လူသတ်မည့်အကြည့်များဖြင့် ကြိုဆိုခြင်း
Vol. 106 Ch. 1484
“ဒါဆိုရင် ဘယ်တော့အထဲကိုသွားကြမှာလဲ” ရှီယူသည် စိုးရိမ်တကြီးဖြင့် ထိုမေးခွန်းကိုမေးလေသည်။
“စိုးရိမ်နေဖို့မလိုဘူး၊ စောင့်သာစောင့်နေလိုက် အခြေအနေကိုကြည့်ပြီး ရင် ပြန်ပြောကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“ဒီသတ္တုတွင်းက နင့်အတွက် ဘယ်လောက်ဆွဲဆောင်မှုရှိလဲ၊ နင်တို့က စိတ်မပူကြဘူးလား” ရှီယူ မေးလိုက်သည်။
“ဘာစိုးရိမ်ဖို့လိုလဲ အဲပစ္စည်းဘယ်လောက်ကောင်းကောင်း ရဖို့ဆိုရင် အသက်ရှင်ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါဘာပဲဖြစ်ဖြစ် အသက် ထက်တော့ အရေးမကြီးဘူး၊ ငါတို့ကအခုမှရောက်တာ အထဲမှာဘာတွေရှိမလဲ မသိနိုင်ဘူး၊ အလောတကြီးဝင်သွဦးတာထက် ဒီမှာအတူနေတာကောင်းတယ်”
“ဟုတ်တယ်” ရှီယူပင် မစိုးရိမ်တော့ပေ။
ရှီမာယူယူသည် အချိန်တစ်ခုစောင့်ကာ မည်သူမှသတိမထားမိချိန်တွင် ကန္တာရထဲသို့ နီရဲပျားများလွှတ်လိုက်သည်။ သူတို့သာ သတင်းပြန်ပို့လာပါက တခြားသူများထက်စာလျှင် အကျိုးပိုရှိနိုင်မည်။
“ဒါဆိုရင် နင်တို့သွားနှင့်ကြဦး ငါ ဒီနားလမ်းလျှောက်လိုက်ဦးမယ်” ရှီယူ ပြောပြီးနောက်တွင် ထွက်သွားလေသည်။
ရှီမာယူယူသည် ရှီယူတစ်ယောက်တည်းလျှောက်သွားပြီး သူမနှင့် အတူ လာသည့်လူများကို ထားခဲ့သည်ကိုမြင်သောအခါ ညွှန်ကြားလိုက်သည် “မင်းတို့ သခင်မလေးနောက်လိုက်သွားလေ၊ တစ်ခုခုဖြစ်ရင် ငါ့ကိုပြော၊ သူမကို ဆွဲထား ဖို့မှတ်မထားဦး သူမကို အန္တရယ်များတာတွေ မလုပ်စေနဲ့”
“ဟုတ်ကဲ့ပါ သခင်မလေးယူယူ”
ထိုလူများသည် ရှီမာယူယူကို အရင်ကမြင်ဖူးကြကာ ရှီမျိုးနွယ်တွင် အနည်းငယ် လုပ်ပိုင်ခွင့်ရှိသည်ကို သိထားကြသည်။ သူတို့သည် သူမညွှန်ကြား ချက်ကို နားမလည်ခြင်းမျိုးမရှိပေ။ သူတို့သည် သူမကို နာခံကြကာ လူတချို့ သည် ရှီယူနောက်လိုက်သွားလေသည်။
ရင်လန်သည် တဲမထိုးပေ။ ရှီယူလမ်းလျှောက်ထွက်သည်နှင့် သူမနောက် လိုက်သွားလေသည်။
“ယူယူ ငါပြန်လာမယ်”
ရှီမာယူယူသည် တွေဝေပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထိုအချက် တွင် ရင်လန်သည် သူ့မျိုးနွယ်ဆီသို့ပြန်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ သည် လိမ္မော်သီးမြို့ရှိရာသို့ တက်ကြွာစွာ ထွက်သွဦးလေသည်။
“ဒါဆိုလည်း ကောင်းပါပြီ တစ်ခုခုလိုတာရှိရင် ပြောလိုက်ပါ”
ရင်လန်လည်း မှင်တက်သွားသည်။ သူသည် သူမ၏ ကြည်လင်ပြီး တည်တံ့သော မျက်နှာထားကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည် “ကောင်းပါပြီ တစ်ခုခုဖြစ်ရင် မင်းကိုသတင်းပို့ပါမယ်”
သူ့ဂုဏ်ပုဒ်အရ သူ့ကို လူအနည်းစုသာ ထိုပုံစံအတိုင်းပြောနိုင်သည်။ သူမ မျက်လုံးထဲမှ စိုးရိမ်မှုသည် အစစ်အမှန်ဖြစ်ကာ သူ တစ်ခုခုဖြစ်သွားမည်ကို သူမ အမှန်တကယ်စိုးရိမ်နေသည်။
သူမသည် ထိုမျှလောက် အားမကောင်းသည်မှာ သေချာပါလျက်နှင့် သူ့ အနားတွင် သူ့ကိုကာကွယ်ပေးမည့် ကျွမ်းကျင်သူများစွာရှိသည်ကို သိပါလျက် နှင့် သူ့ကိုစိတ်ပူပေးသေးသည်။
ဒါက… သူမ မိတ်ဆွေအတွက်ထားပေးတဲ့ စိုးရိမ်မှုပဲ။
သူလှည့်ထွက်ခဲ့သည်။ သူ့နှုတ်ခမ်းသည် ခါးသီးသောအပြုံးအဖြစ် ကွေးတက်သွားသည်။
မိတ်ဆွေတစ်ယောက် အာ…
ရှီမာယူယူသည် သူထွက်သွားသည်အထိစောင့်ပြီး ဝူလင်းယူနှင့်အတူ ဘေးပတ်လည်မှ အခြေအနေကို ကြည့်ရန် လမ်းလျှောက်ခဲ့ကြသည်။
ရုတ်တရက်ပင် မဝေးကွာသောနေရာမှ တိုက်ခိုက်မှုတွင် အသုံးပြုသည့် ဝိညာဉ်စွမ်းအင်အသံကို ကြားလိုက်ရသည်။ ရှီမာယူယူ ခေါင်းလှည့်ကြည့်လိုက် ရာ အမှောင်ဝိညာဉ်သိုင်းဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူမသည် မတတ် သာစွာဖြင့် မျက်ခုံးများကို ကြုတ်လိုက်မိသည်။
ဒီကောင်မလေးကတော့ ထွက်သွားတာမှ ခဏလေးရှိသေးတာ ဘယ်လို ဖြစ်ပြီး တိုက်ခိုက်နေရတာလဲ။
“သွားကြည့်ရအောင်” သူမ တိုက်ပွဲနေရာသို့ ပျံသွားပြီး ဝူလင်းယူကိုပါ ခေါ်သွားလိုက်သည်။
သူမ တိုက်ခိုက်နေသော ရှီယူကိုမြင်လိုက်သောအခါ နှုတ်ခမ်းတွန့်မိသွား သည်။
သူမက ဘယ်လိုလုပ် လီယောင်နဲ့တိုက်ခိုက်နေရတာလဲ။ မြေပေါ်တွင် လဲနေသော ဖန်ချီကိုမြင်လိုက်သောအခါ သူတို့သည် သူမကိုအရင် ထိခိုက် အောင်လုပ်ပြီး လီယောင်နှင့်တိုက်ခိုက်ခြင်းဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
“ရပ်လိုက်” ရှီမာယူယူ ပျံလာပြီး ချက်ချင်းပင် ဝိညာဉ်သိုင်းကိုသုံးကာ ရှီယူနှင့် လီယောင်တို့၏ တိုက်ခိုက်မှုကို တားလိုက်သည်။
အနောက်တွင်ရပ်နေသော အစောင့်များသည် ရှီမာယူယူရောက်လာ သည်ကို မြင်သောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူတို့ သခင်မလေးသည် သူတို့ပြောစကားနားမထောင်ပေ။ သို့သော် ရှီမာယူယူ ၏ စကားကိုတော့ နားထောင်သည်။
လီယောင်သည် သူမဘေးတွင်ရပ်နေသော ရှီမာယူယူနှင့် ဝူလင်းယူတို့ကို မြင်သောအခါ ဝိညာဉ်သိုင်းကိုရပ်လိုက်သည်။
“မင်းတို့က တစ်ဖွဲ့တည်းလား” သူမသည် မျက်နှာထားတည်တည်ဖြင့် မေးလေသည်။
“သူမက ငါ့သူငယ်ချင်းပဲ” ရှီယူသည် အမှောင်ဝိညာဉ် အရည်အချင်းရှိသူ ဖြစ်ခြင်းအပေါ် ငြင်းဆန်ခြင်းမရှိဘဲ ရှီမာယူယူ ဝန်ခံလိုက်သည်။
“ယူယူ သူတို့ကိုသိလို့လား” ရှီယူ မေးလိုက်သည်။
“သိတယ် ဘယ်လိုလုပ် တိုက်ခိုက်နေကြတာလဲ” ရှီမာယူယူ ခေါင်းညိတ် လိုက်သည် “နင် စခန်းချရာကနေ ထွက်သွားပြီးမကြာဘူး တိုက်ခိုက်နေတယ် ငါပြောတာကို လျစ်လျူရှုလိုက်တာလား”
ရှီယူသည် လျှာထုတ်လိုက်လေသည် “ငါနဲ့လာရှုပ်တာ သူတို့လေ”
“ဒီမှာဘာတွေဖြစ်နေတာလဲ”
“ငါ ဒီနေရာကနေဖြတ်သွားတော့ ငါက သူတို့ထက်လှလို့ ငါ့ကိုမနာလိုဖြစ် ပြီး ရိုင်းရိုင်းစိုင်းစိုင်တွေပြောပြီး နှင်ထုတ်တာ၊ ငါ အရင်က ဒီလိုအဆက်ဆံမခံရ ဖူးဘူး၊ အဲဒါကြောင့် သူတို့ကိုဒေါသထွက်သွားတာ၊ ပြီးတော့ သူတို့က စတိုက်ခိုက်တော့တာပဲ၊ ပြီးတာနဲ့ ဒီလူက ငါ့ကိုမနိုင်တာနဲ့ သူကနောက်က လိုက်တိုက်ခိုက်တာပဲ” ရှီယသည် မြေပြင်တွင်လဲနေသော ဖန်ချီကိုညွှန်ပြလေ သည်။ သူမမျက်နှာထားမှာ အလွန်ပင် ထောင်လွှားနေသည်။
“ဒါအကုန်လုံးက အထင်လွဲကြတာပါ” ယန်းရှီသည် တဲထဲမှထွက်လာ သည် “လီယောင်တို့က သူမက နင့်သူငယ်ချင်းဆိုတာ မသိလို့ပါ၊ အကုန်လုံးက ရင်းနှီးကြမှတော့ ဒီအတိုင်းထားလိုက်ပါတော့”
အဲမိန်းကလေးသုံးယောက်ကပဲ သူမကို ဒီအတိုင်းမထားနိုင်တာလေ။ ရှီမာယူယူသည် စိတ်ထဲမှ ပြောဆိုပြီးလှည့်ကာ ရှီယူကိုပြောလိုက်သည် “အဲလိုဆိုမှတော့ ထားလိုက်ပါတော့၊ ဒီလိုအချိန်မှာ သခင်မလေးယန်းနဲ့တွေ့ တာလည်း ကောင်းတာပဲ သူမက ခင်တတ်ပါတယ်၊ နင် နောက်တစ်ခါ ရှုပ်ရင် နင့်ကိုဂရုမစိုက်တော့ဘူးနော်”
ရှီယူ နှုတ်ခမ်းတွန့်ပြီး ပြောလိုက်သည် “ဟုတ်ပါပြီ ဟုတ်ပါပြီ ငါ ထပ်မပြောတော့ဘူး ဟုတ်ပြီလား”
လီယောင်သည် ကိုယ်ဟန်ပြန်မတ်ကာ ရှီမာယူယူတို့ရှေ့သို့ တည့်တည့် လာပြီး ပြောလေသည် “သခင်လေး မြင့်မြတ်သောသားတော် ရှင်…”
“အခုအကုန်အဆင်ပြေပြီဆိုတော့ ကိုယ်တို့ပြန်ရအောင်” ဝူလင်းယူသည် ရှီမာယူယူကို ပြောလိုက်သည်။
သူသည် သူတို့အရှေ့မှလူကို လျစ်လျူရှုသည်မှာ ရှင်းလင်းနေသည်။
“ဟုတ်ပြီ သခင်မလေး ယန်း သခင်မလေးလီ သခင်မလေးဖန် သွားလိုက် ပါဦးမယ်” ရှီမာယူယူသည် သူတို့သုံးယောက်ကို အမည်တပ်ပြောကာ ရှီယူကို ဆွဲခေါ်သွားတော့သည်။
“မိန်းကလေးယူယူ စောင့်ပါဦး” ယန်းရှီသည် ရှီမာယူယူကို တားလိုက် သည်။ သူမ လှည့်လာသည်ကိုကြည့်ပြီး စိတ်ရင်းဖြင့်ပြုံးပြကာ ပြောလိုက်သည် “ငါတို့က နောက်ရက်နည်းနည်းဆိုရင် ကန္တာရကိုစစ်ဖို့သွားကြမှာ ငါတို့နဲ့ လိုက် ချင်လား”
“ကန္တာရထဲသွားမှာဟုတ်လား၊ အထဲကအခြေအနေကိုတောင် မသိသေး ဘူးလေ အလောတကြီးသွားလိုက်ရင် အန္တရာယ်မများဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“ဟိုးအနက်ထဲထိမသွားပါဘူး” ယန်းရှီ ရှင်းပြလေသည် “ကန္တာရကို ပို နားလည်သွားအောင်လို့ အပြင်ပန်းလောက်ပဲ ပတ်သွားကြမှာ၊ အပြင်ပိုင်းက အန္တရာယ်မများဘူးလို့ ကြားထားပြီးပြီ”
“အပြင်ပိုင်းကိုပတ်သွားတာက သတ္တုတွင်းကို နားလည်ဖို့ အထောက်အကူ ဖြစ်မလား” ရှီမာယူယူ မေးလိုက်သည်။
ဘာကို အထောက်အကူဖြစ်ရမှာလဲ။ သေချာပေါက် အကူအညီဖြစ်စရာ ကိုမရှိဘူး။ သို့သော် သူမ ထိုအတိုင်းမပြောလိုက်ပေ။
“ကန္တာရရဲ့ ပတ်ဝန်းကျင်ကို နည်းနည်းပိုပြီး နားလည်သွားမှာပေါ့၊ သတ္တု တွင်းကိုဝင်တဲ့အချိန်ကျရင် ပိုရင်းနှီးသွားလိမ့်မယ်” သူမသည် ပိုခိုင်မာသည့် အကြောင်းပြချက်ပေးလိုက်သည်။
ရှီမာယူယူ ငြင်းဆ်လိမ့်မည်ဟု ထင်လိုက်သည်။ သို့သော် သူမသည် လျင်မြန်စွာပင် သဘောတူလေသည်။
“ကောင်းပြီလေ ဘယ်တော့သွားကြမှာလဲ”
“မနက်ဖြန်”
“ကောင်းပါပြီ မနက်ဖြန်ကိုဒီလာပြီး ရှင့်ကိုရှာပါမယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် လှည့်ထွက်သွားလိုက်သည်။ သူမသည် အပိုမပြောတော့ပေ။
“မနက်ဖြန်ကို သရုပ်ဆောင်ရမှာလား” လီယောင် မေးလိုက်သည်။
“အင်း ငါ ခုနက မြို့ဝန်လန်ထွက်သွားတာ မြင်လိုက်တယ်၊ သူက စိတ်အားငယ်ငယ်နဲ့ သူမကိုထားသွားတာ၊ တခြားမိန်းမကြောင့် သူခံစားနေရ တာကိုမြင်ရရင် ငါလည်းခံစားရတယ်လို့ပြောရင် နောက်နေတယ်ထင်ဦးမယ်” ယန်းရီသည် ခါးသီးစွာရယ်လိုက်ပြီး လှည့်ကာ သူမတဲဆီသို့ပြန်သွားလေသည်။
နင်က သူစိတ်ဆင်းရဲအောင်လုပ်မှတော့ အသက်မရှည်စေရဘူး။
ရှီမာယူယူသည် ရှီယူကိုအရှေ့သို့ဆွဲခေါ်သွားရာ ရှီယူသည် သူမ လက်မောင်းကို ဆွဲပြီး ပြောလေသည် “သူတို့က နင့်သူငယ်ချင်းတွေလား နင့်ကို ဆက်ဆံပုံက နည်းနည်းထူးဆန်းတယ်လို့ ငါဘာလို့ခံစားမိနေတာလဲ”
“သူတို့က သူငယ်ချင်းတွေလို့ ဘယ်တုန်းကပြောမိလို့လဲ” ရှီမာယူယူ ပြန်မေးလိုက်သည်။
“အာ… ဒါဆိုရင် ဘာလို့သူတို့နဲ့သွားဖို့ သဘောတူလိုက်တာလဲ၊ သူတို့ ပုံစံနဲ့ဆိုရင် ကြည့်လိုက်တာနဲ့ ရည်ရွယ်ချက်မကောင်းနိုင်ဘူးဆိုတာ ပြောနိုင် တယ်” ရှီယူသည် အနည်းငယ်စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
“သူတို့က ဒီအခွင့်အရေးမှာ ငါ့ကိုသတ်ချင်နေတာလေ ရည်ရွယ်ချက် ဘယ်ကောင်းနိုင်ပါ့မလဲ”
***