သုံးပွင့်ဆိုင် အပေးအယူ
Vol. 15 Ch. 144
‘တကယ်တော့ သုံးရွက်ရှိတာ... ဒါပေမဲ့ စာလုံးတွေက ရှုပ်ထွေးလွန်းတော့ မှတ်ဖို့ခက်တယ်... နှစ်ရွက်ပဲ မှတ်မိတယ်... ဒီထက်ပိုပြီး မှတ်ရင် ရောသွားမှာစိုးလို့... ကျန်တာကို နောက်တစ်ခါ တွေ့ဆုံပွဲကျမှပဲ ပေးတော့မယ်...’ အော်ဒရီဟာ စိတ်ထဲမှာ ဖြည့်ပြောပါတယ်။
‘ရစ်ဆဲလ်ဒိုင်ယာရီ စာရွက်အသစ်လား...’ ကလိုင်းရဲ့ စိတ်ဟာ လှုပ်ရှားသွားပါတယ်။ သူဟာ အဖြေကို သိနေပေမဲ့ ထုံးစံအတိုင်း အပြုံးနဲ့ မေးလိုက်ပါတယ်။
“မစ္စတရားမျှတမှု... ဘာကို အလိုရှိလဲ”
အော်ဒရီရဲ့ မျက်လုံးတွေဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်သွားပြီး လေးလေးစားစား ပြန်ဖြေပါတယ်။
“လူကြီးမင်းသိတဲ့အတိုင်းပဲ... ကျွန်မက မကြာခင်မှာ ပွဲကြည့်သမားဆေးရည်ကို အကုန်အစင် ချေဖျက်နိုင်တော့မှာ... အဲဒီတော့ ကျွန်မ မနောဆက်သမား ဖော်မြူလာ လိုချင်တယ်... ပါဝင်ပစ္စည်းတွေကို ကြိုပြီးတော့ ပြင်ဆင်ထားချင်လို့... အင်း... ဒီဒိုင်ယာရီ စာရွက်နှစ်ရွက်က စာသိပ်မပါတော့ မနော်ဆက်သမား ဖော်မြူလာနဲ့ တန်ဖိုးချင်း မမျှလောက်ဘူး... အဲဒီတော့ ကျွန်မ နောက်ထပ်တစ်ရွက် ထပ်ပေးမယ်... ပြီးတော့ ပိုက်ဆံလည်း ပေး...”
စကားမဆုံးခင်မှာပဲ အော်ဒရီဟာ သူမ စကားပြော မှားသွားပြီဆိုတာ သိလိုက်ပါတယ်။
‘မစ္စတာအရူးလိုမျိုး တည်ရှိမှုကို ဘယ်လိုလုပ်ပြီး ပိုက်ဆံနဲ့ ဝယ်လို့ရမှာလဲ’
အဲဒါကြောင့် အော်ဒရီဟာ ပွဲကြည့်သမား အခြေအနေကို ထိန်းမထားနိုင်တော့ဘဲ ထစ်ထစ်ငေါ့ငေါ့နဲ့ ဖြည့်ပြောပါတယ်။
“ကျွန်မ ပြောချင်တာက အဲဒီသဘော မဟုတ်ပါဘူး... မစ္စတာအရူး... ကျွန်မ ဆိုလိုချင်တာက လူကြီးမင်း ကြိုက်တာကို တောင်းလို့ရတယ်လို့ ပြောချင်တာပါ... ကျွန်မ ပြောချင်တာက အဲဒီလိုမျိုးပါ”
‘ငါ မင်းရဲ့ စောစောက စကားကို ကြိုက်တယ်... ငါကလည်း ဒီလို ဖြေမယ်... မင်း ပွဲကြည့်သမား ဆေးရည်ကို အကုန်အစင် ချေဖျက်ပြီးရင် မင်းလိုချင်တဲ့ ဆေးရည် ဖော်မြူလာကို ရမယ်... ငါ့မှာ ငယ်သား တစ်ယောက်ရှိတယ်... မဟုတ်ဘူး... လေးစားသူလို့ သုံးရင် ပိုကောင်းမယ်... သူက ကိစ္စတစ်ခုအတွက် ပိုက်ဆံလိုနေတယ်... ဒါက သူ့ရဲ့ ဘက်ကလင်ဘဏ်က နာမည်မဲ့ အကောင့်ပဲ... ဟုတ်တယ်... ပြီးရင် ငါ့ကိုယ်ငါ ရုပ်ဖျက်ပြီး ဘက်ကလင်ဘဏ်မှာ နာမည်မဲ့အကောင့် ဖွင့်ရမယ်...’
ကလိုင်းဟာ ချက်ချင်း မဖြေဘဲ သိမ်မွေ့နက်နဲတဲ့ အမူအရာနဲ့ စကားလုံးတွေကို သေချာရွေးပါတယ်။
ဘက်ကလင်ဘဏ်က လိုအင်နိုင်ငံရဲ့ ဘဏ်ကြီး ၇ ဘဏ်ထဲက တစ်ဘဏ်မလို့ ငွေကြေး လွှဲပြောင်းမှု မှတ်တမ်းကို ရှင်းလင်းနိုင်းစွမ်း ရှိပါတယ်။
လိုအင်နိုင်ငံက တစ်မြို့တည်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေကြေးလွှဲပြောင်းမှုကို ငွေရပြေစာနဲ့ ရှင်းလင်းပါတယ်။ သို့ပေမဲ့ အင်ထစ်သမ္မတနိုင်ငံက ဘဏ်တွေလိုမျိုး တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ အကြီးဆုံး ဘဏ် ၇ ဘဏ်က အခွင့်အာဏာတွေကို ထိန်းချုပ်ထားပါတယ်။ အဲဒါကြောင့် သူတို့ကို တခြားဘဏ်တွေက မှီခိုရပါတယ်။ နေရာမတူဘဲ ငွေလွှဲတာကတော့ ဘဏ်တူမှပဲ လုပ်နိုင်ပါတယ်။ ဘဏ်ခွဲအချင်းချင်း ဆက်သွယ်ပြီး ဆောင်ရွက်တာပါ။
ရေနွေးငွေ့ မီးရထားနဲ့ ကြေးနန်း တီထွင်မှုကြောင့် ဒီလွှဲပြောင်းမှုတွေက တော်တော်လေး မြန်ဆန်လာပါတယ်။
အဲဒီအချိန်မှာပဲ နေမင်း ဒဲရစ်ဘာ့ဂ်က ရုတ်တရက် ဝင်ပြောပါတယ်။
“မနောဆက်သမား ဖော်မြူလာ... စိတ်ဝိညာဉ်စိစစ်သမားရှေ့က မနောက်ဆက်သမားလား”
အော်ဒရီဟာ သူ့ကို ပဟေဠိနဲ့ ကြည့်လိုက်ပါတယ် “ဟုတ်တယ်... ရှင် သိလို့လား”
တစ်ချိန်တည်းမှာ မစ္စတရားမျှတမှုဟာ ပွဲကြည့်သမားတစ်ယောက်ရဲ့ ပင်ကိုသိစိတ်ကနေ ပြဿနာတစ်ခုကို မြင်သွားပါတယ်။ နေမင်းက ခေတ်သစ် အသုံးအနှုန်းဖြစ်တဲ့ စိတ်ရောဂါကု ဆရာဝန်အစား ရှေးဟောင်း အသုံးအနှုန်း စိတ်ဝိညာဉ် စိစစ်သမားလို့ သုံးနှုန်းလိုက်တာကိုပါ။
‘ဒီကောင်လေးက တော်တော်လေး ထူးဆန်းတယ်...’ အော်ဒရီဟာ နေမင်းရဲ့ လှုပ်ရှားမှုတိုင်းကို စစ်ဆေးပါတယ်။
ဒဲရစ်ဟာ သူ့ကိုယ်သူ ထူးဆန်းတယ်လို့ မတွေးဘဲ လေးလေးနက်နက် ပြန်ဖြေပါတယ် “အဲဒီဖော်မြူလာကို ကျွန်တော် ယူပေးနိုင်တယ်”
အဲဒီနောက် သူဟာ ချက်ချင်း မပေးနိုင်တာကြောင့် လိပ်ပြာမသန့်် ဖြစ်သွားပြီး အကောင်းဆုံး ကြိုးစားရှင်းပြပါတယ်။
“အဲဒီဆုံမှတ်လမ်းကြောင်းက နဂါးမျိုးနွယ်စုကနေ ဆင်းသက်လာတာ... တစ်ခါတုန်းက ကျွန်တော်တို့ ငွေမြို့တော်ကို ဘီလူးဘုရင်က အုပ်ချုပ်ခဲ့ဖူးတယ်... ခင်ဗျားတို့ သိတဲ့အတိုင်းပဲ... ဘီလူးနဲ့ နဂါးက ကမ္ဘာမကျေ ရန်သူတွေလေ... အဲဒါကြောင့် ငွေမြို့တော်မှာ ဆုံမှတ် ၉ ၈ ၇ အကုန်လုံး ရှိတယ်... ကျွန်တော့်မှာ အဲဒါတွေကို ယူပေးဖို့ နည်းလမ်း ရှိတယ်”
‘ဒီကောင်စုတ်လေးကတော့... ငါ သူ့ကို လက်လွတ်စပယ် စကားမပြောဖို့နဲ့ ဇစ်မြစ် မပေါ်စေနဲ့လို့ သတိပေးထားရက်သားနဲ့...’ ကလိုင်းဟာ မျက်နှာကို လက်နဲ့ အုပ်ချင်သွားပါတယ်။
‘အင်း... နေမင်းက တော်တော်လေး ခံစားထားရပြီး အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်ပုံ ပေါ်ပေမဲ့ သူက ငယ်ငယ်လေးပဲ ရှိသေးတာလေ... ဒါပေမဲ့ ငါ့ကို ကိစ္စတစ်ခုတော့ ရှင်းလင်းသွားစေတယ်... ပွဲကြည့်သမား ဆုံမှတ်လမ်းကြောင်းရဲ့ ဇစ်မြစ်က နဂါးမျိုးနွယ်စုဆီကနေ ဆင်းသက်လာတာပဲ... မစ္စတရားမျှတမှုရဲ့ ထိုင်ခုံနောက်က ကြယ်တွေကနေ ဖြစ်တည်လာတဲ့ သင်္ကေတက နဂါးဖြစ်နေတာ အံ့ဩစရာ မရှိတော့ပါဘူး... ငွေမြို့တော်က သမိုင်းမှတ်တမ်း စုံစုံလင်လင် ရှိနေတာပဲ...’
ကလိုင်းဟာ ကုလားထိုင်မှာ နောက်မှီထိုင်ရင်း နေမင်းရဲ့ စကားကို ဟန်မပျက် နားထောင်ပါတယ်။
တကယ်တော့ သူဟာ နေမင်း ဒီကိစ္စတွေ မဖော်နိုင်အောင် အလွယ်လေး တားဆီးလို့ရပါတယ်။ အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ပေးနေတာကို သူ ရပ်လိုက်တာနဲ့ တရားမျှတမှုနဲ့ လူဇောက်ထိုးက နေမင်း ပြောနေတာတွေကို လုံးဝ နားလည်မှာ မဟုတ်တော့ပါဘူး။
ဒါပေမဲ့ ကလိုင်းဟာ ဒီကိစ္စကို တခြားရှုထောင့်ကနေ ကြည့်ပါတယ်။ ဒီကိစ္စက သူ့ရဲ့ တန်ခိုးစွမ်းအားကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံရိပ်ကို အဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာ ပိုပြီး ခိုင်ခံ့အောင် ကူညီပေးကောင်း ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် သူဟာ ဘာအသံမှ မထွက်ဘဲ အပြုံးနဲ့ နားထောင်နေတာပါ။
‘ဘီလူးဘုရင်... နဂါးမျိုးနွယ်စု... ငွေမြို့တော်...’ အော်ဒရီဟာ ခေါင်းရှုပ်သွားပါတယ်။ သူဟာ ပထမဆုံး မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လူဇောက်ထိုးကို ကြည့်လိုက်တဲ့အခါ လူဇောက်ထိုးရဲ့ ကိုယ်အမူအရာကနေ သူလည်း တအံ့တဩ ဖြစ်သွားတယ်ဆိုတာ သိလိုက်ပါတယ်။
အဲဒီနောက် သူမဟာ ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးထိုင်ခုံကို စောင်းငဲ့ကြည့်လိုက်တဲ့အခါ ထူထဲတဲ့ ဖြူမှိုင်းမှိုင်း မြူခိုးတွေ လွှမ်းမိုးနေတဲ့ အရူးက ထိုင်ခုံမှာ အမူအရာမပျက် ထိုင်နေတာ တွေ့လိုက်ရပါတယ်။ သူ့ညာလက်က ကုလားထိုင် လက်ရန်းပေါ် တင်ထားပြီး ဘေးကို အသားစောင်းကာ အေးအေးလူလူ ထိုင်နေပါတယ်။ သူဟာ အံ့ဩခြင်းမရှိသလို စူးစမ်းလိုစိတ်လည်း မရှိပါဘူး။ အတွေးလည်း မရှိသလို သံသယလည်း မရှိပါဘူး။ သူက သူတို့ကို အပြုံးနဲ့ပဲ ကြည့်နေပါတယ်။
‘သူ သိတယ်... သူ ဒါတွေ အကုန်လုံးကို သိတယ်...’ အော်ဒရီနဲ့ အယ်ဂျာဟာ တစ်ချိန်တည်းလိုလိုမှာ ကောက်ချက် ချလိုက်ပါတယ်။
“ငွေမြို့တော်... ကျွန်မ အဲဒီနေရာကို တစ်ခါမှ မကြားဖူးဘူး... အဲဒါ ဘယ်မှာရှိတာလဲ” အော်ဒရီဟာ စပ်စုလိုက်ပါတယ်။ အယ်ဂျာကတော့ စိတ်ဝင်တစား ဆက်နားထောင်ပါတယ်။
အဲဒီအချိန်မှာ ဒဲရစ်ဘာ့ဂ်ရဲ့ ခေါင်းထဲမှာလည်း မေးခွန်းတွေ ပြည့်သွားပါတယ်။ သူဟာ နတ်ဘုရားလို တည်ရှိမှု အရူးကလွဲရင် တရားမျှတမှုနဲ့ လူဇောက်ထိုးကလည်း သာလွန်သူဆိုတာ ပြောနိုင်ပါတယ်။
နတ်ဘုရား စွန့်ပစ်နယ်မြေမှာ ငွေမြို့တော်သားတွေကလွဲရင် ဒဲရစ်ဟာ တခြားသက်ရှိလူသားကို တစ်ခါမှ မမြင်ဖူးပါဘူး။ အဲဒါကြောင့် သူဟာ ပြန်မေးလိုက်ပါတယ်။
“ခင်ဗျားတို့က ငွေမြို့တော်သားတွေ မဟုတ်ရင် ဘယ်မြို့က လာတာလဲ”
‘ဟင်း...’ ကလိုင်းဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။
အော်ဒရီရဲ့ နှုတ်ခမ်းဟာ တုန်တက်သွားပြီး တဒင်္ဂ ကြောင်သွားပါတယ်။
‘အင်း... ဒီမေးခွန်းရဲ့ နောက်ကွယ်မှာရှိတဲ့ အဓိပ္ပာယ်က အလားတူ မေးခွန်းကို မဖြေချင်ရင် ငါနေတဲ့နေရာကို မမေးနဲ့လို့ ဆိုလိုတာပဲ...’ မစ္စတရားမျှတမှုဟာ အသာခေါင်းညိတ်ပြီး ဆိတ်ဆိတ် နေလိုက်ပါတယ်။
အယ်ဂျာလည်း နေမင်းရဲ့ ရည်ရွယ်ချက်ကို နားလည်မှု လွဲသွားပါတယ်။ သူဟာ နေမင်းက ရိုးရိုးသားသား တဲ့တိုး ပြန်မေးမှန်း မသိရှာပါဘူး။ အဲဒါကြောင့် သူလည်း ဆိတ်ဆိတ်ပဲ နေပါတယ်။
ဒဲရစ်ဟာ ဘာအဖြေမှ ပြန်မရတဲ့အတွက် ဘာဖြစ်သွားလဲ ဆိုတာကို သဘောပေါက်သလို ရှိသွားပါတယ်။ သူဟာ အဲဒီကိစ္စကို ထပ်မပြောတော့ဘဲ စောစောက ကိစ္စကို ပြန်ပြောပါတယ်။
“ကျွန်တော် မနောဆက်သမား ဖော်မြူလာကို တတ်နိုင်သလောက် မြန်မြန်ရအောင် ကြိုးစားပေးမယ်... အလဲအလှယ်အနေနဲ့ ကျွန်တော် နေမင်း ဆုံမှတ်လမ်းကြောင်းရဲ့ အစဆုံမှတ်ကို လိုချင်တယ်”
“နေမင်း ဆုံမှတ်လမ်းကြောင်း... ဆုံမှတ် ၉ ကဗျာစာဆိုလား” အယ်ဂျာက ပြန်မေးပါတယ်။
ဒဲရစ်ဟာ တွေးပြီး ဖြေပါတယ် “ဟုတ်မှာပေါ့... အဲဒီဆုံမှတ်လမ်းကြောင်း အကြောင်းကို ကျွန်တော် ဘာမှသိမထားဘူး”
ဘေးကနေ ကြည့်နေတဲ့ ကလိုင်းဟာ သူ့စီးပွားရေး အလုခံလိုက်ရမှာ စိုးတဲ့အတွက် ဝင်ပါဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ ပြုံးပြီး...။
“မစ္စတရားမျှတမှုမှာ ကဗျာစာဆို ဖော်မြူလာ မရှိဘူးမလား...”
‘မစ္စတာလူဇောက်ထိုးကတော့ လိုချင်ရင် ရှာနိုင်လောက်တယ်’
အော်ဒရီက ခေါင်းညိတ်တဲ့အတွက် ကလိုင်းဟာ အပြုံးနဲ့ ဆက်ပြောပါတယ် “ငါက နေမင်းကို ကဗျာစာဆို ဖော်မြူလာပေးမယ်... နေမင်းက မနောဆက်သမား ဖော်မြူလာကို မစ္စတရားမျှတမှုဆီ တတ်နိုင်သလောက် မြန်မြန်ပေး... နောက်တွေ့ဆုံပွဲ နှစ်ကြိမ်အတွင်းမှာ ပေးနိုင်အောင် ကြိုးစား... မစ္စတရားမျှတမှုက ရစ်ဆဲလ်ဒိုင်ယာရီ စာရွက်သစ်ကို ငါ့ကိုပေး... ဒါဆို အပေးအယူ ဖြစ်ပြီ”
“အင်း... အညီအမျှ လဲလှယ်တဲ့ ဥပဒေအရဆိုရင် ဒီအပေးအယူမှာ နေမင်းက နစ်နာတယ်... ဒါပေမဲ့ လောလောဆယ်မှာ သူက ကတိပဲ ပေးထားသေးတာ... အဲဒီတော့ သူ မနောဆက်သမား ဖော်မြူလာကို တကယ် ပေးတဲ့အခါကျရင် မစ္စတရားမျှတမှုက တစ်ခုခု အစားထပ်ပေးရလိမ့်မယ်... ဒါမှမဟုတ် ငါက သူ့ကို တစ်ခုခု အစားထပ်ပေးမယ်... မစ္စတရားမျှတမှုက ငါ့ကို လေးစားသူတစ်ယောက်ကို ငွေကြေး ထောက်ပံ့ပေး... ဟီးဟီး... ဘာဖြစ်လို့လဲဆိုတော့ နေမင်းက မစ္စတရားမျှတမှုရဲ့ ငွေကြေးနဲ့ ပါဝင်ပစ္စည်းတွေကို လက်ခံနိုင်မှာ မဟုတ်လို့ဘဲ”
ကလိုင်းဟာ နေမင်းက မစ္စတရားမျှတမှု အစားပေးမဲ့ အရာတွေကို လက်မခံနိုင်လောက်ဘူး ဆိုတာ ရည်ရွယ်ချက်ရှိရှိ ထည့်ပြောပါတယ်။ သူ ဒီလိုလုပ်တာက သူ့ကိုယ်သူ လျှို့ဝှက်နက်နဲတဲ့ နေရာမှာ ထားလိုက်တာဖြစ်ပြီး ပိုက်ဆံလိုတဲ့ လေးစားသူကို သတိမထားမိအောင် လုပ်တာပါ။
‘လက်ခံနိုင်မှာ မဟုတ်လောက်ဘူး... ဒါဆို နေမင်းက ဘယ်မှာ နေတာလဲ... တောင်ပိုင်းတိုက်လား...’ အယ်ဂျာဟာ ရုတ်တရက်ဆိုသလို မျက်မှောင်ကြုတ်သွားပါတယ်။
‘နေမင်းရဲ့ ဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်လွန်းတယ်... မစ္စတာအရူးက တကယ်ကို အပြင်လောကမှာ လက်အောက်ငယ်သားတွေ ရှိနေတာပဲ...’ အော်ဒရီဟာ နောက်ဆုံးမှာ ဆုံမှတ် ၈ မနောဆက်သမား ဖြစ်ဖို့ မျှော်လင့်ချက်ရောင်ခြည်ကို မြင်လိုက်ရပြီ ဖြစ်တဲ့အတွက် တခြားဘာမှ မတွေးချင်ပါဘူး။ သူမဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး အပြုံးနဲ့ ပြောပါတယ် “ကျွန်မအတွက် အဆင်ပြေပါတယ်”
“ကျွန်တော်ရောပဲ...” ဒဲရစ်ဟာ နေမင်း လမ်းကြောင်းရဲ့ အစဆုံမှတ်ကို ရနိုင်တာ တွေ့လိုက်ရတဲ့အတွက် တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ခေါင်းညိတ်ပါတယ်။ သူဟာ အပိုထပ်ဆောင်း ရမှာကို ဂရုမစိုက်ပါဘူး။
ဒီသုံးပွင့်ဆိုင် အပေးအယူမှာ မပါတဲ့ အယ်ဂျာကတော့ ဘာမှ ပြောပိုင်ခွင့် မရှိပါဘူး။ သူဟာ ကဗျာစာဆို ဖော်မြူလာကို ရယူနိုင်ပေမဲ့ တစ်ပတ်နှစ်ပတ် စောင့်ဆိုင်းဖို့ လိုပါတယ်။
အဲဒီအချိန်မှာ အစားပေးဖို့ကို နောက်တွေ့ဆုံပွဲ ဒါမှမဟုတ် တစ်ကြိမ်ကျော် တွေ့ဆုံပွဲဆီ အောင်မြင်စွာ ရွှေ့ပြောင်းနိုင်လိုက်တဲ့ ကလိုင်းဟာ ကဗျာစာဆို ဖော်မြူလာ ပေါ်လာအောင် စိတ်ကူးနဲ့ အမိန့်ပေးလိုက်ပါတယ်။
“အဓိကပါဝင်ပစ္စည်း - သလင်းနေကြာပန်း သို့မဟုတ် အရွယ်ရောက် မီးခတ်ငှက်အမြီးရဲ့ အမွေး... ဆိုင်ရန်ကျောက် တစ်တုံး သို့မဟုတ် တေးသီနေကြာပန်း...”
“အားဖြည့် ပါဝင်ပစ္စည်း - နွေဦးလယ်မြက် တစ်ညွှန့်... ဇူလိုင်ဝိုင်ဖျော်ရည် ၅ စက်... နတ်သူငယ် အမှောင်ရွက် တစ်ရွက်...”
သူဟာ ဖော်မြူလာကို နေမင်းရှေ့ ပို့လိုက်တဲ့အခါ နေမင်းရဲ့ ပထမ ကြုတ်နေတဲ့ မျက်မှောင်တွေက ပြေလျော့သွားတာ တွေ့လိုက်ရပါတယ်။
‘အင်း... နတ်ဘုရားစွန့်ပစ် နယ်မြေမှာရှိတဲ့ ပါဝင်ပစ္စည်းတွေက ရှေးနာမည်တွေပဲ ရှိသေးတာ... ကံကောင်းချင်တော့ အနှိုင်းမဲ့ ထာဝရ တောက်ပတဲ့ နေမင်းဆီကနေ တိုက်ရိုက် ရထားတဲ့ ငါ့ဖော်မြူလာက ရှေးဟောင်းနာမည်တွေနဲ့ အစားထိုး ပါဝင်ပစ္စည်း အမျိုးမျိုး ပါနေတာပဲ...’ အဲဒီနောက် ကလိုင်းဟာ မစ္စတရားမျှတမှုကို ရုတ်တရက် ကြည့်လိုက်ပါတယ်။
အော်ဒရီဟာ ဖော်မြူလာကို အလွတ်ကျက်နေတဲ့ နေမင်းကို ကြည့်နေပါတယ်။ အဲဒီနောက် သူမဟာ အလွတ်မှတ်ထားတဲ့ ဒိုင်ယာရီနှစ်ရွက် ပေါ်လာအောင် အမြန် စိတ်ကူးလိုက်ပါတယ်။
စာလုံးတွေဟာ ဝါကျင့်ကျင့် သိုးသားရေ စာရွက်ပေါ်မှာ ချက်ချင်း ပေါ်လာပါတယ်။ အဲဒီနောက် လျှပ်တစ်ပြက်ဆိုသလို သိုးသားရေ စာရွက်ဟာ ကလိုင်းလက်ထဲမှာ ပေါ်လာပါတယ်။
အရင်လိုပဲ ကလိုင်းဟာ ဒိုင်ယာရီကို ချက်ချင်း စဖတ်ပါတယ်။
“နိုဝင်ဘာ ၃၊ မယ့်ထဲဒါက ကိုယ်ဝန် သုံးလ ရှိသွားပြီ... အဲဒီ ရွာကတက်လာတဲ့ အစေခံ မိန်းကလေးတွေတောင် ငါ့မျက်လုံးထဲမှာ လှလာတယ်... မဟုတ်ဘူး... ငါ့အဆင့်အတန်းကို နှိမ့်ချလို့ မဖြစ်ဘူး... တိုက်တိုက်ဆိုက်ဆိုင်ပဲ ခရိုင်မြို့စားကတော် ဖလောရိန်က ငါ့ကို သီးသန့်ပါတီ ဖိတ်တယ်... ဟီးဟီး...”
“နိုဝင်ဘာ ၈၊ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဖန်အက်စတင်က ငါ့ကို အကူအညီ လာတောင်းတယ်... ဂိုဏ်းချုပ် ဘုန်းတော်ကြီးတစ်ပါးအတွက် ငါက ဘာလုပ်ပေးနိုင်မှာလဲ”
“နိုဝင်ဘာ ၉၊ တကယ်ကိုပဲ ဆုံမှတ်လမ်းကြောင်းတွေထဲမှာ လျှို့ဝှက်ချက်တစ်ခု ဝှက်ထားတာပဲ... ဆုံမှတ် ၅ သာလွန်သူ ဖြစ်လာပြီးရင် ကျန်တဲ့ ဆုံမှတ်တွေကို တခြား လမ်းကြောင်း တစ်ခု ဒါမှမဟုတ် လမ်းကြောင်း နှစ်ခုက ဆုံမှတ်တွေနဲ့ ပြောင်းပစ်လို့ရတယ်လို့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး အက်စင်တင်က ပြောတယ်... နားလည်လွယ်အောင် ပြောရရင် အလတ်တန်းစား ဆုံမှတ်ကနေ အမြင့်စား ဆုံမှတ်မှာ စတာပဲ... ဒါပေမဲ့ တချို့ လမ်းကြောင်း တစ်ခု ဒါမှမဟုတ် လမ်းကြောင်း နှစ်ခုပဲ ပြောင်းလို့ရတယ်... လမ်းကြောင်းမှားကို ပြောင်းမိရင် တစ်ဝက်ရူးတာက အကောင်းဆုံး ရလဒ်ပဲ... ရှေ့ဆက်လည်း တက်မရတော့ဘူး”
“ဒီနည်းလမ်းနဲ့ သာလွန်သူတစ်ယောက်က ဆုံမှတ် ၄ ကနေ စပြီး လမ်းကြောင်း ပြောင်းလို့ရတယ်... အအိပ်မဲ့နဲ့ အလောင်းကောက်သမား လမ်းကြောင်းနှစ်ခု... အင်း... ပညာရှိနဲ့ လျှို့ဝှက်ဆန်းကြယ် စပ်စုသမား လမ်းကြောင်းနှစ်ခု... ဒီလမ်းကြောင်းတွေက အဆင့်မြင့် ဆုံမှတ်မှာ တစ်ခုနဲ့တစ်ခု ပြောင်းလို့ရတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။