← Chapters

တမန်

Vol. 15 Ch. 148

တမန်

Vol. 15 Ch. 148

ကလိုင်းရဲ့ စကားကြောင့် ဒေလီဟာ ရယ်သွားပါတယ်။ ပါးစပ်ပဲပါတဲ့ အကြည်သားမျက်နှာဟာ...။

“နင်က လျှို့ဝှက်ဆန်းကြယ် စပ်စုသမားရဲ့ ဆောင်ပုဒ်ကနေ အတွေးသစ် အမြင်သစ်ရပြီး နင့်ရဲ့ သီအိုရီကို ငါ့ရဲ့ အတွေ့အကြုံတွေ ဆောင်ရွက်ချက်တွေနဲ့ အတည်ပြုလိုက်တယ်... ပြီးတော့ သရုပ်ဆောင်တဲ့ နည်းလမ်းကို တစ်လအတွင်း နားလည်ပြီး အမြင်ဆရာအတွက် ဥပဒေသတွေ ထုတ်နိုင်ခဲ့တယ်... ဒါကို ကြည့်ခြင်းအားဖြင့် နင်က ဉာဏ်ပညာ ထက်မြက်ပြီး အသစ်အသစ်တွေကို လက်ခံလိုစိတ်ရှိတယ် ဆိုတာ ထင်ရှားတယ်”

ကလိုင်းဟာ ဒီအကြောင်းကို ဆက်မပြောချင်တဲ့အတွက် စကားလမ်းကြောင်း ပြောင်းဖို့ ကြိုးစားပါတယ်။

“မဒမ်... အထက်လူကြီးတွေက ဒီသရုပ်ဆောင်တဲ့ နည်းလမ်းအကြောင်းကို သိလား”

“သိတယ်... ကောင်းကောင်းကြီးကို သိတယ်... ငါ ဘုရားကျောင်းရဲ့ သမိုင်းမှတ်တမ်းကို ဖတ်ဖူးတယ်... အဲဒီမှာ သာမန်လူတွေနဲ့ မတူဘဲ အဆင့် မြန်မြန်တက်တဲ့ သာလွန်သူတွေရဲ့ ဇာတ်လမ်းတွေ ပါတယ်... ညသိမ်းငှက်တချို့နဲ့ ဂိုဏ်းအုပ် ဘုန်းတော်ကြီး တော်တော်များများက ဒီနည်းလမ်းသုံးပြီး အဆင့်တက်ခဲ့ကြတယ်... ငါက တစ်မူထူးခြားနေတဲ့လူ မဟုတ်ဘူး... ဒါပေမဲ့ သူတို့ရဲ့ အဆုံးသတ်က...”

ဒေလီဟာ စကားစကို ရည်ရွယ်ချက်ရှိရှိ ရပ်လိုက်ပါတယ်။

“သူတို့တွေက ဘယ်လို အဆုံးသတ်သွားလို့လဲ” ကလိုင်းဟာ ရင်ထဲမှာ တင်းကျပ်သွားပါတယ်။

‘ထာဝရနတ်ဘုရားမ ဘုရားကျောင်းက သရုပ်ဆောင်တဲ့ နည်းလမ်းကို မကောင်းဆိုးဝါးတွေ မိစ္ဆာနတ်ဘုရားတွေရဲ့ သွေးဆောင် ဖြားယောင်းမှုလို့ ရှုမြင်တာလား...’

အကြည်သားမျက်နှာဟာ ရုတ်တရက် ရယ်လိုက်ပါတယ် “သူတို့ရဲ့ အဆုံးသတ်က တော်တော်လေး ကေင်းတယ်... ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့တဲ့ တချို့လူတွေနဲ့ သာလွန်အဖြစ်အပျက်တွေမှာ စတေးသွားတဲ့ လူတချို့ကလွဲရင် ကျန်တဲ့လူတွေက အနည်းဆုံး ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒါမှမဟုတ် အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီးတွေ ဖြစ်သွားကြတယ်... သူတို့ထဲမှာ အဆင့်မြင့် သာလွန်သူ ဖြစ်သွားတဲ့ လူတွေလည်း ရှိတယ်... နတ်ဘုရားမ ဘုရားကျောင်းမှာ ဆုံမှတ် ၄ နဲ့ ဆုံမှတ် ၃ ကို သူတော်စင်လို့ ခေါ်တယ်... ဆုံမှတ် ၂ နဲ့ ဆုံမှတ် ၁ ကိုတော့ မြေနတ်လို့ ခေါ်တယ်... နတ်တိုင်းက သူတော်စင် ဖြစ်ခဲ့ဖူးတာချည်းပဲ”

‘... မဒမ်ဒေလီ... ခင်ဗျားက ကျွန်တော်ကို တမင် ကြောက်အောင် လုပ်လိုက်တာပဲ...’ ကလိုင်းရဲ့ နှုတ်ခမ်းထောင့်ဟာ တွန့်သွားပါတယ်။ အဲဒီနောက် သူ သံသယရှိတာကို မဖုံးကွယ်ဘဲ ချက်ချင်း မေးမြန်းပါတယ်။

“ဘုရားကျောင်းက သရုပ်ဆောင်တဲ့ နည်းလမ်းကို သိနေမှတော့ ဘာဖြစ်လို့ ညသိမ်းငှက်တိုင်းကို မပြောတာလဲ... ဒီလိုဆို ညသိမ်းငှက်တိုင်း စိတ်လွတ်တာကို မကာကွယ်နိုင်ပေမဲ့ အနည်းဆုံးတော့ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ သေချာပေါက် လျော့နည်းသွားမယ်မလား”

အကြည်သားမျက်နှာမှာ ဆုံးရှုံးတဲ့ ခံစားချက် ပေါ်လာပါတယ်။

“ငါလည်း မသိဘူး... သူတို့တွေ ပြောတာတော့ ငါ အဆင်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီး ဒါမှမဟုတ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဖြစ်လာရင် ဒီလျှို့ဝှက်ချက်ကို သိနိုင်လိမ့်မယ်တဲ့... ငါ ဒီနေ့ လာတာက နင် အထူးလျှောက်လွှာ မတင်ခင် ဒန်းစမစ်ကို သရုပ်ဆောင်တဲ့ နည်းလမ်းအကြောင်း ရှင်းရှင်းလင်းလင်း ပြောပြစေချင်လို့ပဲ”

ကလိုင်းဟာ ဒေလီက သူ့ဘာသာ မလုပ်ဘဲ ဘာလို့ သူ့ကို ခိုင်းရတာလဲလို့ မေးတဲ့အထိ မတုံးသေးပါဘူး။ အဲဒါကြောင့်...။

“ဘုရားကျောင်းက သတိထားမိသွားရင် သရုပ်ဆောင်တဲ့ နည်းလမ်းကို တခြားလူ မပြောရဘူးလို့ ကျိန်ရလို့လား”

“ဟုတ်တယ်... နင် ဒါကို နတ်ဘုရားမရဲ့ သန့်စင်မွန်မြတ် ပစ္စည်းတွေရှေ့မှာ နတ်ဘုရားမရဲ့ နာမတော်နဲ့ ကျိန်ဆိုရလိမ့်မယ်... အဲဒါက လုံလောက်တဲ့ နှောင်ဖွဲ့အား ရှိတယ်... ငါပြောတာကိုယုံ... အဲဒီကျိန်တာကို ချိုးဖောက်ရင် ဘယ်လိုရလဒ် ရလဲဆိုတာ နင် သေချာပေါက် သိချင်မှာ မဟုတ်ဘူး... ငါ ဒီအကြောင်းကို သရုပ်ဆောင်တဲ့ နည်းလမ်း တတ်ထားတဲ့ နင့်လို လူတွေနဲ့ပဲ ပြောလို့ရတယ်... နင့်ကိုယ်အမူအရာက နင် ဘာမှမပြောခင် ငါ့ကို အဖြေပေးပြီးပြီ... အဲဒါကြောင့် ငါ ဒီနာမည်ကို ထုတ်ပြောရဲတာ” အကြည်သား မျက်နှာဟာ သက်ပြင်းချလိုက်ပါတယ်။

ဒေလီဟာ တစ်ခဏရပ်ပြီး ဆက်ပြောပါတယ် “ငါ အဲဒီတုန်းက သရုပ်ဆောင်တဲ့ နည်းလမ်းကို နည်းနည်းပါးပါးပဲ ဆုပ်ကိုင်မိပြီး ဆေးရည်ကို လျင်လျင်မြန်မြန် ချေဖျက်နိုင်ခဲ့တယ်... အင်း... ဘုရားကျောင်းရဲ့ အထက်လူကြီးတွေကြားထဲမှာ ဆေးရည်ကို ထိန်းချုပ်တယ်ဆိုတာထက် ချေဖျက်တယ်ဆိုတဲ့ စကားလုံးကို သုံးနှုန်းတယ်... အဲဒီတုန်းက ငါ မကျိန်ဆိုခင် သရုပ်ဆောင်တဲ့ နည်းလမ်းကို ရှင်းရှင်းလင်းလင်း နားမလည်တော့ ဒန်းစမစ်နဲ့ တခြားလူတွေ နားလည်အောင် ရှင်းမပြနိုင်ခဲ့ဘူး”

“ငါ ဒီကိစ္စကို လက်လျှော့ထားတာ ကြာပြီ... နင့်လိုမျိုး အထူးလျှောက်လွှာမတင်ခင် သရုပ်ဆောင်တဲ့ နည်းလမ်းကို ကောင်းကောင်းကြီး နားလည်တဲ့လူနဲ့ တွေ့ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး... နင်က တကယ့်ကို ပါရမီရှင်ပဲ”

‘မဒမ်က ကျွန်တော်ကို အဲဒီလို မြင်တာလား...’ ကလိုင်းရဲ့ ပါးစပ်ထောင့်ဟာ တွန့်တက်သွားပြီး လေးလေးနက်နက် ကတိပေးလိုက်ပါတယ်။

“ကျွန်တော် ပထမတော့ သရုပ်ဆောင်တဲ့ နည်းလမ်းကို အထူးလျှောက်လွှာကနေ တစ်ဆင့် ကပ္ပတိန်ကို သတိပေးဖို့ လုပ်ထားတာ... အခု မဒမ်ရဲ့ ရှင်းပြချက်ကို ကြားရတော့ ကျွန်တော် စိုးရိမ်စရာ မလိုတော့ဘူး”

“ကောင်းတယ်... နင်က သဘောထားကြီးတဲ့ ကောင်လေးပဲ” ဒေလီရဲ့ အသံဟာ ပြေလျော့သွားပါတယ်။

‘မဒမ်... မဒမ်က ကျွန်တော်ထက် ၂ နှစ် ၃ နှစ်ပဲ ကြီးတာနော်...’ ကလိုင်းဟာ စိတ်ထဲမှာ စောဒက တက်လိုက်ပါတယ်။

သူ ဘာမှ ဆက်မပြောခင်မှာပဲ အကြည်သား မျက်နှာက ဆက်ပြောပါတယ် “နင့်မှာ ပြဿနာ တစ်ခုခု ရှိရင် ဒါမှမဟုတ် အကူအညီ တစ်ခုခုလိုရင် ငါ့ဆီ စာရေးလို့ရတယ်... ငါ ဂိုဏ်းအုပ် ဘုန်းတော်ကြီး ဒါမှမဟုတ် အဆင့်မြင့် ဂိုဏ်းထောက် ဘုန်းတော်ကြီး ဖြစ်လာတာကို စောင့်နေ... အဲဒီကျရင် ဘုရားကျောင်းက သရုပ်ဆောင်တဲ့ နည်းလမ်းကို ဘာဖြစ်လို့ လျှို့ဝှက်ထားလဲဆိုတာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ငါ နင့်ကို အရိပ်အမြွက် ပြောပြမယ်”

ကလိုင်းဟာ ရုတ်တရက်ဆိုသလို တက်ကြွသွားပြီး တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ မေးလိုက်ပါတယ် “မဒမ်... မဒမ်ရဲ့ လိပ်စာ ပေးဦးလေ”

သူ့အတွက်က အကူအညီ ပိုရလေလေ ပိုကောင်းလေလေပါပဲ။ နောက်ပြီး ဒေလီက အင်အားကြီးတဲ့ နတ်ဝင်သည် မဟုတ်ပါလား။

ကလိုင်းက သူ့အကြံကို လက်ခံတဲ့အတွက် ဒေလီဟာ တစ်ခဏ တိတ်ဆိတ်သွားပြီး ရယ်ပါတယ်။

“ငါတို့ရဲ့ ဆက်သွယ်မှုက စာတိုက်ကို ဖြတ်သွားလို့ မဖြစ်ဘူး... သာမန်အတိုင်း စာရေးပြီး ဆက်သွယ်တာက အန္တရာယ်များတယ်”

“ငါ နင့်ကို ရိုးရှင်းလွယ်ကူတဲ့ အစီအရင်မှော်တစ်ခု သင်ပေးမယ်... နင် အဲဒီအစီအရင်မှော် သုံးပြီး နင့်ကိုယ်ပိုင် ထူးခြားစိတ်ဝိညာဉ်ကို ဆင့်ခေါ်ချည်... နင့်စာကို သူကနေတစ်ဆင့် ငါ့ဆီ ပေးခိုင်း... ကြေးနန်းထက် ပိုမမြန်ပေမဲ့ ရေးနွေးငွေ့ မီးရထားထက်တော့ ပိုမြန်တယ်... နင် နေ့လည်ခင်းက စာပို့ရင် ဘက်ကလင် ညပိုင်းလောက်ဆို နင့်စာကို ငါ ရလိမ့်မယ်”

ကလိုင်းဟာ သူမပြောတာကို အာရုံစိုက်ပြီး နားထောင်ပါတယ်။ အဲဒီနောက် သူဟာ အသာ ခေါင်းညိတ်ပြီး...။

“တော်တော် အသုံဝင်းတဲ့ အစီအရင်မှော်ပဲ”

ဒေလီဟာ တစ်ချက် ရယ်ပါတယ်။

“ဒီအစီအရင်မှော်ရဲ့ ထူးခြားမှုက ကိုယ့်ကိုယ်ကိုယ် ပြန်ဆုတောင်းတာပဲ... နတ်ဘုရားကို မဖြတ်ဘဲ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကနေပြီးတော့ စွမ်းအားရတာ... အဲဒါကြောင့် တော်တော်လေး သိုဝှက်တယ်... ဒါပေမဲ့ သိပ်ပြီးတော့ စွမ်းအားမကြီးဘူး”

“... ပထမဆုံး သက်ဆိုင်တဲ့ နယ်ပယ်က ဆေးပင်တွေနဲ့ အဆီတွေကို ရွေးချယ်ရမယ်... သာမန် အစီအရင်မှော်နဲ့ အတူတူပဲ... ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြုတဲ့ ဖယောင်းတိုင် တစ်တိုင်ပဲ လိုတယ်... ပြီးရင် မန္တန်... မန္တန်မှာ သုံးပိုင်း ရှိတယ်...ပထမတစ်ပိုင်းက ‘ငါ’... ‘ငါ’ ဆိုတာကို ရှေးဟောင်း ဟာမီး၊ ဂျိုဒင်၊ နဂါးဘာသာစကား၊ နတ်သူငယ် ဘာသာစကား... ကြိုက်တဲ့ ဘာသာစကား တစ်ခုနဲ့ ရွတ်ဆိုလို့ရတယ်... ဒုတိယအပိုင်းက ‘ငါ့နာမနဲ့ ဆင့်ဆိုတယ်’... ဒီအပိုင်းကိုကျတော့ ဟာမီးနဲ့ ပြောလို့ရတယ်... တတိယအပိုင်းက ဆင့်ခေါ်တဲ့အရာရဲ့ ပုံပန်းသဏ္ဌာန်ပဲ... ဥပမာ ဒေလီဆမွန် ပိုင်ဆိုင်တဲ့ လူသားရဲ့ အမိန့်ကို နာခံတဲ့ အဆင့်မြင့် ဒိုင်မင်းရှင်းက လှည့်လည်သွားလာနေတဲ့ စိတ်ဝိညာဉ်”

‘အဆင့်မြင့် ဒိုင်မင်းရှင်း... ဂမ္ဘီရနယ်ပယ်မှာ ဒါက စိတ်ဝိညာဉ်လောကကို ရည်ညွှန်းတာပဲ...’ ကလိုင်းဟာ အစီအရင်ရဲ့ လုပ်ငန်းစဉ်ကို စိစစ်သုံးသပ်ရင်း ခေါင်းထဲမှာ အလွတ်မှတ်ပါတယ်။

ဒီအပိုင်းမှာ သူက ပညာရှင်လို့ ယူဆလို့ ရပါတယ်။

‘ဒီအစီအရင်မှော်ရဲ့ အကျိုးကျေးဇူးက နတ်ဘုရား မလိုဘဲ ကိုယ့်စွမ်းအားပေါ် မှီတည်ထားတာမလို့ နတ်ဘုရားတစ်ပါးရဲ့ နယ်ပယ်က ကန့်သတ်ချက်တွေ မပါဘဲ မှော်ဆန်တဲ့ အကျိုးကျေးဇူးတွေကို ရနိုင်တယ်... ပြဿနာက စီရင်တဲ့လူရဲ့ အင်အားပဲ... အားနည်းတဲ့လူ စီရင်ရင် အားနည်းတဲ့ ရလဒ်ရပြီး အားကြီးတဲ့လူ စီရင်မှ အားကောင်းတဲ့ ရလဒ်ကို ရမှာ...’

ကလိုင်းဟာ သူ့လက်ရှိ ဆုံမှတ်နဲ့ ဘယ်တော့မှ ထိတွေ့ဖို့ မဖြစ်နိုင်တဲ့ ဂမ္ဘီရအသိပညာကို ရလိုက်တယ်လို့ ခံစားလိုက်ရပါတယ်။

ဒေလီဟာ အသေးစိတ် သုံးလေးခါ ထပ်ပြောပြီးနောက် လေးလေးနက်နက် သတိပေးပါတယ်။

“ဆင့်ခေါ်တဲ့အရာရဲ့ ဖော်ပြချက်ကို မပြောင်းနဲ့... မဟုတ်ရင် အစီအရင်က ကြောက်စရာကောင်းတဲ့ မွန်းစတားကို ဆွဲဆောင်မိလိမ့်မယ်”

“ဟုတ်ကဲ့ပါ” ကလိုင်းဟာ ရိုးရိုးသားသား ခေါင်းညိတ်ပါတယ်။

တစ်ချိန်တည်းမှာပဲ သူဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။

‘ငါ ဆင့်ခေါ်တဲ့အရာရဲ့ အကြောင်းအရာကို ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး၊ မီးခိုးရောင် မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူ၊ ကံကောင်းမှုကို ပိုင်စိုးတဲ့ ဝါနက်ရောင် ဘုရင်လို့ ပြောင်းလိုက်ရင် ဘာကို ဆင့်ခေါ်မိမလဲ’

‘အစီအရင်က အသုံးမဝင် ဖြစ်သွားမလား... ဒါမှမဟုတ် မီးခိုးရောင်မြူခိုး ပေါ်လာမလား... ဒါမှမဟုတ် ငါက ဆန်းကြယ်လောကဆီ သွားပြီး တုံ့ပြန်ပေးဖို့ လိုမလား...’

‘ဒီဟာက ငါ ဆန်းကြယ်လောကရဲ့ စွမ်းအားကို ပိုပြီးတော့ ဆုပ်ကိုင်နိုင်အောင် ကူညီပေးနိုင်မလား...’

‘ကြောက်စရာကောင်းတဲ့ ကွင်းဆက် သက်ရောက်မှု ဖြစ်နိုင်လား...’

မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်နဲ့ စမ်းသပ်မှု လုပ်ပြီးနောက် ကလိုင်းဟာ ခဲမှန်ဖူးတဲ့ စာသူငယ်လိုပါပဲ။ ခဲထပ်မှန်မှာကို ကြောက်နေပါတယ်။ နောက်ဆုံးမှာတော့ သူဟာ မီးခိုးရောင်မြူခိုးထက်မှာ တွက်ချက်ပြီး သူ့အကြံကို ကြိုးစားသင့်လား မကြိုးစားသင့်ဘူးလား ဆိုတာ ဆုံးဖြတ်ဖို့ စီစဉ်လိုက်ပါတယ်။

သူဟာ ချင့်ချိန်စဉ်းစားပြီးနောက် စိတ်ဝင်စားမှုအရ မေးလိုက်ပါတယ်။

“မဒမ်... သာလွန်သူတစ်ယောက်က သရုပ်ဆောင်တဲ့ နည်းလမ်းကို သေသေချာချာ လေ့ကျင့်မယ်ဆိုရင် ဆုံမှတ် ၈ ကနေ ဆုံမှတ် ၇ ရောက်ဖို့ ဘယ်လောက်ကြာလဲ... ဆုံမှတ် ၇ ကနေ ဆုံမှတ် ၆ ရောက်ဖို့ ဘယ်လောက်ကြာလဲ”

“ငါ ဖတ်ထားတဲ့ သတင်း အချက်အလက်အရ ဆိုရင် ဆုံမှတ် ၈ ကနေ ဆုံမှတ် ၇ ကိုရောက်ဖို့ သုံးလကနေ ၂ နှစ်အထိ ကြာနိုင်တယ်... သရုပ်ဆောင်စဉ်အတွင်းမှာ အဓိကစိတ်ဝိညာဉ်နဲ့ သက်ဆိုင်တဲ့ ဥပဒေသတွေကို ဆုပ်ကိုင်နိုင်လားဆိုတာ အပေါ် မူတည်တယ်... ဆုံမှတ် ၇ ကနေ ဆုံမှတ် ၆ အတွက်ကတော့ နှစ်ဝက်ကနေ ၃ နှစ်အထိ ကြာနိုင်တယ်... ဆုံမှတ် ၆ ကနေ ဆုံမှတ် ၅ ထိကလည်း နှစ်ဝက်ကနေ ၃ နှစ်အထိ ကြာနိုင်တယ်... ဆုံမှတ် ၅ ကနေ ဆုံမှတ် ၄ ကတော့ ၃ နှစ်ကနေ နှစ် ၂၀ ထိ ကြာနိုင်တယ်...” ဒေလီဟာ အကြမ်းဖျင်း ပြောပါတယ်။

ကလိုင်းဟာ ရုတ်တရက် ပြုံးလိုက်ပါတယ်။

“အဲဒါဆို မဒမ်က ဆုံမှတ် ၆ ကို ရောက်နေပြီလား”

သူဟာ ဒန်းစမစ်ဆီကနေ ဒေလီက ဆုံမှတ် ၉ အလောင်းကောက်သမားကနေ ဆုံမှတ် ၈ ဒွန်းစဏ္ဍားဆီ ရောက်ဖို့ တစ်နှစ်ကြာခဲ့တယ်လို့ ကြားထားပါတယ်။ ဒွန်းစဏ္ဍားကနေ ဆုံမှတ် ၇ နတ်ဝင်သည်ဆီ ရောက်ဖို့တော့ ဒေလီဟာ နောက်ထပ် တစ်နှစ်ပဲ ကြာခဲ့ပါတယ်။ သူမ သာလွန်သူဖြစ်တာက ၅ နှစ် ရှိသွားပြီဆိုတော့ နတ်ဝင်သည် ဖြစ်နေတာက သုံးနှစ်လောက် ရှိသွားပါပြီ။

“ဟုတ်တယ်... အဲဒီအကြောင်းကြောင့်ပဲ ငါ ဘက်ကလင်ဆီ အပို့ခံရတာ...” အကြည်သား မျက်နှာက ပွင့်ပွင့်လင်းလင်း ဖြေပါတယ် “ငါရဲ့ လက်ရှိ အလုပ်အကိုင်က ဝိညာဉ်လမ်းပြပဲ... ဒါပေမဲ့ ငါ နတ်ဝင်သည်ဆိုတဲ့ နာမည်ကို ပိုကြိုက်တယ်... အင်း တော်ပြီ... ဒီကောင်လေး ပင်ပန်းလာပြီ... ငါ သွားရတော့မယ်... ဒီလို အခြေအနေမျိုးမှာ နတ်ဘုရားမ ကောင်းချီးပေးပါစေလို့ ငါ မပြောတော့ဘူး”

“အိပ်မက်လှလှ မက်ပါစေ” ကလိုင်း ရင်ဘက်ပေါ် လက်တင်ပြီး အပြုံးနဲ့ ဦးညွှတ်ပါတယ်။

“မဟုတ်ဘူး... ဒီနေ့ည အိပ်မက်လှလှ မက်မှာ မဟုတ်ဘူး... ငါ ဘက်ကလင်ဆီ ပြန်သွားဖို့ လိုတယ်... ဒါက ပျော်ဖို့ကောင်းတဲ့ အတွေ့အကြုံတော့ မဟုတ်ဘူး... ကိုယ်မကြိုက်တဲ့လူနဲ့ ရည်စား လုပ်နေရသလိုပဲ...” ဒေလီရဲ့ အသံဟာ တဖြည်းဖြည်း တိုးသွားပြီး ပါးစပ်ပဲပါတဲ့ အကြည်သား မျက်နှာဟာ သဲလွန်စတစ်စ မချန်ဘဲ နံရံထဲ ပြန်ဝင်သွားပါတယ်။

ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်ဟာ ပိုပိုပြီးတော့ တောက်ပလာပြီး မှောင်မိုက်မှုဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။

စိတ်ဝိညာဉ်အာရုံကို တစ်ချိန်လုံး ဖွင့်ထားတဲ့ ကလိုင်းဟာ ဒီပြောင်းလဲမှုတွေကို ငေးပြီးတော့ ကြည့်နေပါတယ်။ အတော်အတန်ကြာမှ သူဟာ သတိပြန်ဝင်လာပါတယ်။

“နတ်ဝင်သည်... မဟုတ်ဘူး... ဝိညာဉ်လမ်းပြက တော်တော် အထင်ကြီးဖို့ကောင်းတယ်... တမန်ကို တကယ်ကြီး ပင့်ဖိတ်နိုင်တယ်... ငါ့ရဲ့ ဆုံမှတ် ၇ နဲ့ ဆုံမှတ် ၆ က ဘယ်လို ထူးခြားတဲ့အစွမ်းတွေ ရှိမလဲ မသိဘူး” ကလိုင်းဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

အဲဒီနောက် သူဟာ စိတ်ဝိညာဉ်တံတိုင်းကို ဖျက်ပြီး ဓာတ်ငွေ့မီးအိမ်ကို ပိတ်ကာ အမှောင်ထုထဲမှာ အိပ်ရာထက် လဲလျောင်းလိုက်ပါတယ်။

သူဟာ ဒီညမှာ မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကဆီသွားဖို့ အစီအစဉ် မရှိပါဘူး။ မဒမ်ဒေလီက ရုတ်တရက် ပြန်လာပြီး ဒန်းစမစ်ရဲ့ လက်သုံးစကား ‘အင်း... ငါ တစ်ခု မေ့သွားတယ်’ ဆိုတာကို သုံးမှာစိုးလို့ပါ။

‘အဲဒီလိုသာဖြစ်ရင် ငါ သူ့ကို သေခြင်းတရားနဲ့တောင် နှုတ်ပိတ်လို့ရမှာ မဟုတ်ဘူး’

...

နောက်နေ့ မနက်ခင်းမှာတော့ ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီကို သုံးမိနစ်စောပြီး ရောက်သွားပါတယ်။

“မင်္ဂလာ မနက်ခင်းပါ ကလိုင်း... ဝန်ထမ်းသစ် ရောက်လာတယ်” ရိုဇန်းက အပြုံးနဲ့ ဆီးကြို နှုတ်ဆက်ပါတယ်။

ကလိုင်းဟာ သူမအတွက် မုဒိတာ ပွားပေးလိုက်ပါတယ်။

“ဝမ်းသာပါတယ် ရိုဇန်း... အရှင်မက မင်းရဲ့ ဆုတောင်းသံကို ကြားသွားတာ ဖြစ်မယ်”

“ကျွန်မရဲ့ အသားအရေက ပြီးပြည့်စုံတဲ့ အခြေအနေကို ပြန်ရောက်တော့မယ်” ရိုဇန်းဟာ ခေါင်းညိတ်ပြီး ဝမ်းသာအားရ ပြောပါတယ်။

တစ်ခဏ စကားပြောပြီးနောက် ကလိုင်းဟာ အခန်းခွဲထားတဲ့ အပိုင်းကို ဖြတ်လျှောက်ကာ ကပ္ပတိန်ရဲ့ ရုံးခန်းတံခါးကို ခေါက်လိုက်ပါတယ်။

“ဝင်ခဲ့လေ” ဒန်းစမစ်ရဲ့ အသံ ထွက်ပေါ်လာပါတယ်။

ကလိုင်းဟာ တံခါး တွန်းဖွင့်ပြီး အခန်းထဲ ဝင်လိုက်တဲ့အခါ ကပ္ပတိန်က ပင်ကိုယ်သိစိတ်အရ မတ်မတ်ထိုင်ပြီး သူ့မီးခိုးရောင် မျက်လုံးတွေက အနက်ရောင် ပြောင်းသွားတာ တွေ့လိုက်ရပါတယ်။ ပြဿနာအတွက် အဆင်သင့် ပြင်ထားသလိုပါပဲ။

“အဟမ်း...”

ကလိုင်းဟာ လည်ချောင်းရှင်းပြီး ဦးထုပ်နဲ့ လက်ကိုင်တုတ်ကို ဘေးချကာ ထိုင်ခုံမှာ ဝင်ထိုင်ပါတယ်။

“ကပ္ပတိန်... ကျွန်တော် အစီရင်ခံစရာတစ်ခု ရှိတယ်”

“ဘာလဲ...” ဒန်းစမစ်ဟာ လက်ပိုက်ပြီး အသံနက်နဲ့ မေးပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters