← Chapters

အကျိုးအမြတ်ခံစားခွင့် ကြို‌ပေးခြင်း

Vol. 15 Ch. 142

အကျိုးအမြတ်ခံစားခွင့် ကြို‌ပေးခြင်း

Vol. 15 Ch. 142

ကလိုင်းဟာ စစချင်း မနောက်ဆက်သမား ဖော်မြူလာအကြောင်း မပြောသင့်မှန်း သိပါတယ်။ သို့ပေမဲ့ သူ့ရည်ရွယ်ချက်ကိုတော့ မဖုံးကွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူက ပွဲကြည့်သမား ဖြစ်နေလို့ပါပဲ။ ပွဲကြည့်သမားကို လွယ်လွယ် အယုံသွင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

“ဒီကြားထဲမှာ ဟွတ်ယူဂျင်က မူမမှန်တာ ဘာလုပ်သေးလဲ” ကလိုင်းဟာ စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့ဝင် တစ်ဖြစ်လဲ စိတ္တဇဆေးရုံက လူနာတစ်ဦးအကြောင်း မေးလိုက်ပါတယ်။

ဒက်တာဟာ ကလိုင်းရဲ့ မျက်လုံးတွေနဲ့ ကိုယ်ဟန် အမူအရာကို သေချာ စစ်ဆေးကြည့်ပြီးမှ ဖြေပါတယ်။

“မရှိပါဘူး... ပုံမှန်ပါပဲ... သူသာ စိတ္တဇဆေးရုံကနေ တကယ် ထွက်သွားချင်ရင် ကျန်းမာပြီး နေကောင်းတဲ့ပုံ ပေါက်အောင် ချက်ချင်း လုပ်မှာပဲ... ဒါပေမဲ့ သူက အဲဒီလို မလုပ်ဘူး... စိတ္တဇဆေးရုံမှာပဲ ဆက်နေတယ်... လူနာတိုင်းကို ဆေးလိုက်ကုတယ်... ဟုတ်တယ်... ဝရုန်းသုန်းကားဆန်ပြီး ကြမ်းတမ်းတဲ့ ပုံမှန်မဟုတ်တဲ့ အတွေးတွေရှိတဲ့ လူနာတွေက ပိုကောင်းလာတဲ့ပုံ ရှိတယ်... ဟွတ်ယူဂျင်က သူ့ရဲ့ သာလွန်စွမ်းအားကို ဒီလိုနည်းလမ်းနဲ့ လေ့ကျင့်ဖို့ ကြိုးစားနေတာ ဖြစ်မယ်”

‘ပွဲကြည့်သမား လမ်းကြောင်းက ဆုံမှတ် ၇ စိတ်ရောဂါကု ဆရာဝန်လား... ဒါမှမဟုတ် ဒီထက် အဆင့်မြင့်တာလား... ဟွတ်ယူဂျင်က စိတ္တဇဆေးရုံရဲ့ ဆရာဝန်မဟုတ်ဘဲ လူနာဆိုတော့ သရုပ်ဆောင်တဲ့ နည်းလမ်းကို အပြည့်အဝ မပိုင်နိုင်သေးဘူးလို့ ဆိုလိုတာပဲ... ဒက်တာ ပြောသလို သူ့သာလွန်စွမ်းအားကို လေ့ကျင့်နေတာ ဖြစ်ရမယ်... သူ အဲဒီလို လေ့ကျင့်တာက သရုပ်ဆောင်တဲ့ နည်းလမ်းနဲ့ သွားဆင်နေတာ ဖြစ်ရမယ်... ဒီဟာက အတိုင်းအတာ တစ်ခုအထိတော့ ဆေးရည်ရဲ့ ဘေးထွက်ဆိုးကျိုးကို ယုတ်လျော့စေမှာပဲ... ဒါကို သတိထားမိတဲ့ ဟွတ်ယူဂျင်က စိတ္တဇဆေးရုံကို အိမ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ နေမယ်...’

ကလိုင်းဟာ သူ ဟွတ်ယူဂျင်အကြောင်းကို နက်နက်နဲနဲ စဉ်းစားနေတယ်ဆိုတာ ပေါ်တင်ပဲ ပြပါတယ်။ သူ ဒီလိုလုပ်တာကို သူက အကြောင်း တော်တော်များများ သိပြီး နက်နဲလွန်းတယ်လို့ ဒက်တာ ဂျူဒေးရီယန်ကို ခံစားစေချင်တာကြောင့်ပါ။

ဒီအတွေးတွေကြားထဲမှာ ကလိုင်းဟာ တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်ပါတယ်။

‘စိတ်ပညာ အဂ္ဂိရတ်သမားတွေက သရုပ်ဆောင်တဲ့ နည်းလမ်းကို မပိုင်နိုင်သေးဘူး... ဆုံမှတ် ၇ အဆင့်ကို ရောက်နေတဲ့ အဓိက အဖွဲ့ဝင်တောင် ဒီအကြောင်းကို မသိဘူး... သာလွန်သူရှားတဲ့ ဒီဘက်ခေတ်မှာ ဆုံမှတ် ၇ သာလွန်သူက ဘယ်လျှို့ဝှက်အဖွဲ့အစည်းမှာမဆို အလတ်တန်းစား သာလွန်သူလို့ ပြောလို့ရတယ်... သူတို့တွေက စိတ်မလွတ်အောင် ခုခံနိုင်တဲ့ သေရေးရှင်ရေးကိစ္စကို သိရဖို့ လုံလောက်တယ်...’

‘နောက်ပြီး စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့အစည်းက လွန်ခဲ့တဲ့ နှစ် ၃၀၀ ကမှ တည်ထောင်ထားတာ... စောလည်း နည်းနည်းပဲ... အဲဒီတော့ သူတို့တွေ သရုပ်ဆောင်တဲ့ နည်းလမ်းကို မပိုင်ဆိုင်သေးတာ ရှာမတွေ့သေးတာက နားလည်ပေးလို့ ရပါတယ်... ဒီနည်းလမ်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းက လျှို့ဝှက်ဂိုဏ်းပဲ... သူတို့တွေက နှစ်ပေါင်း ၁,၅၀၀ ကျော် သက်တမ်းရှိတဲ့ ပြီးခဲ့တဲ့ယုဂ်ထိ သမိုင်းကြောင်း ကောက်လို့ရတဲ့ ရှေးဟောင်း အဖွဲ့အစည်းပဲ...’

‘အင်း... နတ်ဘုရားမ ဘုရားကျောင်းက လျှို့ဝှက်ဂိုဏ်းထက် ပိုကြီးတာပဲ... ထာဝရညရဲ့ ဗျာဒိပ်တော်ကျမ်းထဲက သူတော်စင်ရဲ့ စာစောင်တွေနဲ့တင် နှစ်ပေါင်း ၃,၀၀၀ ကျော်သွားပြီဆိုတာ အသိသာကြီး... အဲဒီမတိုင်ခင်က ယုံတမ်းဒဏ္ဍာရီတွေလည်း ရှိသေးတယ်... ဒီလိုရှေးဟောင်း ဘုရားကျောင်းက ဘယ်လိုလုပ်ပြီး သရုပ်ဆောင်တဲ့ နည်းလမ်းကို ရှာမတွေ့သေးတာလဲ’

‘ဧရာမအဖွဲ့အစည်းကြီးရဲ့ ရှည်လျားကြာညောင်းတဲ့ သမိုင်းကြောင်းမှာ နတ်ဝင်သည် ဒေလီလိုမျိုး ဖြစ်နိုင်ခြေ အမျိုးမျိုးကို စမ်းသပ်တဲ့ အဖွဲ့ဝင်တွေ သေချာပေါက် ရှိမှာပဲ... သူတို့တွေက သရုပ်ဆောင်တဲ့ နည်းလမ်းကို အသေးစိတ် နားမလည်ရင်တောင် ဆေးရည်ရဲ့ နာမည်အတိုင်း မှန်မှန်ကန်ကန် လိုက်လုပ်ကြတယ်... အဲဒီတော့ သူတို့တွေ ပြန်ရတဲ့ တုံ့ပြန်မှုကနေ ဒီနည်လမ်း အကျဉ်းချုပ်ကို ရှာတွေ့ခဲ့မှာပဲ... မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာတာနဲ့ အထက်လူကြီးတွေက အမွှေးထူမျောက်တွေ မဟုတ်ရင် ဒီသရုပ်ဆောင်တဲ့ နည်းလမ်းကို မတွက်ချက်မိဘူးဆိုတာ မဖြစ်နိုင်ဘူး’

ကလိုင်းဟာ ဆက်စပ်တွေးတောရင်း ရုတ်တရက်ဆိုသလို လန့်သွားပါတယ်။

‘သရုပ်ဆောင်တဲ့ နည်းလမ်းကို မသိတဲ့ ညသိမ်းငှက်တွေအတွက် နတ်ဝင်သည်ဒေလီလိုမျိုး လူက ပါရမီရှင်ပဲ... သာမန်အဖွဲ့ဝင်တွေ အတုမယူနိုင်တဲ့လူပဲ... အဲဒီတော့ ဒေလီနဲ့ တခြားလူတွေရဲ့ အတွေ့အကြုံတွေကို သူတို့ကိုယ်တိုင် အသုံးချလို့ ရနိုင်တယ်လို့ ဘယ်သူမှ သံသယဝင်ကြမှာ မဟုတ်ဘူး... ဒါပေမဲ့ သရုပ်ဆောင်တဲ့ နည်းလမ်းကို ပိုင်နိုင်တဲ့လူတွေအတွက် ဒါက တော်တော်လေးကို မူမမှန်တဲ့ကိစ္စပဲ’

ကလိုင်းဟာ ထာဝရညနတ်ဘုရားမ ဘုရားကျောင်းရဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်းမှာ နတ်ဝင်သည်ဒေလီက သရုပ်ဆောင်တဲ့ နည်းလမ်း သုံးပြီး အဆင့်နိမ့် ဆုံမှတ် ဆေးရည်ကို လျင်လျင်မြန်မြန် ချေဖျက်ခဲ့တဲ့ ပထမဆုံးလူ မဟုတ်ဘူးလို့ လက်ခံထားပါတယ်။ သူမက ထိပ်ဆုံး ၁၀ ယောက် ဒါမှမဟုတ် ထိပ်ဆုံး အယောက် ၅၀ စာရင်းတောင် ဝင်ချင်မှ ဝင်မှာပါ။

‘ဒါက အဓိပ္ပာယ်မရှိဘူး... နတ်ဝင်သည်ဒေလီက သရုပ်ဆောင်တဲ့ နည်းလမ်းကို သူ့ဘာသာ နားလည်တာ မဟုတ်ဘဲ တခြားတစ်ယောက်ရဲ့ လမ်းညွှန်မှုကြောင့် နားလည်တယ်ဆိုမှပဲ... အဲဒါဆို သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းရဲ့ အဖွဲ့ဝင်တိုင်းက အတိတ်က ယုံကြည်မှုတွေကို လိုက်နာတယ်... စီနီယာတွေရဲ့ အတွေ့အကြုံတွေနဲ့ သူတို့ရဲ့ သင်ကြားမှုတွေကို မတော်လှန်ရဲဘူးလို့ ကောက်ချက် ချလို့ရတယ်... တော်လှန်တာက အကြိမ်အများစုမှာ စိတ်လွတ်နိုင်ခြေ ပိုများတယ်မလား... အင်း... ဒီရှင်းပြချက်ကလွဲရင် နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိသေးတယ်’

‘အထက်လူကြီးတွေက အကြောင်းတစ်ခုခုကြောင့် သရုပ်ဆောင်တဲ့ နည်းလမ်းကို ဝှက်ထားတာ ဖြစ်ရမယ်...’

‘ငါ ထာဝရည နတ်ဘုရားမ ဘုရားကျောင်းထဲက သူတို့ရဲ့ ဆေးရည်ကို လျင်လျင်မြန်မြန် ချေဖျက်နိုင်ခဲ့တဲ့ လူတွေရဲ့ သမိုင်းမှတ်တမ်းကို ရှာကြည့်ဖို့လိုပြီ... သူတို့တွေ နောက်ဆုံးမှာ ဘယ်လိုနိဂုံးချုပ်လဲဆိုတာ ငါ သိဖို့လိုတယ်’

ကလိုင်းဟာ လေးနက်တဲ့မျက်နှာနဲ့ တွေးလိုက်ပါတယ်။

ဒက်တာဟာ သူ့ကို ကြည့်ပြီး လေးငါးမိနစ်စောင့်ပါတယ်။ ပြီးတော့မှ သိချင်စိတ်နဲ့ စပ်စုပါတယ်။

“အရာရှိ... ဟွတ်ယူဂျင်ရဲ့ အပြုအမူက ပြဿနာတစ်ခုခု ရှိနေလို့လား”

“အခုတော့ မရှိသေးဘူး... ငါ တခြားကိစ္စတစ်ခုကို တွေးမိလိုက်လို့ပါ” ကလိုင်းဟာ အပြုံးနဲ့ ဖြေလိုက်ပြီး သူ့သံသယစိတ်ကို ဘေးဖယ်လိုက်ပါတယ်။ အဲဒီနောက်...။

“စိတ်ပညာ အဂ္ဂိရတ်သမားတွေက ဒီကြားထဲ ဘာတွေ လှုပ်ရှားသေးလဲ”

“အာဝါခရိုင်မှာ ပစ္စည်းတွေနဲ့ အတွေ့အကြုံ ဖလှယ်ပွဲ အသေးစားလေး လုပ်တာကလွဲရင် တခြား ဘာမှ မရှိဘူး” ဒက်တာက ရိုးရိုးသားသား ဖြေပါတယ်။

ကလိုင်းဟာ ခေါင်းအသာညိတ်လိုက်ပါတယ် “မင်းရဲ့ အခြေအနေကရော...”

ဒက်တာဟာ သူ့အမူအရာကို ထိန်းသိမ်းပြီး ဖြေပါတယ်။

“သိပ်အကောင်းကြီးတော့ မဟုတ်ဘူး... ပုံရိပ်ယောင်တချို့နဲ့ ရေရွတ်ညည်းတွားသံတွေကို မြင်ရကြားရတုန်းပဲ... ကျွန်တော်သာ စိတ်ကျန်းမာရေးကို လိုက်စားတဲ့ ဆရာဝန် မဟုတ်ရင် စိတ်ရောဂါ တစ်မျိုးမျိုး ဖြစ်နေတယ်လို့ ထင်မိမှာပဲ”

စကားပြောရင်းနဲ့ သူ့မျက်နှာဟာ လေးနက်လာပါတယ်။

“ကျွန်တော် ဟွတ်ယူဂျင်နဲ့ အရာရှိရဲ့ ညွှန်ကြားမှုအတိုင်း အဲဒီပုံရိပ်ယောင်တွေနဲ့ ရေရွတ်သံတွေကို လျစ်လျူရှုတယ်... အဲဒါက ကျွန်တော်ကို နည်းနည်း ခံစားလို့ ကောင်းစေတယ် ဆိုပေမဲ့ ကျွန်တော်ရဲ့ အိပ်စက်မှုကို အနှောင့်အယှက် ပေးတုန်းပဲ... ကျွန်တော်ကို သည်းခံနိုင်စွမ်း လျော့နည်းစေပြီး စိတ်တိုလွယ်စေတယ်... ကျွန်တော်က ကျွန်တော်နဲ့ မတူတော့ဘူး... နောက်ထပ် ကျွန်တော် တစ်ယောက် ကျွန်တော်ရဲ့ကိုယ်ထဲမှာ ကြီးထွားလာသလိုပဲ... စရိုက်အသစ်လို့ ပြောရမလားပဲ... တစ်နေ့ကျရင် ကျွန်တော် ရုတ်တရက် စိတ်လွတ်သွားမှာကို စိုးရိမ်မိတယ်... ကြောက်လည်း ကြောက်မိတယ်”

‘ငါ ထင်ထားတဲ့အတိုင်းပဲ... ဒီလိုဖြစ်မယ်ဆိုတာကို ငါ တွက်ချက်ကြည့်စရာတောင် မလိုဘူး...’ ဒီအတွက် ပြင်ဆင်ထားပြီး ဖြစ်တဲ့ ကလိုင်းဟာ အပြုံးနဲ့ ပြောလိုက်ပါတယ်။

“အဲဒါကို မင်း စိုးရိမ်စရာ မလိုဘူး... အခုအချိန်မှာ မင်းက ညသိမ်းငှက် လက်အောက်ခံ အဖွဲ့ဝင်ပဲ... မင်းမှာ အကျိုးခံစားခွင့်တွေ ရှိတယ်... ရှေးကျတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ငါတို့ဆီမှာ စိတ်မလွတ်အောင် ထိန်းထားနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်... ၁၀၀ ရာခိုင်နှုန်း အလုပ်ဖြစ်လိမ့်မယ်လို့ အာမမခံနိုင်ပေမဲ့ သေချာပေါက် မင်းကို ကူညီပေးနိုင်လိမ့်မယ်”

“နောက်ပြီး ငါရဲ့ ကိုယ်ပိုင် အတွေ့အကြုံကိုလည်း မျှဝေးပေးမယ်... မင်း သိထားရမှာက မင်းရှေ့မှာရပ်နေတဲ့ ငါက အဲဒီပုံရိပ်ယောင်တွေနဲ့ ရေရွတ်ညည်းတွားသံတွေကို တစ်လတည်းနဲ့ အပြတ်ဖြတ်နိုင်ခဲ့တဲ့လူပဲ... ဟွတ်ယူဂျင်နဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေဆီကနေ အဲဒီလုပ်ဖို့ ဘယ်လောက် ခက်ခဲလည်းဆိုတာ မင်း သိမှာပါ”

ဆုံမှတ် ၈ မနောဆက်သမားအတွက် ကလိုင်းဟာ နည်းနည်း ကြွားလိုက်ပါတယ်။

“အရာရှိ... အရာရှိရဲ့ စကားထဲမှာ အလိမ်နည်းနည်း ပါပေမဲ့ အကုန်လုံးနီးပါးက အမှန်တရားချည်းပဲ” ဒက်တာဟာ တည်ငြိမ်တဲ့ လေသံနဲ့ ရုတ်တရက် ပြောပါတယ် “အရာရှိ ကျွန်တော့်ဆီကနေ ဘာလိုချင်တာလဲ”

‘ပွဲကြည့်သမားကို လိမ်ညာဖို့က တကယ်ကို ခက်ခဲတာပဲ...’ ကလိုင်းဟာ အပြုံးနဲ့ ဖြေပါတယ် “အဲဒါက ငါတစ်ယောက်တည်း လိုချင်တဲ့အရာ မဟုတ်ဘူး”

‘မစ္စတရားမျှတမှုလည်း လိုချင်တဲ့အရာ...’

သူဟာ ဒက်တာက ညသိမ်းငှက်အဖွဲ့ တစ်ခုခုကို လိုချင်နေတယ်လို့ မှန်းဆမိမှာကို သေချာပေါက် သိနေပါတယ်။

“အရာရှိရဲ့ နည်းလမ်းက တကယ် အလုပ်ဖြစ်ရင် ကျွတော် ရနိုင်တဲ့ ဘယ်ပစ္စည်း ဘယ်သတင်း အချက်အလက်မဆို ရတယ်...” ဒက်တာဟာ သေချာစဉ်းစားပြီးမှ ပြောပါတယ်။

“ငါ မင်းကို အကျိုးခံစားခွင့် အရင်ပေးမယ်” ကလိုင်းဟာ တဲ့တိုးပြောပါတယ် “ငါတို့တွေ မနော်ဆက်သမား ဖော်မြူလာကို လိုချင်တယ်”

သူဟာ ဆေးရည်ဖော်မြူလာကို ဝှက်မထားဘဲ ကပ္ပတိန်ကိုလည်း ပေးမှာပါ။ သူ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ ဒက်တာဆီက ဆေးရည်ဖော်မြူလာကို လဲလှယ်ခဲ့တယ်လို့ ပြန်ပြောမှာပါ။ ဒီအတောအတွင်းမှာ သူက ဆေးရည်ဖော်မြူလာကို အတည်ပြုဖို့ ကြိုးစားရင်းနဲ့ မတော်တဆ မှတ်မိသွားမှာပါ။

အဲဒါ့အပြင် သူ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ ဆေးရည်ဖော်မြူလာကို လဲလှယ်ခဲ့တာ အကြောင်းပြပြီး ညသိမ်းငှက်တွေဆီက အကျိုးဆောင်မှုကိုလည်း ရယူဦးမှာပါ။ အဲဒါဆို ပြီးခဲ့တဲ့ အကျိုးဆောင်မှုနဲ့ ပေါင်းပြီး လူရွှင် ဆေးရည်ဖော်မြူလာအတွက် လိုအပ်တဲ့ အဓိကပါဝင်ပစ္စည်းတွေကို တစ်ပြားမှ ပေးစရာမလိုဘဲ ရကောင်း ရနိုင်မှာပါ။

‘ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပဲ...’ ကလိုင်းဟာ ပျော်ပျော်ရွှင်ရွှင် တွေးလိုက်ပါတယ်။

ဒက်တာဟာ သူ့မျက်လုံးထဲကို အတန်ကြာအောင် စိုက်ကြည့်ပြီး...။

“အရာရှိက တော်တော် ပွင့်လင်းတာပဲ... ဆေးရည် ဖော်မြူလာကို ရဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားကြည့်မယ်... ဒါပေမဲ့ ဘယ်လောက် ကြာမလဲဆိုတာ ကျွန်တော် အတိအကျ မပြောနိုင်ဘူး... တကယ်လို့ ဒီကိစ္စက အရမ်းအန္တရာယ်များလာရင် ကျွန်တော် တခြားတစ်ခုခုနဲ့ အစားထိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်”

“ရတယ်” ကလိုင်းဟာ ဒက်တာကို အတင်း တောင်းဆိုဖို့ မရည်ရွယ်ထားပါတယ်။ အဲဒီနောက် သူဟာ သရုပ်ဆောင်တဲ့ နည်းလမ်းကို မရှင်းမလင်း ပြောပြပါတယ်။

“စိတ်လွတ်တာကို ကာကွယ်တဲ့ အဓိကသော့ချက်က ဆေးရည်ရဲ့နာမည်ထဲမှာ ရှိတယ်... ငါတို့တွေ ဆေးရည်နဲ့ နာမည်ကို နားလည်ဖို့ လိုတယ်... သူ့ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို လေ့လာဖို့ လိုတယ်... တွေးကြည့်ရုံနဲ့ အပြည့်အစုံ နားမလည်နိုင်ဘူး... အတွေ့အကြုံကနေ နားလည်ရမှာ...”

“ဥပမာ ပွဲကြည့်သမား တစ်ယောက်အနေနဲ့ မင်းက ပွဲကြည့်သမား သက်သက်ပဲ... သရုပ်ဆောင် မဟုတ်ဘူးဆိုတာကို နားလည်ဖို့ လိုတယ်... ပွဲကြည့်သမားက ဘယ်လို ပြုမူသင့်လဲဆိုတာ ကြိုးစားစမ်းသပ်မှုတွေကနေ ရှာဖွေပြီး မင်းအတွက် လိုအပ်တဲ့ ဥပဒေသတွေကို တွက်ထုတ်ရလိမ့်မယ်... ပြီးရင် အဲဒီဥပဒေသတွေကို တင်းတင်းကျပ်ကျပ် လိုက်နာကျင့်သုံးချည်...”

ဒက်တာဟာ စိတ်ဝင်တစား နားထောင်ပြီး ကလိုင်းရဲ့ စကား ဆုံးသွားတဲ့အခါ...။

“ဒါက အရာဝတ္ထုတွေကို နည်းလမ်းအသစ်နဲ့ ကြည့်တာပဲ... ဟီးဟီး... ကျွန်တော် အရာရှိပြောတဲ့ အကြောင်းတွေကို ‘သီအိုရီ’ ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြချင်တယ်... ဒါက ပြဇာတ်နဲ့ အော်ပရာရဲ့ သီအိုရီလိုပဲ... ကျွန်တော် စမ်းကြည့်မယ်... အကူအညီပေးနိုင်ဖို့ မျှော်လင့်ရတာပဲ”

“တကယ်လို့... ဒီဟာက တကယ် အလုပ်ဖြစ်မယ်ဆိုရင် မနောဆက်သမား ဖော်မြူလာကို ရဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားပေးမယ်”

“အရှင်မက မင်းကို ကာကွယ်စောင့်ရှောက်ပါစေ” ကလိုင်းဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိလိုက်ပါတယ်။

ကလိုင်းဟာ စိတ်ရောဂါကု ဆရာဝန် ဖော်မြူလာကို မတောင်းဆိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီတာဝန်က ဒက်တာရဲ့ လက်ရှိအဆင့်အတန်းနဲ့ အောင်မြင်အောင် မလုပ်နိုင်တဲ့ တာဝန်မှန်း သိနေလို့ပါပဲ။ လက်လွတ်စပယ် လှုပ်ရှားရင် သူ ပေါ်သွားနိုင်ပါတယ်။

အဲဒါကြောင့် သူဟာ တစ်လှမ်းချင်းလှမ်းပြီး စိတ်ပညာ အဂ္ဂိရတ်သမားတွေထဲမှာ ဒက်တာရဲ့ အဆင့်အတန်း တက်လာအောင် ကူညီတာပါ။ ဒီလိုဆို ရေရှည်အကျိုးအမြတ်က တော်တော်လေး ပေါကြွယ်ဝမှာပါ။

ကလိုင်းဟာ တံခါးရဲ့ ချောင်းကြည့်ပေါက်ကနေ အပြင်ဘက်ကို ကြည့်ပြီးမှ အပြင်ကို ခပ်သုတ်သုတ် ထွက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ညသိမ်းငှက်တွေရဲ့ သေနတ်ပစ်ကွင်းဆီ လျှောက်သွားပါတယ်။

သူဟာ အထဲဝင်ပြီး တံခါးကို လော့ချလိုက်ပါတယ်။ သူ့မျက်နှာဟာ တစ်ဖန်ပြန်ပြီးတော့ လေးနက်သွားပါတယ်။ နတ်ဘုရားမ ဘုရားကျောင်းက သရုပ်ဆောင်တဲ့ နည်လမ်းကို ဘာဖြစ်လို့ တိုးတက်အောင် မလုပ်တာလဲလို့ ခန့်မှန်းတဲ့နေရာမှာ သူ သတိမမူမိလိုက်တာ တစ်ခု ရှိပါတယ်။

သူက အဓိက အကြောင်းအရာနှစ်ခုကို ပြောင်းပြန်အစီအစဉ်နဲ့ သိထားတဲ့အတွက် အဲဒီအရာကို လျစ်လျူရှုမိလိုက်တာပါ။ အဲဒါကြောင့် သူဟာ ဆက်ပြီး စဉ်းစားဖို့ သတိမမူမိတော့ပါဘူး။

ပထမက အန်တီဂိုနပ်မိသားစုကို ထာဝရည နတ်ဘုရားမ ဘုရားကျောင်းက ဖျက်ဆီးလိုက်တာပါ။

ဒုတိယက အန်တီဂိုနပ်မိသားစုမှာ အမြင်ဆရာ ဆုံမှတ်လမ်းကြောင်း ရှိနေတာပါ။ အကုန်လုံး မဟုတ်ရင်တောင် ဆုံမှတ် အများစုကို ပိုင်ဆိုင်ထားပါတယ်။

ဒီနှစ်ချက်ကို ကလိုင်း သိထားတာ တော်တော် ကြာသွားပါပြီ။ ဒါပေမဲ့ သူဟာ ဒီအချက်နှစ်ချက်ကို အတူတူ တွဲပြီးတော့ မတွေးမိခဲ့ပါဘူး။ အဲဒါကြောင့် သူဟာ တော်တော်လေး သိသာလွန်းတဲ့အရာကို သတိမမူမိခဲ့ပါဘူး။

‘အန်တီဂိုနပ်မိသားစုက အမြင်ဆရာ ဆုံမှတ်လမ်းကြောင်းရဲ့ ဆုံမှတ်အများစုကို ပိုင်ထားတာဆိုတော့ နတ်ဘုရားမ ဘုရားကျောင်းက ဆုံမှတ် ၉ အမြင်ဆရာ တစ်ခုတည်း ရတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...’

‘သူတို့တွေ ဒီထက်ပိုရခဲ့မှာပဲ’

‘အော်ရိုရာဂိုဏ်းသား တစ်ယောက်က အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကနေ လူရွှင်ဆေးရည်ကို ရနိုင်သေးရင် အန်တီဂိုနပ်မိသားစု တစ်ခုလုံးကို ဖျက်ဆီးလိုက်တဲ့ ဘုရားကျောင်းကရော...’

‘အန်တီဂိုနပ်မိသားစုက ကြိုတင်ပြင်ဆင်ထားလို့ သူတို့ရဲ့ တန်ဖိုးအရှိဆုံး အရာဝတ္ထုတွေကို ဟွန်းနာဆစ် တောင်တန်းရဲ့ အမြင့်ဆုံး တောင်ထိပ်မှာ ဝှက်ခဲ့တယ်ဆိုရင်တောင် ထာဝရည နတ်ဘုရားမ ဘုရားကျောင်းက နည်းနည်းလေးပဲ ရလိုက်မှာ မဟုတ်ဘူး... သူတို့တွေက အန်တီဂိုနပ်မိသားစုဝင်တွေကို သတ်လိုက်တာ... နောက်ပြီး သေတဲ့လူတွေကို စကားပြောခိုင်းလို့ရတယ်’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters