← Chapters

ဂိုဏ်းသုံးခုကိုထိခိုက်စေတဲ့ လောကပန်းဘုရင်

Vol. 107 Ch. 1494

ဂိုဏ်းသုံးခုကိုထိခိုက်စေတဲ့ လောကပန်းဘုရင်

Vol. 107 Ch. 1494

ပြီးခဲ့သည့်တိုက်ပွဲက အလွန်ထိတ်လန့်စရာကောင်း၍ဖြစ်မည်။ သူတို့ သည် တောအတွင်းတွင် ဆက်နေကြကာ နောက်ရက်အနည်းငယ်တွင် ဟိုဟို ဒီဒီလျှောက်သွားကြသော်လည်း တိုက်ခိုက်မခံရတော့ပေ။

ထိုသစ်ပင်များသည် ဝိညာဉ်အသိဉာဏ်မရှိသည့်ပုံတော့ မဟုတ်ပေ။

“သခင်လေး တစ်ခုခု ထူးဆန်းနေတယ်” ရွှမ်ချုံးကျိ ပြောလိုက်သည်။

“အင်း နည်းနည်း” ရွှမ်ချုံးဟော် ခေါင်းညိတ်လိုက်သည် “အကုန်လုံး နိုးနိုးကြားကြားရှိဖို့ ညွှန်ကြားထားလိုက်”

လမ်းတစ်လျှောက်တွင် တိုက်ပွဲခြေရာလက်ရာများတွေ့ရသည်။ သို့သော် သဲလွန်စများသည် လူသားများအကြားမှ တိုက်ပွဲမဟုတ်ဆိုသည်ကို ပြသနေ သည်။ တောထဲမှ သတ္တဝါများသည် အလွန်အန္တရာယ်များကြောင်းကို သက်သေ ပြနေသည်။

သို့သော် သူတို့ခရီးစဉ်သည် လွန်စွာမှပင် အေးချမ်းလွန်းသည်။

“နားလည်ပါပြီ” ရွှမ်ချုံးကျိနှင့် ရွှမ်ချုံးဟော်တို့သည် အတွေးတူကြသည်။ ယခုနေရာထိ လမ်းတစ်လျှောက်လုံး မည်သည့်ရန်သူမှ ရင်မဆိုင်ခဲ့ရသည့် အကြောင်းအရင်း သေချာပေါက်ရှိရမည်။ အကြောင်းအရင်းကို မသိ သော်လည်း သူတို့နိုးကြားနေရမည်။

ဝူလင်းယူသည် သူ့သွားရာလမ်းအတိုင်းလိုက်လာကြသော ပန်းလေးနှင့် ရှီမာယူယူတို့ကိုကြည့်လိုက်သည်။ ထို့နောက် သူမသည် သူ့ကိုနားမလည်စွာ ကြည့်လိုက်သည်။

ဒါကပန်းလေးနဲ့ ဆက်စပ်နေတယ်လို့ သူထင်နေတာလား။

သူမ ပန်းလေးကို စာချုပ်တည်ထောင်စဉ်က သူရှိနေပြီး ပန်းလေး အကြောင်းကို သိထားခဲ့သည်။

“ငါ အရင်ကမှားတာ ဖြစ်နိုင်တယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဟင် ဘာကိုလဲ”

“ပန်းလေးရဲ့သရုပ်မှန်”

“ပန်းလေးကဘာဖြစ်လို့လဲ၊ သူမက အသားစားပန်းဘုရင်မဟုတ်ဘူး လား” ရှီမာယူယူသည် တောထဲတွင် ပွက်လောရိုက်နေသော ပန်းများနှင့် တိရိစ္ဆာန်များကို ကြည့်ပြီး ထူးခြားမှုတစ်စုံတစ်ရာကို မခံစားရပေ။

“သူမက လောကပန်းဘုရင်ဖြစ်နိုင်တယ်” ဝူလင်းယူလည်း မယုံနိုင်သေး ပေ။ သူမ ပန်းလေးကို စာချုပ်တည်ထောင်စဉ်က သူမြင်ခဲ့သည့် သူမ၏ ဇာစ်မြစ်မှာ သေချာနေသည်။ သို့သော် အခု သူ ယခုအတိုင်းမြင်နေရသည်များ မှာ သာမန်အသားစားပန်းဘုရင်လုပ်နိုင်သည့်အရာ မဟုတ်ပေ။

သူမ နွယ်ပင်များကို စားနိုင်သည့် အကြောင်းပြောလျှင်ပင် သာမန် အပင် အမျိုးအစားဝိညာဉ်သားရဲသည် ထိုကဲ့သို့မဟုတ်ပေ။

ရှီမာယူယူနောက်လိုက်တာက သူမ ကံတရားကို ပြောင်းလဲသွားစေတာ လား။ သူမ အဆင့်တက်တာနဲ့ သူမရဲ့ စာချုပ်သားရဲတွေလည်း အဆင့်တက် သွားတယ်လေ။ သူမ မိုးကြိုးဘေးဒုက္ခခံစားရင် သူမရဲ့ ဝိညာဉ်သားရဲတွေလည်း ခံစားကြရတယ်။ သူမနဲ့အတူ တိုက်ရိုက်ရင်ဆိုင်ရတဲ့အချိန်တွေလည်းရှိခဲ့တယ်။

ဒါက… ကံကြမ္မာစက်ဝိုင်းက သူတို့မူလနေရာကို ပြန်ပို့ပြီး အနာဂတ်ကို မသိနိုင်အောင် လုပ်တာဖြစ်နိုင်တယ်။

ဒါကပဲ တကယ့်အကြောင်းအရင်းဖြစ်မယ်။

“ပန်းလေး… သူမ ဘယ်လိုအဆင့်တက်သွားတာလဲ” ရှီမာယူယူသည် တုံးအ,သည်ဟု ခံစားမိသည်။ လောကပန်းဘုရင်ဟုတ်လား။ သူမ ထိုနာမည်ကို အရင်ကမကြားဖူးသော်လည်း အရမ်းမိုက်သည့်ပုံပင်။

ဝူလင်းယူသည် သူ၏ခန့်မှန်းချက်ကိုပြောပြပြီး ထပ်ပေါင်းထည့်လိုက် သည် “ဒါမျိုးအရင်က မဖြစ်ဖူးတာတော့မဟုတ်ဘူး ဒါပေမဲ့ ကိုယ့်အရင်ဘဝ ကနေ အခုထိ တစ်ခါမှမမြင်ဖူးသေးဘူး”

“တကယ်ပဲအဲလိုဆိုရင် မဆိုးပါဘူး” ရှီမာယူယူသည် မေးစေ့ကို ထိကိုင် လိုက်သည်။ သူမ ဘေးမှလူများပိုအားကောင်းလာလေ သူမအားကောင်းလေ ဖြစ်သည်။

သူမတွင် ငှက်မျိုးနွယ်အားလုံးကို အမိန့်ပေးနိုင်သည့် ကြက်သွေးရောင် မီးတောက်ရှိနေပြီဖြစ်သည်။ အပင်များကို အမိန့်ပေးနိုင်သည့် ပန်းလေးပါ ရှိသွားပါက အလွန်ပင် အံ့ဖွယ်ကောင်းလှမည်။

“အဲလောက်မြန်မြန်ပျော်မသွားနဲ့ သူမအခုပုံစံကိုကြည့်လိုက်ဦး အောင်အောင်မြင်မြင်နဲ့အသွင်မပြောင်းနိုင်သေးဘူး” ဝူလင်းယူ ပြောလိုက် သည် “သူမသာ တကယ့်လောကပန်းဘုရင်ဖြစ်ချင်ရင် ထပ်သွားဖို့လိုသေး တယ် မင်း သူမကိုသေချာပျိုးထောင်ရမယ်”

“အခွင့်အရေးရှိတယ်ဆိုင် အဆင်ပြေတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူမဆန္ဒရှိလား မရှိလားကြည့်ရဦးမယ်၊ ဒီလမ်းက သေချာပေါက် လွယ်မှာတော့မဟုတ်ဘူး”

“အဲဒါတော့ သဘာဝပဲလေ၊ မင်း သူမကို ကိုယ့်ကိုလက်လွှဲပေးလိုက်…”

“အစ်ကို့ကိုသာ အပ်လိုက်ရင် တစ်ဝက်လောက် အလဟသဖြစ်သွားနိုင် တယ်” ရှီမာယူယူ ပြောလိုက်သည် “မဖြစ်ဘူး မဖြစ်ဘူး သူမကို အပေးအယူ တချို့လုပ်ကြည့်မယ် ပြီးမှဘယ်လိုဖြစ်မလဲကြည့်ကြတာပေါ့”

“အဲဒါလည်း ကောင်းတာပဲ” ဝူလင်းယူသည် ဖိအားမပေးပေ။ သူမသည် အမြဲတစေ သူမကိစ္စများကို သေချာကိုင်တွယ်နိုင်သည်။

“အင်း” ရှီမာယူယူသည် ရုတ်တရက် တစ်စုံတစ်ခုကိုစဉ်းစားသွားမိရာ မသိစိတ်မှ နေရာတစ်ခုသို့ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ”

“ဒီတောထဲကိုဝင်တုန်းက နီရဲပျားတွေလွှတ်လိုက်တယ်မလား” ရှီမာယူယူ ပြောလိုက်သည် “ခုနကသတင်းပို့တယ် ရှေ့မှာတိုက်ခိုက်နေကြတဲ့ လူတွေရှိတယ်တဲ့”

“အခုဆိုရင် လူတွေပိုပိုရောက်လာကြပြီ” ဝူလင်းယူ ပြောလိုက်သည်။ သူဆိုလိုသည်မှာ လူများရှိသည့်နေရာတွင် တိုက်ပွဲရှိသည်မှာ ပုံမှန်ဖြစ်သည်။ ထို့အပြင် သူတို့အားလုံးသည် ရတနာရှာရန်လာကြခြင်းဖြစ်သည်။

“ဒါပေမဲ့ တိုက်ခိုက်နေကြတဲ့သူတွေက တုန်လိုင်မျိုးနွယ်နဲ့ တုနန်မျိုးနွယ် တို့ပဲ” ရှီမာယူယူ ပြောလိုက်သည် “ရွှမ်ချုံးဟော်က တုန်လိုင်မျိုးနွယ်နဲ့ ဆက်ဆံ ရေးကောင်းကြတဲ့ပုံပဲ”

“မင်း သူတို့ကိုပြောချင်ရင် ပြောလိုက်လေ” ဝူလင်းယူ ပြောလိုက်သည်။

ရှီမာယူယူသည် သူ့ကိုပြုံးပြပြီး ရွှမ်ချုံးဟော်ဘက်သို့ သွားလိုက်သည်။

“သေချာလား” ရွှမ်ချုံးကျိ၏ တုံ့ပြန်မှုသည် ရွှမ်ချုံးဟော်ထက်ပင် ကြီးမား နေသည်။ “တုနန်မျိုးနွယ်က ပြဿနာရှာပြန်ပြီ”

“အဲဒီ တုန်လိုင်မျိုးနွယ်က သူတို့နဲ့မယှဉ်နိုင်တဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက် သည်။

“အဲဒါကိုဘယ်လိုသိတာလဲ” ရွှမ်ချုံးကျိ သိချင်မိသည်။

သူသည် သူမထက် သန်မာသည်။ အဲဒါကို သူ အာရုံမခံမိတာကို သူမက ဘယ်လိုလုပ်သိတာလဲ။

ရှီမာယူယူသည် ခေတ္တမျှတိတ်ဆိတ်သွားကာ ပြောလိုက်သည် “ကျွန်မတို့ တောထဲကိုဝင်တုန်းက ရှင်တို့အာရုံမစိုက်မိခင်ကို နီရဲပျားတွေလွှတ်လိုက်တာ”

သူမ နီရဲပျားများသုံးခြင်းသည် အခုချိန်တွင် လျှို့ဝှက်ချက်မဟုတ်တော့ ပေ။ သူတို့ကိုပြောပြလည်း အဆင်ပြေသည်။ ထို့အပြင် ရွှမ်ချုံးဟော်သည် အရင်ကတည်းက သိထားပြီးသားဖြစ်သည်။

“သခင်လေး သူတို့ကိုကယ်ဖို့ လူခေါ်သွားလိုက်မယ်” ရွှမ်ချုံးကျိ ပြော လိုက်သည်။

“ဂရုစိုက်ပါ” ရွှမ်ချုံးဟော် ခေါင်းညိတ်လိုက်သည် “ကျွန်တော်တို့လည်း အမြန်လိုက်ခဲ့မယ်”

“ဟုတ်ကဲ့ပါ”

ရွှမ်ချုံးကျိသည် သူ့လူများကိုခေါ်ပြီး ထွက်သွားကာ ရှီမာယူယူ ပြောသည့် ဘက်အတိုင်း ပြေးသွားလေသည်။ ရွှမ်ချုံးဟော်ကို ကာကွယ်ရန် ကိုယ်ရံတော် ၃၀ သာချန်ထားခဲ့လေသည်။

သူတို့ ထိုကဲ့သို့ တည့်တည့်ပင်ထွက်သွားသည်ကို ရှီမာယူယူမြင် သောအခါ အနည်းငယ်အံ့ဩမိသည်။

“ကျွန်မ ရှင်တို့ကိုလိမ်ပြီး သူတို့ထွက်သွားအောင် တမင်လုပ်မှာကို စိတ်မပူဘူးလား” သူမသည် ရွှမ်ချုံးဟော်ကို မေးလိုက်သည်။

“ငါတို့က သူငယ်ချင်းတွေပဲ အဲဒါကြောင့် ဒီလောက်ယုံကြည်မှုတော့ ရှိရ မယ်လေ” ရွှမ်ချုံးဟော် ပြောလိုက်သည်။

ရှီမာယူယူ ပြုံးလိုက်သည်။ မှန်သည် သူတို့သည် သူငယ်ချင်းများဖြစ်ကြ သည်။ သူမ သူ့ကို မမှန်မကန်လုပ်မည်မဟုတ်ဟု သူ ယုံထားသည်။

“ငါတို့လည်း သွားကြတာပေါ့” သူသည် ဘီးတပ်ကုလားထိုင်တွန်းပြီး ထွက်သွားလေသည်။ သူသည် ရွှမ်ချုံးကျိနှင့် တခြားသူများထက် အလွန် နှေးကွေးလှသည်တော့ မဟုတ်ပေ။

ထို့ကြောင့်ပင် သူတို့အပြေးရောက်သွားချိန်တွင် တိုက်ပွဲသည် ပြီးရန်လို သေးသည်။ သို့သော် ရွှမ်ချုံးမျိုးနွယ်ပါဝင်လိုက်သောအခါ နှစ်ဖက်လုံးသည် မတိုးသာမဆုတ်သာ အခြေအနေတွင် ပိတ်မိသွားသည်။

ရှီမာယူယူသည် ပါရမီရှင်နှစ်ယောက်ဖြစ်သော တုန်လိုင်လီနှင့် တုနန်ဟော်တို့ကို ကြည့်လိုက်သည်။ တစ်ယောက်မှာ တင့်တယ်လှကာ တခြား တစ်ယောက်မှာ မရေရာသော ဟိတ်ဟန်များဖြင့် ပြည့်နေသည်။

တုနန်မျိုးနွယ်သည် မျိုးနွယ်နှစ်ခုထက် ပိုသန်မာနေသည်မှာ အမှန် ဖြစ်သည်။ အကြောင်းမှာ ရွှမ်ချုံးမျိုးနွယ် ဝင်လာခြင်းကြောင့် တိုက်ပွဲ ရပ်တန့်သွားခြင်းမရှိပေ။

တုနန်ဟော်သည် ရွှမ်ချုံးဟော် ဖြည်းညင်းစွာလာနေသည်ကို ကြည့်ပြီး သူ့မျက်လုံးများမှာ အထင်သေးခြင်းများ အပြည့်ဖြစ်နေသည်။

“ရွှမ်ချုံးဟော် မင်းက ကန်းနေတဲ့ ထော့ကျိုးပဲ၊ ဒီနေရာကို ဘာလို့အပျော် လာဝင်ပါနေတာလဲ၊ ဒီကဓားတွေက မျက်လုံးမပါဘူး၊ ဘာမှမဟုတ်ဘဲနဲ့ မင်း အသက်ကို ရင်းလိုက်ရင် အလဟသဖြစ်သွားမယ်”

ဒီလူက တကယ်ပဲ ကောင်းတာကိုမရှိတာပဲ။ ရှီမာယူယူသည် တုနန်ဟော် ကို မျက်နှာသေဖြင့် ကြည့်နေလိုက်သည်။

“တုဟော် နင့်ပါးစပ်ပေါက်ကိုပိတ်ထားလိုက်” တုန်လိုင်လီ အော်လိုက် သည်။

ရွှမ်ချုံးဟော်သည် ဒေါသဖြင့်မတုံ့ပြန်ဘဲ လက်ပိုက်ကာ ပြန်ဖြေလိုက် သည် “ရှေးဟောင်းသတ္တုတွင်းက ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှမသိဘူး၊ နန်တုဟော် ဒီမှာမင်းစွမ်းအားတွေ အလဟသသုံးချင်တယ်ဆိုတာ သေချာရဲ့ လား”

“ငါက မင်းတို့ကိုအဖော်ပြုပြီး လိုက်ကစားပေးနေတာမဟုတ်ဘူးလား” တုနန်ဟော်သည် ထိုမျိုးနွယ်နှစ်ခုကို ထည့်မစဉ်းစားပေ။

“ငါသိချင်တာက မင်း ငါတို့နဲ့ကစားပြီးသွားရင် တခြားသူတွေနဲ့ သတ္တု တွင်းထဲဝင်ဖို့ကို စွမ်းအားရှိမလားလို့ပါ” ရွှမ်ချုံးဟော်သည် သဲ့သဲ့ပြုံးလိုက် သည်။

တုဟော်သည် သူ့မျက်လုံးများအရောင်တောက်သွားသည်ကို မြင်ပြီး ခေတ္တမျှတွေဝေသွားပြီးနောက် အေးစက်စွာပြုံးလိုက်သည် “စောင့်ကြည့်ကြ တာပေါ့ ကိုယ့်လူတို့သွားကြမယ်”

ထို့သို့ပြောပြီးနောက် သူ့လူများကို ဦးဆောင်ပြီးအဝေးသို့ထွက်သွားလေ သည်။ ရွှမ်ချုံးမျိုးနွယ်နှင့် တုန်လိုင်မျိုးနွယ်များသည် နောက်ဆုံးတွင် စိတ် သက်သာရာရစွာဖြင့် သက်ပြင်းချမိကြသည်။

သူတို့သာ တကယ်ပဲ တိုက်ခိုက်ပါက မသေလျှင်တောင် အားလျော့သွား မည်။

တုန်လိုင်လီသည် ရွှမ်ချုံးဟော်ဘေးသို့လာကာ ဒူးထောက်ပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည် “ဟော် ကျေးဇူးပါ”

“ဘာကျေးဇူးတင်စရာလိုလို့လဲ မင်းသာဆိုရင်လည်း ဒီလိုပြလုပ်မှာ မလား” ရွှမ်ချုံးဟော်သည် အပြုံးသဲ့သဲ့ပြုံးကာ လက်ကိုအသာအယာ ဆွဲထုတ် လိုက်သည်။

***

All Chapters