← Chapters

ကန္တာရအတွင်း လမ်းပျောက်ခြင်း

Vol. 107 Ch. 1486

ကန္တာရအတွင်း လမ်းပျောက်ခြင်း

Vol. 107 Ch. 1486

ဝူလင်းယူက ထွက်သွားလိုက်ပြီမဟုတ်ဘူးလား။ သူက သူတို့နောက်ကို တိတ်တိတ်လေး ဒီအထိလိုက်လာတာလား။

ရှီယူသည် ဘယ်ညာကြည့်လိုက်သည်။ သို့သော် ဝူလင်းယူ၏ အရိပ်ကို မမြင်ရပေ။

“လင်းယူမလာပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူ ငါ့ကို ဒါပေးခဲ့တာ”

“ဒီလိုဖြစ်မယ်ဆိုတာ သူ အရင်ကတည်းကသိတာလား”

“အင်း ကန္တာရထဲမှာ သူတို့လုပ်နိုင်မယ့်ဟာက ဒီနည်းလမ်းပဲရှိတာတဲ့၊ သူတို့ဉာဏ်ရည်အဆင့်လေက်နဲ့ဆိုရင် ဒီ့ထက်ကောင်းတဲ့အကြံကိုမစဉ်းစားနိုင် ဘူး၊ အဲဒါကြောင့် သူငါ့ကိုဒါပေးခဲ့တာ” ရှီမာယူယူ ရှင်းပြလေသည်။

“ဒါဆိုရင် ဝိညာဉ်သားရဲတွေ သူတို့ဘာသာပြန်သွားအောင် သူ ဘယ်လို လုပ်လိုက်တာလဲ”

“အဲဒါကသူ့အပိုင်းလေ ငါက ဒီပစ္စည်းကို ကောင်းကောင်းသုံးရုံပဲ” ရှီမာယူယူသည် နတ်ဆိုးသားရဲရောင်ဝါရှိနေသည့် အတားအဆီးအကြောင်းကို သူမကို ပြောပြရန် အစီအစဉ်မရှိပေ။ “ရှေးဟောင်းရောင်ဝါက သာမန်ဝိညာဉ် သားရဲတွေကို ထိန်းနိုင်တယ်မဟုတ်ဘူးလား”

“အာ… ဟုတ်သားပဲ ဟိုသုံးယောက်မရှိတော့ဘူး” ရှီယူသည် နောက်ဆုံး တွင် ယန်းရှီတို့ကို သတိရသွားသည် “တကယ်ပဲ ငါ သူတို့ကိုသေချာစောင့် ကြည့်ထားရဲ့သားနဲ့ ဘယ်လိုလုပ်ပျောက်သွားတာလဲ၊ သူတို့ အောင်ပွဲခံဖို့သွား လိုက်ကြတာလားမသိဘူး”

“စိတ်ချပါ သူတို့ဝေးဝေးမသွားနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“နင် သူတို့ကိုတစ်ခုခုလုပ်လိုက်လို့လား” ရှီယူသည် သူမကို မျှော်လင့် တကြီးကြည့်လေသည်။

“ကောင်းတာပဲလုပ်လိုက်တာပါ၊ သွားမယ် ဒီနေ့ညကို ဝိညာဉ်သားရဲတွေ သွားသွားလာလာလုပ်နေဦးမှာ၊ သူတို့ကိုမနှောင့်ယှက်နဲ့တော့” ရှီမာယူယူသည် ပြောပြီးသည်နှင့် လှည့်ထွက်ကာ သူမ တဲသို့ပြန်ဝင်သွားလေသည်။

“ဟူး ယူယူ လုပ်စမ်းပါ ပြောပါဦး သူတို့ကိုဘာလုပ်လိုက်တာလဲ” ရှီယူ သည် သူမနောက်လိုက်ပြီး တဲထဲဝင်လာသည်။

ရှီမာယူယူသည် အိပ်ရာပေါ်လှဲပြီး ပြောလိုက်သည် “တကယ်တော့ ဘာမှ မဟုတ်ဘူး၊ သူတို့က ငါတို့ကိုအရင်ရှာတာမလား”

“ဟုတ်တယ်လေ ဒါပေမဲ့ နင်သူတို့ကိုလုပ်လိုက်တာကို ငါ မမြင်လိုက်ပါ ဘူး” ရှီယူသည် ဖြစ်ပျက်သမျှကို တတ်နိုင်သမျှပြန်တွေးလိုက်သည်။ သို့သော် မည်သည့်အပိုင်းတွင် လွတ်သွားသည်ကို သူမ စဉ်းစားမရပေ။

သူတို့ ဒီရောက်ကတည်းက သူမက ပုံမှန်မဟုတ်တာ ဘာမှမလုပ်တဲ့ပုံပဲ လေ။ သူမက သူတို့ကိုဘာလုပ်လိုက်တာလဲ။

“ငါတို့ အချိန်တစ်ခုလောက် အနံ့မခံနိုင်တဲ့ ရနံ့တစ်မျိုးရှိတယ်၊ ဒါပေမဲ့ နာရီနည်းနည်းလောက်ကြာသွားရင် အသက်ဝင်လာတာ၊ ဇီးပင်အနံ့သင်းသင်း လေးပဲ၊ အခုအနံ့ရှုကြည့်လိုက်”

ရှီယူသည် အတတ်နိုင်ဆုံးအနံ့ရှုကြည့်ပြီး ပြောလေသည် “တကယ်ပဲ ဇီးပင်အနံ့ရှိတာပဲ၊ အခန်းထဲမှာ အရင်ကတည်းက အဆိပ်ခတ်ထားတာလို့ ပြော လိုက်တာလား”

“ဒါကတကယ့်အဆိပ်တော့မဟုတ်ဘူး၊ ဝိညာဉ်သားရဲတွေ ဒေါသအပူရှိန် ကြောင့် ဖြစ်လာတာပဲ တစ်ရက်ကြာပြီးရင်ပျောက်သွားမှာ” ရှီမာယူယူ ပြော လိုက်သည်။

ရှီယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ တိရစ္ဆာန်တွေက ဒေါသထွက်သွား ရင် အသိစိတ်ပျောက်သွားတာကို ဘယ်သူကမသိလို့လဲ။ သူတို့နဲ့ မကိုက်ညီ သရွေ့ လူတစ်ယောက်ကို အရူးလိုမျိုး တိုက်ခိုက်တော့တာပဲ။

ဒါပေမဲ့ သူတို့ကဘယ်လိုလုပ် ကိုက်ညီဖို့ဖြစ်နိုင်မှာလဲ။

အဲဒါကြောင့် ဒီကောင်မလေးက သူတို့တွေ ခုန်ချဖို့ တွင်းတူးလိုက်တာပဲ။

“နင့်ရဲ့အဲဒီပစ္စည်းက အစွမ်းထက်လို့လား၊ တကယ်လို့ ဝိညာဉ်သားရဲတွေ အားကောင်းနေရင် ဒါကအသုံးမဝင်တော့မှာ မဟုတ်ဘူးလား ”

“ငါတောင် လုပ်ပြီးသွားပြီ နင်ကအဲဒါကိုစိုးရိမ်နေတုန်းလား” ရှီမာယူယူ သည် မျက်လုံးမှိတ်လိုက်သည် “သွားသာအိပ်လိုက်စမ်းပါ မနက်ဖြန်ကျရင် ရလဒ်ကိုတွေ့ရလိမ့်မယ်”

သူမဆီမှ အဖြေများပြန်ရနိုင်မည်မဟုတ်ဆိုသည်ကို ရှီယူသိသဖြင့် သူမ တဲဆီသို့ပြန်လာပြီး နောက်နေ့ရလဒ်တွေ့ရမည့်အချိန်ထိ စောင့်နေလိုက်သည်။

ရှီမာယူယူသည် တစ်ညလုံး နှစ်ခြိုက်စွာအိပ်ပျော်သွားသည်။ သူမ အနောက်မှလှုပ်ရှားသံများကြားသောအခါ လှည့်ပြီး သူတို့ကိုပြုံးပြီးနှုတ်ဆက် လိုက်သည် “မင်္ဂလာမနက်ခင်းပါ”

“ဘယ်လိုနေလဲ” ရှီမာယူယူသည် တဲကိုသိမ်းပြီး မေးလိုက်သည်။

“ဘယ်လောက်လာလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ လတုန်းကထက်တော့ နည်းသွားတယ်” ရှီယူပြောလိုက်သည် “ဝိညာဉ်သားရဲအများစုက သိပ်မလာကြ တော့ဘူး”

“အိုအေစစ်က အနံ့ကနည်းနည်းပျောက်သွားပြီပဲ အဆိပ်ဖြေဆေးစား ထားလိုက် ပြီးတာနဲ့ ရလဒ်ကိုသွားကြည့်ကြမယ်” ရှီမာယူယူသည် သူမကို ဆေး တစ်လုံးပေးလိုက်သည်။

ရှီယူဆေးသောက်ပြီးသည်နှင့် ရှီမာယူယူသည် အမည်းလေးကို ခေါ်ထုတ် ကာ ဦးဆောင်သွားခိုင်းလိုက်သည်။ သူသည် ယန်းရှီတို့သွားလိုက်သည့် နေရာ အတိုင်း ဦးတည်သွားလေသည်။

သူတို့နှစ်ယောက်သည် ခြေရာအတိုင်းလိုက်သွားရာ မီတာရာချီအနည်း ငယ်အရောက်တွင် မိန်းကလေးသုံးယောက်၏ အလောင်းများကို တွေ့လိုက်ရ လေသည်။ သူတို့ကိုယ်ပေါ်တွင် အဝတ်များမရှိနေကာ မြင်ရသည်မှာ မကောင်း လှအောင် ဖွတ်ဖွတ်ညက်ညက်ကြေနေသည်။

“သူတို့ စော်ကားခံလိုက်ရတာလား” ရှီယူ နှုတ်ခမ်းတွန့်လိုက်သည်။

“မဟုတ်ဘူး” ရှီမာယူယူသည် အလောင်းသုံးလောင်းကို စစ်ဆေးလိုက် သည် “အဲအချိန်တုန်းက သူတို့က သေပြီးနေပြီ၊ ဝိညာဉ်သားရဲတွေက သေပြီး သားကိုစိတ်မဝင်စားဘူး”

“ဒါပေမဲ့ ဒါတော်တော်ဆိုးတဲ့ခရီးဖြစ်မှာပဲ၊ သူတို့ အိုအေစစ်ကထွက်သွား တုန်းတော့ ဒီလိုဖြစ်မယ်လို့ သေချာပေါက် ထင်ထားကြမှာမဟုတ်ဘူး” ရှီယူ သည် ကျွတ်သပ်လေသည်။

“သူတို့က စိတ်ကျေနပ်နေကြတာဖြစ်နိုင်တယ်၊ တခြားသူတွေကို လုပ်ကြံဖို့စိတ်မရှိသင့်ဘူး ဝဋ်ဆိုတာက အမြဲတမ်းလည်နေတာ၊ ဂရုမစိုက်မိရင် ကိုယ့်ဘာသာပဲ ပြန်ထိခိုက်မှာပဲ”

“အမှန်ပဲ” ရှီယူ သဘောတူလိုက်သည်။

ကမ္ဘာကြီးတွင် အကြမ်းဖက်မှုများ ပြည့်နှက်နေသော်လည်း တခြားသူကို သတ်ရန်မကြိုးစားသင့်ပေ။ သူမကိုယ်တိုင်လည်း တခြားသူများကို လက်လွတ် စပယ်ရန်မစပေ။ အသက်ရှည်ရှည်နေရန် ထိုအရာသည် မရှိမဖြစ်ပင်ဖြစ်သည်။

“သွားကြမယ်”

“သူတို့အလောင်းတွေကို ဒီမှာပဲထားသွားမှာလား”

“အင်း” ရှီမာယူယူသည် သူတို့အလောင်းများကို မထိပေ “ရက်နည်းနည်း လောက်ဒီမှာပဲပစ်ထားလိုက်မယ်၊ သိပ်မကြာခင်ကို လူတွေရောက်လာပြီး စစ် ကြည့်ကြမယ်ထင်တယ်၊ ငါတို့က ငါတို့ရှိခဲ့တယ်ဆိုတဲ့ သဲလွန်စတွေကို ဖယ် လိုက်ရုံပဲ”

“ဟုတ်ပြီ”

သူတို့သည် ခြေရာလက်ရာများအားလုံးကို ဖယ်ရှားလိုက်သည်။ သူတို့ အိုအေစစ်မှမထွက်ခင် သဲလွန်စများကို ရှင်းလင်းခဲ့သည်ကိုပါ ထပ်ပေါင်းလိုက် လျှင် ယန်းရှီတို့၏ အလောင်းများကို တခြားသူများတွေ့လျှင်တောင် သူတို့နှင့် ဆက်စပ်မိမည်မဟုတ်ပေ။

ယန်းရှီ၊ လီယောင်၊ ဖန်ချီ သူတို့သုံးယောက်သည် သူတို့၏ မျိုးနွယ်၏ လူငယ်မျိုးဆက်တွင် အရည်အချင်းရှိ ပါရမီရှင်များဖြစ်ကြသည်။ ထို့ကြောင့် သူတို့သေသွားလျှင် မျိုးနွယ်များသည် သေချာပေါက် သိကြမည်ဖြစ်သည်။

“ယန်အာကို ဘယ်သူသတ်တာလဲ” ယန်းရှီ၏ ဖခင်ဖြစ်သူ ယန်းဂေါင်မင် သည် သတင်းရပြီးမေ့လဲမလိုပင်ဖြစ်သွားသည်။

“သခင်ကြီး စိတ်အေးအေးထားပါ အရင်ဆုံး အဖေ့ကိုသွားရှာမယ် သူက ယန်းအာရဲ့ခန္ဓာကိုယ်မှာ ဝိညာဉ်ပုံတူထားထားတယ်” ယန်းရှီ၏ မိခင်ဖြစ်သူ သူ့ကို သတိပေးလိုက်သည်။

“ဟုတ်သားပဲ အဖေ့ကိုသွားရှာကြမယ်” ယန်းဂေါင်မင်သည် အလော တကြီးပင် ဖခင်ဖြစ်သူ၏ ခြံဝန်းသို့ပြေးသွားလိုက်သည်။

“အဖေ ယန်းအာက တကယ်ပဲ…”

“ငါ့ဝိညာဉ်ပုံတူက ပျောက်ကွယ်သွားပြီ သူမ တကယ်ဆုံးသွားပြီ” ယန်းဝေသည်လည်း ဒေါသထွက်နေသည်။

“အဖေ ယန်းအာရဲ့ ကိုယ်မှာ ဝိညာဉ်ပုံတူထားထားတယ်မလား ဘာလို့ သူမကို မကာကွယ်နိုင်လိုက်တာလဲ”

“သူတို့ ဘာလို့ခွင့်ပြုချက်မရှိဘဲ ကန္တာရထဲဝင်သွားတာလဲကို ငါမသိဘူး၊ သူမနဲ့ တခြားမိန်းကလေးနှစ်ယောက်က အဆုံးမရှိတဲ့ကန္တာရထဲမှာ ဝိညာဉ် သားရဲ ရာချီဝိုင်းတာခံရတာကိုပဲ မြင်လိုက်ရတယ်”

“တာ့ကဂန် ကန္တာရဟုတ်လား၊ သူမ အဲဒီကိုဿွားမှတော့ မျိုးနွယ်ဝင်တွေ ကဘာလို့နောက်ကလိုက်မသွားတာလဲ၊ မဖြစ်ဘူး ကျွန်မသွားကြည့်ရမယ်” ယန်းရှီ၏ မိခင်သည် ပြောရင်းနှင့် ပြေးထွက်သွားလေသည်။

“ငါလည်းလိုက်မယ်”

“အတူသွားမယ်၊ ရှေးဟောင်းသတ္တုတွင်းက ဘယ်လိုပုံလဲဆိုတာကိုလည်း ကြည့်ရတာပေါ့”

တစ်ချိန်တည်းမှာပင် ဖန်နှင့် လီမျိုးနွယ်ဝင်များသည် သူတို့ သေရသည့် အကြောင်းအရင်းကို ရှာဖွေရန် အလောတကြီးရောက်လာကြသည်။

ရှီမာယူယူနှင့် ရှီယူတို့သည် သေဆုံးသွားသော မိန်းကလေးသုံးယောက်၏ မျိုးနွယ်သုံးခုသည် အရှုပ်အထွေးများသယ်ဆောင်လာလိမ့်မည်ဟု ထင်မထား ပေ။

တစ်ရက်နှင့်တစ်ည ပျံသန်းပြီးနောက်တွင် မိန်းကလေးနှစ်ဦးနှင့် ခွေး တစ်ကောင်သည် ကျယ်ပြန့်သော ပတ်ပတ်လည်မှကန္တာရကို ငေးငိုင်စွာ ကြည့် နေမိသည်။

“ငါတို့ လမ်းပျောက်နေပြီ” ရှီယူသည် ရှီမာယူယူကို ကြည့်လိုက်သည်။

သူတို့နှစ်ယောက်သည် ဝင်လာစဉ်က စနောက်ပြီး ရယ်မောနေခဲ့သည်။ အခုချိန်တွင် ပြုံးပင်မပြုံးနိုင်တော့ပေ။

သူတို့တကယ်ပဲ ဒီကန္တာရထဲမှာ လမ်းပျောက်သွားရင်တော့ တကယ်ပဲ အန္တရာယ်ရှိတဲ့ အခြေအနေပဲ။

ရှီမာယူယူသည် သူမပတ်ပတ်လည်အားကြည့်ပြီး နောက်ဆုံးတွင် သက်ပြင်းချကာ ပြောလိုက်သည် “ငါတို့ ဒီဘက်ကိုလာတာ သေချာနေတာပဲ၊ ဒါပေမဲ့ တကယ်ပဲလမ်းပျောက်သွားပြီ”

“ဒါဆိုရင် ရှေးဟောင်းသတ္တုတွင်းနဲ့ နီးသွားတာတော့ မဟုတ်လောက်ပါ ဘူးနော်” ရှီယူ မေးလိုက်သည်။

***

All Chapters