ငဆာမွတ်
Vol. 15 Ch. 146
“ခီးလုံဂို့စ်ရဲ့ မှော်ပစ္စည်းက ဘယ်လောက်တောင် ထူးခြားနေလို့လဲ” အော်ဒရီက ယုံကြည်ချက် နည်းနည်းနဲ့ မေးပါတယ်။ သူမဟာ သေချာစဉ်းစားပြီးနောက် ဘက်ကလင်မှာရှိတဲ့ လူတွေကို အတော်အသင့် ခြေရာခံနိုင်တယ်ဆိုတာ ရုတ်တရက် သဘောပေါက်လိုက်ပါတယ်။
ပထမဦးဆုံး သူမရဲ့ အဖေက အချမ်းသားဆုံးထဲက တစ်ယောက် ဖြစ်ပြီး အဆက်အသွယ် များပါတယ်။ အထက်တန်းလွှာတွေထဲမှာလည်း နာမည်ကောင်း ရှိပါတယ်။ နောက်ပြီး သူမကလည်း လူငယ်မျိုးဆက်တွေထဲမှာ အတော်အတန် ရေပန်းစားပါတယ်။ အဲဒါကြောင့် အထက်တန်းလွှာ အလတ်တန်းစား အသိုင်းအဝိုင်းမှာ လှုပ်ရှားလို့ရတဲ့ ရင်းမြစ် အတန်အသင့် ရှိပါတယ်။
ဒုတိယအနေနဲ့ သူမသိတဲ့ သာလွန်သူနှစ်ဦးက သူတို့ကိုယ်ပိုင် အသိုင်းအဝိုင်း ရှိကြပါတယ်။ ပညာသင် ဖာ့စ်က ဆရာဝန်လုပ်ခဲ့ဖူးပြီး အခုတော့ စာရေးဆရာမ ဖြစ်နေပါတယ်။ အဲဒါကြောင့် သူမဟာ စာပေလောကနဲ့ ပုံနှိပ်လုပ်ငန်းက လူတချို့ကို သိတဲ့အပြင် လူလတ်တန်းစား ဆရာဝန်တွေနဲ့လည်း သိကျွမ်းပါတယ်။
စီရင်သူ ဇီယိုဒါရက်ချာကလည်း အနိမ့်တန်း လူလတ်တန်းစားတွေရဲ့ ပြဿနာတွေကို အချိန်တော်တော်ကြာအောင် ကူညီဖြေရှင်းပေးခဲ့ဖူးပါတယ်။ အဲဒါကြောင့် သူမဟာ အရှေ့ပိုင်း ဘက်ကလင်ရဲ့ အလုပ်သမား လူတန်းစားနဲ့ မာဖီးယားတွေကြားမှာ နာမည်တော်တော် ကြီးပါတယ်။ လျှို့ဝှက်လမ်းကြောင်းတွေလည်း အများကြီး ရှိပါတယ်။
အဲဒါတွေအပြင် သူတို့သိတဲ့ သာလွန်သူတွေနဲ့ သူတို့ အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုကိုပါ ထည့်စဉ်းစားမယ်ဆိုရင် သူတို့ရဲ့ အစွမ်းအစက လူတစ်ယောက်ကို ရှာဖို့ဆိုတာ သိပ်မခက်ပါဘူး။
တရားမျှတမှုရဲ့ မေးခွန်းကိုတော့ အယ်ဂျာဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ တဲ့တိုးနီးပါး ပြန်ဖြေပါတယ်။
“အဲဒီမှော်ပစ္စည်းရဲ့ နာမည်အမှန်ကို ဘယ်သူမှ မသိဘူး... ဒါပေမဲ့ အဲဒီမှော်ပစ္စည်းနဲ့ ထိတွေ့ဖူးတဲ့ လူတွေကတော့ အဲဒီမှော်ပစ္စည်းကို ငဆာမွတ်လို့ ခေါ်တယ်... ခီးလုံဂို့စ်က အဲဒါကို တစ်ရက်ကျော် လူတစ်ယောက် ကျွေးတယ်... မဟုတ်ရင် ပိုင်ရှင်ကို ပြန်စားတယ်လို့ ပြောတယ်”
“ဒါက ခီးလုံဂို့စ်ကို ရှာဖို့ အရေးအကြီးဆုံး သဲလွန်စပဲ” အော်ဒရီဟာ မျက်မှောင်ကြုတ်ပြီး ပြောပါတယ်။
သူမဟာ လူတစ်ယောက်ရဲ့ အသွေးအသားကို စားသုံးတဲ့ ဘယ်မိစ္ဆာပစ္စည်းကိုမဆို အရမ်းမုန်းတီးပါတယ်။
“ဟုတ်တယ်... ဒါပေမဲ့ အနည်းဆုံး လူငါးသန်းလောက် နေထိုင်တဲ့ မြို့ကြီးမှာ အိမ်ခြေမဲ့တချို့ ပျောက်သွားတာက သတိထားမိမှာ မဟုတ်ဘူး” အယ်ဂျာက အော်ဒရီကို သတိပေးပါတယ် “အဲဒီငဆာမွတ် ရသွားကတည်းက ခီးလုံဂို့စ်ကို ရင်ဆိုင်ဖို့ တော်တော် ခက်သွားတယ်... ကျားကို တောင်ပံ တပ်ပေးလိုက်သလိုပဲ”
“သူက ပထမတော့ လေဆုမွန်... ရေ၊ လေ၊ ရာသီဥတုနဲ့ သက်ဆိုင်တဲ့ နယ်ပယ်မှာ သာလွန်စွမ်းအားကြီးတယ်... ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက လူတွေကို ရူးအောင် လုပ်နိုင်တယ်... သူများအိပ်မက်ထဲ ဝင်နိုင်တယ်... အလင်းရောင်ကို ဆင့်ခေါ်ပြီး လူသေဝိညာဉ်တွေကို သန့်စင်နိုင်တယ်... သီချင်းဆိုပြီး သူ့ကိုယ်သူ အင်အားကြီးလာအောင် လုပ်နိုင်တယ်... ရုပ်ဖျက်နိုင်တယ်... သူမလုပ်နိုင်တာ ဘာမှ မရှိသလောက်ပဲ...”
အယ်ဂျာဟာ အသေးစိတ် ရှင်းပြပါတယ် “ဒီအစွမ်းတွေ အကုန်လုံးက မှော်ပစ္စည်း ငဆာမွတ်ဆီကနေ လာတာလို့ ကျွန်တော်တို့တွေ သံသယရှိတယ်”
သူ့စကား မဆုံးခင်မှာပဲ တိတ်တဆိတ် နားထောင်နေတဲ့ ဒဲရစ်ဘာ့ဂ်က လွှတ်ခနဲ ပြောမိလိုက်ပါတယ် “သိုးထိန်း”
‘သိုးထိန်း... လျှို့ဝှက်ချက် တောင်းခံသမားနဲ့ သောတရှင် လမ်းကြောင်းက ဆုံမှတ် ၅ လား... အင်း... ငွေမြို့တော်ရဲ့ ခြောက်ဦးကောင်စီထဲမှာ အကြီးအကဲ အသစ်က သိုးထိန်းပဲ... သူက ဆုံမှတ် ၄ နဲ့ အဆင့်တူ မကောင်းဆိုးဝါး စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်လောက်အောင် စွမ်းအားကြီးတယ်လို့လည်း နေမင်းက ပြောထားတယ်...’
ကလိုင်းရဲ့ မျက်နှာဟာ မသိမသာ ပြောင်းသွားပါတယ်။ ဒါပေမဲ့ မီးခိုးရောင် မြူခိုးတွေက သူ့မျက်နှာကို ဖုံးကွယ်ထားပါတယ်။ တရားမျှတမှုကလည်း သူ့ကို အာရုံစိုက်မနေပါဘူး။
“သိုးထိန်း...”
“သိုးထိန်း...”
တရားမျှတမှုနဲ့ လူဇောက်ထိုးဆီကနေ အသံပြိုင်တူ ထွက်လာပါတယ်။ တစ်သံက လုံးဝ နားမလည်တဲ့ အသံဖြစ်ပြီး တစ်သံကတော့ လန့်သွားတဲ့အသံပါ။ သူတို့နှစ်ယောက်က ဒီသိုးထိန်းဆိုတဲ့ နာမည်ကို တစ်နေရာရာမှာ ကြားဖူးပြီး သူ့အကြောင်းကို နည်းနည်းပါးပါး သိထားပေမဲ့ တကယ့်အခြေအနေကို နားလည်ပုံ မပေါ်ပါဘူး။
လူတိုင်းက သူ့ကို စိုက်ကြည့်နေတဲ့အတွက် ဒဲရစ်ဟာ ရုတ်တရက်ဆိုသလို နည်းနည်း ထိတ်လန့်သွားပါတယ်။ ဘယ်လောက်ပဲ တိတ်ဆိတ် တိတ်ဆိတ် ဘယ်လောက်ပဲ စိတ်ပျက် စိတ်ပျက် ဘယ်လောက်ပဲ ဒုက္ခတွေ ကြုံဖူး ကြုံဖူး သူက ငယ်ရွယ်တဲ့ ကောင်လေး တစ်ယောက်ပဲ မဟုတ်ပါလား။
သူဟာ ထစ်ထစ်ငေါ့ငေါ့နဲ့ ချက်ချင်း ရှင်းပြပါတယ် “ကျွန်တော် ပြောချင်တာက လူဇောက်ထိုးပြောတဲ့ လက္ခဏာတွေက သိုးထိန်းရဲ့ သာလွန်စွမ်းအားနဲ့ တူတယ်... သိုးထိန်းတိုင်းက တခြားလူရဲ့ ဝိညာဉ်ကို သူတို့ကိုယ်ထဲ မျိုချနိုင်တယ်... ဒီထဲမှာ တစ္ဆေတွေနဲ့ မကောင်းဆိုးဝါး စိတ်ဝိညာဉ်တွေလည်း ပါတယ်... သူတို့တွေက ဒီဝိညာဉ်တွေကို နည်းလမ်းတစ်ခုနဲ့ ထိန်းချုပ်ပြီး အဲဒီဝိညာဉ်တွေရဲ့ အစွမ်းတွေကို သုံးနိုင်တယ်... နတ်ဘုရားက သူ့သိုးတွေက စားကျက်မှာ ကျောင်းသလိုမျိုးပဲ...”
“သိုးထိန်းမှာ အစွမ်း ဘယ်နှမျိုး ရှိလဲဆိုတာ ဘယ်သူမှ မသိဘူး... သူတို့ရဲ့ စွမ်းအားက သာလွန်သူ ဝိညာဉ် ဘယ်လောက် မျိုချထားလဲ ဆိုတာပေါ် မူတည်တယ်... အဲဒီတော့ သိုးထိန်းက အဆင့်မြင့် သာလွန်သူနီးပါးလောက် စွမ်းအားကြီးပြီး တော်တော် ကြောက်ဖို့ကောင်းတယ်...”
“ဒါပေမဲ့ သိုးထိန်း ကျောင်းနိုင်တဲ့ ဝိညာဉ်အရေအတွက်က အကန့်အသတ်ရှိပြီး အဲဒီဝိညာဉ်တွေကို လဲလှယ်လို့ ရတယ်လို့ သံသယရှိတဲ့ လူတွေလည်း ရှိတယ်”
‘သိုးထိန်းက ဒီလိုကို... အော်ရိုရာဂိုဏ်း ထိန်းချုပ်ထားတဲ့ ဆုံမှတ်လမ်းကြောင်းက နားလည်ဖို့ တော်တော် ခက်တာပဲ... သူတို့တွေ ဖန်တီးရှင်စစ်... မဟုတ်ဘူး... ကျဆုံးသွားတဲ့ ဖန်တီးရှင်ကို ကိုးကွယ်တာ အံ့ဩစရာ မရှိတော့ပါဘူး...’ ကလိုင်းဟာ ရုတ်တရက် သဘောပေါက်သွားပေမဲ့ သူ ဒါကို နဂိုကတည်းက သိနေသလိုမျိုး ဂိုက်ဖမ်းပါတယ်။
တစ်ချိန်တည်းမှာပဲ သူဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘နေမင်း... မင်းက တကယ်ကို ငယ်သေးတာပဲ... ဒါက တော်တော် အရေးကြီးတဲ့ သတင်းပဲ... တန်ဖိုးရှိတဲ့အရာနဲ့ လဲလို့ရတာကို... အခုလိုမျိုး လက်လွတ်စပယ် ထုတ်ပြောရတယ်လို့...’
‘အင်း... ငဆာမွတ်ရဲ့ အစွမ်းက ဆုံမှတ် ၅ သိုးထိန်းနဲ့ ဆင်တယ်... တခြား ချိပ်ပိတ်လက်နက်တွေကရော သာလွန်သူ အစွမ်းနဲ့ ဆင်တူတဲ့ စွမ်းအားရှိလား မသိဘူး... အန်တီဂိုနပ် မိသားစုရဲ့ ရုပ်သေးရုပ် ချိပ်ပိတ်လက်နက် ၂-၀၄၉ ကရော ဘယ်ဆုံမှတ် စွမ်းအားနဲ့ ဆင်လဲ မသိဘူး...’
နေမင်းရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် အယ်ဂျာဟာ ခေါင်းထဲက ပဟေဠိတစ်ပုဒ်ကို ဖြေရှင်းနိုင်လိုက်သလိုမျိုး တိတ်တဆိတ် ခေါင်းညိတ်ပါတယ်။
အော်ဒရီကတော့ ပိုပြီးတော့ စိတ်ဝင်စားသွားပါတယ် “သိုးထိန်းက ဘယ်ဆုံမှတ် လမ်းကြောင်းကလဲ... နံပါတ် ဘယ်လောက်လဲ...”
“လျှို့ဝှက်ချက် တောင်းခံသမား လမ်းကြောင်း၊ ဆုံမှတ် ၅” ကလိုင်းဟာ ရလာတဲ့ အခွင့်အရေးကို လက်လွှတ်မခံဘဲ အကုန်လုံးကို သိနေသလိုမျိုး ဖြေပါတယ်။
“လျှို့ဝှက်ချက် တောင်းခံသမား... အော်ရိုရာဂိုဏ်း...” အော်ဒရီဟာ အော်ရိုရာဂိုဏ်းဝင်လို့ ယူဆရတဲ့ မစ္စတာအေကို ရုတ်တရက် တွေးမိပြီး ချက်ချင်းဆိုသလို စိတ်လေးသွားပါတယ်။
သူမဟာ အဲဒီစက်ဆုပ်ဖို့ကောင်းတဲ့ မစ္စတာအေကို လွယ်လင့်တကူ ရှင်းပစ်ဖို့ မစ္စတာအရူးကို ဘာနဲ့ လဲလှယ်ပြီး တောင်းဆိုရမလဲဆိုတာ လေးလေးနက်နက် စဉ်းစားပါတယ်။ သို့ပေမဲ့ သူမဟာ မစ္စတာအရူး စိတ်လှုပ်ရှားမဲ့ အရာတစ်ခုကိုမှ မတွေးမိပါဘူး။
‘နတ်ဘုရားလိုမျိုး တည်ရှိမှုက လွယ်လင့်တကူ စိတ်လှုပ်ရှားမှာ မဟုတ်ဘူး... သူတို့ စိတ်ဝင်စားတဲ့ အရာတွေကို သိပ်ရှိတာ မဟုတ်ဘူး...’ အော်ဒရီဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။
သူမဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီးနောက် နေမင်းကို ခေါင်းညိတ်ပြ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငဆာမွတ်ရဲ့ အကြောင်းကို ပြောပြလို့ပါ။ ရန်သူ့အကြောင်းကို ပိုသိလေလေ ပိုပြီးတော့ ကိုင်တွယ်နိုင်လေလေ မဟုတ်ပါလား။
“မစ္စတာ လူဇောက်ထိုး... ကျွန်မ ဒီတာဝန်ကို လက်ခံတယ်... ဒါပေမဲ့ ကျွန်မ နောက်တန်း ဗိုလ်ချုပ်ကြီး ဟာရီကိန်း ခီးလုံဂို့စ်ကို ရှာတွေ့မယ်လို့တော့ အာမ မခံနိုင်ဘူး” အော်ဒရီဟာ လူဇောက်ထိုးကို ကြည့်ပြီး ပြောပါတယ်။
“ရတယ်... ခင်ဗျား အောင်မြင်သည် ဖြစ်စေ ကျရှုံးသည် ဖြစ်စေ... ကြိုးစားကြည့်ပေးမယ်ဆိုရင် လျှို့ဝှက်သတင်း ဒါမှမဟုတ် တန်ဖိုးရှိတဲ့သတင်း တစ်ခုခုနဲ့ အစားပေးမယ်... အောင်မြင်ခဲ့ရင်တော့ ကျွန်တော် မနောဆက်သမား ဖော်မြူလာရဲ့ အဓိကပါဝင်ပစ္စည်းကို ပေးနိုင်လောက်တယ်... အဲဒီပစ္စည်းက ဘာလဲဆိုတာ သိရင်ပေါ့...” အယ်ဂျာဟာ ရှားရှားပါးပါး ရက်ရက်ရောရော ကတိပေးပါတယ်။
“သဘောတူတယ်” အော်ဒရီဟာ နှုတ်ခမ်းတွန့်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးပါတယ်။
အဲဒီနောက် အယ်ဂျာဟာ ကလိုင်းရဲ့ ခွင့်ပြုချက်နဲ့ အကူအညီကို ယူပြီး ခီးလုံဂို့စ်ရဲ့ ပုံတူပန်းချီကို ဖန်တီးပါတယ်။
ခီးလုံဂို့စ်ဟာ ပင်လယ်ဓားပြ ဗိုလ်ချုပ်ကြီး ၇ ဦးထဲက တစ်ဦးပါ။ သူဟာ လေးထောင့်ဆန်တဲ့ မေးရိုး ရှိပြီး အညိုရောင်ဆံပင်တွေကို ရှေးဟောင်း စစ်သည်တော်လိုမျိုး ခေါင်းနောက်မှာ စုစည်းထားပါတယ်။ သူ့မျက်လုံးစိမ်းတွေက ရယ်နေသလိုမျိုး ရှိပေမဲ့ သာမန်နဲ့မတူ အေးစက်လှပါတယ်။
သူတို့တွေ ဆွေးနွေးလို့ ပြီးပြီး အတွေးအမြင်တွေ ဖလှယ်ပြီးတဲ့ နောက်မှာတော့ ကလိုင်းဟာ တွေ့ဆုံပွဲ ပြီးဆုံးကြောင်း အပြုံးနဲ့ ကြော်ငြာပါတယ်။ တရားမျှတမှုနဲ့ လူဇောက်ထိုးဟာ ထိုင်ရာကနေ သွက်သွက်လက်လက် ထပြီး သူ့ကို ဦးညွှတ်ပါတယ်။ နေမင်းက သူတို့နှစ်ယောက်ရဲ့ အပြုအမူအတိုင်း လိုက်လုပ်ပေမဲ့ နည်းနည်း နှေးကွေးပါတယ်။
ကလိုင်းဟာ ညာလက်ထုတ်ပြီး ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပါတယ်။ ဒါပေမဲ့ သူဟာ မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကကနေ ချက်ချင်း ထွက်မသွားပါဘူး။
...
ငွေမြို့တော်၊ ဘာ့ဂ်အိမ်တွင်း။
ဒဲရစ်ဟာ တရင်းတနှီးရှိတဲ့ ပတ်ဝန်းကျင်နဲ့ အပြင်ဘက်က လျှပ်စီးလက်သွားတဲ့ မှောင်မိုက်တဲ့ ကောင်းကင်ပြင်ကို တစ်ချက် လှမ်းကြည့်လိုက်ပါတယ်။ သူဟာ တစ်ခဏကြာအောင် တွေဝေနေပါတယ်။
ဒါပေမဲ့ သူဟာ မကြာခင်မှာပဲ ဆတ်ခနဲ သတိပြန်ဝင်လာပြီး သိုးသားရေနဲ့ ဖော့ပင် ရှာကာ သူ အလွတ်မှတ်ထားတဲ့ ကဗျာစာဆို ဖော်မြူလာကို ချရေးပါတယ်။ သူဟာ ချရေးထားတဲ့ ဖော်မြူလာကို လေးငါးခါကြည့်ပြီး ဘာမှ မမှားဘူးဆိုတာ သေချာအောင် အတည်ပြုပါတယ်။
ဒဲရစ်ဟာ ကဗျာစာဆို ဖော်မြူလာကို ပိုင်ဆိုင်ပြီး တခြားလမ်းကြောင်းက သာလွန်သူ ဖြစ်လာလို့ ငွေမြို့တော်က လူကြီးတွေ သံသယဝင်မှာကို မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက စူးစမ်းလေ့လာရေး ခရီးတွေမှာ အဲဒီလက်ရွေးစင် အဖွဲ့ဝင်တွေက ဖော်မြူလာတွေ ပါဝင်ပစ္စည်းတွေနဲ့ ထူးဆန်းတဲ့ အသုံးအဆောင် ပစ္စည်းတွေကို မြို့ပျက်ထဲက မွန်းစတားတွေဆီကနေ မကြာခဏ စုဆောင်းလို့ပါပဲ။
ဒီလုပ်ငန်းစဉ်အတွင်းမှာ ရလာတဲ့ ပစ္စည်းတွေထဲက တချို့ကို ကိုယ့်အတွက် ယူတာက ပုံမှန်ပါပဲ။ အရေးကြီးတာတွေ မပါဘူးဆိုရင် ကပ္ပတိန်တွေနဲ့ အထက်လူကြီးတွေက ဒီကိစ္စကို နားလည်မှုနဲ့ ခွင့်ပြုထားပါတယ်။
ဒီလိုနဲ့ အချိန်ကြာလာတော့ ဖော်မြူလာတချို့ကို ငွေမြို့တော်ရဲ့ တရားမဝင် လမ်းကြောင်းကနေ ရနိုင်လာပါတယ်။ တချို့ဆိုရင် အင်အားကြီးတဲ့ မိသားစုတွေရဲ့ မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းတဲ့ ဖောင်ဒေးရှင်း ဖြစ်လာပါတယ်။ ပုံမှန်အားဖြင့် ငွေမြို့တော်ကို ဝိုင်းရံထားတဲ့ အမှောင်ထဲက အရာတွေက တသတ်မတ်တည်း ရှိပါတယ်။ ဒါပေမဲ့ တချို့ ပါဝင်ပစ္စည်းတွေကိုတော့ ကျိန်စာနယ်မြေထဲကို တော်တော်ဝင်မှ တွေ့နိုင်ပါတယ်။
သိုးသားရေကို အောက်ချပြီးနောက် ဒဲရစ်ဟာ လျှို့ဝှက်ဆန်းကြယ် အရူးရဲ့ ညွှန်ကြားချက်ကို ပြန်တွေးပါတယ်။ အိပ်ခန်းထဲမှာ ရှိနေတာဆိုတော့ သူဟာ ခေါင်းငုံ့ပြီး ရိုးရိုးရှင်းရှင်း ဆုတောင်းပါတယ်။
“ဒီခေတ်က မပိုင်ဆိုင်တဲ့ အရူး”
“မီးခိုးရောင် မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ်အရှင်”
“ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင်ဘုရင်”
...
ဂျိုဒင်က တော်တော်လေးကို ရှေးကျတဲ့ ဘာသာစကားပါ။ အဲဒါကြောင့် သူ့မှာ အစီအရင်တွေ ဆုတောင်းမှုတွေနဲ့ မန္တန် သုံးတဲ့နေရာမှာ လိုအပ်တဲ့ ဂမ္ဘီရစွမ်းအားတွေ ပါဝင်နေပြီးသားပါ။ အဲဒါကြောင့် ဒဲရစ်ဟာ မန္တန်ကို ဟာမီးနဲ့ ပြောင်းရွတ်ဖို့ မလိုပါဘူး။
...
“ဒီခေတ်က မပိုင်ဆိုင်တဲ့ အရူး”
...
ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးမှာ ထိုင်နေတဲ့ ကလိုင်းဟာ ဆုတောင်းသံကို ရုတ်တရက် ကြားလိုက်ရပြီး အဲဒီအသံက သူ့နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ အဲဒီနောက် သူဟာ နေမင်းနဲ့ သက်ဆိုင်တဲ့ ကြက်သွေးရောင်ကြယ်က မှိတ်တုတ်မှိတ်တုတ် ဖြစ်လာတာ တွေ့လိုက်ရပါတယ်။
သူဟာ ကြက်သွေးရောင်ကြယ်ကို ထိဖို့ မကြိုးစားပါဘူး။ နောက်တစ်ကြိမ် တွေ့ဆုံပွဲ စဖို့ ဆယ်မိနစ် အလိုလောက်မှ အကြောင်းပြန်ဖို့ စီစဉ်ထားပါတယ်။ ဒါမှ ငွေမြို့တော်က လူငယ်လေးဟာ တစ်ယောက်တည်းနေဖို့ ကြိုတင် စီစဉ်နိုင်မှာပါ။
သူ့အတွက် အရေးကြီးဆုံးက အရူးရဲ့ တန်ခိုးစွမ်းအားကြီးမားတဲ့ ပုံရိပ် မထိခိုက်အောင် နေ့ရက်အချိန် မှားတာကို ရှောင်ရှားဖို့ပါ။
အဲဒီနောက် ကလိုင်းဟာ သူ့ကိုယ်သူ စိတ်ဝိညာဉ် စွမ်းအားနဲ့ လွှမ်းခြုံပြီး အောက်ဆင်းတဲ့ပုံ ခံစားလိုက်ပါတယ်။
အခန်းထဲကို ပြန်ရောက်တဲ့အခါ ကလိုင်းဟာ စိတ်ဝိညာဉ်တံတိုင်းကို ဖျက်ပြီး ခဏနားပါတယ်။ နားပြီးရင်တော့ အပြင်ထပ်ထွက်ဖို့ စီစဉ်ထားပါတယ်။
အခုအချိန်မှာ သူဟာ အမြင်ဆရာအဖြစ် သရုပ်ဆောင်ဖို့ မလိုတော့ပါဘူး။ အဲဒါကြောင့် သူဟာ ဗေဒင်ကလပ်ဆီသွားဖို့ အချိန်တိတိကျကျ မသတ်မှတ်ထားပါဘူး။ အပိုဝင်ငွေ ရအောင်နဲ့ ညသိမ်းငှက်ရဲ့ ကြီးကြပ်ရေးတာဝန်ကို ထမ်းဆောင်တဲ့အနေနဲ့ မကြာမကြာပဲ သွားပါတယ်။
ပထမတော့ ကလိုင်းဟာ တစ်နေ့လည်ခင်းလုံးကို လပ်လျားလပ်လျား လျှောက်သွားဖို့ပါ။ ဒါပေမဲ့ ရုတ်တရက် ဆိုသလို သူ မလုပ်ရသေးတဲ့ အလုပ်တစ်ခုကို သတိရမိလိုက်ပါတယ်။ အဲဒါကတော့ စုံထောက်ဟန်နရီဆီ သွားပြီး ငွေချေဖို့နဲ့ အနီရောင် မီးခိုးခေါင်းတိုင်နဲ့ စုံစမ်းမှု နောက်ဆုံးရလဒ်ကို လက်ခံဖို့ပါ။
‘ဟင်း... အောင်မြင်တဲ့လူတွေက တော်တော် အလုပ်များတာပဲ... ငါ အားရင် ထင်းဂန်မိသားစု အစေခံအဖွဲ့အစည်းဆီကို ဘန်ဆင် မလီဆာတို့နဲ့ သွားပြီး အိမ်ဖော်ကောင်း တစ်ယောက် ရှာရမယ်...’
ကလိုင်းဟာ ပျင်းရိနေပေမဲ့ အဝတ်အစားလဲပြီး အနက်ရောင် ထက်စီဒိုဝတ်ကာ သက္ကလပ်ဦးထုပ် ဆောင်းပါတယ်။ အဲဒီနောက် ငွေရောင် လက်ကိုင်တုတ်ကို ယူပြီး လူကြီးလူကောင်း တစ်ယောက်လို အပြင်ထွက်ပါတယ်။
ဘက်ဆစ်လမ်းက ဟင်နရီ အလွတ်တမ်း စုံထောက်ကုမ္ပဏီကို ရောက်တဲ့အခါ ကလိုင်းဟာ မျက်နှာဖုံးတပ်ပြီး ဦးထုပ်ကို ဖိဆောင်းလိုက်ပါတယ်။ အဲဒီနောက် လမ်းဖြတ်ကူးပြီး လှေကားပေါ် သွက်သွက်လက်လက် တက်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။