ရွှမ်ချူးဟော်၏ ဖိတ်ကြားချက်
Vol. 107 Ch. 1490
“တမင်ဟုတ်လား ဘာကိုတမင်လုပ်လို့လဲ” ဝူလင်းယူသည် မေးခွန်းကို ရှောင်နေသည်။
“အစ်ကို့စွမ်းရည်နဲ့ဆိုရင် သူတို့ကိုကာကွယ်ဖို့ မဖြစ်နိုင်တာမဟုတ်ဘူး၊ သူတို့ကိုမလိုက်စေချင်တာမဟုတ်လား” ရှီမာယူဘူသည် အခုမှပင် တုံ့ပြန်နိုင် တော့သည်။
“ဟီးဟီး” ဝူလင်းယူသည် သဲ့သဲ့ရယ်လိုက်သည်။ သူ မငြင်းဆန်ပေ။
သူသည် ရှီယူ သူမကို တစ်ချိန်လုံးနေ့တိုင်း တွယ်ကပ်နေသည်ကို မကြိုက်ပေ။ ထိုသို့ဖြစ်လျှင် သူမနှင့် အချိန်အများစု နှစ်ယောက်တည်း မနေရ ပေ။ သူမလာလျှင်တောင် အသုံးမဝင်သည်ကိုပါ ထည့်ပေါင်းလိုက်လျှင် သူသည် သူမကို ထားပြီးအပြင်တွင်စောင့်ရနိုင်သည်။
သူမနှင့်အတူ အချိန်ကုန်ရတော့မည်ကို စဉ်းစားမိလျှင် ပျော်ရွှင်မှုကြောင့် ရင်များပင်ခုန်လာသည်။
သူသည် သူအရင်က မပေါင်းစပ်ခင်က သူမနှင့် တစ်နေကုန်နေရသည့် အပြင် သူမခံစားရသမျှကို လိုက်ခံစားရကာ အလိုရှိလျှင် သူမကို စောင့်ကြည့် နေနိုင်သည့် နေရက်များကို ပြန်တွေးမိသည်။ သို့သော် သူတို့ ပေါင်းစပ် ပြီးနောက်တွင် သူမနှင့်ရှိရသည့်အချိန်မှာ နည်းသွားသည်။
အခုတော့ သူတို့ကို ဟိုဟိုဒီဒီနှောင့်ယှက်မည့်သူမရှိတော့သဖြင့် နှစ်ယောက်သား အချိန်ကို ကောင်းကောင်းကုန်ဆုံးနိုင်တော့မည်။
သူ၏ ပျော်ရွှင်နေသော နှလုံးသားလေးသည် ပြိုကွဲသွားသည်မှာ တစ်ရက် ပင်မကြာလိုက်ပေ။
သူတို့ တဲထိုးရမည့်အချိန်အရောက်တွင် အကြည့်တစ်စုံကြောင့် သူမ သည် တဲတစ်ခုတည်းသာ ထိုးလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲ မှရေရွတ်လိုက်သည် ‘အရှက်မရှိဘဲ ချစ်စရာကောင်းအောင်လုပ်နေသေးတယ် ရေခဲတုံးကြီး နတ်ဆိုးဘုရင်က ဘယ်ရောက်သွားလို့လဲ’
သူမသည် သီးစုံရေခဲသုပ်တစ်ပန်းကန်ပြင်ဆင်ကာ တစ်ချိန်တည်းမှာပင် သူမအတွက်ပါ ထည့်ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် သားရဲပျံတစ်စု ပျံလာရာ ရှီမာယူယူသည် စီးလာသောသူ များကိုကြည့်လိုက်သည်။
“သူက ဒီကိုဘာလာလုပ်တာလဲ” ဝူလင်းယူ၏ အသံသည် အလွန်ပင် ဝမ်းနည်းနေသည်။
“သူလည်း ရှေးဟောင်းသတ္တုတွင်းဆီကို အမြန်ပြေးလာတာနေမှာပေါ့” ရှီမာယူယူသည် ယုံကြည်မှုရှိရှိပြောလိုက်သည်။
“ကိုယ်ပြောတာက ဒီမှာအိုအေစစ်တွေ အများကြီးရှိတာ၊ ဟိုဘက်တွေ မသွားဘဲ ဘာလို့ဒီတစ်ခုကိုလာတာလဲလို့” ဝူလင်းယူ၏ မျက်နှာထားမှာ စူပုပ် နေကာ တစ်ဖက်သို့ အကြည့်လွှဲလိုက်သည်။
ဘီးတပ်ကုလားထိုင်ပေါ်မှလူသည် ရှီမာယူယူကိုမြင်သောအခါ သူလည်း ပဲ အလွန်အံ့ဩသွားလေသည်။ သူသဲ့သဲ့ပြုံးပြီးပြောလိုက်သည် “တိုက်ဆိုင် လိုက်တာ မင်းကိုဒီမှာတွေ့ရမယ်လို့ ထင်မထားဘူး”
“တကယ်ပဲ တိုက်ဆိုင်တာပဲ” ရှီမာယူယူသည် ပြုံးပြီးခေါင်းညိတ်ပြလိုက် သည်။
“သခင်လေး ကျွန်တော်တို့ တဲတွေသွားပြင်ဆင်လိုက်ပါဦးမယ်” ရွှမ်ချူးဟော်အနောက်တွင်ရပ်နေသော ကိုယ်ရံတော်တစ်ယောက်သည် ပြော လိုက်သည်။
“သွားလိုက်” ရွှမ်ချူးဟော်သည် ခေါင်းညိတ်ပြပြီး ရှီမာယူယူဘက်လှည့် ကာပြောလိုက်သည် “မင်းတို့ ဒီရောက်တာကြာပြီလား”
“ညနေခင်းကပဲရောက်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့ အံ့ဖွယ်နယ်မြေမှာ နောက်ဆုံးတွေ့ခဲ့တာ အနှစ် ၂၀ တောင်မပြည့် သေးဘူး၊ အဲဒါပြီးတော့ မင်းဒီလောက် သန်မာလာမယ်လို့မထင်ထားဘူး” ရွှမ်ချူးဟော်သည် သူမ သန်မာပုံကိုမြင်သောအခါ အံ့ဩနေသည်။
ရှီမာယူယူ အံ့ဩသွားသည်။ ဝိညာဉ်စေတီကို သူမ၏ အကာအကွယ် အဖြစ်ထားသောကြောင့် သာမန်လူသည် သူမ မည်မျှသန်မာကြောင်းကို မပြော နိုင်ကြပေ။ သို့သော် ရွှမ်ချူးဟော်သည် တစ်ချက်တည်းကြည့်ရုံနှင့်သိနေသည်။ သူက အရမ်းသန်မာလို့လား မဟုတ်ရင် တခြားအကြောင်းအရင်းရှိနေလို့လား။
“စိုးရိမ်ဖို့မလိုပါဘူး ငါ့မှာမကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး” ရွှမ်ချူးဟော် ပြုံးလိုက်သည်။ သူ့အပြုံးသည် ထိုနှစ်ကအတိုင်း နွေးထွေးနေ တုန်းပင်။
ရှီမာယူယူ ခေါင်းညိတ်ပြီး သူ၏ ကြင်နာတတ်ပုံကို လက်ခံပြီးပြောလိုက် သည် “ဂုဏ်ပြုပါတယ် ရှင့်ရဲ့အမွေပစ္စည်းကို ဖယ်ရှားလိုက်နိုင်သွားပြီ”
“မင်း ဘယ်လိုလုပ်သိတာလဲ”
“အရင်တစ်ခေါက် တွေ့တုန်းကထက်စာရင် ရောင်ဝါကပိုပြီးတောင် ဖျော့သွားတယ်၊ ရှင် ဒုက္ခခံပြီး ကိုယ်ပိုင်ရောင်ဝါကို ထုတ်လွှတ်တာကြောင့်သာ မဟုတ်ရင် ရှင်နတ်ဘုရားဖြစ်သွားတယ်လို့ သူများတွေထင်သွားကြမယ် ထင် တယ်၊ ဒီလိုဖြစ်သွားတာက ရှင်က အမွေပစ္စည်းကို စွန့်ပစ်နိုင်လို့ကြောင့်ဖြစ် မယ်လို့ တွေးလိုက်တာပါ” ရှီမာယူယူ ပြန်ဖြေလေသည်။
“ဟားဟား မင်းကတော့ အမြဲတမ်းထက်မြက်နေတာပဲ” ရွှမ်ချူးဟော် ပြောလိုက်သည်။
“ယူယူ ကိုယ်တို့စားလို့ပြီးရင် ဝင်ရအောင်လေ” သူမ ရွှမ်ချူးဟော်ကို ပြုံးပြသည်ကို ဝူလင်းယူ မကြိုက်သဖြင့် တဲအတွင်းသို့ဝင်ချင်နေပြီဖြစ်သည်။
“ဒါက…” ရွှမ်ချူးဟော်သည် သူတို့နှစ်ယောက်လက်ကိုင်ထားသည်ကို မြင်ရပြီး သူ့အသံမှာ လူသတ်မည့်အတိုင်း မာထန်နေသည်ကို အာရုံခံမိသည်။
“သူက…”
“သူမရဲ့ ခင်ပွန်းလောင်းပါ” ဝူလင်းယူ ပြောလိုက်သည်။
“ဟုတ်လား” ရွှမ်ချူးဟော်သည် ပြုံးလိုက်သော်လည်း သူ့အပြုံးမှာ အနည်းငယ် အေးစက်နေသည်။
“သူက” ရှီမာယူယူ ပြောလိုက်သည် “သူက ဝူလင်းယူပါ”
“ဝူလင်းယူဟုတ်လား၊ ဒါဆိုရင် ပညာရှိစံအိမ်တော်က မြင့်မြတ်သော သားတော်ပေါ့ နှုတ်ဆက်တာနောက်ကျသွားပါတယ်”
“မလိုပါဘူး” ဝူလင်းယူ၏ တုံ့ပြန်ချက်မှာ ခံစားမှုကင်းနေသည်။
ရွှမ်ချူးဟော် မမြင်နိုင်သော်လည်း သူတို့သည် တစ်ယောက်နှင့် တစ်ယောက် မသိချင်ယောင်ဆောင်ကာ အဆင်မပြေသည့်အခြေအနေကို အဆုံးသတ်ရန် ပြောဆိုနေသည်ကို သေချာပေါက် သိထားသည်။
“ယူယူ မင်းပင်ပန်းနေပြီလို့ မပြောဘူးလား ဘာလို့အထဲဝင်ပြီးမနားတာ လဲ” ဝူလင်းယူသည် ရှီမာယူယူ၏ လက်ကိုဆွဲလိုက်သည်။
“ဟုတ်ပါပြီ” သူ့အတွေးကို ရှီမာယူယူ ဘယ်လိုလုပ်မသိဘဲနေမလဲ။ သူမ ရွှမ်ချူးဟော်ကို နှုတ်ဆက်ပြီးသည်နှင့် ဝူလင်းယူနှင့်အတူ အထဲသို့ဝင်ခဲ့လိုက် သည်။
ရွှမ်ချူးဟော်သည် မမြင်နိုင်သော်လည်း သူ၏ အံ့ဖွယ်အာရုံသည် သူ့ မျက်လုံးအတိုင်း လုပ်ဆောင်နိုင်သဖြင့် အခြေအနေကို ဦးနှောက်မှ ပြန်ပြောနိုင် နေသည်။
သူသည် သူတို့နှစ်ယောက် တဲသို့ဝင်သွားသည်ကို “စောင့်ကြည့်” ပြီး သူ သူမလက်ကိုကိုင်ထားသည်ကို “မြင်” နေရကာ သူမ၏ နူးညံ့သောအကြည့်ကို လည်း “မြင်” နေရသည်။
“သခင်လေး တဲတွေအသင့်ဖြစ်ပါပြီ မိုးမှောင်တော့မယ် ပြန်ပြီးနားသင့်ပါ ပြီ” ကိုယ်ရံတော်သည် သူ့ဘက်သို့လာကာ တဲသို့ပြန်ရန် ခေါ်သွားလေသည်။
နောက်နေ့မနက်တွင် ရှီမာယူယူနှင့်တခြားသူများသည် တဲများကို သိမ်း နေကြသည်။
ရွှမ်ချုံးဟော်သည် ဘီးတပ်ကုလားထိုင်ကိုတွန်းလာပြီး ပြောလေသည် “ကန္တာရက နားလည်ရခက်ပြီး အန္တရာယ်များတယ် ငါတို့တွေ့နေကြပြီဆိုတော့ ဘာလို့အတူမသွားရမှာလဲ”
“ဒါက… မကောင်းဘူးထင်တယ်” ရှီမာယူယူသည် သူ့ကို ငြင်းဆန်လိုက် သည်။
“ဘာကိုမကောင်းတာလဲ၊ အကုန်လုံးက ရှေးဟောင်းသတ္တုတွင်းကို သွား နေကြတယ်ဆိုတော့ ပန်းတိုင်အတူတူပဲလေ၊ အဲလိုဆိုမှတော့ အတူတူသွားလို့ ရတယ်၊ တစ်ယောက်နဲ့တစ်ယောက် ကူညီလို့တောင်ရသေးတယ်” ရွှမ်ချုံးဟော် ပြောလိုက်သည်။
“တစ်ခုခုဖြစ်ရင် ကျွန်မကရှင့်ကို ဆွဲချမိမှာစိုးတယ်” ရှီမာယူယူ ပြုံးလိုက် သည်။
“ပိုနက်နက်ဝင်လေလေ အန္တရာယ်များလေလေဖြစ်မှာပဲ” ရွှမ်ချုံးဟော် ပြောလိုက်သည် “ရွှမ်ချုံးဟော်မျိုးနွယ်ရဲ့ ဘိုးဘေးတွေက ကန္တာရကို လေ့လာ မှုတချို့လုပ်ခဲ့တယ် အဲဒါကြောင့် အထဲကအခြေအနေကို ကောင်းကောင်းလေး ဆုပ်ကိုင်ထားမိတယ်”
ဆိုလိုသည်မှာ သူသည် ရှေးဟောင်းသတ္တုတွင်း တည်နေရာကို သိနေ သည်။
ရှီမာယူယူသည် ရွှမ်ချုံးဟော်ကို ထူးဆန်းစွာကြည့်လိုက်သည်။
ရွှမ်ချုံးမျိုးနွယ်သည် ဤနေရာကို လေ့လာပြီးသားဖြစ်လိမ့်မည်ဟု သူမ ထင်မထားပေ။ ဒီမှာရတနာရှိတယ်ဆုတာကို သူတို့က သိထားပြီးသားလား။
“အဲလောက်အံ့ဩနေဖို့မလိုပါဘူး ရွှမ်ချုံးမျိုးနွယ်အပြင် တခြားမျိုးနွယ် တွေကလည်း ဒီနေရာကို လေ့လာထားပြီးသားပါ” ရွှမ်ချုံးဟော် ပြောလိုက် သည် “တခြားလျှို့ဝှက်မျိုးနွယ်တချို့လိုပဲလေ”
“ဘာလို့လဲ” ရှီမာယူယူ သိချင်သွားသည်။
ဒီနေရာက အစကတည်းက လူတွေကို မကြိုဆိုတာ လျှို့ဝှက်မျိုးနွယ် တွေက ဒီနေရာကို ဘယ်လိုလုပ်အစောကြီးလေ့လာထားနိုင်ရတာလဲ။
“အစောပိုင်းက ငါတို့လည်း အကြောင်းအရင်းကိုမသိကြဘူး၊ ငါတို့ ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းလာတယ်ဆိုတာပဲ သိကြတယ်၊ အခုတော့ သိသွားပြီ အရင်တုန်းကလေ့လာထားခဲ့တာက ဒီနေ့အတွက် ပြင်ဆင်မှုတွေ လုပ်ခဲ့တာဖြစ်နိုင်တယ်”
ရှီမာယူယူ နားလည်သွားသည်။ ထိုလျှို့ဝှက်မျိုးနွယ်များသည် ယခုလို သတင်းမျိုးကို သေချာပေါက် ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အချိန်အများ ကြီး သုံးကာ ကန္တာရကိုလေ့လာရန် စွမ်းအင်များသုံးခဲ့ခြင်းဖြစ်မည်။ မဟုတ်လျှင် ဘိုးဘေးများသည် ဤနေရာတွင် ရတနာရှိသည်ဆိုသည့် စကား လုံးများ ဆင်းသက်လာခြင်းဖြစ်နိုင်သည်။
“ဘယ်နေရာတွေမှာ အားကောင်းတဲ့သားရဲတွေရှိတယ်ဆိုတာကို သိကြ တယ်၊ ပြီးတော့ ရှေးဟောင်းသတ္တုတွင်း ရှိနိုင်ချေများတဲ့နေရာကို ခွဲထုတ်နိုင်ခဲ့ ကြတယ် အဲတော့ ကျွန်တော်တို့နဲ့ လိုက်ဖို့ဆန္ဒရှိလား” ရွှမ်ချူးဟော်သည် သူမ ကို ထပ်မံဖိတ်ကြားပြန်သည်။
ရှီမာယူယူ တွေဝေသွားသည်။ သူတို့ရှိလျှင် ဝူလင်းယူနှင့် သူမတို့သည် အချိန်ကုန်သက်သာသွားမည်။ အရေးအကြီးဆုံးမှာ သူတို့မသိထားသည့် သတ္တုတွင်းနေရာကို သူ ယေဘုယျသိထားသည်။
“ကျွန်မတို့ကို ဘာလို့ရှင်တို့နဲ့အတူ ခေါ်သွားချင်တာလဲ” သူမ မသေချာ ပေ။ လူအများစုသည် လူနည်းနည်းနှင့်သာ ဝင်သွားလိုကြသည်မဟုတ်ပါလား။
“ကျွန်တော်တို့က သူငယ်ချင်းတွေလေ၊ ဒီမှာတွေ့မှတော့ အတူပါဝင်ဖို့ကို ဘာများအထူးအကြောင်းပြချက်လိုဦးမှာလဲ” ရွှမ်ချုံးဟော် ပြုံးလိုက်သည်။
“ဒါဆိုရင် ကျွန်မတို့ ရှင့်ကိုပဲဒုက္ခပေးရတော့မှာပဲ” ဆိုလိုသည်မှာ သူတို့ နှင့်အတူသွားရန် သဘောတူလိုက်ခြင်းဖြစ်သည်။
***