← Chapters

ကံဆိုးမှုကို ဆွဲခေါ်ခြင်း

Vol. 107 Ch. 1496

ကံဆိုးမှုကို ဆွဲခေါ်ခြင်း

Vol. 107 Ch. 1496

ရှီမာယူယူသည် ထိုသစ်ပင်ကို စစ်ဆေးကြည့်ပြီး သူ့ရောင်ဝါသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။ ထိုသစ်ပင်တွင် ရှေးဟောင်းသားရဲ ၏ရောင်ဝါရှိခြင်းကြောင့် ဖြစ်နိုင်သည်။

“ဒီသစ်ပင်က ဆုတ်ယုတ်တယ်လို့ပြောရမှာလား ဖွံ့ဖြိုးလာတယ်လို့ပြော ရမှာလား” ဝူလင်းယူသည် သစ်ပင်ကိုကြည့်ပြီး သူ့ဘာသာ ရေရွတ်မိသည်။

“တကယ် ပြောဖို့ခက်တယ်” ရှီမာယူယူသည်လည်း နားလည်သည်။ ဆုတ်ယုတ်သည်ဟု ပြောလျှင် ရှေးဟောင်းရောင်ဝါသည် ဆင်တူသည်ထက် ပို နိုင်သည်။ ဖွံ့ဖြိုးသည်ဟု ပြောမည်ဆိုပါက ရှေးဟောင်းရောင်ဝါသည် ပိုကြီးထွားလာရမည်ဟု မဖြစ်မနေဆိုလိုခြင်းမဟုတ်ပေ။

“ဆုတ်ယုတ်တာဖြစ်ဖြစ် ဖွံ့ဖြိုးလာတာဖြစ်ဖြစ် ငါတို့နဲ့တွေ့တာ ကံဆိုး တာပဲ” ပန်းလေးသည် ပျော်ရွှင်စွာဖြင့် လက်ခုပ်တီးလိုက်သည်။

“တကယ် ကံမကောင်းတာပဲ” ဝူလင်းယူ ပြောလိုက်သည် “ဒါပေမဲ့ သူက မင်းကိုကြောက်ပြီး အကိုင်းအခတ်တွေ ချိုးခွင့်ပေးရင်လည်း အမြစ်ကို တူးဖို့ ကြိုးစားရင်တော့ ပြန်တိုက်ခိုက်လာမှာပဲ”

ရှေ့တစ်လှမ်းတိုးရန် ဟန်ပြင်နေသော ပန်းလေးသည် နောက်ပြန်ဆုတ် လိုက်သည်။

“ဟီးဟီး အစ်ကိုကြီးလင်းယူ အစ်ကိုကြီးက အဲလောက်အားကောင်းတာ အစ်ကိုကြီးသွားတာပဲကောင်းပါတယ်” သူမသည် မြှောက်ပင့်ကာ ပြုံးလိုက် သည်။

“သွားလေ ခဏနေရင်လိုက်လာမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

ဝူလင်းယူ လျှောက်သွားရာ သစ်ပင်သည် အန္တရာယ်ကို ခံစားမိကာ ချက်ချင်းပင် ပြန်တိုက်ခိုက်ရန် ပြင်လေသည်။ သို့သော် ဝူလင်းယူ မီးတောက် အနည်းကို စုစည်းလိုက်ချိန်တွင် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားလေသည်။

ဝူလင်းယူ၏ မီးတောက်ကို ရှီမာယူယူမြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုမီးတောက်သည် ငှက်လေးလောက် ကြီးမားသည့်ပုံမပေါ်သော် လည်း ကြောက်မက်ဖွယ်ကောင်းနေသေးသည်။

ဝူလင်းယူသည် သစ်ပင်ကို အမြစ်မှနှုတ်ပြီး ဘာကိုမှချန်မထားတော့ပေ။

ပန်းလေးသည် ပျော်လွန်းကာ ခုန်တက်ရန်လုပ်လေသည်။ သို့သော် သူမ ၏ စိတ်အားထက်သန်မှုမှာ ဝူလင်းယူ၏ တားမြစ်ခြင်းကိုခံလိုက်ရသည်။

“ဒါက မင်းအရင်က စားဖူးတာနဲ့မတူဘူး မင်းအခုလို အားကောင်းတဲ့ပုံနဲ့ ဆိုရင် အများကြီးစားလို့မရဘူး၊ တစ်နေ့ကို သစ်ကိုင်းတစ်ခုပဲစားလို့ရမယ်” ဝူလင်းယူသည် သစ်ပင်ကို ရှီမာယူယူကို ပေးလိုက်သည်။ သူသည် သူမကို တိုက်ရိုက်မပေးပေ။

တစ်ရက်ကို သစ်ကိုင်းတစ်ခုပဲပေါ့။ ပန်းလေး၏ မျက်နှာလေး ညှိုးသွား သည်။ သို့သော် သူမ စဉ်းစားပြီးရင်း စဉ်းစားလိုက်ရာ ဘာမှမရှိသည်ထက်စာရင် တော်သေးသည်။

ရှီမာယူယူသည် သစ်ပင်ကိုသိမ်းပြီး လက်ထဲမှ သစ်ကိုင်းကို ပန်းလေးဆီ သို့ပစ်ပေးလိုက်သည်။

“ပြန်ရအောင်”

တုန်လိုင်လီနှင့် ရွှမ်ချုံးဟော်တို့သည် နားနေသည့်နေရာတွင် စကားပြော နေကြသည်။ သွားရမည့်အချိန်ကျလာသဖြင့် သူတို့ပြောလိုက်သည် “အကုန်လုံး နားပြီးပြီဆိုတော့ သွားရအောင်”

“နည်းနည်းလောက် ထပ်နားရအောင်” ရွှမ်ချုံးဟော် ပြောလိုက်သည်။

“ထပ်ပြီးကြာနေရင် မှောင်သွားလိမ့်မယ်” သူဘာကြောင့် စိတ်မပူသည် ကို တုန်လိုင်လီ မသိတော့ပေ။

“ဒီညကို ဒီမှာနေလိုက်တာလည်း မဆိုးပါဘူး၊ ဒီလောက်အကြာကြီးနေ လာပြီဆိုတော့ ငါတို့လည်း ဒီနေရာကိုရင်းနှီးနေကြပြီ၊ ညအိပ်လိုက်တာ ပို ဘေးကင်းနိုင်တယ်” ရွှမ်ချုံဟော်သည် ပြုံးပြီးပြောလိုက်သည်။

အဲလိုလား…

တုန်လိုင်လီသည် သူ့အား နားမလည်သလိုကြည့်လိုက်သည်။ အရင်က သူမဟုတ်သလိုပဲ။

သူမ လှည့်ပတ်ကြည့်လိုက်ရာ ရှီမာယူယူနှင့် ဝူလင်းယူတို့ မရှိသည်ကို သတိထားမိသွားသည်။ သူက သူတို့ကိုစောင့်နေတာလား။

“ဒါဆိုလည်း ကောင်းပြီလေ နောက်တစ်ခါ ဒီကိုခေါ်လာခဲ့ပေး”

“ပြဿနာမရှိဘူး”

“ဒါဆို ရှင်းပြီနော်”

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ပျော်ရွှင်စွာ စကားပြောရင်း လျှောက် လာကြသည်။ ပန်းလေးသည် သူတို့အနောက်တွင် ကပ်ပါလာပြီး သစ်ကိုင်းကို ဖက်ကာ ဝါးနေသည်။ ကြည့်ရသည်မှာ စားရခက်သည့်ပုံပင်။

ရွှမ်ချုံးဟော် သူတို့အသံများကို ကြားသောအခါ တုန်လိုင်လီနှင့်အတူ ကြည့်လိုက်ကြလေသည်။

“ယူယူတို့ ပြန်လာကြပြီလား”

ရှီမာယူယူသည် အားလုံးမတ်တတ်ထပြီးသားဖြစ်နေသည်ကို မြင်သော အခါ ပါးမို့များတက်အောင်ပြုံးပြီး ပြောလိုက်သည် “သွားဖို့အဆင်သင့်ပဲလား တောင်းပန်ပါတယ် ဟိုဘက်မှာအခြေအနေတစ်ခုလေးတွေ့လိုက်လို့ သွားကြည့်နေတာနဲ့ ပြန်လာဖို့ကြာသွားတယ်”

“ကိစ္စမရှိပါဘူး အချိန်မှီပါပဲ” ရွှမ်ချုံးဟော် ပြောလိုက်သည် “ငါက မင်းတို့ ကိုပြောတော့မလို့ပဲ”

“ရှင်တို့လည်းရောက်ပြီဆိုတော့ သွားကြတာပေါ့” တုန်လိုင်လီသည် မပျော်ရွှင်မှုကို ခေါက်သိမ်းထားလိုက်သည်။

ရှီမာယူယူနှင့် တခြားသူများ ထပ်မံထွက်ခွာလေသည်။ တုန်လိုင်လီနှင့် ရွှမ်ချုံးဟော်တို့သည် အရှေ့မှလျှောက်ကာ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အနောက်မှလျှောက်ကြသည်။ သူတို့နှစ်ယောက် ဆက်ဆံရေးကောင်းပုံကို ကြည့်သည်နှင့်မြင်နိုင်သည်။

“မိန်းကလေးယူယူ ခုနကဘာသွားလုပ်ကြတာလဲ” တုန်လိုင်လီသည် လှည့်လာကာ မေးလေသည်။

“အဲနားကို လမ်းလျှောက်သွားကြတာပါ” ရှီမာယူယူ ပြောလိုက်သည်။ ထို့နောက် သူမ စဉ်းစားကြည့်ကာ အဆုံးတွင် သူတို့ကိုပြောပြရန် ဆုံးဖြတ်လိုက် သည် “ရှင်တို့ကိုပြောပြရမယ့်ဟာ ရှိတယ်လို့ထင်တယ်”

“ဘာလဲ”

“ကျွန်မတို့ခုနက သွားတုန်းက ရှေးဟောင်းဝိညာဉ်သားရဲအနံ့ရလိုက် တယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် ရှေးဟောင်းသတ္တုတွင်းထဲမှာ ပိတ်လှောင်ထားတဲ့ ရှေးဟောင်းဝိညာဉ်သားရဲရှိမယ်လို့ မှန်းမိကြတယ်၊ ပြီးတော့ သူလွတ်နေပြီ”

“ဘာ”

အားလုံး အော်လိုက်မိကြသည်။

ရွှမ်ချုံးဟော်၏ အပြုံးပင် ပျောက်ကွယ်သွားသည်။

“ယူယူ သေချာလား”

ရှီမာယူယူသည် လှည့်ပြီး လက်ဆန့်ထုတ်ကာ ပြောလိုက်သည် “ပန်းလေး ငါ့ကိုငှားပေးဦး”

“အာ.. အို” ပန်းလေးသည် သစ်ကိုင်းကို ရှီမာယူယူဆီသို့ပေးလိုက်သည်။

ရှီမာယူယူသည် ယူပြီးနောက် လှည့်ကာ ရွှမ်ချုံးဟော်၏ လက်ထဲကို ထည့်လိုက်သည် “ဒါကိုကြည့်လိုက်”

ရွှမ်ချုံးဟော်သည် သစ်ကိုင်းယူပြီး အနံ့ရှုကြည့်ကာ ပြောလိုက်သည် “ဒါ တကယ်ပဲ ရှေးဟောင်းအနံ့ရှိနေတာပဲ”

“ကြည့်ရအောင်” တုန်လိုင်လီသည် သစ်ကိုင်းယူပြီး ဂရုတစိုက်စစ်ဆေး ပြီး ပြောလိုက်သည် “ဟုတ်တယ် ဒီမှာတကယ်ပဲ ရှေးဟောင်းဝိညာဉ်သားရဲအနံ့ ရှိနေတယ်၊ ဘယ်ရှေးဟောင်းသားရဲရဲ့ အနံ့ကဒီသစ်ကိုင်းမှာလာစွဲနေတာလဲ”

“အဲအကောင် ဒီသစ်ပင်အနားလာတုန်းကို ချန်ခဲ့တာဖြစ်မယ်” ရွှမ်ချုံးဟော် ခန့်မှန်းလိုက်သည်။ သူသည် ဝူလင်းယူနှင့်အတွေးတူသည်။

“အဲဒါကြောင့် ရှင်တို့အကြာကြီးနေပြီးမှ ပြန်လာတာကိုး” တုန်လိုင်လီ သည် အားလုံးကိုစောင့်မျှော်ရန် စိတ်မရှည်လှပေ။ ထိုအရာသည် အရေးကြီး သည့် ရှာဖွေတွေ့ရှိမှုဖြစ်သဖြင့် သူတို့ပျော်ရွှင်ရမည်။

ထိုနေရာတွင်ရှိနေပါက တခြားနေရာတွင်လည်းရှိနိုင်မည်။ သူတို့သာ ရှာဖွေနိုင်ပါက ဘာကြောင့် ကြောက်ရတော့မည်နည်း။ မျိုးနွယ်အတွက် အလွန် အသုံးဝင်နိုင်သည်။

အကြောင်းမှာ အလွန်ပြင်းထန်သောကြောင့်ဖြစ်နိုင်သည်။ ဝိညာဉ်သားရဲ များပါက အန္တရာယ်များမည်ဖြစ်သည်။

သို့သော် ရှေးဟောင်းဝိညာဉ်သားရဲရှိသည်ဟု တွေလိုက်သည်နှင့် စိတ်လှုပ်ရှားစရာကောင်းလှသည်။

ဝူလင်းယူသည် သူမ၏ စိတ်အားထက်သန်သောအကြည့်ကိုမြင်သော အခါ တခြားသူများလည်း သူမကဲ့သို့ စိတ်လှုပ်ရှားနေသည်ကို သတိထားမိလိုက် သည်။ ရှီမာယူယူသည် ထိုအကြောင်းကြားစဉ်က စိုးရိမ်ခဲ့ပြီးနောက်မှပင် အနည်းငယ်ပျော်ရွှင်သွားခဲ့သည်ကို သူ တွေးနေမိသည်။ ထိုအရာသည် သူမနှင့် တခြားသူများကြားမှ ကွာခြားမှုဖြစ်သည်။

“ငါတို့ဒီအကြောင်းကို သိထားမှတော့ နောက်ကို ပိုပြီးဂရုစိုက်ရတော့ မယ်” ရွှမ်ချုံးဟော်သည် ပျော်ရွှင်သွားခြင်းမရှိဘဲ ညွှန်ကြားလေသည်။

“ဟုတ်ကဲ့ပါ သခင်လေး” ရွှမ်ချုံးဟော်၏ လူများ ပြန်ဖြေလေသည်။

“ဟုတ်တယ် ရှေ့ကလမ်းက အန္တရာယ်များနေတုန်းပဲ၊ ငါတို့ နိုးနိုး ကြားကြားရှိနေရမယ်” တုန်လိုင်လီသည်လည်း ပြန်တည်ငြိမ်လာသည်။ သို့သော် သူမ အကြည့်များသည် အရင်ကထက်စာလျှင် ပိုတက်ကြွနေသည်။

သူတို့ ရှေ့ဆက်လျှောက်ကြသည်။ တောထဲတွင် မည်သည့်တိုက်ခိုက်မှု နှင့်မှ မတွေ့ရပေ။ ရက်အနည်းငယ်ကြာပြီးနောက် သူတို့တောအုပ်ထဲမှထွက် ကာ မြက်တောထဲသို့ ရောက်လေသည်။

“ပတ်ဝန်းကျင်က တကယ်ပဲထူးဆန်းတာပဲ၊ ငါတို့က ကန္တာရထဲရောက် နေတာတောင် တော်အုပ်ရှိတယ်၊ အခုဒီရောက်တော့ မြက်တောကိုတွေ့ရပြန် ပြီ” လူတစ်ယောက်သည် ရှုပ်ထွေးစွာဖြင့် အော်လေသည်။

“အဲဒီတောက မိုးကြောင့်ရှင်သန်နေတာမဟုတ်ဘူး၊ အောက်က အမှောင် မြစ်ကြောင့်ပဲ” ရွှမ်ချုံးဟော် ပြောလိုက်သည် “အမှောင်မြစ်က ဒီနားလောက်မှာ ပဲ၊ အဲဒါကြောင့် တောလည်း ဒီနေရာမှာပဲရှိတာ”

“ကန္တာရအောက်မှာ အမှောင်မြစ်ရှိနေတာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာ လဲ”

“မြေအောက်ကို မကြည့်ဖူးမှတော့ ရှိလားမရှိလား ဘယ်သိနိုင်မှာလဲ” တုန်လိုင်လီ ပြောလိုက်သည် “ပြည်နယ် ၃၂ ကထူးဆန်းတယ်၊ ဘာမဖြစ်နိုင် စရာရှိလဲ”

“ဟုတ်တယ်” ရွှမ်ချုံကျိ ပြန်ဖြေလေသည်။ ပြည်နယ် ၃၂ တွင် မဖြစ်နိုင် သည့်အရာမရှိပေ။

“ဝေါ ဝေါ ဝေါ”

*

All Chapters