← Chapters

သူမအားကို အထင်သေးပြန်ပြီ

Vol. 107 Ch. 1492

သူမအားကို အထင်သေးပြန်ပြီ

Vol. 107 Ch. 1492

နောက်နေ့မနက်တွင် ရှီမာယူယူ ရွှမ်ချုံးဟော်တဲမှထွက်လာသည်ကို မြင် သောအခါ ရွှမ်ချုံးမျိုးနွယ်ဝင်များသည် ထူးဆန်းသောအကြည့်များဖြင့်ကြည့်နေ ကြလေသည်။

သူတို့ သခင်လေးက လွယ်လွယ်နဲ့လှုပ်ရှားလို့မရဘူး။ သူမက သူ့ကို တစ်ခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မှာလဲ။

နောက်ပိုင်း ရွှမ်ချုံးဟော်နှင့်အတူ သူ့၏ကိုယ်ရံတော်ကိုမြင်မှပင် ထိုထူးဆန်းသည့်အကြည့်များပျောက်သွားကြလေသည်။

သူမ တစ်ခုခုလုပ်ရင်တောင် ကိုယ်ရံတော်က လုပ်ခွင့်ပေးမှာမဟုတ်ဘူး လေ။

“သခင်လေး” အားလုံးသည် သူ့ကိုစိုးရိမ်တကြီးကြည့်ကြလေသည်။

“ထွက်ဖို့ပြင်တော့” ရွှမ်ချုံးဟော်သည် ပြီးခဲ့သည့်ညကအဖြစ်အပျက်ကို သူတို့ကို ပေးသိရန် အစီအစဉ်မရှိဘဲ ထိုညွှန်ကြားချက်ကိုသာ ပေးလေသည်။

“နားလည်ပါပြီ”

ရွှမ်ချုံးမျိုးနွယ်မှ အကြီးဆုံးအကြီးအကဲဖြစ်သူ ရွှမ်ချုံးကျိသည် သည်တစ် ခေါက်တွင် လုပ်ငန်းဆောင်တာများကို တာဝန်ယူထားသည်။ သူသည် ရွှမ်ချုံးဟော်၏ လုံခြုံရေးနှင့် လမ်းတစ်လျှောက် ပြဿနာတစ်စုံတစ်ရာမဖြစ် ရေးကို တာဝန်ယူထားသည်။ သူသည် ရွှမ်ချုံးဟော်၏ ညွှန်ကြားချက်တစ်ခုကို သာ နားထောင်သည်။

“မင်းတို့ တဲတွေသိမ်းလိုက်ကြတော့” ရွှမ်ချုံးဟော်သည် သူ့ကိုယ်ရံတော် များကို အမိန့်ပေးလိုက်သည်။

“အကြီးအကဲကျိ သခင်လေး သူ…”

“မင်းတို့တွေ ညည်းတွားနေလိုက်ကြတာများ ကြည့်ဦး၊ သခင်လေးကိစ္စ က မင်းတို့မေးရမယ့်ဟာလား၊ ပစ္စည်းတွေမြန်မြန်သိမ်းကြ” ရွှမ်ချုံးကျိသည် ကိုယ်ရံတော်၏ခေါင်းကိုရိုက်ကာ အမိန့်ပေးလိုက်သည်။

“အကြီးအကဲကျိ မသိချင်ဘူးလား”

“ဘာကို သိချင်ရမှာလဲ” ရွှမ်ချုံးကျိ သူ့ကိုစိုက်ကြည့်လေသည် “မင်း မလုပ်သေးရင် ကန္တာရထဲပစ်ချလိုက်တော့မှာ”

ထိုလူများသည် လန့်သွားကာ တဲများကို ချက်ချင်းပင် သိမ်းဆည်းလေ သည်။

ရှီမာယူယူ ထိုဘက်မှ လှုပ်ရှားမှုကို ကြားသောအခါ နှုတ်ခမ်းတွန့်လိုက် သည်။ ရွှမ်ချုံးမျိုးနွယ်က ကိုယ်ရံတော်တွေကလည်း အတွေးပင်လယ်ထဲရောက် ကြတာပဲ။

သူတို့ သခင်လေးအတွက်လား။

တွန့်တိုသည်ကိုပြောရလျှင် သူ့ကိုနှစ်ပိုင်းပိုင်းချင်သူမှာ ဝူလင်းယူ အရင် ဆုံးဖြစ်လိမ့်မည်။

သူမသည် သူ့ကို စောစီးစွာ ကုသနိုင်ရန်ကိုတွေးခဲ့ပြီး သူ့ခန္ဓာကိုယ်ကို စမ်းသပ်မည်ဟုဆင်ခြေကိုသုံးခြင်းဖြစ်သည်။ ယခုအချိန်မှတော့ သူ့အခြေအနေကို ကြည့်ချင်၍သွားခြင်းးဖြစ်သည်။

ရွှမ်ချုံးဟော်သည် သူ့ကိုစစ်ဆေးရန်ခွင့်ပြုကာ ဘေးမှကိုယ်ရံတော်များ သည် ချက်ချင်းပင် စမ်းသပ်မှုရလဒ်ကိုမေးခဲ့ကြသည်။

“ကျွန်မပြန်သွားပြီး ပိုလေ့လာရဦးမယ်” ရှီမာယူယူသည် တိကျသော ရှင်းပြချက်ကိုမပြောဘဲ မေးခွန်းကို ရှောင်ရှားလိုက်သည်။

သူ့ကို ကုသနိုင်တယ်လို့ ယုံကြည်ချက်ရှိရှိပြောပြီးမှ မကုသနိုင်ရင် သူတို့ ကို မျှော်လင့်ချက်အမှားပေးလိုက်တာ မဟုတ်ဘူးလား။

ရွှမ်ချုံးဟော်သည် သဲ့သဲ့ပြုံးလိုက်သည် “မလောပါဘူး”

ရှီမာယူယူသည် သူ၏ တည်ငြိမ်မှုနှင့် အလောမကြီးပုံကို တွေ့လိုက်ရ သည်။ သို့သော် သူ စိတ်ပျက်သွားမည်ဆိုသည်ကို သိသည်။ သူ့တွင် မျှော်လင့် ချက်မရှိသဖြင့် ရလဒ်ကိုလည်း စိတ်ထဲမထားခြင်းဖြစ်သည်။

သူ့မျက်လုံးများမှာ အလင်းမရှိသည်ကို ကြည့်ပြီး သူ့ကိုသေချာပေါက်ကု မည်ဟု စိတ်ထဲမှဆုံးဖြတ်လိုက်သည်။

ဝူလင်းယူသည် အဖြစ်အပျက်ကို သတိထားမိသည်။ သို့သော် သည်တစ် ကြိမ်တွင် ဘာမှမပြောပေ။ သူသည် အမှားအမှန်ကို ခွဲခြားနိုင်သေးသည်။

ကိုယ်ရံတော်များသည် တဲများကို အမြန်ပင်သိမ်းဆည်းပြီးရာ ခရီးဆက် နိုင်ရန် ဝိညာဉ်သားရဲများကို ခေါ်ထုတ်လိုက်သည်။ သူတို့ မည်မျှပင် ပျံသန်းစေ ကာမူ အနားမယူခင် သေချာပေါက်အိုအေစစ်ကိုရှာရမည်။

ရှီမာယူယူ အကြမ်းဖျင်းတွက်ကြည့်ရာ သတိူု့သည် ကန္တာရအတွင်းတွင် နှစ်တစ်ဝက်ပတ်ချာလည် နေလာခဲ့ပြီးဖြစ်သည်။ ရွှမ်ချုံးမျိုးနွယ်လည်း တွက် ချက်ပြီးဖြစ်သဖြင့် ရေပြတ်လပ်သွားခြင်းမရှိပေ။

သူတို့တွင် လောကအသေးသို့မဟုတ် ထိုကဲ့သို့ပစ္စည်းမျိုးရှိလိမ့််မည်ဟု သူမ ခန့်မှန်းမိသည်။ ထို့ကြောင့်သာ ရေကိုအဆက်မပြတ် ထောက်ပံ့ပေးနိုင် ခြင်းဖြစ်သည်။

နောက်ဆုံးတွင် သူတို့လမ်းပျောက်သည်ဟု သူမ ထင်နေလိုက်ချိန်တွင် ကြီးမားသော အိုအေစစ်ဆီသို့ရောက်လာသည်။

ရှီမာယူယူသည် အဆုံးမရှိသော အိုအေစစ်ကိုမြင်လိုက်ပြီး ထိုနေရာတွင် အလွန်ကြီးမားသော သစ်ပင်များစွာကို တွေ့လိုက်ရသည် ထိုအခိုက်တွင် ကန္တာရမှထွက်ပြီး တောအုပ်တစ်ခုဆီသို့ ဝင်သွားလိုက်ရသည်ဟု သူမ ခံစား လိုက်ရလေသည်။

ထိုနေရာသည် အမှန်တကယ်ပင် အိုအေစစ်ဖြစ်ကြောင်း ရွှမ်ချုံးဟော် ပြောလေသည်။ အလွန်ကြီး၍သာ အသိအမှတ်ပြုရသည်ထက် သာလွန်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ကန္တာရမှထွက်လာသည်ဟု သူမ စဉ်းစားလိုက် ခြင်းဖြစ်သည်။

“ဒီခရီးက ထူးထူးဆန်းဆန်း ချောမွေ့နေတယ်” သူတို့ တောအုပ်ထဲသို့ဝင် လာသည်နှင့် ရှီမာယူယူသည် အမှတ်တမဲ့သက်ပြင်းချမိလိုက်သည်။

“သူတို့သာမရှိရင် ကိုယ်တို့ ဒီကိုလာရတာပိုသတိထားနေရမှာ” ဝူလင်းယူ ပြောလေသည် “ဒီနည်းလမ်းနဲ့ဆိုတော့ အချိန်ကုန်လူပင်ပန်းသက်သာတာပေါ့”

ရှီမာယူယူ ထိုလူကြီဂကိုကြည့်လိုက်သည်။ သူက သေချာပေါက် သူ့ ဘာသာလာနိုင်ရဲ့သားနဲ့လေ။ နည်းနည်းဒုက္ခရောက်တာပဲ ရှိမှာပေါ့။

“သခင်လေး ရှေ့မှာလူသွားထားတဲ့ ခြေရာလက်ရာတွေရှိနေတယ်” လမ်းရှာရန် ဦးဆောင်သွားသော ကိုယ်ရံတော်သည် ပြန်ပြေးလာပြီး ပြောလေ သည်။

“သွားကြည့်လိုက်” ရွှမ်ချုံးဟော်သည် ဘီးတပ်ကုလားထိုင်နှင့်ဖြစ်သော် လည်း နှေးကွေးခြင်းမရှိပေ။ သူသည် တခြားသူ၏ စခန်းချရာနေရာဖြစ်ခဲ့သော နေရာကို အမြန်ပင်ရောက်လာသည်။

“သခင်လေး ဒါကအရှေ့ပိုင်းလိုင်မျိုးနွယ်လား” ရွှမ်ချုံးကျိ မေးလိုက် သည်။

ရွှမ်ချုံးဟော်သည် ပစ္စည်းအကြွင်းအကျန်ကို အနံ့ခံကြည့်ပြီး ခေါင်းယမ်း လိုက်သည် “မဟုတ်ဘူး ဒါကတုနန်မျိုးနွယ်ပဲ”

“တုနန်မျိုးနွယ်လည်း ရောက်နေတာလား”

“ဒီတစ်ခေါက် တုနန်မျိုးနွယ်က လူအုပ်လိုက်လာတယ်လို့ကြား တယ် သူတို့လည်းမနှေးလောက်ဘူး” ရွှမ်ချုံးဟော် ပြောလိုက်သည်။

“တုနန်မျိုးနွယ်ကလည်း လျှို့ဝှက်မျိုးနွယ်ပဲလား” ရှီမာယူယူ‌ မေး လိုက်သည်။

“ဟုတ်ပြီ ပြီးတော့ တုနန်မျိုးနွယ်က ရွှမ်ချုံးမျိုးနွယ်ထက် နည်းနည်း ပိုသန်မာတယ်” ရွှမ်ချုံးဟော် ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် တုနန်ဟော်က ရှင်နဲ့မျိုးဆက်တစ်ခုတည်းလား”

“ဟုတ်တယ် သူက ငါ့ထက်အသက်အများကြီးမကြီးဘူး ဒါပေမဲ့ ပိုပြီး အားကောင်းတယ်” ရွှမ်ချုံးဟော် ပြောလိုက်သည် “သူကအရှေ့ပိုင်းလိုင်လီနဲ့ တူတယ် သူကရန်သူပဲ”

“ကြည့်ရတာ ဒီတစ်ခေါက်အဖွဲ့ခေါင်းဆောင်တွေက ရှင်တို့နဲ့ မျိုးဆက် တစ်ခုတည်းထင်တယ်” ရှီမာယူယူသည် လျှို့ဝှက်မျိုးနွယ်မည်မျှနှင့်တွေ့ဆုံရ မည်ကို မသိနိုင်ပေ။ သို့သော် တစ်ခုမှ နောက်ကျမကျန်ခဲ့နိုင်သည်ဟု ယုံကြည် သည်။

သူတို့သည် အလွန်အားကောင်းသည်ဟု ရွှမ်ချုံးဟော်ပြောသော်လည်း သူ့ မျက်နှာတွင် စိုးရိမ်မှုတစ်စုံတစ်ရာ မတွေ့ရပေ။ သူ့ကိုယ်သူ ယုံကြည်ချက် များစွာ ရှိသည့်ပုံပေါက်သည်။

သူသည် အနံ့ခံရုံဖြင့် မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းနိုင်သည်။ ဘယ်သူမှ အဲလိုမလုပ်နိုင်ဘူးလေ ဟုတ်တယ်မလား။ အနည်းဆုံးတော့ သူမ မလုပ်နိုင်ဘူး။

“ယူယူ ဒီနေရာကစပြီး အန္တရာယ်တွေကြုံရနိုင်တယ် မင်းသူ့ဘေးက မခွာတာကောင်းမယ်” ရွှမ်ချုံးဟော်သည် သူမကို သတိပေးလေသည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ အေးချမ်းမှုရရန်မှာ အခုပင် ခက်ခဲနေ ပြီဖြစ်သည်။ အခု သူတို့သည်အထိရောက်လာသဖြင့် အန္တရာယ်များနှင့် သေချာ ပေါက်ကြုံတွေ့ရမည်ဖြစ်သည်။

ဝူလင်းယူသည် သူမလက်ကို ဆုပ်ကိုင်ထားသည်။

သူတို့သည် တခြားသူများ သွားခဲ့ဖူးသည့်လမ်းအတိုင်း ဆက်သွားကြလေ သည်။ ထို့ကြောင့် သူတို့သည် လမ်းပြတ်သွားခြင်းမရှိတော့ပေ။

သူတို့ နွယ်ပင်များဖုံးလွှမ်းနေသော လမ်းကျဉ်းတစ်နေရာသို့ရောက်သော အခါ သူမရုတ်တရက် ရပ်လိုက်သည်။

“ဘာဖြစ်လို့လဲ”

“ဒီမှာအန္တရာယ်ရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာအန္တရာယ်ရှိတာလဲ”

ရွှမ်ချုံးဟော်၏ မျိုးနွယ်ဝင်များသည် နှာရှုတ်ကြည့်ပြီးပြောလေသည် “ဒီမှာ သွေးအနံ့မရှိပါဘူး”

သိပ်မကြာခင်ကပဲ တုနန်မျိုးနွယ်သည် သည်နေရာကို ဖြတ်သွား ခဲ့သည်။ သွေးအနံ့မရှီသည်မှာ သည်နေရာတွင် တိုက်ခိုက်မှုမဖြစ်ခဲ့ပေ။ ဘေးပတ်လည်တွင် တိုက်ခိုက်ထားသည့် အရိပ်အယောင်မတွေ့ရပေ။

“မဟုတ်ဘူး သွေးအနံ့ရှိတယ် အပင်တွေအနံ့နဲ့ဖုံးနေလို့” ရှီမာယူယူ ပြော လိုက်သည် “ဒီနွယ်ပင်တွေ သူတို့အသက်ရှိနေတယ် အားလုံးပဲ….”

သူမ စကားမဆုံးခင်မှာပင် နွယ်ပင်များသည် ရုတ်တရက် ပေါ်လာပြီး အားလုံးကို တိုက်ခိုက်လေသည်။

နွယ်ပင်များသည် ထူထဲပြီး တုတ်ခိုင်လှသည်။ ရှီမာယူယူ အားစုစည်းထား သော ဓားသွားသည် သူတို့ကိုမဖြတ်နိုင်ပေ။

“ဒါတွေက နတ်ဆိုးအိုကြီးတွေပဲ” ဝူလင်းယူသည် သူမကို လက်တစ်ဖက် ဖြင့် ဆုပ်ကိုင်ထားပြီး နောက်တစ်ဖက်ဖြင့် ဝိညာဉ်စွမ်းအင် ပစ်နေလေသည်။ ဝိညာဉ်စွမ်းအင်များသည် ဓားသွားများသဖွယ် ပတ်ပတ်လည်မှ နွယ်ပင်များကို ပိုင်းထစ်လေသည်။

သူ၏ ကာကွယ်မှုအောက်တွင် ရှီမာယူယူ ဘာမှလုပ်ရန် မလိုသည့်ပုံပင်။ ကောင်းပြီ တကယ်တော့ သူမက ဘာမှကိုအသုံးမဝင်တာ။ ငှက်ပေါက်စကို ခေါ်လိုက်တာကပဲ အသုံးဝင်ကောင်းဝင်လိမ့်မယ်။

သူမ ပတ်ပတ်လည်ကိုကြည့်မိသည်။ သည်နေရာမှ နွယ်ပင်များသည် အရှေ့မှနွယ်ပင်များလောက် သန်မာထူထဲခြင်းမရှိပေ။ သို့သော် သူတို့သည် အဝေးထိရောက်အောင် တိုက်ခိုက်နိုင်သည်မှာ အကန့်အသတ်ရှိသည်။ သူတို့ သည် ဤနေရာအထိမရောက်နိုင်ပေ။

သူတို့က ဧရိယာကို ကန့်သတ်ထားတာလား။ သူမ မတတ်သာဘဲ အော်လိုက်သည်။

သူတို့ ပိုနက်နက်လျှောက်သွားလေ ပိုအားကောင်းသည် နွယ်ပင်များကို သေချာပေါက် တွေ့ရမည်ဖြစ်သည်။ သူတို့ ပြန်ထွက်ချင်လျှင် ပိုခက်ခဲသွား မည်။

သို့သော် နွယ်ပင်များပေါ်တွင် အစာမကြေသေးသည့် လက်မောင်းတစ် ဖက်ကိုမြင်လိုက်သည်။

သူတို့ မကုန်သေးတာ ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး….

***

All Chapters