← Chapters

လျှို့ဝှက်မျိုးနွယ်တုန်လိုင်

Vol. 107 Ch. 1491

လျှို့ဝှက်မျိုးနွယ်တုန်လိုင်

Vol. 107 Ch. 1491

သူတို့ထွက်သွားပြီး ရက်အနည်းငယ်အကြာတွင် ရှီမာယူယူသည် ရွှမ်ချုံး မျိုးနွယ်မှ ကန္တာရကို လေ့လာခဲ့သည်ဆိုသည့် ရွှမ်ချုံးဟော်ပြောသည့်စကားကို ယုံလာသည်။ အကြောင်းမှာ သူတို့ ကြာရှည်စွာလျှောက်လာသော်လည်း ဝိညာဉ်သားရဲအနည်းငယ်ကိုသာ တွေ့ကြသည်။ ထို့အပြင် ထိုသားရဲများသည် အားကြီးသော အမျိုးအစားများမဟုတ်ကြပေ။

ညနေရောက်သောအခါ အိုအေစစ်တစ်ခုကိုတွေ့ရာ အနားယူကြလေ သည်။

ကန္တာရအတွင်းတွင် သူတို့ အိုအေစစ်ကိုရှာမတွေ့ခဲ့ပါက နားရန်မရပ်ကြ ပေ။ အကြောင်းမှာ သူတို့အဝါရောင်သဲများပေါ်တွင် နားလိုက်ပါက မည်သည့် အချိန်တွင် သဲများ၏ ဝါးမျိုခြင်းကိုခံရမည်ကို မသိနိုင်သောကြောင့်ဖြစ်သည်။

အိုအေစစ်တွင် အရင်လူများ စခန်းချခဲ့သည့် အရိပ်အယောင်များတွေ့ရ လေသည်။

“ငါတို့အရင် ဒီကိုရောက်လာတဲ့သူတွေရှိတယ်ထင်တယ်”

ရွှမ်ချုံးဟော်သည် စခန်းချခဲ့သောလူများ၏ သဲလွန်စများရှိသည့်နေရာကို ဟိုဟိုဒီဒီ ဘီးတပ်ကုလားထိုင်ဖြင့် တွန်းသွားနေသည်။ သူ လက်တစ်ချက်ဝှေ့ လိုက်သည်နှင့် အသုံးပြုထားသော တဲငုတ်တိုသည် သူ့လက်ပေါ်ရောက်လာ သည်။

သူ အနံ့ခံကြည့်ပြီး ပြောလိုက်သည် “တုန်လိုင်မျိုးနွယ်ပဲ”

“သူတို့က ငါတို့ရောက်တာထက်တောင် စောရောက်နေတာပဲ” ရွှမ်ချုံးဟော်နှင့် အတူပါလာသော သက်လတ်ပိုင်းအရွယ်ဖြစ်ပုံရသောသူသည် နားမလည်စွာဖြင့် ပြောလိုက်သည်။

“ဒါက မထူးဆန်းပါဘူး” ရွှမ်ချုံးဟော်သည် တဲငုတ်တိုကိုပစ်လိုက်သည်။ ပြီးနောက် ပိုးသားလက်ကိုင်ပုဝါထုတ်ပြီး လက်သုတ်လိုက်သည် “တုန်လိုင် မျိုးနွယ်က ဒီလိုကိစ္စတွေကို အမြဲတမ်းစွဲလမ်းနေတာပဲ၊ သူတို့သိပြီဆိုတာနဲ့ သေချာပေါက် ရောက်လာမှာပဲ၊ သူမလည်း ဒီကိုရောက်နေပြီလား မသိဘူး”

“သခင်မလေးလိုင်လီလား”

“အင်း သူမ ရောက်လာတယ်ဆိုရင် ဒီအခြေအနေက ပိုပြီးဒုက္ခရောက် တော့မယ်” ရွှမ်ချုံးဟော် ပြောလိုက်သည်။

“သခင်မလေးလိုင်လီက အရမ်းအားကောင်းတာလား”

“သူမမှာ ကောင်းကင်က ကောင်းချီးပေးတဲ့ အခြေအနေတွေရှိတယ်” ရွှမ်ချုံးဟော် ပြောလိုက်သည်။

“အဲဆိုဆိုရင် သူတို့ထက်ရှေ့ရောက်အောင် အမြန်သွားကြမလား”

“မလိုဘူး” ရွှမ်ချုံးဟော်သည် လုံးဝစိတ်မပူပေ “အရင်ရောက်တဲ့သူက အရင်ရမှာမျိုးမဟုတ်ဘူး၊ ငါတို့စိတ်ပူဖို့မလိုဘူး အစီအစဉ်အတိုင်းပဲ ဆက်သွား သင့်တယ်၊ ငါတို့အလောကြီးလိုက်ရင် ပိုပြီးစွန့်စားရလိမ့်မယ်၊ အားလုံးကို အနားယူဖို့ ညွှန်ကြားလိုက်”

“ဟုတ်ကဲ့ပါ သခင်လေး”

ရှီမာယူယူနှင့် ဝူလင်းယူတို့ လျှောက်လာကြသည်။

“ရွှမ်ချုံးဟော် တုန်လိုင်မျိုးနွယ်က လျှို့ဝှက်မျိုးနွယ်ပဲလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် ငါတို့မျိုးနွယ်ရဲ့ မိသားစုသူငယ်ချင်းလို့တောင်ပြောလို့ရ တယ်” ရွှမ်ချုံးဟော် ပြောလိုက်သည်။

“တုန်လိုင်လီမှာ ကောင်းကင်က ကောင်းချီးပေးတဲ့အခြေအနေတွေရှိ တယ်လို့ ရှင်ပြောလိုက်တယ်မလား ဘာကိုပြောချင်တာလဲ” ရှီမာယူယူသည် သိချင်သွားသည်။ ရွှမ်ချုံးဟော်တောင်မှ သူကို အရေးကြီးတဲ့လူအဖြစ် မြင်ရ အောင် ဘယ်လောက်တောင် အားကောင်းလို့လဲ။

“မွေးရာပါ ပါရမီရှင် ရှာဖွေသူဝိညာဉ်သခင် အရင်ကတွေ့ဖူးလား”

“မွေးရာပါ ပါရမီရှင် ရှာဖွေသူဝိညာဉ်သခင်ဟုတ်လား” ရှီမာယူယူ အံ့ဩ သွားသည်။ သူမ ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ဟုတ်တယ် သူမ ငါးနှစ်အရွယ်တုန်းက သတ္တုတွင်းကို အာရုံခံနိုင်ခဲ့တယ် အရွယ်ရောက်လာတော့ သူမ ဝိညာဉ်က သတ္တုတွင်းတွေကို ပိုပြီးအာရုံခံနိုင်လာ တယ်၊ နောက်တော့ သူမ ပိုလေ့လာလိုက်တော့ သူမရဲ့အောင်မြင်မှုနှုန်းက ၉၀ ရာခိုင်နှုန်းလောက်ထိ တက်လာတယ်”

ရှီမာယူယူ အံ့ဩမိသည်။ အောင်မြင်မှု ၉၀ ရာခိုင်နှုန်း… သူမသာ ဝိညာဉ် အရင်းအမြစ်များကို မရှာဖွေနိုင်ပါက ဂဏန်းကိုကြားလိုက်သည်နှင့် မေ့လဲသွား နိုင်သည်။

ထိုကဲ့သို့လူမျိုးသည် အမှန်တကယ်ပင် ရွှမ်ချုံးဟော်၏ ပြိုင်ဘက်ဖြစ်ရန် ထိုက်တန်သည်။

“သူတို့သတ္တုတွင်းကို ဝင်လာတာနဲ့ သူမရှိနေရင် မြေကြီးပေါ်က သူတို့ အတွက်က ကျောက်တုံးကို ကောက်လိုက်တာနဲ့အတူတူပဲ” ရွှမ်ချုံးဟော် ပြော လိုက်သည်။

“ဒါဆို ရှင်က ဘာလို့စိတ်မပူတာလဲ”

ရွှမ်ချုံးဟော် ပြုံးလိုက်သည်။ “ဘာများစိတ်ပူစရာလိုလို့လဲ၊ ဝင်ဖို့လည်း မလွယ်ဘူလေ အဲလိုဆိုရင် စစ်မှန်တဲ့ တန်ဖိုးရှိပစ္စည်းမှာ သူ့ရဲ့ရေစက်ပါတဲ့ ပိုင်ရှင်ရှိမှာပဲ၊ ဒါက ကောင်းကင်ကချမှတ်ထားတာပဲ”

“ကောင်းကင်က ချမှတ်ထားတာဟုတ်လား”

ရှီမာယူယူ မှင်တက်သွားသည်။ သူ ထိုအတိုင်းစဉ်းစားလိမ့်မည်ဟု သူမ ထင်မထားပေ။

ကောင်းကင်မှ ချမှတ်ပေးထားသည်နှင့် ယှဉ်လျှင် လူတစ်ယောက်၏ ကံတရားသည် သူကိုယ်တိုင် ကြိုးစားအားထုတ်မှုအပေါ် မူတည်သည်ဟု သူမ ယုံကြည်သည်။

ရွှမ်ချုံးဟော်သည် သူမအတွေးကိုနားသည်ပုံပေါက်ကာ ပြောလေသည် “မင်းပိုင်ဆိုင်တာတွေက မင်းကိုယ်တိုင်လက်နဲ့ ရခဲ့တယ်လို့ထင်ထား”

မဟုတ်ဘူးလား။

အဖြေမှာ မှားသည်ဆိုသည်ကိုတော့ ရှီမာယူယူလည်းသိသည်။

သူမသာ ကိုယ်ပိုင်စွမ်းအားကြောင့် ရခဲ့သည်ဆိုရင် ဒီလိုကံကောင်းမှု အများကြီးတွေ့ဆုံဖို့ဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ရင်ဆိုင်ရသည့် ကိစ္စများသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ရင်လန်နှင့် တခြားသူများ ပြောသည်ကို သူမ ကြားဖူးသည်။ သူမ ကံသည် အကောင်းဆုံးဖြစ်သည်လား မဟုတ်လျှင် ကောင်းသည်ဟုပြောရသည့်အဆင့် လားဆိုသည်ကို သူမ သိချင်သည်။ ဆိုလိုသည်မှာ သူမသည် တခြားသူများတွင် မရှိသည့် တာဝန်ယူမှုတချို့ကို ယူထားရသည်။

အရှေ့မျှတမှုမြို့တော်ကကိစ္စကဲ့သို့ သူမသည် တစ္မေမျိုးနွယ်၏ အားထုတ်မှုကို တားဆီးကာ လူသားများအပေါ်ကျရောက်မည့် ဘေးဒုက္ခကို ကာကွယ်ပေးခဲ့ရသည်။

ထိုကနေမှ တစ္ဆေမျိုးနွယ်၏ အင်အားစုများမှ အမုန်းတရားများကို ရခဲ့ သည်ဆိုပါက သူမ တစ္ဆေလောကသို့သွားချိန် နောက်အနာဂတ်တွင် သူမကို ပြဿနာများစွာ ယူဆောင်လာပေးတော့မည်။

ထိုသည်မှာ သူမ တာဝန်ယူရသည့်ကိစ္စများ၏ ရလဒ်ပင်ဖြစ်သည်။

သူမ အတွေးထဲနှစ်မြောပြီးနောက်တွင် ပြုံးလိုက်သည် “အဲတော့ ကျွန်မ လည်း အကျိုးအမြတ်ရထားတယ်လို့ ပြောတာလား”

“အကျိုးအမြတ်ရထားတယ်ပဲပြောပြော နောက်ဆုံးထိ အတိအကျကို ဘယ်သူမှမသိနိုင်ဘူးလေ”

ရှီမာယူယူ သူ့ကိုကြည့်လိုက်သည်။ သူ့စကားများနောက်ကွယ်တွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်များရှိသည်ဟု သူမ ခံစားမိသည်။ သို့သော် သူ ထပ်မပြောတော့ပေ။

သူမ တဲဆီသို့ပြန်ချိန်တွင် ထိုအကြောင်းကို ဆက်တွေးနေမိသည်။ ဝူလင်းယူသည် သူမ ပုခုံးကိုကိုင်ပြီး ပြောလိုက်သည် “အဲလိုပြောတာတွေကို မင်းစိတ်ထဲထားဖို့မလိုပါဘူး ရေစက်ပါလာရင် မင်းအပိုင်ဖြစ်မှာပဲ၊ ရေစက်မပါ ရင်တော့ မင်းလုံးဝ ဖိအားပေးလို့မရဘူး၊ အခုတော့ အများကြီးစဉ်းစားနေဖို့ မလိုဘူး”

“ညီမဘာရမယ်ဆိုတာကို စဉ်းစားနေတာမဟုတ်ဘူး၊ ဒီအတိုင်းပဲ ရွှမ်ချုံးဟော်ရဲ့ စကားတွေက နည်းနည်းထူးဆန်းတယ်လို့ ခံစားမိလို့ သူက တစ်ခုခုကိုဖုံးကွယ်ထားသလိုပဲ”

“သူက စကားကို ထူးထူးဆန်းဆန်းပြောတတ်တဲ့ လူထူးဆန်းကြီးပဲ ဘာတွေ သိချင်ဖို့လိုလို့လဲ” ဝူလင်းယူသည် သူမ သူ့အကြောင်းတွေးနေသည်ကို စိတ်မပျော်ပေ။

“သူက ဘယ်အပိုင်းက ထူးဆန်းနေလို့လဲ” ရှီမာယူယူ သူ့ကိုစိုက်ကြည့် လိုက်သည်။ ဒီသဝန်တိုတဲ့လူကြီးကတော့… သူမ လူတစ်ယောက်ကို နှစ်ခါ ထက်ပိုကြည့်လိုက်လျှင် ထိုလူကို လူဆိုးဟု သူ စဉ်းစားလိုက်ပြီဖြစ်သည်။

“ကိုယ်က သူ့ကို ဆန့်ကျင်ပြီးပြောနေတာမဟုတ်ဘူး သူ့ရောင်ဝါက တကယ်ထူးဆန်းတယ်”

“ဟုတ်လား ဒါဆိုရင် ညီမကဘာလို့မပြောနိုင်ရတာလဲ” ရှီမာယူယူသည် သူ့ကိုမယုံပေ။

“ဘာလို့လဲဆိုတော့ မင်းကမသန်မာသေးလို့လေ”

“…”

ရှီမာယူယူ သူ့ကိုလျစ်လျူရှုလိုက်သည်။ ဒီလူကတော့ သူတို့ဝိညာဉ်စေတီ မှာပထမဆုံးတွေ့ကတည်းက သူမကို အားနည်းတယ်လို့ပြောခဲ့တယ်။ သူတို့က ဘယ်လိုလုပ် ပျော်ပျော်ကြီးပြောနိုင်ရတာလဲ။

ဝူလင်းယူသည် ထိုအကြောင်းကို ဆက်မပြောတော့ပေ။

သူသည် ရွှမ်ချုံးဟော်ကို ထူးဆန်းသည်ဟု ပြောသည်မှာ သူ့ကိုမကြိုက် သောကြောင့်မဟုတ်ဘဲ အမှန်တကယ် ခံစားရသောကြောင့်ဖြစ်သည်။

သူသည် မြင့်မြတ်သောသားတော် တစ်ယောက်အနေနှင့် ပုံမှန်ထက် ဟန်ဆောင်နေသည်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ သို့သော် သူသည် မကောင်းသည့် စိတ်များကိုသာ အာရုံခံနိုင်သည်။

ထိုအာရုံခံနိုင်စွမ်းသည် သူ့ကို အနည်းငယ် နေရခက်စေသည်။

သို့သော် သူပြောသည်မှာ အမှန်ပင်ဖြစ်သည်။ အားနည်းသူများသည် ထို အရာကို မသိကြပေ။

“သူ့ကို အံ့ဖွယ်ဆေးအကြောင်းမေးမှာလား”

ရှီမာယူယူ တွေဝေသွားသည်။ အံ့ဖွယ်ဆေးအကြောင်းကို သူအရင်က ပြောဖူးသည်။ အကယ်၍ ပြန်လည်မွေးဖွားခြင်းမီးတောက်သာ ရွှမ်ချုံးမျိုးနွယ် တွင်မရှိပါက အနည်းဆုံးတော့ ရှိသည့်နေရာကို ရွှမ်ချုံးမျိုးနွယ်ဝင်များ သိကြ မည်။

မေးရမလား မမေးရဘူးလား။

“အခြေအနေပေါ်မူတည်ပြီးမှ ထပ်ပြောကြတာပေါ့” သူမ အနည်းငယ် စဉ်းစာပြီးနောက် “အခုမေးဖို့က အချိန်ကောင်းမဟုတ်သေးဘူး”

“ဘာတွေစဉ်းစားနေတာလဲ”

“ပြန်လည်မွေးဖွားခြင်းမီးတောက်က တကယ်ပဲရွှမ်ချုံးမျိုးနွယ်မှာရှိရင် သူ့ခြေထောက်ကို ကုပေးဖို့နဲ့ အလဲအလှယ်လုပ်မယ်၊ သူ့ဆီမှာမရှိရင် တခြား အကြံကိုစဉ်းစားရမယ်”

“မင်းမှာ ယုံကြည်ချက်ရှိလား”

“သူ့ကို အရင်ကစမ်းသပ်ဖူးတယ်၊ အကြောင်းအရင်းကိုသိပေမဲ့ မသန်မာ သေးလို့ သူ့ကိုကုလို့မရခဲ့တာ၊ အခုတော့ အောင်မြင်ဖို့ အခွင့်အရေးတစ်ဝက်ရှိ တယ်”

“မလောက်သေးဘူး၊ ရွှမ်ချုံးမျိုးနွယ်က သူ့အသက်ကို အလောင်းအစား လုပ်မှာမဟုတ်ဘူး” ဝူလင်းယူသည် ရွှမ်ချုံးမျိုးနွယ်ကို ကောင်းစွာနားလည် သည်။

ရှီမာယူယူ သဘောပေါက်သည်။ သူမသာ ရွှမ်ချုံးဟော်ကို ကုသနိင်ပါက သူတို့ သေချာပေါက် ဝမ်းသာမည်။ သို့သော် မကုသနိုင်ပါက သူမသည် မျိုးနွယ် ၏ အပြစ်သားဖြစ်သွားမည်။

မဟုတ်ဘူး အမှန်က သူမ ယုံကြည့်မှုမှရိရင် သူမကို စမ်းကြည့်ခိုင်းမှာ တောင်မဟုတ်ဘူး။ ရွှမ်ချုံးဟော်လို ပါရမီရှင်တစ်ယောက် ဆုံးရှုံးသွားရင် ဘယ်သူက နောက်ထပ်ရွှမ်ချုံးဟော်ကို ပြန်မွေးပေးမှာလဲ။ အဲဒါကြောင့် ဒီ စွန့်စားမှုကို မလုပ်သင့်ဘူး။

အောင်မြင်မှုအခွင့်အရေး ၅၀ ရာခိုင်နှုန်းက မလောက်သေးဘူး။ သူမ ပို သန်မာမှဖြစ်မယ်။ အဲမတိုင်ခင်ကို သူ့လက်ရှိအခြေအနေကို အရင်နားလည် အောင်လုပ်ရမယ်။

သည်လိုနှင့် ထိုညတွင် သူမသည် သူ့တံခါးကို အပြေးသွားခေါက်လေသည်….

***

All Chapters