မထင်ထားဘဲပေါ်လာတဲ့ မသေလူများ
Vol. 107 Ch. 1498
နောက်ပိုင်းလမ်းတစ်လျှောက်တွင် ရှီမာယူယူတို့အဖွဲ့သည် ဝိညာဉ်သားရဲ များနှင့် တစ်ခါတရံတွေ့ရလေသည်။ ဝိညာဉ်သားရဲများသည် အပြင်မှသားရဲ များ ထက်များစွာ အားပိုကောင်းလေသည်။ သူတို့ဆိုလျှင်တောင် ဝိညာဉ်သားရဲ များအလိုက်ခံရပြီး မြက်တောကို ဖြတ်ပြေးရသည့်အခါများလည်းရှိသည်။
ရွှမ်ချုံးမျိုးနွယ်၏ ကန္တာရကို လေ့လာထားမှုသည် အိုအေစစ်အထိပင် ဖြစ် နိုင်သည်။
ဝိညာဉ်သားရဲများအပြင် လူတချို့ကိုလည်း တွေ့ရသည်။ ပထမဆုံး အင်အားစုမှ အကြံထုတ်ပြီးသည်နှင့် တခြားသူများ လိုက်နာကြသည်ထင် သည်။
သို့သော် လူများပိုလာလေ ပိုသေလေဖြစ်သည်။ သူတို့သည် တစ်ခါတရံ တွင် လမ်းပေါ်၌အလောင်းများကိုတွေ့ရလေသည်။
“ငါတို့ မြက်တောမှာ နှစ်လလောက်ပတ်သွားနေပြီးပြီ ဒါပေမဲ့ သတ္တုတွင်း ကိုမတွေ့ရဘူး” ပန်းလေးသည် လက်ထဲမှသစ်ကိုင်းကို အသံမြည်အောင်ဝါးရင်း သက်ပြင်းချလိုက်သည်။
သူမသည် ထိုနှစ်လအတွင်းတွင် သစ်ကိုင်းများစွာကို စားပြီးနေပြီဖြစ်သည်။ ပန်းလေး၏ အနံ့မှာလည်း နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ လွန်ခဲ့သည့် နှစ်လနှင့်မတူတော့ပေ။
“အခုကစပြီး အချိန်မရွေးတွေ့နိုင်တယ်” ရှီမာယူယူသည် ရှေ့မှ တောင် များကို မြင်ရသည်။
သတ္တုတွင်းအများစုမှာ တောင်များပေါ်တွင်ရှိသည်။ ထို့ကြောင့် သူတို့ မကြာမှီရောက်သွားနိုင်သည်။ တောင်များမှာနီးပုံပေါ်သော်လည်း ထိုနေရာသို့ ရောက်ရန် မည်မျှကြာမည်ကို မည်သူမှမသိနိုင်ပေ။
“အာ…”
စူးရှသောအော်သံတစ်ခုသည် အရှေ့မှထွက်လာသည်။ ရှီမာယူယူ၏ အားကောင်းသော အာရုံမှလည်း ထိုအရှေ့နားမှာ အနည်းငယ်ထူးဆန်းသည်ကို သိလိုက်ရသည်။
“သေဆုံးခြင်းရောင်ဝါရှိနေတယ်” ပြောပြီးနောက်တွင် သူမသည် အမြန် ပြေးသွားလိုက်သည်။
တခြားသူများလည်း သူမအနောက်လိုက်ကာ အမြန်ပြေးကြသည်။
ရှီမာယူယူသည် တောင်ကြားများဆီသို့ပြေးသွားကာ အနက်ဝတ်ရုံဝတ် ထားသော လူများကို တွေ့လိုက်ရလေသည်။ တချို့မှာ အလောင်းများကို သယ် နေကြသည်။
ထိုလူများ ရှီမာယူယူတို့ကိုမြင်သည်နှင့် အနက်ဝတ်ထားသောအဖွဲ့သည် လှည့်ထွက်ပြီး ပျံပြေးကြလေသည်။
တုန်လိုင်လီနှင့်တခြားသူများသည် အနက်ဝတ်လူများ မျက်စိရှေ့မှ ပျောက်သွားသည်ကို ကြည့်ပြီး မျက်ခုံးအနည်းငယ်တွန့်လိုက်သည် “အဲလူတွေ က ထူးဆန်းတယ်”
“သေချာပေါက် ထူးဆန်းတာပေါ့” ရှီမာယူယူသည် ပြောပြီးသည်နှင့် ကျန်ခဲ့သော အလောင်းကို ပြေးသွားစစ်လိုက်သည်။
ထင်ထားသည့်အတိုင်းပင်…
တုန်လိုင်လီနှင့် တခြားသူများလည်း ပြေးလာပြီး အလောင်းများကို ကြည့် လေသည်။ သက်တောင့်သက်သာမဖြစ်လှသော ခံစားချက်သည် စိတ်ထဲမှ ထိုးတက်လာသည်။
“မင်းပြောတဲ့ ‘သေချာပေါက်’ ဆိုတာ ဘာအဓိပ္ပာယ်လဲ” ရွှေအာသည် ရှီမာယူယူအနောက်မှလိုက်လာပြီး သူမအလောင်းများကို စစ်ဆေးနေသည်ကို ကြည့်နေသည်။ သူမမျက်လုံးများသည် ရွံ့ရှာမှုများဖြင့် ပြည့်နေသည်။
“ပြောတဲ့အတိုင်းပဲလေ” ရှီမာယူယူသည် သူမ၏အထင်သေးမှုကို ခံစားမိ သဖြင့် သူမအား ခံစားချက်မကောင်းလှပေ။
တုန်လိုင်မျိုးနွယ်များသည် သူမ တုံ့ပြန်ချက်ကို မကျေနပ်လှပ။ သူမသည် ရာထူးနိမ့်ပြီး အားနည်းသည့် အပြင်မျိုးနွယ်မှ သခင်မလေးတစ်ယောက်သာ ဖြစ်သည်။ သူမက တကယ်ပဲ သူတို့ကို အဲလိုလေသံနဲ့ ပြောရဲသေးတယ်။
“ယူယူ အလောင်းတွေမှာ တစ်ခုခုရှိလို့လား” တုန်လိုင်မျိုးနွယ်များ မည်သို့ပင် ဖိအားပေးပြီး မေးခွန်းကိုမေးနေသော်လည်း ရွှမ်ချုံးဟော် မေးလိုက် သည်။
ရှီမာယူယူ ထိုအလောင်းများအကြောင်း စဉ်းစားပြီး ရွှမ်ချုံးဟော်ကို အနံ့ခံ ခိုင်းပါက ရိုင်းရာကျမည်ဟု ခံစားမိနေသည်။ သည်လိုနှင့် သူမ မတ်တတ်ရပ် ကာ သူမ၏ ရေအရည်အချင်းဖြင့် လက်ဆေးကာ ငှက်ပေါက်စကို မီးရှို့ခိုင်း လိုက်သည်။ ထိုကိစ္စများသည် ၁၀ စက္ကန့်သာ ကြာမြင့်လေသည်။
“အဲဒီအနက်ဝတ်လူတွေက မသေလူတွေပဲ၊ သူတို့က သေဆုံးခြင်း ရောင်ဝါသုံးတယ် ဒီအလောင်းတွေကိုလည်း သူတို့သယ်သွားမှာပဲ အဲဒါကြောင့် ဒါကိုအာရုံခံပြီး ကြည့်လိုက်ရင် နေရခက်သွားတာပဲ” သူမသည် ရွှမ်ချုံးဟော်ကို ရှင်းပြလိုက်သည်။
“အလောင်းတွေဟုတ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မဟုတ်တာတွေ မပြောနဲ့” ရွှေအာသည် အော်လေသည်။
ရှီမာယူယူသည် သူမကို မျက်လုံးထောင့်မှကြည့်ပြီးပြောလိုက်သည် “ရှင် မယုံရင် ကိုယ့်ဘာသာကြည့်လိုက်လေ၊ သေဆုံးခြင်းရောင်ဝါလိုဟာကို ရှင် သိရင်သိမှာပဲလေ”
“ကျွန်မ….” ရွှေအာသည် ဆွံ့အသွားသည်။ သူမကို ဒီအလောင်းတွေကို လှန်လှောစေချင်တာလား။ သူမ မလုပ်ချင်ဘူးလေ။
ရှီမာယူယူ၏ နှုတ်ခမ်းအထက်တွင် ပါးနပ်အေးစက်ပြီး သရော်သော အပြုံးဖြစ်သွားသည်။
“သွားကြည့်လိုက်” ရွှေအာသည် အစေခံမိန်းကလေးကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“ကျွန်မ….” ထိုအစေခံမိန်းကလေးသည် မလုပ်ချင်ပေ။ သို့သော် မနာခံ ဘဲမနေရဲသဖြင့် ရွံရှာမှုကိုအောင့်အီးကာ အလောင်းကိုလှန်ရန်ကြိုးစားလိုက် သည်။
“မင်းခန္ဓာကိုယ်ပေါ်က သေဆုံးခြင်းရောင်ဝါကို ဖယ်နိုင်မယ်လို့ အပြည့်အဝမယုံထားရင် ဒီအလောင်းတွေကို မကိုင်တာအကောင်းဆုံးပဲ” ရှီမာယူယူ၏ အသံမှာတိုးညင်းသော်လည်း ထိုလူကို ကြောက်လန့်သွားစေကာ လက်ကို အမြန်ပင်ဖယ်ရှားလိုက်သည်။
“နင်တကယ်ပဲ သူမစကားတွေကိုယုံနေတာလား” ရှီမာယူယူကြောင့် သူမလူများ မလှုပ်ရှားဘဲ တုံ့ဆိုင်းနေသည်ကိုမြင်သောအခါ ရွှေအာ အော်လိုက် သည်။
“မမရွှေအာ ကျွန်မ…”
“မြန်မြန်သွားစစ်ကြည့်လိုက် ဘာတွေဖြစ်နေလဲဆိုတာ နင့်သခင်မလေး ကို မသိစေချင်ဘူးလား” ရွှေအာ မေးခွန်းထုတ်လေသည်။
“ဒီလိုဖြစ်ဖို့ ကျွန်မမရည်ရွယ်ပါဘူး” သူမသည် မည်သည့်အဓိပ္ပာယ်လဲဟု ရှီမာယူယူကို မေးချင်သည်။ သို့သော် ရွှေအာသည်သူမကို ထိုသို့မလုပ်စေချင် သည့်ပုံပေါ်သည်။
သူမသည် ကြောက်တတ်ကာ ပြန်မတိုက်ခိုက်ရဲပေ။ သို့သော် အလောင်း ကိုလည်း မထိချင်ပေ။ ထိုအရာသည် သူမကို အန္တရာယ်များသည့် ခံစားချက်ကို ဖြစ်စေသည်။
“ငါလုပ်မယ်” အနည်းငယ်အသက်ကြီးပုံပေါက်သော အစေခံမိန်းကလေး သည် ထိုအလောင်းများကို စစ်ဆေးရန် ကိုယ်ကိုင်းလိုက်သည်။
ရွှေအာသည် ရှီမာယူယူအား မခံမရပ်နိုင်ဖြင့် ကြည့်နေသည်။ တကယ်ပဲ ဘာမှမဖြစ်ဘူးလေ။ သူမက တုန်လိုင်မျိုးနွယ်ကို ခြောက်ရဲတယ်ဟုတ်လား။ ကောင်းတယ် အရမ်းကောင်းတယ်။
“အား…”
ထိုမိန်းကလေးသည် ရုတ်တရက် နာကျင်စွာအော်ဟစ်ကာ တစ်ကိုယ်လုံး နောက်ဆုတ်သွားပြီး သူမ၏ နီရဲဖူးယောင်နေသောလက်ကို အားလုံးကိုပြသ လေသည်။
“အာ.. နာလိုက်တာ” ထိုမိန်းကလေးသည် လက်မောင်းဆီသို့ ပျံ့မသွား စေရန် နောက်လက်တစ်ဖက်ဖြင့် ထိုလက်ကိုကိုင်ထားလေသည်။
“ဘာဖြစ်တာလဲ” တုန်လိုင်မျိုးနွယ်၏ အစေခံမိန်းကလေးများသည် သူမ အနားသို့ဝိုင်းပြီး လက်ကိုကြည့်ကြလေသည်။ လက်များသည် ကြောက်မက် ဖွယ်ကောင်းလှသဖြင့် နောက်ဆုတ်လိုက်ကြသည်။
အချိန်တစ်ခဏအတွင်းဆိုသော်ငြား သူမလက်ချောင်းများသည် ဖောင်းအစ်နေသည်။ ထိုလက်များကို မတော်တဆအနည်းငယ် ထိမိလိုက်ရာ အရည်ပျစ်ပျစ်များ စီးကျလာပြီး ပုပ်အက်အက်အနံ့များ ထွက်လာလေသည်။
“ဘာတွေဖြစ်နေတာလဲ” တုန်လိုင်လီ လျှောက်လာပြီး မေးလိုက်သည်။
သူမ ခေါ်လာသောလူများသည် အတော်ဆုံးအစေခံမိန်းကလေးများဖြစ် ကြသည်။ ထိုမိန်းကလေးဒုက္ခရောက်နေသည်ကို မြင်သောအခါ စတင်စိုးရိမ် လာသည်။
“မီးအရည်အချင်းနဲ့ မြန်မြန်ထိန်းချုပ်ကြည့်လိုက်” ရွှမ်ချုံးဟော် ပြော လိုက်သည်။
ထိုအစေခံမိန်းကလေးသည် မီးတောက်အရည်အချင်းဝိညာဉ်သခင်ဖြစ် နေ၍တော်သေးသည်။ သူမ ရွှမ်ချုံးဟော် စကားကိုကြားလိုက်ချိန်တွင် သူမ၏ ဝိညာဉ်စွမ်းအင်အမြန်ထုတ်လိုက်ရာ တားနိုင်သွားသည်။ သည်လိုနှင့် နီမြန်း မှုသည် သူမ လက်ဆီသို့ပျံ့သွားခြင်းမှာ ရပ်သွားသည့်ပုံပင်။
“အခုကဘာဖြစ်သွားတာလဲ” ရွှေအာသည် တုန်လှုပ်ချောက်ချားစွာဖြင့် ရုတ်တရက် ရှီမာယူယူဘက်သို့လှည့်ကာ ကြည့်ပြီးပြောလေသည် “နင်တစ်ခုခု လုပ်လိုက်တာလား နင် ငါတို့ကိုရန်ရှာချင်တာနဲ့ တမင်အလောင်းတွေကို အဆိပ်ခတ်လိုက်တာမလား”
“ဟွန့်” ရှီမာယူယူ နှာရှုတ်လိုက်သည် “မိန်းကလေးရွှေအာ မင်းလူတစ် ယောက်ကို စွပ်စွဲချင်ရင် အချိန်ကောင်းကိုရွေးရတယ်၊ ငါတို့ စစ်ဆေးတဲ့ အလောင်းတွေက လုံးဝမတူဘူး အဲဒါကြောင့် ဘယ်လိုလုပ် မင်းတို့ကို ဘယ်လို အဆိပ်ခတ်ရမှာလဲ ပြီးတော့ ငါမင်းတို့ကို သတိပေးပြီးသားလေ ဒါပေမဲ့ ငါ့စကားကို နားမထောင်ဘဲ လှည့်ပြီးတော့ စွပ်စွဲနေသေးတယ် မတရားလိုက် တာ”
ထိုအခါမှပင် ရှီမာယူယူသည် အလောင်းများကို အနီးဆုံးနေရာမှ စစ်ဆေး ပြီး အစေခံမိန်းကလေး အလောင်းကိုကြည့်သည်မှာ ရှီမာယူယူရှိသည်ထက် ၁၀ မီတာအကွာမှ ဖြစ်သည်ကို အားလုံးသတိထားမိလိုက်ကြတော့သည်။ သူမ အားလုံးရှေ့တွင် အဆိပ်ခတ်သည်ဟု ပြောဖို့ရာတွင် ပုန်းလျှိုးကွယ်လျှိုးလုပ်ရန် မှာမဖြစ်နိုင်ပေ။
“သခင်မလေးယူယူ ဘာတွေဖြစ်နေတာလဲ ဘာလို့ ရှင် အလောင်းတွေကို ထိတော့ကျ အဆင်ပြေပြီး ကျွန်မအစေခံကောင်မလေးကိုင်တော့ကျ ဒဏ်ရာရ တာလဲ” တုန်လိုင်လီ၏ စကားလုံးများသည် ရွှေအာလောက် တည့်တိုးမဆန် သော်လည်း သူမကို ပါးနပ်စွာ စစ်ဆေးနေခြင်းဖြစ်သည်။
“လီ ဒါကယူယူနဲ့မဆိုင်ဘူး” ရွှမ်ချုံးဟော်သည် သူမ ရှီမာယူယူကို စွပ်စွဲ နေသည်ကို စိတ်မချမ်းသာကာ ရှီမာယူယူကို ကာကွယ်ပေးလိုက်သည်။
“သခင်မလေးယူယူလုပ်တယ်လို့ ကျွန်မမပြောပါဘူး၊ ဘာဖြစ်တာလဲလို့ပဲ မေးလိုက်တာပါ” သူ ရှီမာယူယူကို ကာကွယ်ပေးသည့်အပေါ် တုန်လိုင်လီသည် စိတ်မချမ်းသာကာ မျက်နှာမှာလည်း မည်းနက်သွားတော့သည်။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ ပြောခဲ့သလိုပဲ ဒီလူတွေမှာ သေဆုံးခြင်းရောင်ဝါရှိကြတယ်၊ ပြီးတော့ သူတို့က စားတတ်တယ်၊ ရှင့်အစေခံမိန်းကလေးရဲ့ ခန္ဓာကိုယ်ကကျွန်မလောက် မကောင်းတော့ မခံနိုင်ဘဲ အဲရောင်ဝါက သူမလက်ချောင်းတွေကိုစားသွားတယ် အဲဒါပါပဲ”
***