← Chapters

ဝိညာဉ်သားရဲများဝိုင်းလာခြင်း

Vol. 107 Ch. 1485

ဝိညာဉ်သားရဲများဝိုင်းလာခြင်း

Vol. 107 Ch. 1485

ရှီယူ၏ မျက်လုံးများပြူးကျယ်လာသည်။ “ဒါဆိုရင် သူတို့က နင့်ကိုသတ် ချင်တာသိရဲ့သားနဲ့ ဘာလို့သဘောတူလိုက်တာလဲ”

“အချိန်ရောက်ရင် ဘယ်သူသေမလဲ ဘယ်သူရှင်မလဲမသိနိုင်ဘူးလေ” ရှီမာယူယူသည် အမှုမထားသလို ပခုံးတွန့်ကာ ရှေ့သို့ဆက်လျှောက်သွားလေ သည်။

ရှီယူသည် သူမနောက်လိုက်သွားရာ ရုတ်တရက် အလင်းပေါက်သွားကာ ပြောလေသည် “အဲတော့ နင်လည်း အဲဒါကိုစဉ်းစားနေတာလား”

“ငါမဟုတ်ဘူး သူတို့လေ” ရှီမာယူယူ မဲ့ပြုံးပြုံးလိုက်သည် “သူတို့ ဘာမှ မလုပ်ရင် ငါလည်းမလုပ်ဘူး၊ သူတို့လုပ်ရင်တော့ စဉ်းတီတုံးပေါ်က အသားတုံး လိုမျိုး တော်တောက်စင်းခံမှာမဟုတ်ဘူး”

“ကျွတ် နင် သူတို့နဲ့ရှင်းမယ်လို့တော့ ထင်လိုက်သားပဲ” ရှီယူသည် ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည် “သူတို့မျက်လုံးတွေကိုကြည့်လိုက်ဦး”

ရှီမာယူယူသည် ပြုံးလိုက်သော်လည်း ပြန်မဖြေပေ။

သူတို့သည် သွေးထွက်သံယိုမဖြစ်စေချင်ဟု ပြောလျှင် မှားသွားလိမ့်မည်။ အကြောင်းမှာ သူတို့သည် သူမကို လူသတ်မည့်အကြည့်များဖြင့် ကြည့်နေခြင်း ကြောင့်ပင်။ ထိုသို့အကျင့်ရှိသူမည်သူမဆို တခြားသူကိုသတ်ရန် တစ်ချိန်လုံး စဉ်းစားနေပေမည်။

ပြီးတော့ အဲလူတွေက သူမလူကိုလာပြီး တမ်တရဲသေးတယ်။ သူတို့က အသက်ရှင်ရတာ ငြီးငွေ့နေပြီပဲ။

“ဒါဆိုရင် ငါ့ကိုပါခေါ်သွာပေး ငါနင့်ကို ကာကွယ်ပေးမယ်” ရှီယူ ပြော လိုက်သည်။

“နင် ငါနဲ့လိုက်ရင် အရှုပ်တွေမလုပ်ဖူးဆိုတာ သေချာရဲ့လား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါက အရှုပ်တွေလုပ်တဲ့လူနဲ့တူနေလို့လား”

“ဟုတ်တယ်”

“….”

နောက်တစ်နေ့တွင် ဝူလင်းယူကို လာရှာသည့် ပညာရှိစံအိမ်တော်မှ လူများနှင့်အတူ ရှီယူရောက်လာသည်။

သူထွက်မသွားခင်တွင် သူမကို ပြောခဲ့သည်။ “မင်းလုပ်ချင်တာသာ လုပ် လိုက်၊ အဆင်ပြေတယ်”

“အစ်ကို ဘာလုပ်လိုက်တာလဲ”

“တကယ်တော့ ဘာမှမလုပ်ပါဘူး မင်းနဲ့ပဲထားခဲ့တော့မလို့စဉ်းစားနေ တာ”

“ဟုတ်လား” ရှီမာယူယူသည် ငေးငိုင်သွားပြီး ချက်ချင်းပင်တုံ့ပြန်လိုက် ကာ သူပြောသည့်အကြောင်းအရာကို မေးလိုက်သည် “အဲလိုလုပ်လို့ရလား”

“မင်းမလုပ်နိုင်တာ ဘာရှိဦးမှာလဲ၊ အဲဒါကလည်း မင်းကိုအရမ်းသဘော ကျနေတာပဲလေ” ဝူလင်းယူပြောလိုက်သည် “အထဲမှာဘာရှိလဲတော့ ကိုယ် လည်းမသေချာဘူး အဲဒါရှိရင်တော့ ကိုယ်စိတ်ချပါတယ်”

“အင်း ဟုတ်ပါပြီ” ရှီမာယူယူ မငြင်းဆန်လိုက်ပေ။ သူမအတွက် ပထမ ဆုံးအကြိမ်ဝင်သွားခြင်းဖြစ်သဖြင့် ထိုအရာသူမနှင့်အတူပါလာလျှင် ပိုလုံခြုံစေ လိမ့်မည်။

ဝူလင်းယူထွက်သွားကာ ရှီမာယူယူသည် ရှီယူကိုခေါ်ကာ ယန်းရှီတို့ကို သွားရှာလိုက်သည်။ သူတို့သည် လမ်းတစ်ဝက်အရောက်တွင် တွေ့ကြလေ သည်။

“ရှင်တို့တွေ နောက်ဆုံးတော့ ရောက်လာကြပြီလား စောင့်နေတာ နည်းနည်းကြာနေပြီ” လီယောင်သည် ပြုံးပြီးပြောလေသည်။

“နိုးတာနောက်ကျသွားလို့ပါ စောင့်နေတာကြာပြီလား” ရှီမာယူယူသည် ကြုံရာဆင်ခြေတစ်ခုပေးလိုက်သည်

အိပ်ရာထနောက်ကျတယ်ဟုတ်လား

သူတို့သုံးယောက်သည် နှုတ်ခမ်းများ တွန့်ကွေးလိုက်ကြသည်။ သူမ တခြားကောင်းတဲ့ ဆင်ခြေမရှာနိုင်ဘူးလား။ ဝိညာဉ်သခင်က အိပ်ရာထ နောက်ကျတတ်လို့လား

သူတို့သည် စိတ်ထဲတွင် မီးတောက်နေသော်လည်း ပြုံးပြီးပြောလေသည် “သိပ်မကြာသေးပါဘူး၊ ရှင်တို့နှစ်ယောက်တည်းလား၊ မြင့်မြတ်သောသားတော် ရော အတူလိုက်မှာလား”

“အိုး သူလား သူက ကိစ္စလေးရှိလို့ ပညာရှိစံအိမ်တော်ကိုပြန်သွားပြီ” ရှီမာယူယူ ပြောလိုက်သည်။

လီယောင်၏ စိတ်မှာ စိတ်ပျက်သွားသည်လား ပျော်သွားသည်လားကို တော့ သူတို့မပြောနိုင်ကြပေ။ အစတော့ သူမသည် သူ့ကိုယနေ့တွေ့နိုင်မည်ဟု ထင်ထားသော်လည်း သူထွက်သွားခဲ့သည်။

ပျော်ရွှင်ရခြင်းမှာ သူမရှိလျှင် သူတို့ လုပ်ကြံမှုမှာ ပေါ်မသွားနိုင်ပေ။

“အကုန်လုံးရောက်ကြပြီဆိုတော့ သွားကြတာပေါ့” ယန်းရှီ ပြောလိုက် သည်။

“ရှင်တို့ ကိုယ်ရံတော်တွေမခေါ်တော့ဘူးလား” ရှီမာယူယူသည် သူတို့ သုံးယောက်ကို ကြည့်ပြီးမေးလိုက်သည်။

“မလိုဘူး၊ ငါတို့လည်း အပြင်ပိုင်းပဲသွားကြမှာပဲ၊ ဘာမှမဖြစ်ပါဘူး ကိုယ်ရံတော်တွေ ခေါ်ဖို့မလိုဘူး” ယန်းရှီသည် ပြောရင်းနှင့် သူတို့ကို အဓိပ္ပာယ် ပါပါဖြင့် ကြည့်လေသည်။ မြင်လား အန္တရာယ်မရှိဘူးလို့ပြောပြီးပြီလေ။ ငါ မလိမ်ဘူး။

“ဒါဆိုရင် ငါတို့ကန္တာရကိုသွားမယ်ဆိုတာ သူတို့သိကြလား” ရှီမာယူယူ မေးလိုက်သည်။

“မသိဘူး” သူတို့ လူသတ်မယ့်အကြောင်းကို လူတွေအများကြီးကို ပေးသိ လို့ဘယ်ဖြစ်မလဲ။

အထူးသဖြင့် ရင်လန်လေ။ သူသိလို့မဖြစ်ဘူး။

သူမ မေးလိုက်သည်ကို ရှီယူ၏ မျက်လုံးများလှည့်လိုက်သည် “တကယ် လို့ ငါတို့ အန္တရာယ်တစ်ခုခုဖြစ်ရင် ငါတို့ကိုလာကယ်မယ့်သူမရှိဘူးလို့ဆိုလိုတာ လား”

“ဟုတ်တယ်” ယန်းရှီ ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ ငါတို့သွားမှာဆို တော့ ဘာအန္တရာယ်ရှိနိုင်မှာလဲ ငါတို့က ကိုယ့်အသက်နဲ့ကိုယ်တော့ မကစားပါ ဘူး”

“အင်း အဲဒါကိုတော့ယုံပါတယ်” ရှီယူ ခေါင်းညိတ်လိုက်သည်။ သူတို့ အားလုံးသည် ရှီယူထက်သန်မာကြသည်။ အကယ်၍ တစ်ခုခုဖြစ်လျင် သူတို့ သည် သေချာပေါက် အမြန်ဆုံးပြေးကြလိမ့်မည်။

“ဒါဆိုလည်း သွားကြတာပေါ့” ရှီမာယူယူ တိုက်တွန်းလိုက်သည်။

ဒီ အတုအယောင် ဟန်ဆောင်ကောင်းတဲ့ မိန်းမတွေ.. သူမသည် သူတို့နှင့် အတူရှိရသည်ကိုပင် မကြိုက်လှပေ။

“ရှင်ပြောတာ ဟုတ်တယ်၊ ထပ်ကြာနေရင် မှောင်သွားလိမ့်မယ်၊ အဲအချိန် မှ ကန္တာရထဲဝင်ရင် လမ်းရှာနိုင်မှာမဟုတ်ဘူး” ရှီယူလည်း လောလိုက်သည်။

“အစတုန်းက အခြေအနေကို နည်းနည်းသိအောင်လုပ်မလို့လေ အဲလိုဆို ရင် အထဲမှာဘာတွေဖြစ်နေလဲဆိုတာ ရင်းနှီးသွားတာပေါ့၊ ရှင်တို့ ငါတို့နောက် လိုက်သင့်တယ်” ယန်းရှီသည် ပြောပြီးနောက် သားရဲပျံပင် မသုံးဘဲ ကန္တာရ ဆီသို့ ပျံသွားလေသည်။

ရှီမာယူယူသည် အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။ အကယ်၍ အကွာအဝေးမှာ မဝေးလျှင် ဝိညာဉ်စွမ်းအင်သုံးရန်မလိုပေ။ သို့သော် ဝေးသွား လျှင် သုံးရမည့်ဝိညာဉ်စွမ်းအင်ပမာဏမှာ များပြားလိမ့်မည်။

သူမသည် အားအနည်းဆုံးဖြစ်သဖြင့် သူမတွင် ဝိညာဉ်စွမ်းအား အနည်း ဆုံးဖြစ်မည်ဟု သူတို့ ထင်နေခြင်းဖြစ်မည်။ နှမြောစရာကောင်းသည်မှာ သူမ၏ ဝိညာဉ်သိုလှောင်ကန်မှာ တခြားသူများထက်ကြီးသဖြင့် သုံးရမည့်ပမာဏကို စိုးရိမ်ရန်မလိုပေ။

သူတို့သည် ကန္တာရ၏ အပြင်ပိုင်းတွင်သွားမည်ဟု ပြောခဲ့သည်။ သို့သော် သူတို့သည် ဝိညာဉ်စွမ်းအင်အသုံးပြုကာ တစ်နေကုန်နီးပါးပျံသန်းခဲ့သည်။ သူတို့သည် ညမိုးချုုပ်သည်အထိ လမ်းတစ်လျှောက်လုံးပျံသန်းလာခဲ့ပြီး နောက်ဆုံးတွင် အိုအေစစ်တွင် နားလိုက်သည်။

သူတို့ တဲများထိုးမည့်အချိန်တွင် ရှီယူသည် ရှီမာယူယူဘေးသို့ အမြန်ပြေး လာပြီး ပြောလေသည် “ယူယူ ငါတို့က ကန္တာရအစွန်အဖျားမှာပဲ ပတ်ပျံနေပြီး အထဲကိုလုံးဝမဝင်တာ သတိထားမိလား”

“အခုက ကန္တာရပတ်ပတ်လည်က အခြေအနေတွေက မသေချာဘူး၊ အဲဒါကြောင့် သူတို့မဝင်ရဲကြဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် သူတို့ဘယ်အချိန်လှုပ်ရှားကြမှာလဲ”

“သူတို့ အဲလောက်စိတ်မရှည်ဘူး၊ ဒီနေ့ဖြစ်မယ်လို့ ထင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် နည်းနည်းသတိကပ်ထားရအောင်”

“အင်း”

သူတို့တဲထိုးပြီးသည်နှင့် ယန်းရှီနှင့်တခြားသူများသည် ယနေ့ခံစားချက် များကိုလာပြောကြလေသည်။ ထို့နောက် သူတို့သည် သူမကိုစောစီးစွာနားရန် နှင့် မနက်ဖြန်မနက်ကို အမြန်သွားရမည်ဖြစ်ကြောင်းပြောခဲ့လေသည်။

ညရောက်သောအခါ ရှီယူသည် ရုတ်တရက် အပြင်မှပြေးဝင်လာကာ ပြောလေသည် “ယူယူ အဲမိန်းမသုံးယောက်မရှိတော့ဘူး၊ ပြီးတော့ ငါတို့ သားရဲ တွေအဝိုင်းခံနေရပြီ”

ရှီမာယူယူသည် အိပ်ရာပေါ်တွင် ထထိုင်ကာ ပြောလိုက်သည် “စိတ်မပူ နဲ့”

“စိတ်မပူနဲ့ဟုတ်လား” ရှီယူ အော်လေသည် “အခု အပြင်မှာ ဝိညာဉ် သားရဲတွေဘယ်လောက်များလဲ သိရဲ့လား”

“တစ်ထောင်လောက်ပဲရှိတာမဟုတ်ဘူးလား ရပါတယ်”

ရှီယူသည် တည်ငြိမ်လွန်းသော ရှီမာယူယူကိုကြည့်ပြီး နှုတ်ခမ်းတွန့်မိ သည်။

အကောင်ရေ တစ်ထောင်က နည်းနေတာလား။

“စိတ်ချပါ အဲဒီဝိညာဉ်သားရဲတွေ ဝင်မလာနိုင်ကြဘူး” ရှီမာယူယူသည် တည်ငြိမ်စွာပြောလေသည်။

“အဲလောက် ယုံကြည်ချက်ရှိနေတာလား”

“ငါ့ကိုမယုံဘူးလား ဒါဆိုလည်း လိုက်ခဲ့” ရှီမာယူယူသည် ဖိနပ်စီးကာ သူမကို တဲအပြင်သို့ခေါ်သွားလိုက်သည်။

ရှီယူထွက်လာရာ ဝိညာဉ်သားရဲများ သူတို့ဆီသို့ ပြေးလာသည်ကို မြင် လိုက်ရသည်။ သို့သော် သူတို့ အိုအေစစ်ဆီသို့ခြေလှမ်းလိုက်တိုင်း အိုအေစစ် အပေါ်တွင် အပြာရောင်လှိုင်းဂယက်များထသွားသည်။

“အဲဒါအတားအဆီးလား”

“ဟုတ်တယ်”

“အတားအဆီးက တိုက်ခိုက်မှုကိုဘယ်လောက်ခံနိုင်မှာလဲ” ရှီယူသည် ယုံကြည်ချက်မရှိလှပေ။

“သူတို့ မတိုက်ခိုက်နိုင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်လား”

“စောင့်ကြည့်နေလိုက်”

ရှီယူသည် သူတို့တိုက်ခိုက်လျှင်ဘာလုပ်မလဲဟု တွေးရင်းနှင့် ထိုဝိညာဉ် သားရဲများကို ယုံကြည်မှုကင်းမဲ့စွာဖြင့်ကြည့်နေလိုက်သည်။ သို့သော် ရှီမာယူယူ ပြောသည့်အတိုင်းပင် ဝိညာဉ်သားရဲများလုပ်လိမ့်မည်ဟု သူမ ထင် မထားပေ။ သူတို့သည် အတားအဆီးကိုပတ်လျှောက်ပြီး ထွက်သွားလေသည်။

တစ်ကောင် နှစ်ကောင်ဆိုလျှင် သူမ အံ့ဩမည်မဟုတ်ပေ။ သို့သော် အကောင်ရေတစ်ထောင်လုံးသည် ထိုအတိုင်းပင်။ သူမသည် ပါးစပ်မပိတ်နိုင် လောက်အောင် အံ့ဩနေသည်။

“ဘာ… ဘာတွေဖြစ်နေတာလဲ” သူမသည် ရှီမာယူယူအား တုန်လှုပ်စွာ ဆုပ်ကိုင်လိုက်သည်။

“အဲလူတွေက ဝိညာဉ်သားရဲတွေကို ဆွဲဆောင်နိုင်မယ့်ဟာကို အိုအေစစ် ထဲထည့်ထားလို့ အဲဒီဝိညာဉ်သားရဲတွေ ရောက်လာကြတာ၊ သူတို့ကြောက်တဲ့ ရောင်ဝါရှိလို့ ဝင်မလာရဲကြတာလေ” ရှီမာယူယူ ပြောလိုက်သည်။

“ကြောက်စရာကောင်းတဲ့ ရောင်ဝါဟုတ်လား အတားအဆီးပဲ မဟုတ်ဘူး လား၊ နင့်စီနီယာအစ်ကိုရဲ့ အတားအဆီးက အပြာရောင်ဆိုတာကို မှတ်မိတယ် သူလည်း ဒီမှာရှိနေတာလား”

***

All Chapters