ဘယ်သူမှရန်မစရဲဘူး
Vol. 107 Ch. 1489
ဆင်ခြင်အောက်မေ့ရမည့်အစား ဝေ့ရှဲကျူသည် ထိတ်လန့်သွားတော့ သည်။
တစ္ဆေမြို့တော်ဟုတ်လား။
အဲဒါက ဒဏ္ဍာရီလာနေရာမဟုတ်ဘူးလား။
ထိုနေရာသည် ဒဏ္ဍာရီလာနေရာတစ်ခုသာဖြစ်သော်လည်း သူမ အဆင့် လောက်ရှိသောသူသည် သူတို့နှင့်တွေ့လျှင် မပြစ်မှားသင့်ကြောင်းကို သိသည်။
“သခင်မကြီး”
ကိုယ်ရံတော်များသည် သူမဆီကိုအမြန်ပြေးလာကြကာ ရှီယိကို တိုက်ခိုက်ရန်ဟန်ပြင်လိုက်ကြသည်။
“ရပ်လိုက်ကြ”
ဝေ့ရှဲကျူသည် သူတို့ကို အမြန်အော်တားလိုက်သည်။ သူတို့သည် တစ္ဆေ မြို့တော်မှဖြစ်ကြသည်။ သူတို့ကို ဘယ်လိုလုပ် ရန်စရဲမလဲ။
“သခင်မကြီး” ကိုယ်ရံတော်များသည် အံ့ဩမှုများဖြင့် လှည့်လာကြ သည်။
သူတို့ သခင်မ၏ လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်မနေပေ။ သူမ ဒဏ်ရာရ လိုက်တာကို ဒေါသကို မျိုသိပ်ထားလိုက်တာလား။ ဒါက မယုံကြည်နိုင်လောက် စရာပဲ။
ဝေ့ရှဲကျူသည် မြေပြင်မှတွားသွားထပြီး သူတို့ကို ကြောက်လန့်တကြား ကြည့်လေသည်။ သူတို့ ဆက်တိုက်ခိုက်ရန် အစီအစဉ်မရှိသည်ကို မြင်သော အခါ သူမအနားမှလူများကို အမိန့်ပေးလိုက်သည် “သွားကြမယ်”
သူမ ကိုယ်ရံတော်များ အံ့ဩသွားသော်လည်း အမိန့်နာခံကာ သူမနှင့် အတူ ထွက်သွားလေသည်။
“ကြည့်ရတာက အဲလူတွေက တစ္ဆေမြို့တော်အကြောင်းသိတယ်ထင် တယ်” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“တခြားသူတွေ သိတာမသိတာကိုတော့ အတည်မပြုနိုင်ဘူး၊ ဒါပေမဲ့ အဲအမျိုးသမီးကတော့ သေချာပေါက်သိတယ်” ဝူလင်းယူပြောလေသည်။ “သူတို့ သရုပ်မှန်ကိုအခြေခံရင် တခြားသူတွေမသိတာတွေကို သူတို့သိထားမှာ ပဲ”
“ဟုတ်တယ် ဒါပေမဲ့ အစ်ကို၂ ဒီလိုလုပ်လိုက်တော့ တစ္ဆေမြို့တော် အကြောင်းပေါ်မသွားဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“ပေါ်သွားရင်လည်း ပေါ်ပါစေတော့၊ တစ္ဆေမြို့တော်က ဖုံးထားလို့ရတဲ့ နေရာမှမဟုတ်တာ” ရှီယိသည် ဂရုမစိုက်ပေ “ငါတို့က အပြင်လောကနဲ့ ဆက်သွယ်နေဖို့ ဘယ်တုန်းကမှဂရုစိုက်တာမဟုတ်ဘူး၊ အဲဒါကလည်း ငါတို့က ကြောက်နေတာမဟုတ်ဘူး၊ လူတိုင်းကအဲနေရာကိုဝင်နိုင်တာမဟုတ်ဘူးလေ မင်းလိုလူနည်းစုကသာ ကြိုကြားကြိုကြားရှိတာ”
“လတိုင်းက တစ္ဆေမြို့တော်ထဲမှာ ပိတ်မိနေကြမှာလဲမဟုတ်ဘူး ဟုတ်ပြီ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည် “အခုတော့ ယန်းရှီကိစ္စက ဖြေရှင်းပြီးပြီ လို့တွေးလိုက်ကြတာပေါ့”
“အင်း”
နောက်ရက်များတွင် ယန်းမျိုးနွယ်များ မလာကြတော့ပေ။ ဖန်နှင့် လီမျိုးနွယ်များလည်း ပေါ်မလာကြပေ။
ဝူလင်းယူ တစ်ခါပြောပြီးနောက်တွင် ဝင်သွားမည့်အကြောင်းကို ထပ်မပြောတော့ပေ။ သူသည် မကြာခဏ ပျောက်ပျောက်သွားတတ်သည်။
“ယူယူ ယူယူ” ရှီယူသည် အပြင်မှပြေးဝင်လာသည်။ ရှီမာယူယူ စာဖတ် နေသည်ကို သူမ မြင်သောအခါ ပြုံးပြီးပြေးလောသည်။ သူမသည် ဘေးတွင် ဝင်ထိုင်ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ကို ယူပြီးတစ်ကျိုက်သောက်လိုက်သည်။
“ဘာဖြစ်တာလဲ ဒီလောက်အလောတကြီးပြေးလာတာ” ရှီမာယူယူသည် ခေါင်းမော့ပြီး သူမကိုကြည့်လိုက်သည်။
“သူတို့ ယန်းရှီတို့ရဲ့ အလောင်းကိုတွေ့သွားကြပြီ” ရှီယူသည် လက်ဖက် ရည်သောက်ပြီးသည်နှင့် ပြောလေသည်။
“ရှာတွေ့သွားပြီလား” ရှီမာယူယူသည် အနည်းငယ် အံ့ဩနေသည်။ သူတို့ တကယ်ပဲရှာတွေ့သွားတာပဲ။ ကြည့်ရတာ ယန်းမျိုးနွယ်က လုပ်နိုင်စွမ်း ရှိတယ်ထင်တယ်။
“အင်း သူတို့အရိုးပဲကျန်တော့တယ်လို့ ပြောတယ်” ရှီယူ ပြောလေသည်။
“ဒါဆိုရင် သူတို့ဘာမှမပြောကြဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“သူတို့ဘာပြောနိုင်ဦးမှာလဲ၊ နောက်ဆုံးရလဒ်က ယန်းရှီတို့က သူတို့ ဘာသာဝင်သွားကြပြီး ဝိညာဉ်သားရဲတွေနဲ့တွေ့တော့ သူတို့ပဲ အားမကြီးလို့ အသတ်ခံလိုက်ရတယ်၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူးပဲ” ရှီယူသည် ပျော်ရွှင်စွာ ပြုံးနေ လေသည် “ငါပြောဦးမယ် အရယ်ရဆုံးက သူတို့အရိုးတွေကပြန့်ကျဲနေတာပဲတဲ့ ဘယ်သူ့အရိုးကဘယ်သူ့ဟာမှန်းတောင် မပြောနိုင်ဘူးဆိုပဲ”
“အချိန်တွေ ကြာသွားတာကိုး၊ သူတို့အကြွင်းအကျန်တွေ ရှိနေတာကိုက အံ့ဩဖို့ကောင်းနေပြီ” ရှီမာယူယူသည် ပေါ့ပါးစွာ ပြုံးလိုက်သည်။
“သူတို့ လမ်းမပျောက်ဘဲနဲ့ ဘယ်လိုမျိုးဝင်သွားနိုင်ကြတာလဲ” ရှီယူသည် ထိုအချက်ကို အနည်းငယ်နားမလည်နိုင်ဖြစ်နေသည်။
“ငါတို့ဝင်သွားတော့ အစပိုင်းတုန်းက အပြင်ပိုင်းမှာပဲ ပတ်သွားတာနဲ့ပဲ အချိန်ကုန်သွဦးတာလေ အဲဒါကြောင့် ဟိုအတွင်းထဲရောက်မသွားဘူး နောက်ကျတော့ ဦးတည်ဘက်မှားလျှောက်သွားတော့ လမ်းပျောက်သွားတာပဲ သူတို့ကကျတော့ ယန်းရှီတို့အလောင်းကို ရှာဖို့ပဲသွဦးကြတာလေ၊ အဲဒါကြောင့် အဲဒီမှာကြာကြာမနေကြဘူး၊ သူတို့လာရာလမ်းအတိုင်း ချက်ချင်းပြန်သွားမယ် ဆိုရင် လမ်းမပျောက်ဘူး” ရှီမာယူယူ ရှင်းပြလိုက်သည်။
“အဲတော့ လမ်းမပျောက်ဖို့ဆိုရင် ဦးတည်ဘက်ကို သိရမှာပေါ့” ရှီယူ ပြော လိုက်သည် “အထဲကိုသွားမယ်ဆိုရင် ဦးတည်ဘက်ကိုသိသရွေ့ လမ်းမပျောက် နိုင်ဘူး၊ အဲဒီမှာ ဝိညာဉ်ကိရိယာတွေ လမ်းညွှန်တာက သက်ရောက်မှုမရှိတာ တော့နှမြောစရာပဲ”
ရှီမာယူယူနှင့် တခြားသူများသည် အရင်ကကြိုးစားခဲ့ကြည့်သေးသည်။ သူတို့သည် အိမ်မြှောင်များကိုထုတ်ယူလိုက်သော်လည်း လက်တံများသည် မရပ်မနား လည်နေခဲ့သည်။ သူတို့သည် လမ်းကြာင်းကို ညွှန်မပြနိုင်ခဲ့ပေ။
“ဖြေရှင်းဖို့ နည်းလမ်းရှိမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“အင်း နည်းလမ်းရှိမယ်လို့ ငါလည်းထင်ပါတယ်၊ ငါ ထပ်သွားပြီး စမ်းကြည့်ဦးမယ် သတင်းရလာတာရှိရင် နင့်ကိုပြောလိုက်မယ်”
“ဟုတ်ပြီ သွားလိုက်”
ရှီယူနှင့် တခြားသူများ တစ္ဆေမြို့တော်မှထွက်လာသည့် သတင်းမှာ ပျံ့သွားပြီး အင်အားစုများသည် သူတို့ကိုရန်မစရန် သူတို့လူများကို ညွှန်ကြား ထားလေသည်။ အခုချိန်တွင် ရှီယူမည်သည့်နေရာတွင် ရောက်စေကာမူ သူမကို ပြဿနာရှာမည်ကို စိုးရိမ်ရန်မလိုတော့ပေ။ ထို့ကြောင့်ပင် သူမ၏ လုံခြုံရေးကို စိတ်ပူရန်မလိုတော့ပ။
ရှီယူ ထွက်သွားသည်နှင့် ရှီမာယူယူသည် ခေါင်းငုံ့ပြီး စာဆက်ဖတ်နေ လိုက်သည်။ သို့သော် သူမ စိတ်မငြိမ်ပေ။
အားနည်းတဲ့သူတွေ အဖိနှိပ်ခံရတဲ့ ဒီကမ္ဘာကြီးမှာ မသန်မာရင်တော့ သေချာပေါက် အနိုင်ကျင့်ခံရမှာပဲ။
ဝေ့ရှဲကျူ ထွက်သွားသည့်နေ့က သူမ ဒေါသပုံချလို့ရမည့် လူတချို့ကို လာရှာခဲ့သည်။ သူတို့နှင့် ဘာမှမဆိုင်သည့် အခြေအနေဖြစ်ကြောင်း အားလုံး သိသော်လည်း သူတို့ကိုအားနည်းသည်ဟုအထင်နှင့် ရောက်လာခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့်ပင် သူတို့သည် သူများအပြစ်ကို ခံပေးရသည်။
ထို့နေက ရှီယိတို့သာ သူတို့ကိုမတားပေးခဲ့လျှင် သူမ ဖြေရှင်းချင်လျှင် တောင် ခံရခက်စေမည်။
ထို့ကြောင့် သူမ သန်မာလာရမည်။
ထိုအချက်ကို စဉ်းစားကြည့်လျှင် ရှေးဟောင်းသတ္တုတွင်းသည် အရေးကြီး သည်ဟု ခံစားမိသည်။ သူမသာ တစ်ခုခုရလိုက်လျှင် သန်မာလာနိုင်သည်။
သို့သော် အရင်ဆုံး သူမ နည်းလမ်းစဉ်းစားရမည်။
တစ်ရက်ကြာသောအခါ ဝူလင်းယူ ပြန်လာသည်။ သူသည် ရှီမာယူယူကို တဲအပြင်သို့ တိတ်တဆိတ်ခေါ်ထုတ်လာသည်။
“ဘာဖြစ်လို့လဲ” သူ လျှို့ဝှက်နေသည်ကို မြင်သောအခါ ရှီမာယူယူ မေး လိုက်သည်။
“ကိုယ်တို့ ဝင်ကြမယ်” ဝူလင်းယူ ပြောလိုက်သည်။
“ကန္တာရထဲကိုလား” ရှီမာယူယူ အနည်းငယ် အံ့ဩသွားသည်။ ပြီးခဲ့သည့် တစ်ခေါက် သူပြောပြီးနောက်တွင် လတစ်ဝက်လုံးလုံး ထိုအကြောင်းကို ထပ် မပြောခဲ့ပေ။ ဘာလို့ရုတ်တရက်ကြီး သူမကိုခေါ်ပြီး ပြောလာတာလဲ။
“အင်း”
“သူတို့ကို မပြောတော့ဘူးလား”
“ဒီကအခြေအနေက မတည်ငြိမ်ဘူး၊ ကိုယ်မင်းကိုခေါ်သွားဖို့ ယုံကြည် ချက်ရှိတယ်၊ ဒါပေမဲ့ လူအရမ်းများရင် သူတို့ကို ဂရုစိုက်ပေးဖို့ ရုတ်တရက်ကြီး ကျမဖြစ်နိုင်ဘူး၊ သူတို့သေရင် မင်းဝမ်းနည်းမှာပဲလေ” ဝူလင်းယူ ပြောလိုက် သည်။
“သူတို့ကို မှတ်စုလေးထားခဲ့ဦးမယ်”
ရှီယူသိသည့်အချိန်တွင် ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ကန္တာရထဲသို့ ရောက်လေသည်။ သူတို့ လိုက်သွားချင်သော်လည်း လိုက်မှီရန်မဖြစ်နိုင်တော့ ပေ။
“ဒီကောင်မလေးကတော့ ငါဝင်လို့မရဘူးလို့ အသေအချာကြီး ပြောသွား သေးတာ သူမကိုတွေ့မှပဲ အရေခွံလှန်ပစ်ဦးမယ်” ရှီယူ ကြိမ်းမောင်းလေသည်။
တစ်ဖက်တွင် ရှီမာယူယူ ထိုသို့လုပ်သွားသည်ကို တော်သေးသည်ဟု ရှီယိ နှင့် ရှီဟွီတို့ ခံစားမိသည်။ ရှေးဟောင်းသတ္တုတွင်းတွင် မည်သည့်အရာရှိစေကာ မူ အမှောင်ဝိညာဉ်သခင်များနှင့် သက်ဆိုင်မှုမရှိပေ။ ထိုနေရာမှ ပစ္စည်းများ သည် အမှောင်အရည်အချင်းသခင်များအတွက် လုံးဝအသုံးမဝင်ပေ။ ထို့ကြောင့်ပင် သူတို့သည် ကန္တာရထဲသို့ဝင်မည့် စိတ်မရှိပေ။
အလွန်အန္တရာယ်များကာ အဓိပ္ပာယ်မရှိပေ။ ထို့ကြောင့် သူတို့ အပြင် ထွက်နေသည်က အကောင်းဆုံးပင်။
အစပိုင်းတွင် ရှီယူဝင်ချင်သဖြင့် သူမကို အဖော်ပြုရန်သာ သွားကြမည် ဖြစ်သည်။ အခု သူမသွားမရတော့သဖြင့် သူတို့ စိတ်သက်သာရာရစွာ သက်ပြင်းချမိကြသည်။
“စိတ်မဆိုးနဲ့လေ၊ သူမက ယာယီအသက်ကျောက်စိမ်းထားသွားတယ် မလား၊ အဲဒါမကွဲသရွေ့ ပြဿနာမရှိပါဘူး အဲဒါက သူမလုံခြုံတယ်လို့ သက်သေပြနေတာပဲ စိတ်မပူနဲ့” ရှီဟွီ ပြောလိုက်သည်။
“စိတ်ပူနေတယ်လို့ ဘယ်သူကပြောလို့လဲ ဟင်း သူမက ညီမကို တစ်ယောက်တည်းထားသွားပြီး သွားပျော်နေတာကို စိတ်မကောင်းဖြစ်နေ တာ” ရှီယူသည် အော်လေသည် “ဒီကောင်မလေးတော့ သူမကို မမြင်စေတာ ကောင်းမယ်”
“ဟတ်ချိုး”
ရှီမာယူယူသည် နှာခေါင်းပွတ်လိုက်သည် “ဟိုကောင်မလေးတော့ ငါ့ကို ကျိန်ဆဲနေတာဖြစ်မယ်၊ သူမကို ခေါ်သွားပြီးမကစားတာနဲ့ စောဒကတက်နေ မှာ၊ ဒီမှာ တမင်လုပ်တာ မဟုတ်လား”
***