← Chapters

သတ္တုတွင်း၏ အစွန်အဖျား

Vol. 106 Ch. 1483

သတ္တုတွင်း၏ အစွန်အဖျား

Vol. 106 Ch. 1483

“နင့်အဖေက တကယ်ပဲ နင့်ကိုစိတ်မပူဘူးပဲ” အားလုံးကို နားထောင် ပြီးသည်နှင့် ရှီမာယူယူသက်ပြင်းချလိုက်သည်။

“သေချာပေါက် မပူဘူးလေ” ရှီယူ သွားဖြဲပြီးပြောလေသည် “ငါတို့ အပြင်မသွားရတာ အတော်ကြာပြီပဲ အဲဒါကြောင့် အပြင်သွားပြီး ကမ္ဘာကြီးကို ကြည့်လို့ အဖေပြောလိုက်တာပဲ”

“အန္တရာယ်တစ်ခုခုများတွေ့ရင် ဘယ်လိုလုပ်မှာလဲ” ရှီမာယူယူသည် သူမ ခေါ်လာသောလူများကို ကြည့်လိုက်သည်။ သူတို့သည် အားကောင်းကြ သော်လည်း လူမများလှပေ။

“ဒီနေရာကနေ ထွက်သွားဖို့ ထူးခြားတဲ့နည်းလမ်းရှိပါတယ်၊ တစ်ခုခု ဖြစ်တယ်ဆိုရင် သူတို့ကိုဆက်သွယ်ပြီး အမြန်လာခိုင်းလိုက်မှာပေါ့၊ ငါတို့က နင့်လောက်ကို ဒုက္ခမများလောက်ပါဘူး” ရှီယူသည် များများစားစားမပြောပေ။ သို့သော် သူမ၏ ယုံကြည်ချက်ရှိပုံကိုကြည့်ပြီး သူမသည် ပြောသည့်အတိုင်းပင် နည်းလမ်းရှိမည်ဟု ယုံကြည်သည်။

ရှီမာယူယူ စဉ်းစားကြည့်ရာ မှန်သည်ဟု ခံစားရသည်။ သူတို့သည် တစ္ဆေမြို့တော်တွင် မျိုးရိုးစဉ်ဆက်နေလာကြရာ ထိုနေရာမှလူများသည် သွားနိုင်လာနိုင်ကြသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် တခြားသူများ မသိနိုင်သည့် နည်းလမ်းတစ်ခုကို တချို့လူများတွေ့သည်ဆိုသည်မှာ အဓိပ္ပာယ် ရှိသည်။

“ဟုတ်သားပဲ ငါတို့ထွက်သွားပြီးတော့ မြို့မှာဘာတွေဖြစ်သွားသေးလဲ”

“အရင်က ဖြစ်ခဲ့တာနဲ့အတူတူပဲ၊ ငါတို့လူစုကွဲသွားကြတယ်၊ အရင်က မျိုးနွယ်လေးခုက စီမံရေးမျိုးနွယ်ဖြစ်ခဲ့တာလေ ဒါပေမဲ့ အခုတော့ မျိုးနွယ် သုံးခုပဲ ကျန်တော့တယ်” ရှီယူပြောလေသည်။

“ကျန်းမျိုးနွယ်လည်း သဘောတူလား”

“သူတို့ကဆန့်ကျင်နိုင်မှာလား၊ နင်က သူတို့လူကြီးကိုသတ်ခဲ့တာ သူတို့က အရင်တုန်းကလောက် အားမကောင်းတော့ဘူး အဲလိုအခြေအနေမှာ သူတို့ဘာလုပ်နိုင်ဦးမှာလဲ”

“အမှန်ပဲ”

ဝူလင်းယူသည် ဘာမှမပြောဘဲ တစ်ချိန်လုံးဘေးတွင်သာနေခဲ့သည်။ ရင်လန်သည် သူတို့စကားများကို နားထောင်ပြီး အံ့ဩနေလေသည်။

တစ္ဆေမြို့တော်ဟုတ်လား။ ဒဏ္ဍာရီတွေထဲမှာရှိတဲ့ နေရာမဟုတ်ဘူးလား။

သူမသည် တစ္ဆေမြို့တော်မှလူများနှင့် ရင်းနှီးကာ ထိုနေရာမှကိစ္စများကို ပင် ပြောဆိုနေသည်။ သူမ အရင်က အဲဒီကိုရောက်ဖူးတာလား။

သူအံ့ဩသွားသော်လည်း မျက်နှာတွင် မဖော်ပြပေ။ သူသည် စားသောက် ရာတွင်သာ နှစ်မြှုပ်ထားလိုက်သည်။

“ယူယူ နင်တို့ ဒီကိုရောက်လာမှတော့ ရှေးဟောင်းသတ္တုတွင်းကိုသွားကြ မလို့လား ငါတို့အတူသွားလို့ရတာပေါ့”

“နင်တို့လည်း အဲဒီကိုသွားကြမလို့လား”

“ဟုတ်တယ် အဖေပြောခဲ့တယ် ငါတို့ထွက်လာမှတော့ ကမ္ဘာကြီးကို သွားကြည့်ရမှာပေါ့၊ မတော်ရင် ငါတို့ရှေးဟောင်း အမှောင်ဝိညာဉ်သားရဲတချို့ နဲ့တောင် တွေ့ဦးမယ်၊ ဖမ်းပြီးပြန်သွားနိုင်ရင်တော့ နာမည်တွေကြီးတော့မှာပဲ”

ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ရှေးဟောင်းဝိညာဉ်သားရဲကို ဖမ်း မယ်ဟုတ်လား။ အဲဒီမှာတကယ်ပဲ သက်ရှိဝိညာဉ်သားရဲရှိရင် ကြောက်စရာ‌ ကောင်းနေမှာမဟုတ်ဘူးလား။

ရွှေလေးလိုမျိုးလေ… သူသည် အချိန်ကာလတစ်ခုသာ နေခဲ့ဖူးသည်။ သို့သော် သူ၏ တိုက်ပွဲစွမ်းရည်သည် ရှောင်ချီထက်မလျော့ပေ။ သူသည် ယနေ့ လို အခြေအနေသို့ တိုးတက်လာပါက သူ့အားမှာ ခုန်ပျံကျော်လွှားသလို တက် လာမည်ဖြစ်သည်။

“ဒီနေရာက အရင်ဘယ်နေရာနဲ့မှ မယှဉ်နိုင်ဘူး၊ နင်ငါနဲ့အတူသွားချင် တယ်ဆိုရင် ငါ့စကားနားထောင်ရမယ်” သူမသည် အခြေခံစည်းမျဉ်းကို အရင်ချ ထားရန်လိုသည်။ မဟုတ်တော့ ဒီမိန်းကလေးလှုပ်ရှားရင် သူမ တားမရနိုင်ဘူး။

“ကောင်းပြီ ပြဿနာမရှိဘူး၊ နင် ငါ့ညီမလေးမို့လို့လေ” ရှီယူသည် ရှီမာယူယူ၏ လည်တိုင်ကို သိုင်းဖက်ပြီးပြောလိုက်သည် “ငါကအမြဲစကား နားထောင်တယ်လေ မဟုတ်ဘူးလား”

“နောက်ပိုင်းပြောတာတွေလည်း စကားနားထောင်ရမယ်နော် မဟုတ်ရင် ခေါ်မသွားနိုင်တော့ဘူး”

“သိပါပြီ သိပါပြီ ယူယူ နင်ကဒီကိုပြန်ရောက်ပြီးမှ ပိုပြီးပူညံပူညံလုပ်လာ တယ်”

ရှီမာယူယူသည် ရှီယူကို စိုက်ကြည့်လိုက်သည်။ သူမ ဘယ်တုန်းက ပူညံ ပူညံဖြစ်သွားလို့လဲ၊ ကြည့်ရတာ ပတ်ဝန်းကျင်မတူတော့လို့ဖြစ်မယ်။

တစ္ဆေမြို့တော်အတွင်းတွင် သူမသည် ရှီမျိုးနွယ်သခင်မလေးဖြစ်သလို မြောက်ပိုင်းမြို့တော်၏ မင်းသမီးတစ်ပါးဖြစ်သည်။ သူမကို မြင်သည့်လူတိုင်း သည် သူမကို အသိအမှတ်ပြုရသည်။ သို့သော် ယခုနေရာသည် တစ္ဆေမြို့တော် မဟုတ်ပေ။ အားကောင်းသော ကျွမ်းကျင်သူများရှိသည့် အတွင်းပိုင်းဒေသဖြစ် သည်။ သူတို့သည် သူမ၏ တစ္ဆေမြို့တော် မင်းသမီးဆိုသည့် ဂုဏ်ပုဒ်ကို ဂရုမစိုက်ကြပေ။ သူတို့ကိုသာ စိတ်ဆိုးစေပါက ဂရုမစိုက်ဘဲ သတ်ပစ်မည်ဖြစ် သည်။

သူမသည် လက်ရှိအခြေအနေ ခွဲခြမ်းစိပ်ဖြာထားပုံကို ရှီယူကို ပြောပြ လိုက်သည်။ သူမသည် ရှီယူ၏ ဂုဏ်ပုဒ်ကိုအခြေခံပြီး သူမအသက်ကို အဆုံးရှုံး မခံနိုင်ပေ။

ရှီယူသည် လေးနက်စွာခေါင်းညိတ်ကာ တည်ကြည်သောမျက်နှာဖြင့် ပြောလေသည် “ငါ ဒီကိုဆော့ဖို့လာတာလေ၊ အဲဒါကြောင့် နင်ပြောသမျှကို လိမ်လိမ်မာမာနားထောင်ပါမယ် စိတ်ချပါ”

ရှီယူ အခိုင်အမာပြောနေပုံကိုကြည့်ပြီး သူမ တစ္ဆေမြို့တော်တွင်ရှိစဉ်က သူမ အဆော့သန်ပုံကို ပြန်တွေးပြီး စိတ်မအေးနိုင်ပေ။

သူတို့ ဗိုက်ပြည့်သည်နှင့် ရှီမာယူယူနှင့်ရှီယူတို့သည် ဂူအတွင်းထိုင်ကာ အေးအေးဆေးဆေး စကားပြောကြလေသည်။ ဘေးမှတခြားသူများလည်း ဂူထဲ တွင် အနားယူကြလေသည်။

ရှီမာယူယူသည် တိုင်းပြည်တွင်ဖြစ်ပျက်သည့်ကိစ္စများကို ရှီယူကို ပြောပြ သည်။ ရှီယူ ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းဖြစ်သဖြင့် အရာအားလုံးသည် သူမအတွက် အသစ်ဖြစ်နေသည်။ သူမသည် ရှီမာယူယူပြောသည့်စကားများကို အာရုံစိုက်နားထောင်ပြီး မုန်တိုင်းရပ်သည်အထိ သူတို့ဆက်တိုက်စကားပြော လာကြသည်။

ရှီမာယူယူသည် အလွန်ကံကောင်းသည်။ မုန်တိုင်းသည် သိပ်မကြာလိုက် ပေ။ ကောင်းကင်ကြည်လင်သွားသည်နှင့် သူတို့ခရီးကိုထွက်ကြလေသည်။

သူတို့ ပျံသွားသည်နှင့် အောက်မှ နေရာအများအပြားမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည်ကို မြင်လိုက်ရသည်။

မြေပြိုခြင်းနှင့် အက်ကွဲခြင်းများမရှိသော်လည်း ကျောက်တုံးများမှာ ပြန့်ကျဲနေကာ သစ်ပင်ကြီးများလည်း အမြစ်မှပြုတ်ထွက်ကာ မြေပေါ်တွင် လဲကျနေကြသည်။ ထိုအရာများသည် တခြားနေရာမှ လာခြင်းဖြစ်နိုင်သည်။

အောက်မှ ရှုပ်ပွနေသည်များကိုကြည့်ပြီး ရှီမာယူယူသည် ကျွတ်သပ်မိ သည်။ အဲဒါကြောင့် ဒီလိုနေရာမှာ ဘယ်သူမှ အိမ်လာမဆောက်ကြတာကိုး။ တကယ်ကိုပဲ အခြေချနေလို့မရတဲ့နေရာပဲ။

“ဒီမှာ တည်ငြိမ်တဲ့ လေဟာပြင်နေရာတချို့ရှိတယ်၊ ငါ့သားရဲပျံ လမ်းကြောင်းအတိုင်းလိုက်တာ ကောင်းလိမ့်မယ်” ရင်လန် ပြောလိုက်သည်။

“ရှင့်သားရဲပျံက အရမ်းအားကောင်းလို့လား” ရှီယူသည် သံသယဝင်နေ သည်။ ထိုငှက်လေးသည် သာမန်အားရှိပုံပေါ်ကာ စကားပင်မပြောနိုင်ပေ။

“သူတို့ကအရမ်းမသန်မာပေမဲ့ ဒီမှာတစ်သက်လုံးနေလာတော့ ဘယ်နေရာကို သတိထားဖို့လိုလဲဆိုတာကို သူတို့သိကြတယ်”

“ဒါဆိုလည်းကောင်းပြလေ” ရှီယူသည် သူတို့သားရဲပျံများကို ရင်လန်တို့ နောက်မှလိုက်ရန် ညွှန်ကြားလိုက်သည်။

ရက်အနည်းငယ်လျှောက်ပြီးနောက်တွင် ရှေးဟောင်းသတ္တုတွင်းကို မြင် ရလေသည်။ သူတို့သည် အစောပိုင်းက ရာသီဥတုနှင့်ကြုံတွေ့ရသဖြင့် မတတ် သာဘဲ နားနေရန် နေရာတစ်ခုရှာရတော့သည်။

အစားကြူးသူ ရှီယူကြောင့် ရှီမာယူယူသည် မတတ်သာဘဲ စားဖိုမှူးထပ် ဖြစ်ကာ အားလုံးအတွက် ချက်ပြုတ်ပေးရတော့သည်။

ရာသီဥတုကြည်လင်သည်နှင့် သူတို့သည် ထပ်မံခရီးဆက်ကြပြန်သည်။ ခဏအကြာတွင် ပြန်ဆိုးလာရာ စောင့်ပြီးမှ ခရီးပြန်ဆက်ရသည်။

ထိုခရီးလမ်းကြောင်းမှာ လတစ်ဝက်လောက်ကြာသည်မှာ သေချာပါ လျက်နှင့် ခရီးစဉ်သည် ရောက်သွားရန် တစ်လလုံးလုံးကြာခဲ့လေသည်။ အဲဒါကြောင့် ဘယ်လောက်ကြာမလဲဆိုတာ အတည်မပြုနိုင်ဘူးလို့ ရင်လန် ပြောခဲ့တာကိုး။

ရှီမာယူယူ၏ အဖွဲ့သည် ကန္တာရအရှေ့သို့ ရောက်လာသည်။ ထိုနေရာ တွင် လူများနှင့် တဲများဖြင့် ပြည့်၍နေလေပြီ။

“အဲဒါတွေက ရှေးဟောင်းသတ္တုတွင်းတွေလား” ပူလောင်သော အပူရှိန် သည် ရှီယူကို အနည်းငယ် နေရခက်စေသည်။

“မဟုတ်သေးဘူး” ရှားရှားပါးပါး ဝူလင်းယူ စကားပြောလာသည် “ဒါက တာ့ကဂန်ကန္တာရပဲ သတ္တုတွင်းတွေက အလယ်မှာရှိတာ ဒီကနေဆို အရမ်းဝေး သေးတယ်”

“ဒါဆိုရင် ဘာလို့အကုန်လုံးက အထဲကိုမသွားဘဲနဲ့ ဒီမှာနေနေကြတာလဲ”

“ဒီကန္တာရာထဲဝင်သွားရင် ထွက်မလာနိုင်ဘူး၊ ရှေးဟောင်းသတ္တုတွင်းကို သွားတဲ့ မာရ်နတ်ဂိတ်ဝကဒီနေရာကစတယ်လို့ပြောလို့ရတယ်” ရင်လန် ပြော လိုက်သည် “အဲဒါကြောင့် အကုန်လုံးက ဒီမှာပဲနေကြဖို့ရွေးပြီး တစ်ခါတစ်ခါ ကင်းထောက်ကြတယ်”

“ဒီလောက်အင်အားကောင်းတဲ့လူတွေတောင် မဝင်ရဲတာ ဘယ်လိုမျိုး မာရ်နတ်ဂိတ်ဝမို့လို့လဲ” ရှီယူ၏ မျက်လုံးများမှာထပ်မံ တောက်ပလာသည်။ သူမသည် ပျော်ရွှင်စရာမျှော်လင့်ရမည့်အခြေအနေတွင် ထိုကဲ့သို့ဖြစ်နေကျဖြစ် သည်။

“အရင်ဆုံး တဲထိုးဖို့နေရာရှာရမယ်၊ ဒါဆိုရင် ဘာသတင်းထွက်လာလာ သိနိုင်ပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ပြီ”

သူတို့သည် ထိုလူများဆီမှ ထွက်လာကာ လူနည်းသောနေရာကို ရှာပြီး တဲထိုးလိုုက်ကြသည်။ သူမသည် အားကောင်းသော နီရဲပျားများကို ထုတ်လွှတ်လိုက်ပြီး သတင်းထောက်လှမ်းခိုင်းလိုက်သည်။

လျင်မြန်စွာပင် သူမ သတင်းတချို့ရလိုက်သည်။ ရင်လန် သတင်းစုံစမ်း ရန် လွှတ်ထားသောလူများထက်ပင် မြန်နေသည်။

“ဘယ်လိုလဲ သတင်းရပြီလား” ရှီယူသည် ပြေးလာပြီးမေးလေသည်။

“သိပ်မကြာသေးခင်က ဝင်သွားတဲ့လူအများကြီးရှိတယ်တဲ့ ဒါပေမဲ့ အဲကတည်းက ထွက်လာတဲ့သူမရှိဘူးတဲ့” ရှီမာယူယူ ပြောလေသည် “အခုဆို ၁ နှစ်လောက်တောင်ရှိပြီ”

“လူတွေက အဲလောက်တောင် စောပြီးလာကြတာလား” ရှီယူမေးလိုက် သည်။

“၁ နှစ်က ဒီထဲမှာဆို ကြာတယ်လို့ပြောလို့မရဘူး” ဝူလင်းယူပြောလိုက် သည် “ဒီကလူတွေက ကျန်ခဲ့တဲ့လူတွေဖြစ်မယ်၊ ဝင်သွားတဲ့လူတွေလည်း အများကြီးရှိမှာပဲ၊ ပြီးတော့ အချိန်ကိုရေတွက်လို့မရနိုင်ဘူး”

***

All Chapters