← Chapters

အခန်း (၁၁၅)

Vol. 9 Ch. 115

အခန်း (၁၁၅)

Vol. 9 Ch. 115

မင်းမေ—!

ကျောင်းရွှမ်သည် စိတ်ထဲမှ ဆဲရေးလိုက်၏။

ဒီလောကကြီးမှာ ဘယ်လိုလုပ်ပြီး ဒီလောက်တုံးတဲ့ကောင် ရှိနေရတာလဲ။ ပိုင်မိသားစုက ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူးရဲ့အိမ်လေ။ လူရှာတာကို ဦးစီးမှူးရဲ့အိမ်မှာ သွားရှာမယ်တဲ့လား။ ဒီကောင်‌က အတော်လေး ပါရမီထူးတာပဲ!

ဒါပေမဲ့ ချန်အာ့ပါးကတော့…

“အဲဒီချန်အာ့ပါးက ဘယ်သူလဲ”

ထိုအခါ လုစန်းသည်လည်း ပြန်လည်တုံ့ပြန်နိုင်လာ၍ ချက်ချင်း ‌ပြောပြသည်။

“ချန်အာ့ပါးက ချန်ကျိုစစ်ရဲ့ ကယ်တင်ရှင်လို့ ပြောလို့ရပါတယ်။ အရင်တုန်းက…”

“အဲဒါကြောင့် သူတို့မိသားစုနှစ်စုက အရမ်းရင်းနှီးကြတယ်။ ဟုတ်သား အဲဒီချန်ရှောင်ဟူလေ၊ သူက ချန်အာ့ပါးရဲ့သားလေ!”

ထိုအခါ ကျောင်းရွှမ်သည် လုစန်းပြောနေသူအား ချက်ချင်း သိလိုက်သည်။

ငါ ချန်ရှောင်ဟူကို ဘယ်လိုလုပ်ပြီး မသိဘဲနေပါ့မလဲ။

ချန်ကျိုစစ်နဲ့ အမြဲ ပူးကပ်နေတာကို။

ထိုသို့တွေး‌ပြီးနောက် ကျောင်းရွှမ်မှ ပြောသည်။

“ညီနောင်ယွီ၊ ကျုပ်တို့ ချန်အာ့ပါးရဲ့အိမ်ကို ရှာကြရအောင်။ ချန်အာ့ပါးနဲ့ ချန်ကျိုစစ်က အရမ်းကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ စူးယွင်ကျင်းကို ဖမ်းမမိခဲ့ရင် သူ့ကို အသုံးချပြီး ချန်ကျိုစစ်ကို ထွက်လာအောင် လုပ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့!”

ထိုအခါ ယွီပင်းမှ ချက်ချင်းပြော၏။

“သွားမယ်!”

ခဏကြာပြီးနောက်၌ ချန်အာ့ပါး၏နေအိမ်သို့ လူတစ်အုပ်ရောက်လာသည်။ သို့သော် မည်သူမျှ ရှိမနေပေ။

ကျောင်းရွှမ်သည် အလွန်အမင်း ဒေါသထွက်နေခဲ့ကာ သူ၏မျက်နှာမှာ မိုးကြိုးသွားအလား မည်းမှောင်နေတော့သည်။

ဝူကျုံးကို ကျောပိုး၍ထွက်ပြေးသွားသူမှာ ချန်ကျိုစစ်ဖြစ်ကြောင်း သူ၏စိတ်ထဲတွင် ပို၍ သေချာလာခဲ့သည်။

ယွီပင်းသည် အကျိုးမရှိပါဘဲနှင့် အချိန်အတော်ကြာ ဟိုဟိုသည်သည် ပြေးလွှားနေခဲ့ရပြီး သတိထားမိချိန်တွင် အရုဏ်တက်ချိန် နီးကပ်နေလေပြီ။

နေအလင်းရောင် ထွက်လာပြီးနောက်၌ ယွီပင်း၏အပြုအမူများမှာ အထိန်းအချုပ်ကင်းမဲ့၍ မရနိုင်တော့ပေ။ ထိုအချိန်တွင် ငါးဖမ်းကုန်သည်အဖွဲ့သည်လည်း အဖွဲ့သားများ စုဝေးကြလောက်ပြီဖြစ်၏။

ထိုသို့တွေးတောပြီးနောက် ယွီပင်းသည် စိတ်မပါလက်မပါဖြင့် ပြောလိုက်ရသည်။

“သွားကြစို့”

ယွီပင်း၏အမိန့်ကို ကြားသည့်တိုင် ကျောင်းရွှမ်သည် ရုန်းကန်ချင်နေသေး၏။ သို့သော် ယွီပင်းသည် သူနှင့်အတူ လျှောက်ပတ်ကစားပေးနေခြင်းကို လုံးလုံးလျားလျား ရပ်တန့်လိုက်ပြီး သူ၏လူများကိုခေါ်၍ ထွက်သွားခဲ့သည်။

လူအုပ်စုသည် ‌ချန်အာ့ပါး၏အိမ်မှ လျင်မြန်စွာ ထွက်သွားခဲ့ကြ၏။

ကျောင်းရွှမ်သည် စိတ်နှလုံး ဝမ်းနည်းပူဆွေးလျက် ပတ်ဝန်းကျင်အား လျှောက်ပတ်ကြည့်နေဆဲပင်။

အကုန်ပြီးဆုံးသွားပြီ! အဆုံးသတ်သွားပြီ!

ငါထွက်ပြေးဖို့ပြင်ရမယ်။ ငါထွက်ပြေးရမယ်။

နေထွက်လာပြီး ငါးဖမ်းကုန်သည်အဖွဲ့သားတွေ လူစုဝေးကြတာနဲ့ ငါ့ရဲ့သရုပ်မှန်က ပေါ်ထွက်သွားလိမ့်မှာပဲ။ အဲဒီအခါကျ ငါတကယ် အဆုံးသတ်ပြီပဲ!

ကျောင်းရွှမ် ထွက်‌ခွာသွားရန် ပြင်လိုက်သည်။

ထိုစဉ် လုစန်းနှင့် ချန်စန်းလျို့တို့သည် သူ့အနားကို ရောက်လာကြ၏။

“သင်္ဘောခေါင်းဆောင်ကြီး ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့ထဲ ဝင်ဖို့ကိစ္စကရော ဘယ်လိုလဲဟင်”

ကျောင်းရွှမ်သည် သူတို့နှစ်ဦးအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

ဒီငတုံးနှစ်ကောင်ကတော့၊ ကိုယ့်နေရာကိုတောင် ထိန်းသိမ်းနိုင်ဖို့ မသေချာတော့တာကို ဘယ်သူက မင်းတို့ကို ဂရုစိုက်နေနိုင်မှာလဲ”

သို့တိုင် ‌သူ ဤသို့ပြောခဲ့၏။

“သတင်းကို စောင့်နေပါ”

ထိုအခါ လုစန်းမှ ပြုံးလျက် မေးမြန်းသည်။

“သင်္ဘော‌ေခါင်းဆောင်ကြီး ချန်ကျိုစစ် အခုအချိန်မှာ ပြန်မလာနိုင်တော့တာ သေချာတယ်မလား”

ကျောင်းရွှမ် စိတ်မရှည်စွာဖြင့် လုစန်းကို ကြည့်လိုက်သည်။

“အင်း”

ထိုအခါ လုစန်းသည် ရွှင်လန်းစွာ ပြုံးပျော်သွား၏။

“သင်္ဘောခေါင်းဆောင်ကြီး သူ့မိသားစုရဲ့ပစ္စည်းတွေကိုရော ဘယ်လိုလုပ်မလဲ”

ကျောင်းရွှမ် တည့်တိုးပင် ပြောလိုက်တော့သည်။

“မင်းသင့်တော်သလို လုပ်လိုက်၊ ငါ့ကို အနှောင့်အယှက်မပေးနဲ့တော့!”

“ဟေး ဟေး သိပါပြီ!”

လုစန်းသည် တောက်ပစွာ ပြုံးရယ်နေခဲ့၏။

လောကမှာ ဒီလောက်တောင် ကံကောင်းရတယ်လို့– ငါချန်ကျဲ့အိမ်မှာ ပြောင်းဆန်အိတ်တွေ၊ ဆားငန်အသားနဲ့ ဝက်ဆီ‌တွေ မြင်ထားတယ်။ ဒီပစ္စည်းတွေက ငါးဖမ်းကုန်သည်အဖွဲ့အတွက် အရေးမပါလှပေမဲ့ ငါ့အတွက်တော့ အဲဒါတွေက ရတနာတွေပဲ!

ချန်ကျိုစစ် ပြန်မလာနိုင်တော့ဘူးဆိုမှတော့ အဲဒါတွေ အကုန်လုံးက အခုကစပြီး ငါ့အပိုင်ပဲပေါ့။

ဟုတ်သား၊ သူ့အိမ်လည်း ရှိသေးတယ်။ အခုကစပြီး အကုန်လုံး ငါ့အပိုင်ဖြစ်ပြီကွ ဟားဟားဟား…

ချန်စန်းလျို့သည် ပို၍ပင် လောဘကြီးသေး၏။ သူသည် ချန်အာ့ပါး၏အိမ်ကို လှည့်ပတ်ကြည့်နေရင်း “အဲဒီငတုံးကောင် ချန်အာ့ပါးတစ်ယောက် ချန်ကျိုစစ်နဲ့ ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း ငြိစွန်းနေပြီလဲ”ဟု တွေးနေပေသည်။

အခုတော့ ချန်ကျိုစစ်ရဲ့ကံဆိုးမှုနဲ့အတူ သူလည်း အဆုံးသတ်သွားရပြီဆိုတော့ ဒီအိမ်ထဲက တန်ဖိုးရှိပစ္စည်းမှန်သမျှက အကုန်ငါ့အပိုင်ပဲပေါ့လေ။

ထိုသို့အတွေးဖြင့် သူတို့နှစ်ဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်လျက် ချမ်းသာကြွယ်ဝမှုကို စိတ်ကူးယဉ်နေကြသည်။

ဒါက ကောင်းကင်ဘုံကနေ လေခြွေသီး ပြုတ်ကျလာတာပဲ မဟုတ်လား။

သူတို့မှာ အိမ်မှာအိပ်နေရင်းကနေ ထ လမ်းလျှောက်လာလိုက်တာ ချန်ကျိုစစ်ရဲ့အိမ်က ပျက်စီးကိန်း‌ဆိုက်နေပြီး ရုတ်တရက်ကြီး ချမ်းသာကြွယ်ဝမှုကို နင်းလျှောက်မိတယ်တဲ့။ ပြီးတော့လည်း ငါးဖမ်းကုန်သည်အဖွဲ့ထဲ ဝင်ခွင့်ရနိုင်ခြေလည်း ရှိသေးတယ်– တကယ့်ကို ကောင်းကင်က ပိုင်မုန့်ပြုတ်ကျလာသလို အခွင့်အရေးပါပဲလား။

သူတို့နှစ်ဦးသည် သီချင်းလေး‌တညည်းညည်းဖြင့် အလွန်အမင်း ပျော်ရွှင်နေခြင်းအား မထိန်းချုပ်နိုင်ပေ။

သူတို့နှစ်ဦးသည် လက်တွေ့လုပ်ဆောင်တတ်သော အမျိုးသားများဖြစ်ကြ၏။ ချန်ကျိုစစ် ပြန်မလာနိုင်တော့ကြောင်း အတည်ပြုပြီးသောအခါ သူတို့သည် ပျားများကဲ့သို့ ချန်မိသားစု၏ပိုင်ဆိုင်မှုပစ္စည်းများကို ရွှေ့ပြောင်းယူကြတော့သည်။

ဤအခိုက်အတန့်၌ လုစန်းနှင့် ချန်စန်းလျို့တို့သည် တစ်ဖက်တည်းသားများ ဖြစ်သွားကြ‌၏။

လုစန်းမှ ပြောသည်။

“ဦးလေးစန်းလျို့၊ ချန်ကျိုစစ်ရဲ့ကံဆိုးမှုကနေ ကျွန်တော်တို့နှစ်ယောက်လုံး အကျိုးအမြတ်ရသွားတာပဲနော်။ ငါးဖမ်းကုန်သည်အဖွဲ့ကိုလည်း အတူတူ ဝင်ခွင့်ရဦးမှာ။ ကျွန်တော်တို့ကြားက အတိတ်က အဃာတတွေကို ချေဖျက်လိုက်ကြရအောင်ပါ။ ကျွန်တော်လည်း ဦးလေး ကျွန်တော့်ကို ရိုက်နှက်ခဲ့တဲ့ကိစ္စကို လွှတ်ချလိုက်တော့မယ်”

ချန်စန်းလျို့လည်း ပြော၏။

“ညီနောင်လုစန်း အတိတ်က အတိတ်မှာ ကျန်ခဲ့ပါပြီ။ ကျုပ်တို့မိသားစုနှစ်စုက ငါးဖမ်းကုန်သည်အဖွဲ့ထဲမှာ အပြန်အလှန် ကူညီပေးကြရမှာ။ မင်းငါ့ကို အကြွေးတင်နေတဲ့ ငွေနှစ်စကိုလည်း မေ့လိုက်ပါတော့”

“ကောင်းတယ်၊ ပွင့်လင်းတယ်”

သူတို့နှစ်သည် အပြန်အလှန်သဘောတူညီချက်အား စိတ်ကျေနပ်စွာဖြင့် ပစ္စည်းများကို စတင်ရွှေ့ပြောင်းကြသည်။ ရွှေ့ပြောင်းနေကြရင်း ငါးဖမ်းကုန်သည်အဖွဲ့သို့ ဝင်ရောက်ရမည့်အကြောင်းကိုလည်း စိတ်ကူးယဉ်နေခဲ့ကြသည်။

ယွီပင်းသည် ချန်အာ့ပါးအိမ်မှ ထွက်ခွာခဲ့ပြီးနောက် သူ၏လူများကိုခေါ်၍ တောင်ပေါ်သို့ ပြန်တက်သည်။ ယွီစန်းလျို့၏အလောင်းကို သိမ်းယူခဲ့ကြရင်း မျက်ရည်များ ကျဆင်းနေခဲ့၏။ သို့သော် လက်ရှိအချိန်တွင်တော့ ဤကိစ္စကို စာရင်းမရှင်းဘဲ ထားရဦးပေမည်။

တစ်ဖက်၌ ကျောင်းရွှမ်သည် အရုဏ်မတက်မီ ငါးဖမ်းကုန်သည်အဖွဲ့သို့ ‌အပြေးသွား၍ လွန်ခဲ့သည့် လအနည်းငယ်က ကောက်ခံထားသော အခွန်ငွေများ စုဆောင်းသိမ်းဆည်းထားသည့် ငါးဖမ်းကုန်သည်အဖွဲ့၏ သိုလှောင်ရုံသို့ ဦးတည်သွားခဲ့သည်။

ဤမြို့ငယ်လေးတွင် ငါးဖမ်းကုန်သည်အဖွဲ့၏ အခွန်ငွေသည် များပြားလှသည် မဟုတ်ပေ။ ထို့ကြောင့် လအနည်းငယ် စုဆောင်းထားပြီးမှ တစ်စုတစ်စည်းတည်း လွှဲပြောင်းပေးအပ်လေ့ရှိသည်။

ကျောင်းရွှမ်သည် ထွက်ပြေးရန် ပြင်ဆင်ရ‌ပြီဖြစ်ရာ ရသမျှယူ၍ ထွက်ပြေးရန် ကြံစည်ခဲ့လိုက်သည်။

သိုလှောင်ရုံသော့ကို သူနှင့် ဝူကျုံးမှ သိမ်းဆည်းလေ့ရှိသောကြောင့် အလွယ်တကူပင် ဝင်ရောက်နိုင်ခဲ့သည်။ စောင့်ကြပ်နေကြသည့် အဖွဲ့သားအချို့သည် ကနဦးတွင် ထိတ်လန့်သွားကြသော်ငြား ရောက်လာသူမှာ ကျောင်းရွှမ်ဖြစ်ကြောင်း သိသွားသောအခါ ချက်ချင်း နှုတ်ဆက်ကြသည်။

“သင်္ဘောခေါင်းဆောင်ကြီး!”

ကျောင်းရွှမ်မှ ပြောသည်။

“မြင်းဇောင်းကိုသွားပြီး ငါ့အတွက် ဇောင်းမွေးနီမြင်းဆွဲတဲ့ မြင်းလှည်းတစ်စီး ယူလာပေးစမ်းပါ။ ပြီးတော့ ဒီငွေတွေကို အဲဒီမြင်းလှည်းပေါ် တင်လိုက်။ ငါမြို့ပေါ်သွားပြီး အခွန်ငွေတွေ သွားအပ်မလို့”

“အာ သင်္ဘောခေါင်းဆောင်ကြီး ငွေအပ်ဖို့က အရမ်းစောနေသေးတယ် မဟုတ်ဘူးလား”

ကျောင်းရွှမ် ပြောလိုက်သည်။

“မကြာခင်မှာ ရွာအကြီးအကဲရွေးချယ်ပွဲ ကျင်းပတော့မှာလေ။ အဲဒီအချိန်ကျ လူထူထပ်နေတော့မှာဆိုတော့ ဒီငွေတွေ အများကြီးအတွက် မလုံခြုံဘူး။ အဲဒါကြောင့် ငါ ကြိုပြီး ငွေအပ်လိုက်မလို့”

“ဟုတ်ကဲ့ နားလည်ပါပြီ။ ဒါနဲ့ သင်္ဘောခေါင်းဆောင်ကြီး၊ ဒီတစ်ခေါက် မြင်းလှည်းကို ဘယ်သူက စောင့်ကြပ်ပို့ဆောင်မှာလဲဗျ”

စောင့်ကြပ်သူအဖွဲ့သားမှ မေးမြန်းသည်။

ကျောင်းရွှမ် ပြော၏။

“စောင့်ကြပ်ပို့ဆောင်ဖို့ မလိုဘူး။ ငါတစ်ယောက်တည်းသွားမယ်။ ညီနောင်တွေအားလုံး ပင်ပန်းနေကြတာ။ အနားယူပါစေ”

“အာ စောင့်ကြပ်ပို့ဆောင်ဖို့ မလိုဘူးလား”

စောင့်ကြပ်သူအဖွဲ့သားများသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

All Chapters