့ဆီကိုစေလွှတ်ကြမယ်၊ သူတို့က လပြည်စုံ နန်းတော်ရောက်ရင် ရာထူးမြင့်မြင့်တစ်ခုရကြတယ်၊ မင်းဆရာက သူတို့ထဲက တစ်ယောက်ပဲ”

“ဒါဆိုရင် သူ့ကိုရှာလို့မရဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား” ရှီမာယူယူ စိတ်ပျက်သွားသည်။

“ရှေးဟောင်းသတ္တုတွင်းက အခုမွှေနေတာဆိုတော့ သူတို့လာရင်လာမှာ လေ” စူးလျိုနျန် နှစ်သိမ့်ပေးလေသည် “သမီးဆရာကလည်း သမီးအတွင်းပိုင်း ဒေသကိုလာတာကိုသိတာနဲ့ သေချာပေါက်လာရှာမှာပါ”

“အင်း အင်း မလောတော့ပါဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

သူတို့သုံးယောက်သည် ဟော်မျိုးနွယ်တွင် ရက်အနည်းငယ်နေကာ လေဟာပြင်သင်္ဘောစိုက်သည်နှင့် ထွက်သွားကြလိုက်သည်။

သူမကို အံ့ဩစေသည်မှာ သင်္ဘောပေါ်တွင် ယန်းရှီတို့ကိုမြင်လိုက်ရခြင်း ဖြစ်သည်။

“သူတို့က ဒီလောက်ကြာတာတောင် မသွားကြသေးဘူးလား” ရှီမာယူယူ သည် သူတို့ကိုမမြင်ချင်သဖြင့် နှုတ်ခမ်းတွန့်လိုက်သည်။

သို့သော် ယန်းရှီတော့ မတူပေ။

သူမ ရှီမာယူယူကို မြင်သောအခါ အတိအကျပြောရလျှင် ရှီမာယူယူဘေး ရှိ ရင်လန်ကိုမြင်သောအခါ စိတ်အားထက်သန်သော အကြည့်များဖြင့် လျှောက်လာလေသည်။

“သခင်မလေးယူယူ ဒီလိုထပ်တွေ့တာ တိုက်ဆိုင်လိုက်တာ” ယန်းရှီသည် နှုတ်ဆက်ရင်းနှင့် ပြုံးပြလေသည်။

“ဟား တိုက်ဆိုင်လိုက်တာ” ရှီမာယူယဓသည် သူမ နှုတ်ခမ်းထောင့်ကို ကွေးတွန့်လိုက်သည် “ပြိုင်ပွဲပြီးသွားတာ တော်တော်ကြာနေပြီ ဘာလို့ဒီမှာ ရှိ နေကြသေးတာလဲ”

“ကျွန်မတို့က အစတုန်းကတော့ သခင်မဟော်ရဲ့ ရောဂါကြောင့် နှောင့်နှေးသွားတာ၊ ဒါပေမဲ့ ဒီနေရာကမဆိုးတော့ အခုထိနေဖြစ်သွားတာပဲ” ယန်းရှီသည် သူမမေးခွန်းကိုပြန်ဖြေသော်လည်း မျက်လုံးများမှာ ရင်လန်ဆီသို့ ရောက်နေသည်။

လီယောင်နှင့် ဖန်ချီတို့သည် ဝူလင်းယူကိုမြင်ပြီးနောက်တွင် အကြည့်များ မလွှဲနိုင်ကြပေ။

ရှီမာယူယူသည် ထိုပွင့်လင်းလှသော အကြည့်များကြောင့် စိတ်အနှောင့် အယှက်ဖြစ်သွားသည်။

သူမသည် ဝူလင်းယူ၏ လက်မောင်းကို ဖက်တွယ်ပြီး သူတို့ကို ပြုံးပြ လိုက်သည် “နောက်ကျတော့မယ် ကျွန်မတို့သွားနားသင့်ပြီ လင်းယူ သွားရ အောင်”

***

All Chapters