← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

ကမ်းခြေနံ‌ဘေး အပေါ်ဆုံးထပ်ရှိ စုံလည်စားသောက်ဆိုင်က ပင်လယ်ပြင်ကို ၃၆၀ဒီဂရီ ကြည့်လိုရအောင် လုပ်ထားပေး၏။ စားပွဲတစ်ခုတွင် လူလေးယောက်ရှိနေပြီး ထိုသူများမှာ ရင်းနှီးမြုပ်နှံမှုနှင့် ဖျော်ဖြေရေးလုပ်ငန်းပိုင်းတွင် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ရှဲ့ကျင်နှင့် ချိန်းဆိုမှုနှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့်နောက် နောက်ဆုံးတွင် သူကနန်ချန်သို့ ရောက်နေကြောင်း ကြားလိုက်ရသဖြင့် သူတို့အသီးသီး သူ့အားပင်လယ်စာစားကြရန် ဖိတ်ခေါ်ကာ ထိုနည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စကိုလည်း ဆွေးနွေးကြမည်။

ပိုက်ဆံရှင်းသည့် အချိန်ရောက်‌လာသောအခါ တချို့ကပေးချင်နေကြပြီး တချို့မှာ ကတ်ကိုပွတ်ဆွဲရန်ပင် အသင့်အနေထားဖြစ်နေ၏။ ရှဲ့ကျင်၏ အမူအရာမှာ တင်း‌မာနေပြီး ဘာစကားမှမပြောဘဲ ထိုသူများကို ကြည့်နေခဲ့သည်။

လူတိုင်းက သူဒေါသထွက်လွယ်မှန်း သိကြသော်လည်း ဘာမှမဟုတ်တဲ့ ပိုက်ဆံရှင်းသည့်ကိစ္စမှာတောင် သူဘာလို့စိတ်တိုနေမှန်း သူတို့မသိကြချေ။

တကယ်တမ်းတွင် ရှဲ့ကျင်သည် လက်ရှိလူများကြားတွင် အသက်အငယ်ဆုံးဖြစ်သော်လည်း သူစကားပြောသည့်အခါ သို့မဟုတ် ဆုံးဖြတ်ချက်ချသည့်အခါတိုင်းတွင် သဘောထားကွဲလွဲမှု မဖြစ်ပေါ်စေရေးအတွက် အမြဲတမ်းလိုလို ထောင်လွှားမောက်မာသည့် အငွေ့အသက်များ ထုတ်လွှတ်လေ့ရှိသည်။

လူတိုင်းက ဒီလိုပုံစံမျိုး ကြုံဖူးနေကြပင်။ ထျန်းကျင် group ၏ မြင့်မားမှုနှင့် ရှဲ့ကျင်၏ အလုပ်ကိစ္စများအပေါ်တွင် ပြတ်ပြတ်သားသား လုပ်ဆောင်မှုများကို သူတို့တွေ့ဖူးကြ၏။

ဤကဲ့သို့ ရက်စက်သော ယောက်ျားတစ်ယောက်ကို သူတို့မဆန့်ကျင်ရဲကြပေ။

"ဒီညစာအတွက် ကျွန်တော်ရှင်းမယ်။" ရှဲ့ကျင်၏အေးစက်သော လေသံက ကန့်ကွက်ရန် အခွင့်အရေးမပေးချေ။

လူတိုင်းမှာ စိတ်အေးသွားကြပြီး သူတို့က ကိစ္စကြီးဟု ထင်ခဲ့သော်လည်း ဒီညစာလေးအတွက်ကို သူကထူးထူးခြားခြား ဇီဇာလာကြောင်နေ၏။

သူတို့အားလုံးက ပိုက်ဆံရှင်းမည့် ကိစ္စကို လက်လျော့ကာ သူ့အတွက် နောက်ဆုတ်ပေးလိုက်ကြတော့သည်။

နောက်ဆုံးတွင် ကျေနပ်စွာဖြင့် ရှဲ့ကျင်သည် သူ၏တန်ဖိုးကြီးနာရီကို ဆန့်တန်းကာ တည်ငြိမ်စွာနှင့် ကတ်တစ်ကတ်ကို ထုတ်ယူလိုက်ပြီး ပိုက်ဆံရှင်းရန် ဗန်းပေါ်သို့ ကတ်ကိုမတင်မီ လူတိုင်းမြင်အောင် တမင်တကာ ဝှေ့ယမ်းပြလိုက်သည်။

ထိုသို့ ပြသပြီးနောက် အမူမဲ့အမှတ်မဲ့ ပြောလိုက်၏။" ကျွန်တော့်ဇနီးပေးတဲ့ ပိုက်ဆံကို သုံးနေတာလေ။"

လူတိုင်း - "..."

'သူဒီလောက် အသည်းအသန် ပိုက်ဆံရှင်းနေတာက ဒီကတ်ကိုပြချင်ရုံပဲလား။'

သူ့ဇနီးချမ်းသာကြောင်း ကြွားချင်နေတာလား။

ဒါမှမဟုတ် မင်္ဂလာလက်ဖွဲ့ငွေ ပြင်ဆင်ထားဖို့ အရိပ်အမွက်ပေးနေတာလား။

တခြားသူများကလည်း လက်ထပ်ပြီးသားသူများဖြစ်ကြပြီး အိမ်၌ဖြစ်စေ၊အပြင်ဘက်၌ဖြစ်စေ ထိုကဲ့သို့ လုပ်ဆောင်နိုင်သော သူများပင်။

သူဘာပြချင်နေလဲဆိုတာကို သူတို့နားမလည်ကြပေ။

ထို့အပြင် ရှဲ့ကျင်သည် ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ကြီးဖြစ်သည်။ အသိုင်းဝိုင်းထဲရှိ နာမည်ကြီးတော်တော်များများက ရှဲ့ကျင်လိုလူကသာ သူတို့၏ လက်ထပ်မည့် အိမ်ထောင်ဖက်ဖြစ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့၏။

တကယ်လို့ သူ့ဒေါသသာ နည်းနည်းလျော့သွားမယ်ဆိုရင် သူ့ကိုလိုက်မဲ့ မိန်းမအရေအတွက်က ဘောလုံးတစ်သင်းစာလောက် ရှိနိုင်တယ်။

ဘာလို့သူ့မိန်းမကို တော်တော်လေး ဂရုစိုက်တဲ့ပုံ ပေါက်နေတာလဲ။

သူ့နံဘေးက ကျင်းချွေ့ဝမ်သည်လည်း ခေါင်းကိုငုံ့ကာ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း မရယ်မိအောင် ကြိုးစားနေသည်။

ဒီသူဌေးတွေက သူ့သူဌေးရဲ့ကလေးဆန်တဲ့စရိုက်ကို နားလည်နိုင်မှာ မဟုတ်ဘူးဆိုတာ သူပြောနိုင်တယ်။

တကယ်လို့များ အဲဒီသူဌေးတွေကသာ ဒီကတ်က သူ့ဇနီးတောင်မဟုတ်တဲ့ သူဆီကနေ နှုတ်ပိတ်ခအနေနဲ့ရခဲ့တယ်ဆိုတာကိုသာ သိသွားကြမယ်ဆိုရင် သတိလစ်သွားတဲ့အထိ ရယ်ကြမှာလား။

ထို့နောက်တွင် ကျင်းချွေ့ဝမ်တစ်ယောက် သူ့သူဌေးဈေးဝယ်ထွက်စဉ် လုပ်နေသည့်အပြုအမူများကြောင့် ဆွံ့အသွားကာ ရယ်ပင်မရယ်နိုင်တော့ချေ။

"ဒီကတ်ကို ပိုက်ဆံရှင်းဖို့ အသုံးပြုလို့ရမလား။ ရှောင်ထောင်လေး ပေးထားတဲ့ ကတ်နဲ့လေ။"

"ဘာဝယ်ရမလဲ။ ကတ်နဲ့ရှင်းလို့ရလား။ အမ်း ရှောင်ထောင်လေးရဲ့ ကတ်နဲ့။"

"အသင်းဝင်ဖို့ လုပ်ရမှာလား။ ဒီကတ်ကို သုံးပေးပါ။"

"ပီကေလား ဒီကတ်ကိုသုံး။"

ကျန်းဝမ်သည်လည်းပဲ မိုးသစ်တောတွင် ရိုက်ကူးရေးလုပ်နေသည့်အတွက် စူးထောင်က ကော်ဖီအနည်းဝယ်ကာ သူမဆီသို့ သွားလည်ပတ်လိုက်၏။

သူမသည် ကျန်းဝမ်နှင့် စကားအနည်းငယ်လောက်သာ ဆွေးနွေးဖလှယ်နေတုန်း မိုဘိုင်းဘဏ်လုပ်ငန်း သတိပေးဝန်ဆောင်မှုက သုံးစွဲထားသည့်ပမာဏကို တစ်ခါပြီးတစ်ခါ စတင်အချက်ပေးလာ၏။

စူးထောင်သည် အံကိုကြိတ်ကာ ဖုန်းနိုတီကို ပိတ်လိုက်ပြီးနောက် ကျန်းဝမ်နှင့် စကားဆက်ပြောလိုက်သည်။

"ဒီတလော တို့အတော်တော်လေး အလုပ်ရှုပ်နေတာရယ်။ နေ့တိုင်းညနက်တဲ့အထိ ရိုက်ကူးရေးလုပ်နေရလို့ မင်းကိုဆက်သွယ်ဖို့ အချိန်မရခဲ့ဘူး။ မင်းကအရင် တို့နေတဲ့နေရာအထိ လာလည်မယ်လို့ တို့မထင်ထားမိဘူး။" ကျန်းဝမ်သည် ညင်သာစွာ ပြုံးပြလိုက်ပြီး သူမအပြုံးတွင် ကျေးဇူးတင်သည့်အရိပ်အယောင်များ ဆင်မြန်းထား၏။

ကျန်းဝမ်၏ မျက်နှာအသားအ‌ရောင်က ကောင်းမနေသည်ကိုတွေ့လိုက်ရပြီး မျက်လုံးအောက်ရှိ အမည်းကွင်းကို မျက်နှာချေဖြင့်ပင် မဖုံးကွယ်နိုင်ကြောင်း သိလိုက်ရသည်။

" ပင်ပန်းနေလား။ ဘယ်လောက်ကြာကြာ ထပ်ရိုက်ရဦးမှာလဲ။" သူမသည် ကျန်းဝမ်လက်ထဲမှ ကော်ဖီခွက်ကို ယူလိုက်ကာ သူမလက်ထောက် ချပေးလိုက်သော ရေနွေးဘူးနှင့် အစားထိုးပေးလိုက်သည်။"ကော်ဖီကိုပဲ အားကိုးမနေနဲ့။ အစာအိမ်အတွက် တွေးပါဦး။ အရင်တစ်ခေါက် တွေ့ခဲ့တုန်းကထက် ပိုပိန်ကျသွားသလိုပဲနော်။"

သူမလက်ထဲက ရေနွေးဘူးကိုကြည့်ရင်း ကျင်းဝမ်၏ နှုတ်ခမ်းထောင်က လှုတ်သွားကာ သူမမျက်လုံးကို ဖုံးကွယ်ရန် ခေါင်းငုံ့ချလိုက်၏။

"ဘာဖြစ်လို့လဲ။" စူးထောင်က အံ့ဩသွားသည်။ သူမဘာမှတောင်မပြောရသေးဘူး။ဘာလို့ စိတ်ဆိုးသွားတာလဲ။

"ဘာမှမဟုတ်ပါဘူး။" ကျန်းဝမ်သည် သူမခေါင်းကို နောက်တစ်ကြိမ် ခါရမ်းလိုက်၏။ ခဏတာ တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့သည့် သူမပုံစံကို အပြုံးလေးဖြင့် ပြန်ဖုံးလိုက်ရာ အစောပိုင်းရှိ စိတ်ပိုင်းဆိုင်ရာ အတက်အကျ လက္ခဏာ မရှိတော့ပေ။။ "မင်းသူနဲ့ လက်မှတ်ထိုးချင်တယ်လို့ ချီကဆီက တို့ကြားတယ်။"

စူးထောင်က သက်ပြင်းချပြီး ရှုံ့မဲ့စွာ ပြုံးလိုက်ကာ "ကျွန်မဘက်က တကယ်စိတ်ရင်းမှန်ပြခဲ့ပေမယ့် ကျန်းချီက ကျွန်မကို သိပ်ကျေနပ်ပုံမရဘူး။"

"အာ?" ကျန်းဝမ်၏ အံ့ဩသွားသည့် အသံထွက်လာ၏။ "ဒါပေမယ့် သူWeChatမှာ မင်းနဲ့ စကားပြောနေတာ ခဏခဏတွေ့တယ်။ မင်းတို့နှစ်ယောက် သဘောတူညီမှုရသွားပြီလို့ တို့ထင်နေတာ။"

WeChatမှာ စကားပြောကြတာလား။ သူမဘက်ကပဲ အရင် ချိန်းဆိုမှုများပြုလုပ်ဖို့ စာတွေ့ပို့၊အနာဂတ်အတွက် အစီအစဉ်တွေနဲ့ ပလန်ချဆွေးနွေးဖို့ ဆက်တို့စာပို့နေပေမယ့် သူ့ဘက်က စာသိပ်မပြန်ဘူးမသိရင် သူမက ကိုယ့်ကိုယ်ကိုယ် စကားပြန်ပြောနေရသလိုပဲ။

"ကျွန်မဘက်ကသာ သူ့ကိုစာတွေပို့တဲ့သူပါ။ ကြည့်ရတာ သူကတော့ ကျွန်မနဲ့စကားပြောရတာ သဘောကြပုံမရဘူး။ စာပြန်မပို့ဖြစ်တာ များတယ်။ သူ့ကိုများ စိတ်အနှောက်အယှက် ပေးနေမိလား မသိတော့ဘူး။

ကျန်းဝမ်သည် ရေတစ်ငုံသောက်လိုက်ပြီး သဘောတူသလို ခေါင်းညိတ်ပြလာသည်။ "သူက WeChat မှာ စကားပြောရတာကို မကြိုက်သလို သူစိမ်းတွေကိုလည်း ဘယ်တော့မှ သူငယ်ချင်းမလုပ်ဘူး။ သူ့ကျောင်းက မိန်းကလေးတော်တော်များများ WeChatမှာ သူနဲ့ သူငယ်ချင်း ဖြစ်ချင်နေကြတယ်လို့ ကြားတယ်။ ဒါပေမယ့် ကြည့်ရတာ သူဘယ်သူ့ကိုမှ သူငယ်ချင်းမလုပ်ထားပုံပဲ။"

'ထိုအချက်က စူးထောင်ကို အံ့အားသင့်သွားစေ၏။ သူက မိန်းကလေးတွေနဲ့ ပရော်ပရည်လုပ်နေတာ မဟုတ်လား။ ပြီးတော့ သူကို့ကြည့်ရတာလည်း playboyတစ်ယောက်လိုပဲ။ WeChatမှာ စကားပြောရတာ မကြိုက်ဘူးပေါ့လေ။ အစတုန်းက သူမနဲ့စကားပြောရတာ မကြိုက်ဘူးလို့ထင်နေခဲ့တာ။

"ချီအာကို တို့စာပို့ထားတယ်။ သူဒီကိုရောက်လာတဲ့အခါကျရင် သူ့ကိုသိမ်းသွင်းဖို့ ကြိုးစားပေးမှာပါ။ သူ မင်းနဲ့လက်မှတ်ထိုးဖို့ တို့တကယ်မျှော်လင့်ပါတယ်။"

ရိုက်ကူးရေးဝန်ထမ်းများက အနုပညာရှင်များကို သရုပ်ဆောင်ဖို့အတွက် လှမ်းခေါ်နေတာကြောင့် ကျန်းဝမ်က ရေနွေးဘူးကိုချကာ စူးထောင်အား ဒီမှာပဲထိုင်နေဖို့ ပြောပြီးနောက် အလုပ်လုပ်ရန် ထွက်သွားတော့သည်။

စူးထောင်သည် မူလက ဒေတာခွဲခြမ်းစိတ်ဖြာထားမှုများကို ယူဆောင်လာကာ ကျန်းဝမ်ထံမှ အကူအညီပေးမှာကို လိုချင်ခဲ့၏။

ကျန်းဝမ်က သူမကျန်းချီနှင့် လက်မှတ်ထိုးရန် အားပေးထောက်ခံမည်ကို မမျှော်လင့်ထားချေ။ ထိုဒေတာများကို မလိုအပ်တော့ပေ။

ငါးမိနစ်ပင်မကြာလိုက် ကျန်းချီသည် အဖြူရောင် hoodie၊ ဂျင်းဘောင်းဘီအပြဲ နှင့် အဖြူရောင် စကိတ်စီးဖိနပ်ကို ဝတ်ဆင်ထားသည်။အင်္ကျီခေါင်းစွပ်ကို ခေါင်းပေါ်တွင်စွပ်ထားပြီး ဘေ့စ်ဘောဦးထုပ်ကို ထပ်ဆောင်းထားကာ ဖက်ရှင်ကျကျ ဝတ်ထားသော ဆွဲကြိုးနှစ်ကုံးက သူ့ရင်ဘတ်ပေါ်တွင် လှုပ်ရမ်းနေ၏။

စူးထောင်က သူ၏၀တ်စုံကို ဓာတ်ပုံရိုက်ပြီး စီနီယာအစ်ကိုကို ပြပေးလိုက်ချင်သည်။ ဒါကမှ တကယ့် ဟစ်ဟော့စတိုင်ပါ။ သူရဲ့အနီရောင် နေကာမျက်မှန်နဲ့ ပြောင်လက်လက်နားကပ်တွေက ခေတ်ဟောင်း ဒစ်စကို ဦးလေးကြီးတွေရဲ့စတိုင်လေ။

လက်နှစ်ဖက်ကို hoodie အိတ်ကပ်ထဲထည့်ထားပြီး စူးထောင်ဆီသို့ အေးစက်စက် မျက်နှာဖြင့် လျှောက်လာကာ ကျန်းဝမ်ထိုင်ခဲ့သောထိုင်ခုံ၌ ထိုင်ချလိုက်၏။ ဦးထုပ်ကို ချွတ်လိုက်ပြီး ပျော့ပျောင်းနေသောဆံပင်များထဲ လက်ချောင်းသွင်းလိုက်ကာ ခပ်မိုက်မိုက်ပုံစံဖြင့် အကြိမ်အနည်းငယ်ခန့် ပေါ့ပေါ့ပါးပါး လှန်တင်လိုက်သည်။ ကုလားထိုင်နောက်ကို မှီလိုက်ပြီး ဆတ်ဆတ်ခါပြီး စူးထောင်အား ဘေးတိုက်ကြည့်လာ၏။

" အိုးဒါက အလုပ်အရမ်းများနေတဲ့ ဒါရိုက်တာစူး မလား။ ဒီရိုက်ကွင်းနေရာလာဖို့ အချိန်ရှိသေးတယ်ပေါ့လေ။"

စူးထောင်သည် သူရွဲ့ပြောနေသည့်စကားလုံးများကို လျစ်လျူရှုပြီး နူးညံ့စွာပြုံးကာ ချော့လိုက်သည်။ "ပြီးခဲ့တဲ့ အကြိမ်က တို့မှားခဲ့ပါတယ်။ ဆက်ပြီး တို့ကိုမဆန့်ကျင်ပါနဲ့တော့နော်။"

ကျန်းချီက ခေါင်းငုံ့ကာ ဆွဲကြိုးကို သတိလက်လွတ်ဖြင့် ကြည့်နေသော်လည်း သူမစကားကို ဂရုစိုက်ကြောင်း သူမခံစားနိုင်၏။

"အဲဒီနေ့တုန်းက ခင်ဗျားတို့ရဲ့ရိုက်ကူးရေးနေရာကို သွားခဲ့တယ်။ ဘယ်သူမှ ဒဏ်ရာမရခဲ့ဘူး။ အကုန်လုံးက ပုံမှန်အတိုင်း ရိုက်ကူးရေးဆက်လုပ်နေကြတာ‌။"

ထိုသို့ပြောနေရင်း ခေါင်းကိုမော့ကာ စူးထောင်ကို စိုက်ကြည့်လိုက်ရင်း ဖြေရှင်းချက်ကို စောင့်ဆိုင်းနေသည်။

သူတကယ်ကြီး ရိုက်ကူးရေးနေရာကို စစ်ဆေးဖို့သွားခဲ့တဲ့အတွက် စူးထောင် အံ့ဩသွားမိ၏။ ခဏလောက် အံ့အားသင့်သွားပြီးနောက် ရှင်းပြလာသည်။ "အဲဒီနေ့က တို့လည်း အလိမ်ခံလိုက်ရတယ်။"

"မင်းရဲ့အဲဒီရည်းစားဟောင်းလား။"

စူးထောင်၏ အမူအရာမှာ တောင့်တင်းသွားပြီး သူမ ခေါင်းကိုငုံ့လိုက်ကာ သူမ၏ရှက်ကိုးရှက်ကန်းဖြစ်‌နေမှုကို ဖုံးကွယ်ရန် နှာဖျားကို လက်ဖြင့်တို့နေ၏။

"ကျွန်တော်ခန့်မှန်းတာ မှန်သွားတဲ့ပုံပဲ။" ကျန်းချီက ထုတ်ပြောလာသည်။

စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျန်းချီက အရင်ပြောလာသည်။"ဒါဆို ခင်ဗျားလည်း သူ့ကိုပြန်လှည့်စားလိုက်လေ။"

စူးထောင် - "?"

"သူ့ကိုအပြင်ခေါ်ထုတ်လာလိုက် နောက်ပြီးရင် ချိန်းဆိုချက်ကိုဖျက်လိုက်ပေါ့။ ခင်ဗျားဘက်က အဲဒီလိုလုပ်ပေးရင် ခင်ဗျားကိုခွင့်လွှတ်ပေးမယ်။ဘယ်လိုလဲ။"

စူးထောင်သည် မာနကြီးသောထိုကောင်လေးကို အံ့အားသင့်စွာကြည့်ကာ ယခုကဲ့သို့အကြံပြုရခြင်း၏ ရည်ရွယ်ချက်ကိုကို တွေးတောနေသော်လည်း နားမလည်ပေ။ "ဘာလို့လဲ ဒီလိုလုပ်ရင် မင်းအတွက် ဘာအကျိုးအမြတ်ရှိလို့လဲ။"

"လက်စားချေတာလေ။ ကျွန်တော့်ကို တစ်ခါလှည့်စားခဲ့တယ်။ဒီတော့ ကျွန်တော့်ရဲ့ဒေါသကို ဖြေဖျောက်ဖို့ သူ့အတိုင်းပြန်လုပ်မယ်။" ကျန်းချီက အမှန်အတိုင်းပြောလာ၏။

စူးထောင်က မျက်မှောင်ကြုတ်ကာ တော်တော်လေး တွန့်ဆုတ်နေပုံရသည်။

"ဒါက ကလေးဆန်လွန်းတယ်မလား။ ခွေးကကိုယ့်ကိုလာကိုက်ရင် ခွေးကိုပြန်မကိုက်သင့်ဘူးလေ မဟုတ်ဘူးလား။"

ကျန်းချီသည် မတ်တပ်ထရပ်ကာ ထွက်သွားတော့မည့်ပုံရ၏။ ငြင်းခုံနေသော စူးထောင်အား ငုံ့ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ခင်ဗျားသဘောပဲလေ။ ကျွန်တော်နဲ့လက်မှတ်မထိုးချင်ဘူးဆိုလည်း မေ့လိုက်တော့။"

ဒီကောင်တော့!

စူးထောင်သည် သည်းခံလိုက်ပြီး သူ့ကိုအရင် ကျေအေးဖို့ ဆုံးဖြတ်လိုက်၏။ "ထိုင်ဦး ဖြည်းဖြည်းပြောလို့ရပါတယ်။ အလျင်စလို မလုပ်နဲ့လေ။"

"ဖြည်းဖြည်းပြောနေစရာ မလိုပါဘူး။ သူခင်ဗျားကို လှည့်စားခဲ့တယ်မလား။ သူ့ကိုပြန်ပြီး လက်စားမချေချင်ဘူးလား။"

ကျန်းချီသည်သည် သူမအနားသို့ ရုတ်တရက် နီးနီးကပ်ကပ် ကိုင်းချလာသည့်အတွက် သူမအား အလန့်တကြား နောက်ဆုတ်သွားမိစေသည်။ စူးထောင်မှာ လဲကျလုနီးပါးဖြစ်ခဲ့သော်လည်း သူက သူမ၏လက်မောင်းကို ဖမ်းဆုပ်ပေးလိုက်၏။

"ဒါမှမဟုတ် ခင်ဗျားမှာသူ့အတွက် ခံစားချက်တွေ ကျန်နေသေးပြီး ပြန်တွဲချင်နေတာလား။"

မဖြစ်နိုင်တာ။" စူးထောင်သည် သူ၏နောက်ဆုံးပြောစကားကို ချက်ချင်းငြင်းဆန်လိုက်သည်။ သူမ၏လေသံက နောက်တစ်ကြိမ် ပျော့သွားပြန်ပြီး "ကလေးဆန်တယ်လို့ တို့တွေးမိသွားရုံပါ။ ခွေးက ကိုယ့်ကိုလာကိုက်ရင် ခွေးကိုတော့ ပြန်မကိုက်သင့်ဘူး မလား။"

ကျန်းချီသည် သူမစကားကြောင့် ကျေနပ်သွားပုံရကာ သူ့မျက်လုံးများသည် လခြမ်းကွေးအဖြစ်သို့ ကွေးသွားပြီး ဖြူဖွေးသော သွားလေးများပေါ်လာ၏။ "ဒီတော့ ခင်ဗျားက သူ့ကို ခွေးနဲ့နှိုင်းနေတာပေါ့။"

သူ့သဘောထား ပျော့ပျောင်းလာသည်ကို မြင်လိုက်ရသဖြင့် စူးထောင်က သူ့ကိုဆွဲဆောင်ရန် ကြိုးစားသော်လည်း ချက်ချင်း နှုတ်ဆိတ်သွားတော့သည်။

"သူ့ဆီဖုန်းဆက်ဖို့ ခင်ဗျား အချိန်တစ်မိနစ်ရမယ်။ အချိန်စတွက်ပြီ။"

စူးထောင် အကူအညီမဲ့စွာ သက်ပြင်းချလိုက်ကာ ဒီကောင်ဆိုးလေးနှင့် လက်မှတ်ထိုးချင်သည့်ကိစ္စကို စတင်နေတရလာ၏။ ထိုနေရောင်ခြည်လိုနွေးထွေးသည့် ကောင်လေး၏ ဆွဲဆောင်မှု အားလုံးတို့သည် အတုအယောင်များပင်။ လုံးဝချစ်စရာလုံးဝမကောင်းတော့ပေ။

ကျန်းချီ၏ ကြီးကြပ်မှုအောက်တွင် စူးထောင်မှာ ရှဲ့ကျင်ကို ခေါ်လိုက်ရတော့သည်။

"ရှောင်ထောင်လေး" ရှဲ့ကျင်၏ နူးညံ့သောလေသံက ဖုန်းတစ်ဖက်ခြမ်းမှ ထွက်လာ၏။ စူးထောင်က သူ့အပြုံးကိုပင် မြင်နိုင်လုနီးပါး။

သူလုပ်ခဲ့သော မကောင်းသည့်ကိစ္စအကြောင်းကို ပြန်တွေးတောရင်း ဝေဝေဝါးဝါးနှင့် ပြောလိုက်သည်။" ခဏနေကျရင် ရှင်အားလား။ ကျွန်မတို့ ကမ်းခြေမှာ သွားထိုင်ကြရအောင်။"

"တကယ်လား ကောင်းပြီလေ ကိုယ် အခုချက်ချင်းပဲသွားလိုက်မယ်။"

ဖုန်းချလိုက်ပြီးနောက်တွင်ပင် ရှဲ့ကျင်၏ရွှင်မြူးသောလေသံက သူမနားထဲတွင် ပဲ့တင်ထပ်နေသေး၏။စူး‌ထောင်သည် ကျန်းချီကို ကြည့်လိုက်ကာ "အဆင်ပြေပြီလား။"

ကျန်းချီက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းဝမ်၏ ဇာတ်ဝင်ခန်းများ ခဏရပ်နားသည့်အချိန်တွင် စူးထောင်က ကျန်းချီ၏ စာချုပ်အကြောင်းကို တစ်ချက်ပြီးတစ်ချက် သူမနှင့်ဆွေးနွေးနေ၏။

စူးထောင်နှင့် ကျန်းဝမ်တို့က ကျန်းချီ၏သရုပ်ဆောင် အသက်မွေးဝမ်းကျောင်းအတွက် အစီအစဉ်များစွာနှင့်အကျိုးအမြတ်အကြောင်းကို ဆွေးနွေးခဲ့ကြပြီး အတန်းပျက်စရာမလိုဘဲ နှစ်စဉ်နှစ်တိုင်း အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ကြောင်း အာမခံပေးလိုက်သည်။

စိတ်ပါဝင်စားသည့် လေ့လာမှုအစီအစဉ်တစ်ခုလည်းရှိပြီး သူ့အတွက်နယ်ပယ်တွင်းရှိ ဆရာကောင်းများနှင့် စီနီယာများအားသင်ကြားပေးရန် ဖိတ်ကြားမည်ဖြစ်ပြီး အရင်းအမြစ်များစွာကိုလည်း ပေးဆောင်မည်ဟု ကတိပေးလိုက်၏။

အတိုချုပ်ပြောရရင် ကုမ္ပဏီက သူ့ကို အပြည့်အဝ ပံ့ပိုးပေးသွားမှာပါ။ ကလေးကို သူမလက်ထဲ အပ်ထားသရွေ့ သာယာလှပတဲ့ဘဝနဲ့ တောက်ပတဲ့ အနာဂတ်ကို သူပိုင်ဆိုင်နိုင်မှာပါ။

နောက်ဆုံးတွင် ကျန်းဝမ်သည် စည်းကမ်းချက်အားလုံးကို နားထောင်ပြီးသွားတော့သည်။ မျက်ရည်ဝိုင်းနေသော မျက်လုံးဝိုင်းဝိုင်းများက စူးထောင်ကို ရုတ်တရက်ကြည့်လာပြီး "အနားယူဖို့နဲ့ စာကျက်ချိန်ပေးမယ်ဆိုတာ တကယ်လား။"

စူးထောင်က သူမဘာကြောင့် ဒါကိုသံသယဝင်နေလဲဆိုတာ နားမလည်နိုင်ဘဲ အံ့သြသွားမိသည်။ "ဒါပေါ့ ကုယိယန်ကို သိတယ်မလား။ သူ့အသက်မွေးဝမ်းကြောင်းက အခုတလော အရှိန်အဟုန်နဲ့တိုးတက်နေပေမယ့် သူက သရုပ်ဆောင်နဲ့အသံလေ့ကျင့်ရေး သင်တန်းတက်ဖို့ တစ်ပတ်မှာနှစ်ရက်လောက် အချိန်ယူရမယ်ဆိုပြီး ကုမ္ပဏီကဘက်က ပြောထားတယ်။ အနုပညာရှင်တွေက ပိုမြင့်တဲ့နေရာတွေဆီကို သွားချင်ရင် ကိုယ့်ကိုကိုယ် အမြဲတိုးတက်နေအောင်လုပ်ရမယ်။ တကယ်တော့ အလုပ်အားလုံးက အတူတူပါပဲ။ တစ်နှစ်စာအတွေ့အကြုံရဖို့ ဆယ်နှစ်လောက် ရုန်းကန်ရမယ့်ခေတ်က ကုန်သွားပြီ။အပြိုင်အဆိုင်ရှိတဲ့အတွက် အတက်မပြတ်သင်ယူနေရမယ်။"

ကျန်းဝမ်သည် စူးထောင်၏ စကားကို ဂရုတစိုက် နားထောင်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။ သူမ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ရုတ်တရက် မှိန်ဖျော့သွားကာ "နင့်ကိုသာ စောစောသိခဲ့ရင် ဒါမှမဟုတ် နင်သာဒီနယ်ပယ်ထဲ စောစောဝင်လာရင် ဘယ်လောက် ကောင်းလိုက်မလဲ။"

"ဟမ်" စူးထောင်သည် သူမ ခပ်တိုးတိုးသာ ပြောလိုက်သောကြောင့် ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။သူမက တစ်ခုခုကို သတိရသွားပြီး ပတ်ပတ်လည်လှည့်ကြည့်ကာ "မင်းရဲ့ အေးဂျင့်က ဒီမှာမရှိဘူးလား။"

ကျန်းချီကို စူးထောင်ခိုးနေမှန်းသာ သူသိသွားရင် အလျင်အမြန်ပြေးလာပြီး သူမကိုလာတားနေလောက်မလား မသိဘူး။

"ရိုက်ကူးရေး‌လုပ်ရင် သူက ကျွန်မနောက်ကို မလိုက်ဘူး။ တခြားအနုပညာရှင်တွေကို သူစီမံနေရသေးတယ်။" ကျန်းဝမ်က နုံးချည့်စွာ ပြောလာ၏။

ကျန်းဝမ်၏ လက်ထောက်က ဖုန်းကိုင်ထားရင်း သူမဆီသို့ လျှောက်လာသည်။" ဝမ်ကျဲ ကားက ဒီကိုရောက်နေပြီတဲ့ ကျွန်မတို့သွားရတော့မယ်။"

ကျန်းဝမ်က မျက်မှောင်ကြုတ်ပြီး တစ်ခုခုကိုစဉ်းစားနေပုံရကာ ထို့နောက်သူမပြောတော့မည့်စကားကို ပြန်မျိုချလိုက်ရင်း စူးထောင်အား တောင်းပန်စကား ဆိုလိုက်သည်။

"တို့တောင်းပန်ပါတယ် စူးထောင်။ ဒီနေ့တို့လုပ်ရမယ့် အချိန်ဇယားရှိတယ်ဆိုတာကို မေ့နေတာ။ အခုချက်ချင်းပဲ သွားရတော့မယ်။ ချီအာ ထောင်ထောင်ကျဲကို ဂရုစိုက်ပေးဦးနော်။"

ကျန်းဝမ်သည် သူမစကားမဆုံးခင်တွင် ဂါဝန်စကို ကောက်ကိုင်လိုက်ပြီး အဝတ်လဲခန်းသို့ အမြန်ပြေးသွားတော့သည်။

"သူမက ဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့ရှိသေးတယ်လေ။မနက်ဖြန် မနက်လောက်ဆို ပြန်လာရလောက်တယ်။"

ကျန်းချီ၏ စကားကို ကြားပြီးနောက် ကျန်းဝမ်ဖော်ပြခဲ့သော ထူးဆန်းသည့် အပြုအမူများကို ယောင်ဝါးဝါး နားလည်သဘောပေါက် သွားတော့သည်။

"မင်းအစ်မနဲ့ သူ့အေးဂျင့်ရဲ့ စာချုပ်သက်တမ်းက လပိုင်းလောက်ပဲ ကျန်တော့တာမလား။" စူးထောင်၏ ကြည်လင်သော မျက်လုံးများက ကျန်းချိကို ကြည့်လာပြီး သူမ မျက်လုံးထောင့်များက ပြုံးနေ၏။

ကျန်းချီသည် သူ့လက်ထဲက စာချုပ်ဖြင့် စူးထောင်ခေါင်းကို အသာအယာပုတ်လိုက်ကာ " ကျွန်တော့်အစ်မကိုလည်း အခွင့်ကောင်းယူဖို့ကြံနေတာလား။"

ဒီကောင်လေးက ပိုပိုပြီး ရဲတင်းလာသည်ဟု စူးထောင်းခံစားလိုက်ရသည်။ သူ့ကို ကြိမ်းမောင်းဖို့လုပ်နေတုန်း သူမဖုန်းက မြည်လာ၏။ ရှဲ့ကျင် ခေါ်နေတာပဲ။

အချိန်ကိုကြည့်လိုက်ရာ တစ်နာရီကျော်သွားပြဆိုတာကို တာမြင်လိုက်ရသည်။သူမက အလျင်စလိုဖုန်းပြန််မဖြေဘဲ ကျန်းချီအား ကြည့်လာပြီး " ဒီလောက်ဆို အဆင်ပြေလား။ အခုစာချုပ်မှာ မင်းလက်မှတ်ပေးလို့ရပြီလား။"

"သူ့ကို နည်းနည်းကြာအောင် စောင့်ခိုင်လိုက်ဦး။" ကျန်းချီသည် ခုံပေါ်တွင် ပျင်းရိစွာနှင့်မှီလိုက် ခြေချင်းချိတ်ကာ ထိုင်နေ၏။

စူးထောင်သည် အံကိုကြိတ်ကာ လေးလံသည့်နှလုံးသားဖြင့် ရှဲ့ကျင်ထံ ဖုန်းခေါ်လိုက်ကာ "ကျွန်..ကျွန်မမှာ အလုပ်ကိစ္စ လုပ်စရာရှိသေးလို့ ရှင်..ရှင်ကျွန်မကို မစောင့်နဲ့တော့။"

"ရတယ် ကိုယ်စောင့်မယ်။"

ဒါက ပထမဆုံးအကြိမ် စူးထောင်သူ့ကို ချိန်းဆိုလာတာပဲ။ သူနည်းနည်းထပ်စောင့်လိုက်တော့ ဘာဖြစ်သွားမှာ မို့လိုလဲ။

သူမက သူ့ကိုတွေ့ချင်နေတယ်။ ဒါက သူ့ကိုခွင့်လွှတ်ပေးမယ်လို့ ဆိုလိုတာမလား။ သူတို့အရင်က ပုံစံအတိုင်း ပြန်သွားန်ိုင်တော့မှာ။

ထိုလှပသောဆန္ဒကို မြတ်မြတ်နိုးနိုးဖက်တွယ်ရင်း ရှဲ့ကျင်က ပင်လယ်ကမ်းစပ်တွင် နေပူပူကနေ နေဝင်ချိန်အထိ ၃နာရီကြာစောင့်ဆိုင်းနေခဲ့သည်။

ပင်လယ်လေ သူ့ထံတိုးဝင်တိုက်ခတ်လာရာ ချောမွတ်သည့်နဖူးကို ပေါ်လွင်သွားစေ၏။ ကံကောင်းထောက်မစွာပင် သူ၏အသွင်အပြင်သည် မည်သည့်ဆံပင်ပုံစံမျိုးနှင့်မဆို လိုက်ဖက်နေသည်။

ရှဲ့ကျင်သည် လေနှင်ရာအရပ်တွင် ရပ်နေပြီး မျက်နှာပေါ်တွင် လေးနက်သောအမူအရာဖြင့် ရပ်နေကာ မကြာခဏလှည့်လှည့်ကြည့်နေ၏။

စူးထောင်၏ ဖုန်းနံပါတ်ကို ထပ်မံခေါ်ဆိုလိုက်ရာ သူစကားမပြောမီတွင် သူမ၏ နူးညံ့သိမ်မွေ့သော အသံက ဖုန်းမှတဆင့်ပျံ့လွင့်လာသည်။"တောင်းပန်ပါတယ် ရှဲ့ကျင်။ ဒီနေ့ မလာနိုင်လောက်ဘူးထင်တယ်။ဆက်မစောင့်နဲ့တော့နော်။"

သူဘာမှတောင် ပြောဖို့အခွင့်အရေးမရလိုက်ဘဲ ဖုန်းက 'တူ တူ တူ'မြည်သံနှင့်အတူ ကျသွား၏။

ရှဲ့ကျင်သည် ကြောင်တက်တက်နှင့် ဖုန်းကိုချလိုက်တော့သည်။ ကမ်းစပ်မှာ ၃နာရီလောက် စောင့်ခဲ့ပေမယ့် သူမ၏ နောက်ဆုံးဖုန်းကောလ်က သူ့နှလုံးသားကို အေးစက်သွားစေသည်။

တကယ်တမ်းသူပြောချင်နေတာက သူမဘယ်လောက်ပဲ နောက်‌ကျနောက်ကျ အဆင်ပြေတယ်။ သူမ လာနေသရွေ့ သူစောင့်ပေးနိုင်တယ်။

All Chapters