← Chapters

ထူးဆန်းသောပြည်နယ် ၃၂

Vol. 106 Ch. 1482

ထူးဆန်းသောပြည်နယ် ၃၂

Vol. 106 Ch. 1482

ရှီမာယူယူသည် လေဟာပြင်သင်္ဘောမှဆင်းသည်နှင့် ရှေးဟောင်းသတ္တု တွင်းဆီသို့ အမြန်လာလိုက်သည်။

ရှီမာယူယူသည် ဝိညာဉ်သခင်အသင်းမှ ငှားလာသည့် သားရဲပျံပေါ်တွင် ထိုင်လာသည်။ ထိုငှက်သည် မူလငှက်ပုံသဏ္ဍာန်အတိုင်းပင်ဖြစ်သည်။

ထိုငှက်ကိစ္စကို ရင်လန်စီစဉ်ပေးခြင်းဖြစ်ပြီး သူတို့ လေဟာပြင်သင်္ဘော ပေါ်မှ ဆင်းပြီးနောက်တွင် ရင်လန်မှ သူတို့ကို သားရဲပျံယူလာပေးခြင်းဖြစ် သည်။

“ပြည်နယ် ၃၂ ကပြည်နယ်တွေအားလုံးထဲမှာ ဝင်္ကပါဖြတ်လမ်းအနည်း ဆုံးနေရာပဲ၊ ဒီကလေဟာပြင်က ဝင်္ကပါဖြတ်လမ်းဆောက်ဖို့အတွက် အဆင်မပြေဘူး” ရင်လန်ရှင်းပြလေသည် “ပြီးတော့ ဝင်္ကပါဖြတ်လမ်းကလည်း ငါတို့သွားချင်တဲ့နေရာကို ခေါ်သွားပေးမှာမဟုတ်ဘူး”

“အဲဒီကိုရောက်ဖို့ ဘယ်လောက်ကြာမှာလဲ”

“လတစ်ဝက်လောက် သေတော့မသေချာဘူး စောင့်ကြည့်ရမှာပေါ့”

ရှီမာယူယူသည် သူ၏ဆိုလိုရင်းကို သိချင်တုန်းပင်။ သို့သော် မုန်တိုင်းနှင့် လေဆင်နှာမောင်းတချို့ကို ကြုံတွေ့ပြီးနောက်တွင် သူမ နားလည်သွားသည်။ ယခုလိုအခြေအနေတွင် အလျင်စလိုသွားရန် မဖြစ်နိုင်ပေ။

“ဒီက ရာသီဥတုကအရမ်းထူးဆန်းတာပဲ တကယ်ပဲ လေဆင်နှာမောင်းနဲ့ မုန်တိုင်းတွေရှိတာပဲ” သူတို့သည် လေသံကိုနားထောင်ရင်းနှင့် ဂူတစ်ခုအတွင်း တွင် ခိုအောင်းနေကြသည်။

“ပြည်နယ် ၃၂ က အမြဲတမ်းထူးဆန်းနေတာ အဲဒါကြောင့် စွန့်ပစ်နယ်မြေ တွေအများကြီးရှိတယ်၊ အဲဒီစွန့်ပစ်နယ်မြေတွေကြောင့်ပဲ ရှေးဟောင်းသတ္တု တွင်းကို ဘယ်သူမှမသိကြတာ” ရင်လန် ပြောလေသည်။

“မဟုတ်ရင် အရင်ကတွေ့ခဲ့တဲ့လူရှိရင်ရှီလိမ့်မယ် ဒါပေမဲ့ မပြောခဲ့ကြ ဘူး” ရှီမာယူယူ ခန့်မှန်းလိုက်သည် “ဒီဆိုးဝါးတဲ့ ရာသီဥတုက ရှေးဟောင်း သတ္တုတွင်းရှိတာနဲ့ ပတ်သတ်မလားမသိဘူး”

“အဲဒါတော့မသေချာဘူး၊ သတ္တုတွင်းတစ်ခုက ပြည်နယ်ရဲ့ ရာသီဥတုကို သက်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဝူလင်းယူ ပြောလိုက်သည်။

“လိပ်ပြာသက်ရောက်မှုလေ” ရှီမာယူယူ ပြောလိုက်သည်။

“လိပ်ပြာသက်ရောက်မှုဟုတ်လား” ရင်လန်အတွက် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သဖြင့် သူ သိချင်မိသည်။

ရှီမာယူယူသည် လိပ်ပြာသက်ရောက်မှုအကြောင်းကို ရှင်းပြရာ ရင်လန် သည် နားထောင်ရင်းနှင့် ဆွံ့အနေသည်။

“မင်းပြောတဲ့ သီအိုရီအတိုင်းဆိုရင်တော့ ဖြစ်နိုင်တယ်”

“ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် ဘာမှပြောင်းလဲလို့မရလို့ ငါတို့ကို သက်ရောက်မှုမရှိနိုင်ဘူး” ရှီမာယူယူသည် လေဆင်နှာခေါင်းနှင့်အတူ ဝေ့ဝဲ နေသော သဲများနှင့်ကျောက်တုံးများကိုကြည့်လိုက်သည် “ဒီရာသီဥတုက ဘယ်လောက်ကြာမှာလဲ”

“ကြာရင် လတစ်ဝက်လောက် မြန်ရင်တော့ သုံးရက်ကနေ ငါးရက်ပဲ”

“ဒါဆိုရင် စောင့်ရမှာပေါ့” သူမသည် ဘေးပတ်ပတ်လည်ကိုကြည့်လိုက် သည်။ လစ်ဟာနေသောဂူနှင့် နေရာလွတ်အပြင် မည်သည့်ထူးခြားမှုမှမရှိပေ “စောင့်ရမယ်ဆိုတော့ ဒီမှာတစ်ခုခုလုပ်ရမယ်”

“မင်းက ဘာလုပ်ချင်တာလဲ”

“ကိုယ့်ကိုယ်ကိုနဲ့ သားရဲပျံတွေကို ဆုပေးရမှာပေါ့”

“ဟင်”

ရှီမာယူယူ အိုးများ ဒယ်ပြားများနှင့် စားပွဲအပြည့် ဟင်းသီးဟင်းရွက်များ အသားများထုတ်သည်ကို ရင်လန် စောင့်ကြည့်နေခဲ့သည်။

“ချက်ပြုတ်မလို့လား” သူသည် သူမ ကျွမ်းကျင်စွာ စီမံနေသည်ကို တအံ့တဩ ကြည့်နေသည်။

“ဟုတ်တယ်လေ” ရှီမာယူယူ သူ့ကိုပြုံးပြခဲ့သည် “ဘာမှလုပ်စရာမရှိဘူး မလား”

“ဝိညာဉ်သခင်တစ်ယောက်က ချက်တတ်သေးတာလား”

ဝိညာဉ်သခင်များသည် စားသောက်ခြင်းမပြုကြသဖြင့် ချက်ပြုတ်ရန် မလိုကြပေ။ ရင်လန်သည် ထိုမှတ်ချက်ကို ကိုယ့်ဘာသာသိမ်းထားလိုက်သည်။

ဟင်း… အဆင်မပြေရင်တော့ သူလည်းစားမှာပေါ့။

ရှီမာယူယူသည် သူ့အတွေးကိုသိကာ ဘာမှမပြောဘဲ ရယ်နေလေသည်။

ဝူလင်းယူသည် သူမဘေးလာကာ ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေး အကြိုင်များကို ကျွမ်းကျင်စွာပင် ယူပေးနေသည်။

ရင်လန် သူတို့နှစ်ယောက်ကို ကြည့်နေသည်။ နှစ်ယောက်လုံးသည် တွဲဖက်ညီလှသည်။ ရှီမာယူယူ တစ်ခုခုလိုသည့်အချိန်တိုင်းတွင် ခေါင်းမော့ ကြည့်လိုက်သည်နှင့် အရှေ့တွင် ရောက်နှင့်ပြီးသားဖြစ်သည်။

သူမကတော့ သူ့ကိုသဲ့သဲ့ပြုံးပြပြီး ဆက်ချက်ပြုတ်လေသည်။

သူ ခေါင်းငုံ့သွားသည်။ သူတို့နှစ်ယောက်ကြားမှ ထိုကဲ့သို့ တွဲဖက်ညီမှု သည် တစ်ညတည်းနှင့် တည်ဆောက်ထားခြင်းမဟုတ်ပေ။

သူမ ဝူလင်းယူကို ပြုံးပြသည့်အချိန်တိုင်းသည် ချိုမြိန်နေသည်။ ထိုအပြုံး မျိုးသည် ဟိုးစိတ်အတွင်းထဲမှ ပျော်ရွှင်မှုဖြစ်သည်။

ထိုအပြုံးသည် တခြားသူများကို ပြုံးပြသော ပေါ့ပေါ့တန်တန်အပြုံး မဟုတ်ပေ။

ခဏအကြာတွင် ဂူတစ်ခုလုံးသည် မွှေးရနံ့များပြည့်သွားသည်။ သားရဲပျံ များပင် အသွင်ပြောင်းပြီး ပြေးလာကြသည်။

“ကျလိ ကျလိ…”

ထိုသားရဲပျံများသည် လူသားများ၏ ထိန်းကျောင်းခြင်းကိုခံရသော်လည်း စကားမပြောတတ်ကြပေ။ သူတို့စွမ်းအင်အားလုံးကို အရှိန်အတွက်သာသုံးခဲ့ ကြသည်။

သားရဲပျံများသည် စုဝေးလာကြပြီး ပျော်ရွှင်စွာဖြင့် မရပ်မနားပြေးနေကြ သည်။

မြူးတူးနေပုံကိုမြင်သောအခါ ရှီမာယူယူသည် အသားကင်တစ်ခုကို ပစ်ပေးလိုက်သည်။

သူသည် ပါးစပ်ဖြင့်ဖမ်းပြီး တစ်ခါတည်းဝါးစားကာ သူမအား မျက်လုံးပြူး များဖြင့် ကြည့်လေသည်။

“မြန်မြန်ကိုစားလိုက်တာပဲ” ရှီမာယူယူသည် သင်ခန်းစာပေးသည့် လေသံဖြင့်ပြောလိုက်သော်လည်း အသားကင်တစ်ပန်းကန် ကမ်းပေးလိုက် သည်။

“မွှေးလိုက်တာ” ရင်လန်လည်း ရောက်လာပြီး အသားကင်တစ်ပန်းကန် ထည့်စားလေသည်။

“ဒါနဲ့စား” ရှီမာယူယူသည် ဝိုင်ကရားပစ်ပေးလိုက်ရာ ရင်လန်သည် ဖမ်းပြီးသည်နှင့် အဖုံးဖွင့်ရာ ဝိုင်အနံ့ထွက်လာလေသည်။

“အရသာကောင်းလိုက်တာ ဪ ဟုတ်သားပဲ မင်းက စားသောက်ဆိုင် အများကြီးဖွင့်ပြီး အသီးဝိုင်တွေအမျိုးမျိုးရောင်းတယ်ဆို” ရင်လန်သည် ပြောပြီးသည်နှင့် တစ်ကျိုက်သောက်လိုက်ရာ အရသာတကယ်ကောင်းမွန်လှ သည်။ “မင်း ဒီလို စားကောင်းသောက်ဖွယ်တွေ ချက်တတ်မယ်လို့ထင်မထား ဘူး”

“ဒါပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ ကျွန်မချက်ရင်လည်း လူတိုင်းမစားနိုင်ကြဘူး”

“ဒါဆို ငါကံကောင်းတာပေါ့” ရင်လန်သည် နာကျင်စွာခံစားရလေသည်။ ထိုပျော်ရွှင်မှုကို သူ မည်သို့ဖော်ပြရမည်ကို သူ မသိတော့ပေ။

ဝူလင်းယူသည် သူ့ပုံစံကိုမြင်သောအခါ နှုတ်ခမ်းတွန့်လိုက်ပြီး အရသာရှိ သောအစားအစာများကို မြည်းစမ်းလိုက်သည်။

ဟား.. မင်းပဲ ငါတို့နောက်ကိုလိုက်မယ်လို့ ဆုံးဖြတ်လိုက်တာလေ။

ရှီမာယူယူသည် စားပွဲအပြည့် ဟင်းများကိုချက်ပြုတ်လိုက်သည်။ သားရဲ များပါ ပါဝင်သဖြင့် အသားများပိုချက်ပြုတ်ထားပြီး တခြားသူများအတွက် ဟင်းသီးဟင်းရွက်ကိုချက်ပြုတ်ထားသည်။ ဘေးမှ ကျန်သားရဲများသည် သူမ ထိုင်လိုက်ချိန်တွင် ဗိုက်ပြည့်သွားပြီဖြစ်သည်။

“အားလုံးပဲ ဝင်ကြ”

လောကြီးနေသော အသံနှင့် ခပ်သုတ်သုတ်ခြေသံများ အပြင်မှထွက်လာ ပြီး ထို့နောက်တွင် လူတစ်စုသည် အပြင်မှပြေးဝင်လာကြသည်။ သူတို့သည် ပြေးလာရင်းနှင့် ရာသီဥတုကို ညည်းညူနေကြသည်။

“အာ.. မွှေးလိုက်တာ”

ဂူဝင်ပေါက်မှ အံ့ဩနေသောအသံတစ်သံထွက်လာပြီး ပုံရိပ်တစ်ခုသည် အမြန်ပြေးလာသည်ကို မြင်လိုက်ရသည်။

“ဘုန်း”

ထိုပုံရိပ်သည် အပြာရောင်ဝိညာဉ်အတားအဆီးနှင့်တိုက်မိပြီး မြေပေါ်သို့ ကျသွားကာ အနောက်သို့ ပြန်ကန်ထွက်လေသည်။

“အား…” ထိုလူသည် ညည်းညူရင်း တင်ပါးကိုပွတ်နေသည်။

ရှီမာယူယူသည် ထိုမြင်ကွင်းနှင့် ရင်းနှီးနေကာ ထိုရင်းနှီးသောအသံနှင့် အတူ ရင်းနှီးသောလူကိုတွေ့လိုက်ရသည်။

“နင်ပဲ”

“နင်ဘာလို့ ဒီကိုရောက်နေတာလဲ”

သူမသည် ထိုလူနှင့်အတူ တစ်ချိန်တည်း အော်မိလိုက်ကြသည်။

ရှီယူသည် မြေပေါ်မှခုန်ထကာ အပြာရောင် ဝိညာဉ်အတားအဆီးနှင့် ထပ်တိုက်မည်စိုးသဖြင့် ရှီမာယူယူဆီသို့ ဖြည်းညင်းစွာလျှောက်လာသည်။

“လင်းယူ” ရှီမာယူယူသည် ဝူလင်းယူအား တစ်ချက်ကြည့်လိုက်ရာ ဝူလင်းယူ လက်ဝှေ့ယမ်းလိုက်သည်နှင့် ဝိညာဉ်အတားအဆီးပျောက်သွားလေ သည်။

“ငါသိနေတယ် ဒီလောက်မွှေးတဲ့အနံ့ရအောင် နင်တစ်ယောက်ပဲ ချက်နိုင် တာ” ရှီယူသည် စားပွဲတွင်ဝင်ထိုင်ပြီး အသားတစ်တုံးကို ပါးစပ်ထဲထည့်ကာ ပျော်ရွှင်စွာဖြင့် လိုက်မှီအောင် စားတော့သည်။

“ရှီယူ နင်ဘာလို့ ဒီကိုရောက်နေတာလဲ” ရှီမာယူယူသည် ရှီယူ အကြိုက်ဆုံး ဝိုင်ထုတ်ကာ သူမရှေ့တွင် ထားလိုက်သည်။

“မင်းတို့သွားနားလိုက်ကြတော့” ရှီယူသည် သူမအနောက်မှလူများကို လက်ဝေ့ပြလိုက်ပြီး ရှီမာယူယူ၏ မေးခွန်းကိုဖြေလေသည် “နင်ထွက်သွားပြီး တော့ တစ္ဆေမြို့တော်ကြီးက ပျင်းဖို့ကောင်းသွားတယ်၊ အဲဒါကြောင့် လည်ဖို့ ထွက်လာတာ၊ အဖေနဲ့တခြားသူတွေကလည်း ငါ့ကိုမတားလဲ နောက်လိုက် တစ်ဖွဲ့ထည့်ပေးလိုက်တာပဲ၊ ငါလည်းမလိုချင်ပါဘူး၊ ဒါပေမဲ့သူတို့ကို ခေါ်မှပဲ ငါ ထွက်လို့ရမှာလေ အဲဒါကြောင့် သဘောတူလိုက်ရတယ်၊ ဟီးဟီး ငါထွက်လာ တာနဲ့ နင်နဲ့တွေ့မယ်လို့ထင်မထားဘူး ငါတို့က ရေစက်ပါတာပဲ”

***

All Chapters