← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

စိတ်ပျက်လက်ပျက်နှင့် အပြင်ဘက်တွင် အကြာကြီးရပ်နေပြီးနောက် စူးထောင်သူ့ကို ကန်ထုတ်လိုက်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

ရှဲ့ကျင်သည် ဟော်တယ်ကပေးသော ရေချိုးဝတ်ရုံကိုဝတ်ထားပြီး တံခါးအပြင်ဘက်တွင် ရပ်နေသဖြင့် ဖြတ်သွားဖြတ်လာများက ကွက်ကြည့်ကွက်ကြည့် ကြည့်သွား၏။

သူ့လက်ဖြင့် မျက်နှာကိုကမန်းကတမ်းဖုံးလိုက်ပြီး တံခါးကို နှစ်ချက်ခေါက်ပြီး လေသံကိုနှိမ့်ချလိုက်ကာ " တံခါးဖွင့်ပေး။"

အထဲဘက်မှ ဘာအသံမှ မတုံ့ပြန်လာပေ။

သူ့ဖုန်းကလည်း အထဲတွင် ကျန်နေသောကြောင့် တံခါးကိုဆက်ခေါက်နေဖို့သာ တတ်နိုင်တော့သည်။"ရှောင်ထောင်လေး မရှုပ်နဲ့တော့။ ကိုယ့်ကို အရင်ဝင်ခွင့်ပေး ကိုယ်တို့ စကားဖြေးဖြေး ပြောလို့ရတယ်လေ။"

သူ့ပုံစံက လေနှင့်စကားပြောနေသကဲ့သို့ ဘာအသံမှမတုံ့ပြန်လာချေ။

ကျင်းချွေ့ဝမ် တစ်ယောက် ရှဲ့ကျင်၏ အမိန့်အရ အဝတ်အစားအသစ် အပြေးလေးယူလာပြီးမှသာ ရှဲ့ကျင်က တံခါးဆက်ခေါက်ဖို့ အရှုံးပေးလိုက်၏။ ကျင်းချွေ့ဝမ်ကို ဘေးချင်းကပ် အခန်းငှားခိုင်းလိုက်ကာ စူးထောင်၏ အခန်းရှေ့မှ မည်းမောင်သောအမူအရာဖြင့် ထွက်သွားတော့သည်။

အန္တာတိကတိုက်ပုံစံအခန်းမှ ဖြာထွက်လာသော အအေးဓာတ်သည် သူ့ဆန့်ကျင်ဘက်တွင် ထိုင်နေသော မျက်နှာအမူအရာမည်းမှောင်နေသည့် သူဌေးနှင့် မယှဉ်နိုင်ချေ။

ကျင်းချွေ့ဝမ်က သူ့သူဌေး၏ ကိုယ်ရေးကိုယ်တာဘဝအကြောင်း သိပ်အများကြီး မသိချင်သောကြောင့် ထွက်သွားဖို့ အကြောင်းပြချက်ကိုသာ ကြိုးစားပမ်းစားရှာနေ၏။

စားပွဲပေါ်ရှိ ရှဲ့ကျင်၏ လက်ခေါက်နေသံ တဒေါက်ဒေါက်က ရုတ်တရက် ရပ်သွားသည်။ အခုမှ မတ်တပ်ရပ်ကာစ ကျင်းချွေ့ဝမ်သည် ကြောက်လန့်တကြားနှင့် ပြန်ထိုင်ချလိုက်၏။

"သူမ ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ။"

"အာ"

ကျင်းချွေ့ဝမ်က သူဌေး၏ အဆက်အစပ်မရှိသည့် မေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားရ၏။

သို့ရာတွင် သူ၏ထူးကဲသော နားလည်နိုင်စွမ်းနှင့် သူဌေးရဲ့စကားကို ချက်ခြင်းနားလည်သွားကာ ခဏတာစဉ်းစားလိုက်ပြီးနောက် သူကပြန်ဖြေပေးလိုက်သည်။ "ဖြစ်နိုင်တာက သူမရဲ့စိတ်အခြေအနေက မကောင်းလို့များလား။ ဟိုလေ အမျိုးသမီးတွေက လတိုင်းမှာ ရက်အနည်းငယ်လောက်တော့ အဲလိုတဇွတ်ထိုးဆန်တာတွေ ရှိကြတယ်။

"သူမအရင်က ဒီလိုတဇွတ်ထိုးမဆန်ဖူးဘူး။ သူမက အမြဲတမ်းလိုလို တော်တော်လေးနာခံတာ။" ရှဲ့ကျင်က သဘောမတူသည့်အသံဖြင့် ပြန်ပြောလာ၏။

ကျင်းချွေ့ဝမ်က သူဌေးကိုတိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ ဘာလို့ကန်ထုတ်ခံရမှန်းတောင် မသိတာကို သူမက ပြောစကားနားထောင်တယ်လို့ ယုံကြည်မှုအပြည့်နဲ့ ရှိနေတုန်းလား။

"ဒါဆို သူမဒေါသထွက်သွားအောင် သူဌေးတစ်ခုခုလုပ်မိသွားတာများလား။"ကျင်းချွေ့ဝမ်က တဲ့တိုးကြီးမပြောရဲတာကြောင့် သူဌေးဖြစ်သူနှင့်အတူ လှည့်ပတ်ပြီးတော့သာ ဆက်ပြီးခွဲခြမ်းစိတ်ဖြာပေးနေရ၏။

ရှဲ့ကျင်သည် လေးလေးနက်နက် တွေးတောရင်းနှင့် မျက်ခုံးနှင့်မျက်လုံးများကို နှိမ့်ချထားပြီး သူ၏မျက်တောင်ရှည်ရှည်များက မျက်လုံးများကို ဖုံးအုပ်လို့နေသည်။ တစ်မိနစ်ခန့် စဉ်းစားပြီးနောက် မော့ကြည့်လာ၏။"ပြီးခဲ့တဲ့အခေါက် သွားခဲ့တဲ့ပါတီပွဲမှာ သူမကို ခေါ်မသွားလိုက်ကတည်းက သူမစတင်ပြီးတော့ စကားနားမထောင်တော့ဘူး။"

ကျင်းချွေ့ဝမ်က သူ့ပေါင်ကိုရိုက်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြဿနာ အရင်းအမြစ်ကို ရှာတွေ့သွားသည်။"အဲဒါကြောင့်ပဲဖြစ်ရမယ်။သူဌေးက သူ့အတွက် အချိန်များများပိုပေးတာကို သူလိုချင်တာ။"

ရှဲ့ကျင်သည် မျက်မှောင်ကြုတ်ရင်း ခဏလောက်စဉ်းစားကာ ခေါင်းညိတ်လိုက်ပြီး အဓိပ်ပါယ်ရှိသလို ခံစားလိုက်ရ၏။ " ငါ့ကို မော်လ်ဒိုက်သွားဖို့ လေယာဉ်လက်မှတ်နှစ်စောင် ဝယ်လာပေး၊ ပြီးတော့ ဧည့်လမ်းညွှန်ခေါ်ဖို့လည်း တစ်ခါတည်း စီစဉ်ထားလိုက်။ မနက်ဖြန်မနက်အတွက် လက်မှတ်ကြိုဝယ်လိုက်တော့။

'အလုပ်ကိုစီမံရသလို လွယ်ကူပါတယ်။'

ကျင်းချွေ့ဝမ်က တုံ့ဆိုင်းတုံ့ဆိုင်နှင့် ပါးစပ်ဟကာ ခပ်တိုးတိုးလေးမေးလာသည်။"သူဌေး အတွင်းရေးမှူးစူးနဲ့ အရင်မဆွေးနွေးသင့်ဘူးလား။"

ရှဲ့ကျင်သည် သူ့အားမေးခွန်းထုတ်နေသလို ကြည့်လိုက်၏။"ဘာကိုဆွေးနွေးရမှာလဲ။ ငါစီစဉ်ထားသမျှအရာအားလုံးကို သူမ ကြိုက်တယ်လေ။ သူမက ငါ့စကားနားထောင်တယ်။"

ကျင်းချွေ့ဝမ် - "..."

'သူဌေးခင်ဗျာ၊ အတွင်းရေးမှူးစူးသာ သူဌေးပြောသလိုလုပ်နေတယ်ဆိုရင် သူဌေးရဲ့ရုပ်ရည်နဲ့ ငွေကြောင့်ပဲ သူမဆန္ဒရှိတာဖြစ်ရမယ်။'

'တကယ်လို့ ဒါကသာ သာမန် romantic အချစ်မျိုးဆိုရင် ဘယ်သူကသည်းခံနိုင်မလဲ။'

ကျင်းချွေ့ဝမ်က သူ့စိတ်ထဲတွင် တိတ်တဆိတ် ဝေဖန်လိုက်သည်။

ကျင်းချွေ့ဝမ် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေတာမြင်တော့ ရှဲ့ကျင်က သူ့ကိုအေးတိအေးစက်နှင့် ခပ်စူးစူးကြည့်လိုက်ရင်း "ပြဿနာရှိလား။"

သူ့အတွေးတွေကိုဘေးဖယ်လိုက်ရင်း ချက်ချင်းပင်ဖြေလာ၏။"မရှိပါဘူး။ ကျွန်တော်အခုပဲ သွားစီစဉ်လိုက်တော့မယ်။"

-------

ညီလာခံအစည်းအဝေးခန်း ကျယ်ကြီးရှိ စားပွဲရှည်ကြီး၏ နှစ်ဖက်စလုံးတွင် ကုမ္ပဏီ၏အကြီးတန်းအမှုဆောင်အရာရှိအပါအဝင် ကုမ္ပဏီခွဲများမှ အကြီးတန်းအမှုဆောင်အရာရှိများနှင့် အပြည့်ဖြစ်နေသည်။

ဒါက စူးထောင် ပထမဆုံး ရွေ့ချီရဲ့သူဌေး ဝူရှဲ့ယွီကိုမြင်ဖူးခြင်းဖြစ်၏။

သူသည် အသက်လေးဆယ်ကျော် အရပ်သိပ်မရှည်ဘဲ မျက်မှန်တပ်ထားကာ အလွန်လိမ္မာပါးနပ်သူဖြစ်ပုံရသည်။

သူမက ရှဲ့ကျင်၏ နောက်တန်းရှိ စားပွဲသေးတစ်လုံး၊ကုလားထိုင်လေးတစ်ခုံတွင် ထိုင်လိုက်၏။

လက်ထောက် အတွင်းရေးမှူးများဟာ သူတို့ရဲ့သက်ဆိုင်ရာ သူဌေးနောက်မှာ ထိုင်နေကြပြီး ဝူရှဲ့ယွီ၏ နောက်ရှိနေရာတွင်သာ နေရာလွတ်ပင်။

သူ၏အတွင်းရေးမှူးက ချင်ရွှယ်ရှီးဖြစ်ပြီး သူမကတော့ရှိမနေချေ။ နေရာက တော်တော်လေးကို သိသာလို့နေ၏။

စူးထောင်သည် သူမ၏အကြည့်ကို ရုတ်လိုက်ပြီး ကွန်ပြူတာပေါ်တွင် အာရုံစိုက်ကာ PPT တင်ဆက်နေသည်ကို ရံဖန်ရံခါ မော့ကြည့်လိုက်ကာ သူမ၏ လက်ချောင်းများမှာမူ ကီးဘုတ်ပေါ်တွင် ပြေးလွှားလို့နေသည်။

ရှဲ့ကျင်က ဘေးတိုက်ထိုင်လိုက်ပြီး သူ့အကြည့်တွေကတော့ စူးထောင်ဆီ တည့်တည့်ရောက်နေ၏။

သူက လက်တစ်ဖက်ကို ပိုက်ထားကာ ကျန်လက်တစ်ဖက်၏ တံထောင်ဆစ်ကို ထိုလက်ပေါ်တွင်ထောက်ထားပြီး လက်ချောင်းလေးတွေက နှုတ်ခမ်းကိုပွတ်သပ်နေရင်း မျက်လုံးများအနည်းငယ် မှေးစင်းနေကာ တစ်ခုခုကို လေ့လာနေဟန်ပင်။

လူတိုင်းက သူတို့၏လက်ဖော်ကိုင်ဖက် တင်ဆက်နေသည်ကို ဂရုတစိုက် နားထောင်နေပုံရသော်လည်း အမှန်တကယ်တွင်မူ သူတို့၏အာရုံစိုက်မှုက ဥက္ကဌပေါ်တွင်သာရှိနေသည်။

ဥက္ကဌက အတွင်းရေးမှူးအသစ်ကို ကြည့်နေပုံက မသိရင် သူမကို စားမတတ်၊ဝါးမတတ်ပင်။

ရုံးခွဲက အမှုဆောင်အရာရှိတွေဟာ ရုံးချုပ်မှာပြန့်နေသော အတင်းအဖျင်းတွေကို မသိကြပေ။

အဲဒီအတွင်းရေးမှူးငယ်လေးက ဥက္ကဌကိုစော်ကားထားမိလို့လားဆိုတာ သိချင်နေကြ၏။ နောက်ပြီး သူမပုံစံက တော်တော်လေးကို အပြုအမူကောင်းတဲ့ပုံပါ။

အချက်နှစ်ဆယ်လောက် နှုတ်ခမ်းကိုပုတ်နေပြီး နောက်ဆုံးတွင် သူ့အကြည့်ကို စူးထောင်ထံမှ ဆုတ်ခွာတော့သည်။ ရုတ်တရက်ပင် သူက အစီရင်ခံစာ တင်ပြနေသော မားကတ်တင်းဒါရိုက်တာကို အော်ပြောလိုက်၏။"လိုရင်းကိုပြော"

မားကတ်တင်း ဒါရိုက်တာက အရမ်းထိတ်လန့်သွားပြီး ကိုင်ထားသော remoteပင် ပြုတ်ကျသွားတော့သည်။သူသည် ပညာယာခတ်စွာ ကျင်းချွေ့ဝမ်ဆီသို့ အကူအညီတောင်းသော အကြည့်ကြည့်လိုက်၏။

ဥက္ကဌအတွက် အလုပ်နှင့်မသက်ဆိုင်သော လုပ်ငန်းတာဝန်တချို့ကို အကြိမ်အနည်းငယ် ကိုင်တွယ်ပြီးနောက် ကျင်းချွေ့ဝမ်သည် ယခုအခါ ဥက္ကဌ၏နံပါတ်တစ်လူယုံအဖြစ် လူတိုင်းရဲ့ချီးကျူးခြင်းကို ခံရသည်။

'သူကဥက္ကဌရဲ့သဘောထားကို နားလည်တယ်ဆိုပြီးထင်ကြတာမို့ ဥက္ကဌဒေါသထွက်လာတဲ့အခါ သူတို့က သူ့ကိုပထမဆုံးပြေးမြင်ကြတယ်။'

'ကျင်းချွေ့ဝမ်ဟာ ချွေးစေးတွေ တော်တော်လေးထွက်နေပြီ။ သူက တခြားသူတွေထက်တော့ နည်းနည်းပိုသိတယ်၊ဥပမာ ဥက္ကဌဒေါသထွက်တဲ့အခါ စူးထောင်တစ်ယောက်ထဲကပဲ ဒေါသပြေအောင်လုပ်နိုင်တယ်ဆိုတာမျိုး။'

'ဒါပေမယ့် သူအဲလိုမျိုးပြောလို့လည်း မရပြန်ဘူး။တကယ်လို့သူသာ ပြောလိုက်ရင် စူးထောင်က ဒီမှာဘယ်လိုလုပ် အလုပ်ဆက်လုပ်နိုင်တော့မလဲ။ နဂိုကတည်းကမှ သူမအကြောင်း မကောင်းတဲ့အတင်းအဖျင်းတွေ ပြန့်နေတာဆိုတော့။'

'သူစူးထောင်ကို တိတ်တိတ်လေး တစ်ချက်စိုက်ကြည့်လိုက်တယ်။' သူမက အစည်းအဝေး အချက်အလက်တွေကို အာရုံစူးစိုက်ပြီး မှတ်တမ်းလိုက်နေတဲ့အတွက် သူ့ရဲ့အကူအညီယူဖို့ အသနားခံနေတဲ့ပုံစံကို လုံးဝသတိမထားမိဘူး။'

" တစ်မိနစ်တောင်ကြာနေပြီ။ မင်းအခုထိ ဆက်မလုပ်သေးဘူးလား။"

ရှဲ့ကျင်၏ ရန်လိုသော မျက်လုံးများကို တစ်ချက်ကြည့်မိလိုက်တာသောအခါ ကူကယ်ရာမဲ့နေသည့် မားကတ်တင်း ဒါရိုက်တာရဲ့နောက်ကျောဟာ ချွေးတွေနဲ့ရွဲစိုသွားတော့၏။

"ဥက္ကဌ ကျွန်တော်က အစီအစဉ်အတိုင်း တင်ပြသွားနေတာပါ။ကျွန်တော်".....

"မင်းပြောချင်တာက မင်းက အဓိကအချက်တွေကို ဘယ်လိုရွေးပြောရမှန်းမသိဘူး အဲလိုလား။"

ရှဲ့ကျင်ရဲ့စကားပြောနှုန်းမှာ မြန်လည်းမမြန်နေသလို လေသံက မကျယ်သော်လည်း ဩဇာတိက္ကမအပြည့်နှင့်ပင်။ မားကတ်တင်းဒါရိုက်တာမှာဖြင့် ဦးရေပြားထုံကျင်နေသည်ဟု ခံစားနေရရုံမျှသာမက ခန္ဓာကိုယ်ပေါ်ရှိအမွေးအမျှင်တွေလည်း ထောင်နေသည်ဟုပင် ခံစားသွားရ၏။

ဤနေရာရှိလူတိုင်းသည် သူ၏အရှက်ရမှုကို မကြည့်ချင်ကြပေ။ သူတို့အလှည့်ကျရင်လည်း ဒီလိုလာမည်ကို သိနေကြ၏။

ရှဲ့ကျင်၏ အကြည့်များသည် စူးထောင်၏ မျက်နှာပေါ်သို့ ပြန်ကျရောက်လာသည်။ သူမက ဆက်ခေါင်းငုံ့နေကာ ဆံပင်များက ကျနေပြီး သူမ၏ကြည်လင်ပြီး တောက်ပသော အသားအရည်ကို ဖုံးကွယ်ထားပြီး ကြည့်ရသည်မှာ လှပပြီးအေးချမ်းနေသလိုပင်။

သို့သော် ရှဲ့ကျင်သည် သူမက ဒေါသထွက်နေဆဲဖြစ်ပြီး သူ့ကိုပင် ငြင်းပယ်နေသေးကြောင်း သိနေသည်။

' သူက ဒီရှည်လျားထွေပြားနေတဲ့ အစည်းအဝေးကြီးကို မြန်မြန်လေး အဆုံးသတ်လိုက်ချင်တာ။ ပြီးရင် သူကဘာတွေများ အမှားလုပ်ထားမိတဲ့အကြောင်း သူမကိုမေးလိုက်မယ်။'

"လူတိုင်းက သုံးမိနစ်စီပဲ အချိန်ရမယ်။ အဓိကအချက်အလက်တွေကိုပဲ အကျဉ်းချုပ်ပြီး ငါ့ကိုပြောကြ။"

ရှဲ့ကျင်၏အမိန့်ကို ရပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်းက နှလုံးသားထဲတွင် အော်ဟစ်မြည်တမ်းနေကြ၏။

သုံးမိနစ်တဲ့လား? အကြောင်းအရာတစ်ခုစီကို မိနစ်၃၀လောက် သူတို့ပြင်ဆင်ရတဲ့ဟာကို။ ဒီလိုပုံမျိုးဆို သူတို့အသက်ရှင်နိုင်ပါ့မလားပဲ။'

ရလာဒ်ကတော့ မိနစ်၃၀ကြာတင်ဆက်မှုကို ၃မိနစ်အဖြစ်လုပ်လိုက်ခြင်းက အဓိကအချက်များကို ထိထိရောက်ရောက် ရသွားစေသည်။ လူတိုင်းက အဓိကအချက်အမြားအပြားထဲမှာမှ တကယ့်အဓိကအကျဆုံးအချက်အလက်ကိုသာ ရွေးထုတ်တင်ပြပြီး အကျဉ်းချုပ်ပေးကြတော့၏။

ထပ်ပေါင်းအနေနှင့် ဥက္ကဌက ကျိုးကြောင်းဆီလျော်စွာဖြင့် ဆွေးနွေးချိန်ကိုတော့ ထည့်မပေါင်းထားပေ။

မထင်မှတ်ထားစွာပင် အချိန်အများကြီး သက်သာသွားပြီး အစည်းအဝေးကြီး၏ အကျိုးသက်ရောက်မှုကို ပိုပြီးတိုးတက်သွားစေသည်။

အစည်းအဝေးကို မူလကနေ့လယ်ပိုင်းအထိ ကျင်းပရန် စီစဉ်ထားသော်လည်း နှစ်နာရီမပြည့်မီတွင် ပြီးဆုံးသွားခဲ့၏။

ထို့အပြင် လူတိုင်း၏စိတ်သည် ထူးထူးခြားခြား ကြည်လင်နေပြီး လူအများစု၏ တင်ပြချက်များကိုပင် အံ့သြဖွယ်ကောင်းစွာ မှတ်မိနေသည်။

အစည်းအဝေးပွဲမစခင်တုန်းက ဥက္ကဌကို တိတ်တဆိတ် မကျေမနပ်ဖြစ်နေသော အကြီးတန်း အမှုဆောင်ဒါရိုက်တာတစ်ဦးသည်ပင် အစည်းအဝေးပွဲပြီးသွားပြီးနောက် ဥက္ကဌဖြစ်သူကို စတင်ချီးကျူးလာ၏။

ရှဲ့ကျင်က ထိုင်နေရာမှမထဘဲ နေနေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ တစ်ခန်းထဲတွင် ဥက္ကဌဖြစ်သူနှင့်အချိန်အကြာကြီး မထိုင်ချင်ကြပေ။ အချိန်သိပ်ပင်မကြာလိုက် အစည်းအဝေးခန်းမကြီးထဲတွင် မည်သူမျှမကျန်တော့ချေ။

ရှဲ့ကျင်နှင့် စူးထောင်သာ ကျန်နေပြီး မကြာသေးမီတုန်းက ရှဲ့ကျင်ဆီမှ ကြိမ်းမောင်းခံထိထားသော မားကတ်တင်းဒါရိုက်တာကလည်း မိမိကိုယ်ကိုယ် အပြုမူကောင်းဖော်ပြချင်သည့်အတွက် ပရိုဂျက်တာ သန့်ရှင်းရေးလုပ်ပေးရန် ကျန်နေခဲ့၏။

"ဒါရိုက်တာဝမ် ဒီလကုန်ရင်ဘဏ္ဍာရေးဌာနမှာ အတွင်းရေးမှူးလစာနဲ့ လစာသွားထုတ်။" ရှဲ့ကျင်၏ အေးစက်စက်လေသံက သန့်ရှင်းရေးလုပ်နေသော ဒါရိုက်တာဝမ်ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

"ဘာလို့လဲဗျ။" လေသံပျော့ပျော့နှင့် ပြန်မေးလိုက်၏။

ကျင်းချွေ့ဝမ်သည် တံခါးဆီသို့ လှမ်းလျှောက်လာရင်း သူတို့ပြောနေတာတွေကို ကြားလိုက်သောအခါ လှည့်ကြည့်လိုက်သည်။ လက်ရှိအခြေအနေကိုမြင်သွားသည်နှင့် ကူကယ်ရာမဲ့စွာဖြင့် အပြေးကလေးမားကတ်တင်းဒါရိုက်တာကို ဆွဲကိုင်ကာ အမြန်ပင်ထွက်လာပြီး အစည်းအဝေးခန်းတံခါးကို ခပ်တင်းတင်းပိတ်ပေးလိုက်၏။

စူးထောင်က သူမ၏ကွန်ပြူတာကို သိမ်းဆည်းပြီးသည်နှင့် မော့ကြည့်လိုက်ရာ ရှဲ့ကျင်၏ မျက်မှောင်ကြုတ်ထားသောအကြည့်နှင့် အခန်းထဲတွင် ဖိနှိပ်ထားသောအော်ရာများ ပြည့်နှက်နေတာကို သူမတွေ့သွား၏။ကျယ်ဝန်းသော အစည်းအဝေးခန်းမထဲတောင် သူမချုပ်နှောင်ခံထားရသလို ခံစားလိုက်ရသည်။

ထွက်သွားရန် ရည်ရွယ်ရင်း ကွန်ပြူတာနှင့်အတူ ထိုင်ခုံမှ ထရပ်လိုက်၏။ ရှဲ့ကျင်ကို ဖြတ်သွားလိုက်စဥ် သူမရဲ့လက်ကောက်ဝတ်က ခပ်တင်းတင်းဆွဲခံရကာ သူမခန္ဓာကိုယ်ကို အတင်းအကြပ် သူ့ပေါင်ပေါ်သိုထိုင်ရန် ဆွဲယူလိုက်၏။

စူးထောင်သည် ရုန်းကန်သော်လည်း ရှဲ့ကျင်ကသူမ၏ ကွန်ပြူတာကိုယူကာ အစည်းအဝေးစားပွဲပေါ်သို့ တင်ထားလိုက်ပြီး လက်နှစ်ဖက်ဖြင့်စားပွဲစွန်းကို ထောက်ထားရင်း ရှေ့သို့ကိုင်းကာ စူးထောင်အား စားပွဲနှင့်ဖိထားတော့သည်။

"ရှဲ့ကျင် လက်ကိုလွှတ်။ ကျွန်မတို့ အခုကုမ္ပဏီမှာ ရှိနေတာနော်။" ချဉ်းကပ်လာသောသူ့မျက်နှာအား ရှောင်ရှားရန် ခေါင်းကိုလှည့်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင်တော့ ရွံရှာမှုအရိပ်အယောင်အပြည့်နှင့်ပင်။

"ရှောင်ထောင်လေး နောင်မှာ မင်းစိတ်ဆိုးနေရင်တောင် မနေ့ကလိုမျိုးထပ်မလုပ်နဲ့တော့။ မဟုတ်ရင် ကိုယ်တကယ် ဒေါသထွက်သွားလိမ့်မယ်။"

စူးထောင်သည် မျက်လုံးများကိုမှိတ်ထားကာ သည်းခံရင်း ပြောလိုက်၏။"ရှင် ကျွန်မလက်ကို အရင်လွှတ်ပေး။"

"ကိုယ် ကျင်းချွေ့ဝမ်ကို မနက်ဖြန်မော်လ်ဒိုက်သွားဖို့ လက်မှတ်နှစ်ဆောင်ဝယ်လားခိုင်းတယ်။ အိမ်ကိုပြန်ပြီး အဝတ်အစားတွေ ထုတ်ပိုးထားလိုက်တော့။ ကိုယ်တို့မနက်ဖြန်မနက်စောစော သွားကြမယ်။"

"ကျွန်မကို အရင်လွှတ်ပေး။" စူးထောင်က ထပ်ပြောလာသည်။

"စိတ်ဆိုးနေတုန်းပဲလား။"

စူးထောင်က ဘာမှပြန်မပြောချေ။

"လမ်းခွဲချင်နေတုန်းပဲလား။"

စူးထောင်၏ ကြည်လင်သော မျက်လုံးများက ရုတ်တရက် သူ့ကိုကြည့်လာပြီး သူမမျက်လုံးများက နက်ရှိုင်းနေသော ရေကန်ကဲ့သို့ တည်ငြိမ်နေကာ သူ့ကိုငုံ့ကြည့်ရန် ဆွဲငင်နေ၏။

"ရှင်ပဲကျွန်မကို အထုပ်အပိုးပြင်ဆင်ဖို့ မပြောလိုက်ဘူးလား။ ကျွန်မအခုပဲ သွားပြင်တော့မလို့လေ။" စူးထောင်က ဝမ်းသာအားရလည်းမဟုတ် ဒေါသလည်းမထွက်သည့်အသံဖြင့် အေးအေးဆေးဆေးပင် ပြောလိုက်သည်။

ရှဲ့ကျင်က သူမကို ကိုင်ထားတဲ့လက်ကို စိတ်ပျက်လက်ပျက်လွှတ်ချလိုက်ပြီး တည်ငြိမ်လွန်းသည့် မျက်လုံးတွေကို မြင်လိုက်ရသောအခါ ရုတ်တရက်ထိတ်လန့်သွားသလို ခံစားသွားရသော်လည်း ခဏတာမျှသာ။

'သူက သူမကို ကောင်းကောင်း အဖော်ပြုပေးလိုက်ရင် သူမကို သေချာပေါက် ချော့လိုက်နိုင်မှာပါ။'

--------

စူးထောင်သည် သူမအရင်က ရေးသားခဲ့သော အလုပ်အကြောင်းအကျဉ်းချုပ်နှင့် ဆက်စပ်သောစာရွက်စာတမ်းများကို ထုပ်ပိုးကာ ဟယ့်ရှောင်ရွေ့ထံသို့ ပေးပို့လိုက်သည်။

ထို့နောက် သူမ၏အလုပ်သမားကတ်ကို စားပွဲအလယ်တွင် ချထားလိုက်ကာ နှစ်ဝက်ကြာထိုင်ခဲ့သည့်ထိုင်ခုံကို ငေးကြည့်ရင်း ရုံးခန်းထဲမှထွက်သွားတော့သည်။

စူးထောင်သည် ပထမထပ်ရှိ အရှေ့ကောင်တာ စားပွဲရှေ့တွင်ရပ်နေသည့် ပန်းရောင်ပုံသဏ္ဍာန်လေးကို မထင်မှတ်ဘဲ တွေ့လိုက်ရ၏။ ရင့်ကျက်တည်ငြိမ်ပြီး မာနကြီးပုံရသောမျက်လုံးများကို အနည်းငယ် ပင့်မော့ထားသည်။

စူးထောင်က သူမ၏လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်ကို စိုက်ကြည့်လိုက်ရာ ပြိုးပြိုးပြက်ပြက်လက်နေပုံက ရှဲ့ကျင် သူမကိုပေးခဲ့သည့်လက်ကောက်နှင့် တစ်ထပ်တည်းပင်။

ထိုသူမှာ ချင်ရွယ်ရှီးဖြစ်ရမည်ဟု စူးထောင်ခန့်မှန်းလိုက်၏။

သူမသည် ပန်းရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ဆံပင်ရှည်များက သူမ၏ပုခုံးပေါ်တွင်ကျလို့နေသည်။ ဘေးတစ်ခြမ်းကြည့်လိုက်ရင် စူးထောင်နှင့် အနည်းငယ်ဆင်တူနေသည်။

ချင်ရွှယ်ရှီး ကိုယ်ပေါ်ရှိ အရောင်ကိုကြည့်လိုက်ရင်း မနေနိုင်ဘဲ ရှဲ့ကျင်၏ဗီလာရှိ ပန်းရောင်နှင့် ပြည့်နှက်နေသောအဝတ်ဗီရိုကို တွေးမိသွား၏။ ရင်ထဲရှိ အဆင်မပြေမှုကို ဖြေလျှော့လိုက်ကာ အရှိန်ကိုခပ်မြန်မြန်မြှင့်လိုက်သည်။

တစ်ခုခုကို အာရုံခံစားမိသွားသလိုမျိုး ချင်ရွှယ်ရှီးက ခေါင်းကိုလှည့်ကာ စူးထောင်ကို အံ့ဩတကြီးကြည့်နေ၏။

"နင်က စူးထောင်လား။"

စူးထောင် တံခါးနားရောက်ခါနီးအချိန်တွင် ရုတ်တရက် သူမကိုခေါ်လိုက်သံကြားလိုက်ရ၏။

သူမက ရပ်ပြီးလှည့်ကြည့်လိုက်ကာ တည်ငြိမ်နေသောမျက်လုံးထဲတွင် သူမ၏မည်သည့်အတွေးမျှ ပေါ်မနေချေ။

"ရှင်က ဘယ်သူလဲ။" စူးထောင်က သိလျှက်နှင့်ပင် မေးလိုက်သည်။

"ငါက ချင်ရွယ်ရှီး၊ အားကျင်ရဲ့ အတွင်းရေးမှူးဟောင်းပါ။"

အားကျင်လို့ ခေါ်လိုက်တဲ့ပုံစံက သူမကိုတားဆီးရခြင်း၏ ရည်ရွယ်ချက်ကို တမင်ဖော်ပြလို့နေ၏။

စူးထောင်သည် ဘာမှပြန်မပြောလိုက်ဘဲ သူမ၏ ကြည်လင်ပြတ်သားသည့် မျက်လုံးများနှင့် လူတစ်ယောက်ကို တိတ်တဆိတ် စိုက်ကြည့်နေခြင်းက လူကိုအပြစ်ရှိသလို ခံစားရစေသည်။

ချင်းရွှယ်ရှီးက သူမအကြည့်တွေကို ရှောင်ဖယ်လိုက်ပြီး ခါးကိုမတ်မတ်ထားကာ မေးစေ့ကို မြှောက်ရင်း "တို့ မင်းကိုကော်ဖီတစ်ခွက် ဝယ်တိုက်မယ်။"

"မလိုပါဘူး။ ပြောစရာရှိရင် ဒီမှာပဲပြောပါ။" သူမ၏ ရည်ရွယ်ချက်ကို သိသောကြောင့် စူးထောင်သည် သူမနှင့် ပေါက်ပေါက်မဖောက်ချင်ပေ။

ချင်ရွှယ်ရှီးသည် ဘာသိဘာသာပင် မျက်ခုံးပင့်လိုက်ပြီး အတိတ်က အမှတ်ရစရာများထဲ နစ်မြုပ်သွားသကဲ့သို့ ချက်ချင်းထပြောလာ၏။

"တို့က ဘွဲ့ရပြီးတာနဲ့ ထျန်းကျင်မှာ အလုပ်ဝင်လုပ်ခဲ့တာလေ။ ဥက္ကဌဟောင်း နေမကောင်းဖြစ်လာတဲ့အခါမှာ အားကျင်က ကုမ္ပဏီကို ပထမဆုံးအကြိမ် ရောက်လာတယ်။ လှပတဲ့အတွင်းရေးမှူးတစ်ယောက်အနေနဲ့ သူကတို့ကို သူ့အတွင်းရေးမှူးအဖြစ် ခန့်လိုက်ပြီးတော့ သူနဲ့အတူခရောင်းလမ်းကို အတူတူရင်ဆိုင်နိုင်လားလို့မေးတယ်။ တို့ကလည်း မတုံ့ဆိုင်းဘဲ ချက်ချင်းပဲသဘောတူတယ်လို့ ပြန်ပြောလိုက်တာ။ နှစ်နှစ်ကြာ သူနဲ့အတူရင်ဆိုင်ကျော်ဖြတ်ပြီးတဲ့နောက်မှာ ကုမ္ပဏီတစ်ခုလုံးကို သူထိန်းချုပ်နိုင်သွားတယ်။ အဲဒီနေ့မှာပဲ သူကတို့ကို ဖွင့်ဟဝန်ခံခဲ့တယ်။ တို့က အားကျင်ထက် နှစ်နှစ်ကြီးတယ်လေ ဒါကြောင့်သဘောမတူလိုက်ဘူး။ အခုတော့ တွေးရင်းတွေးရင်းနဲ့ သူ့အချစ်ကို လက်ခံဖို့ဆုံးဖြတ်လိုက်ပြီ။"

ချင်ရွှယ်ရှီး၏ မျက်လုံးများတွင် အရိပ်အမြွက်နှင့် ဒေါသအရိပ်အယောင်များ ရှိနေသည်။ သူမ၏ လက်ကောက်ကို မမြင်လိုက်မှာကို ကြောက်နေသလိုမျိုး ဆံပင်ရှည်များကို ခဏခဏ သပ်ပြနေ၏။

"ရှင် ကျွန်မကို အသိပေးစရာ မလိုပါဘူး။ "

ခဏတာ တိတ်ဆိတ်သွားပြီးနောက် စူးထောင်က အေးစက်စက်နှင့် " ကျွန်မနဲ့လည်း ဘာမှမဆိုင်ဘူး။"

သူမရဲ့လျစ်လျူရှုထားတဲ့ အမူအရာတွင် ဘာအမှားမှရှိချေ။ ထို့နောက် သူမလှည့်ထွက်သွားလာလိုက်၏။

ထျန်ကျင်းအဆောက်အဦးမှ ထွက်သွားပြီးနောက် စူးထောင်က တက္ကစီတစ်စီးကို တားလိုက်ကာ ဗီလာလိပ်စာပေးလိုက်သသည်။ ထိုင်ခုံနောက်ကျောကို မှီလိုက်ရင်း မျက်လုံးကိုမှိတ်ချလိုက်၏။

လွန်ခဲ့တဲ့လေးနှစ်က ရှဲ့ကျင် ကုမ္ပဏီကို ထိန်းချုပ်လိုက်နိုင်တဲ့နေ့က သူမတို့ပထမဆုံး ဆုံခဲ့ကြတဲ့နေ့လည်းဖြစ်သည်။

အဲဒီနေ့က သူကသတ်သေချင်နေပြီး ဘာကြောင့်လဲဆိုတာကို သူမပြောပြခဲ့သလို သူမကလည်း သူ့ကိုမမေးခဲ့ပေ။

'အဲဒီနေ့က သူမရဲ့အမေနှစ်ပတ်လည်နေ့ဖြစ်သလို သူမအဖေက ဒီနှစ်တွေအတွင်းမှာ သူမကိုဘာလို့ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့တဲ့ အကြောင်းအရင်းကိုလည်း သိသွားတဲ့နေ့ပဲ။ အကြောင်းပြချက်တချို့ကြောင့် သူမရှဲ့ကျင်ရဲ့တံတာပေါ်က ခုန်ချချင်တဲ့စိတ်ကို နားလည်သွားခဲ့တယ်။'

'တကယ်လို့ သူသာ ခုန်ချချင်ရင် သူမလည်းအဲဒီလူစိမ်းနဲ့အတူ တံတားပေါ်က လိုက်ခုန်ချမှာပင်'

'ကမ္ဘာကြီးရဲ့မမျှတမှုနဲ့ စိတ်ချင်းဆက်မှုတွေကြောင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာတင် တစ်ယောက်ကိုတစ်ယောက်လိုအပ်ပြီး အချင်းချင်းဖေးမလာကြ၏။'

'သူမက ရှဲ့ကျင်အတွက် အထူးခြားဆုံးဖြစ်တည်မှု၊ သူ့ဘဝမှာ ထပ်အစားထိုးလို့မရနိုင်တဲ့သူလို့ အမြဲတွေးခဲ့တာ။'

'ငယ်ငယ်လေးကတည်းက လျစ်လျူရှုခံခဲ့ရပြီး အခွင့်အရေးများ အမြဲဆုံးရှုံးနေတာကြောင့် သူမနဲ့ထိုက်တန်တာလည်းရှိကြောင်း သက်သေပြဖို့ ဒီလိုထူးခြားတဲ့အချစ်တွေကို သူမလိုအပ်ခဲ့တယ်။'

'သူမ သူ့ပေးနိုင်သမျှက အကြွင်းမဲ့ချစ်ခြင်းမေတ္တာ၊ အဖော်ပြုပေးတာနဲ့ အားကိုးခြင်းတွေပဲ။'

'တန်ပြန်အနေနဲ့ သူ့ဆီကနေ အကြွင်းမဲ့ချစ်ခြင်းကို မျှော်လင့်နေခဲ့တာ။'

'ဒါပေမယ့် တကယ်လို့ အဲဒီနှစ်က သူသတ်သေခဲ့တဲ့အကြောင်းအရင်းသာ ချင်ရွှယ်ရှီး ငြင်းလိုက်လို့ဆိုရင် ဒါက တကယ်ကို ရယ်စရာကောင်းသွားမှာ။'

'ဒီလိုအကြောင်းပြချက်နဲ့သာဆို သူမနဲ့ ဘယ်လိုလုပ်စိတ်ချင်းဆက်နိုင်မှာလဲ။'

သူမဖုန်းကနေ စီနီယာအကိုထံမှ wechat စာပို့သံထွက်လာ၏။

[ကျန်းချီကွမ်း - ဓာတ်ပုံက အစစ်ပဲ။]

စူးထောင်ဟာ သူမဖုန်းစခရင် တဖြည်းဖြည်းမှိန်သွားတာကို တိတ်တဆိတ်ကြည့်နေရင်း ပါးပြင်မှမျက်ရည်တွေကို အကြမ်းပတမ်းသုတ်လိုက်ကာ ဖြေးညင်းစွာ မျက်စိမှိတ်လိုက်တော့သည်။

သူမသည် မိမိကိုယ်မိမိ အစစ်အမှန်ချစ်ခြင်းဟုသတ်မှတ်ကာ လေးနှစ်ကြာပိတ်မိနေပြီးနောက် အဆုံးတွင် အားလုံးက သူမတစ်ဦးတည်းဘက်မှ လိုလားတောင့်တနေသော ဆန္ဒများသာဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

'သူမက တကယ့်ကို ဟာသဖြစ်ခဲ့တာ။'

All Chapters