← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

အိမ်မက်ထဲတွင် စူးထောင်သည် တက္ကသိုလ်ပထနှစ် ရှဲ့ကျင်နှင့် ပထမဆုံးတွေ့သည့်အချိန်ကို ‌ပြန်ရောက်သွား၏။

အေးစက်ပြီး လေထန်နေသည့်တံတားပေါ်တွင် မတူညီသည့် ဒဏ်ရာဒဏ်ချက်များနှင့် နှလုံးနှစ်ခု ဖြစ်နေသော်လည်း တစ်ယောက်ကိုတစ်ယောက် နားလည်နေပုံရသည်။

မရင်းနှီးသည့် လူငယ်လေးက တံတားလက်ရန်းပေါ်တွင်ရပ်နေပြီး သူမထံသို့ လက်ဆန့်တန်းလာ၏။ တစ်ချက်မျှပင် တုံ့ဆိုင်မနေဘဲ သူမက သူ၏ လက်ကိုဆုပ်ကိုင်ကာ တံတားလက်ရန်းပေါ် လိုက်တက်လာ၏။

သူမရှေ့တွင်ရှိနေသော လူငယ်လေးက တံတားပေါ်မှ ခုန်ချချင်နေသည်ကို သူမသိနေပြီး သူမဘက်က အမှန်တကယ်တွင် မခုန်ချချင်သော်လည်း ဘာကြောင့်မှန်းမသိ သူမနဲ့သာအတူရှိနေလျှင် ထိုလူငယ်လေးက သေချင်လိမ့်မည်မဟုတ်မှန်း သူမယုံကြည်မှုရှိနေသည်။

မျှော်လင့်ထားသလိုပင် သူမ မှန်နေ၏။ ထိုလူငယ်လေးက တံတားလက်ရန်းပေါ်မှဆင်းကာ သူမကိုလည်း ပွေ့ချလိုက်သည်။

သူက ကုတ်အင်္ကျီကို ဖွင့်ဟလာကာ သူမအား သူ့လက်မောင်းထဲတွင် ပုန်းလိုက်စေ၏။ သူ၏ ပူ‌နွေးနေသောရင်ခွင်က တဖြည်းဖြည်းပူသထက် ပူလာသည့်အတွက် သူမခေါင်းမော့လိုက်ကာ သူ၏အေးစက်နေသော နှုတ်ခမ်းကို ကောက်နမ်းလိုက်၏။

ရုတ်တရက်အော်ငိုသံက ထွက်လာသည်။ ကျန်းချီကွမ်း၏ အသံက တဖက်ခြမ်းမှ ထွက်လာ၏။"စူးထောင် မင်းအောက်မှာ ရှိနေတဲ့လူက ဘယ်သူလဲဆိုတာ ကြည့်လိုက်ဦး။ အဲဒါက မင်းအမုန်းဆုံး ရှဲ့ကျင်လေ။"

"မဟုတ်ဘူး" စူးထောင်က ပြောလိုက်ကာ တတ်ကြွနေသော လုပ်ဆောင်မှုကို မရပ်တန့်ဘဲ "သူက ကျွန်မရဲ့ရှောင်ကောကော အဲဒီလူယုတ်မာ ရှဲ့ကျင်မဟုတ်ဘူး။"

"အဲဒါက ရှဲ့ကျင် မျက်လုံးဖွင့်ပြီး တစ်ချက်ကြည့်လိုက်ဦး။"

"မဟုတ်ဘူး ကျွန်မတို့ကို မနှောက်ယှက်ပါနဲ့ အစ်ကိုကျန်း။"

"အစ်ကိုကျန်း" အိမ်မက်မပြီးဆုံးမီ စူးထောင်သည် ထိုနောက်ဆုံးစကားလုံး နှစ်လုံးကိုသာ အော်ပြောလာပြှးနောက် တဖန်အိပ်ပျော်သွားသည်။

ရှဲ့ကျင် - "......!"

သူ့အပေါ်မှာရှိနေတုန်း သူမက 'အစ်ကိုကျန်း'ဆိုပြီး ခေါ်လိုက်တာလား။

ရှဲ့ကျင်သည် ချွေးများဖြင့်ရွှဲရွှဲစိုနေပြီး သူ၏မျက်နှာမှာ ဖြူတစ်လှည့်ပြာတစ်လှည့် ပြောင်းသွားကာ သူ့အပေါ်ခွေယိုင်နေသော စူးထောင်အား မယုံကြည်နိုင်သည့်ပုံစံဖြင့် ကြည့်နေ၏။

ထိုအကြောင်းများကြောင့် ရှဲ့ကျင်က သူ၏တဟုန်းဟုန်း တောက်လောင်နေသည့်စိတ်မှာ ချက်ချင်းငြိမ်ကျသွားသလိုခံစားလိုက်ရ၏။

---

ပထမဆုံးနေရောင်ခြည် အလင်းတန်းက စူးထောင်၏ မျက်နှာပေါ်တွင် ပက်ဖြန်းလာပြီး အရက်နာကျနေတာတောင် နှစ်ပေါင်းများစွာ နေသားကျနေသည့်အတိုင်း တဖြည်းဖြည်းနိုးထလာသည်။

အနည်းငယ်လေးလံသော မျက်ခွံများကိုဖွင့်ကာ မနေ့တုန်းက ဘာလို့သူမ လိုက်ကာမပိတ်လိုက်ရလဲဆိုတာ အံ့ဩသွားမိ၏။

ကန့်လန့်ကာအကြောင်းကို တွေးရင်းပင် စူးထောင်သည် အနည်းငယ် သက်သာသလိုဖြစ်လာပြီး မနေ့က ရှဲ့ကျင်နှင့်စကားများရန်ဖြစ်ကာ အရက်အနည်းငယ် သောက်လိုက်မိသည်ကို သတိရသွားတော့သည်။ ထိုကိစ္စနောက်ပိုင်းကို ဘာတစ်ခုမှ သူမ မမှတ်မိတော့‌ချေ။ ဟော်တယ်ကို ဘယ်လိုလုပ်ပြီး ပြန်ရောက်လာပါလိမ့်။

နောက်ဆုံးတွင် သူမ၏လေးလံသော မျက်ခွံများကို ဖွင့်လိုက်ရာ ရင်သပ်ရှုမောဖွယ်ကောင်းသော မျက်နှာတစ်ခု သူမရှေ့တွင် ပေါ်လာသည်။ သူကခေါင်းကိုလက်တစ်ဖက်နှင့်ထိန်းထားပြီး မျက်ခုံးပင့်ကာ နက်မှောင်သော မျက်လုံးများဖြင့် သူမအားစူးစူးစိုက်စိုက်စိုက် ကြည့်နေ၏။

သူမရှေ့ရှိလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ စူးထောင်၏ နှလုံးက ရုတ်တရက်ခုန်တက်သွားသည်။ အောက်ငုံ့ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်တစ်ဝက်က စောင်ထဲတွင်ရှိနေပြီး အပေါ်ပိုင်းမှာ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရ၏။

စူးထောင်သည် 'ဂလု'မြည်သံနှင့်အတူ ခက်ခက်ခဲခဲမျိုချလိုက်ပြီး သူမကိုယ်သူမ ပြန်ငုံ့ကြည့်လိုက်သောအခါ မျက်ဝန်းများက ပြူးကျယ်သွားတော့သည်။ ချက်ချင်းပင် စောင်ကိုဆွဲခြုံကာ တင်းတင်းကြပ်ကြပ် သူမကိုယ်သူမ ပတ်ထားလိုက်၏။

"မနေ့ညက မင်းကိုယ်နဲ့အိပ်ခဲ့တာ။" စကားပြောနေရင်းပင် ရှဲ့ကျင်၏ မျက်လုံးများက မည်းမှောင်သွားသည်။

သူ့စကားများနှင့်အတူ စူးထောင်၏ စိတ်သည် ရုတ်တရက် သိသိသာသာ ကြည်လင်လာပြီး အိပ်မက်နှင့်လက်တွေ့ကို ပေါင်းစပ်သွားမိတော့သည်။

သူမ၏မျက်နှာကို ခေါင်းအုံးထဲတွင် တိတ်တဆိတ် မြှုပ်လိုက်ပြီး သူ့စကားက အမှန်ဆိုတာကို လက်ခံလိုက်၏။

"ကျွန်မတို့က လူကြီးတွေပဲလေ ဒီကိစ္စလောက်တော့ စိတ်ထဲထည့်စရာမလိုပါဘူး။" စူးထောင်၏ တီးတိုးပြောသံက ခေါင်းအုံးအောက်မှ ထွက်ပေါ်လာသည်။

"မင်းကိုယ့်အပေါ်မှာလှဲနေတုန်း တခြားယောက်ျားတစ်ယောက်ရဲ့နာမည်ကို ခေါ်ခဲ့တာ။" သူ့လေသံမှာ နိမ့်ကျနေပြီး မုန်တိုင်းမလာခင် ငြိမ်သက်နေသကဲ့သို့ပင်။

စူးထောင်သည် ခေါင်းအုံးအောက်မှ ချက်ချင်း ထထွက်လာကာ သူ၏နက်မှောင်သော မျက်လုံးများနှင့် ဆုံသွားပြီး မဝံ့မရဲမေးလိုက်၏။ "ကျွန်မ ဘယ်သူကို ခေါ်လိုက်တာလဲ။"

ရှဲ့ကျင်က ရုတ်တရက် သူ့လက်ကိုမြှောက်လိုက်ပြီး ဒဏ်ရာမရှိတဲ့ဘက်ခြမ်းနဖူးကို အသာအယာတောက်လိုက်ကာ ဒေါသတကြီးပြောလာသည်။ "ဘယ်သူ့ကို ခေါ်မိသွားလဲဆိုတာ မေးရဲသေးတယ်ပေါ့လေ။"

"မနေ့ညက ဘာအိပ်မက်တွေ မက်တာလဲ။" ရှဲ့ကျင်သည် သက်ညာသည့်သဘောဖြင့် ဝန်ခံချက်ရလိုသည့်ပုံစံ ဂိုက်ဖမ်းကာ မေးလိုက်၏။

စူးထောင်၏ မျက်လုံးများက တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကုတင်စွန်းဘက်သို့ရွေ့ကာ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော အဝတ်များကို လှမ်းဆွဲလိုက်ပြီးနောက် စောင်အောက်သို့ ကမန်းကတမ်းလျှိုဝင်ကာ အဝတ်အစားပြန်ဝတ်တော့သည်။

စူးထောင်သည် စောင်အောက်မှ ပြန်ထွက်လာကာ ဆံပင်များကို လက်ချောင်းများဖြင့် ဖီးသပ်လိုက်ပြီး အိပ်ခန်းထဲမှ တည်တည်ငြိမ်ငြိမ်နှင့် ထထွက်လာ၏။

တံခါးနားရှိ ကိုယ်လုံးပေါ်မှန်ကို ဖြတ်သွားရင်း သူမလည်ပင်းတွင် အနီရောင်အမှတ်အသားတစ်ခုကို သတိထားမိသွားသည့်အတွက် ရေချိုးခန်းထဲက မျက်နှာသုတ်ပုဝါကို အမြန်ဆွဲယူကာ ဖုံးလိုက်တော့သည်။

မှန်ထဲ၌ သူမကိုယ်သူမ ဘာသဲလွန်စမှ မကျန်အောင် စစ်ဆေးပြီးမှသာ တံခါးကိုဖွင့်လိုက်၏။

"မင်းရဲ့ တက္ကသိုလ်က စီနီယာ ကျန်းချီကွမ်းလား။ကျင့်ယန်ရဲ့ ပိုင်ရှင်လေ။" ရှဲ့ကျင်တစ်ယောက် ဘယ်အချိန်ကတည်းက သူမ နောက်လိုက်လာလဲမသိ ခါးတွင်ပဝါပတ်ထားကာ သူမအနောက်တွင် ရပ်နေသည်။

စူးထောင်လှည့်လာပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးက ခရမ်းနီရောင် အနမ်းရာအပြည့်နှင့် ရှိနေ၏။ သူမက အလျင်အမြန် မျက်လုံးမှိတ်လိုက်ကာ မျက်နှာလွဲလိုက်ပြီး သူ့ကိုတိုက်ရိုက် မကြည့်ရဲတော့ချေ။

စူးထောင်သည် ချောင်းတစ်ချက်ဟမ့်လိုက်ကာ တည်ငြိမ်သော လေသံဖြင့် " မနေ့ညက ဖြစ်ပျက်သွားတဲ့အကြောင်းကို မေ့လိုက်ရအောင်။"

ထို့နောက် သူမက ချက်ချင်းတံခါးဖွင့်လိုက်ကာ ဘယ်သူမှသတိမထားမိခင် သူမအခန်းကိုပြန်ရန် စီစဉ်လိုက်သည်။

သို့သော် သူမတံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် ထုန်မင်ရွှမ်းနှင်း ရှောင်ရှန်းတို့က တံခါးရှေ့ဖြတ်လျှောက်နေ၏။ စူးထောင်နှင့် သူမအနောက်ရှိ ရှဲ့ကျင်ကို မြင်သွားသောအခါ သူတို့မင်သက်သွားတော့သည်။

"ထောင်.. ထောင်ထောင်ကျဲ" သူမတို့ကို ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာ နှစ်ယောက်သားက ခဏတာမေ့လျော့သွား၏။

စူးထောင်သည် တည်ငြိမ်စွာဖြင့် ပဝါကိုခပ်တင်းတင်းပတ်လိုက်ရင်း ညင်သာစွာနှင့်ပြုံးပြကာ "မင်းတို့နှစ်ယောက်က ဘယ်သွားမလို့လဲ။"

သူမဘက်က တည်တည်ငြိမ်ငြိမ် သရုပ်ဆောင်နေသရွေ့ တစ်ဖက်လူတွေက သူမရဲ့စိုးရိမ်ပူပန်မှာကို မြင်နိုင်မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။

ထုန်မင်ရွှမ်းနှင့် ရှောင်ရှန်းတို့က ပြိုင်တူပြန်ဖြေလာ၏။" ကျွန်..ကျွန်တော်တို့က ရိုက်ကူးရေးသွားလုပ်မလို့။"

စူးထောင်သည် ခေါင်းညိတ်လိုက်ပြီး ‌အလေးအနက်ပြောတော့သည်။ "အိုး..ငါ ဥက္ကဌရှဲ့နဲ့ အလုပ်ကိစ္စ ဆွေးနွေးနေတာလေ။ အထင်မလွဲကြနဲ့နော်။"

ထုန်မင်ရွှမ်းနှင့် ရှောင်ရှန်းက ရုတ်တရက် သဘောပေါက်သွားပြီး အလျင်အမြန် လက်ခုပ်တီးလာကြ၏။

"ကျဲကျဲက တော်လိုက်တာ။"

"ဝါးး ကျဲက အလုပ်တအားကြိုးစားနေတာပဲ။"

သူတို့ရဲ့ အရင်းအမြစ်တွေအတွက် ထောင်ထောင်ကျဲက ဒီလောက်အထိတောင် သွားတာလား။ သူမက သူတို့အတွက် တော်တော်လေး အနစ်နာခံခဲ့တာပဲ။

သူတို့၏ ထူးဆန်းသော လက်ခုပ်သံများကြားတွင် စူးထောင်သည် မည်းမှောင်သောအမူအရာဖြင့် သူမ၏ အခန်းသို့ ပြန်သွားတော့သည်။

သူတို့နှစ်ယောက်သည်လည်းပဲ ရှဲ့ကျင်၏ တည်ငြိမ်နေသော အကြည့်အောက်မှ လွတ်မြောက်သွားတော့၏။

အုံ့ဆိုင်းနေသော တောနက်ထဲတွင်ပင် ဂျူလိုင်လ ရာသီဥတုမှာ အတော်ပူနေသည်။

သို့သော် ရိုက်ကူးရေးအဖွဲ့သားများအားလုံးသည် ယနေ့တွင် စူးထောင်နှင့် ရှဲ့ကျင်တို့က လည်ပင်းပိတ်အင်္ကျီများ ၀တ်ဆင်ထားသည်ကို သတိပြုမိသွားကြကာ ထိုအရာက ဒီရာသီအတွက် trend တစ်ခုလားဆိုတာ တခဏလောက် အံ့ဩသွားမိစေ၏။

ရိုက်ကူးရေးခဏနားနေစဉ်အတွင်း ကျိုးကျစ်သည် သရေစာများ၊ဒေသတွင်းရှိ နာမည်ကြီးစားစရာများနှင့် ရှာရခက်သော အစားအစာများကိုပါမကျန် သောက်စရာအများအပြားကိုပါ ဝယ်လာခဲ့သည်။ဥက္ကဌရှဲ့က ကျွေးမွေးတာဟု ပြောခဲ့၏။

အစပိုင်းတွင် လူတိုင်းက အကျိုးခံစားခွင့်တစ်ခုဟုသာ ထင်ခဲ့ကြသော်လည်း အနီးကပ် စစ်ဆေးသောအခါတွင် ပစ္စည်းအများအပြားသည် ဈေးကြီးပြီး ဝယ်ယူဖို့တန်းစီစောင့်ဆိုင်းရန် လိုအပ်ကြောင်း သိသွားတော့သည်။

ဒီအကျိုးအမြတ်က တွေးစရာပဲ။ ကြည့်ရတာ ချစ်သူကောင်မလေးပျော်ဖို့ လှည့်ကွက်‌လုပ်နေသလိုမျိုး။

တကယ်တမ်းတော့ ရိုက်ကူးရေးတွင် ရှဲ့ကျင်ကိုယ်တိုင် ရက်အတော်ကြာပါဝင်သည်ကို စောင့်ကြည့်ပြီးနောက် စူးထောင်အတွက် သူလုပ်နေကြောင်း လူတိုင်းကအနည်းနှင့်အများ နားလည်သွားကြ၏။

ထို့ကြောင့် ဤကဲ့သို့ဆက်ဆံခံရမှုမျိုးက တစ်စုံတစ်ဦးကြောင့်သာ အကျိုးခံစားရသည့်အတွက် သေချာပေါက် ကျေးဇူးတင်သင့်ကြောင့် လူတိုင်းက သဘောပေါက်ကြသည်။ အစားအသောက်များကို လက်ခံလိုက်ပြီးနောက် သူတို့အားလုံးက စူးထောင်ကို ပြုံးပြလိုက်ကြသည့်အတွက် စူးထောင်အား ကိုးယို့ကားယားဖြစ်သွားစေ၏။

ရှန်အိုးသည် အထူးအနေဖြင့် စူးထောင်စားရန် ပစ္စည်းနှစ်ယူကာ ရွေးချယ်စေသော်လည်း စူးထောင်က နှစ်ခုလုံးကို ငြင်းပယ်ခဲ့သည်။

သူမက စူးထောင်၏ နားထဲသို့ တိုးတိုးလေးဖြင့် "ဥက္ကဌရှဲ့က နင့်ကိုစိုက်ကြည့်နေတယ်။ သူ့အကြည့်တွေက ဘာလို့ နင့်ကို ကိုက်စားချင်နေသလိုမျိုး ဖြစ်နေရတာလဲ။ နင်တို့နှစ်ယောက် ရန်ဖြစ်နေကြတာလား။"

မနီးမဝေးတွင်ရပ်နေပြီး သူမအား အုံ့မှိုင်းနေသော အကြည့်ဖြင့် စိုက်ကြည့်နေသော ထိုလူကို စူးထောင်တစ်ချက်ကြည့်ပေးလိုက်၏။

လူအုပ်ကြီးဆီမှ အာရုံစိုက်ခံရပြီး ရံဖန်ရံခါ သူမထံ ရောက်လာသော အပြုံးများနှင့်အတူ တစ်စုံတစ်ယောက်၏ သားကောင်ကဲ့သို့ စိုက်ကြည့်ခြင်းကို သူမသည်းမခံနိုင်သဖြင့် ထရပ်ကာ ရိုက်ကူးရေးနေရာမှ ထထွက်သွားတော့သည်။

စူးထောင်သည် ဦးတည်ရာမဲ့ လမ်းလျှောက်သွားကာ နောက်ဆုံးတွင် စမ်းချောင်းကလေးနံဘေးရှိ စားသောက်ဆိုင်တစ်ခုသို့ ရောက်သွား၏။ လက်ဖက်ရည်တစ်အိုးနှင့် သစ်သီးတစ်ပန်းကန်ကို မှာလိုက်ပြီးနောက် နောက်ဆုံးတွင် သူမတစ်ယောက်တည်း ထိုင်လို့ရသွားတော့သည်။

သူမ၏ ဖုန်းကမြည်လာပြီး ကျန်းချီကွမ်းထံမှ ဗီဒီယို call ခေါ်လာတာ ဖြစ်နေသည့်အတွက် သူမဖြေ‌ပေးလိုက်၏။

vd callထဲတွင် ကျန်းချီကွမ်းက အနီရောင်မျက်မှန်တပ်ထားပြီး ငွေရောင်နားကပ်ပန်ထားကာ သူမကို မျက်စိမှိတ်ပြလာသည်။

"စူးထောင်ထောင် ငါတစ်နေ့ထက်တစ်နေ့ ပိုပိုပြီး နုပျိုလာတယ်မလား။"

စူးထောင်က မျက်လုံးလှန်လိုက်ကာ "ရှင်နုပျိုနေမှာပေါ့။ ကျွန်မကပဲ စိုးရိမ်စရာကိစ္စတွေ ဖြေရှင်းနေရတာလေ။"

"ဘာလဲ အဲဒီကောင်လေးကို မင်းမသိမ်းသွင်းနိုင်သေးဘူးလား။"

စူးထောင် စာချုပ်ကိစ္စကို ညှိနှိုင်းတိုင်ပင်ချိန်တွင် သူနှင့်ကျိန်း‌သေလက်မှတ်ထိုး‌မည်ဟု ကျန်းချီကွမ်းအား ကတိပေးထားခဲ့၏။

မကောင်းသောစိတ်ခံစားမှုများနှင့် ထုံထိုင်းမှုန်မှိုင်းနေသောအကြည့်နှင့်အတူ စူးထောင်ခေါင်းညိတ်ပြလာသည်။ ယာယီဆုတ်ယုတ်မှု တစ်ခုဖြစ်ပုံရ၏။

"ဟုတ်ပါတယ် ဒါကယာယီ ဆုတ်ယုတ်မှုတစ်ခုပဲပါ။ စူးထောင်ထောင် မင်းမအောင်မြင်နိုင်တာ ဘာမှမရှိဘူး။ မင်းလုပ်ချင်တာကို လုပ်ပါ။ စီနီယာအစ်ကိုက မင်းကိုအမြဲထောက်ခံ အားပေးနေမယ်။"

ဤအချည်းနှီးအားပေးမှုသည် အဓိပ္ပါယ်မရှိဟု ထင်ရသော်လည်း အဆင်မပြေမှုများ ဆက်တိုက်ကြုံတွေ့နေရသော စူးထောင်အတွက် နှစ်သိမ့်မှု ဖြစ်နေဆဲပင်။ ကျန်းချီကွမ်းက အကောင်းဆုံးပဲဟု သူမခံစားလိုက်ရ၏။

"ချီကွမ်း~"

စူးထောင် သူ့ကိုနူးနူးညံ့ညံ့လေးပြောတာ ဒါပထမဆုံးအကြိမ်ပင်။ ကျန်းချီကွမ်းမှာ အံ့အားသင့်သွားပြီး ဒီကလေးကြောင့် အရမ်းစိတ်လှုပ်ရှားသွားရသလို ခံစားလိုက်ရသည်။

"အေး အစ်ကို ဒီမှာရှိပါတယ်။ဘာဖြစ်လို့လဲ။"

"မနေ့ညက အစ်ကို့ အကြောင်းအိမ်မက်မက်....."

သူမစကားမဆုံးခင်တွင် ဖြူဖျော့နေသည့် မျက်နှာတစ်ခုက ရုတ်တရက်ကြီး စခရင်ပေါ်တွင် ပေါ်လာ၏။ ပါးလျသော မျက်နှာ၊ဖြူသောအသားအရည်၊နီဆွေးလှပနေသည့် နှုတ်ခမ်းပါးများ၊ အုံ့မှိုင်းသော ရောင်ဝါများ ထုတ်လွှတ်နေသည့် အေးစက်စက် မျက်လုံးတစ်စုံနှင့်အတူ ထိုလူက ကမ္ဘာပေါ်တွင် မတည်ရှိသင့်သော မသေမျိုး မျိုးစိတ်ကဲ့သို့ပင်။

"ငါ့လခွမ်း အဲဒါဘာကြီးလဲ သွေးစုပ်ဖုတ်ကောင်လား။"

ကျန်းချီကွမ်း၏ ဖုန်းက ပစ်ချခံလိုက်ရသလို ဝဲပျံနေ၏။

စူးထောင်သည် စခရင်မှတဆင့် ကြည့်လိုက်ရာ သူမအနောက်တွင် ထူးထူးခြားခြား ပေါ်ထွက်လာသော ရှဲ့ကျင်ကို တွေ့လိုက်ရသည်။ သူမသည် စကားလုံးများ ပျောက်ဆုံးသွားပြီး ဘာပြောရမှန်းမသိဖြစ်နေ၏။

ခဏက ကျန်းချီကွမ်း ပြောလိုက်သည့် "‌သွေးစုပ်ဖုတ်ကောင်" လိုမျိုး ရှဲ့ကျင်က မျက်နှာကို လှည့်လာပြီး သူမ၏ ဖြူဖွေးနေသော လည်ပင်းကို ကိုက်ချင်နေသလိုမျိုး စိုက်ကြည့်လာသည်။

"မင်းသူ့အကြောင်း ဘာအိမ်မက်တွေ မက်နေတာလဲ။"

vd callက ကျသွားပြီးနောက် စူးထောင်သည် သူမဖုန်းကိုချကာ ရှဲ့ကျင်ကိုကြည့်လိုက်ပြီး ရှောင်ဖယ်ရင်း ခက်ရင်းဖြင့် သခွားမွှေးတစ်စိတ်ကို ကောက်ယူလိုက်သည်။

သူမပါးစပ်ထဲ ထည့်ရန်လုပ်နေစဉ် ရှဲ့ကျင်က ငုံ့ချလာပြီး တစ်ကိုက် ကိုက်လိုက်၏။

သူက စူးထောင်၏ နံဘေးတွင် ဝင်ထိုင်လိုက်ပြီး အသီးကိုဝါးနေရင်း သူမဖုန်းကိုညွှန်ပြကာ မသဲမကွဲပြောလာသည်။"ပြန်ခေါ်လိုက်လေ။"

စူးထောင်သည် အနောက်ကိုရှေ့ကာ သူနဲ့အကွာအဝေးတစ်ခုခြားထိုင်ပြီး သူ့ဘက်သို့ ခေါင်းလှည့်လာကာ "ရှဲ့ကျင် ရှင်တော်သင့်နေပြီ။"

ရှဲ့ကျင်က အမူမဲ့အမှတ်မဲ့ သူ့အတွက် ကော်ဖီတစ်ခွက် ကိုယ်တိုင်လောင်းထည့်ကာ တစ်ငုံသောက်ပြီး‌နောက် ယဲ့ယဲ့ကလေးရယ်လိုက်ကာ "မနေ့ညတုန်းက မင်းကသာကိုယ်နဲ့လာအိပ်ပြီး တခြားတစ်ယောက်ရဲ့နာမည်ကို ခေါ်ထုတ်တာလေ။ အဲဒါကိုများ ကိုယ့်ကိုဘယ်အချိန်မှာ ရပ်သင့်တယ်တို့၊ဘာတို့ လာပြောနေသေးတယ်။ ကိုယ် ဖြေရှင်းချက်လေး တစ်ခုတလေတောင် တောင်းဆိုလို့မရဘူးလား။"

ကံကောင်းထောက်မစွာပင် စားသောက်ဆိုင်၌ လူများများစားစားမရှိသောကြောင့် ပတ်ဝန်းကျင်က ရှင်းလင်းနေ၏။

သဘာဝနောက်ခံ စမ်းချောင်းရေစီးဆင်းသံက သူတို့နှစ်ယောက်၏ ပြောစကားကို ဖုံးကွယ်ပေးထားသော်လည်း စူးထောင်မှာ ကမန်းကတမ်း သူ့ပါးစပ်ကိုဖုံးကာ သတိပေးသော လေသံဖြင့် "ရှင့်အသံကို တိုး။"

စူးထောင်သည် သူမအသံကိုနှိမ့်လိုက်ကာ " မနေ့ညက ကျွန်မ မူးနေတယ် ဒါပေမယ့် ရှင်ကတော့ မူးမနေဘူးလေ။ တကယ်လို့ ကျွန်မဘက်က..... ရှင်ဘက်က ကျွန်မကို တားလိုက်လို့မရဘူးလား။ ကျွန်မအပေါ် အခွင့်ကောင်းယူနေတာလို့ ရှင့်ကို စွပ်စွဲနေတာလည်းမဟုတ်ဘူး။ ရှင်ကသာ အမှားအမှန်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစားနေတာ။"

"ကိုယ် မင်းကို မတားဘူးဟုတ်လား။ ကိုယ့်မှာဖြင့် ရေကူးကန်ထဲကို ခုန်ချလုနီးပါးပဲ။ ကိုယ်မင်းကို တွန်းဖယ်ပေမယ့် မင်းက ကိုယ့်ကို ပြန်ဖက်တွယ်လာပြန်ရော။အဲလိုမျိုး မင်းဘက်က ထပ်ကာထပ်ကာ လုပ်နေတာလေ။ နောက်ဆုံးကိုယ်ခြေကုန်လက်ပန်းကျလာတော့ မင်းလုပ်ချင်ရာသာ လုပ်ပါတော့ဆိုပြီး လွှတ်ပေးလိုက်ဖို့ပဲ တတ်နိုင်တော့တယ်။"

ရှဲ့ကျင်သည် စူးထောင်က ဖြူရှင်သန့်ရှင်းသော ပန်းလေးတစ်ပွင့်ကို အတင်းဖျက်ဆီးပစ်သော လူယုတ်မာတစ်ဦးပမာ မနေ့ညက အဖြစ်အပျက်ကို ချဲ့ကားပြောဆိုနေသည်။

စူးထောင်က အကြိမ်ပေါင်းများစွာ ပါးစပ်ဖွင့်ကာ ပြောလိုက်ချင်သော်လည်း သူမဘယ်လိုငြင်းဆန်ရမည်ကို မသိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမက လက်တွေ့တွင် ဘာဖြစ်သွားလဲဆိုတာ မသိသော်လည်း အိမ်မက်ထဲက အချက်အလက်များကိုတော့ ရှင်းရှင်းလင်းလင်း မှတ်‌မိနေ၏။

ချဲ့ကားပြောနေသော်လည်း သူ့စကားများက အမှန်တရားပင်။

"အဓိက အချက်က မနေ့ညက ဘယ်သူ့အကြောင်းကို အိမ်မက်မက်ခဲ့တာလဲ။ ဖုန်းပြန်ခေါ်ပေး ခံရတဲ့သူအနေနဲ့ အမှန်တရားကို ကိုယ်သိချင်တယ်။"

ရှဲ့ကျင်သည် မတ်တပ်ရပ်ကာ ကျင့်ဝတ်ဆိုင်ရာ ကြိုးထုံးကိုသုံးကာ သူမအပေါ် တစ်ရစ်ပြီးတစ်ရစ် ချုပ်နှောင်လိုက်သည်။

စူးထောင်က သူ့ကိုအချိန်အတော်ကြာ စိုက်ကြည့်ကာ သူမပိုက်ဆံအိတ်ထဲမှ ကတ်တစ်ကတ်ကို ထုတ်ယူပြီး သူ့ရှေ့တွင် ပစ်ချပေးလိုက်ရင်း " နှုတ်ပိတ်ခပဲ၊ နောက်နောင် ဒီအကြောင်း ထပ်ပြောမလာနဲ့။"

ရှဲ့ကျင်က စားပွဲပေါ်ရှိ ကတ်ကို အံ့အားသင့်စွာ ကြည့်ပြီးနောက် စူးထောင်၏တင်းမာနေသော မျက်နှာကို တဖန်ပြန်ကြည့်လိုက်၏။ နှုတ်ခမ်းထောင့်က ကွေးတက်သွားကာ ကတ်ကို ကောက်ကိုင်လိုက်ပြီး လှုတ်ရမ်းပြကာ မခံချင်အောင် ပြောလာတော့သည်။ " ထောက်ပံ့ကြေးအတွက် ကျေးဇူးပါဗျ။"

စားသောက်ဆိုင်အဝင်ဝတွင် ကျန်းချွေ့ဝမ်သည် ရှဲ့ကျင်အား လက်ဝှေ့ရမ်းပြလိုက်ပြီး ရှဲ့ကျင်က မောက်မာပြီး ရင်းနှီးကျွမ်းဝင်မှုမရှိစွာ ပြန်ကြည့်လာ၏။ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အပြောင်းအလဲမြန်ရတာလဲ။ လွန်ခဲ့တဲ့ တစ်မိနစ်ကတော့ သူဒီလိုပုံစံမျိုးမဟုတ်ပါဘူး။

ရှဲ့ကျင်သည် သူ၏ဖုန်းကို ထုတ်ယူကာ QR codeနေရာကို ခြစ်လိုက်ပြီး "ခဏနေကျရင် ညစာစားဖို့ ချိန်းထားတာရှိတယ်။ ကိုယ် မင်းကို ဗီဒီယို ရိုက်ပို့ပေးမယ်လေ။ကိုယ့်ကို WeChat မှာ အရင်addပေး။"

စူးထောင်က သူမ ဖုန်းကို အိတ်ထဲပြန်ထည့်ကာ "မလိုပါဘူး။"

စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွားပြီးနောက် ရှဲ့ကျင်သည် သူ့ဖုန်းကို ပြန်သိမ်းလိုက်ရတော့သည်။

စားသောက်ဆိုင်မှ လှမ်းထွက်လာ‌ပြီး‌နောက် သူမကို ပြန်လှည့်ကြည့်ကာ လက်ထဲရှိကတ်ကို အဓိပ္ပါယ်ပါပါ လှုပ်ယမ်းရင်း မျက်ခုံးများမြင့်တက်သွားသည်အထိ ဘဝင်ခိုက်သော အပြုံးမျိုးပြုံးပြလိုက်၏။

စူးထောင်သည် စားပွဲကို လက်ဖြင့်ရိုက်ချကာ ရှဲ့ကျင်တစ်ယောက် တစ်နေ့ထက်တစ်နေ့ အရှက်ပိုပိုမဲ့လာကြောင်း ခံစားလိုက်ရသည်။

All Chapters