တစ္ဆေမျိုးနွယ်ကလူကိုတောင် ရန်စရဲသေးတယ်
Vol. 107 Ch. 1488
နောက်ရက်များတွင် ရှီမာယူယူနှင့် တခြားသူများသည် စခန်းတွင်သာ နေကြကာ ကန္တာရအတွင်းသို့မဝင်ကြပေ။
ပြီးခဲ့သည့် အဖြစ်အပျက်သည်သူတို့ကို အနည်းငယ်ခြောက်လှန့်နေတုန်း ပင်။
ထိုနေ့တွင် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အပြင်ဘက်တွင် ဖြည်းညှင်း စွာ လမ်းလျှောက်ကြလေသည်။ သူတို့သည် စခန်းမှထွက်လာပြီး အနီးရှိ တောင်ခြေသို့သွားကြလေသည်။ တောင်ပေါ်တွင် သူတို့သည် ကန္တာရမှ နေဝင် သည့်ရှုခင်းကိုကြည့်ကြလေသည်။ ထိုအရောင်မှာ လှပလွန်းသည်။
“ပြီးခဲ့တဲ့တစ်ခေါက် ပညာရှိစံအိမ်တော်ကိုသွားတာ အခုမပြန်ရင် ပြဿနာမဖြစ်ဘူးလား”
“အခု အဲဒီကကွပ်ကဲရေးမှူးက ဒုစံအိမ်တော်သခင် မြောင်ဟူရှင်းလေ ကိုယ်တို့က အဆင်မပြေကြဘူး၊ ကိုယ်က မြင့်မြတ်သောသားတော်နေရာကို အလွတ်ထားတာကို သူမကျေနပ်နေတာ အဲဒါကြောင့် ကိုယ်သွားပြီး မျက်နှာပြ ဖို့မလိုဘူး” ဝူလင်းယူသည် သူမ ခါးကိုဖက်ပြီး ထိုင်ရန်ဆွဲလိုက်သည်။ ညနေခင်း အလင်းရောင်သည် သူတို့ခန္ဓာကိုယ်များပေါ်သို့ကျရောက်ပြီး နွေးထွေးမှုကို သယ်ဆောင်လာလေသည်။
ရှီမာယူယူသည် သူ့ရင်ခွင်ကိုမှီပြီး စိတ်အေးလက်အေးထိုင်လိုက်သည်။ သူမသည် နီရဲနေသော နေဝင်ချိန်အောက်တွင် အဝါရောင်နေလုံးကြီးကို ကြည့် နေလိုက်သည်။
“ဒီလိုကြည့်တော့လည်း သဲတွေက တကယ်လှတာပဲ ဒါပေမဲ့ ဘယ်သူမှ အနားကပ်မသွားရဲကြဘူး” သူမ သက်ပြင်းချလိုက်သည်။
ပြီးခဲ့သည့်တစ်ခေါက် သူမ၏ နီရဲပျားများကြောင့်သာမဟုတ်လျှင် သူမ သည် ထိုနေရာတွင်ပိတ်မိပြီး သေသွားနိုင်သည်။
ယခုလိုနေရာမျိုးတွင် ရှေးဟောင်းသတ္တုတွင်းရှာရန် အမှန်တကယ်ပင် မလွယ်လှပေ။
ရှုခင်းမှာတော့ ပန်းချီသဖွယ်ပင်… သို့သော် သေဆုံးခြင်းများဖြင့် ပြည့်နှက်နေသည်။
“ကိုယ်တို့ သူ့ပုံစံကိုရှာနိုင်ရင် အဆင်ပြေမှာပါ” ဝူလင်းယူပြောလိုက် သည်။
“အဲဒါကဘယ်လိုလုပ်လွယ်မှာလဲ၊ ကန္တာရက ဒီလောက်ကြီးတာ လှုပ်ရှား မှုသေးသေးလေးတစ်ခုလေးနဲ့တင် သက်ရောက်မှုအကြီးကြီးဖြစ်နိုင်တယ်” ရှီမာယူယူသည် ထိုအကြံကိုတွေးမိသော်လည်း လက်လျော့ခဲ့သည်။ ထို နည်းလမ်းသည် အလွန်ကြီးမားသည့် စီမံကိန်းဖြစ်နေရာ မည်သည့်ရလဒ်မှ မရ ဘဲ နှစ်ပေါင်းဆယ်ချီကြာသွားနိုင်သည်။
“အဲဒါလည်း ဟုတ်တာပဲ” ဝူလင်းယူ ပြောလိုက်သည် “မင်း ကိုယ့်ကိုယုံ လား”
“ဟင်” ရှီမာယူယူသည် ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်သည်။ သူ ဘာကြောင့် ရုတ်တရက်ကြီး ဒီမေးခွန်းကိုမေးရတာလဲ။
“မင်းကို ခေါ်ပြီးဝင်သွားမယ်ဆိုရင် မင်းကိုယ့်ကိုယုံလား” ဝူလင်းယူ မေး လိုက်သည် “ကိုယ်တို့ ကန္တာရကိုရောက်ရင် မင်းရဲ့နီရဲပျားတွေက လမ်းကိုရှာ မတွေ့နိုင်ဘူး၊ ပြီးတော့ ကိုယ်တို့ အစွန်ဆုံးမရောက်ခင်ကို သူတို့သေသွားနိုင် တယ်၊ အဲလိုအခြေအနေမျာတောင် မင်းကိုယ်နဲ့သွားချင်သေးလား”
သူ ခေါင်းငုံ့လိုက်ပြီး တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်လိုက်ကြ သည်။
ရှီမာယူယူ ပြုံးလိုက်သည် “ညီမမလုပ်ရဲတာဘာရှိလို့လဲ၊ အနည်းဆုံးတော့ အဲဒီမှာ ပိတ်မိနေရုံပဲ၊ ဝိညာဉ်စေတီရှိရင် ရေငတ်ဖို့ကိစ္စကိုစိတ်ပူဖို့တောင်မလို ဘူး၊ ရေမပြတ်သရွေ့ထွက်လာနိုင်မှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရှိရင် နေရာ တိုင်းကအတူတူပဲ”
“ကြက်နဲ့လက်ထပ်ရင် ကြက်နောက်ကိုလိုက်ရသလိုမျိုးလား” ဝူလင်းယူ သည် မဲ့ပြုံးပြုံးပြီး သူမ နှုတ်ခမ်းထောင့်ကို နူးညံ့စွာနမ်းလိုက်သည်။
“အစ်ကိုက ကြက်ဖကြီးလား”
“ဒီအတိုင်းသဘောပြောတာ အကုန်လုံးကိုမယူနဲ့လေ”
“ဒါကသဘောပြောတာမဟုတ်ဘူးလေ စကားလုံးတစ်လုံးစီရဲ့အဓိပ္ပာယ် ကို ယူမှာပဲ”
“လျှောက်မရှုပ်နဲ့”
“မရှုပ်ပါဘူး”
“….”
သူတို့ စခန်းချရာနေရာသို့ရောက်သောအခါ အနေအထားသည် အနည်း ငယ်ထူးဆန်းသည်ကို သိလိုက်ရသည်။ သူတို့တဲသည် သုံးဘက်သုံးလံ အဝိုင်းခံ နေရသည်။
သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး အမြန်ပြေး ဆင်းသွားလိုက်ကြသည်။
“ကျွန်မပြောပြီးပြီလေ ရှင်တို့သမီးပျောက်တာက ယူယူနဲ့ဘာမှမဆိုင်ဘူး လို့ ကျွန်မတို့ကို လာပြီးအပြစ်လာမတင်နဲ့” ရှီယူ၏ ဒေါသထွက်နေသော အသံ ကိုကြားလိုက်ရသည်။
“သူမနဲ့ မသက်ဆိုင်ဘူးဆိုရင် မင်းနဲ့မဆိုင်ဘူးလို့ မဆိုလိုဘူးလေ၊ သူတို့ ပျောက်မသွားခင်တစ်ရက်က မင်းက သူတို့နဲ့ရန်ဖြစ်တယ်လို့ ကြားခဲ့တယ်၊ မင်းက လက်စားချေပြီး သူတို့ကိုသတ်လိုက်တာဖြစ်မယ်” အမျိုးသမီးတစ် ယောက်သည် သူတို့ကို ဒေါသတကြီးပြောလေသည်။
“ကျွတ် သူတို့ကို သတ်မယ်ဟုတ်လား၊ ယူယူ့ကြောင့်သာမဟုတ်ရင် အဲနေ့ကတည်းက သူတို့ကိုသတ်လိုက်ပြီ၊ ယူယူရောက်လာပြီး လာတားတာ တော့နှမြောစရာပဲ” ရှီယူ ဒေါသထွက်နေလေသည်။
“အဲတော့ မင်းပဲပေါ့” ထိုအမျိုးသမီးသည် အော်ပြီး ရှီယူကို တိုက်ခိုက်ချင် နေသည်။ သို့သော် သူမဘေးတွင် ရပ်နေသော ရှီဟွီသည် သူမလက်ကို ဖမ်း ဆုပ်လိုက်သည်။
“မင်းတို့ဘယ်သူလဲဆိုတာကို ဂရုမစိုက်ဘူး ကျုပ်ညီမလေးဆံပင် တစ်မွေးကိုထိရဲထိကြည့်လိုက် အကုန်လုံးကို အမှုန့်ချေပစ်မယ်”
ထိုသို့ပြောပြီးနောက် သူမလက်ကို ခါပစ်ချလိုက်ပြီး ဘေးသို့ ပစ်လိုက် သည်။
ယန်းရှီ၏ မိခင်ဝေ့ရှဲကျူသည် သူတို့အကြည့်အောက်တွင် တုန်ယင်သွား သည်။
သူတို့မျက်လုံးထဲမှ အကြည့်များသည် ကြောက်စရာကောင်းလှသည်။
“ဟင်း အဘွားကြီး ရှင်က ယန်းရှီအမေဖြစ်ပြီး ယန်းရှီနဲ့ ယူယူနဲ့က အသိတွေဖြစ်နေလို့ အခုကယဉ်ကျေးနေတာ၊ ရှင်တို့ လူအများကြီးခေါ်လာ လို့ ကြောက်နေတယ်လို့ ထင်မနေနဲ့” ရှီယူ အော်လိုက်သည်။ “ယန်းရှီတို့ ပျောက် သွားတဲ့သတင်းက ဒီရက်တွေမှာ စခန်းချနေရာမှာ အကုန်ပျံ့နေတပြီ၊ သူတို့က သူတို့ဘာသာ ကန္တာရထဲကိုသွားလိုက်ကြတာ၊ သူတို့သေတွင်းသူတို့တူးကြ တာလေ ဘာလို့ခွေးရူးလိုမျိုး ကျွန်မတို့ကိုလာကိုက်နေတာလဲ၊ ရှင်တို့က ပြည်နယ် ၁၆ ကဖြစ်နေလို့ အကုန်လုံးက ရှင်တို့ကိုကြောက်မယ်လို့ထင်နေ တာလား၊ ဟင်း ရှင်တို့ပြစ်မှားလို့ရတဲ့လူရှိသလို မရတဲ့သူလည်းရှိတယ်”
ရှီမာယူယူ အပြင်မှနားထောင်ပြီး မဲ့ပြုံးပြုံးမိသည်။ သူမက တစ္ဆေ မြို့တော်ကဆိုတာ အံ့ဩစရာမရှိတော့ဘူး။ စကားလုံးတွေက လွှမ်းမိုးနိုင် တယ်။
အပြင်တွင် ရှီယူ တခြားသူကို ရန်စလျှင် ရှီဟွီနှင့်တခြားသူများ ဒေါသ ထွက်မည်ကို စိုးရိမ်နေမိသေးသည်။ အခုတော့ ထိုစိုးရိမ်မှုများမရှိတော့ပေ။
သူတို့ အမြန်ရောက်လာနိုင်သည်ဆိုသည့် အချက်မှာ တစ္ဆေမြို့တော်မှ တခြားသူများလည်း ရောက်လာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ရှီယူသည် ပြဿနာအိုးဖြစ်လျှင်တောင် သူတို့နောက်ကနေကူညီပေးရန် အပြေးအလွှား ရောက်လာကြသေးသည်။
“ဘာတွေဖြစ်နေကြတာလဲ”
ဝေ့ရှဲကျူသည် စိတ်ထဲတွင်တိုက်ခိုက်ရန်တွေးနေစဉ်မှာပင် ရှီမာယူယူနှင့် ဝူလင်းယူတို့ လျှောက်ဝင်လာကြသည်။
“ယူယူ ပြန်လာပြီပဲ” ရှီယူသည် သူမကို လက်ယမ်းပြလေသည်။
“ဘာတွေဖြစ်နေတာလဲ ဒါဘယ်သူလဲ” ရှီမာယူယူသည် လျှောက်သွားပြီး ထပ်မေးလိုက်သည်။
“အိုး ဒါကယန်းရှီအမေ သူမသမီးကိုရှာမတွေ့တာနဲ့ ငါတို့ကို အပြစ်လာ ရှာနေတာလေ” ရှီယူ ပြောလိုက်သည် “သူမက ဘာမှမဟုတ်ဘဲ ပြဿနာရှာနေ တာ၊ သူတို့က ကန္တာရထဲပြေးသွားလို့ အထဲမှာသေသွားတာ အကုန်လုံးသိတယ် ဒီကိုပြေးလာပြီးတော့ ဘာလို့လာမေးကြလဲတော့မသိတော့ဘူး”
“ယန်းရှီကိုရှာတာလး” ရှီမာယူယူ၏ မျက်နှာသည် နားမလည်သလို ရှုပ်ထွေးသွားသည် “သူမက ကျွန်မတို့နဲ့မရှိဘူး၊ ဘာလို့ဒီမှာလာရှာတာလဲ”
“ဟန်ဆောင်မနေနဲ့တော့ သူတို့ပျောက်သွားတဲ့အချိန် မင်းတို့လည်း ပျောက်သွားတယ်လို့ ပြောတဲ့လူရှိတယ်၊ မင်းတို့အတူထွက်သွားတာမဟုတ်ရင် ဘာဖြစ်မှာလဲ”
“ရှင်တို့မှားနေပြထင်တယ် ရှီယူနဲ့ကျွန်မက ဒီနားလေးလမ်းလျှောက်သွား ကြတာ၊ သူမက ကိုယ်ရံတော်တွေလိုက်မလာစေချင်လို့ တိတ်တိတ်လေး သွား လိုက်တာ ဘယ်လိုပဲဖြစ်ဖြစ် ရက်နည်းနည်းလောက်ကြာပြီးတော့ ပြန်လာတာ ပဲ” ရှီမာယူယူ ပြောလိုက်သည် “ရှီယူပြောသလိုပဲ သူတို့ကန္တာရထဲသွားတာ လူတိုင်းသိနေတာပဲ၊ ကျွန်မတို့ကန္တာရထဲသွားရင် ပြန်ထွက်လာနိုင်မယ်လို့ ထင် လား၊ အခုထိတော့ ဝင်သွားတဲ့လူတစ်ယောက်မှ ပြန်မထွက်လာနိုင်ဘူး”
“ဟင်း မင်းရဲ့အလိမ်အညာတွေကို ဘယ်သူမှမယုံဘူး” ဝေ့ရှဲကျူသည် အေးစက်စွာ နှာမှုတ်လေသည်။
“ရှင့်ကို တလေးတစား ဆက်ဆံပေးတာကို အရောင့်မတက်နဲ့၊ ဒီမှာထပ် ပြီး ပြဿနာရှာနေဦးမယ်ဆိုရင် အားမနာတော့တာကို အပြစ်မတင်နဲ့တော့” ရှီယူ အော်လေသည်။
“အားမနာတော့တာဟုတ်လား မင်းတို့ကဘယ်လိုလုပ် အားနာတတ်မှာ လဲ အမှောင်ဝိညာဉ်သခင်အုပ်စုက ပြည်တွင်းကိုလာပြီး ရဲတင်းနေတာ”
ဝေ့ရှဲကျူ စကားဆုံးသည်နှင့် အေးစက်သော ရောင်ဝါများဖြင့် ဝန်းရံခံ လိုက်ရတော့သည်။ သူမ တစ်ကိုယ်လုံးသည် ရေခဲဖြင့် ဝန်းရံခံရသလို ခံစားရ လေသည်။ သူမ၏ ကိုယ်တွင်းအင်္ဂါများသည် နာကျင်မှုကြောင့် နေရာပြောင်း သွားသလိုပင် ခံစားရလေသည်။ ထို့နောက် သူမသည် လွှင့်သွားကာ မြေပြင်သို့ ပြင်းထန်စွာကျသွားပြီး သွေးအန်တော့သည်။
“တစ္ဆေမြို့တော်ကလူတွေကို ခင်ဗျားတို့ အကဲဖြတ်စရာမလိုဘူး” ရှီယိ သည် ရှီဟွီထက် ပိုတည့်တိုးကျသည်။ ဝေ့ရှဲကျူကို တိုက်ခိုက်လိုက်သော အားအင်သည် ပြန်ခုခံရန်ပင်မဖြစ်နိုင်ပေ။
ရှီမာယူယူသည် ရှီယိကို မျက်လုံးပြူးများဖြင့် ကြည့်လိုက်မိသည်။ သူ လူတစ်ယောက်ကို အပြင်းအထန်ဒဏ်ရာရအောင် လှုပ်ရှားလိုက်တာကိုတောင် သူမ မျက်လုံးနဲ့မမြင်လိုက်ရဘူး။
ရှီယူသည် သူမ အံ့ဩသည့်အကြည့်များကို မြင်သောအခါ ပြုံးပြီးပြော လေသည် “အစ်ကို၂ က ဒီမှာအသန်မာဆုံးလေ သူက အဲဘက်ကသွေးသားရှိ တယ်”
ရှီမာယူယူ မှင်တက်သွားသည်။ အဲဘက်ကဟုတ်လား။ တစ္ဆေမျိုးနွယ် လား။
***