ဆုတ်ဖြဲခြင်း
Vol. 108 Ch. 1499
သေဆုံးခြင်းရောင်ဝါမှ စားသွားသည်ဟု သူမ ပြောလိုက်သည့် အပြုအမူ သည် ကြီးမားသည့်ကိစ္စမဟုတ်သည့်ပုံဖြစ်သော်လည်း အစေခံကိုကြည့်လိုက် သည်နှင့် သိသွားကြသည်။
“ရှင်က ဧကရာဇ်အဆင့်ရောက်ခါစရှိသေးတာကို ကျွန်မတို့ အဖွဲ့ဝင်တွေ က ရှင်နဲ့မယှဉ်နိုင်ဘူးလို့ပြောလိုက်တာနော် ဘယ်လိုကြွားရမလဲဆိုတာတော့ သိသားပဲ” ရွှေအာသည် သူမ ပြောသည်များကို မယုံပေ “ပြောပါဦး ဘာဖြစ်လို့ လဲ”
“မင်းကိုပြောပြီးပြီလေ ယုံချင်ယုံ မယုံချင်နေ” ရှီမာယူယူသည် ရွှေအာကို သဘောမကျလှပေ “ကျွန်မလိမ်တယ်လို့ထင်ရင် တခြားနေရာတွေကိုလည်း သွားရှာလိုက်လို့ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူမ ဒုက္ခရောက်တာ ကျွန်မနဲ့ မဆိုင်ဘူး”
“ရှင်…” သည်းခံရမည်ဟု သိထားသော တုန်လိုင်လီသည် နှုတ်ခမ်းကိုက် လိုက်သည်။ “သခင်မလေးယူယူ သူမကိုကယ်ဖို့ နည်းလမ်းများသိထားလား သူမ အရမ်းနာနေလို့ပါ”
အပေါ်ယံဖြစ်လွန်းလိုက်တာ။ ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။
“ယူယူ ဒါကိုဖြေရှင်းဖို့ နည်းလမ်းများရှိမလား” ရွှမ်ချုံးကျိ မေးလိုက် သည်။
သူမ အလောင်းများကို စစ်ဆေးစဉ်က ထိခိုက်ခြင်းမရှိသည့်အပြင် အလောင်းများတွင် သေဆုံးခြင်းရောင်ဝါရှိသည်ဟု ထောက်ပြနိုင်သဖြင့် သူမ တွင် သေဆုံးခြင်းရောင်ဝါကိုဖြေရှင်းရန် နည်းလမ်းရှိနိုင်သည်။
“နည်းလမ်းတော့ရှိတယ် တန်ရာတန်ကြေးတော့ပေးရမှာပေါ့” ရှီမာယူယူ ဆက်ပြောလိုက်သည် “ဒါပေမဲ့ သခင်မလေးလိုင်လိုမျိုး သူမ အစေခံကို တန်ဖိုး ထားတဲ့သူက ဒီတန်ကြေးလောက်ကို ပေးဖို့စိတ်မရှိလောက်ပါဘူး”
“မင်း ဘာလိုတာလဲ”
“သေဆုံးခြင်းရောင်ဝါကိုတားနိုင်တဲ့ ဆေးကျွန်မဆီမှာရှိတယ်၊ ဒါပေမဲ့ ဒီလိုဆေးက ရဖို့အရမ်းခက်တယ်၊ ပါဝင်ပစ္စည်းတွေ တန်ဖိုးရှိတာကိုတော့ ပြော ဖို့မလိုတော့ဘူးထင်တယ်၊ ရဖို့လည်းခက်တယ် ပြီးတော့….”
“ရှင် ဘယ်လောက်လိုတာလဲပဲ ပြောလိုက်ပါ” တုန်လိုင်လီ သူမကို စကား ဖြတ်ပြောလေသည်။
“ဆေးတစ်လုံးအတွက် ငါသောင်း ဒါပေမဲ့ သူမ နှစ်လုံးလိုမယ်ထင်တယ်၊ ကျွန်မတို့ အကြာကြီးသိလာကြပြီဆိုတော့ ၃၀ ရာခိုင်နှုန်းလျော့ဈေးပေးမယ် ကျွန်မကို ၇ သောင်းပဲပေးပါ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
“ဘာ ဘာလို့အဲလောက်ဈေးကြီးရတာလဲ” တုန်လိုင်လီ စကားမပြောခင် မှာပင် ရွှေအာ အော်လိုက်သည်။
ဆေးတစ်လုံးအတွက် ငါးသောင်းဆိုပါက ဈေးကွက်တွင် အဆင့် ၁၀ ဆေး ကိုပင် ဝယ်လို့ရသည်။
ပြီးတော့ ဘယ်အပြင်ဘက်ကလူက လျှို့ဝှက်မိသားစုကို လေးစားသမှု မပြတာလဲ။ သူတို့ကို အလကားမပေးရင်တောင် သေချာပေါက် ပိုက်ဆံမပေးဘဲ မနေဘူး။ ဒီမိန်းမက တမင်လုပ်နေတာပဲ။
“ဒီဆေးက ဈေးမပေါဘူး” ရှီမာယူယူသည် ခေါင်းညိတ်ရင်းပြောလိုက် သည် “အဲဒါကြောင့် အစောကတည်းက ဒါကိုအကြံမပြုတာပဲ”
“ဈေးကြီးတာမကြီးတာထက် အခြေအနေကိုကြည့်ရမယ်လေ” ဝူလင်းယူ သည် ဝင်ပြောခဲသည် “အသက်တစ်ခုကိုကယ်ဖို့အတွက်ဆို ဈေးမကြီးပါဘူး၊ ပိုက်ဆံက ပိုတန်ဖိုးရှိတယ်လို့တွေးရင်တော့ ဈေးကြီးမှာပေါ့”
ထိုစကားသည် တရားမျှတသဖြင့် တုန်လိုင်လီ ဘာမှမပြောတော့ပေ။
သူမ မပေးချင်ဘူးဆိုရင် သူတို့အသက်က ပိုက်ဆံလောက်တန်ဖိုးမရှိ တော့ဘူးလို့ တုန်လိုင်မျိုးနွယ်ဝင်တွေ စဉ်းစားသွားကြမှာမဟုတ်ဘူးလား။ သူတို့ အဲလိုတွေးလိုက်ရင် အစေခံတွေ ကိုယ်ရံတော်တွေနဲ့ မျိုးနွယ်ဝင်တွေ တောင်မှ စိတ်ပျက်သွားနိုင်တယ်လေ။
တုန်လိုင်လီသည် ဝူလင်းယူကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် သူ့ ကို အစကတည်းကပင် မေ့လျော့နေခဲ့သည်။
“ရွှေအာ သူတို့ကိုပိုက်ဆံပေးလိုက်” သူမ ပြုံးထားသော်လည်း အကြည့် များမှာ အေးစက်နေသည်။
“သခင်မလေး” ရွှေအာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒီအတိုင်းကျောက်လေးတွေပဲကို တုန်လိုင်အဖွဲ့ဝင်တွေရဲ့ အသက်နဲ့ ဘယ်ယှဉ်နိုင်မလဲ” တုန်လိုင်လီ ဆက်ပြောလေသည် “သခင်မလေးယူယူ ဒုက္ခ ပေးမိတာ တောင်းပန်ပါတယ်၊ ဆေးသောက်လိုက်တာနဲ့ သက်သာသွားမှာ လား”
“သေချာပေါက် မဟုတ်ဘူးပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မတို့က တစ်ဖွဲ့တည်းသားတွေပဲ ဒါကကျွန်မခြေကြွခကို လျော့ပေးထား တာ၊ တခြားသူသာဆိုရင် အနည်းဆုံး သုံးသောင်းကနေ ငါးသောင်းယူတယ်”
သူမက သူတို့အတွက် ဈေးသက်သာအောင်လုပ်ပေးတဲ့ပုံပေါက်စေသည် မှာ ရွှေအာနှင့် တခြားသူများကို ဒေါသထွက်စေသည်။
“ဒါဆိုရင် ကျွန်မတို့ဘာလုပ်သင့်လဲ”
“ကျွန်မပြောပြလည်း ရှင်တို့နားမလည်ပါဘူး” ရှီမာယူယူ ဆက်ပြော လေသည် “ဒါကကုသနည်းဆိုတော့ လျှို့ဝှက်ထားရမယ်”
ပထမစကားကိုကြားပြီးနောက်တွင် သူတို့ မသက်မသာခံစားလိုက်ရ သည်။ သို့သော် နောက်စကားဆက်ပြောချိန်တွင် သူတို့နားလည်သွားကြသည်။
သူမတင်မဟုတ်ဘဲ တခြားကျွမ်းကျင်သခင်များသည်လည်း သူတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်၏ နှလုံးသားကို ရရန်ကြိုးစားသည်ကို မကြိုက်ကြပေ။
ရွှေအာသည် မြေပေါ်တွင်လဲနေသည့် အစေခံကို မုန်းတီးစွာ စိုက်ကြည့် လိုက်သည်။ အစေခံတစ်ယောက်ကို ထိုမျှအောက် အများအပြားသုံးလိုက်ရ သည့်အတွက် ခံစားရခက်နေသည်။
တုန်လိုင်လီသည် ပိုက်ဆံကိုဂရုမစိုက်ပေ။ ထိုပမာဏလောက်သည် လျှို့ဝှက်မိသားစုများအတွက် မပြောပလောက်ပေ။ သို့သော် အစေခံတစ် ယောက်၏ အသက်ကို ငွေပေးဝယ်ရသည်မှာ အမှန်တကယ်ပင် တန်ဖိုးမရှိလှ ပေ။
သို့သော် သူမသည် ရွှမ်ချုံးဟော်တို့ရှိနေသဖြင့် ပြည့်စုံသည့် သဘောထား ကိုထိန်းသိမ်းထားရမည်။
ရှီမာယူယူသည် ပိုက်ဆံယူပြီးနောက် စိတ်ကောင်းဝင်သွားကာ ဆေးတစ် လုံးထုတ်ပြီး အစေခံကိုပေးလိုက်သည်။
“မင်း နာမည်ဘယ်လိုခေါ်လဲ” ရှီမာယူယူသည် သူမကို ပြုံးပြီးမေးလိုက် သည်။
“အန်းလေ” အစေခံသည် ဆေးဝါးစားလိုက်သည်နှင့် လက်မှနာကျင်မှု သည် စတင်လျော့ပါးလာကာ ရှီမာယူယူ၏ အပြုံးကိုမြင်သောအခါ သူမ၏ ရှုပ်ထွေးနေသောစိတ်များ စတင်တည်ငြိမ်လာသည်။
“အန်းလေ လှလိုက်တဲ့နာမည်ပဲ” ရှီမာယူယူ ဆက်ပြောလေသည် “နောက်ကျရင် နည်းနည်းတော့ ပိုနာလာလိမ့်မယ်၊ အဲဒါကိုတောင့်ခံရမယ်၊ ဒါပေမဲ့ လက်အသစ်တစ်စုံပြန်ရလာမယ်ဆိုတာကို ယုံထားရမယ်”
အန်းလေသည် ရှီမာယူယူကို ကြည့်ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြုံးနေ သည်ကိုမြင်သောအခါ အလိုလိုပင်ခေါင်းညိတ်လိုက်သည် “သခင်မလေးကို ယုံပါတယ်”
အသက်ဆယ်ဂဏန်းလောက်ပဲရှိသေးတဲ့ သခင်မလေးကိုယုံတယ် ဟုတ်လား။ ဒါက သူမအတိတ်မှာတုန်းက မဖြစ်ဖူးတဲ့ကိစ္စပင်။ သို့သော် ရှီမာယူယူ၏ မျက်လုံးများသည် သူမကို မှော်ဆန်ဆန်ပင် ယုံကြည်အောင် ပြုလုပ်နေသည်။
ရှီမာယူယူသည် အန်းလေ၏ လက်ကိုကြည့်ချိန်တွင် မပြုံးတော့ဘဲ မျက်နှာတည်သွားသည်။ မီးအရည်အချင်းသည် သေဆုံးခြင်းရောင်ဝါကို တား နိုင်သော်လည်း တရွေ့ရွေ့စားထားသဖြင့် လက်ချောင်းများသည် ပျက်စီးကာ အရိုးများပင် မြင်နေရသည်။
ပြီးနောက် ပုပ်အက်အက်အနံ့ပါထွက်နေသည်။
ရှီမာယူယူ အန်းလေကို ကယ်သည့်ပုံကို အစကကြည့်ချင်သူများသည် အနံ့ရှောင်ရင်း အဝေးသို့ရောက်သွားကြသည်။
ရှီမာယူယူသည် ခေါင်းမော့ပြီး ထိုလူများကိုကြည့်ကာ ပြောလိုက်သည် “သခင်မလေးလိုင် သူမကို အဝေးကိုခေါ်သွားပြီးမှကုပေးလိုက်မယ် အနံ့က နောက်ကျရင်ပိုဆိုးလာမှာ”
တုန်လိုင်လီသည် အပုပ်နံ့ကို မုန်းနေသဖြင့် ရှီမာယူယူ ပြောသည်ကို ကြားသည်နှင့် အမြန်ပင်ခေါင်းညိတ်ကာ ပြောလိုက်သည် “သခင်မလေးယူယူ ကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်”
“ဒီမှာ သူမကိုကူညီပေးမယ့်သူ ဘယ်သူနေမလဲ” ရှီမာယူယူ မေးလိုက် သည်။
အစေခံများသည် ခေါင်းကိုဘေးဘီကြည့်နေသည်မှာ အစပိုင်းအန်းလေ ကူညီစဉ်ကအတိုင်းပင်။
“ကြည့်ရတာဘယ်သူမှ မင်းကိုမကူညီချင်ဘူးထင်တယ်” ရှီမာယူယူ သက်ပြင်းချလိုက်သည် “ထားလိုက်ပါတော့ တစ်လက်စတည်း ငါပဲအကုန်လုပ် ပေးလိုက်မယ်”
ရှီမာယူယူသည် သူမကိုထူပြီး တောင်ကြားသို့ခေါ်သွားလိုက်သည်။ ဝူလင်းယူသည် လက်ပိုက်ပြီး သူတို့အနောက်မှလိုက်သွားလေသည်။
“ထိုင်လိုက်” ရှီမာယူယူသည် သူမကို ကျောက်ပေါ်တင်ပြီး ပြော လိုက်သည် “မင်းဆီက သေဆုံးခြင်းရောင်ဝါ ဖယ်ပေးမယ်”
သူမ ပြောရင်းနှင့် ငှက်ပေါက်စကိုဆင့်ခေါ်ကာ သေဆုံးခြင်းရောင်ဝါကို နည်းနည်းစီ ဂရုတစိုက် ဖယ်ရှားလေသည်။
ငှက်ပေါက်စထွက်လာစဉ်တွင် အန်းလေအနည်းငယ်ပူသည်ဟုခံစားရပြီး မီးတောက်သူမ လက်အားလောင်ကျွမ်းနေစဉ်တွင် စိုးရိမ်နေမိသေးသည်။ သို့သော် မထင်မှတ်စွာပင် သူမ ထင်ထားသည့်အတိုင်းမဟုတ်ပေ။ ထိုအစား သေဆုံးခြင်းရောင်ဝါ နည်းသွားသည်နှင့် သူမ လက်ချောင်းများမှ နာကျင်မှု သည် သက်သာသွားလေသည်။
သို့သော် နောက်တွင် လက်ချောင်းများမှာပိုနာကျင်လာကာ အသံမထွက် စေရန် သူမနှုတ်ခမ်းကိုကိုက်ထားလိုက်သည်။
“တောင့်ခံထား ပျက်စီးနေတဲ့အသားတွေကို ငှက်ပေါက်စကို ကုန်အောင် လောင်ခိုင်းထားလိုက်မယ်၊ ဒါကဖြတ်ထုတ်လိုက်တာထက်ပိုကောင်းတယ်” ရှီမာယူယူသည် ချွေးသုတ်လိုက်ရင်း နာကျင်မှုဖြစ်လာရသည့် အကြောင်းကို ရှင်းပြလိုက်သည်။
***