← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

"နင် လား။"

နူးညံ့သော အသံကတစ်ဖက်ခြမ်းမှ လာခဲ့ပြီး ထိုအသံကို စူးထောင် ရင်းနှီးနေသည်။ သူမကို ခေါင်းကိုလှည့်ပြီး ကြည့်လိုက်သောအခါ ရင်းနှီးနေသောမျက်နှာက သူမရှေ့တွင်ပေါ်လာ၏။

"ကျန်းဝမ်?" စူးထောင်က မရေရာစွာဖြင့် မေးလိုက်သည်။

ထိုအမျိုးသမီးက ခမောက်ကိုဆောင်းထားပြီး mask တပ်ကာ သူမမျက်နှာကို ဖုံးကွယ်ထားသဖြင့် မည်သူမှန်းပြောရန် တကယ်ခက်ခဲသော်လည်း ထိုလှပသည့်မျက်လုံးများကြောင့် ကျန်းဝမ်မှန်း အလိုလိုသိနေ၏။

"တကယ်ကို နင်ဖြစ်နေတာပဲ။ နင်ငါ့ကို မှတ်မိသေးလို့ ဝမ်းသာလိုက်တာ။" ကျန်းဝမ်က mask ကိုဖယ်လိုက်ပြီး ရင်းရင်းနှီးနှီး ပြုံးပြလာသည်။ သူမဘေးနားက ရှဲ့ကျင်ကို‌သာမန်ပင် နှုတ်ဆက်လိုက်၏။ "မင်္ဂလာပါ ဥက္ကဌရှဲ့။"

ထိုအခါမှသာ ရှဲ့ကျင်က မျက်လုံးပင်ကြည့်လာသည်။သူက ကျန်းဝမ်ကို ခေါင်းညိတ်ပြသည့်အခါတွင် သူ၏မျက်လုံးများထဲ၌ အေးစက်စက်အငွေ့အသက်များ ရစ်သိုင်းနေသေးပြီး စူးထောင်ဘက်ကို တစ်ချက်ခိုးကြည့်လိုက်၏။

ထိုကျန်ရှိနေသေးသော အေးစက်စက်အငွေ့အသက်ကြောင့် ကျန်းဝမ်က အလိုလိုတွန့်သွားမိသည်။

"ရှင် ကျွန်မကို မှတ်မိနေသေးလို့ ကျွန်မဘက်ကသာ ပျော်ရမှာလေ။" စူးထောင်က ပြုံးပြရင်း ပြန်လည်တုံ့ပြန်လိုက်၏။

"အစ်မ နှစ်ယောက်သားက အချင်းချင်းသိနေကြတာလား။"ကျန်းချီက ဘယ်အချိန်ကတည်းက လမ်းလျှောက်လာမှန်း မသိလိုက်ပေ။

"သူထိုစကားပြောလိုက်သောအခါ စူးထောင်က မင်သက်သွားပြီး "သူမက နင့်အစ်မလား။"

စူးထောင်၏ ပထမဆုံးတုံ့ပြန်မှုကတော့ 'သွားပြီ ကျန်းဝမ်ရဲ့မောင်လေးဆိုတော့ သေချာပေါက်ကုမ္ပဏီတစ်ခုခုနဲ့ လက်မှတ်ထိုးထားပြီးသားပဲ။ ဒီတော့ သူနဲ့လက်မှတ်ထပ်မထိုးနိုင်တော့ဘူးပဲ။'

"ဘယ်လိုလဲ ကျွန်တော်ဗီဇက ကောင်းတယ်မလား။ အနာဂတ်မှာ သေချာပေါက် နာမည်ကြီးအောင် လုပ်မှာ။ဒီတော့ မင်းကျွန်တော့်ရဲ့လက်ထောက် ဖြစ်ချင်လား။" ကျန်းချီက တောက်ပစွာ ပြုံးလိုက်သည်။ရူးကြောင်ကြောင်နိုင်နေပေမယ့် ဒီလိုမျက်နှာမျိုးနဲ့ဆိုတော့လည်း ဖြစ်သင့်ပါတယ်လေ။

"ရှောင်ချီ ပေါက်ကရတွေ လျှောက်မပြောနဲ့။ သူမက ထျန်းကျင် group က ဥက္ကရှဲ့ရဲ့အတွင်းရေးမှူးပဲ။" ကျန်းဝမ်က သူ့ကိုအမှန်ပြင်ပေးလိုက်၏။

ထိုအခါမှသာ စူးထောင်က သူမကိုယ်သူမ မိတ်မဆက်ရသေးမှန်း သတိရသွားသည်။ ချက်ချင်းပင် သူမလုပ်ငန်းလိပ်စာကတ်ပြားကို ထုတ်ယူပြီး ကမ်းပေးလိုက်ကာ" အခုတော့ မဟုတ်တော့ဘူး။ ကျွန်မက စူးထောင်ပါ ကျန်းယန် ဖျော်ဖြေရေးကုမ္ပဏီက မန်နေဂျာတစ်‌ယောက်ပါ။ ဒါက ကျွန်မရဲ့လိပ်စာကတ်လေး။"

စူးထောင်ရဲ့ လိပ်စာကတ်ကို ကျန်းချီက ဆွဲယူလိုက်၏။သူ၏မျက်လုံးဝိုင်းဝိုင်းများဖြင့် ဂရုတစိုက်ကြည့်လိုက်ပြီး မျက်ခုံးထူထူက အနည်းငယ်မြင့်တက်သွားကာ မယုံနိုင်သည့်ပုံစံဖြင့် " ရွှေအဆင့်အေးဂျင့်လား။ မင်းအသက်ဘယ်လောက်ပဲ ရှိသေးလို့လဲ။"

"သေချာပေါက် နင့်ထက်တော့ကြီးတယ်။ ကျဲကျဲလို့ခေါ်။" ကျန်းဝမ်က ရိုင်းစိုင်းနေတဲ့ မောင်ဖြစ်သူကို ကြိမ်းမောင်းလိုက်သည်။

ကျန်းချီက ပြန်မဖြေလိုက်ချေ။ သူက လိပ်စာကတ်ပြားကို ဖယ်လိုက်ပြီး မျက်ခုံးကိုပင့်တင်ကာ စူးထောင်ကို မသိမသာ ကျီစယ်နေသည်။

"ကျွန်မ ရှင်တို့ကို ထမင်းစားဖိတ်မယ်လေ။" စူးထောင်က သူတို့ကို အရင်စဖိတ်လိုက်၏။ သူမက ကျန်းချီအပေါ် လက်မလျော့နိုင်သေးဘဲ သူနှင့်လက်မှတ်ထိုးနိုင်ရန် ကြိုးစားချင်နေသည်။

"တောင်းပန်ပါတယ်။ ဒီနေ့ ငါတို့မှာ လုပ်စရာရှိနေလို့ အခုပဲသွားရတော့မှာ။ နောက်တစ်ကြိမ် တို့မင်းကိုဖိတ်မယ်လေ။ အမှန်ဆို တို့အရင်နှစ်ကတည်းက မင်းကို ထမင်းစားဖိတ်လိုက်သင့်တာ။"

ကျန်းဝမ်က အမြဲတမ်းလိုလို စကားပြောရင် ပြုံးပြုံးလေးနဲ့ ညင်ညင်သာသာပြောလေ့ရှိ၏။ စူးထောင်၏ အေးတိအေးစက် ယဉ်ကျေးသည့်ပုံမျိုးနှင့်မတူဘဲ သူမက အစစ်အမှန် နူးညံ့နေတာမျိုးပင်။

မောင်နှမနှစ်ယောက် ထွက်သွားတာကိုကြည့်နေရင်း နေလုံးကြီးကလည်း ပင်လယ်ထဲကိုဝင်သွားပြီး အလင်းတန်းများသာကျန်တော့သည်။ စူးထောင်ရှေ့ရှိ မှိန်ပျပျသာ ကျန်တော့သည့် အလင်းတန်းကို မြင့်မားသောပုံသဏ္ဍာန်က ပိတ်ဆို့လိုက်၏။

ရှဲ့ကျင်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အဆုံးမရှိရေကန်ကဲ့သို့ မည်းမှောင်နေသော သူ့မျက်လုံးများက စူးထောင်ကို စေ့စေ့စိုက်ကြည့်နေသည်။ သို့သော် ခဏတုန်းကလောက် အေးစက်မနေတော့ဘဲ" မင်း သူတို့နဲ့အတူ ထမင်းသွားစားမှာလား။"

"ရှင်နဲ့ဘာဆိုင်လို့လဲ။"

"အဲဒီမေဘေးလေးက မင်းကိုစိတ်ဝင်စားနေတာကို မင်းမမြင်ဘူးလား။"

စူးထောင်က ခဏတာမင်သက်သွားပြီး "ဘယ်သူလဲ ကျန်းချီလား။"

ရှဲ့ကျင်ထံတွင် ဘယ်လိုတွေးခေါ်မှု ပုံစံမျိုးရှိနေလဲဆိုတာ သူမ မသ်ိတော့ပေ။ သူနှင့် ဆက်ပြီးငြင်းခုံခြင်းမပြုရန် ဆုံးဖြတ်လိုက်၏။ သူမက ရိုက်ကူးရေးနေရာကို လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် တစ်ယောက်မှ မကျန်တော့ကြောင်း တွေ့လိုက်ရသည်။

ထိုနေရာတွင် တစ်ယောက်မျှပင် မကျန်နေရုံသာမက ကျင်းချွေ့ဝမ်သည်လည်း မရှိတော့ချေ။ နေဝင်ပြီးချိန် အလင်းတန်းဖျော့ဖျော့နှင့် သူမတို့သာ ကျန်နေ၏။

စူးထောင်က ထုန်မင်ရွှမ်းကို ဖုန်းဆက်ခေါ်ခါနီးတွင် group chatထဲမှ စာများတက်လာသည်ကိုတွေ့လိုက်ရသည်။ ထိုသည်မှာ ထုန်မင်ရွှမ်းက တခြားသူများနှင့်အတူဆုံနေကြပြီး ရိုက်ကူးရေးဝန်ထမ်းကားများသည်ပင် ထွက်သွားနှင့်နေပြီ။

သူတို့အားလုံးက စူးထောင်တစ်ယောက် ရှဲ့ကျင်နှင့်အတူ လိုက်သွားမည်ဟု ထင်ခဲ့ကြ၏။

စူးထောင်က သက်ပြင်းတစ်ချက်ချကာ ဖုန်းကိုချလိုက်ပြီး သူမ၏သူငယ်ချင်းဆိုသူများထံမှ သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဟော်တယ်ဆီသို့ ဦးတည်လိုက်ကာ အထုတ်အပိုးများကိုယူပြီး တက္ကစီဌားရန် ထွက်သွားတော့သည်။

သူမဟော်တယ်ကိုရောက်ပြီး အထုတ်အပိုးများကို ထုတ်နေစဉ် မပိတ်ထားသော လသာဆောင်ဘက်တံခါးမှ အသံတစ်သံကို ကြားလိုက်ရ၏။" အဲဒီကျန်းချီဆိုတဲ့ကောင်က သေချာပေါက် လူယုတ်မာတစ်ယောက်ဆိုတာ သိသာနေ...."

စူးထောင်က အထိတ်တလန့်နှင့် လသာဆောင်ဘက် ပြေးထွက်လိုက်သည်။ လသာဆောင်တံခါးဘေးတွင်ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေသော ရှဲ့ကျင်ကို သူမတွေ့လိုက်ရ၏။

"ရှင်ဘာလုပ်နေတာလဲ။" စူးထောင်က ‌ဘယ်၊ညာကြည့်လိုက်ကာ လူရှိ၊မရှိစစ်ဆေးလိုက်သည်။

"မင်းမှ ကိုယ်ပြောတဲ့စကားကို နားမထောင်ပေးတာ။ဒီ‌တော့ ကိုယ်ဒီလိုနည်းလမ်းပဲ သုံးရတော့မှာပေါ့။ ရှဲ့ကျင်၏ လေသံက တိုးနေသော်လည်း မကျေနပ်ချက်အပြည့်နှင့်ပင်။

စူးထောင်က သူမ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင်ပြန်လုပ်လိုက်ပြီး ‌သတိပေးသည့်လေသံဖြင့်" ဒီမှာ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။"

သူမ၏စကားကို ကြားပြီးနောက် ရှဲ့ကျင်၏အမူအရာက ပြင်းပြင်းထန်ထန် မည်းမှောင်သွားကာ " သူနဲ့တစ်ခါပဲဆုံဖူးတာကို သူ့အတွက် ဒီလိုမျိုး ကာပြောပေးနေပြီပေါ့လေ။"

စူးထောင်က ခေါင်းကိုခါလိုက်ပြီး သူနဲ့ဆက်ပြီးမငြင်းခုန်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမ ကျောခိုင်းကာ " ရှဲ့ကျင် ဆင်ခြင်တုံတရား မဲ့သလိုလုပ်နေတာ ရပ်လိုက်ပါ " ​ဟု ပြောပြီး တံခါးပိတ်ကာ ထွက်သွားခဲ့သည်။

ပထမဆုံးအကြိမ် "ဆင်ခြင်တုံတရားမဲ့တဲ့သူ"ဟု ခေါ်ခံရသဖြင့် ရှဲ့ကျင်တစ်ယောက် ထိုနေရာတွင်ပင် မင်သက်နေမိ၏။

ကျင်းချွေ့ဝမ်သူ့ကို လာမရှာခင်ထိ ရှဲ့ကျင်တစ်ယောက် အံ့ဩမင်သက်နေပြီး နောက်ဆုံးတွင် ပြန်လည်နိုးလာကာ သူ့ကိုယ်သူညွှန်ပြရင်း မေးလာ၏။" ငါက ဆင်ခြင်တုံတရားမဲ့တဲ့သူလား။"

ကျင်းချွေ့ဝမ်၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူဌေးဖြစ်သူက ဘာလို့သူ့ကိုယ်သူ ဆင်ခြင်တုံတရားမရှိတဲ့သူလို့ပြောနေမှန်း သူတွေးလို့မရချေ။ ခပ်မြန်မြန်ပင် ခေါင်းခါပေးလိုက်၏။

-------

ရိုက်ကူးရေးဝန်ထမ်းများက အပူပိုင်းမိုးသစ်တော သဘာဝရှုခင်းသာနေရာသို့ ပြောင်းရွေ့လာကြသည်။

စိမ်းစိုနေသော အရွက်များအပြည့်အောက်တွင် လေထုက လန်းဆန်းနေပြီး အောက်စီဂျင်ကြွယ်ဝနေ၏။

ဟော်တယ်က ထိုသဘာဝရှုခင်းသာ နေရာတွင်တည်ရှိပြီး စပွန်ဆာတစ်ယောက်၏ နည်းလမ်းအရ သူတို့၏ ဟော်တယ်ကို ကြော်ငြာပေးရမှာပင်။

ဟိုတယ်ကို ရောက်ဖို့ရန် ကြိုးတံတားအရှည်ကြီးကို ဖြတ်ကျော်ရသည်။ ထိုကြိုးတံတား၏ ဘေးနှစ်ဖက်ကို ကြိုးများဖြင့် လက်ရန်းလုပ်ကာ ချည်နှောင်ထားပြီး အလယ်၌ ဝါးပြားများဖြင့် တွဲထားသဖြင့် နင်းမိသောအခါ လှုပ်ရမ်းနေသောကြောင့် အမြင့်ကြောက်သူများအဖို့ အလွန်ပင် အဆင်မပြေလှပေ။

စူးထောင်သည် အမြင့်မကြောက်သော်လည်း နင်းလိုက်သည့်အခါ ပျော့သလိုဖြစ်ပုံရပြီး ယိမ်းထိုးနေသည့်တံတားကြောင့် အထိတ်တလန့်ဖြစ်နေသေး၏။

တံတားကိုဖြတ်ကျော်ပြီးနောက် တောအုပ်ကြားတွင် သဘာဝနှင့် လိုက်လျောညီထွေရှိသော တြိဂံပုံစံသစ်သားအမိုးပါသော အပူပိုင်းဒေသပုံစံ အိမ်တစ်လုံးကို တွေ့လိုက်ရသည်။

အိမ်၏အရှေ့ဘက်တွင် ဟော်တယ်‌၏ဧည့်ခန်းနှင့် စားသောက်ဆိုင်သာဖြစ်ပြီး နေထိုင်လို့ရနိုင်သည့် တကယ့်အခန်းများကတော့ မိုးသစ်တော၏ ထောင့်တိုင်းတွင် ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် ပြန့်ကျဲနေ၏။

အခန်းအများကြီးမရှိသောကြောင့် ရိုက်ကူးရေးဝန်ထမ်းများက ဒီ အိမ်အပြင်အဆင်ဟော်တယ်ကို အပြည့်ကြိုငှားခဲ့သည်။

အနုပညာရှင်တော်တော်များများက သူတို့၏အေးဂျင့်၊လက်ထောက်များနှင့်အတူ အခန်းနှစ်ခန်းကနေ သုံးခန်းအထိပါရှိသော အိမ်တစ်လုံးစီတွင် နေကြရ၏။ ရိုက်ကူးရေးဝန်ထမ်းများမှာ အတော်အခက်အခဲဖြစ်ကြရပြီး တစ်ခန်းထဲတွင် လူ၅ယောက်၆ယောက်တစ်ခန်း နေကြရသည်။

ဒါပေမယ့် ‌အရင်တုန်းကလို မြေပြင်ပေါ်အိပ်ရတာထက်စာရင်တော့ တော်တော်လေးပိုကောင်းသည်ပင်။

နောက်ကျမှရောက်လာသော စူးထောင်အတွက်ကတော့ သီးသန့်အခန်းတစ်ခန်း ချန်ထားပေး၏။ တစ်ယောက်ခန်းပဲဖြစ်မည်မှန်း သူမသေချာသိနေသည်။

ကံကောင်းထောက်မစွာပင် ဧည့်ခန်းတစ်ခန်းသာပါရှိသော သာမန်အခန်းဖြစ်သည့်အတွက် သူမတစ်ယောက်ထဲသာနေရန်သင့်သော်ပြီး ဖြုန်းတီးရာမရောက်တော့ပေ။

ဟိုတယ်ပတ်ဝန်းကျင်မှာ တကယ်ကိုကောင်းလှ၏။လဟာပြင်တံခါးကို ဖွင့်လိုက်သည်နှင့် ရေကူးကန်ငယ်တစ်ခုသို့ရောက်သွား၏။ ရေကူးကန်အနီးတွင် လသာဆောင်ကဲ့သို့ သစ်သားစားပွဲ၊သစ်သားလက်ရန်းများရှိနေပြီး ထိုနေရာတွင်ထိုင်လိုက်သည်နှင့် တောင်များပတ်ပတ်လည် ဝန်းရံထားသလို ခံစားလိုက်ရသည်။

စူးထောင် ဝေ့ကြည့်လိုက်သောအခါ သူမအခန်းနှင့်ထောင့်ဖြတ်နေရာတွင် အိမ်တစ်လုံးရှိနေသည်ကို တွေ့သွားပြီး ထိုအိမ်မှာ အနည်းငယ်ပိုမြင့်နေကာ သူမ၏အိမ်ပုံစံနှင့် ဆင်တူနေ၏။

အိမ်နှစ်လုံးကြားတွင် သစ်ပင်ပုပုလေးတွေသာရှိပြီး တစ်ခန်းနှင့်တစ်ခန်း သိပ်မဝေးသော်လည်း လသာဆောင်ရေကူးကန်အောက်တွင် တောင်များအထပ်ထပ်ဖြစ်နေသောကြောင့် တိုက်ရိုက်သွားရန် လမ်းမရှိပေ။

စူးထောင်က လသာဆောင်တွင် မိနစ်အနည်းငယ် တိတ်တဆိတ် ရပ်နေသည်။ ထင်ထားသည့်အတိုင်းပင် တဖက်အိမ်ကမီးပွင့်သွားပြီး သိပ်ပင်မကြာလိုက် ရှဲ့ကျင်တစ်ယောက် ရေကူးကန်ဘေးမှ စူးထောင်ကို လှမ်းကြည့်လာ၏။

သူမ၏ခန့်မှန်းချက်ကို အတည်ပြုပြီးနောက် သူ့ကိုမျက်စောင်းထိုးလိုက်ကာ သူမအခန်းထဲသို့ ပြန်ဝင်ပြီး လိုက်ကာချလိုက်သည်။

လိုက်ကာများသည် အလင်းရောင်ကို တော်တော်လေးပိတ်ဆို့ပေးထားသဖြင့် နောက်တစ်နေ့မနက်ခင်း၌ နေအလင်းရောင် မဝင်ရောက်သည့်အတွက် မနိုးသေးသည့်စူးထောင်မှာ အပြင်ဘက်ရှိ ငှက်အော်သံများကြောင့် နိုးလာရ၏။

လိုက်ကာများကို ဆွဲဖွင့်လိုက်သောအခါ နေအလင်းရောင်က သစ်ပင်များ၏ အလွှာထဲသို့ကျရောက်နေကာ စူးရှတောက်နေသည် မဟုတ်သော်လည်း ကြည့်ရတာ နွေးထွေးပြီး သက်သောင့်သက်သာရှိသည်။

ထောင့်ဖြတ်လသာဆောင်ရှိ ရေကူးကန်ထဲတွင် ရေကူးနေသော ရှဲ့ကျင်ကို မြင်လိုက်ရသောအခါ သူမက ထိုရေကန်၏ ကို့ယို့ကားယားနိုင်မှုကို သိသွား၏။

ရေကူးကန်ပတ်ပတ်လည်ကို ဖန်သားဖြင့်ပြုလုပ်ထားသည်။ ရှဲ့ကျင်က ရေကူးဘောင်းဘီတိုကိုသာ ဝတ်ထားပြီး ထိုရေကန်အစွန်းတွင်မှီကာ သူ၏တောင့်တင်းသော ကိုယ်ထည်ပိုင်းက ပြသနေ၏။

စူးထောင်က နှစ်စက္ကန့်လောက်ငြိမ်ကျသွား‌ပြီးနောက် လိုက်ကာကို နောက်တစ်ဖန် ထပ်ပိတ်လိုက်သည်။

ရေချိုးသန့်စင်ပြီးနောက် စူးထောင်က သူမ၏အနုပညာရှင်နှစ်ယောက်ကို အရင်သွားစစ်ဆေးကြည့်၏။ ရိုက်ကူးရေးအချိန်နှင့် တည်နေရာကို အတည်ပြုပြီးနောက် အချိန်စောသေးသည်ကို တွေ့သွားပြီး တောင်ပေါ်လမ်းကို တစ်လျှောက်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မနေ့ကကြိုးတံတားပေါ်သို့ ဖြတ်လျှောက်ရင်း မနေ့ညကမှောင်နေသည့်အတွက် အောက်ဘက်ရှိရှုခင်းကို သူမ မမြင်လိုက်ရပေ။ ဒီမနက်မှာငုံ့ကြည့်လိုက်တော့ အမြင့်၁၀မီတာ လောက်သာရှိပြီး အောက်တည့်တည့်တွင် စမ်းချောင်ကလေးတစ်ခု ရှိနေ၏။ ထိုစမ်းချောင်း၏ အနားမှာတောင် စားသောက်ဆိုင်တစ်ခုရှိနေပြီး ပတ်ဝန်းကျင်ကောင်းဖြစ်ပုံရသည်။

စူးထောင်က နားကြပ်ကိုတပ်လိုက်ကာ သီချင်းနားထောင်နေရင်း စားသောက်ဆိုင်ဆီသို့ ဦးတည်လိုက်သည်။

မနက်ခင်းတွင် လူသိပ်မများသည့်အတွက် လမ်းတစ်လျှောက်တွင် ဖြတ်သွားဖြတ်လာ တစ်ယောက်မျှပင် မတွေ့ခဲ့ရချေ။

အံ့ဩစရာကောင်းစွာပင် စားသောက်ဆိုင်က အစောကြီးဖွင့်နေ၏။ စူးထောင်သည် စားသောက်ဆိုင်ထဲသို့ လျှောက်ဝင်သွားပြီး စမ်းချောင်းနှင့်နီးပြီး မှန်မကာထားသည့်ဘက်ကို ရှာတွေ့သွားသည်။ သဘာဝနှင့်နီးစပ်သည့်နေရာပင်။

စူးထောင်သည် စမ်းချောင်းအစွန်းနားနှင့် မျက်နှာချင်းဆိုင် တစ်ခုကို ရွေးလိုက်၏။ သူမ လမ်းလျှောက်နေရင်း ခေါင်းအပုတ်ခံလိုက်ရပြီး နားကြပ်တစ်ဖက်လည်း အဖြုတ်ခံလိုက်ရ၏။

သူမလှည့်ကြည့်လိုက်ရာ အမှန်တကယ်ပင် ကျန်းချီကိုတွေ့လိုက်ရသည်။

စားသောက်ဆိုင်ကို တိုက်ခတ်လာသည့် လေပြေလေညင်းနှင့်အတူ ထိုကောင်လေး၏ အပြုံးကိုပါ ‌ပေါင်းစပ်လိုက်သည့်အခါ အတိုင်းထက်လွန် နှစ်လိုဖွယ်ကောင်းပြီး လန်းဆန်းသွား၏။

"တိုက်ဆိုင်လိုက်တာ။ မင်းရော ဒီမှာပဲလား။" စူးထောင်က သူ့နောက်ကျောဘက်ကို အံ့ဩတကြီးကြည့်လိုက်သော်လည်း ကျန်းဝမ်ကို မတွေ့လိုက်ချေ။

ကျန်းချီက သူမစိတ်ကို ဖတ်လိုက်နိုင်ပုံရသည်။"အစ်မက ရိုက်ကူးရေးလုပ်နေတာလေ။ ကျွန်တော်လည်း ပျင်းနေတာနဲ့ တစ်ယောက်ထဲ လမ်းလျှောက်ထွက်လာတာ။"

စူးထောင်က 'အာ ဒီလိုကိုး'ဆိုသည့် အပြုံးကိုပြုံးပြရင်း အတူထိုင်ရန် သူ့ကိုဖိတ်ခေါ်လိုက်၏။

စားသောက်ဆိုင်တွင် မနက်ခင်း၌ လက်ဖက်ရည်နှင့်ကော်ဖီကိုသာ ရနိုင်သည်။ စူးထောင်က စံပယ်ပန်းရွက်‌ရေနွေးကြမ်းတစ်အိုးကို မှာလိုက်၏။

နှစ်ယောက်သားက ပျော့ပျောင်းနေသော ဆိုဖာပေါ်တွင်ထိုင်ကာ စံပယ်ပန်းခြောက်မွှေးရနံ့နှင့်စမ်းရေစီးသံကို နားထောင်ရင်း စကားစမြည်ပြောနေကြသည်။

ကျန်းချီက သူတို့အနီးရှိ တက္ကသိုလ်တစ်ခုတွင် ဒုတိယနှစ်ကိုပြီးသွားကာ နွေရာသီအားလပ်ရက်ရသဖြင့် အစ်မဖြစ်သူနှင့်အတူ ရိုက်ကွင်းကို အဖော်ပြုလိုက်ပေးရင်း သင်ယူနေမှန်းသိလိုက်ရ၏။

"ဒီတော့ မင်းဖျော်ဖြေရေးလောကထဲကို ဝင်ဖို့စီစဉ်ထားတာလား။" စူးထောင်က သူ့အတွက် ရေနွေးကြမ်းတစ်ခွက် လောင်းပေးလိုက်ပြီး သူ့ကိုစကားအစ်ထုတ်ကြည့်သည်။

"ဒါပေါ့ မနေ့တုန်းက ငါတို့ဆုံကြတုန်းက ပြောခဲ့တယ်မလား။"

ကျန်းချီသည် ဆိုဖာပေါ်ပျင်းရိစွာ မှီလိုက်ပြီး ထိုကဲ့သို့လှုပ်ရှားမှုကပင် ဆွဲဆောင်မှုရှိနေ၏။ သူ၏မျက်ဝန်းများက မွေးရာပါ ငြို့ငင်နိုင်စွမ်းရှိနေပြီး လူအများအား မြတ်နိုးခြင်းခံရသည်ဟူသော ထင်ယောင်ထင်မှားဖြစ်မှုကို ပေးစွမ်းနေသည်။

"အော် အနာဂတ်ရဲ့ ထိပ်တန်းသရုပ်ဆောင်ဆိုတာလေး။" စူးထောင်က ခေါင်းကိုညိတ်ရင်း မဖြစ်နိုင်သောထိုစကားလုံးနှစ်လုံးကို ပေါင်းစပ်ထားသည့်အတွက် သူမဘာသာ တိုးတိုးလေးရယ်လိုက်၏။

"ဘာလဲ ကျွန်တော့်ကို မယုံဘူးလား။ ကျွန်တော်လေတစ်လုံး မိုးတစ်လုံးပြောနေတယ်လို့ ထင်နေတာလား။" ကျန်းချီက မတ်မတ်ထိုင်လိုက်ကာ သူမအား အလွန်ပြင်းပြသော အကြည့်ဖြင့်ကြည့်လိုက်သည်။

စူးထောင်က သူ့အကြည့်ကို တိုက်ရိုက်ပြန်ကြည့်ပေးလိုက်ပြီး ရိုးသားမှုများက သူမမျက်လုံးများထဲတွင် အပြည့်ရှိနေကာ "ငါ မင်းကိုယုံတယ်။"

သို့သော် ကျန်းချီက သူမကိုတိတ်တဆိတ်ငေးကြည့်နေပြီး သူ့မျက်လုံးများ၏ အနက်က လူအများကို ထိုထဲသို့နစ်မြုပ်သွားရန် လှည့်စားနေ၏။

စူးထောင်က ငြို့ယူဖမ်းစားခံရသည့်အလား သူ့မျက်လုံးထဲသို့ ပြန်ကြည့်လိုက်သော်လည်း သူမစိတ်က တော်တော်လေးခုန်ပေါက်နေသည်။ဒီအခွင့်အရေးကိုသုံးပြီး ကျန်းချီကို လက်မှတ်ထိုးအောင်လုပ်ရမယ်။ ဒီလူငယ်လေးက တကယ်ချစ်ဖို့ကောင်းတယ်။ သူသေချာပေါက် တော်တော်လေးရေပန်းစားလာမှာ။

"မင်း တကယ်ပဲ အသက်ဘယ်လောက်ရှိပြီလဲ။" ကျန်းချီက ရုတ်တရက် စကားပြောလာကာ သူမအသက်ကို မေးနေ၏။

မျက်ထောင်သည် မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အပြင်းအထန် စဉ်းစားနေသည်။ သူမရဲ့တကယ့်အသက်ကို ထုတ်ပြောလိုက်ရင် သူမအားအတွေ့အကြုံနုသေးပြီး သူ့အားအောင်မြင်ကျော်ကြားအောင် လုပ်ပေးနိုင်သည့်စွမ်းရည်ရှိတာကို မယုံကြည်မှာ ကြောက်နေမိ၏။ ဒီအတွက်‌ကြောင့်နဲ့ သူလက်မှတ်ထိုးဖို့ တွန့်ဆုတ်သွားရင် ဘယ်လိုလုပ်မလဲ။

စူးထောင်က အန္တရာယ်ကင်းသည့်နည်းလမ်းကို ကစားလိုက်သည်။" ငါအသက်ဘယ်လောက်လို့ မင်းထင်ထားလဲ။"

"မင်းလား။" ကျန်းချီက မေးပင့်လိုက် ကလေးဆိုလိုမျိုး ဆိုးညစ်သည့်အပြုံးပြုံးပြလာကာ သူ့လက်တစ်ဖက်က သူမခေါင်းကို ပုတ်ပေးလာရင်း "အနည်းဆုံး တစ်နှစ်လောက်တော့ ငယ်မယ်ထင်တယ်။"

စူးထောင်သည် ချက်ချင်းပင် သူက သူမကိုစနောက်နေမှန်း သိသွား၏။

"WeChat add ကြရအောင်။" စူးထောင် သူမဖုန်းကို ထုတ်လိုက်ပြီး QR ကုဒ်ကို scan မဖတ်မှာကို ကြောက်သလို သူ့ရှေ့တွင် လက်ကမ်းထားကာ သူ့ဆီက scan ဖတ်မှာကို စောင့်နေ၏။

ကျန်းချီက မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ရင်း သူ့လေသံက ရုတ်တရက်ပေါ့ပြက်ပြက်ဖြစ်လာပြီး သူ့မျက်လုံးထဲ၌ ချစ်ခင်တွယ်တာမှုများ မရှိတော့ပေ။ "ကျွန်တော်တို့ စကားနည်းနည်းလောက်ပဲ ပြောဖြစ်ကြပေမယ့် မင်းက အဲဒီငယ်ရွယ်တဲ့ 'ကျဲကျဲ'တွေထက်တော့ ပိုသာပါတယ်။"

သူအလေးထားပြောသွားသည့် 'ကျဲကျဲ'ဟူသောနေရာတွင် ထေ့ငေါ့လိုမှုအပြည့် ပါဝင်နေကြောင့် သူမကြားလိုက်သည်။

သို့သော် သူ့သဘောထားကို သူမ ဂရုမစိုက်ပေ။ "ဒါပေါ့ ငါ့လိုအိုနေပြီဖြစ်တဲ့ အန်တီတစ်ယောက်က မင်းရဲ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားတယ်လေ။"

ကျန်းချီ၏အပြုံး‌က ပျောက်ကွယ်သွားပြီး မျက်ဝန်းများထဲတွင် ငြီးငွေ့နေသည့် အရိပ်အယောက်ထင်ဟင်နေသည်။ ပျင်းရိစွာနှင့် ဖုန်းကိုထုတ်ယူလိုက်ပြီး သူမ၏ QRကို scanဖတ်လိုက်ကာ သူမကို သူငယ်ချင်းဖြစ်ခွင့် တောင်းဆိုလိုက်ရင်း ဖုန်းကိုဖယ်ထားလိုက်၏။

သူမ စိတ်မပါစွာနှင့် ရေနွေးကြမ်းကို အကုန်သောက်လိုက်ပြီးနောက် ထွက်ခွာရန် မတ်တပ်ရပ်လိုက်သည်။

"နောက်တစ်ခါ ထပ်ဆုံကြ‌ရအောင်" စူးထောင်က မျှော်လင့်တကြီးဖြင့် သူ့အားတောက်ပစွာ ကြည့်နေ၏။

ကျန်းချီသည် အပြုံးလေးနှင့် ခေါင်းငုံ့လာကာ "ကျဲကျဲ မိန်းကလေးတစ်ယောက်က ဒီလောက်မလွယ်ရဘူး။ ဒါဆို ငြီးငွေ့လွယ် သွားမှာ။"

စူးထောင်က သူပျောက်ကွယ်သွားသည့်တိုင်အောင် အချိန်အတော်ကြာ ‌သူ့နောက်ကျောကို ငေးကြည့်နေပြီး သူမက နည်းနည်းတက်ကြွလွန်းသွားသည့်ဘက်ကို ရောက်သွားပုံပင်။ နောက်တစ်ကြိမ် သူမကို လာထွက်တွေ့တော့မှာ မဟုတ်ဟု ခံစားလိုက်ရသည်။

ကိစ္စမရှိပါဘူးလေ ကျန်းဝမ်ရှိနေတာပဲ။ ကျန်းဝမ်သာ သဘောတူလိုက်ရင် ကျန်းချီငြင်းလောက်မှာမဟုတ်ဘူး။

စူးထောင်သည် လေ့ရွမ်းထံ စာတစ်စောင်အမြန်ပို့ကာ စာချုပ်နှစ်ခုရေးဆွဲပေးရန် တောင်းဆိုလိုက်သည်။ တစ်ခုမှာ အသစ်ဝင်လာသူများ၏ စံနှုန်းအတိုင်း ငါးနှစ်သက်တမ်းစာချုပ်တစ်‌စောင်ဖြစ်ပြီး နောက်တစ်ခုမှာ ထိပ်တန်းကြယ်ပွင့်များအတွက်ပင်၊ သို့သော်စာချုပ်ပြစ်ဒဏ်များက တိုးမြင့်သွားတဲ့အတွက် ၁၀နှစ်ဖြစ်သွားသည့် စာချုပ်တစ်စောင် ဖြစ်၏။

နောက်ဆုံးတွင် နေရောင်သည် သစ်ပင်ရိပ်ကြားမှ ထိုးထွက်လာကာ စူးထောင်အပေါ်ဖြာကျလာသည်။ သူမက လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်ပြီး ကျန်းချီကို အရယူရန် ဆုံးဖြတ်လိုက်၏။

ငွေရှင်းပြီးနောက် စူးထောင်သည် သူမ၏နားကြပ်ကို ထပ်တပ်ကာ စိတ်အားထက်သန်ဖွယ် သီချင်းတချို့ကို ဖွင့်ကာ အသံကိုအကျယ်ချဲ့လိုက်သည်။ သူမစီးပွားရေးပထမဆုံးအကြိမ် စလုပ်တုန်းကလို စိတ်အားထက်သန်မှုအပြည့်နှင့် စားသောက်ဆိုင်မှ ထွက်လာခဲ့၏။

သူမ စားသောက်ဆိုင်မှ ထွက်လာသည်နှင့် တပြိုင်နက် ရှဲ့ကျင်နှင့်ဆုံသွားသည်။

"ကိုယ်ခဏတုန်းက မင်းတို့ကို တံတားပေါ်မှာတွေ့လိုက်တယ်။ ကျန်းချီနဲ့က ဘာကိစ္စရှိလို့လဲ။ မင်းနောက်ကို သူလိုက်နေတာလား။ ပြီးတော့ မင်းသူ့ကို WeChat မှာတောင် addလိုက်သေးတယ်။"

စိတ်အားထက်သန်သော သီချင်းသံက သူမ၏နားကြပ်ထဲတွင် ပေါက်ကွဲနေဆဲဖြစ်ပြီး မကျေမနပ်ဖြစ်နေသော မျက်နှာနှင့် တစ်ခုခုကို‌ပြောနေပုံရသော ရှဲ့ကျင်ကိုမြင်နေရသော်လည်း သူဘာပြောလိုက်မှန်း သူမတစ်လုံးမျှမသိပေ။

စူးထောင်က သူ့ကိုကွေ့ပတ်ကာ ရှေ့ဆက်လျှောက်သွားပြီး ရှဲ့ကျင်ကလည်း သူမနောက်မှကပ်လိုက်လာကာ စကားကို ပတွတ်ပတွတ်နှင့်ပြောနေရင်း အနည်းငယ် စိတ်လှုပ်ရှားနေပုံက၏။

သီချင်းရဲ့ live version က သူမနားကြပ်မှထွက်လာနေပြီး အဆိုတော်က စိတ်အားထက်သန်မှုအပြည့်ဖြင့် နားထောင်သူများကို ပြောလာသည်။"ဒါက ကောင်းတယ်မလား။"

စူးထောင်က ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်၏။

"မင်း သဘောတူတယ်မလား။ ဒါဆို အခုချက်ချက်ချင်းပဲ ဖျက်လိုက်လေ။" ရှဲ့ကျင်၏မျက်နှာက ပြန်လည်ကောင်းမွန်လာပြီး နောက်ဆုံးတော့ သူ့ရဲ့နာခံတတ်တဲ့ ရှောင်ထောင်လေးက ပြန်လာပြီ။

သူက သူမလက်ကို ဆုပ်ကိုင်ကာ သူ့အနားကိုဆွဲယူလိုက်ပြီး သူမကိုစောင့်နေသလို ပြုံးပြလိုက်၏။

စူးထောင်က ပေကလက်ပေကလက်ဖြစ်သွားပြီး သူ့ကို အူကြောင်ကြောင်နှင့် ကြည့်နေသည်။

ရှဲ့ကျင်က စိတ်ရှည်လက်ရှည်နှင့် သူ့လက်ကို ဆန့်ထုတ်လိုက်ကာ "ဒါဆို မင်းဖုန်းကိုယ့်ကိုပေး။ ကိုယ်ဖျက်ပေးမယ်။"

စူးထောင်သည် ကြောင်အအနှင့် နားကြပ်ကို ဖြုတ်လိုက်ကာ စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုမေးလိုက်၏။"ရှင် ဘာတွေလုပ်နေတာလဲ။"

ရှဲ့ကျင်ဟာ တစ်ခုခုမှားနေမှန်း ခံစားလိုက်ရသော်လည်း ရေးတေးတေးလေး မျှော်လင့်နေသေးကာ "WeChatမှာ ကျန်းချီကို ဖျက်‌လိုက်မယ်လို့ ခဏတုန်းက သဘောတူလိုက်တယ်မလား။"

စူးထောင်က အေးစက်စက်ရယ်လိုက်ပြီး သူ့ကိုလူထူးဆန်းတစ်ယောက်လို ကြည့်နေရင်း " ကျွန်မက ဘာလို့ ရှင်ပြောတာကို နားထောင်ပေးရမှာလဲ။"

နားကြပ်ကို ပြန်တပ်လိုက်ပြီး ကပ်ရောဂါတစ်ခုလို ရှောင်ရှားကာ အရှေ့ကိုဆက်လျှောက်သွားတော့သည်။

ရှဲ့ကျင် - "......"

All Chapters