အခန်း (၃၂)
Vol. 3 Ch. 32
မှောင်လာသဖြင့် စူးထောင်က စာချုပ်ကို လက်ထဲတွင်ကိုင်ကာ ဟိုတယ်အခန်းသို့ ပြန်လာခဲ့၏။
အဲဒီကောင်စုတ်လေး ကျန်းချီက နေ့ရက်ကောင်းနှင့်အချိန်ကို ရှာဖွေရန် တွန်းအားပေးကာ အလွယ်တကူ လက်မှတ်ထိုးရန် ငြင်းဆန်နေသည်။
ငါတို့လက်ထပ်နေတာလို့များ သူထင်နေတာလားမသိဘူး။
နေ့ကောင်းရက်ကောင်းနဲ့ အချိန်ဟုတ်လား!
စူးထောင်သည် ပင်ပန်းနွမ်းနယ်စွာ အိပ်ယာပေါ်တွင် လှဲချလိုက်ပြီး ပြတင်းပေါက်မှတဆင့် မျက်စောင်းထိုး အခန်းကို လှမ်းမြင်နေရ၏။
အချိန်ကို စစ်ဆေးရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။ ည 7:30လောက်ရှိနေပြီ။ သူ မပြန်လာသေးဘူးလား။
မလာဖြစ်ဘူးလို့ လွန်ခဲ့တဲ့ တစ်နာရီလောက်က သူ့ကိုပြောခဲ့တယ်မလား။
ရှဲ့ကျင်က ယုတ်မာတဲ့ ကိစ္စတော်တော်များများကို လုပ်ဆောင်ခဲ့ပေမယ့် သူမဘက်က သူ့ကိုလျစ်လျူရှုလိုက်တယ်။ ဒီလို လက်တုံ့ပြန်တာမျိုးက တကယ်ကို အပိုအလုပ်ပဲ။
ငြင်းခုန်တာ ဒါမှမဟုတ် လက်စားချေလိုစိတ် ပြင်းပြတာမျိုးကို သူမ မကြိုက်ဘူး။ သူမကို နာကျင်စေခဲ့တဲ့သူတွေကို သူမဘဝထဲကနေ တိတ်တဆိတ် ဖျက်ပစ်လိုက်ပြီး နာကျင်အောင်လုပ်ဖို့ နောက်ထပ်အခွင့်အရေး ထပ်မပေးတာလောက်ဆို အဆင်ပြေပါတယ်။
စူးထောင်သည် သူမ၏စိတ်ထဲတွင် ရှုပ်ထွေးနေ သော အတွေးများကို ခါချလိုက်သည်။ ကျန်းချီအချိန်ဖြုန်းလုပ်လို့ တနင်္လာနေ့တိုင်း ပုံမှန်တက်နေကျ အစည်းအဝေးကို ရွှေ့ဆိုင်း လိုက်ရ၏။
သူမသည် အိမ်နေရင်းအဝတ်အစားကို ၀တ်ဆင်ကာ ကွန်ပျုတာဖွင့်လိုက်ပြီး လိုင်းတက်နေသော အဖွဲ့သားအားလုံးကို ဆက်သွယ်လိုက်သည်။
ရုတ်တရက် တံခါးခေါက်သံကြောင့် စူးထောင်သည် လိုင်းအပြည့်အဝ မချိတ်ဆက်ရသေးသော ဗီဒီယိုအစည်းအဝေးကို ကြည့်လိုက်၏။ သူမသည် ကွန်ပြူတာမှ ခေတ္တထွက်လိုက်ပြီးနောက် တံခါးသွားဖွင့်တော့သည်။
သော့ဖွင့်လိုက်သည်နှင့် တပြိုင်နက် လက်တစ်ဖက်က တံခါးကို အတင်းတွန်းဖွင့်ကာ အထဲသို့လှစ်ကနဲ ဝင်လာပြီး သူ့အနောက်ရှိတံခါးကို လော့ခ်ချလိုက်၏။
ရှဲ့ကျင်၏ မျက်လုံးများ ညမိုက်ကဲ့သို့မှောင်နေပြီး သူမကို စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်များက ကွေးတက်သွားပြီး အရသာရှိသောအစာနှင့် ရင်ဆိုင်နေသော နတ်ဆိုးတစ်ဦးပမာ သူ့အပြုံးကဆွဲမက်ဖွယ်ကောင်းနေ၏။ "ရှောင်ထောင်လေး မင်းကိုယ့်ကို ဟာသလုပ်တယ်ပေါ့လေ။"
စူးထောင် တစ်ခဏလောက် အံ့အားသင့်သွားပြီးနောက် ချိတ်ဆက်ထားတဲ့ ဗီဒီယိုအစည်းအဝေးကို သတိရသွားပြီး သူ့လက်ကို အလျင်အမြန်ဆွဲရင်း ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ကာ ကင်မရာကို အမြန်ရှောင်လိုက်သည်။သူမက သူ့လက်ကိုဆုပ်ကိုင်ထားပြီး နံရံနှင့် သူမခန္ဓာကိုယ်ကြားတွင် သူ့ကိုညှပ်ထား၏။
နံရံထောင့်တွင် ပိတ်မိသော ရှဲ့ကျင်က မသိမသာ မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ဒေါသများပြေသွားကာ သူမကို အေးအေးဆေးဆေး ကြည့်လာသည်။" ထပ်လိုချင်သေးတယ်ပေါ့။ မနေ့ညက မလုံလောက်လို့လား။"
စူးထောင်သည် ကမန်းကတမ်းပင် သူမလက်နှင့် သူပါးစပ်ကိုအုပ်လိုက်ပြီး ကွန်ပျူတာဘက်သို့ ကြည့်လိုက်ပြီး မျက်လုံးဖြင့် တံခါးဘက်ကိုပြကာ ခေါင်းငုံ့ပြီး ထွက်သွားရန် အရိပ်အမွက်ပေးလိုက်၏။
သူမက သူ့ကိုတွန်းထုတ်လာသည့်အခါ သူကလည်း စူးထောင်၏ ခါးကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး သူနှင့်အတူ အပြင်သို့ ခေါ်ထုတ်တော့သည်။
အခန်းအပြင်ဘက်တွင် လေတိုးသံ၊သစ်ရွက်များတရှဲရှဲမြည်သံနှင့်အတူ ကြယ်များစုံလင်သော ညအမှောင်အောက်တွင် စူးထောင်သည် နံရံထောင့်တွင် ရှဲ့ကျင်၏ ချောင်ပိတ်ခြင်းကို ခံနေရ၏။
"လွှတ်ပေး။" စူးထောင်သည် အလန့်တကြား လှည့်ပတ်ကြည့်နေရင်း ခင်မင်ရင်းနှီးသူ တစ်ယောက်ယောက်ကများ လမ်းလျှောက် လာနေလောက်မလားကို ကြောက်နေမိသည်။
"ဘာလို့ မလာတာလဲ။ အစည်းအဝေးလုပ်ဖို့ကျ အချိန်ရှိပြီး ကိုယ့်ကိုလာတွေ့ဖို့ကျ အချိန်မရှိဘူးပေါ့လေ။" ရှဲ့ကျင်က ငုံ့ကြည့်လာကာ မျက်တောင်ရှည်များအောက်ရှိ မျက်ဝန်းနက်နက်များက သူမကိုစေ့စေ့ကြည့်နေ၏။
စူးထောင်က တခဏတာ ပြောစရာစကား ပျောက်ဆုံးသွားသည်။ မျက်လုံးကို လှိမ့်လိုက်ကာ အကြောင်းပြချရှာလိုက်၏။ "တအားနောက်ကျနေပြီလေ။ အဲဒီကိုရောက်ဖို့ ကားအကြာကြီးမောင်းရဦးမှာဆိုတော့ ရှင်လည်း နောက်ထပ်တစ်နာရီနီးပါးလောက် ထပ်စောင့်နေရမှာ။"
ရှဲ့ကျင်သည် လေတိုးတိုက်လာမှုကြောင့် သူမနှုတ်ခမ်းနားသို့ ဝဲနေသောဆံပင်များကို နားအနောက်ဘက်သို့ ပြန်သပ်ပေးလိုက်သည်။ သူ၏အနက်ရောင် မျက်ဝန်းများထဲတွင် သူမပုံရိပ်နှင့်သာ ပြည့်နှက်နေ၏။ "ကိုယ် မင်းကိုတစ်နှစ်ကျော်တောင် စောင့်လာခဲ့တာ။ တစ်နာရီလောက်က စာဖွဲ့စရာလား။"
စူးထောင်က သူ့အကြည့်ကို ရှောင်တိမ်းလိုက်ကာ သူ၏ပြောစကားထဲမှ ခံစားချက်များကို သူမ မကြားလိုက်သလို ပေါ့ပေါ့တန်တန်ဟန်ဆောင်ရင်း "ဒါဆို ကျေသွားပြီလို့ ယူဆလိုက်ရအောင်။ အရင်တစ်ခေါက်တုန်းကလည်း ရှင် ကျွန်မကို လှည့်စားခဲ့တာပဲလေ။"
ရှဲ့ကျင် - "ကိုယ်မင်းကို ၃နာရီကျော်စောင့်ခဲ့တာ အသွားအပြန်ခရီးပါ ပေါင်းလိုက်ရင် ငါးနာရီစာလောက်ရှိတယ်။ ဒါကို ကျေသွားပြီလို့ စဉ်းစားလို့ရလား။"
စူးထောင် - "အပိုဆောင်းက အတိုးပဲ။"
ရှဲ့ကျင်သည် ယဲ့ယဲ့လေးပြုံးလိုက်ပြီး ခေါင်းညိတ်ပြကာ 'အတိုး'ဟူသော ပြောကြားချက်ကို လက်ခံလိုက်သည်။
ရှဲ့ကျင် - "ဒါဆို မနေ့ညက ကိစ္စကို ဘယ်လိုစာရင်းရှင်းကြမှာလဲ။"
ရှဲ့ကျင်သည် ခေါင်းကိုစောင်းငဲ့လာကာ ရှောင်ပုန်းနေသော သူမ၏ မျက်ဝန်းများကိုကြည့်ရင်း မျက်ခုံးပင့်ပြလိုက်၏။
စူးထောင်၏အမူအရာက ခဏလောက် တောင့်တင်းသွားပြီး ကြည်လင်သော မျက်လုံးများဖြင့် သူ့ကိုကြည့်လာကာ" အဲဒီအတွက် ကျွန်မ ရှင့်ကို ပိုက်ဆံပေးခဲ့တယ်မလား။"
ရှဲ့ကျင်သည် နှစ်စက္ကန့်လောက် သူမကို စိုက်ကြည့်လိုက်ပြီး သူ၏လည်စလုပ်က အပေါ်အောက်ရွေ့လျားသွားကာ ရုတ်တရက်ပင် ခေါင်းကိုလှည့်လာရင်း သူမ၏ နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။ သူ၏လေသံခပ်နိမ့်နိမ့်က ဆွဲဆောင်မှုအပြည့်နှင့်။
"ဒါက အတိုးပဲ။"
စူးထောင်က အခန်းထဲပြန်ဝင်လာပြီး တံခါးကိုလောခ့်ချကာ သူမ၏လက်ဖြင့် ကိုယ့်ကိုယ်ကိုယ် ယက်ခတ်ရင်း ကွန်ပြူတာရှေ့တွင် ထိုင်ချလိုက်၏။
vd call က လုံးဝချိတ်ဆက်သွားပြီး လူတိုင်းက တစ်ယောက်ကို တစ်ယောက် ဗလာမျက်လုံးများဖြင့်ကြည့်ရင်း စူးထောင်ပြန်လာမည့်အချိန်ထိကို စောင့်မျှော်နေကာ ဘာမှမသိသလို ဟန်ဆောင်ပြီး အစည်းအဝေးစတင်ရန် အသင့်အနေအထား ရှိနေကြသည်။
"ထောင်ထောင် အဲဒီလူက ဘယ်သူလဲ။"
လျန်ခယ့်၏ မျက်နှာကြီးက vd callတွင် ရုတ်တရက်ပေါ်လာ၏။ သူ့၏အနောက်တွင် အမျိုးသမီးအဆိုတော် ရွယ်ရှင်းကျစ်၏ မန်နေဂျာဖြစ်သူ ယန်ချင်းက ရှိနေသည်။ ရွယ်ရှင်းကျစ်သည် မူလက လျန်ခယ့်၏ လက်အောက်ခံဖြစ်ပြီး ယခုတွင် ယန်းချင်းဆီသို့ လွှဲပြောင်းပေးလိုက်သော အနုပညာရှင်ပင်။
"ကျွန်မရဲ့ vd call အစည်းအဝေးမှာ ရှင့်ကိုဖိတ်ထားလို့လား။"
စူးထောင်က သူ့ကိုအေးတိအေးစက် ကြည့်ရင်း မေးခွန်းထုတ်လိုက်၏။
"ငါကြားလိုက်တယ်နော်။ ဥက္ကဌရှဲ့ရဲ့အသံနဲ့ တော်တော်လေးကို တူနေတယ်။" လျန်ခယ့်သည် သွယ်လျသော လက်ချောင်းကို ဝေ့ရမ်းနေရင်း အတင်းအဖျင်း၌ ဆက်လက်ပျော်ဝင်နေသည်။
ထိုသို့သူပြောလိုက်သည်နှင့် လုပ်ဖော်ကိုင်ဖက်တချို့မှာ ပါးစပ်ကိုအုပ်ပြီး၊ တချို့က ခေါင်းကိုငုံ့ကာ ရယ်နေကြကာ တချို့မှာတော့ မျက်နှာပေါ်တွင် အံ့အားသင့်နေသည့် အမူအရာဖြစ်နေ၏။
"ချင်းချင်း ကုမ္ပဏီမှာ အခုထိ အချိန်ပိုဆင်းနေတုန်းလား။ "စူးထောင်က လျန်ခယ့်နောက်တွင် ထိုင်နေသော ယန်ချင်းကို ပြောလိုက်သည်။" အခု ကျွန်ပျူတာကို ပိတ်လိုက်ပြီး အိမ်ရောက်မှ အစည်းအဝေးကို ထပ် join လိုက်နော်။"
"ဟေးး မလုပ်ပါနဲ့။" လျန်ခယ့်သည် ယန်ချင်းကိုတားဆီးရန် ကွန်ပျူတာကို သူ့ကိုယ်ဖြင့်အုပ်မိုးလိုက်၏။ သူက အလုပ်ကိစ္စအကြောင်း ဆက်ပြောလာသည်။ "ငါ့ရဲ့အချစ်လေး ရှောင်ရှန်း အဆင်ပြေရဲ့လားလို့ မေးချင်ရုံပါ။ အခုနောက်ပိုင်း သူ့စိတ်အခြေအနေက မကောင်းဘူးမလား။"
"ဘယ်သူပြောလဲ။ သူ့စိတ်အခြေအနေ ကောင်းတယ်။ တော်တော်လေးကို ပျော်နေတာ။" စူးထောင်သည် အမူအရာမဲ့စွာဖြင့် စက်ရုပ်တစ်ရုပ်ကဲ့သို အဖြေပေးလိုက်၏။
လျန်ခယ့်.- "အဲဒီကျန်းဟောင်ဆိုတဲ့ကောင်က သူ့ကိုအနှောက်အယှက် ထပ်မပေးတော့ဘူးလား။"
စူးထောင် - "မပေးတော့ဘူး နောက်နေ့မှာပဲ ထွက်လိုက်ရလို့။"
လျန်ခယ့်က အခုမှထိုသတင်းကို သိသွားပုံရသည်။သူ၏မျက်လုံးများက အရှေ့ကိုသို့ တိုးလာသည့်အလျှောက် ပြူးကျယ်နေကာ သူ့နှခေါင်းပေါ်ရှိ ဆားဝက်ခြံကိုပင် စူးထောင်မြင်တွေ့နေရ၏။
"ကျန်ဟောင်က ရိုက်ကူးရေး ဆက်မလုပ်တော့ဘူးလား။ဘာလို့လဲ။"
စူးထောင်မှာ မနေနိုင်ဘဲ မျက်လုံးလှန်ပြမိသွားပြီး "ဒါရိုက်တာလျန် ကျွန်အခုပဲ အစည်းအဝေးစတော့မလို့ ကျေးဇူးပြုပြီး သူများတွေရဲ့အချိန်ကို မဖြုန်းတီးပါနဲ့နော်။"
လျန်ခယ့်သည် နောက်ဆုံးတွင် ယန်ချင်းဆီသို့ ကွန်ပြူတာကို တုံ့ဆိုင်းစွာ ပြန်ပေးလိုက်ပြီး စူးထောင်အား ဖုန်းခေါ်ဆိုသည့် လက်ဟန်ပြကာ " ဖုန်းဆက်လိုက်နော်။
စူးထောင်က သူ့ကို အေးတိအေးစက် ကြည့်ပေးလိုက်မှ နောက်ဆုံးတွင် လျန်ခယ့် ထွက်သွားတော့သည်။
သူမသည် သက်ပြင်းတစ်ချက်ချကာ စားပွဲပေါ်မှ ရေဖန်ခွက်ကို သွားယူလိုက်၏။ မော့ကြည့်လိုက်သောအခါ လသာဆောင်တံခါးပေါက်မှတဆင့် မြင်လိုက်ရသည်မှာ တဖက်မျက်စောင်းထိုး ရေကူးကန်ထဲတွင် ရှဲ့ကျင်သည် ရေကူးဘောင်းဘီ ဝတ်ဆင်ထားကာ ကန်အစွန်းကို တံတောင်ဆစ်ဖြင့် နောက်ပြန်ထောက်ထားပြီး သူမဘက်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။
စူးထောင်ကြည့်လာသည်ကို မြင်သောအခါ သူကရေစိုနေသောဆံပင်ကိုခါလိုက်ပြီး လက်ထဲရှိဝိုင်ခွက်ကို ပင့်တင်ကာ ပြုံးပြရင်း တစ်ငုံသောက်လိုက်၏။
စူးထောင်၏ မျက်နှာမှာ မည်းမှောင်သွားပြီး ထရပ်ကာ လိုက်ကာကို တင်းတင်းဆွဲပိတ်တော့သည်။
------
ရိုက်ကူးရေးသည် တစ်ပတ်အတွင်း ပြီးဆုံးသွားမှာဖြစ်ပြီး စူးထောင်သည်လည်း ဤနေရာသို့ ရောက်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီ။ ကုမ္ပဏီတွင် ကိုင်တွယ်ဖြေရှင်းရန် အလုပ်များစွာ ရှိနေသည့်အတွက် စူးထောင်က ပြန်ရမည်ပင်။
ကံကောင်းထောက်မစွာ ဒီတစ်ကြိမ်တော့ ရှဲ့ကျင်က သူမအား မတားဆီးတော့ပေ။ သူသည် ပျော်ရွင်စွာနှင့် တူညီသည့်လေယာဉ်လက်မှတ်ဝယ်ကာ သူမနှင့်အတူ ပြန်သွားတော့သည်။
လေဆိပ်စောင့်ဆိုင်းခန်းတွင် စူးထောင်သည် သူမ၏ မျက်လုံးထောင့်မှတဆင့် သူမနံဘေးတွင်ထိုင်နေသော ရှဲ့ကျင်ကို စိုက်ကြည့်နေသည်။ သူက ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေ၏။
နန်ချန်ခရီးစဉ်တွင် စူးထောင်တစ်ယောက်ထဲသာ အလုပ်များပိနေသည်မဟုတ် ရှဲ့ကျင်သည်လည်း ပို၍ အလုပ်ပိနေသည်။ ဒီတော့ ဘာလို့သူက ကျန်းချန်ကို သူမနဲ့အတူ ပြန်လာခဲ့တာလဲ။
အချိန်ခဏကြာပြီးနောက် စူးထောင်က သူ့ကိုမေးလိုက်၏။ " ရှင့်မှာ ဒီလောက်အလုပ်များနေတာ ဘာလို့ပေ့ချန်ကို တိုက်ရိုက်ပြန်မယ့် လေယာဉ်လက်မှတ်မဝယ်တာလဲ။"
"သေချာပေါက် ကျန်းချန်မှာ လုပ်စရာရှိလို့ပေါ့။" ရှဲ့သည်သည် ဖုန်းကနေ အကြည့်မရွေ့လာဘဲ ဒီအတိုင်း ပြောလာသည်။
"ကျန်းချန်မှာ ဘာသွားလုပ်မှာလဲ။"
ရှဲ့ကျင်သည် ဖုန်းမှအကြည့်ခွာကာ စူးထောင်ကိုကြည့်လာပြီး သူ၏နှုတ်ခမ်းထောင့်က ကွေးတက်သွားရင်း "ကိုယ့်ခရီးစဉ်အကြောင်း မင်းဆီတင်ပြပေးရမှာလား။ ဒါဆို WeChat မှာ ကိုယ့်ကို အရင်သူငယ်ချင်းလုပ်ပေး။"
စူးထောင်က သူမ၏အကြည့်ကို ရုတ်သိမ်းကာ သူ့ကိုလျစ်လျူရှုလိုက်တော့သည်။
စောင့်ဆိုင်းခန်းအပြင်ဘက်တွင် ရုတ်တရက် ရုန့်ရင်းဆန်ခတ်ဖြစ်သွားပြီး fan တော်တော်များများက စုံပြုံဝင်ရောက်လာကာ စက်သေနတ်ကဲ့သို့ ကင်မရာရိုက်သံ "ချလပ် ချလပ် ချလပ်"ကို တရစပ်ကြားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် လှည့်မကြည့်ဘဲနှင့် နာမည်ကြီးအနုပညာရှင်တစ်ယောက်ယောက် ဖြစ်ရမည်မှန်း စူးထောင်သိနေသည်။ သူမ မော့ကြည့်လိုက်သောအခါ လူအုပ်ကြားထဲရှိ ရင်းနှီးသော မျက်နှာတစ်ခုကြောင့် သူမအံ့အားသင့်သွားတော့သည်။
လူအုပ်အလည်မှာ အာရုံစိုက်တာအခံရဆုံးသူကတော့ ကုယိယန်ပါ။
သူသည် လျှာထိုးဦးထုပ်ကို မျက်လုံးဖုံးလုနီးပါး ဆောင်းထားပြီး mask တစ်ခုနှင့် မျက်မှန်တစ်လက် တပ်ထားကာ သူ၏သွင်ပြင်ကို တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားပြီး ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီဝတ်ဆင်ကာ ဝမ်ချီ၏ နံဘေးတွင် လမ်းလျှောက်လာနေ၏။
ဝမ်ချီက စူးထောင်ကို အရင်တွေ့သွားပြီး သူ့နံဘေးရှိကုယိယန်ကို တီးတိုးပြောလိုက်သည်။ သူ ချက်ချင်းပင် စူးထောင်ကို ကြည့်လာကာ သူမရှိရာသို့ လမ်းလျှောက်လာတော့သည်။
ကုယိယန်သည် mask နှင့် မျက်မှန်ကို ချွတ်လိုက်ပြီး ဦးထုပ်အနည်းငယ် ပင့်တင်ကာ မျက်နှာပေါ်တွင် အပြုံးကိုပြသလာရင်း "ကျဲ..."
လေဆိပ်စောင့်ဆိုင်းခန်းတွင် သားရေဆိုဖာလေးလုံးခုက အဝိုင်းပုံဖြစ်နေပြီး အလယ်တွင် စားပွဲဝိုင်းငယ်တစ်ခုရှိနေကာ ထိုပေါ်တွင် ကော်ဖီခွက် လေးခွက်တင်ထား၏။
ထိုအဝိုင်းပုံစံနေရာတွင် မျက်နှာမည်းမှောင်နေသော ရှဲ့ကျင်မှလွဲ၍ ကျန်လူများက အပြုံးကိုယ်စီဖြင့် စကားပြောနေကြသည်။
ကုယိယန်၏ fan များသည် တော်တော်လေးကို အပြုအမူကောင်းကြပြီး ဓာတ်ပုံရိုက်ရန် နီးနီးကပ်ကပ်စုပြုံမနေကြပေမယ့် ခပ်ဝေးဝေးတွင်လည်း ထိုင်မနေကြပေ။
ကုယိယန် တစ်ယောက် မကြာသေးခင်က အလုပ်များနေတာကြောင့်လား၊ တခြားအကြောင်းအရင်းကြောင့်လားတော့မသိ fan တွေဆီကနေ တချိန်လုံးဓာတ်ပုံအရိုက်ခံနေရတာကို သဘောမကျပေမယ့် ပြောလို့လည်းမရတာကြောင့် လွှတ်ထားပေးလိုက်ကာ တချိန်လုံးပြုံးမလာဘဲ အေးတိအေးစက်ဖြစ်နေ၏။
စူးထောင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်ရင်း mask တွေ မျက်မှန်တွေ ဖြုတ်လိုက်ရုံတင်မဟုတ် ပြုံးလည်းပြုံးပြလာပြီး သူ့အမူအရာက ပိုပြီးတောင် အသက်ဝင်လာသည်။
သူတို့၏စကားမှတဆင့် fan များက စူးထောင်၏ နာမည်ကို ကြားသွားကာ သူမ၏သရုပ်မှန်ကို ရှာဖွေခန့်မှန်းကြပြီးနောက် သူမက ကုယိယန်၏ မန်နေဂျာကြီးမှန်း သိသွားကြ၏။ ထို့ကြောင့် fanများက သူတို့၏ သတိထားနေမှုကို လျှော့ချလိုက်ကာ group chat ထဲတွင် စူးထောင်၏ အလှကိုပါ ချီးမွမ်းလာကြသည်။
group chat ထဲက fan girl တစ်ယောက် ရိုက်ယူထားသော ပုံကိုမြင်သွားသောအခါ သူတို့က ဓာတ်ပုံကို ဖြတ်ညှပ်ကပ်လုပ်ပြီး ရှဲ့ကျင်ရှိသည့် ဘက်ခြမ်းကို ချဲ့ထုတ်ကာ group chat ထဲအော်ဟစ်နေကြတော့သည်။ " အားး အားး အားး ဒီလူချောလေးက ဘယ်သူလဲ။"
ဝမ်ချီသည် ရှဲ့ကျင်၏ အမူအရာကို တိတ်တဆိတ် စူးစမ်းလိုက်၏။ ကြည့်ရတာ သူ့အမူအရာက မည်းမှောင်နေပေမယ့် ဘာစကားမှဝင်မပြောဘဲ သူ့ကိစ္စနဲ့သူ အလုပ်ရှုပ်နေသောကြောင့် သူမ မသိမသာ စိတ်သက်သာရာ ရသွားတော့သည်။
ကုယိယန်သည် နှစ်ယောက်သားကို အကြိမ်အနည်းငယ်လောက် စပ်စုစွာကြည့်နေပြီး စူးထောင်၏သတိပေးလိုသော အကြည့်အောက်တွင် သူ့အကြည့်ကို ရုတ်သိမ်းကာ မကျေမနပ်ပြောလာ၏။ "ကျဲ ကျွန်တော် နန်ချန်မှာ အလုပ်ရှိတယ်ဆိုတာ သိတယ်မလား။ ဘာလို့ ကျွန်တော့်ရိုက်ကွင်းနေရာကို လာမလည်တာလဲ။"
"မင်းရဲ့ရိုက်ကူးရေးက မနက်ဘက်လေ။ ဘာပဲဖြစ်ဖြစ်ငါရောက်လာမယ့် အချိန်လောက်ဆို ရိုက်ကူးရေးက ပြီးသွားလောက်ပြီ။" စူးထောင်သည် ကုယိယန်တစ်ယောက် သူ့ဆံစ သူသပ်နေတာကို မြင်လိုက်ရသောအခါ သူမအိတ်ထဲမှ မွန်ငယ်လေးကို ယူထုတ်ကာ ကမ်းပေးလိုက်ပြီး "အခု မင်းတို့က ရှိုးတစ်ခုမှာ ရိုက်ကူးရေးသွားလုပ်တော့မလို့လား။"
အဓိက ရုပ်သံတီဗီအစီအစဥ်ဌာနများက နှစ်လယ်ဈေးပွဲတော်အတွက် ပြင်ဆင်နေကြပြီး ကုယိယန်အား လျန်ချိန်TVမှ ရိုက်ကူးရေးလုပ်ပေးရန် ဖိတ်ကြားခဲ့သည်။ စူးထောင်သည် သူမလက်အောက်ရှိ အနုပညာရှင်များ၏ အချိန်ဇယားအားလုံးနီးပါးကို ပြောနိုင်၏။
ဝမ်ချီသည် အရင်က စူးထောင်သူမကို လုပ်ခိုင်းခဲ့သော ကျော်ကြားမှုအစီအစဉ်ကို ထုတ်ယူလိုက်ပြီး စူးထောင်အား ကမ်းပေးလိုက်ကာ တင်ပြလာပြသည်။"ထောင်ထောင် ဒီအစီအစဉ်က တို့လုပ်ထားတာ တစ်ချက်ကြည့်ပေးပါဦး။"
စူးထောင်သည် ထိုအရာကိုယူပြီး စစ်ဆေးကြည့်ပြီးနောက် သံသယစိတ်နှင့် မေးလိုက်၏။ "ဘာလို့ ရုပ်ရှင်နဲ့ TVဇာတ်လမ်းအတွက် စီစဉ်ထားတာတွေ မရှိတာလဲ။ ကုယိယန်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သူနဲ့ကိုက်ညီမယ့် ဇာတ်ညွန်းတွေအများကြီး ရှိတာကို တို့မှတ်မိပါတယ်။"
ဝမ်ချီက ရှက်သွားပြီး သူမက ကုယိယန်ကိုကြည့်ကာ ပြောလာသည်။"တို့ ဇာတ်ညွန်းနှစ်ခုတွေ့ခဲ့ပေမယ့် ယိယန်က မကြိုက်ဘူးတဲ့လေ။"
စူးထောင်သည် ကျန်းဝမ်ရွေးချယ်ထားသည့် ဇာတ်လမ်းတွဲနှစ်ခုကို ကြည့်ကာ ခေါးညိတ်ပြလိုက်ရင်း" ဒီဇာတ်ညွှန်းနှစ်ခုက သူနဲ့တော်တော့်လေးကို မသင့်တော်ဘူး။"
ကုယိယန်က ကျောက်ထောက်နောက်ခံ တွေ့သွားသလိုမျိုး ဝမ်ချီကို မျက်နှာချင်းဆိုင်လိုက်ကာ "ကြည့်ပါလား ကျွန်တော့်ကျဲက သဘောတူမှာ မဟုတ်ဘူးလို့ ပြောသားပဲ။"
ဝမ်ချီ၏အမူအရာမှာ မည်းမှောင်သွားပြီး အကြပ်အတည်းထဲ ကျရောက်နေသလိုမျိုး စူးထောင်ကို ပြောလာ၏။ "ဒါက တို့တွေရနိုင်တဲ့ ဇာတ်လမ်းထဲက အကောင်းဆုံးတွေပဲ။"
စူးထောင်သည် ညင်သာစွာ ပြုံးလိုက်ကာ "သူသဘောကျနေသရွေ့ အဆင်ပြေပါတယ်။ ကျန်တာကို တို့ကိုင်တွယ်လိုက်မယ်။"
ကုယိယန်၏ လေယာဉ် check-in လုပ်ရမယ့်အချိန်ကစောတဲ့အတွက် သူတို့ ထွက်သွားပြီးသည့်နောက်တွင် စောင့်ဆိုင်းခန်းက တော်တော်လေး တိတ်ဆိတ်သွားတော့သည်။"
စူးထောင်က ကျန်းချီကွမ်းဆီ ဖုန်းဆက်ကာ လက်ဆောင်ပေးဖို့ ရှေးဟောင်းဆေးပြင်းလိပ်ပုလင်း တစ်ပုလင်းကို ဝယ်ပေးရန်နှင့် သဘက်ခါမတိုင်မီ မေးလ်ပို့ပေးရန် တောင်းဆိုလိုက်၏။
သူမနံဘေးတွင် ထိုင်နေသော ရှဲ့ကျင်က ကွန်ပျူတာဖန်သားပြင်ကို ချောင်းကြည့်ပြီးနောက် WeChat တွင် စာအနည်းငယ် ရိုက်ထည့်ကာ ဝူရှဲ့ယွီထံ ပို့လိုက်သည်။
တစ်မိနစ်ပင်မကြာလိုက် ဝူရှဲ့ယွီက စာပြန်လာ၏။
ဝူရှဲ့ယွီ - "ကျွေ့မုန်လုံလား။ ကြည့်ရတာ ချန်ဖေ့ရုပ်ရှင်နဲ့TVဘက်က ထုတ်လုပ်ရိုက်ကူးမယ့် ဇာတ်လမ်းထင်တယ်။ ဒါပေမယ့် သူတို့ဘယ်ပလက်ဖောင်းနဲ့ပူးပေါင်းမှာလဲဆိုတာကိုတော့ ကျွန်တော်လည်း သေချာမသိဘူး။ဒီပရောဂျက်ကို ကျွန်တော့်တို့ဘက်က လက်လွှဲယူဖို့ အစီအစဉ်မရှိဘူး။"
ရှဲ့ကျင် - ဒါဆိုလည်း အခုကစပြီး စီစဉ်တော့ သေချာပေါက် ရအောင်လုပ်ရမယ်။"