အခန်း (၂၀)
Vol. 2 Ch. 20
သူမက ကြော်ငြာစာချုပ်ကို ယူလိုက်ပြီး သဘောထားကို ချက်ချင်းပြောင်းလိုက်သည်။" ကျွန်မရဲ့ ရုံးခန်းထဲမှာ ပြောကြတာပေါ့။"
စူးထောင်က ချက်ချင်း သဘောမတူလိုက်ပေ။ တခြားအပေးအယူများစွာနှင့် ဖုန်းခေါ်ဆိုကြည့်ပြီးမှသာ နောက်ဆုံးတွင် ကျန်းချီကွမ်းအား ဖုန်းခေါ်လိုက်၏။
ထိုအကြပ်အတည်းကို ကြားပြီးနောက် ကျန်းချီကွမ်းက ပေါ့ပေါ့တန်တန် ပြောလာသည်။" ငါ့မှာ ဖြေရှင်းဖို့ နည်းလမ်းကောင်းရှိတယ်။"
စူးထောင်၏ မျက်လုံးများက တောက်ပသွားပြီး ကျန်းချီကွမ်း၏ ပရိယာယ်ကို စောင့်မျှော်လိုက်၏။
" ဒီ variety showကို လက်လွှတ်လိုက်တော့။"
စူးထောင် - "......"
"ဘာလို့ Sea Wave 2မှ ဖြစ်ရမှာလဲ။ ပုံမှန်အတိုင်းပဲသွားရင်တောင် ဒီနှစ်နှစ်အတွင်းရဲ့ထိတွေ့မှုနဲ့အောင်မြင်ကျော်ကြားမှုမှာ ကြီးမားတဲ့ကွာဟချက်မရှိဘူးလေ ဟုတ်တယ်မလား။
စူးထောင်က ကျန်းချီကွမ်းဟာ သူလုပ်ငန်းစစချင်းလုပ်တုန်းကထက် ပို၍အေးအေးလူလူ ဖြစ်လာကြောင်း သိသော်လည်း ယခုကဲ့သို့ တော်တော့်ကို အေးအေးလူလူဖြစ်နေမှန်းတော့ မမျှော်လင့်ထားပေ။
တစ်နှစ်၊နှစ်နှင်းအတွင်းမှာ အနုပညာရှင်တွေ ဘယ်လောက်တောင်ရှိနေလဲ။ အခွင့်အရေးဆိုတာ ခဏတဖြုတ်ပဲလာမှာ။
တကယ်လို့ သူမသာ ကုယီးယန်ကို စီမံခန့်ခွဲတဲ့နေရာမှာ အပြိုင်အဆိုင် မဖြစ်ခဲ့ရင် ကုယီးယန်က လက်ရှိကျော်ကြားမှုနဲ့ traffic တွေကို ဘယ်လိုလုပ်ရနိုင်မှာလဲ။
"ရပြီ ဥက္ကဌကျန်း ရှင့်ရဲ့မိန်းမလှလေးတွေကိုပဲ ဆက်ကြည့်နေပါတော့။"
စူးထောင်က ဖုန်းချလိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်လာကာ ရင်ပြင်ကိုကြည့်နေရင်း ဘယ်သူ့ကိုမှ အားကိုးလို့မရနိုင်တော့ဘူးဆိုပြီး သက်ပြင်းချကာ ညည်းတွားလိုက်သည်။
လျန်ခယ့်က ထိုင်ခုံပေါ်တွင် ခြေနှစ်ဖက်ကို အနည်းငယ်စောင်းထားကာ လှပသောစံပုံစံ ထိုင်နည်းဖြင့်ထိုင်နေ၏။
အသက်မဝင်သောပုံစံဖြင့် အလုပ်များနေသော စူးထောင်ကိုကြည့်ကာ သူမဘာတွေလုပ်နေလဲဆိုတာ သူမသိတော့ချေ။
"ထောင်ထောင် မနက်ဖြန်ကျရင် ရှဲ့ကျင်ကိုတွေ့ဖို့ သွားရုံပဲလေ။ အဖိုးက အဖွားကို စကားပြောသလိုမျိုး ပတွတ်ပတွတ်နဲ့ သက်ပြင်းတွေချပြီး ဘာတွေလုပ်နေတာလဲ။
စူးထောင်ရဲ့ ချောမွတ်တဲ့ လက်သေးသေးလေးနဲ့ မှန်ကိုရိုက်လိုက်တဲ့အသံ "ဘန်း"က လျန်ခယ့်ကို ထိန့်လန့်သွားစေသည်။
စိတ်နဲ့ကိုယ်ပြန်ကပ်သွားပုံရပြီး သူမကအံကြိတ်ကာ ပြောလာ၏။"လေယာဉ်လက်မှတ် ၃စောင်သွားဝယ်ပေး။ ကျွန်မ အနုပညာရှင်နှစ်ယောက် ခေါ်သွားမယ်။"
လျန်ခယ့်က အပျော်လွန်ပြီး ထိုင်ခုံပေါ်မှ ထခုန်လုနီးပါးပင်။" ကောင်းလိုက်တာ မင်းဒီလိုပြောလာမှာကို ငါကစောင့်နေတာ"
------
စူးထောင်က ထျန်းကျင် အဆောက်အဦအောက်မှာ ရပ်နေရင်း မြင့်မားသော အဆောက်အဦကို ကြည့်နေကာ ထိုအခိုက်အတန့်တွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာသည်။
သူမက ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ တွေးထားခဲ့တာ။
စူးထောင်က ထုန်မင်ရွှမ်းနှင့် လျန်ခယ့်ရဲ့အနုပညာရှင် ရှောင်ရှန်းတို့နှင့်အတူ တံခါးကိုဖြတ်ဝင်လာခဲ့သည်။
တောက်ပပြီးချောမောသည့် ကောင်လေးနှစ်ယောက်ပေါ်ထွက်လာခြင်းက ထျန်းကျင်ရှိ ဝန်ထမ်းများ၏ မျက်လုံးကိုတောက်ပလာစေပြီး သူတို့အား အကြည့်မလွှဲနိုင်အောင်ဖြစ်စေ၏။
အရှေ့ကောင်တာရဲ့တာဝန်ခံက ပြောင်းလဲသွားပြီး စူးထောင်က သူမရက်ချိန်းကြိုယူထားကြောင်းကို တခဏအကြာ ရှင်းပြလိုက်ရသည်။ တာဝန်ခံက အတွင်းရေးမှူးရုံးသို့အတည်ပြုရန် ဖုန်းခေါ်လိုက်သော်လည်း သူမတို့အားအောက်ထပ်တွင်သာ စောင့်နေပါရန် ပြန်ပြောလာ၏။
စူးထောင်က လူသွားလူလာများနေသော ဧည့်ခန်းနေရာကို ကြည့်လိုက်သည်။ လူတိုင်းက အနုပညာရှင်နှစ်ယောက်ဆီ လာရောက်လည်ပတ်ကြကာ ဓာတ်ပုံရိုက်သွားတော့သည်။ ဒါက နည်းနည်းအဆင်မပြေ ဖြစ်စေ၏။
တအားကြာမယ်ဆိုရင် အနုပညာရှင်တွေကို ကားထဲမှာပဲ စောင့်ခိုင်းလိုက်မယ်လို့ မေးရင်ကောင်းမလား၊မကောင်းဘူးလား တွေးနေတုန်း "ထောင်ထောင်"လို့ အံ့ဩတကြီးခေါ်လိုက်တဲ့အသံကို သူမကြားလိုက်ကသည်။
စူးထောင်က ခေါ်သံကြောင့်လှည့်ကြည့်လိုက်သောအခါ ဟယ့်ရှောင်ရွေ့ကို တွေ့လိုက်ရ၏။
ထျန်းကျင်ထဲဝင်လာပြီးနောက် ပထမဆုံးအပြုံးကိုထုတ်ပြုံးလာတော့သည်။ သူမအားပြုံးပြလိုက်ကာ "ရှောင်ရွေ့ မတွေ့တာကြာပြီ။"
"စူးထောင် တကယ်နင်ပဲ"
ဟယ့်ရှောင်ရွေ့က လမ်းလျှောက်လာရင်း ဆံပင်ခပ်တိုတို၊ ပိုရင့်ကျက်ပြီး လှလာသသည့် mask တပ်ထားသည့်စူးထောင်ကို ကြည့်လိုက်၏။
အစတုန်းကတော့ သူမက ရှောင်ရှန်းရဲ့ fanပါ။ ဒီအနုပညာရှင်နှစ်ယောက်နဲ့ အတူရှိနေတဲ့ မိန်းမလှလေးက စူးထောင် ဖြစ်မယ်မှန်းသူမ မမျှော်လင့်ထားချေ။
"နင်က..." ဟယ့်ရှောင်ရွေ့က တုံ့ဆိုင်းသွားပြီး အနုပညာရှင်နှစ်ယောက်ကိုကြည့်ကာ မေးလာသည်။
"အခု ငါက အေးဂျင့်တစ်ယောက်လေ။"
"ဘုရားရေ နင်တကယ်ကို အေးဂျင့်တစ်ယောက် ဖြစ်လာပြီပေါ့။ အရမ်းတော်တာပဲ။"
ဟယ့်ရှောင်ရွေ့၏ အံ့အားသင့်နေတဲ့ပုံစံကို ကြည့်လိုက်ရင်း စူးထောင်က တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြုံးလိုက်ကာ "ဘာတွေ အံ့ဩတကြီး ဖြစ်နေတာလဲ။ ဒါက ငါ့ရဲ့အသက်မွေးဝမ်းကြောင်းပဲလေ။"
ဟယ်ရှောင်ရွေ့က အချိန်အတော်ကြာ အံ့အားသင့်နေပြီးနောက် တုံ့ပြန်လာ၏။ "နင်က ဥက္ကဌကို လာတွေ့တာမလား။ ဘာလို့ ဒီမှာရပ်နေတာလဲ။"
"ဥက္ကဌရုံးရဲ့ အတွင်းရေးမှူးက ငါ့ကိုဒီမှာစောင့်လို့ပြောထားတယ်။"စူးထောင်က အချိန်ကို ကြည့်လိုက်ပြီးနောက် ဓာတ်ပုံလာရိုက်သူ အရေအတွက် တိုးလာနေသော အနီးပတ်ဝန်းကျင်ကို ပူပန်မှုအပြည့် အမူအရာဖြင့် ဝေ့ကြည့်လိုက်သည်။
"ငါ့ရုံးခန်းမှာပဲ အရင်သွားစောင့်ကြရင်ရော။ ရှောင်လိ ဥက္ကဌရုံးခန်းကနေ ဖုန်းခေါ်လာရင် ငါ့ရုံးခန်းကိုတစ်ချက်လောက် ဖုန်းဆက်ပေးနော်။"
အရှေ့ကောင်တာရဲ့တာဝန်ခံဆီက အပြုသဘောဆောင်တဲ့အဖြေရသွားပြီးနောက် စူးထောင်က ဟယ့်ရှောင်ရွေ့နှင့်အတူ ဓာတ်လှေကားထဲ လိုက်ဝင်တော့သည်။
"ထောင်ထောင် နင်မသိလို့။ အဲဒီတုန်းက ဥက္ကဌရုံးချုပ်ကလူဟောင်းတွေ အများကြီး အလုပ်ထုတ်ခံထိတယ်။အခုလူသစ်တွေက သဘောထားဆိုးပြီး တော်တော်လေးမာနကြီးကြတယ်။ မသိလို့ရှိရင် ငါတို့ကုမ္ပဏီက နျူးကလီးယားလက်နက် ထုတ်လုပ်တယ်လို့တောင် အောက်မေ့ရတယ်။"
ရှောင်ရှန်းက ပထမဆုံး ကျယ်ကျယ်လောင်လောင်ရယ်လိုက်ပြီးတဲ့နောက်မှာ ဓာတ်လှေကားထဲမှာရှိတဲ့ လူတိုင်းက ရယ်လာကြ၏။
ဓာတ်လှေကားက HRဌာနသို့ ရောက်သောအခါ ဟယ်ရှောင်ရွေ့က ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်ကာ အကြည့်ကိုရှောင်ရှားလိုက်ရင်း ဓါတ်လှေကားနှင့် ဆန့်ကျင်ဘက်ရှိ ဧည့်ခန်းထဲသို့ သူမတို့အား ခေါ်ဆောင်သွားသည်။
စူးထောင်က စူးစမ်းလေ့လာမှု အားကောင်းသည့်အတွက် အကြည့်တချက်နှင့်ပင် ဟယ့်ရှောင်ရွေ့၏ အလုပ်နာမည်ကတ်ပြား ပြောင်းလဲသွားမှန်းတွေ့လိုက်ရ၏။
လက်ထောက် ကြီးကြပ်ရေးမှူးမှ HR ဒါရိုက်တာအဖြစ်သို့။
"ရှောင်ရွေ့ ရာထိုးတိုးသွားတာပဲ။"
ဟယ်ရှောင်ရွေ့က သူမရဲ့အလုပ်သမားကတ်ကိုကြည့်ရင်း ပြုံးလာသည်။" ဒါရိုက်တာကျင်းက ဥက္ကဌရဲ့ အထူးလက်ထောက်ဖြစ်သွားပြီလေ။ ငါကတော့ ဒါရိုက်တာကျင်းရဲ့အလင်းရောင်ကို အခွင့်ကောင်းယူပြီး ဒါရိုက်တာတစ်ယောက်ဖြစ်လာတာ။
စူးထောင်ကတော့ ဥက္ကဌရဲ့အထူးလက်ထောက်ဆိုတဲ့ရာထူးထပ်တိုးသွားတာကို တိတ်တဆိတ် အံ့ဩသွားပေမယ့် ကျင်းချွေ့ဝမ် ထိုရာထူးရသွားတာကိုတော့ မအံ့ဩမိချေ။ ရှဲ့ကျင်က အရင်ကတည်းက ကျင်းချွေ့ဝမ်ကို အမြဲတမ်းလိုလို သူ့အလုပ်ကိစ္စလုပ်ခိုင်းလေ့ရှိ၏။
"ငါ ဖုန်းသံနားထောင်ဖို့ သွားတော့မယ်။ သူတို့ခေါ်လာတာကိုလွဲချော်သွားရင် နင့်အလုပ်နှောင့်နှေးသွားမှာ။ထောင်ထောင် နင်တို့အရင်ထိုင်ကြလေ။ အဲဒီမှာ အစားအစာတွေနဲ့ သောက်စရာတွေရှိတယ်။ ကိုယ့်ဘာသာကိုယ် ယူစားကြနော်။"
ဟယ့်ရှောင်ရွေ့တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဓာတ်လှေကားတံခါးကလည်းပွင့်လာကာ မိန်းမငယ်လေးတစ်ယောက်ထွက်လာသည်။ သူမက စူးထောင်နှင့်တစ်ခြားသူများကို စိုက်ကြည့်ကာ လေသံမာမာဖြင့် ဟယ့်ရှောင်ရွေ့ကို မေးခွန်းထုတ်လိုက်၏။" နင် ဒီလူတွေကို ဘာလို့ဒီနေရာခေါ်လာတာလဲ။"
ဟယ့်ရှောင်ရွေ့က သူမကို ကာစီးလိုက်သည်နှင့် ထိုမိန်းမငယ်လေးက သူမကိုဖြတ်ကျော်ကာ စူးထောင်ဆီသို့ လျှောက်လာရင်း သူမလက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းကာ "ဒီကိုလာပါဆို။ အဲဒီမှာထိုင်နေသေးတယ်။ကျွန်မမှာတော့ ရှင်တို့ကို ရှာလို့မတွေ့လုနီးပါးပဲ။ ဒါပေမယ့် ရှင်တို့ကတော့ နေရာရှာတာ တော်တယ်နော်။
"ချူရှင်း ဒါကဘာသဘောလဲ။ ဧည့်သည်တွေနဲ့ တွေ့တိုင်း ဒီလိုပဲပြောနေကျလား။"
ဟယ့်ရှောင်ရွေ့က ဝန်ထမ်းရေးရာတာဝန်ကို ယူရသည့် ဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်သည့်အတွက် သူမဟာ လူတွေကို ဘယ်လိုသင်ကြားပေးရမလဲဆိုတာတော့ သိသေးသည်။
ချူရှင်းက မျက်လုံးလှန်ပြလိုက်ရာ သူမ၏ မျက်တောင်တုများက တဖျပ်ဖျပ်လှုပ်နေသည်။" ကျွန်မဘာဖြစ်နေလို့လဲ။ ကျွန်မက ဟော်တယ်က စားပွဲထိုးလည်း မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ဥက္ကဌရှဲ့ကို တွေ့ချင်နေတဲ့လူတွေများ တန်းစီလို့တောင် မကုန်ဘူး။ သူ့ကိုတွေ့လို့ရ၊ မရကတော့ နင်တို့အပေါ်ပဲမူတည်တယ်။"
"ဟေးးး ရတယ်။ ငါ ဒါကို ဒီနေ့ပဲငါတို့ခေါင်းဆောင်ဆီ ဒီအကြောင်းတင်ပြလိုက်မယ်။" ဟယ့်ရှောင်ရွေ့က သူမရဲ့အမူအကျင့်ကိုသိသော်လည်း စူးထောင်နှင့် သူမရဲ့ idol တွေအပေါ် ဒီနေ့လိုပုံစံမျိုး ဆက်ဆံလိုက်သည့်အတွက်ကြောင့် သူမတကယ်ဒေါသထွက်သွား၏။
တစ်ချိန်လုံး စကားမပြောလာတဲ့ စူးထောင်က ဒေါသထွက်နေသော ဟယ့်ရှောင်ရွေ့ကို ဆွဲလိုက်ပြီး အတွင်းရေးမှုးငယ်လေးကို ပေါ့ပေါ့တန်တန် စိုက်ကြည့်ကာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး လမ်းပြပေးပါ။"
ပြောပြီးသည်နှင့် စူးထောင်က ဆက်လျှောက်သွားပြီး ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ကာ တည်တည်ငြိမ်ငြိမ်နှင့်ပင် ဓာတ်လှေကားတက်အလာကို စောင့်နေ၏။
ဓာတ်လှေကားပေါ်လာသောအခါ ချူရှင်းက မောက်မာသောအကြည့်ဖြင့် သူတို့ကို တစ်ချက်စိုက်ကြည့်ကာ အရင်ဝင်လိုက်သည်။
စူးထောင်က ခေါင်းကိုခါရမ်းကာ ရှဲ့ကျင်ရဲ့တန်ဖိုးက အရင်ကနဲ့ တကယ်မတူတော့သလို သူ့အတွင်းရေးမှူးရဲ့ဒေါသကတောင် သူ့လောက်နီးနီး တူညီနေသည်ဟု ခံစားလိုက်ရ၏။
ဓာတ်လှေကားတံခါးသည် ဖြည်းညှင်းစွာ ပိတ်သွားပြီး ဟယ်ရှောင်ရွေ့၏ ဒေါသထွက်နေသောမျက်နှာက မှန်တံခါးတွင် ပုံရိပ်ထင်နေသည်။
သူမက ကျင်းရွေ့ဝမ်ကို ဖုန်းခေါ်လိုက်ပြီး တစ်ဖက်ကဖုန်းကိုင်လိုက်သည်နှင့် ဗြုန်းစားကြီးပြောလာ၏။ " ဥက္ကဌရုံးချုပ်ရဲ့ အဲဒီအတွင်းရေး ချုရှင်းကလေ တော်တော်မောက်မာလွန်းတယ်။ သူမက စူးထောင်ကို မောင်းထုတ်ခါနီးပဲ။"
တိတ်ဆိတ်နေသော ရုံးခန်းထဲတွင် ကျင်းချွေ့ဝမ်၏ ဖုန်းခေါ်ဆိုမှုမှာ ရှင်းလင်းစွာ ကြားနေရသည်။ တစ်ဖက်ခြမ်းတွင် ထိုင်နေသောရှဲ့ကျင်ကို သူကြည့်လိုက်ပြီး အလျင်အမြန်နှင့် ခပ်တိုးတိုးပြောလာသည်။"လူဘယ်မှာလဲ။ သူမ ထွက်သွားပြီးလား။ မြန်မြန် သူမကိုတားလိုက်လေ။"
"သူမ အပေါ်တက်သွားပြီ။"
ကျင်းချွေ့ဝမ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ဖုန်းချလိုက်၏။ သူလှည့်ကြည့်လိုက်သောအခါ သူဌေးတစ်ယောက် ဘောပင်တစ်ချောင်းကိုင်ထားရင်း တံခါးရှေ့တွင် ခေါက်တုံ့ခေါက်ပြန် ဘယ်နှစ်ကြိမ်မှန်းမသိ လျှောက်နေပြီး သူ၏ထိပ်ထိပ်ပျာပျာဖြစ်နေတဲ့ပုံစံကိုပင် တွေ့နိုင်သည်။
ကျင်းချွေ့ဝမ် - "သူ မထွက်မသွားဘူး။ အခု အပေါ်ကိုလာတက်နေပြီတဲ့။"
ထိုစကားပြောလို့ပြီးသွားသည်နှင့် တပြိုင်နက် ရုံးခန်းတံခါးခေါက်သံ ထွက်လာ၏။ ချူရှင်း တံခါးကိုဖွင့်လိုက်တော့ ဥက္ကဌက တံခါးဝတွင်ရပ်နေသည်။ သူမက ထိတ်လန့်သွားပြီး ခြေတလှမ်းဆုတ်မိလိုက်ကာ နောက်ထပ်ခြေလှမ်း ထပ်မလှမ်းရဲတော့ဘဲ ဒီအတိုင်းပင် မတ်တပ်ရပ်နေ၏။" ဥက္ကဌ စူးထောင်ဆိုတဲ့ ဧည့်သည်ရောက်လာပါပြီ။"
စူးထောင်သည် အနက်ရောင်တံခါးဘေးတွင် ရပ်နေပြီး အဝါဖျော့ဖျော့မီးရောင်မှာ လင်းနေဆဲဖြစ်ကာ စားပွဲပေါ်ရှိ ကွန်ပျူတာနှင့် ပစ္စည်းကိရိယာများက လွန်ခဲ့သည့်တစ်နှစ်တုန်းက သူမရှိခဲ့စဥ်က အတိုင်းတစ်ပုံစံထဲပင်။
သို့သော် မည်သူကမျှ ဒီနေရာကို သိမ်းပိုက်မထားချေ။
ရှဲ့ကျင်၏ မျက်လုံးများက စူးထောင်ပေါ်ကျရောက်နေသော်လည်း ချူရှင်းကို တိုက်ရိုက်ပြောလိုက်သည်။" HRဌာနကိုသွားပြီး လစာအပြီးသွားထုတ်လိုက်။"
ထုန်မင်ရွှမ်းနှင့် ရှောင်ရှန်းက တိတ်တဆိတ် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တော့သည်။ သူတို့က ဒီအတွင်းရေးမှူးလေးကို တိုက်ရိုက်ကြီး အလုပ်ထုတ်လိုက်တာလား။
အနက်ရောင်တံခါးက ပိတ်သွားပြီး ချူရှင်း၏ စိတ်ပျက်လက်ပျက်ဖြစ်နေသော မျက်နှာကို ကွယ်သွားတော့သည်။ အနုပညာရှင်နှစ်ယောက်က နံဘေးရှိဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး စူးထောင်မှာ သူတို့ဘေးတွင် ဝင်ထိုင်လိုက်၏။
ရှဲ့ကျင်သည် သူမအနီးရှိ ဆိုဖာတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်ကာ သူမကိုလှည့်ကြည့်လာသည်။ သူ့အကြည့်က အနုပညာရှင်နှစ်ယောက်ကို တစ်ခုခုမှားနေပြီဖြစ်ကြောင်း ခံစားသွားရစေသည်။
ဒီကိုမလာခင်တုန်းက သူတို့ဟာ ဥက္ကဌရှဲ့အကြောင်း ကောလဟာလ အမြောက်အများကို ကြားခဲ့ရ၏။ ပြောကြတာတော့ ရှဲ့ကျင်က ဒေါသအိုး၊သူနဲ့ပေါင်းသင်းဆက်ဆံရမလွယ်ဘူးတဲ့။ သူနဲ့နည်းနည်းလောက် သဘောထားကွဲလွဲသွားရင်တောင် ဒေါသတွေထွက်ပြီး ဘယ်သူမျက်နှာမှ မထောက်ဘူးဆိုပဲ။
ဒါပေမယ့် အခု သူ့ရဲ့စူးစူးရှရှ မျက်လုံးတွေကို မြင်လိုက်ရတော့ ကောလဟာလတွေနဲ့ ကိုက်ညီမှုမပါလား။
စူးထောင်၏ မျက်နှာက တည်ငြိမ်နေပြီး ရှဲ့ကျင်ကို လုံးဝကြည့်မလာပေ။ သူမအိတ်ထဲက ဖိုင်ကိုကိုဆွဲလိုက်ကာ ရှဲ့ကျင်ရှေ့ရှိ စားပွဲပေါ်သို့တင်ပေးလိုက်သည်။
ရှဲ့ကျင်က ထိုဖိုင်တွဲကိုယူရန် ရှေ့သို့ကိုင်းလိုက်ရင်း သူ့လက်ကြီးကို စူးထောင်၏ လက်ပေါ်တွင်တင်လိုက်၏။ သူ့လည်စေ့က အနည်းငယ်ရွေ့သွားကာ စူးထောင်က သူ့ကိုစိုက်ကြည့်လိုက်ပြီး သူမလက်ကို အတင်းပင်ဆွဲထုတ်တော့သည်။
"ဥက္ကဌရှဲ့ ကျွန်မ Sea Wave 2ပရောဂျက်နဲ့ပက်သက်ပြီး အသေးစိတ် လေ့လာဆန်းစစ်မှုတွေ လုပ်ထားပြီး show ရဲ့ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကိုယ်ပိုင်အမြင်ကို ဖော်ထုတ်ထားတယ်။ ဒီshowကို နောက်ဆုံးမှာ ဘယ်လိုစီစဉ်ထားမလဲဆိုတာ ကျွန်မ မသိပေမယ့် နားလည်ထားမိသလောက်ကတော့ ဒီရှိုးက ပိုငယ်ရွယ်ရမယ်၊ပိုပြီးစွမ်းအင်အပြည့်ရှိတဲ့ဘက်ကို ဦးတည်ထားပြီး ပါဝင်မယ့်ဧည့်သည်ကတော့ သေချာပေါက် ထိပ်တန်းပဲဖြစ်ရမယ်။"
စူးထောင်က ရှဲ့ကျင်ကို နှိမ့်ချသည်လည်းမဟုတ် တွန်းအားပေးတဲ့ အပြုအမူမျိုးနဲ့လည်း မဟုတ်ဘဲ ဒီစာရွက်စာတမ်းတွင် သူမခွဲခြမ်းစိတ်ဖြာ လေ့လာထားတာတွေကို ရှင်းပြပေးနေပြီး သူမရဲ့အနုပညာရှင်နှစ်ယောက်က ဒီ show နဲ့ ဘယ်လောက်သင့်တော်နေကြောင်းကို အသေးစိတ် ပြောပြပေးနေ၏။
ရှဲ့ကျင်သည် ဘာစကားမှမပြောဘဲ သူမကိုတစ်ချိန်လုံးငေးကြည့်နေပြီး သူမပြောတာတွေကို နားထောင်နေလား၊ နားမထောင်နေဘူးလားဆိုတာကိုတော့ စူးထောင်လည်းမသိတော့ချေ။
"ဥက္ကဌရှဲ့ ဒါကအကြမ်းဖျင်းပါပဲ။ ရှင့်မှာ ပြောချင်တာများရှိလား။"
ထိုအခါမှသာ ရှဲ့ကျင်က အသိစိတ်ပြန်ကပ်သွားပြီး အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အသံအောအောဖြင့် နောက်ဆုံးတွင် စကားစပြောလာ၏။"မင်းတို့အနုပညာရှင်နှစ်ယောက်ရဲ့ လွှမ်းမိုးနိုင်စွမ်းရှိမှုနဲ့ ကျော်ကြားမှုတွေက ကိုယ်တို့ဖိတ်ကြားဖို့စီစဉ်ထားတဲ့ ပါဝင်သူဧည့်သည်အတွက် သတ်မှတ်ထားတဲ့စံနှုန်းကို ဝင်မနေဘူး။
ရှဲ့ကျင်ကသူမနဲ့ အလုပ်ကိစ္စဆွေးနွေးချင်နေတဲ့ အပြုအမူကြောင့် ခဏကစူးစိုက်ကြည့်နေလို့ မသက်မသာဖြစ်နေတဲ့ စူးထောင်မှာ အမူအရာတွေ ပျော့ပျောင်းသွားပြီး ပြုံးနေသည့် အရိပ်အယောင်ပင် ပြလာကာ" ဥက္ကရှဲ့ရဲ့ စိုးရိမ်မှုတွေက ဖြစ်သင့်ပါတယ်။ ကျွန်မတို့ ဘက်က traffic နည်းတယ်။ ဒါပေမယ့် ရှင်တို့လို platform တည်ထောင်သူအနေနဲ့ ရေရှည်မှာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အနုပညာရှင်တွေကို မြှင့်တင်လိုစိတ်ရှိသင့်ပါတယ်။ ထုန်မင်ရွှမ်းနဲ့ရှောင်ရှန်းက ရွေ့ချီအတွက် trafficကလွဲလို့ ကျန်တာအကုန် အားသာချက်တွေပဲဆိုတာ ကျွန်မလုံးဝပြောနိုင်တယ်။"
ရှဲ့ကျင် ဂရုတစိုက် နားထောင်နေတာမြင်တော့ စူးထောင်က အလုပ်ထဲစိတ်နှစ်လိုက်ကာ အသေအချာပြောနေတော့သည်။" ပထမဆုံးအနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ ရှင့်အတွက် လုံးဝရင်ထဲထိသွားစေမယ့်အကွက် ကုန်ကျစရိတ်က အရမ်းသက်သာတယ်။ ဒုတိယအနေနဲ့ ကျွန်မတို့စာရွက်စာတမ်းရဲ့ နောက်ကျောမှာပါတဲ့စစ်မှန်ရိုးသားမှုက ကျွန်မတို့ကြားက ဗျူဟာမြောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နိုင်မယ်ဆိုရင် ရွေ့ချီရဲ့ variety showတွေ၊ စတိတ်ရှိုးတွေ၊ ရုပ်ရှင်တွေနဲ့ TV show တွေမှာ ဈေးသက်သက်သာသာနဲ့ ရှင့်ကို ပထမဆုံး လက်မှတ်ထိုးဖို့ သဘောတူညီပေးမှာပါ။"
"ကျွန်မရဲ့ ချောမောခန့်ညားတဲ့ကောင်လေး နှစ်ယောက်ကိုကြည့်လိုက်ပါ။ သူတို့ရုပ်ရည်က အထင်ကြီးစရာပါပဲ၊ ပြီးတော့ အရည်အချင်းနဲ့ ပက်သက်ရင်လည်း ဒီUSB driveထဲမှာရှိပါတယ်။ ဒီနှစ်နှစ်အတွင်းမှာ သူတို့နှစ်ယောက်က traffic အမြင့်ဆုံးမျိုးဆက်သစ် အနုပညာရှင်တွေ ဖြစ်လာမယ်ဆိုတာ ကျွန်မအာမခံနိုင်ပါတယ်။"
ထုန်မင်ရွှမ်းက စူးထောင်နှင့်အတူ dinner ပါတီပွဲများတွင် ရှင်းနှီးမြုပ်နှံသူများအား သွားရောက်တွေ့ဆုံဖူးသဖြင့် သူမ၏စွမ်းဆောင်ရည်တွေကို သိနေပြီး ရှောင်ရှန်းမှာတော့ စူးထောင်၏ ကျမ်းကျင်မှုနှင့် စကားပြောကောင်းမှုကို ပထမဆုံးအကြိမ် မျက်မြင်ကြုံတွေ့ရသောကြောင့် သူမအား လေးစားအားကျသွားတော့သည်။
သို့သော် ရှဲ့ကျင်၏ မျက်နှာမှာ အုံ့မှိုင်းသထက် အုံ့မှိုင်းလာပြီး မျက်လုံးများထဲတွင်လည်း နက်မှောင်သောအရိပ်အယောင်များ ပေါ်ထွက်လာ၏။
စူးထောင်က သူတို့နှစ်ယောက်ကို ချီးမွမ်းနေပြီး ရှောင်ရှန်းကလည်း စူးထောင်ကို သဘောကျတဲ့ မျက်လုံးများနှင့်ပြန်ကြည့်သောအခါ သူ့အမူအရာက ပြောင်းလဲသွားသည်။
ရှဲ့ကျင်သည် မျက်လွှာချထားကာ သူ၏မျက်တောင်ရှည်များက နက်မှောင်နေသောမျက်လုံးကိုကာထားပေး၏။ သူက စိတ်ခံစားချက် အစစ်အမှန်ကို ချိုးနှိမ်လိုက်ရင်း "မိန်းကလေးစူးက တကယ်ကိုတာဝန်ကျေတဲ့ မန်နေဂျာတစ်ယောက်ပါ။ မင်းနဲ့သာဆို မင်းရဲ့အနုပညာရှင်တွေက ဘယ်လောက်ထိတောင် အောင်မြင်နေလိုက်မလဲဆိုတာ ကျွန်တော်တောင် မခန့်မှန်းတတ်တော့ဘူး။"
ထုန်မင်ရွှမ်း၊ရှောင်ရှန်း - "....."
ဒါက ပြောင်ပြောင်တင်းတင်းကို အယုံသွင်းချဉ်းကပ်နေတာပဲ။
ကမ္ဘာကြီးကပဲ ပြောင်းလဲသွားတာလား ဒါမှမဟုတ် ကုမ္ပဏီကပဲ သူတို့ကိုကောင်းကောင်း ကာကွယ်ထားလို့လား။
နယ်ပယ်တွင်းမှာရှိတဲ့ အနုပညာရှင်တွေအစား မန်နေဂျာတွေဘက်ကို သွေးဆောင်သိမ်းသွင်းတာ ရေပန်းစားနေပြီလား။