← Chapters

အမုန်းတရားပိုနက်လာခြင်း

Vol. 106 Ch. 1481

အမုန်းတရားပိုနက်လာခြင်း

Vol. 106 Ch. 1481

ဝူလင်းယူသည် သူမ နှုတ်ခမ်းဆူသည်ကိုမြင်ပြီး အရည်ပျော်သွားသည်။

“မင်း ပင်ပန်းနေမှတော့ သွားနားကြတာပေါ့ မဟုတ်လည်း ဒီမှာကြည့် စရာဘာမှလည်းမရှိဘူး”

သူသည် ပြောပြီးသည်နှင့် မျက်လုံးတိုက်ပွဲမလုပ်တော့ဘဲ သူမကို အခန်း ထဲသို့ခေါ်သွားလိုက်သည်။

လီယောင်နှင့် ဖန်ချီတို့သည် စိတ်ပျက်စွာဖြင့် အကြည့်များကို သိမ်းလိုက် ကြသည်။ သူတို့ ခေါင်းပြန်လှည့်လိုက်ရာ ရင်လန်သည် ထိုင်းမှိုင်းနေသော မျက်လုံးများဖြင့် သူတို့ဘက်ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။

“မြို့ဝန်လန် အဲဒါဘယ်သူလဲ” ဖန်ချီသည် သူ့မျက်နှာထားကို သတိမထား မိဆုံးသူဖြစ်ပြီး သိချင်သည်ကိုသာ် မေးလိုက်သည်။

“ပညာရှိစံအိမ်တော်က မြင့်မြတ်သောသားတော်” ရင်လန်သည် စကား တစ်ခွန်းသာ ပြန်ဖြေပြီး သူတို့ကိုပတ်လျှောက်ကာ သူ့အခန်းသို့ပြန်သွားလေ သည်။

ယန်းရှီသည် လက်သည်းများအသားထဲ စိုက်ဝင်လောက်သည်အထိ လက်ကို ကျစ်ကျစ်ပါဆောင် ဆုပ်လိုက်သည်။

သူမမှာ တခြားသူရှိနေတာကို သူဘာလို့ လက်မလျော့နိုင်ရတာလဲ

“အဲလူက ပညာရှိစံအိမ်တော်က မြင့်မြတ်သောသားတော်ဖြစ်မယ်လို့ ထင်မထားဘူး” ဖန်ချီသည် စိတ်လှုပ်ရှားလွန်းသဖြင့် ရင်ဘတ်ပေါ် လက် နှစ်ဖက်တင်ပြီး မေ့လဲမတတ်ပင်ဖြစ်နေသည်။

“ဟင်း ဘာတွေအဲလောက်ပျော်နေတာလဲ အဲမိန်းမက အပြုအမူတွေနဲ့ ကြေညာသွားတာမမြင်လိုက်ဘူးလား” ယန်းရှီ နှာခေါင်းရှုတ်လေသည် “အဲလူက အဲကောင်မ ရှီမာယူယူကို အလိုလိုက်တာပဲ”

“အဲမိန်းမက အရမ်းကိုမာယာများတာပဲ သူမဘယ်သွားသွား ယောကျ်ား တွေကို ဝိုင်းနေတာပဲ၊ သူမမှာ မြို့ဝန်လန်ရှိတယ် အခုဆို မြင့်မြတ်သော သားတော်တောင်ရှိနေပြီ” ဖန်ချီသည် အညှာတာမဲ့စွာပြောလိုက်သည်။

“ဟုတ်တယ် အဲဒါကြောင့် သူမက အခုပိုသေသင့်သွားပြီ” လီယောင် သည် တိုးညင်းစွာပြောလိုက်သည်။

အစပိုင်းတွင် သူတို့သည် ယန်းရှီကြောင့် သူမကို သတ်ချင်ကြခြင်းဖြစ် သည်။ သို့သော် အခုချိန်တွင် သူမကို သတ်ရန် ကိုယ်ပိုင်အကြောင်းပြချက်ရှိပြီ ဖြစ်သည်။

သူတို့သည် သင်္ဘောပေါ်တွင်ရှိနေသဖြင့် မည်သည့်လှုပ်ရှားမှုမှ လုပ်မရ ပေ။ သူတို့ သင်္ဘောပေါ်ကနေ ဆင်းတဲ့အထိစောင့်လိုက် သင်္ဘောကနေဆင်းရင် တော့….

လူတိုင်း ပြည်နယ် ၃၂ ကိုသွားနေကြသဖြင့် သူတို့သည် ရှေးဟောင်း သတ္တုတွင်းဆီသို့ သွားရမည်။ ထိုနေရာသည် ထူးဆန်းလှသည်ဟု သူတို့ကြားခဲ့ ရသည်။ အခွင့်အရေးရလာရင်တော့ သူတို့လှုပ်ရှားရမယ်။

အခန်းထဲတွင် ဝူလင်းယူသည် အိပ်ရာကိုမှီထိုင်နေကာ ရှီမာယူယူသည် သူ့ပေါင်ပေါ် ခေါင်းအုန်းပြီး သူ့ဆံပင်များနှင့် ဆော့ကစားနေသည်။

“ခုနကလူတွေကို သိလို့လား” ဆွဲဆောင်မှုရှိသောအသံတွင် စနောက်မှု ပါဝင်နေသည်။

“အဲလိုပဲပြောရမှာပေါ့၊ သူတို့က ညီမကိုသတ်ချင်နေတာလေ” ရှီမာယူယူသည် သူမအနားမှ ဖိအားလျော့သွားသည်ဟု ခံစားရသည်နှင့် ဆက် ပြောလေသည်။ သူမသည် သူ့ခန္ဓာကိုယ်ကိုပုတ်ပြီး ပြောလိုက်သည် “သူတို့က လက်တွေ့တော့ မလှုပ်ရှားသေးပါဘူး စဉ်းစားရုံတင် စဉ်းစားနေကြတာ”

“သူတို့ စဉ်းစားရုံတင်စဉ်းစားရင်ကို သေသင့်တယ်” ဝူလင်းယူ၏ အသံမှာ ပေါ့ပါးစွာပြောလိုက်သော်လည်း အမှန်တကယ်သတ်ပစ်ရန် ဆုံးဖြတ်ထားသည့် ပုံပင်။

“အစ်ကိုက ပညာရှိစံအိမ်တော်က မြင့်မြတ်သောသားတော်ရောဟုတ်ရဲ့ လား၊ သတ်ချင်တိုင်းသတ်လို့ရမှာလား” ရှီမာယူယူ သူ့ကိုစိုက်ကြည့်လိုက် သည်။

“ကိုယ်က နတ်ဆိုးလောက,က နတ်ဆိုးဧကရာဇ်ပဲလေ၊ ကိုယ်သတ်ချင် ရင်သတ်လိုက်လို့ရတယ်” မည်သို့ပင်ဖြစ်စေကာမူ အရင်က အများအပြား သတ်ခဲ့သည့်အကြောင်းကိုတော့ ဝူလင်းယူ ချန်လှပ်ထားခဲ့သည်။

“ဒါက နတ်ဆိုးလောကမဟုတ်ဘူးလေ” ရှီမာယူယူ ဆက်ပြောလေသည် “အခုထိ ဘာလှုပ်ရှားမှုမှမရှိသေးဘူးလေ သူတို့တကယ်လုပ်ချင်ရင် ညီမလည်း ငြိမ်နေမှာမဟုတ်ဘူး၊ ဒါပေမဲ့ အခု သူတို့လှုပ်ရှားမယ့် ဖြစ်နိုင်ချေပိုများသွားပြီ လို့ထင်တယ်”

“ဟင်…”

ရှီမာယူယူသည် သူ့ဆံပင်ကို အသာအယာဆွဲလိုက်သည် “ခုနက ဖန်ချီနဲ့ လီယောင်တို့ အစ်ကို့ကိုကြည့်တဲ့အကြည့်ကို မမြင်ဘူးလား၊ ညီမက ရင်လန် အပေါ်ခံစားချက်မရှိလို့ ယန်းရှီက စိတ်တိုင်းကျမလှုပ်ရှားတာ၊ အခု အစ်ကို ရောက်လာပြီဆိုတော့ ညီမချစ်သူဆိုတာသိတော့ ထပ်ပြီးအောင့်မခံနိုင်တော့ ဘူးထင်တာပဲ”

“ကိုယ် သူတို့ကိုရှင်းပစ်မှာပေါ့”

သူ ပြောပြီးနောက်တွင် ရှီမာယူယူ သူ့ဆံပင်ကို တင်းတင်းဆွဲလိုက်သည်။

“ဒါက မိန်းကလေးတွေကြားက တိုက်ပွဲပဲ၊ အားနည်းပြီး ညံ့ဖျင်းတဲ့ မိန်းကလေးတွေပဲ သူတို့ကောင်လေးတွေကိုဖြေရှင်းခိုင်းမှာ” သူမ ရေရွတ်လိုက် သည်။ “အစ်ကို သူတို့ကိုသတ်လိုက်ရင် ညီမက ကိုယ့်ကောင်လေးကိုယ်တောင် မကာကွယ်နိုင်တဲ့ အားနည်းပြီး ညံ့ဖျင်းတဲ့လူဆိုတာ ပြသလိုဖြစ်မသွားဘူး လား”

“ဟုတ်ပါပြီ ဒါဆိုလည်း မင်းကိုယ့်ကို ကာကွယ်တာကိုခွင့်ပြုလိုက်မယ်” ဝူလင်ယူသည် ခြေထောက်မြှောက်ကာ သူမကိုပင့်တင်ပြီး သူ၏လက်များဖြင့် ဖက်ကာ ကိုယ်ကိုင်းပြီး သူမနှုတ်ခမ်းများဖြင့် အနမ်းခြွေလိုက်သည်။

ပြည်နယ် ၃၂ သို့သွားရာလမ်းတွင် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တစ်ခါမှ အခန်းထဲမှမထွက်ကြပေ။ ရှီမာယူယူသည် လက်နက်ကျမ်းကို လေ့လာနေပြီး တစ်ချိန်တည်းမှာပင် ဝူလင်းယူသည် သူမကို သင်ကြားပေး သည်။

သူမသည် အရင်က ပစ္စည်းများသန့်စင်သည့်အကြောင်း သူ့ကိုပြောပြပြီး သူမ လိုအပ်သည့်အချက်များကို သူ ထောက်ပြသည်။

ရှီမာယူယူသည် သူပြောသည့်စကားများ ကြားပြီးနောက်တွင် သဘော ပေါက်သွားကာ အဆင့်တက်သွားပြီဟု ခံစားရသည်။

သူမသည် သူပြောသည့် နည်းလမ်းအတိုင်း ကြိုးစားကြည့်ရာ သန့်စင်မှု သည် ပိုကောင်းလာသည်။

“အစ်ကိုက ဘယ်လိုလုပ် အကုန်သိနေတာလဲ၊ ဘယ်လိုဖြစ်ပြီး တစ်ချိန် လုံး လူပိန်းလိုမျိုးဟန်ဆောင်နိုင်ရတာလဲ” သူမသည် သူ့မျက်နှာကိုကိုင်ပြီး ဘယ်ညာစစ်ဆေးကြည့်ပြီး သူ့ဦးခေါင်းကိုဖွင့်ပြီး ကြည့်ချင်မိသည်။

ဝူလင်းယူသည် သူမလက်များကို ကိုင်ထားသည် “ကိုယ်ကမွေးရာပါလေ အရမ်းကြီး အားကျဖို့အားထုတ်ဖို့မလိုပါဘူး”

“ဟား”

အနီစင်းကြောင်းနှစ်ကြောင်းသည် သူ၏ဖြူလွှသော မျက်နှာတွင် ခြစ်မိသွားရာ သူမသည် လက်များကို တည်ငြိမ်စွာပင် ပြန်ရုတ်လိုက်သည် “ဆောရီး လက်ချော်သွားလို့”

ဝူလင်းယူသည် သူမလက်ကို ချုပ်ပြီးရယ်မောလိုက်သည် “လက်ချော် သွားတယ်ဟုတ်လား” သူသည် သူ့မျက်နှာကို ပွတ်ကြည့်လိုက်သည် “တကယ်ပဲ ချောချောမွေ့မွေ့ပဲ”

ရှီမာယူယူ၏ မျက်နှာမှာ နီမြန်းသွားသည်။ ဒီလူကြီးက မတော်တရော် တွေလုပ်တဲ့အချိန်ကျရင် လူပေလူတေဖြစ်သွားတာပဲ။

အခန်းအပြင်တွင် ရင်လန်သည် စင်္ကြံတွင် မျက်စိပျက်မျက်နှာပျက်ဖြင့် ရပ်နေသည်။

သူတို့ နောက်ဆုံးထွက်လာသည်မှာ အတော်ကြာပြီဖြစ်သည်။ သူတို့ နှစ်ယောက်ကြားတွင် မည်သည့်ကိစ္စများဖြစ်နိုင်သည်ကို သူ တွေး၍ရနေသည်။

အဝေးတစ်နေရာမှ ယန်းရှီနှင့် တခြားနှစ်ယောက်တို့သည် မျက်လုံးထဲမှ အမုန်းတရားများဖြင့်ကြည့်နေကြသည်။ တစ်ခုတည်းသောကွာခြားချက်မှာ တစ်ယောက်သည် ရင်လန်ကြောင့်ဖြစ်ပြီး ကျန်နှစ်ယောက်မျာ ဝူလင်းယူ ကြောင့် ဖြစ်သည်။

“ဖြစ်နိုင်သလောက် မြန်မြန်သူကို အမြန်ရှင်းထုတ်ဖို့လိုပြီပဲ” ဖန်ချီသည် မုန်းတီးစွာပြောလိုက်သည်။

“ငါလည်း အဲလိုပဲခံစားရတယ် ရှေးဟောင်းသတ္တုတွင်းရောက်တဲ့အထိ စောင့်စရာမလိုဘူး” သူမ၏ တည်ရှိမှုသည် အလုပ်ပိုသည်ဟု ခံစားရသည်မှာ လီယောင်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

“ငါတို့ ရှေးဟောင်းသတ္တုတွင်း ရောက်တဲ့အထိမစောင့်ဘဲ သူတို့မသိ အောင် သူမကိုသတ်ဖို့ယုံကြည်ချက်ရှိလား” ယန်းရှီ နှာမှုတ်လိုက်သည် “မင်းတို့ အဲတစ်ယောက်ကို သဘောကျရင် သူ့ဆီကနေ အဆိုးအမြင်မခံရစေနဲ့၊ ရှေးဟောင်း သတ္တုတွင်းမှာက ကိစ္စအသေးလေးတစ်ခုဖြစ်သွားရင်တောင် အသက်ဆုံးရှုံးနိုင်တယ် အဲအချိန်ကျရင် သူမ တစ်ခုခုဖြစ်ရင်‌တောင် သူတို့က ငါတို့ကို အပြစ်တင်မှာမဟုတ်ဘူး”

“ဟုတ်ပြီ သူမကို နောက်ထပ်နှစ်ရက်လောက်တော့ အသက်ရှင်ခွင့်ပေး လိုက်မယ်”

ပြည်နယ် ၃၂ နှင့် ပြည်နယ် ၆၄ တို့ကြားမှ အကွာအဝေးသည် အနည်းငယ် ဝေးကာ တစ်လကြာပြီးမှပင် ရောက်လေသည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် သင်္ဘောရပ်ခါနီးမှပင် အခန်းထဲမှ ထွက် လာကြသည်။ သူမ အဝတ်များ လဲထားသည်ကို ရင်လန်သည် ချက်ချင်းပင် သတိထားမိလိုက်သည်။

ဝိညာဉ်သခင်တစ်ယောက်သည် ဖုန်မှုန့်များကို ရှောင်ရှားနိုင်သောကြောင့် အဝတ်များသည် ညစ်ပတ်ခြင်းမရှိသဖြင့် ကြာရှည်စွာဝတ်ဆင်နိုင်သည်။ ပုံမှန် အားဖြင့် အပြင်ထွက်ချိန် သို့မဟုတ် အဆင်မပြေသည့်အချိန်များပင် မလဲတတ် ကြဘဲ တရားကျင့်မှပင် လဲတတ်ကြသည်။

သူမ တကယ်ပဲ အင်္ကျီတွေလဲလိုက်တာပဲ။ ယောက်ျားလေးတစ်ယောက်နဲ့ တစ်ခန်းထဲမှာအတူရှိနေတာကိုလေ။

လီယောင်လည်း သတိထားမိသည်။ သူမမျက်လုံးထဲမှ အမုန်းတရားသည် ပိုနက်နဲလာသည်။

ဝူလင်းယူသည် တစ်ဖက်လူကို သက်တောင့်သက်သာခံစားချက်ကို ပေးစွမ်းသည်။ သူ့ကိုမြင်ပြီးနောက်တွင် သူမသည် အိမ်ကိုရှာတွေ့သွားသလို ခံစားရသည်။ ထိုအရာသည် ပညာရှိစံအိမ်တော်၏ ကျွမ်းကျင်မှုတစ်ခုဖြစ်သည် ကို သူမနားလည်သည်။ သို့သော် သူ့ကိုမြင်လိုက်သည်နှင့် ကြွေသွားသည်ကို တော့ မတတ်နိုင်ပေ။

ရှီမာယူယူအပါအဝင် သူတို့သုံးယောက်သည် ကုန်းပတ်ပေါ်ရှိ လှပသော ဝန်ထမ်းများကို အခန်းတံခါးသော့များပေးပြီး လေဟာပြင်သင်္ဘောပေါ်မှဆင်း သည်နှင့် ယန်းရှီနှင့် တခြားသူများသည် သူတို့နောက်အမှီလိုက်လာကြသည်။

“အပြင်လူတွေပါလာတာကို ငါတို့မကြိုက်ဘူး” ဝူလင်းယူသည် တိုးညင်း စွာပြောပြီးနောက် ခေါင်းမလှည့်ဘဲ ရှီမာယူယူကို ဆွဲလိုက်သည်။

ယန်းရှီနှင့်တခြားသူများသည် အံ့အားသင့်သွားသည်။ သူတို့ စကား တောင် မပြောရသေးခင်မှာ အငြင်းခံလိုက်ရတာလား။

အဲကောင်မ အညှောင့်ထောင်တာပဲဖြစ်ရမယ်။ ဒီတစ်ခါတော့ သူမကို အလွတ်မပေးတော့ဘူး။

သူတို့သုံးယောက်သည် တူညီသောအတွေးများတွေးနေကြပြီး အကုန်လုံး သည်ပုပ်ထဲက သည်ပဲပင်ဖြစ်နေသည်။

***

All Chapters