← Chapters

သူမ အကြံကိုတခြားသူများကို စဉ်းစားစေခြင်း

Vol. 107 Ch. 1497

သူမ အကြံကိုတခြားသူများကို စဉ်းစားစေခြင်း

Vol. 107 Ch. 1497

ထိုလူများသည် သူတို့ကိုမြင်သောအခါ လက်လျော့ထားရာမှ မျှော်လင့် ချက်များ ပြန်ရှင်သန်လာသည်။ သူတို့သည် ခြေလှမ်းကျယ်များဖြင့် ပြေးလာ သည်။

ထိုလူများသန်မာပါက သူတို့ကိုကယ်ပေးမည့် အခွင့်အရေးရှိပြီး အားနည်း ပါက ဒိုင်းကာအဖြစ်သုံးကာ ထွက်ပြေးရန် အခွင့်အရေးရနိုင်သည်။

သူတို့ပြေးလာပြီး ဝိညာဉ်သားရဲများသည် အနောက်မှလိုက်ကြလေ သည်။ သားရဲတစ်ကောင်ချင်းစီသည် ၇ မီတာမှ ၈ မီတာအထိရှည်ကာ ရှည်လျားသော အတောင်ပံတစ်စုံစီရှိကြသော်လည်း ငှက်မျိုးနွယ်များကဲ့သို့ ပျံသန်းခြင်းမပြုကြပေ။ သူတို့ခန္ဓာကိုယ်တွင် ကျားသစ်ကဲ့သို့ အစက်အပျောက် များရှိကြပြီး ခေါင်းမှ လည်ဆံမွေးများရှည်ကျနေသည်။

သူတို့ အနောက်မှလိုက်ရင်းနှင့် မာန်ဟိန်းလာသည်။ ထိုအသံမှာ နားထဲ သို့အရောက်တွင် လွန်စွာစူးရှလှသည်။

“အဲဒါတွေက ဘာဝိညာဉ်သားရဲတွေလဲ” ရှီမာယူယူသည် ထိုမာန်ဟိန်းသံ များကိုကြားသောအခါ စိတ်ထဲမှ အကြောက်တရားများမြင့်တက်လာသည်။

ထိုအသံများသည် မွေးကင်းစ၏ ငိုသံနှင့်ဆင်တူသော်လည်း မွေးကင်းစ ငိုသံမှာနူးညံ့ပြီး ထိုအသံမှာကြောက်မက်ဖွယ်ကောင်းလှသည်။

“အဲဒါခြင်္သေ့တစ်ပိုင်းသတ္တဝါတွေပဲ” ငှက်နှင့်တူသော်လည်း ငှက်မဟုတ် ဘဲ ကျားသစ်နှင့်တူသော်လည်း ခေါင်းတွင်ဦးချိုပေါက်နေသောဝိညာဉ်သားရဲ များကိုမြင်သောအခါ ဝူလင်းယူ အသံတိုးညင်းစွာပြောလိုက်သည်။ (အတိအကျ ပြောရလျှင် ခြင်္သေ့ကိုယ်၊ လင်းယုန်ငှက်ခေါင်းနှင့် အတောင်ပံများပါသည့် ဒဏ္ဍာရီလာသတ္တဝါတစ်မျိုး)

“ခြင်္သေ့တစ်ပိုင်းဟုတ်လား” ထိုကဲ့သို့ ဝိညာဉ်သားရဲအမျိုးအစားကို ကြား ဖူးသည်မှာ ရှီမာယူယူအတွက် ပထမဆုံးအကြိမ်ဖြစ်ကာ အားလုံး၏ အမူအရာ သည် လေးနက်နေသည်ကိုမြင်သည်နှင့် ပြောလိုက်သည် “အဲအကောင်တွေကို နိုင်ဖို့ခက်လား”

“နည်းနည်းတော့ ငြီးငွေ့စရာကောင်းပေမဲ့ အဆင်ပြေပါသေးတယ်” တခြားသူများနှင့်ယှဉ်လျှင် ဝူလင်းယူသည် စိုးရိမ်မှုအနည်းဆုံးဖြစ်သည်။

ထိုလူများနီးလာသည်နှင့် သူတို့နောက်လိုက်နေသော ခြင်္သေ့တစ်ပိုင်း အကောင်များ ပိုကြီးလာသည်။ သူတို့ဆီမှလာသော အနံ့များပို ရှင်းလင်းလာ သည်ကို ရှီမာယူယူ အနံ့ခံမိသည်။

ရွှမ်ချုံးမျိုးနွယ်နှင့် တုန်လိုင်လီမျိုးနွယ်များသည် ထွက်ပြေးရန်အစီအစဉ် မရှိပေ။ သူတို့ထိုမြင်ကွင်းကို မြင်လိုက်ချိန်မှာ လူနည်းနေသော်လည်း ထိုလူများ ကိုအနိုင်တိုက်နိုင်ရန် သေချာနေသည်။

“လင်းယူ ကြည့်လိုက်” ရှီမာယူယူသည် ပြေးလာသောလူတစ်စုကို ကြည့် လိုက်ရာ ရင်းနှီးနေသော ပုံရိပ်များဖြစ်သည်ကို သတိထားမိလိုက်သည်။ “အဲဒါ ဝေ့ရှဲကျူပဲ ယန်းမျိုးနွယ်ဝင်တွေ ညီမတို့ထက်ရှေ့ရောက်နေမယ်လို့ ထင်မထား ဘူးပဲ”

“အဲဒီမျိုးနွယ်ကြီးတွေရဲ့ အားကို သွားအထင်မသေးနဲ့” ဝူလင်းယူ ပြော လိုက်သည် “ဒီနေရာကိုရှာဖို့က ခက်တာမဟုတ်ဘူး”

“အဲတော့ ညီမတို့က နှေးတယ်လို့ပြောနေတာပေါ့” ရှီမာယူယူ သက်ပြင်း ချလိုက်သည်။

ယန်းမျိုးနွယ်များရောက်လာရာ တခြားအင်အားစုများလည်း ရောက်နေ မည်မှာသေချာသည်။

“ကိုယ်တို့ ရွေးတဲ့လမ်းက ဘေးအကင်းဆုံးပဲ မဟုတ်ရင် ဒီလောက်ကြာ မယ်လို့ထင်လား” ဝူလင်းယူ ပြောလိုက်သည်။

ရှီမာယူယူ စဉ်းစားကြည့်ရာ အမှန်ဖြစ်နေသည်။ သူတို့သည် နှစ်တစ်ဝက် ကြာအောင် လျှောက်ခဲ့ကြသည်။ သူတို့သည် ကွေ့ရှောင်ပြီး ရွှမ်ချုံးဟော် ရွေးသောလမ်းမှ သွားခဲ့ကြသော်လည်း မည်သည့်အန္တရာယ်နှင့်မှမတွေ့ပေ။

သူတို့အားအင်ချွေတာရန် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။

သူတို့ ထိုနေရာသို့ရောက်မှပင် အားအင်သုံးရန်လိုမည်။ အရင်ရောက် ခြင်း မရောက်ခြင်းက အရေးမကြီးလှပေ။ မဟုတ်လျှင် အသက်ရှင်လျက်ဝင် သွားသူသည် ပြန်ထွက်လာနိုင်မည်မဟုတ်ပေ။

“ကိုယ်နဲ့ကပ်နေ” ခြင်္သေ့တစ်ပိုင်းများ နီးလာသည်နှင့် ဝူလင်းယူသည် သူမကို သတိပေးလိုက်သည်။

ရှီမာယူယူသည် သူ့အဝတ်များကို ကိုင်ကာ ပြုံးလိုက်သည် “ဒါ အဆင်ပြေ လောက်မှာပါနော်”

သူမ အားငယ်သလိုပြုမူသည်ကို မြင်ရသည်မှာရှားပါသဖြင့် ဝူလင်းယူ ရယ်မောပြီး လက်ဆန့်ကာ သူမလက်ကိုဆုပ်ကိုင်ပြီးပြောလိုက်သည် “အဆင် ပြေမှာပါ”

ထိုလူများ နီးကပ်လာသည်နှင့် ရွှမ်ချုံးမျိုးနွယ်နှင့်တုန်လိုင်မျိုးနွယ်တို့မှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားကြသည်။ ရှီမာယူယူသည် ဝူလင်းယူနောက်လိုက် ကာ ဝင်ပါရန် အခွင့်အရေးမရပေ။ ထိုတိုက်ပွဲသည် သူမစွမ်းရည်ထက် သာလွန် နေသည်ကို မြင်သောအခါ နောင်တရသွားခဲ့သည်။

ဟူး… သူမ ပိုသန်မာမှဖြစ်မယ်။ သူမ မိဘများ၏ ကိစ္စဖြေရှင်းပြီးသည်နှင့် တံခါးပိတ်ကျင့်ကြံရတော့မည်။ မဟုတ်လျှင် ကျွမ်းကျင်သူများသည် နေရာ တိုင်းတွင်ရှိသည်။ သူမသည် စကားပြောရန်ပင် နိုးကြားနေရန်လိုသည်။

တခြားသူများသာ သူမအတွေးကိုသိလျှင် သူမကို သေချာပေါက် အနိုင်ယူ ချင်မည်ဖြစ်သည်။ သူမသည် ရှီမာမျိုးနွယ်တွင် အဆင့်မြင့်နေသည်မှာ သေချာ သော်လည်း ထပ်ပြီးအဆင့်တက်ချင်နေသည်။ သူမသည် ငယ်သေးသော်လည်း ယခုလိုပြည့်စုံနေပြီဖြစ်သည်။ အခု သူမသည် စွမ်းအားလျော့နေခြင်းကို ဝမ်းနည်းမိသည်။ သူမက တကယ်ပဲ အနိုင်ယူဖို့လွယ်တာပဲ။

ထိုတိုက်ပွဲသည် မကြာလိုက်ပေ။ ဤနေရာထိ ရောက်လာသည်မှာ ထို မျိုးနွယ်ကြီးနှစ်ခုသည် အားမနည်းသည်ကို ပြသနေသည်။

ရှီမာယူယူသည် ကြမ်းပြင်ပေါ်မှ အလောင်းများကို ကြည့်ပြီးပြောလိုက် သည် “ခြင်္သေ့တစ်ပိုင်းရဲ့ သွေးတွေက တကယ်ပဲမွှေးတာပဲ၊ ပန်းလေး ဒီအလောင်းနှစ်ခုကို သိမ်းထားလိုက် ငါတို့ပြန်ရောက်ရင် အသားကင်လုပ်စား ကြမယ်”

“ဟုတ်ပြီ” ပန်းလေးသည် အစားအသောက်နှင့်ပတ်သတ်လျှင် မည်သည့် အခါမှငြင်းဆန်ခြင်းမပြုပေ။

“ခြင်္သေ့တစ်ပိုင်းက အားကောင်းပေမဲ့ သူတို့အသားက ဝိညာဉ်စွမ်းအင် အဲလောက်မရှိဘူး” တုန်လိုင်လီပြောလိုက်သည်။

“ကိစ္စမရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဝိညာဉ်စွမ်းအင်ကြောင့် စားတာမှ မဟုတ်တာ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ရှင်တို့မလိုချင်ရင် ကျွန်မတို့ကို ပေးလိုက်လေ ဘယ်လိုလဲ”

“ရှင်လိုချင်ရင် ယူလိုက်လေ” တုန်လိုင်လီသည် ထိုအလောင်းများကို နည်းနည်းမှပင် စိတ်မဝင်စားပေ။

“ဒါဆိုရင် ကျေးဇူးတင်ရတာပေါ့” ရှီမာယူယူသည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ ထို့နောက် သူမ ရွှမ်ချုံးဟော်နှင့် တခြားသူများကို ကြည့်လိုက် သည်။

“ငါတို့လည်းမလိုချင်ဘူး” ရွှမ်ချုံးဟော်သည် အစကတည်းကပင် သူမကို ပေးရန် ရည်ရွယ်ထားသည်။

“ပြန်ရောက်ရင် ရှင်တို့အတွက် စွပ်ပြုတ်လုပ်ကျွေးမယ်” ရှီမာယူယူသည် ရွှမ်ချုံးကျိတို့ကိုပြောလိုက်သည်။ ထို့နောက် ပန်းလေးဘက်သို့လှည့်ကာ ညွှန်ကြားလိုက်သည် “ငါ့အတွက် နည်းနည်းချန်ထားပေး နင်အကုန်ယူလိုက်”

“တကယ်ကြီးလား” ပန်းလေသည် ပျော်ရွှင်ကာ ပန်းဖူးများပွင့်လာသည်။ သူမသည် ပန်းများဖြင့် ခြင်္သေ့တစ်ပိုင်းကောင်များကို အကောင်လိုက်ဝါးမျို လိုက်တော့သည်။

တုန်လိုင်မျိုးနွယ်များ၏ မျက်လုံးတဲတွင် အထင်သေးခြင်းများ ဖြစ်သွား သည်။ အထင်သေးစရာကောင်းလှသော လူများပင် ထိုကဲ့သို့အဆင့်နိမ့် ဝိညာဉ် သားရဲကို စာချုပ်တည်ထောင်မည်ဖြစ်သည်။

“အကုန်လုံး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ယန်းဝေ့သည် ယန်းဂေါင်မင်နှင့် တခြားသူများကို ဦးဆောင်ပြီး အားလုံးကို ဂါရဝပြုလေသည်။

“ဟင်း ယန်းဝေ ရှင်က ကိုယ့်အရှုပ်ကို သူမကိုရှင်းခိုင်းတာတော့ တော် တယ်နော်၊ တုနန်ဟော်က ရှင့်ကိုအဲလိုသင်ပေးထားတာလား” ယန်းမျိုးနွယ် သည် တုနန်မျိုးနွယ်နှင့် အနေနီးသည်ကို သိလိုက်ချိန်တွင် တုန်လိုင်လီသည် ယန်းမျိုးနွယ်အား အမြင်မကောင်းလှပေ။

“မိန်းကလေး အထင်မှားနေပါပြီ မင်းတို့ကိုဆွဲသွင်းဖို့ မရည်ရွယ်ပါဘူး၊ လူမြင်လိုက်တော့ ပြေးအကူအညီတောင်းလိုက်တာပါ” ယန်းဝေရှင်းပြလေ သည်။

“ဟင်း ဘယ်လိုလုပ်လုပ် ဂရုမစိုက်ဘူး၊ အခုအန္တရာယ်ပြီးသွားပြီ ရှင်တို့ ထွက်သွားကြပါ” တုန်လိုင်လီသည် ဂုဏ်သရေရှိဟန်ပင် မဆောင်တော့ပေ။ သူမနှင့် ယန်းမျိုးနွယ်တို့၏ ဆက်ဆံရေးမှာလည်း သာမန်ဆိုးခြင်းမဟုတ်ပေ။

ဝေ့ရှဲကျူသည် အဖွဲ့နောက်တွင်ရှိသော ရှီမာယူယူနှင့် ဝူလင်းယူတို့ကို မြင်သောအခါ အလိုလိုပင် အော်မိသွားလေသည် “မင်းပဲ”

“သခင်မယန်း တိုက်ဆိုင်လိုက်တာ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“သခင်မ ဒါက…” ယန်းဂေါင်မင် မေးလိုက်သည်။

ဝေ့ရှဲကျူ၏ အမူအရာသည် အနည်းငယ်ထူးဆန်းသွားကာ ပြောလိုက် သည် “သူမက ရှီမာယူယူတဲ့”

“ဘာ..” ယန်းဂေါင်မင်နှင့် တခြားသူများသည် သူမကို ကွဲပြားစွာကြည့် ကြလေသည်။ သူတို့သည် ဘာမှမပြောတော့ဘဲ ခြေတစ်လှမ်းဆုတ်လိုက် သည်။

သူတို့ မပြောသည်မှာ ဖြောင်းဖြရမည့်အချိန်ကောင်း မဟုတ်ပေ။ ထို အခြေအနေကြီးပြီးသွားသည့်အချိန် သူမ အသက်ရှင်နေသေးချိန်မှပင် သူတို့ စကားပြန်ပြောကြမည်။

“ကျုပ်တို့ကို ကယ်ပေးတဲ့အတွက် အနာဂတ်မှာ ဒီလိုအခြေအနေရောက် ခဲ့ရင် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ် အခုတော့ သွားခွင့်ပြုပါဦး” ယန်းဝေသည် ပြောပြီးသည်နှင့် သူ့လူများကို ဦးဆောင်ပြီး ထွက်သွားလေ သည်။

သူတို့ထွက်သွားသည်နှင့် ရွှေအာသည်နှာခေါင်းရှုတ်ကာ ပြောလိုက်သည် “သူတို့သာ တကယ်ပဲ ပြန်ဆပ်ချင်ရင် ကျွန်မတို့ကဘယ်သူလဲဆိုတာ မေးဦး လေ၊ သူတို့ကို ကျွန်မတို့ကသိပေမဲ့ သူတို့က ကျွန်မတို့ကိုသိတာမဟုတ်ဘူး ဟင်း”

ရှီမာယူယူသည် သူမကို ချီးကျူးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ မဆိုးဘူး သူမက ကြည့်လိုက်တာနဲ့ ပြောနိုင်သားပဲ။

သူမသည် ထွက်သွားသော ယန်းမျိုးနွယ်၏ ကျောပြင်ကိုကြည့်ရင်းနှင့် အကြည့်များပိုလေးနက်သွားလေသည်။

“ဘာတွေစဉ်းစားနေတာလဲ”

“ဦးလေးဟော်ပြောခဲ့တာကို စဉ်းစားနေတာ” ရှီမာယူယူ ပြောလိုက်သည် “ယန်းမျိုးနွယ်က တကယ်ပဲဒါမှာပါဝင်နေရင် သူတို့အဲဒါကိုလည်းခေါ်လာမှာပဲ ဒါပေမဲ့ သူတို့အဖွဲ့ထဲမှာ ဘယ်သူမှအနက်ရောင်ဝတ်ရုံဝတ်မထားကြဘူး”

“သူတို့သာ ဒီရောက်နေရင် ကိုယ်တို့လည်းတွေ့မှာပါ” ဝူလင်းယူ ပြော လိုက်သည် “ပြီးတော့ အဲဒါသာအမှန်ဆိုရင် အဲလိုကိစ္စတွေကို ဖုံးထားပြီး သူများ ကိုပြမှာမဟုတ်ဘူးလေ”

“အဲလိုဆိုရင် ပျားတွေကို သူတို့နောက်ကိုလိုက်ခိုင်းလိုက်မယ်” ရှီမာယူယူ တွေးလိုက်သည်နှင့် ပျားများသည် သူတို့ဘက်သို့ထွက်သွားပြီး အနီးကပ်လိုက် သွားလေသည်။

***

All Chapters