← Chapters

ရှေးဟောင်းသားရဲရောင်ဝါ

Vol. 107 Ch. 1495

ရှေးဟောင်းသားရဲရောင်ဝါ

Vol. 107 Ch. 1495

တုန်လိုင်လီ သတိထားမိ၍လားတော့မသိပေ သူမ မတ်တတ်ရပ်ပြီး ပြုံးကာ ပြောလေသည် “ရှင်ဘာပဲပြောပြော ကျွန်မတို့ကိုကယ်လိုက်တာပဲ လေ”

“မဟုတ်ဘူး အမှန်က မင်းတို့အားလုံးကိုကယ်လိုက်တာ သူမပဲ” ရွှမ်ချုံးဟော်သည် ရှီမာယူယူကို ညွှန်ပြလေသည်။

“ဟင်” တုန်လိုင်လီသည် သူတို့ကို နားမလည်စွာဖြင့် ကြည့်လေသည်။

“မင်းတို့ ဒီမှာချောင်းမြောင်းတိုက်ခိုက်နေရတယ်ဆိုတာကို ပြောတာက ယူယူပဲ၊ မဟုတ်ရင် ငါတို့ကရောက်တဲ့နေရာမှာပဲ နားနေမှာ” ရွှမ်ချုံးဟော် ပြော လိုက်သည်။

တုန်လိုင်လီသည် ရှီမာယူယူကို အနည်းငယ်အထင်သေးသည့်အကြည့် နှင့် မသေချာသလိုကြည့်လိုက်သည်။ သို့သော် သူမအကြည့်ကို မသိသာအောင် ဖုံးကွယ်ထားသည်။

“ကျေးဇူးတင်ပါတယ်” သူမသည် ရှီမာယူယူကို ပြုံးပြလိုက်သည်။ သို့သော် ထိုအပြုံးသည် မျက်လုံးအထိ မရောက်ပေ။

ရှီမာယူယူသည် အလွန်အာရုံခံကောငး်သည့်လူဖြစ်သည်။ ထို့ကြောင့် သတိမထားမိစရာအကြောင်းမရှိပေ။ သို့သော် ထိုလူသည် အဆင့်အတန်းမြင့် သော အမျိုးသမီးပင်ဖြစ်သည်။ သူမသည် ပေါ့တန်သောလူမျိုးမဟုတ်ဘဲ ခက်ခဲလှသော အပေါ်ယံဟန်ဆောင်နိုင်သည်။

“သခင်မလေးတုန်လိုင်က အရမ်းယဉ်ကျေးနေပါပြီ” ရှီမာယူယူသည် သူမကို သခင်မလေးလီဟု မခေါ်ပေ။ သူမ၏ “လီ” ဆိုသည့် နာမည်မှာ သူမ ညီမလေး ရှီမန်လီနှင့် တူနေသည်။ သို့သော် သူမသည် ညီမဖြစ်သူလောက် ချစ်စရာမကောင်းပေ။

“သခင်မလေးယူယူက ကျွန်မတို့အန္တရာယ်ကျနေတာကို ဘယ်လိုလုပ် သိလဲဆိုတာ သိခွင့်ရှိမလား” တုန်လိုင်လီ မေးလိုက်သည်။

“ကျွန်မပျားတွေက ပြောတာပါ” ရှီမာယူယူသည် လက်ဝှေ့ယမ်းလိုက်ရာ သစ်ပင်ထိပ်မှ နီရဲပျားတချို့ပျံဆင်းလာကြသည်။ သူတို့သည် သူမပခုံးနှင့် လက်များအပေါ်တွင် ဆင်းသက်ကြလေသည်။

“နီရဲပျားတွေလား” တုန်လိုင်လီသည် ချက်ချင်းပင် နီရဲပျားများကို သတိ ထားမိသည်။ အဲဒါကြောင့် သူမက လျှို့ဝှက်မျိုးနွယ်ရဲ့ လူအများအသိအမှတ်ပြု ခံရတဲ့ သခင်မလေးဖြစ်နေတာ မထူးဆန်းတော့ပါဘူး။

“သခင်မလေးလိုင်ကလည်း သူတို့ကိုသိတာပဲကိုး” ရှီမာူယူသည် သူတို့ ကိုပွတ်သတ်ပြီးနောက် ညင်သာစွာဝှေ့လိုက်ရာ ထပ်ပျံသွားကြလေသည်။

“ဟုတ်တယ် ကျွန်မမျိုးနွယ်မှာလည်း သေတ္တာနှစ်လုံးစာလောက်ရှီတယ် ဒါပေမဲ့ ရှင့်ဟာလောက် အားမကောင်းပါဘူး၊ သူတို့က သတင်းကိုတောင် ထောက်လှမ်းနိုင်တယ်နော်” တုန်လိုင်လီသည် ရှီမာယူယူကို အထင်အမြင်ကြီး လာသည်။

သာမန်နီရဲပျားဘုရင်မသည် များစွာမွေးမထုတ်နိုင်သည့်အပြင် နီရဲပျာ များ၏ သက်တမ်းမှာလည်း မရှည်လှပေ။ ထို့ကြောင့်ပင် သူတို့မျိုးနွယ်တွင်ရှိ သော်လည်း ပမာဏနည်းပါးသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မျိုးနွယ် ဝင်များ အသုံးပြုရန်အတွက် နီရဲပျားရည်များထုတ်ယူသည်။

သူမ နီရဲပျားများသည် သတင်းထောက်လှမ်းနိုင်ကာ သူမနှင့် ဆက်ဆံရေး လည်းကောင်းကြသည်။ ထိုအရာမှာ သူမ မျိုးနွယ်တွင်ပင် မမြင်နိုင်သည့်အရာ ဖြစ်သည်။

သို့သော် နည်းပါးလွန်းသဖြင့် အသုံးဝင်လှသည်မဟုတ်ပေ။ ထိုပျားများ သည် ဤတစ်ကြိမ်တွင် တိုက်ဆိုင်မှုကြောင့် သူတို့ကိုကယ်နိုင်ခြင်းဖြစ်မည်။

“သခင်မလေးလီ ဘယ်လိုလုပ် စတိုက်ခိုက်ဖြစ်သွားတာလဲ” ရွှမ်ချုံးဟော် မေးလိုက်သည် “တုနန်ဟော်က အဲလောက်မောက်မာတာ ဒါပေမဲ့ ရှေးဟောင်း သတ္တုတွင်းကို မဝင်ခင်ကို စွမ်းအားကိုအကုန်ခံမှာမဟုတ်ဘူး”

“ကျွန်မကအရင်စတာ” တုန်လိုင်လီ ပြောလိုက်သည်။

“ဘာလို့လဲ”

“အကြောင်းအရင်းမရှိဘူးလေ” တုန်လိုင်လီ ပြုံးလိုက်ကာ အကြောင်း အရင်းအမှန်ကို ပြောရန် စိတ်ကူးမရှိပေ။

“တုနန်ဟော်က သခင်လေးဟော် အကြောင်းကို သွားပုပ်လေလွင့်ပြော နေလို့ သခင်မလေးက မခံနိုင်ဘဲ လှုပ်ရှားလိုက်တာ” တုန်လိုင်လီ၏ အစေခံ မိန်းကလေး‌ရွှေအာ ပြောလိုက်သည်။

“ရွှေအာ” တုန်လိုင်လီသည် သူမကို ငေါက်ငမ်းလိုက်ပြီး သူမ ဆက်မပြော ခင် စကားဖြတ်ပြောလိုက်သည် “ကျွန်မအလောကြီးသွားလို့ မျိုးနွယ်ဝင်တွေကို ပါ ဆွဲခေါ်မိသွားတာ၊ ဟော် တုန်လိုင်မျိုးနွယ်က ရှင့်ကို အကြွေးတင်သွားပြန်ပြီ”

“အကြွေးတင်တယ်လို့ ဘာလို့ပြောနေတာလဲ၊ ဒါက ငါတို့လုပ်ရမယ့် အပိုင်းထဲက တစ်ခုပဲလေ” ရွှမ်ချုံးဟော် ပြောလိုက်သည် “ဟုတ်ပြီ အခုကိစ္စ ကြောင့် မင်းတို့ပင်ပန်းနေကြတော့မယ် အနားယူကြ အနားယူလိုက်ကြ ငါတို့ အမြန်ပြန်သွားရမယ်”

“ဟုတ်ပြီ အကုန်လုံဆေးစားပြီး နားလိုက်ကြဦး” တုန်လိုင်လီသည် သူမ မျိုးနွယ်ဝင်များကို ညွှန်ကြားလိုက်သည်။

ရှီမာယူယူနှင့် တခြားသူများ အနားယူနေချိန်အတွင်းတွင် သူမသည် ဝူလင်းယူကိုခေါ်ကာ ပတ်ပတ်လည်ကို လမ်းလျှောက်ထွက်ရင်း အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။

ပန်းလေးသည် ထိုလူများကို စိတ်မဝင်စားလှပေ။ သူမသည် အပင်များနှင့် တိရိစ္ဆာန်များကို ပိုစိတ်ဝင်စားနေသည်။

အိုး… သူမ အဲဒီအပင်တွေ တိရိစ္ဆာန်တွေကို မြင်လိုက်တော့ စားချင်လာ ပြီ။ အာ.. သူမ ဘာတွေဖြစ်နေတာလဲ။ သူမက အသားပဲစားပြီး အသီးအရွက် မစားဘူးလေ။

ရှီမာယူယူသည် သူမ လှည့်ပတ်ကြည့်နေသည်ကို ကြည့်နေပြီး ပါးစပ် ထဲရောက်လာသော သစ်ရွက်များနှင့် အကိုင်းအခက်များကို ဝါးလိုက်သည်ကို မြင်လိုက်ရသည်။

သူမ အသီးအရွက်များအနား ကပ်သွားသည်နှင့် ထိုအပင်များသည် အလွန်အမင်း တုန်လှုပ်သွားသည်ကို ရှီမာယူယူ သတိထားမိလိုက်သည်။

ကြည့်ရတာ အကုန်လုံးက ပန်းလေးကို အရမ်းကြောက်ကြတယ်ထင် တယ်။

“ပန်းလေးက အရင်ကဒါမျိုးတွေမစားပါဘူး ဒီကိုရောက်လာမှပဲ ဘာလို့ အသီးအရွက်တွေကို စားချင်စိတ်ဖြစ်နေတာလဲ”

“ဒီကအသီးအရွက်တွေက အပြင်ကဟာတွေနဲ့မတူဘူး” ဝူလင်းယူ ပြော လိုက်သည်။

“ဘာမတူတာလဲ”

“ဒီကိုလူအရောက်အပေါက်နည်းတယ်၊ အဲဒါကြောင့် အပြင်လောကရဲ့ လွှမ်းမိုးမှုခံရတာ အရမ်းနည်းတယ်၊ အဲဒါကြောင့် ပျက်စီးမှုနည်းတယ်၊ အများစု က ရှေးဟောင်းရောင်ဝါကို ထိန်းထားနိုင်တယ်” ဝူလင်းယူ ရှင်းပြလေသည် “ပြီးတော့ သူတို့က အဆင့်အရမ်းမြင့်ကြတယ် အဲဒါကြောင့် သူမအား တိုးဖို့ အတွက် အရမ်းကိုအကျိုးရှိလိမ့်မယ်”

အဲတော့ ဆိုလိုတာက အရင်တုန်းကဟာတွေက အားနည်းလို့ ပန်းလေး ကသူတို့ကို ဂရုမစိုက်ခဲ့တာလား။

“အဲလိုပြောရမယ်ဆိုရင် ဒီတစ်ခါဒီကိုလာတာ သတ္တုရရ မရရ အကျိုးတော့ ရှိဦးမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“မင်းရဲ့ သဘောထားကတော့ အမြဲပြည့်ဝနေတာပဲ” ဝူလင်းယူသည် သူမ ကိုကြည့်လိုက်သည်။ သူမ၏ ထိုစိတ်ထားသည် သူ့တွင်မရှိခဲ့သည့်အရာပင်ဖြစ် သည်။

“ဘာလို့လဲဆိုတော့ ညီမမှာအများကြီးရှိနေပြီလေ” ရှီမာယူယူ ပြောလိုက် သည် “ညီမကဘယ်တုန်းကမှ လောဘမတက်ဘူး”

“ဒီကမ္ဘာကြီးမှာ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေကြ တယ်၊ ဒါကကိစ္စကောင်း ဟုတ်လားဆိုတာကို မသိတော့ဘူး” ဝူလင်းယူသည် သူမ၏ ဆံပင်ကို နားရွက်အနောက်သို့ ပို့ပေးလိုက်သည်။

“ဘယ်သူသိမှာလဲ”

“ယူယူ ဒါကိုကြည့်ဦး” ပန်းလေးသည် သူမရှေ့တွင် ခုန်ဆွခုန်ဆွလုပ်နေ ပြီး အမည်မသိ သစ်ကိုင်းတစ်ခုကို ကိုင်ထားသည်။

“အဲဒါကဘာလဲ” ရှီမာယူယူသည် သစ်ကိုင်းကိုကြည့်လိုက်သည်။ ထို သစ်ကိုင်းသည် အလွန်ထူးခြားနေသည်။

“ဒါက ငါတို့ခေတ်ကဟာမဟုတ်ဘူး” ပန်းလေးပြောလိုက်သည် “ဒီကနေ အရမ်းကြောက်ဖို့ကောင်းတဲ့ အနံ့ရတယ်”

“အရမ်းကြောက်ဖို့ကောင်းတဲ့ အနံ့ဟုတ်လား” ရှီမာယူယူ လှည့်လိုက်ပြီး ဝူလင်းယူကို ကြည့်လိုက်သည်။

“ဒီဟာမှာ ဝိညာဉ်သားရဲအနံ့ရှိနေတယ်” ဝဓလင်းယူသည် ပြောပြီး နောက် ယူကာအနံ့ခံကြည့်လိုက်သည်။

“အစ်ကိုကဘယ်တုန်းက ရွှမ်ချုံးဟော်လို နှာခေါင်းရှိသွားတာလဲ” ရှီမာယူယူ ရယ်မောလိုက်သည်။

“ကိုယ်က သူ့ထက် အများကြီးအားကောင်းတယ်” ဝူလင်းယူ ပြောလိုက် သည်။

မာနကြီးလိုက်တဲ့ လူကြီး…

ရှီမာယူယူသည် သူ့ကိုလျစ်လျူရှုကာ သစ်ကိုင်းကိုယူပြီး ဂရုတစိုက် စစ်ဆေးကြည့်လေသည် “ဘယ်လိုဝိညာဉ်သားရဲက ဒီလိုအနံ့ထွက်တာလဲ၊ ဘာလို့ ဒီသစ်ကိုင်းတွေမှာလာရှိနေတာလဲ”

“အရင်က အဲဒီရှေးဟောင်းသားရဲအနံ့ကို တစ်ခါမှမရှုဖူးဘူး၊ ဘယ်သားရဲ ရဲ့အနံ့ဖြစ်မလဲဆိုတာ ဘယ်လိုလုပ်သိမလဲ” ဝူလင်းယူ ပြောလိုက်သည်။

“ဒီအနံ့က ရှေးဟောင်းသတ္တဝါရဲ့အနံ့လို့ပြောလိုက်တာလား” ရှီမာယူယူ နှင့် ပန်းလေးတို့ အော်မိကြလေသည်။

“ဟုတ်လောက်မယ်” ဝူလင်းယူ ပြောလိုက်သည် “သူ့ရောင်ဝါက မင်းရဲ့ ရွှေလေးရဲ့ အနံ့ထက်တောင် ပိုပြီးရှေးကျသေးတယ်၊ ဒီနေရာမှာပဲဖြစ်လောက် မယ်”

“အဲတော့ ဒီနေရာက ရှေးဟောင်းသားရဲတွေကိုချိပ်ပိတ်တဲ့နေရာလို့ ပြော လိုက်တာလား၊ မဟုတ်ရင် သူတို့က ရှေးဟောင်းသတ္တုတွင်းကလာတာဖြစ် မလား” ရှီမာယူယူ၏ မျက်နှာသည် လေးနက်နေသည်။

“ဒီသစ်ကိုင်းက အဲဒီဝိညာဉ်သားရဲရဲ့ဟာဖြစ်မလား မတူနိုင်ပါဘူး” ပန်းလေး ပြောလိုက်သည်။

“ဒီသစ်ကိုင်းက အရင်က ဝိညာဉ်သားရဲရဲ့ ရောင်ဝါ ဒါမှမဟုတ် သွေး မဟုတ်ရင် ခန္ဓာကိုယ်ထဲကထွက်တဲ့ အရည်တစ်ခုခုကို စုပ်ယူထားတာဖြစ်ရ မယ်” ဝူလင်းယူ ပြောလိုက်သည် “ဘယ်လိုပဲပြောပြော ဒါကပစ္စည်းကောင်း တော့ဟုတ်တယ် သူမအတွက်အကျိုးရှိနိုင်သည်။”

“တကယ်ကြီဂလား ဒါဆိုရင် ထပ်ရှာကြမလား” ပန်းလေး၏ မျက်လုံးများ အရောင်တောက်လာသည်။

“သွားကြည့်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါတကယ်ပဲ ပန်းလေး အတွက် အသုံးဝင်ရင် အရမ်းကောင်းတာပေါ့”

ပန်းလေးသည် ရှင်းလင်းနေသော မြေနေရာဆီသို့ သူတို့ကို ရှေ့မှ ဦးဆောင်သွားလေသည်။ ထိုနေရာသည် မီတာရာချီကြီးမားကာ မြင်ပင် သစ်ပင်များ ပေါက်ရောက်ခြင်းမရှိပေ။ ကွင်းပြင်အလယ်တွင် ၁၀ မီတာအမြင့် ရှိသော သစ်ပင်ကြီးရှိနေသည်။

ထိုထူထဲလှသော တောတွင် သစ်ပင်များသည် ပုကြသည်။ သို့သော် ထိုအပင်သည် မြင့်မားပြီး တစ်ပင်တည်း ထီးထီးကြီးရှိနေသည်။ ထိုမြင်ကွင်း သည် ရှီမာယူယူ ချင်ယိကိုပထမဆုံးမြင်ခဲ့သည့်အချိန်ကို ပြန်အမှတ်ရစေသည်။

***

All Chapters