← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

ရိုက်ကူးရေးက အဆင်ပြေပြေနှင့်ညဆက်သွားနေပြီး စူးထောင်နှင့် ရှောင်ရှန်းက variety show စာချုပ်မှာ တရားဝင် လက်မှတ်ထိုးခဲ့သည်။ ကျန်ဟောင် ထွက်သွားပြီးနောက်တွင် လူတိုင်းက အဆင်ပြေပြေနှင့် ရှိနေကြ၏။ စူးထောင်တစ်ယောက်ထဲ အကျပ်အတည်း ဖြစ်နေတာကလွဲ၍ ကျန်လူများမှာ ကောင်းကောင်းမွန်မွန်ရှေ့ဆက်သွားနေကြပုံရသည်။

အဆုံးတွင် ကျန်းချီနှင့် ထပ်ပြီးမတွေ့နိုင်တော့ပေ။

စူးထောင်က ခေါင်းအုံးကိုပွေ့ဖက်ထားကာ ရေကူးကန်နံ‌ဘေးရှိ ကုလားထိုင်ပေါ်တွင်ထိုင်နေ၏။ သူမ ၃ကြိမ်လောက် အတည်ပြုထားတဲ့ အေဂျင်စီသဘောတူညီချက်စာချုပ်ကို လှန်နေရင်းနှင့် သက်ပြင်းချလိုက်ပြီး စိုးရိမ်တကြီးဖြင့် ဝိုင်တစ်ငုံကို သောက်လိုက်သည်။

'သူမ၏ အဆက်အသွယ် အားလုံးကို သုံးပြီးနောက်တွင် ကျန်းဝမ်၏ အေဂျင်စီဘက်က သူ့ကိုဆက်သွယ်ပြီးနေပြီဟု ကြားလိုက်ရ၏။ သူမဘက်က အရင်စပြီး လှုပ်ရှားရမည်ဖြစ်သော်လည်း ကျန်းချီက သူမ၏ ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့သည်။

စူးထောင်သည် ကျန်းဝမ်၏ ကိုယ်ပိုင်ဖုန်းနံပါတ်ကို မရထားသည့်အတွက် နောင်တရသလိုခံစားလိုက်ရ၏။ သူမက ကျန်းဝမ်၏ အေးဂျင့်ကို ဖုန်းဆက်သော်လည်း ဘာအကြောင်းပြချက်မှမရှိဘဲ ဖုန်းချခံလိုက်ရသည်။

စူးထောင်က နောင်တရမှုအပြည့်နှင့် ကျန်းချီ၏ အကောင့်ထဲ ဟိုဟိုဒီဒီပွတ်ဆွဲနေစဉ် သူpost အသစ်တစ်ခု တင်လိုက်သည်ကို ရုတ်တရက်တွေ့သွား၏။ 'ဖုန်းရှင်တေးဂီတအဖွဲ့၏ပထမဆုံး ဖျော်ဖြေတင်ဆက်မှု' ဟုရေးထားသော ပိုစတာတစ်ခုနှင့်အတူ အမျိုးသား၄ယောက်၏ ကိုယ်ထည်ပိုင်း အပြည့်ပုံတင်ထားကာ ကျန်းချီက အလယ်နေရာတွင်ရှိနေသည်။

စူးထောင်က ချက်ခြင်းပင် စွမ်းအင်အပြည့်ပြန်ဖြစ်သွားပြီး ပိုစတာအောက်ခြေရှိ အချိန်နှင့်တည်နေရာကို ရှာဖွေလိုက်ပြီးနောက် အွန်လိုင်းပေါ်တွင် ပန်းစည်းတစ်စည်းမှာလိုက်ကာ စိတ်ကျေနပ်စွာဖြင့် အခန်းထဲသို့ ဝင်သွားတော့သည်။

ရေကူးကန်ထဲတွင် ကိုယ်ရေးပြနေဆဲဖြစ်သော ရှဲ့ကျင်သည် ဝိုင်နီတစ်ငုံသောက်လိုက်ပြီး ရေကူးကန်ဘောင်ပေါ်တွင် လက်ကိုတ‌ဒေါက်ဒေါက်ခေါက်နေရင်း မပျော်မရွင်စွာဖြင့် ဖုန်းကြည့်နေသော စူးထောင်ကို စိုက်ကြည့်နေ၏။

စူးထောင် သူမအခန်းထဲဝင်သွားပြီးမှသာ ရှဲ့ကျင်က ရေကူးကန်ထဲမှ ထထွက်လာသည်။ ညအချိန်၌ တောင်များအပေါ်တွင် အေးစိမ့်စိမ့်‌ဖြစ်နေမှုကို သူခံစားလိုက်ရ၏။

သူ့ကိုယ်သူ ပုဝါနှင့်ပတ်လိုက်ပြီး အခန်းထဲသို့ဦးတည်လိုက်သည်။ မှန်ပေါ်ရှိ တောင့်တင်းကြံ့ခိုင်နေသော သူ့ခန္ဓာကိုယ် ကြွက်သားအဖုအထစ်များကိုကြည့်ရင်း စူးထောင်က ဘာလို့သူ့ဘက်ကို အကြည့်တစ်ချက်တောင် မရောက်လာလဲဆိုတာ သူနားမလည်နိုင်တော့ချေ။

-------

နောက်တစ်နေ့တွင် စူးထောင်သည်ရိုက်ကူးရေးနေရာကို နေ့တစ်ဝက်သာသွားခဲ့ပြီး နေ့လယ်စာတောင် စားမနေတော့ဘဲ ထွက်ခွာရန် တက္ကစီတစ်စီးကို ကြိုခေါ်လိုက်၏။

ပထမဆုံးအနေဖြင့် သူမမှာယူထားသော ပန်းများကိုယူရန် ပန်းဆိုင်သို့သွားပြီးနောက် ပိုစတာပေါ်ရှိ တည်နေရာကို အမြန်သွားတော့သည်။

တေးဂီတအဖွဲ့က ညနေ၅နာရီတွင် ဖျော်ဖြေရန်စီစဉ်ထားပြီး အတော်လေးကို ဝေးသည့်အတွက် စူးထောင်က ၄နာရီခွဲလောက်မှသာ ရောက်သွားခဲ့၏။

လူတိုင်းက ဝင်သွားနှင့်နေပြီ။ ကံကောင်းထောက်မစွာပင် ဝင်ပေါက်၌ မှောင်ခိုလက်မှတ်ကို သူမဝယ်လို့ရသွားသည်။

"ရှင်က ဒီလက်မှတ်ကို ဆယ်ဆလောက်တောင် ဈေးတင်ထားတယ်။ တော်တော်ဈေးကြီးတာပဲ။" စူးထောင်က ပေးချေပြီးနောက် မကျေမနပ် ပြောလိုက်၏။ တက္ကသိုလ် တေးဂီတအဖွဲ့အတွက် မှောင်ခိုလက်မှတ်မှာ တော်တော်လေး ဈေးကြီးမယ်မှန်း သူမ မမျှော်လင့်ထားပေ။

"ဒီနေ့က ကျန်းချီပါတော့ လက်မှတ်တွေကို အပြေးအလွှား လာဝယ်ကြတယ်လေ။" မှောင်ခိုသမားက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ ယနေ့တွင် သူ့လက်မှတ်များ အကုန်ရောင်းထွက်သွားသည့်အတွက် စိတ်ကောင်းဝင်နေပြီး စူးထောင်အား"မင်းက ဒီအနီးအနားက မဟုတ်လောက်ဘူးထင်တယ်။ ကျန်းချီက Tတက္ကသိုလ်မှာ လုံးဝနာမည်ကြီးပဲ။"

စူးထောင်မှာ သူနှင့်စကားဆက်မပြောချင်တော့ဘဲ လက်မှတ်နှင့်အတူ အထဲကိုအလျင်အမြန်ဝင်သွားတော့သည်။

မှောင်ခိုသမားက ခေါင်းကိုရမ်းကာ ဝမ်းသာအားရနှင့် ထွက်ခွာခါနီးတွင် ဝတ်စုံပြည့်ဝတ်ထားသည့်အမျိုးသားတစ်ဦးက သူ့ကိုတားလိုက်၏။ "ခဏတုန်းက အဲဒီမိန်းကလေးက မင်းကိုရှာတာ ဘာကိစ္စလဲ။"

"ဘယ်သူလဲ။ လက်မှတ်ဝယ်သွားတဲ့တစ်ယောက်လား။" မှောင်ခိုသမားက စိတ်ရှုပ်ထွေးစွာဖြင့် မေးလာသည်။

"မင်းမှာ လက်မှတ်ကျန်သေးလား။"

"မကျန်တော့ဘူး။ ငါ့ရဲ့နောက်ဆုံးလက်မှတ်ကို သူမရသွားတာ။"

"ငါ ဆယ်ဆ ပိုပေးမယ်။"

"ငါခဏကပဲ သူမကိုဆယ်ဆ‌ဈေးနဲ့ ရောင်းလိုက်တာ။ခင်ဗျားဘာလို့ စောစောမလာတာလဲ။ မဟုတ်ရင် သူမနဲ့အတူ ဈေးပြိုင်ခေါ်ပြီး အမြင့်ဆုံးပေးနိုင်တဲ့သူက ရသွားမှာ။"

ကျင်းချွေ့ဝမ်သည် ကားဆီသို့ပြန်ရောက်လာပြီး နောက်ကျောဘက်ထိုင်ခုံမှ တဒေါက်ဒေါက်ခေါက်နေသံက သူနှလုံးခုန်သံကို ပိုမြန်လာစေသည်။

"သူဌေး စူးထောင်က ဖျော်ဖြေပွဲကို ကြည့်ဖို့သွားပြီး မှောင်ခိုဈေးသမားဆီကနေ ဆယ်ဆပေးပြီး ဝယ်ခဲ့တာ။အခုတော့ ဘာလက်မှတ်မှ မကျန်တော့ဘူး။

တဒေါက်ဒေါက်ခေါက်နေသည့်အသံက ရပ်သွားပြီး ရှဲ့ကျင်က မပျော်မရွင်မှုအပြည့်ဖြင့် အံကြိတ်ပြောလာ၏။" ပန်းတွေ၊ ဈေးကြီးတဲ့လက်မှတ်တွေဝယ်တာက အဲဒီကျန်းချီရဲ့ဖျော်ဖြေပွဲကို ကြည့်ဖို့ပေါ့လေ။"

ကျင်းချွေ့ဝမ်က ရှဲ့ကျင်၏အမူအရာကို မကြည့်ရဲတော့ဘဲ သူဘက်ဖြေသင့်ဖြေထိုက်တာ မှန်သမျှကို တိုးတိုးသာသာလေး ဖြေပေးရုံသာ လုပ်နိုင်တော့သည်။

စူးထောင်သည် ပရိတ်သတ်နေရာတွင် ပန်းစည်းနှင့်အတူထိုင်နေရင်း အော်ဟစ်နေသံများမှ ကျန်းချီတစ်ယောက် စင်ပေါ်တက်လာသည်ကို သူမြင်သွားတော့သည်။

သူမ ကုယိယန်နှင့်အတူ ဖျော်ဖြေပွဲကြီးများ သွားတက်ရောက်သည့်အခါတိုင်း လူအုပ်ကြီးနှင့်ဝေးရာတွင် အမြဲလိုလိုနေလေ့ရှိပြီး အများအားဖြင့် စင်မြင့်အစွန်းတွင် စောင့်နေ၏။

ယနေ့တွင် စူးထောင်မှာ အရူးအမူးဖန်တွေကြားတွင် နစ်မြုပ်နေသည်။

ထို့အပြင် ယနေ့နေရာမှာ တော်တော်လေးကိုကျဉ်းပြီး နိုက်ကလက် အကကြမ်းပြင်လောက်ပင် မကြီးပေ။သီချင်းသံထက် ပိုကျယ်သည့် အော်ဟစ်သံများကြောင့် သူမနားပင်းသွားသလို ခံစားလိုက်ရ၏။

အနည်းဆုံးတော့ ကျန်းချီသီချင်းဆိုသည့်အလှည့်တွင် ဖန်များက တိတ်ဆိတ်သွားကြသည်။

Idolများ၏ live ဖျော်ဖြေမှုကို မရေမတွက်နိုင်အောင် ကြားဖူးနေသဖြင့် ကျန်းချီ၏ သီချင်းဆိုသံက သာမန်မျှသာဖြစ်ကြောင်း သူမသိလိုက်ရ၏။

သို့သော် ကျန်းချီမှာ idolတစ်ဦးအဖြစ် မွေးဖွားလာပုံရသည်။ စင်ပေါ်တွင် သူ၏အသက်ပါသောပုံစံနှင့် အမှုမဲ့အမှတ်မဲ့ ပရော်ပရည်လက်ပြသည့်ပုံစံက အော်ဟစ်သံများ ဆူညံလာစေ၏။

စူးထောင်က သူ့ကိုအရယူမည့်သူမအစီအစဉ်အတွက် ယုံကြည်မှုပိုရှိလာပြီး သူမပန်းများကို စည်းချက်အလိုက် စတင်ဝှေ့ရမ်းပြတော့သည်။

သူမတစ်ယောက်ထဲသာလျှင် ပန်းများနှင့်ရှိနေသောကြောင့် ကျန်းချီက ချက်ချင်းပင် သူမကိုသတိပြုမိသွား၏။

သီချင်းတစ်ပုဒ်ဆိုပြီးနောက် စင်အောက်ကို ဆင်းလာကာ သူ့အဖွဲ့ဝင်များကို အလေးအနက် ပြောလိုက်သည်။ "အသက်ကြီးတဲ့ အမျိုးသမီးတွေက အချစ်အတွက် ဆန္ဒပိုပြင်းပြကြတယ်လို့ မင်းတို့ထင်လား။"

သူ့၏အဖွဲ့ဝင်တွေက ရုတ်တရက်ကြီး သူဘာလို့ဒီလိုမျိုး ပြောလာမှန်း မသိကြချေ။

"မင်းတို့ အနုပညာဌာနက မိန်းမလှလေးကို မှတ်မိကြသေးလား။ ငါက သူမကို သွေးဆောင်ဖျားယောင်းဖို့ အလွယ်ဆုံးသူလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် တစ်ခါ၊နှစ်ခါလောက်ပဲ ဆုံပြီးတဲ့နောက်မှာ ပိုက်ဆံလွှဲဖို့အကြောင်းပြပြီး ငါ့ wechat ကို တောင်းလာတယ်လေ။"

"အိုးး ငါသူမကိုမှတ်မိပြီ" အဖွဲ့ဝင် တဝမ်က သူ့ရဲ့ဆံပင်တိုတိုကိုသပ်လိုက်ကာ အပြုံးလေးနှင့်ပြောလာ၏။ "မင်းတို့ WeChat မှာ သူငယ်ချင်းလုပ်ပြီး ပြန်ဖျက်လိုက်လို့ ငါတို့အိပ်ဆောင်ရှေ့မှာ ညနက်တဲ့အထိ မင်းနာမည်အော်နေတဲ့ အနုပညာဌာနက ကလေးမလေး မလား။ သူမက မင်းကိုတကယ်ကြိုက်တဲ့ပုံပဲ။ ရဖို့ခက်ခဲတာကိုမှ အရယူချင်နေတာဖြစ်နိုင်တယ်။ မိန်းကလေးဆိုတာ တည်တည်ငြိမ်ငြိမ် နေသင့်ပါတယ်။"

"ဒါဆို မင်းတို့နှစ်ကြိမ်လောက်အပြင်မှာဆုံပြီး တစ်ခါလောက်ထမင်းတူတူစားပြီးတာနဲ့ wechatအကောင့်တောင်းတဲ့ အမျိုးသမီးနဲ့ဆုံဖူးလား။" ကျန်းချီက အဓိပ္ပာယ်အပြည့်နှင့် စောင်းငဲ့ပြောလာသည်။

"ဒါကပုံမှန်ပဲ မဟုတ်ဘူးလား။ မင်းတွေ့တဲ့မိန်းကလေးတွေအားလုံးက တစ်ခါကြည့်လိုက်တာနဲ့ တစ်သက်လုံးမှတ်မိနေစေမယ့် နတ်ဘုရားမအဆင့်တွေလေ။ သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ဆိုရင် မင်းကိုချက်ချင်း တွယ်ကပ်တာကတော့ အဓိပ္ပာယ်ရှိပါတယ်။" တဝမ်ကပြန်တုံ့ပြန်ရင်း သူ့ဂီတာကြိုးကို တီးလိုက်၏။

ကီးဘုတ်တီးတဲ့ ရွှီရှန့်က ကျန်းချီ၏ ပခုံးပုတ်လိုက်ပြီး စပ်စပ်စုစုနှင့် မေးလာသည်။" ဘယ်အဒေါ်က မင်းကို wechat မှာ သူငယ်ချင်းလုပ်တာလဲ။"

အဖွဲ့သားတွေက နောက်တစ်ကြိမ် ထပ်ဖျော်ဖြေမယ့် သီချင်းအတွက် ဝတ်စုံကို လဲလိုက်ကြပြီး စင်ပေါ်တက်ရန်အဆင်သင့်ပြင်နေကြ၏။

စင်မြင့်ပေါ်ရှိ အမှောင်ထုနှင့် ပရိတ်သတ်များအပေါ် ထိုးထားသည့်မီးမောင်းကို အခွင့်ကောင်းယူကာ ကျန်းချီက ပန်းများကိုင်ထားပြီး နှုတ်ခမ်းစူနေသော စူးထောင်ကို ညွှန်ပြလိုက်သည်။"သူမပဲ။ ငါမနေ့တုန်းက သူမဖိတ်ခေါ်တာကို ငြင်းလိုက်ပေမယ့် ဒီနေ့မှာ ငါ့နောက်လိုက်လာနေတုန်းပဲ။"

အဖွဲ့သားတွေအားလုံးက လှမ်းကြည့်လိုက်ရာ စူးထောင်က ဟူဒီခပ်ပွပွကို ဝတ်ထားပြီး ဆံပင်ကိုခပ်မြင့်မြင့်စီးထားကာ ဆံပင်များက တို့လို့တွဲလောင်းကျနေ၏။ အလင်းရောင်အောက်တွင် အသားအရည်မှာ တောက်ပချောမွတ်နေပြီး နူးညံလှပသည့် ပုံပန်းသဏ္ဍာန်ရှိနေကာ မသိစိတ်အရ နှုတ်ခမ်းကိုက်ထားပုံက ခြံကြည့်လိုက်လျှင် ကွက်ကွက်ကွင်းကွင်း ထင်ပေါ်နေသည်။

အထူးသဖြင့် သူမ၏ကြည်လင်တောက်ပနေသော မျက်လုံးတစ်စုံ၊ ထိုအရာများက ဖြောင့်နေသည့်ယောက်ျားတစ်ယောက်အတွက် အားနည်းချက်တစ်ခုပင်။ သူမ၏အလှနှင့် သိမ်မွေ့သည့်ပုံစံက လူအများအား သူမအပေါ်ချက်ချင်း ကာကွယ်ပေးချင်စိတ် ဖြစ်လာစေ၏။

"သေစမ်း! မင်းက ဒီလိုတုနှိုင်းမဲ့ နတ်ဘုရားမကို အဒေါ်လို့ ခေါ်တယ်ပေါ့လေ။"

"မင်းသူမကို တကယ် မလိုချင်ရင် ငါတို့ သူမကိုလိုက်မယ်။"

"သူမက ငါကြိုက်တဲ့ပုံစံပဲဟ ငါ့စီကနေ ခိုးယူဖို့မကြိုးစားနဲ့။

ကျန်းချီ၏ အမူအရာက ရုတ်တရက်မည်းမှောင်သွားသည်။ သူက သူ့နေရာနှင့်သူယူထားပြီးသော အဖွဲ့ဝင်များကို ဘယ်၊ညာကြည့်ကာ မိုက်ဖွင့်ထားသည်ကိုပင် မသိမမူမိဘဲ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။"ပါးစပ်ပိတ်ထား။"

သူထိုစကား‌ပြောလိုက်သည်နှင့် မီးအလင်းရောင်က သူ့အပေါ်ကျရောက်လာ၏။ အော်ဟစ်အားပေးနေကြသည့် ပိရိတ်သတ်များမှာ သူ၏'ပါးစပ်ပိတ်ထား'ဆိုသည့်အသံကြောင့် ရုတ်တရက် ရပ်သွားကြပြီး ကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။

ကံကောင်းထောက်မစွာပင် အဖွဲ့သားများက အလျင်အမြန်တုံ့ပြန်လိုက်ကာ ဒရမ်ကိုချက်ချင်းတီးလိုက်ပြီး ကျယ်ကျယ်လောင်လောင်နှင့် သီချင်းကိုပြန်စလိုက်၏။ ထိုအခါမှသာ ကျန်းချီက သူတို့ကိုတိတ်တိတ်နေရန် ပြောလိုက်သည်ဟု ထင်ကာ ပရိတ်သတ်များက မူလအနေအထားကို ပြန်ရောက်ကာ ပြန်လည်တက်ကြွလာတော့သည်။

-------

သာမန်ဖျော်ဖြေပွဲက ၃နာရီသာကြာမြင့်ပြီး ဖျော်ဖြေရေးပြီးသွားသည်နှင့် စူးထောင်က စင်အနောက်ဘက်သို့ ချက်ချင်းပြေးသွားလိုက်၏။

ထိုင်းသွားလုနီးပါးနားကို ပွတ်နေရင်း သူမ၏ ကိုယ်တိုင်ပြောစကားသံများကိုပင် ကြားရန်ခက်ခဲသွားပြီဟု ခံစားလိုက်ရသည်။

ကျန်းချီထွက်ပေါ်လာသည်အထိ စင်နောက်တွင်စောင့်နေပြီး သူမ၏ပန်းများနှင့်အတူ ပြုံးပြရင်း သူ့ထံလျှောက်သွားကာ "မင်းတို့ရဲ့ အောင်မြင်တဲ့ဖျော်ဖြေပွဲအတွက် ဂုဏ်ပြုပါတယ်။"

သို့သော် ပန်းစည်းမရသော ကျန်းချီ၏ အဖွဲ့ဝင်များက ပို၍ပင်တက်ကြွနေပြီး စူးထောင်ကိုသိ‌နေသလိုမျိုး တရင်းတနှီး နှုတ်ဆက်လာကြ၏။

သူတို့ သူမကိုသိနေပုံရသည့်အတွက် စူးထောင်မှာ အံ့ဩနေမိသည်။

"ဒါပြီးရင် အလုပ်ရှိနေသေးလား။ တို့ မင်းကို ထမင်းစားဖိတ်လို့ရမလား။" မသိစိတ်အရ စူးထောင်က ကျန်းချီကို ကျယ်လောင်စွာ ပြောလိုက်ပြီး အဆင်မပြေဖြစ်နေသော နားရွက်ကို ထပ်ပွတ်သတ်‌လိုက်၏။

လူတိုင်းက သူမ၏ ထိုအပြုအမူသေးသေးလေးကြောင့် ရယ်မိသွားကြပြီး သူမကနည်းနည်းချစ်စရာကောင်းနေသလို ခံစားလိုက်ရသည်။

ကျန်းချီ၏ မျက်လုံးများက ဝင်းလက်သွားပြီး ပန်းစည်းကိုချကာ စူးထောင်ဆီသို့ ခြေလှမ်းလှမ်းလိုက်ပြီး သူမ၏နားရွက်ကို အကြိမ်များစွာ ပွတ်ဆွဲပေးလိုက်၏။သူ့လက်ချောင်းများက သူမ၏နားအနောက်ဘက်ကိုပင်ရောက်နေကာ အစွန်းတစ်လျောက် ပွတ်ဆွဲပေးနေသည်။

စူးထောင်သည် သူမ၏နားရွက်များ ပူလာသည်ကို ခံစားမိသော်လည်း မသက်မသာဖြစ်နေမှုက လျော့ကျသွားပုံရ၏။ ထို့နောက် သူ၏လက်ဖဝါးက သူမနားရွက်ကိုတဖန်အုပ်ပေးလာကာ ကမ္ဘာကြီးက လုံးဝတိတ်ဆိတ်သွားတော့သည်။

မျက်ဝန်းလေးစုံက ဆယ်စက္ကန့်ထက်မနည်း အချင်းချင်းကြည့်နေကြပြီး စူးထောင်၏တောက်ပနေသည့်မျက်ဝန်းများက ကျန်းချီအပေါ် တစ်ချိန်လုံးကျရောက်နေ၏။ နောက်ဆုံးတွင် ကျန်းချီက သူ၏အကြည့်ကို အရင်လွှဲလိုက်ကာ ကို့ယို့ကားယားနိုင်စွာဖြင့် သူ့လက်ကိုပြန်ရုတ်လိုက်သည်။

အများကြီးပိုကောင်းလာသလိုခံစားလိုက်ရသည့်အတွက် စူးထောင်သည် ကျန်းချီကိုကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်လိုက်ကာ " အရမ်းတော်တာပဲ။ကျေးဇူးပါ။"

"သွားကြရအောင်။" ကျန်းချီက ဦးဆောင်ပြီးထွက်သွားသော်လည်း စူးထောင်ကလိုက်မလာသည်ကို မြင်သောအခါ နောက်ပြန်လှည့်လိုက်ပြီး "အဲဒီမှာ ဘာရပ်လုက်နေတာလဲ။ ကျွန်တော်နဲ့အတူ ထမင်းစားချင်နေတာမလား။ အခုကျွန်တော်တို့ ညစာသွားစားတော့မှာဆိုတော့ မင်းကို ခေါ်သွားမယ်လေ။"

စူးထောင်က 'အိုး'ဟုပြောလိုက်ပြီး သူ၏နှိမ့်ချနေသောလေသံကို လျစ်လျူရှုကာ ပျော်ရွှင်စွာဖြင့် လိုက်သွားတော့သည်။

တိတ်ဆိတ်သော ဘားတစ်ခုတွင်စုဝေးကြပြီး သောက်စရာနှင့် အမြည်းများကို မှာယူကာ သူတို့၏အောင်မြင်သွားသည့် ရှိုးပွဲအတွက် ခွက်မြှောက်ပြီး ချီးယားလုပ်လိုက်ကြ၏။

စူးထောင်သည် ခွက်သေးသေးလေးတစ်ခွက်သောက်လိုက်ပြီး ထိုကောင်လေးများ ပြောနေကြသည်ကို ကြားဝင်မပြောဘဲ ပျင်းရိစွာဖြင့် နားထောင်နေသည်။ သူမက တိတ်တိတ်လေးနေကာ သူတို့ညစာ စားပြီးသွားတဲ့အထိ စောင့်နေ၏။ ထိုမှသာ ကျန်းချီနှင့် စာချုပ်ကိစ္စ ဆွေးနွေးနိုင်မည်ဖြစ်သည်။

မနီးမဝေးထောင့်တစ်နေရာတွင် သွယ်လျပြီးရှည်သော လက်ချောင်းများက စားပွဲစွန်းကို အားနှင့်ဆုပ်ကိုင်ထားကာ နက်မှောင်နေသည့် မျက်ဝန်းတစ်စုံက နီရဲနေပြီး အံတင်းတင်း ကြိတ်ထားသည့် အသံထွက်နေ၏။

ကျင်းချွေ့ဝမ်သာ သူ့ကိုအတင်းမဆွဲထားလျှင် ရှဲ့ကျင်တစ်ယောက် အမြန်ပြေးသွားပြီး သူတို့၏စားပွဲကို သွားလှန်မှောက်နေလောက်ပြီ။

"သူဌေး စိတ်အေးအေးထားပါ။"

"ငါသာလူမသတ်သရွေ့ အမှားဖြစ်မှာမဟုတ်ဘူး။"

'သူမရဲ့အလှကို သူ့သူငယ်ချင်းတွေ ဝိုင်းကြည့်မှာကြောက်လို့ သူ့သူငယ်ချင်းတွေနဲ့ ဆုံရင်တောင် သူမကိုသူတစ်ခါမှ ခေါ်မသွားဖူးဘူး။ သူမကို အိမ်ထဲမှာပဲဖုံးကွယ်ထားချင်ပြီး ဒါမှသာ သူ့တစ်ယောက်ထဲကပဲ သူမဘယ်လောက်လှလဲဆိုတာ သိမှာ။'

ယခုတွင် ကျန်းချီသည် သူ၏သူငယ်ချင်းများနှင့် တွေ့ရန် သူမအား အလွယ်တကူ ခေါ်သွားပြီး သူမ ကောင်လေးတစ်အုပ်နှင့် အတူတူထိုင်ကြ၊ စားကြ၊ သောက်ကြလုပ်နေပုံက သူ၏ကန့်သတ်ချက်ကို လုံးလုံးစိန်ခေါ်နေသည်။

"သူဌေး စိတ်အေးအေးထားသင့်တယ်။ ကျွန်တော်တို့ဂရုတစိုက် စောင့်ကြည့်ရမှာလေ နောက်ပြီး...."

"နောက်ပြီး စူးထောင်က အခုဆိုသူဌေးကို လျစ်လျူရှုနေတာလေ‌။ သူမသူငယ်ချင်းတွေနဲ့ ညစာစားနေတာကို အလျင်စလို သွားနှောက်ယှက်လိုက်မိရင် သူ့အပေါ် သူမပိုပိုပြီး စိတ်‌ပျက်လာအောင် လုပ်နေတာနဲ့တူတူပဲ။"

ထိုအရာကို သတိရသွားပြီးနောက် ရှဲ့ကျင်က အသိစိတ် ပြန်ကပ်သွားပုံရ၏။ သူ၏ပေါက်ကွဲနေသောဒေါသက တဖြည်းဖြည်း ငြိမ်ကျသွားပြီး သူ့ကိုယ်သူတည်ငြိမ်စေရန် ဘီယာခပ်အေးအေးတစ်ခွက် မြန်မြန်သောက်ချလိုက်သည်။

သူဌေးကို ဖျောင်းဖျလိုက်နိုင်သည့်အတွက် ကျင်းချွေ့ဝမ်တစ်ယောက် နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ကာ သူဌေးကို ကူညီရန် စိတ်ရောကိုယ်ပါ စတင်စောင့်ကြည့်ပေးတော့သည်။

"ဒီကလေးက ဒီလောက်အမြန်နှုန်းနဲ့ သူ့သူငယ်ချင်းတွေနဲ့တွေ့ဖို့ သူမကိုခေါ်လာနိုင်တယ်ဆိုတော့ တကယ်ပဲစွမ်းဆောင်ရည်တွေရှိရမယ်။ ဖြစ်စဥ်ကတွေက ထင်ထားတာထက်ကို ပိုပြီးတိုးတက်နေတာပဲ။"

"ဘာဖြစ်စဥ်က တိုးတက်တာလဲ။" ရှဲ့ကျင်၏ အုံ့မှိုင်းနေသည့်လေသံက ကျင်းချွေ့ဝမ်၏ နားထဲသို့ဝင်သွား၏။သူက မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ကျင်းချွေ့ဝမ်ဆက်ပြောလာမှာကို စောင့်နေသည်။

ရုတ်တရက် ထိတ်လန့်သွားသော ကျင်းချွေ့ဝမ်တစ်ယောက် ပေါ့ပေါ့တန်တန် မှတ်ချက်ချလိုက်မိသည့်အတွက် နောင်တရသွားကာ အလျင်အမြန်ခေါင်းကိုခါရမ်းပြလာ၏။

"ပြောလေ" ရှဲ့ကျင်က ရှင်းရှင်းလင်းလင်းနှင့် အတင်းပြောခိုင်းတော့သည်။

အတင်းအကြပ် ရှင်းပြခိုင်းသည့်အတွက် ကျင်းချွေ့ဝမ်က တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလာ၏။" လူနှစ်ယောက်က အတူတူနေကြတဲ့အခါ သူတို့တွေက တစ်ဖက်လူရဲ့ လှုမှုအသိုင်းအဝိုင်း၊ သူငယ်ချင်းတွေကို ပုံမှန်အားဖြင့် သိထားရမယ်။ မဟုတ်ရင် သူတို့ရန်ဖြစ်ကြတဲ့အခါ ပြန်သင့်မြတ်အောင်လုပ်ပေးမယ့် လူတစ်ယောက်မှ ရှိမှာမဟုတ်ဘူး။ ဒီလိုဆို တစ်ဖက်သူကိုရှာဖို့က မလွယ်လောက်..."

ကျင်းချွေ့ဝမ်ဟာ သူဌေးဖြစ်သူ၏ အနာကို ထိုးဆွမိသွားသည်ကို သိသွားသည်နှင့် အလျင်အမြန် သူ့ပါးစပ်ကို ပိတ်လိုက်တော့သည်။

'စူးထောင် ထွက်သွားတဲ့အချိန်တုန်းက သူဌေးက သူမရဲ့သူငယ်ချင်း‌တွေကို တစ်ယောက်မှ မသိထားဘူး။ ပြီးတော့ သူမရဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မရှိတော့ သူမကို ရှာ‌ဖို့ခက်ခဲသွားတာ။'

ရှဲ့ကျင်၏ မျက်လုံးများက လွန်ခဲ့သည့်တစ်နှစ်က နာကျင်မှုကို သတိရသွားသလိုမျိုး မည်းမှောင်သွား၏။

သူ့မျက်လုံးကို တခဏအကြာမှိတ်လိုက်ပြီး ကျင်းချွေ့ဝမ်ကြောင့် ဉာဏ်အလင်းရသွားပုံရကာ" အခုချက်ချင်း သူမမှာ သူငယ်ချင်း ဘယ်လောက်ရှိတယ်ဆိုတာရယ်၊ သူတို့အားလုံးရဲ့အဆက်အသွယ် အချက်အလက်တွေအကုန် ရှာလာခဲ့။

သူ့ဘဝထဲကနေ နောက်တစ်ကြိမ် စူးထောင်ကို ထပ်မပျောက်ကွယ်စေချင်တော့ဘူး။

အကြောင်းပြချက်မရှိ အခြားအလုပ်ကိစ္စများကို လက်ခံရရှိသော ကျင်းချွေ့ဝမ်သည် သူ့ကိုယ်သူ တိတ်တဆိတ် ပါးရိုက်လိုက်ပြီး နောင်မှာဘာစကားမှထပ်မပြောချင်တော့ပေ။

သူမဖုန်းထဲက အချိန်ကို စစ်ကြည့်လိုက်ရာ ည၁၀ နာရီထိုးခါနီးနေပြီဖြစ်သည့်အတွက် တိတ်တဆိတ် စိုးရိမ်စိတ်များ မြင့်တက်လာသည်။ ကျန်းချီတစ်ယောက်တည်းနှင့် ဆွေးနွေးရန် အချိန်မရှိတော့မှာရယ်၊ သူအမူးလွန်ပြီး ဆွေးနွေးဖို့ ဆင်ခြင်ဉာဏ်မရှိမှာရယ်ကို စိတ်ပူနေ၏။

"မမလှလှ Wechat အပြန်အလှန် add ကြရအောင်။"

တဝမ်သည် စူးထောင်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်မှာ အချိန်အတော်ကြာနေပြီ။ ကျန်းချီက မိန်းကလေးအားလုံးအပေါ် တူညီစွာဆက်ဆံခဲ့သည်ကို သူကောင်းကောင်းသိ၏။ ထိုမိန်းကလေးများနှင့် ပရော်ပရည်လုပ်ပြီးသည်နှင့် စိတ်ဝင်စားမှုလျော့နည်းသွားသည်ပင်။ ထို့ကြောင့် တဝမ်မှာ အားတင်းပြီး လူတိုင်းရှေ့တွင် စူးထောင်၏ wechat ကို တောင်းဆိုလိုက်သည်။

ဤအချက်က သူသည် ဒီမိန်းကလေးကို အရင်စလိုက်တာဖြစ်ပြီး ကျန်လူများမှာ တန်းစီရန်တာတတ်နိုင်တော့သည်။

စူးထောင်က အံ့ဩသွားပီုး တိတ်တဆိတ် ဖုန်းကိုချလိုက်ကာ နူးညံစွာပြုံးလိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်၏။"မင်းတို့အားလုံးက အသက်တူတူပဲလား။"

စူးထောင်၏ ဖုန်းကိုချလိုက်ပြီး စကားလမ်းကြောင်း ပြောင်းနေသည့် အမူအရာသေးသေးလေးနှင့် ပတ်သက်၍ လူတိုင်းက နားလည်သဘောပေါက်တဲ့အတွက် ပြုံးလိုက်ကြသည်။ သူတို့က ဖန်ခွက်ကိုကိုင်ကာ တဝမ်ကိုမြှောက်ပြလိုက်ရင်း ရှုံးနိမ့်ပြီး အငြင်းခံရလိုက်ရသည့်သူ့အတွက် ဝမ်းနည်းကြေကွဲပြနေကြ၏။

"အသက်တူတူတွေပဲ ကျဲ၊ ကျွန်တော်တို့အားလုံးက ဌာနတစ်ခုထဲမှာပဲလေ။"ရွှီရှန့်က အပြုံးလေးနှင့်တုံ့ပြန်ရင်း တဝမ်ကိုတိတ်တဆိတ် ရယ်လိုက်သည်။

တစ်ဖက်မှ ကျန်းချီသည်လည်း မသိမသာမျက်ခုံးပင့်လိုက်ပြီး ခေါင်းကိုနှိမ့်ကာ ကျေနပ်ဂုဏ်ယူနေသည့်အကြည့်နှင့် နှုတ်ခမ်းကွေးတက်သွား၏။

'အမျိုးသမီးတစ်ယောက်ကို ငါစိတ်မဝင်စားဘူးဆိုရင်တောင် ဘယ်သူမှလွယ်လွယ်နဲ့ သွေးဆောင်လို့မရဘူး ဆိုပြီးပြော‌နေသလိုပင်။

"မင်းတို့တွေ ဒီညအိမ်စောစောပြန်စရာမလိုဘူးလား။"သူမကိုယ်သူမ စိတ်ပျက်စရာ ကောင်းနေမှန်းသိသော်လည်း ကျန်းချီနှင့် စီးပွားရေးကိစ္စပြောရန် သူမတကယ်အလျင်လိုနေသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ မကောင်းတဲ့သူလိုမျိုးဟန်ဆောင်ကာ အနှောက်အယှက် ပေးလိုက်တော့သည်။

"အစ်မကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မိန်းမကောင်းလေးမှန်းသိတယ်။ ဘာလို့ကျွန်တော်တို့ ကျန်းချီကို သဘောကျတာလဲ။ သူက မေဘေးဆန်တဲ့ကောင်လို့ လူတော်တော်များများ သိကြတယ်။" တဝမ်က မကျေချမ်းမှာအပြည့်နှင့် မေးလိုက်ပြီး တစ်ယောက်ယောက်၏ ခံစားချက်ကိုပင် မငဲ့ညှာတော့ပေ။ သူက ချက်ချင်းပင် ရိုင်းစိုင်းသည့် အကြောင်းအရာကို မေးလာ၏။

စူးထောင်က ကျန်းချီကို တစ်ချက်ကြည့်လိုက်ပြီး နားလည်မှုလွဲသွားသလို ခံစားလိုက်ရသည့်အတွက် ရှင်းပြရန်လုပ်နေတုန်း အရက်ခွက်တစ်ခွက်က သူမရှေ့တွင်ရောက်လာသည်။

"အစ်မ မသိလို့နော် ကျန်းချီကို လိုက်တဲ့အခါ ချမရေးထားတဲ့စည်းမျဉ်းစည်းကမ်းတစ်ခုရှိတယ်။ အဲဒါက အရက်သောက်နိုင်ရမယ်။ ဒီခွက်ကို အကုန်သောက်လိုက် ကျွန်တော်တို့ သူနဲ့အတူတွဲလို့ရအောင် ကူညီပေးမယ်။

တဝမ်သည် ရိုးသား‌ဟန်ဆောင်ကာ စူးထောင်ကို ပြုံးပြလိုက်ပြီး ကျန်းချီကို လှမ်းကြည့်လာ၏။ ကျန်းချီက မတားမြစ်ဘဲ သူ့ကိုကြည့်တယ်ဆိုရုံသာ ကြည့်ပေးလိုက်သည်။ စူးထောင်၏ တုံ့ပြန်မှုကို မြင်ရန်ရွှင်မြူးနေသည့် သူ့ပုံစံကြောင့် တဝမ်ကို ပိုပြီးသက်သောင့်သက်သာဖြစ်စေကာ ဒီရှိုးပွဲကို ပျော်ပျော်ရွင်ရွင်ကြည့်နေတော့သည်။

စူးထောင်၏ အမူအရာက မည်းမှောင်သွားပြီး ဒီကောင်ငယ်လေးများထံမှ အငြိုးထားခံရသည့်အငွေ့အအသက်ကို ရလိုက်၏။ ကျန်းချီကို စိုက်ကြည့်တော့ သူလည်း သူမ၏ ရည်ရွယ်ချက်ကို နားလည်မှုလွဲသွားပုံရသည်။

သူမ ခဏတာ လေးလေးနက်နက် စဉ်းစားနေမိ၏။

သူမ အခုချိန်ရှင်းပြလိုက်လျှင် သူ့သူငယ်ချင်းများကြား၌ မျက်နှာပျက်ပြီး သူမကို ပိုပြီးတော့တောင် သူမြင်ချင်မှာမဟုတ်တော့ပေ။

ခဏလောက် ရုန်းကန်လိုက်ပြီးနောက်တွင် စူးထောင်က တုံးအဟန်ဆောင်ကာ ထွက်ခွာရန်ဆုံးဖြတ်လိုက်သည်။နောက်မှသာ အခွင့်အရေးရှာပြီး သေသေချာချာရှင်းပြပေးတော့မည်။

စူးထောင်က သူမစိတ်ကိုပြင်ဆင်ပြီးတဲ့အချိန်မှာပဲ သူမဘေးနားက အရက်ခွက်မှာ ယူသွားခြင်းခံလိုက်ရ၏။

သူမအရှေ့တွင် အရပ်မြင့်မြင့်နှင့် ချောမောသော ရှဲ့ကျင်က ရပ်နေသည်။ သူ၏နက်ရှိုင်း‌သည့်မျက်လုံးများက ပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် စူးထောင်၏ မျက်နှာပေါ်၌ အကြည့်ရပ်သွား၏။ လက်ကောက်ဝတ်ကို စောင်းလိုက်ပြီး ဖန်ခွက်ထဲရှိအရာအားလုံးကို မြေကြီးပေါ် ဖြေးညင်းစွာ သွန်ချလိုက်သည်။

လူတိုင်းက အရပ်ခပ်မြင့်မြင့် ယောက်ျားတစ်ယောက် ပေါ်ထွက်လာသည့်အတွက် အံ့အားသင့်သွားကြ၏။ သူထံမှ ထွက်‌လာသည့် ဖိနှိပ်ချုပ်ချယ်သော အငွေ့အသက်ကြောင့် ထိုအခိုက်အတန့်တွင် မည်သူကမျှ မဆင်မခြင်မေးခွန်းမထုတ်ရဲချေ။

ရှဲ့ကျင်သည် ဖန်ခွက်အလွတ်ကို မြေပြင်ပေါ်သို့ မခွဲပစ်မိအောင် ကိုယ့်ကိုယ်ကိုယ် စိတ်ထိန်းထားနေရသည်။

သူရဲ့ရှောင်ထောင်လေးကိုများ အရက်သောက်ခိုင်းရဲတယ်ပေါ့လေ။ သူတို့က အသက်ရှင်ရတာ ငြီးငွေ့နေပုံပဲ။

ရှဲ့ကျင်သည် စူးထောင်၏ လက်ကို ဆွဲယူလိုက်ပြီး အေးစက်သည့်အကြည့်များက နူးညံ့သွားကာ လေသံကိုနှိမ့်ချပြီး "အိမ်ပြန်ကြစို့"ဟု ပြောလိုက်၏။

--------

ကားနောက်ခန်းတွင် ရှဲ့ကျင်နှင့်အတူ ဘေးချင်းကပ်ထိုင်နေရင်း စူးထောင်မှာ တစ်ချိန်လုံး တိတ်ဆိတ်နေသည်။

ရှဲ့ကျင်က ခေါင်းလှည့်လာပြီး သူ၏ဒေါသများက ပျောက်ကွယ်သွားပြီဖြစ်ကာ သူမကိုစိုးရိမ်တကြီးနှင့် ကြည့်လာရင်း အမူအရာကို ခန့်မှန်းနေ၏။

"မင်း စိတ်ဆိုးနေတာလား။"

စူးထောင်သည် အတွေးမှလန့်နိုးသွားပြီး သူ့ကိုကြည့်ကာ ခေါင်းခါပြလိုက်သည်။

ကျန်းချီနှင့် ဘယ်လို ရှေ့ဆက်သွားရမလဲဆိုတာကို သူမစိတ်ပူနေရုံသာ။ သူ့ကိုကြိုက်နေတယ်လို့ ထင်သွားအောင် သူမဘယ်နေရာမှာ အမှားလုပ်မိသွားလဲဆိုတာ ပြန်တွေးတောနေ၏။

အစကတည်းက သူမရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း လုပ်လိုက်သင့်တာ။

သို့သော် ကံကောင်းစွာနှင့် ကျန်းချီ၏ သဘောထားက အလွန်ရှင်းလင်းနေသည်။ သူမကို မကြိုက်သည့်အပြင် သူ့ဘက်ကလည်း သူမလက်လျော့အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စိုးရိမ်နေပုံရ၏။

စူးထောင်က ရှင်းပြလိုက်သင့်လား ဒါမှမဟုတ် ရေငုံနှုတ်ပိတ်ပဲ နေလိုက်ရမလားဆိုတာကို အမြဲစိုးရိမ်နေမိသည်။ တကယ်လို့ စာချုပ်အ‌ကြောင်းတိုက်ရိုက်ဆွေးနွေးလိုက်ရင် သူမကိုစိတ်ပျက်နေလောက်မလား။

ဒီကောင်လေးက တော်တော်လေးကို အရည်အချင်းရှိပြီး ကျော်လည်းကျော်ကြားသည်။ စီးပွားရေးကိစ္စတွေကို မဆွေးနွေးခင် သူမက သူ့အကြိုက်ကို အရင်လိုက်ချင်ခဲ့၏။

ထို့ကြောင့် သူမသည် အစပိုင်းတွင် သတိကြီးစွာထားပြီးလုပ်သော်လည်း မထင်မှတ်ဘဲ မလိုလားအပ်သော နားလည်မှုလွဲခြင်းကို ဖြစ်ပေါ်သွားစေသည်။

စူးထောင်က နောက်ဆုံးတွင် သူမအတွေးများကို ရှင်းထုတ်ပြီး သူနှင့် ပွင့်ပွင့်လင်းလင်း ထုတ်ပြောရန် ဆုံးဖြတ်လိုက်၏။

သူမ ကျန်းချီဆီ စာမပို့လိုက်ခင်တွင် ကျန်းချီထံမှ စာတစ်စောင်ရောက်လာသည်။

[ကျန်းချီ - ဘာလို့မရှင်းပြတာလဲ။]

စူးထောင်တစ်ယောက် အပျော်လွန်သွားတော့သည်။ သူက သူမဆီကနေ ရှင်းပြချက်ကို နားထောင်ဖို့ ဆန္ဒရှိနေတုန်းပင်။ သူမ၏သွယ်လျသော လက်ချောင်းလေးများက စခရင်ပေါ်တွင် သွက်သွက်လက်လက် ရွေ့လျားနေ၏။

သူမအပြင် ရှဲ့ကျင်သည်လည်း တိတ်တဆိတ် သူမဘေးတွင်ရွေ့လာကာ ဖုန်းစရင်ကို ငုံကြည့်လိုက်သည်။

စခရင်သည် ရုတ်တရက်ကြီး မည်းမှောင်သွား၏။

စူးထောင်က မော့ကြည့်လာပြီး သတိပေးလိုသည့်ပုံစံဖြင့် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

ရှဲ့ကျင်မှာ မကျေမနပ်နှင့် နှုတ်ခမ်းတင်းတင်းစေ့ကာ အနောက်ဘက်ကို လျှောချလိုက်တော့သည်။m

All Chapters