← Chapters

အရသာရှိတာတွေက ရတနာပဲ ဒါပေမဲ့ လူတစ်ယောက် ရဲ့အသက်က ပိုတန်ဖိုးရှိတယ်

Vol. 107 Ch. 1493

အရသာရှိတာတွေက ရတနာပဲ ဒါပေမဲ့ လူတစ်ယောက် ရဲ့အသက်က ပိုတန်ဖိုးရှိတယ်

Vol. 107 Ch. 1493

ရွှမ်ချုံးဟော်သည် ကိုယ်ရံတော်များ၏ ကာကွယ်မှုအတွင်းတွင်သာရှိကာ လုံးဝမလှုပ်ပေ။

သူဝင်မတိုက်ခိုက်သည်မှာ သူမနှင့် တူသည့် အကြောင်းအရင်းဖြစ်လိမ့် မည်ဟု ရှီမာယူယူ မခံစားရပေ။ သူသည် သူတို့နှင့်တိုက်ခိုက်ရန် သူ့ကိုယ်သူ အရေးတယူလုပ်ပြီး မနှိမ့်ချချင်ကြောင့်ဖြစ်လိမ့်မည်။

အမှန်တကယ် အားကောင်းသောသူသည် စောစီးစွာ မလှုပ်ရှားပေ။ ထိုကိုယ်ရံတော်များရှိလျှင် အန္တရာယ်မှာ ဖြေရှင်းနိုင်သွားလိမ့်မည်။

သို့သော် အပင်ဝိညာဉ်သားရဲများသည် တိရစ္ဆာန်အမျိုးအစားထက် ဖြေရှင်းရန် ခက်ခဲသည်။ အကြောင်းမှာ သူတို့အမြစ်ကိုမရှင်းနိုင်သရွေ့ပွားလာ ဦးမည်ဖြစ်သည်။

နွယ်ပင်များသည် လူတစ်ယောက်၏ လက်မောင်းထက်ပင် တုတ်ခိုင် သည်။ သူတို့ ဖြတ်လိုက်သည်နှင့် အရည်များသည် စိမ်းမနေဘဲ နီရဲနေသည်။

“ယူယူ ယူယူ ငါ့ကိုထုတ်ပေး” ပန်းလေးသည် ဝိညာဉ်စေတီအတွင်းမှ စိတ်လှုပ်ရှားစွာ အော်လေသည်။

“ပန်းလေး ဒီမှာအရမ်းအန္တရာယ်များတယ်၊ နင်က သူတို့ရဲ့ပြိုင်ဘက် မဟုတ်ဘူး” ရှီမာယူယူသည် ပန်းလေး မည်မျှအားကောင်းကြောင်းကိုသိသည်။ သူမသည် အားကောင်းသော်လည်း ထိုအရာများထက် အားနည်းနေတုန်းပင် ဖြစ်သည်။

“ငါက တိုက်ခိုက်ဖို့ထွက်မှာမဟုတ်ဘူး သူတို့က ငါ့အတွက် အသုံးဝင် တယ်” ပန်းလေးရှင်းပြလေသည်။ သူမအသံမှာ စိုးရိမ်ပူပန်နေသည်။

ရှီမာယူယူ သူမပြောသည့် စကားကိုကြားသည်နှင့် သူမကို ခေါ်ထုတ် လိုက်သည်။ ရှောင်ချီနှင့် တခြားသူများ ထွက်ချင်၍အော်ဟစ်နေကြသော်လည်း အထဲတွင် နာခံစွာစောင့်ရတော့သည်။

ပန်းလေးပေါ်လာချိန် နွယ်ပင်အကျိုးအပဲ့များကိုမြင်သောအခါ စိတ်လှုပ် ရှားမှုများစွာဖြင့် ပန်းများဖွင့်ကာ စားသောက်ကြလေသည်။

နွယ်ပင်များ သူမကိုမြင်သောအခါ သူတို့၏သွေးကြောများကို ဖိနှိပ်ခံရ သလိုဖြစ်ကာ အံ့ဩသွားကြလေသည်။ နောက်ပိုင်းတွင် သူတို့အလွန်နှေးကွေး လာသည်။

ရွှမ်ချုံးမျိုးနွယ်ကိုယ်ရံတော်များသည် ပိုလျင်မြန်စွာ လှုပ်ရှားနိုင်သဖြင့် ထို အကြောင်းကို ချက်ချင်းပင်အာရုံခံမိလေသည်။ လျင်မြန်စွာပင် နွယ်ပင်များကို ပိုင်းဖြတ်လိုက်သည်။

“အာ… သူတို့ကိုမဖျက်ဆီးပစ်နဲ့ ငါ့ကိုပေး” သူတို့ ထိုနွယ်ပင်များကို မီးရှို့ပစ်သည်ကိုမြင်သောအခါ ပန်းလေးသည် ပန်းများပိုထုတ်လိုက်ကာ လုယူ ပြီးစားသောက်လိုက်ကြသည်။

ကိုယ်ရံတော်များ ထိုအခြင်းအရာကိုမြင်သောအခါ ဘာမှသိပ်မပြောကြ ပေ။ သူတို့သည် လှည့်ပြီးရန်သူကို မျက်နှာမူလိုက်ကြသည်။

ရှီမာယူယူသည် ဝူလင်းယူ၏ ကာကွယ်မှုအောက်တွင် သူမကို ညွှန်ကြား ချက်ပေးနေသည်။ ပန်းလေး အပြင်တွင် ပြေးလွှားပြီးနွယ်ပင်များ စားသောက် နေသည်ကို မြင်သောအခါ လက်ဆန့်ထုတ်ပြီး မျက်ခုံးများကိုပွတ်သပ်လိုက် သည်။

သို့သော် အကျိုးကျေးဇူးမှာ သူမ မည်သည့်နေရာပင်ရောက်စေကာမူ နွယ်ပင်များ နှေးကွေးသွားလေသည်။ သူတို့သည်လည်း တိုက်ခိုက်မှု အားနည်း လာသည်။ ထို့ကြောင့်ပင် ကိုယ်ရံတော်များသည် သူမကို ကြိုဆိုကာ နောက်ဆုံး တွင် နွယ်ပင်များဖြတ်ပြီးသည်နှင့် သူမ၏ ပန်းပွင့်များဆီသို့ တိုက်ရိုက်ပစ်ပေး ကြလေသည်။

နာရီဝက်အကြာတွင် သူတို့ ခုတ်ထစ်ထားသော နွယ်ပင်များ၏ အမြစ်များ အားလုံးသည် ပန်းလေး၏ ဗိုက်ထဲသို့ရောက်သွားလေသည်။

အဝေးမှ သူတို့ကို ကြည့်နေသောလူများသည် ပန်းလေးကိုမြင်သောအခါ ထပ်မလှုပ်ရဲကြပေ။

ပန်းလေးသည် လူသားအသွင်ပြောင်းကာ ရှီမာယူယူဘေးသို့လာပြီး လက်ဆန့်ထုတ်ကာ သူမဗိုက်ကလေးသူမ ပွတ်သပ်နေလေသည်။ မဖွယ်မရာ အပြုအမူဖြင့် သူမသည် လေတက်ကာ ပြောလိုက်သည် “ဗိုက်ပြည့်သွားပြီ”

“သခင်လေး ဒီနေရာက အပျက်အစီးတွေရှင်းသွားပြီ” ရွှမ်ချုံးကျိ ပြော လိုက်သည် “ကျုပ်တို့ နောက်ပြန်ဆုတ်မလား ဒါမှမဟုတ်ရင် ရှေ့ဆက်တိုးကြ မလား”

“ရှေ့ဆက်သွားကြမယ်၊ ရှေ့ဆက်သွားရင်တော့ အလွယ်တကူ တိုက်ခိုက် လို့ရမယ်မထင်ဘူး” ရွှမ်ချုံးဟော် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

သူတို့သည် တောနက်ထဲထိ ခရီးဆက်ခဲ့ကြသည်။ နွယ်ပင်များ တိုက်ခိုက် လျှင် သူတို့သည် ချက်ချင်းပင် တိုက်ခိုက်ကြသည်။

ထိုနွယ်ပင်များသည် လှုပ်ရှားရန်ကြိုးစားကြသည်။ သို့သော် နောက်ဆုံး တွင် တိုက်ခိုက်ရန် လက်လျော့သွားကြသည်။ နွယ်ပင်များသည် အေးချမ်းစွာ ဖြတ်သန်းခွင့်ပြုရတော့သည်။

ရှီမာယူယူသည် အလယ်သို့လမ်းလျှောက်သွားလိုက်သည်။ သူတို့ဘေးမှ ပန်းလေးသည် ထိုနွယ်ပင်မျးကို ကြည့်လိုက်သည်။ သူမ သူတို့ကိုကြည့်လိုက် သည်နှင့် သွားရည်များကျလာသည်။

သူတို့ လမ်းအနောက်ဘက်ဆီသို့လျှောက်သွားချိန်တွင် တိုက်ပွဲ ခြေရာ လက်ရာများကို သတိထားမိလိုက်သည်။ ထို့အပြင် ထိုသဲလွန်စများကို အသေအချာပင် ဖုံးအုပ်ထားသည်။ ဂရုတစိုက်မကြည့်မိပါက သတိထားမိရန် ပင် ခက်ခဲနိုင်သည်။

“တုနန်မျိုးနွယ်က ဒီနေရာရောက်တဲ့အထိ လမ်းတစ်လျှောက် လုံး တိုက်ခိုက်ခံရတဲ့ပုံပဲ၊ ဒါပေမဲ့ သူတို့က ငါတို့ထက်ပိုအခြေအနေဆိုးသွား တာပဲ” ရွှမ်ချုံးဟော် ပြောလိုက်သည်။

ရွှမ်ချုံးမျိုးနွယ်သည် တိုက်ပွဲနေရာသို့ ဝင်ခဲ့ကြသည်။ ထပ်ပေါင်းပြောရ လျှင် ပန်းလေးပေးထားသော ဖိအားကြောင့် နွယ်ပင်များ မတိုက်ခိုက်ရဲကြပေ။ တုနန်မျိုးနွယ်သည် ကံမကောင်းလှပေ။

သူတို့သည် အလယ်ရောက်သည်အထိ လျှောက်လာကြပြီး တိုက်ပွဲစတင် ပြီးနောက် ထိုနေရာမှ နွယ်ပင်များလည်း ပိုအားကောင်းလာခဲ့သည်။ သူတို့ သည် ခွဲထွက်ရန် ခက်ခဲလိမ့်မည်။ ထွက်သွားရန်အတွက် တိုက်ပွဲကို အဆုံးသတ် လိုက်ရသည်က ပိုခက်ခဲမည်။

ထိုအချက်ကို စဉ်းစားမိချိန်တွင် ရွှမ်ချုံးကျိ၏ အမူအရာသည် ရယ်ချင် စိတ်ကို ဖုံးဖိမရတော့ပေ။

“ဘာလဲ ရွှမ်ချုံးမျိုးနွယ်နဲ့ တုနန်မျိုးနွယ်တို့ကြားက ဆက်ဆံရေးကဆိုး လို့လား” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

သူမ သတိထားမိသည်မှာ ထိုလူများ သူတို့နှင့်ရှိနေစဉ်တွင် အရေးမပါ သောမေးခွန်းများမေးလျှင်တောင် သူမကိုပြန်ဖြေပေးကြသည်။ ထို့ကြောင့်ပင် လာသည့် လမ်းတစ်လျှောက်တွင် လျှို့ဝှက်မျိုးနွယ်များအကြောင်း သေးသေး ကြီးကြီးမှန်သမျှကို သိခဲ့ရသည်။ အထူးသဖြင့် တခြားသောလျှို့ဝှက်မျိုးနွယ် များ အကြောင်းသိလိုက်ရသည်။

“ဟုတ်တယ်” ရွှမ်ချုံးကျိ ပြောလိုက်သည်။ “တုနန်မျိုးနွယ်က ငါတို့ မျိုးနွယ်ထက် နည်းနည်းပိုသန်မာတယ်၊ တုနန်ဟော်က ပိုပြီး အရည်အချင်း ရှိတယ် တစ်ခါတလေ သခင်လေးကိုတောင် အနိုင်ကျင့်တယ်”

“ရွှမ်ချုံးဟော်ကို အနိုင်ကျင့်တယ်ဟုတ်လား” ရှီမာယူယူသည် ဘီးတပ် ကုလားထိုင်တွင်ထိုင်နေသော ရွှမ်ချုံးဟော်ဘက်ကို ကြည့်ပြီး သူ့အတွက် နာကျင်မိသည်။

မာနကြီးပြီး ရန်လိုသည့် မောက်မာသည့်ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရန် မလှုပ်ရှားနိုင်သောလူတစ်ယောက်၏ အဖြစ်ကို သူမ တွေးကြည့်၍ရသည်။

သူသည် ထာဝရရှင်သန်သူပုံစံရှိသည့် အထက်တန်းစား ယောက်ျား တစ် ယောက်ကိုပင် အနိုင်ကျင့်ရဲသည်။ သူမသည် သူ့ကိုမမြင်ဖူးသော်လည်း ပါရမီရှင်ဟုခေါ်စေကာမူ သူ့ကို သိပ်အထင်မကြီးတော့ပေ။

ရွှမ်ချုံးဟော်၏ မျက်နှာထားသည် အပြုံးဖျော့ဖျော့ဖြစ်နေတုန်းပင် “အဲလောက်လည်းမဟုတ်ပါဘူး”

“ရှင်က ဒီလောက်ကောင်းတဲ့လူလေ ရှင့်ကိုအနိုင်ကျင့်တဲ့သူက သေချာ ပေါက် ကောင်းမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲလိုလူရှိတဲ့ ပတ်ဝန်းကျင်ကလည်း အဲလိုပဲနေမှာ ဒီပုပ်ထဲကဒီပဲပဲ”

သူ့လိုလူကို ပျိုးထောင်ပေးသည့် တုနန်မျိုးနွယ်သည်လည်း မျိုးနွယ် ကောင်းမဟုတ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။

နွယ်ပင်ဧရိယာမှ လျှောက်ထွက်လာပြီးနောက်တွင် ပန်းလေးသည် ရှီမာယူယူ၏ အဝတ်ကိုဆွဲပြီး ခေါင်းမော့ကာ မေးလေသည် “ယူယူ ထပ်ပြီး စားလို့ရသေးလား”

“အခုလေးတင် ဗိုက်ပြည့်အောင်စားထားပြီးပြီမဟုတ်ဘူးလား” သူမ ကျောကိုပုတ်ပေးလိုက်သည်။

“ဒါပေမဲ့ ထပ်စားချင်သေးတယ်”

“ဒါဆိုရင် သွားစားလေ သူတို့ကိုနိုင်ရင် သဘောမတူစရာမရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ငါ…” ပန်းလေးသည် လှည့်ပတ်ပြီး စွဲမက်လောက်စရာ စားစရာများကို ကြည့်လိုက်သည်။ သူမတွက်ချက်ကြည့်ရာ သူမသည် သူတို့ထက် အားနည်း နေသဖြင့် နောက်ဆုံးတွင် လက်လျော့လိုက်သည်။

စားစရာတွေက ရတနာပဲ ဒါပေမဲ့ လူတစ်ယောက်ရဲ့အသက်က ပိုပြီး တန်ဖိုးရှိတယ်။

ထို့အပြင် သည်တစ်ကြိမ်တွင် ယူယူ့ကို ဒုက္ခမရောက်စေသည်က အကောင်းဆုံးဖြစ်မည်။

သူမ အဝေးသို့သွားလိုက်သည်နှင့် နွယ်ပင်များသည် သတိချလိုက်ပြီး သက်ပြင်းရှည်ချလိုက်ကြသည်။

“အဲဒါတကယ်ပဲ ဟိုလူလား”

“သေချာတာပေါ့ မဟုတ်ရင် သူမက ဘယ်လိုလုပ်ငါတို့ကိုစားနိုင်မှာလဲ ဘယ်သူမှလုပ်နိုင်တာမဟုတ်ဘူး”

“မိုးနတ်မင်းရေ ကြောက်ဖို့ကောင်းလိုက်တာ”

“ငါတို့ အဲလူနဲ့တွေ့ရမယ်လို့ တကယ်ပဲထင်မထားဘူး”

“ဟုတ်တယ် သူမက အပြည့်အဝမကြီးထွားသေးတာကို ငါတို့ကို ဖိနှိပ်နိုင် နေပြီ၊ သူမအရွယ်ရောက်တာလို့ နောက်တစ်ခါ တွေ့ရင် သူမအမိန့်ကိုတောင် ငါတို့နားထောင်ရနိုင်တယ်”

“တကယ် ကြောက်ဖို့ကောင်းတယ်”

“သူမနဲ့ ထပ်မတွေ့ဖို့မျှော်လင့်တာပဲ”

“သူတို့အခု အဲဘက်ကိုသွားနေကြတာ၊ သူတို့ အသက်ရှင်နိုင်မလား မရှင်မလားတောင်မသိဘူး”

“ဘာလို့ မရှင်နိုင်ရမှာလဲ၊ သူမက အရင်ဘဝတွေတုန်းက စောစောသေခဲ့ တာမလား၊ ဒါကကောင်းကင်က ချမှတ်ထားတာပဲ”

“ဟူး ငါတို့ သူမကို ဘုရင်ကြီးလို့ခေါ်ရမယ့်နေ့ရောက်တော့မယ်ထင် တယ်”

“သူမ ငါတို့ကိုစားချင်တယ်လို့ ဆက်မပြောတာ ကံကောင်းသွားတယ်”

“သူမက အပြည့်အဝမကြီးထွားသေးလို့ အားအပြည့်သုံးလို့မရသေးတာ မဟုတ်ရင် သူမက ငါတို့ကိုယစ်ပူဇော်ခိုင်းမှာ ငါတို့စကားတစ်လုံးမှတောင် ပြော လိုက်ရမှာမဟုတ်ဘူး ကံကောင်းလို့ ကံကောင်းလို့”

“တကယ်ပဲ ကံကောင်းသွားတာ”

“….”

“သူမ ထပ်ပေါ်လာဖို့ ခက်တယ်လို့ ပြောသားပဲ ငါတို့သူမကို ကာကွယ် ကြမလား”

“ကြည့်ရတာ… ငါတို့ လုပ်သင့်တယ်ထင်တယ်…”

ရှီမာယူယူနှင့် တခြားသူများသည် အဝေးသို့ဆက်လျှောက်သွားကာ သူတို့ ဆွေးနွေးချက်များကို သတိမမူမိကြပေ။

***

All Chapters