ထူးဆန်းသောကန္တာရ
Vol. 107 Ch. 1487
ထိုမေးခွန်းနှင့်ပတ်သတ်ပြီး ရှီမာယူယူအတွက် ပြန်ဖြေရန် လက်ရှိတွင် အဖြေမရှိသေးပေ။
“တကယ်ထူးဆန်းတာပဲ၊ ငါတို့သေချာပေါက် ဒီဘက်ကိုလျှောက်လာတာ ဘာလို့ အထဲကိုပိုနက်သွားတယ်လို့ ခံစားရတာလဲ” ရှီယူသည် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ရှီမာယူယူ ခေါင်းမော့ပြီး နေလာရာလမ်းကိုကြည့်ကာ ခေတ္တမျှ နှုတ်ဆိတ် သွားပြီးနောက် စဉ်းစားလိုက်သည် “အကြောင်းအရင်းကို သိပြီထင်တယ်”
“ဘာလဲ”
“အဲဒီအိုအေစစ်မှာ စခန်းချပြီးတော့ တစ်ညရောက်တာနဲ့ ဦးတည်ချက်က တဖြည်းဖြည်းပြောင်းလဲသွားခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ စ,ထွက်တုန်းက ဒီဘက်ကနေဝင်လာတာ အဲဒါကြောင့် ဒီဘက်ကို ထွက်ပေါက် ဖြစ်မယ်လို့ပဲ တွေးလိုက်မိတာ၊ တည့်တည့်သွားလိုက်တော့ အထဲကို ပိုနက် သွားတာပဲ၊ ဒါကအဖြစ်နိုင်ဆုံး ဖြေရှင်းချက်ပဲ မဟုတ်ရင် ဒီနေရာက လေဟာ ပြင်က အဆက်မပြတ်ပြောင်းလဲနေတာပဲ”
အံ့ဖွယ်နယ်မြေတွင် သူတို့ ကြုံတွေ့ခဲ့ရသည့် လေဟာပြင်ခေါက်ခြင်းလို ဖြစ်နိုင်သည်။
ထိုအကြောင်းအရင်းနှစ်ခုကလွဲပြီး တခြားအရာကို သူမ မစဉ်းစားနိုင်ပေ။
“ငါတို့နောက်ပြန်သွားရမှာလား”
“နောက်ပြန်သွားတာကလည်း လမ်းမှန်မယ်လို့ မဆိုလိုဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ တစ်ရက်နဲ့တစ်ညလျှောက်လာပြီးပြီ အဲဒါကြောင့် ဦးတည်ဘက်တွေက ထပ်ပြီးပြောင်းလဲနေမှာပဲ၊ အခုအရမ်းမပျာနဲ့ဦး ငါ စစ် ကြည့်လိုက်ဦးမယ်”
“ဘာစစ်ကြည့်မှာလဲ”
“မြင်ရင်သိလိမ့်မယ် အခုတော့ အိုအေစစ်ကိုရှာလိုက်ဦးမယ်”
နေ့တစ်ဝက်ကြာပြီးနောက်တွင် သူတို့ အိုအေစစ်ကို ရှာတွေ့လေသည်။ ရှီယူသည် ဘေးတွင်စခန်းချနေစဉ်တွင် ရှီမာယူယူသည် လှံတိုနှင့်ဆင်တူသည့် အရာထုတ်ပြီး ဝိညာဉ်စွမ်းအင်ထည့်လိုက်ပြီးနောက် မိုးပေါ်သို့ပစ်လိုက်သည်။ ပြီးနောက်တွင် သူမသည် အရောင်ကွဲသော အလံလေးသုံးခုထုတ်ပြီး မြေပေါ် ထားလိုက်သည်။ အလယ်တွင် ကောင်းကင်ကို အဆက်မပြတ်မျက်နှာမူထား သည့်အရာ ထားထားသည်။
“ဒါကိုသုံးမယ်ဆိုရင် ဦးတည်ဘက်ပြောင်းလား မပြောင်းလားကို သေချာ နိုင်တယ်” ရှီယူသည် သဘောပေါက်ကာ ပြောလိုက်သည်။
“ဟုတ်ပြီ မနက်ဖြန်ကျရင် ရလဒ်ကိုသိရလိမ့်မယ် အခုတော့ပြန်နားကြ မယ်” ရှီမာယူယူသည် လက်ကိုဖုန်ခါပြီး ပြောလိုက်သည်။
နောက်နေ့မနက်တွင် ရှီမာယူယူသည် ရှီယူ၏ ခေါ်သံကို တဲထဲမှကြား လိုက်ရသည်။
“ယူယူ တကယ်ပဲ လှုပ်နေတယ်”
ရှီမာယူယူ လျှောက်သွားလိုက်ရာ ထိုလှံတိုနှင့် မျက်နှာမူထားသော အလံ များသည် ဦးတည်ဘက်ပြောင်းနေသည်ကို တွေ့လိုက်ရသည်။ အလယ်မှလှံတို မြှားဦးသည် တခြားအလံဆီသို့ရောက်နေသည်။
ရှီမာယူယူသည် လျှောက်သွားပြီး အလံများကိုသိမ်းလိုက်သည်။ သူမ လက်မြှောက်လိုက်သည်နှင့် လှံတိုသည် သူမ လက်ဖဝါးပေါ်ကျလာသည်။
“ငါမှန်းတာမှန်တဲ့ပုံပဲ၊ ဒါက ညတစ်ညတည်းရဲ့ ရလဒ်ပဲ မနက်ရောက်ရင် ဆက်ပြောင်းနေဦးမှာပဲ” သူမ အိုအေစစ်အကျော် ကျယ်ပြန့်သော ကန္တာရကို ကြည့်လိုက်သည်နှင့် မျက်နှာထားမှာ တည်တံ့သွားသည်။ အဲဒါကြောင့် ဝင်လာ တဲ့လူတွေက ပြန်မထွက်နိုင်ကြတာကိုး။
သူတို့ဦးတည်သွားသည့် ဘက်မှာ မှန်ကန်သည်ဟု ပြောမရသောကြောင့် ဖြစ်သည်။
“ငါတို့ဒီနေရာ အထဲမှာရောက်နေတော့ အပြောင်းအလဲကိုအာရုံခံလို့မရ ဘူး” ရှီယူ ပြောလိုက်သည် “အဲတော့ ဆိုလိုတာကငါတို့လည်း ဒီကထွက်မရ တော့ဘူး”
“မဟုတ်ဘူး တခြားသူသာဆိုရင် ထွက်လို့ရမှာမဟုတ်ဘူ ဒါပေမဲ့ ငါတို့က ဒီပြဿနာကိုစိတ်ပူဖို့မလိုဘူး”
ရှီမာယူယူ ပြောပြီးနောက်တွင် နီရဲပျားထောင်ချီဆင့်ခေါ်ပြီး အဘက်ဘက်သို့ လွှတ်လိုက်လေသည်။ နီရဲပျားထဲတွင် ရှာနိုင်မည့်သူ သေချာ ပေါက်ရှိရမည်။
ရှီယူသည် မရေတွက်နိုင်သော နီရဲပျားများ သူမ လည်ပင်းသို့ လာပွတ် သည်ကိုမြင်သောအခါ ကြက်သီးမွှေးညှင်းများထပြီး အေးခဲနေလေသည်။
“နင်က တကယ်မိုက်တာပဲ သူတို့နဲ့ဆိုရင် ငါတို့ဒီကနေစောင့်ရုံပဲ”
“အင်း” ရှီမာယူယူ ပြောလိုက်သည် “သူတို့ အချိန်နည်းနည်းလိုလောက် တယ် ဒီကနေပဲ သတင်းစောင့်ကြတာပေါ့”
“ဒါမဆိုးဘူး ဒါပေမဲ့ အရမ်းပူနေတာတော့ နှမြောဖို့ကောင်းတယ် တကယ်ပဲ သက်တောင့်သက်သာမဖြစ်စေတာပဲ”
ရှီယူသည် တဲဆီသို့ပြန်သွားကာ အရောင်အသွေးစုံသော အဝတ်ပြောင်း လဲလိုက်သည်။ သူမ ထွက်လာသောအခါ ရှီမာယူယူ ချက်ပြုတ်နေပြန်သည်ကို တွေ့လိုက်ရသည်။
ခဏအကြာတွင် အရသာရှိလှသော သီးစုံရေခဲသုပ်ပန်းကန်သည် သူမ ရှေ့တွင်ရောက်လာသည်။ တစ်ဝက်မှာရေခဲများဖြင့် ပြည့်နေသည်။
“ဝါး အပူကြောင့် ငါ့ပါးစပ်တွေပျက်နေတယ်လို့ ပြောရုံရှိသေးတယ် နင်က ဒါလုပ်ထားလိုက်ပြီ” ရှီယူသည် ပျော်ရွှင်စွာဖြင့် ပန်းကန်ကိုယူကာ စားလေ သည်။
“နင်က အမှောင်ဝိညာဉ်သခင်လေ အဲဒါကြောင့် အမှောင်ဝိညာဉ်စွမ်းအင် ကပဲ နင့်ကိုအေးအောင်လုပ်နိုင်မှာ၊ အဲဒါကြောင့် ဒီလိုပူတဲ့ ကန္တာရထဲမှာဆိုရင် သက်တောင့်သက်သာဖြစ်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီ ပြဿနာအရင်းအမြစ်ကို မရှင်းနိုင်ပေမဲ့ ယာယီတော့အထောက်အကူဖြစ်လိမ့် မယ်”
“အင်း အရမ်းစားကောင်းတာပဲ ကျေးဇူးပဲ ယူယူ” ရှီယူသည် သူမအား ကျေးဇူးတင်စွာဖြင့် ကြည့်လေသည်။ တစ္ဆေမြို့တော်တွင်ရှိစဉ်က ရှီမာယူယူကို ပိတ်လှောင်ခဲ့သည်မှာ သူမပင်ဖြစ်သည်။ သို့သော် အခု သူမကို ဂရုစိုက်ပေး သည်မှာ ရှီမာယူယူဖြစ်သည်။ ဒီလိုသူငယ်ချင်းမျိုးကတော့ ရှိထားတာကောင်း တယ်။
သူတို့သည် အိုအေစစ်တွင် လေးရက်ကြာအောင်နေပြီးနောက် နီရဲပျား များ သတင်းပို့လာသည်။ သည်တစ်ကြိမ်တွင် ရှီမာယူယူသည် ဝိညာဉ်စွမ်းအင် အများအပြားမသုံးပေ။ ထိုအစား ဟာစွန်နှင့် ငှက်လေးတို့ကို ခေါ်သွားခိုင်းလိုက် သည်။ ညရောက်သည်နှင့် သူတို့သည် ကန္တာရထဲမှ မနားမနေထွက်လာခဲ့သည်။
သူတို့ စခန်းချရာနေရာသို့ရောက်သောအခါ အရင်ဆုံးပြေးလာကြသူမှာ ရှီယူ၏ ကိုယ်ရံတော်များဖြစ်ကြသည်။
“သခင်မလေး ဘယ်တွေသွားနေတာလဲ ဒီလက်အောက်ငယ်သားတွေ စိုးရိမ်နေကြတာ”
“ငါ ယူယူနဲ့ လျှောက်သွားနေတာပါ ဘာစိုရိမ်စရာလိုလို့လဲ” ရှီယူသည် သူတို့ကို လက်ခါပြလိုက်သည်။ သူတို့ သူမကို စိုးရိမ်သည်ဆို၍ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။
“သူတို့က နင့်ကိုစိတ်ပူနေကြတာလေ” ရှီဟွီနှင့် ရှီယိတို့သည် တဲထဲမှ ထွက်လာကြသည်။
“အစ်ကို၂ အစ်ကို၃ ဘယ်လိုလုပ်ဒီရောက်နေတာလဲ” ရှီယူသည် သူတို့ကို ကြည့်ပြီး ပြုံးရင်းနှင့် ရှေ့တိုးကာ သူတို့လက်များကို ဆွဲဖက်လိုက်သည် “အစ်ကိုတို့လည်း လူသားလောကကိုကြည့်ဖို့ ထွက်လာကြတာလား”
“သူတို့ နင့်ကို ခြေရာခံလို့မရတော့ အဖေ့ကိုသတင်းပို့လိုက်တာလေ အဖေက နင့်ကိုကြည့်ဖို့ ငါတို့ကိုလွှတ်လိုက်တာ” ရှီဟွီ ပြောလေသည် “နင် ဒီကို ရောက်တာမှ ခဏရှိသေးတယ် ဘာပြဿနာတွေရှာနေတာလဲ”
“အစ်ကိုတို့လာတာလည်း မြန်လိုက်တာ” ရှီယူသည် လျှာထုတ်ပြလေ သည်။
ရှီမာယူယူသည်လည်း သူတို့ကိုတွေ့လိုက်ချိန်တွင် အနည်းငယ်အံ့ဩ သွားသည်။တစ္ဆေမြို့တော်ကနေ ဒီကိုလာဖို့ တကယ်ပဲ အထူးနည်းလမ်းရှိတဲ့ပုံ ပဲ။
“အစ်ကို၂ အစ်ကို၃” သူမသည် သူတို့ကိုဦးညွှတ်လိုက်သည်။
“အစတုန်းက ငါတို့ ညီမလေးကိုစိတ်ပူနေကြတာ ဒါပေမဲ့ ဒီရောက်လာ တော့ မင်းပါ သူမနဲ့ပါသွားတယ်ကြားတော့ မင်းတို့ပြန်လာတာကို ဒီကနေပဲ စောင့်လိုက်ကြတာ” ရှီယိသည် သူမကိုယုံကြည်ထားသည်ဆိုသည့် အဓိပ္ပာယ် ဖြင့်ပြောလေသည်။
“ဘာပြောတာလဲ ညီမက ယူယူ့ထက်သန်မာပါတယ်နော် ဟုတ်ပြီလား ညီမရှိနေတာကို ဘာလို့အဲလိုပြောနိုင်ရတာလဲ” ရှီယူသည် နှုတ်ခမ်းဆူကာ ကလေးကဲ့သို့ပင် ရှီယိကို အခိုင်အမာပင် ကန့်ကွက်လေသည်။
“နင့် အကျင့်ကိုက အစကတည်းကစိတ်ပူစရာပဲလေ” ရှီယိသည် သူမ နှာခေါင်းကို လက်ညှိုးကွေးကာ ထိလိုက်သည်။
ရှီမာယူယူသည် ထိုမျှအားမကောင်းသော်လည်း တည်ငြိမ်ကာ ဂရုစိုက် တတ်သည်။ မဟုတ်လျှင် တစ္ဆေမြို့တော်တွင်ရှိစဉ်က ထိုမျှကြီးမားသော ဂယက်ကိုဖြစ်စေမည်မဟုတ်ပေ။ ပြီးနောက် ရှီယူသည် ယူယူ့ထက်ပို အားကောင်းသော်လည်း သူမ အကျင့်မှာ ပြင်းပြတတ်ကာ စိတ်မရှည်ပေ။ ထိုအချက်မှာ သူတို့ကိုစိတ်ပူစေသည်။
ဝူလင်းယူလည်း တဲအတွင်းမှထွက်လာသည်။ ရှီမာယူယူသည် သူ့ကို ကြည့်ပြီး ပြုံးရင်းနှင့်လျှောက်လာသည်။
“ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီးပြန်လာတာလဲ”
“မင်း ပျောက်နေတယ်လို့ကြားတော့ အမြန်ပြန်လာတာပဲ” ဝူလင်းယူ ပြောလိုက်သည် “တစ်ခုခုဖြစ်လို့လား”
“ကန္တာရရဲ့ လျှို့ဝှက်ချက်နည်းနည်းရှာတွေ့ခဲ့တယ် အထဲမှာပြောကြတာ ပေါ့”
ရှီမာယူယူ၏ မျက်နှာထားလေးနက်နေ၍ကြောင့်လားမသိပေ ရှီဟွီတို့မှာ လည်း မျက်နှာတည်သွားကြလေသည်။
ဒီရက်နည်းနည်းလေးအတွင်းမှာတောင် တကယ်ပဲ ဒုက္ခရောက်ခဲ့တာ လား။
သူတို့ တဲထဲဝင်လိုက်ကြပြီး ရှီမာယူယူသည် ကန္တာရထဲကအဖြစ်ကို ပြန် ပြောင်းပြောပြလေသည်။ အားလုံးကြားလိုက်ရချိန်တွင် မျက်ခုံးများ တွန့်ချိုး သွားကြသည်။
အိုအေစစ်က တကယ်ပဲ ဦးတည်ချက်တွေ ပြောင်းစေတာလား။ ဒါဆိုရင် အိုအေစစ်ကပဲလုပ်နိုင်တာလား မဟုတ်ရင် ကန္တာရတစ်ခုလုံးက အဲလိုဖြစ်နေ တာလား။
“ဝင်သွားတဲ့သူတွေက ဒါကြောင့်ပဲ ပြန်မထွက်နိုင်တာဖြစ်မယ်” ရှီဟွီ ပြောလိုက်သည် “အဲအချိန်ကို မင်းရှိနေလို့တော်သေးတာပေါ့ မဟုတ်ရင် ညီမလေးလည်း ထွက်လို့မရနိုင်လောက်ဘူး”
“အစ်ကို၃ ကြင်နာလွန်းနေပါပြီ ကျွန်မကြောင့်သာမဟုတ်ရင် ဒီလို အန္တရာယ်များတဲ့နေရာကို ရောက်သွားမှာမဟုတ်ဘူး၊ ဒါပေမဲ့ အဲဒါကြောင့်ပဲ ကန္တာရအကြောင်းကို သိနိုင်ခဲ့တယ် အဲဒါကြောင့် ရယူဖို့ဆိုရင် သေချာစဉ်းစား ရမယ်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “အခုတော့ ဦးတည်ဘက်တွေရဲ့ ပြဿနာကို အရင်ရှာရမယ်၊ ဒီပြဿနာကိုရှာမတွေ့ရင် ဝင်သွားဖို့ကအရမ်း အန္တရာယ်များတယ်”
***