← Chapters

အရိုးခြောက်လက်

Vol. 108 Ch. 1500

အရိုးခြောက်လက်

Vol. 108 Ch. 1500

ငှက်ပေါက်စ ပုပ်သိုးနေသောအသားများအားလုံး လောင်ကျွမ်းပြီးသော အခါ အဖြူစွတ်စွတ်အရိုးသာကျန်ခဲ့တော့လေသည်။

ရှီမာယူယူသည် သူမကို ဆေးအဆီလိမ်းပေးပြီး ပြောလိုက်သည် “ဒါကို လည်း အလကားပေးမယ်နော်၊ ဒါက ဝိညာဉ်ဆေးနဲ့‌ အထူးဖော်စပ်ထားတာ”

“ကျေးဇူးတင်ပါတဘ်” အန်းလေ ပြောလိုက်သည်။

ဆေးအဆီလိမ်းပြီးသောအခါ ရှီမာယူယူသည် ပတ်တီးထုတ်ကာ သူမ လက်ချောင်းအရိုးများကို ဂရုတစိုက် စည်းထုပ်ပေးလိုက်သည်။

“သူတို့က မင်းကို တကယ်ဂရုမစိုက်သလိုဖြစ်နေတယ်လို့ ငါဘာလို့ခံစား နေရတာလဲ” ရှီမာယူယူသည် သူမ၏ လက်ဖမိုးကို စည်းပေးရင်းပြောလိုက် သည်။

“သူတို့က… တကယ်ပဲ လူကောင်းတွေပါ” အန်းလေ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလေသည်။

“သူတို့က မင်းကိုဘာလို့အဲလောက်မုန်းနေရတာလဲ” ရှီမာယူယူ ဆက် ပြောလိုက်သည် “သူတို့ကမင်းကို ရွံရှာနေပြီး မင်းနားမှာရှိတဲ့တစ်ယောက်ကပဲ မင်းကိုကူညီပေးတာ ဘာလို့လဲ”

အန်းလေးသည် ခါးသက်စွာ ပြုံးလိုက်သည် “တချို့လူတွေက မွေး ကတည်းက ရွံရှာဖို့ကောင်းတာလေ”

“မိန်းကလေးတစ်ယောက်က တခြားမိန်းကလေးတစ်ယောက်ကို အနိုင် ကျင့်တဲ့ တစ်ခုတည်းသော အကြေင်းအရင်းက မနာလိုမှုကြောင့်ပဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “သူတို့က အလှတရားကြောင့်မဟုတ်ရင် အရည်အချင်း ကြောင့် မနာလိုဖြစ်ကြတယ်၊ မင်းရဲ့ရုပ်ရည်ကြောင့် မနာလိုကြတာတော့ မဖြစ်နိုင်ဘူးထင်တယ် ဘာအကြောင်းရှိသေးလို့လဲ”

အန်းလေသည် ခေါင်းခါယမ်းကာ ပြောလိုက်သည် “တခြားအကြောင်း အရင်းတွေရှိပါတယ်”

“ဘာအကြောင်းအရင်းလဲ” ရှီမာယူယူသည် မျက်နှာချင်ဆိုင်တွင်ထိုင်ပြီး လက်နှစ်ဖက်ဖြင့် မေးထောက်ကာ ကြည့်လိုက်သည်။

“ကွာခြားမှု”

“အိုး” ရှီမာယူယူ ပိုသိချင်သွားသည်။ ရှီမာယူယူသည် သူမ၏ အပေါ် အောက်ကို ချင့်ချိန်ကြည့်ပြီး ပြောလိုက်သည် “ဘာကွာခြားမှုမှမတွေ့ပါဘူး”

အန်းလေသည် ဘာမှမပြောဘဲ ခါးသီးစွာ ပြုံးလိုက်သည်။

“သူတို့က မင်းကိုအဲလောက်မုန်းနေတာကို ဘာလို့တုန်လိုင်မျိုးနွယ်ကနေ ထွက်မသွားတာလဲ”

“တုန်လိုင်မျိုးနွယ်က သူတို့အကျင့်နဲ့ဆိုရင် သစ္စာဖောက်တာကို သည်းခံ မှာမဟုတ်ဘူး၊ သူတို့ဆီကထွက်သွားတာနဲ့ သေတာပဲ” အန်းလေ၏ အကြည့် သည် အဝေးတစ်နေရာသို့ ရောက်သွဦးသည်။

သူမ သေလောက်အောင် ထွက်သွားချင်သော်လည်း အသက်မသေလို ပေ။ သူမသည် သာမန်ဘဝကိုသာ လိုချင်ခဲ့သည်။ ထိုအရာကသာလျှင် သူမ မိခင်ဖြစ်သူ မသေဆုံးခင်တွင် ကတိပေးထားခဲ့သည့် အရာဖြစ်သည်။

ရှီမာယူယူသည် သူမအကြည့်ကိုကြည့်ရင်း စိတ်ထဲလှုပ်ရှားမိသွားသည်။

“မင်း တုန်လိုင်မျိုးနွယ်ကနေထွက်ပြီး ငါ့နောက်လိုက်ချင်လား” သူမ မေးလိုက်သည်။

“ဘာ…” အန်းလေသည် သူမစကားကိုကြားသောအခါ တုံ့ပြန်ခြင်းမပြု နိုင်ပေ။

“မင်းသာ တုန်လိုင်မျိုးနွယ်ကနေထွက်ပြီး ငါ့နောက်လိုက်ချင်တယ်ဆိုရင် မင်းတို့ သခင်မလေးကိုပြောပေးမယ်လို့ပြောလိုက်တာ” ရှီမာယူယူ မေးလိုက် သည်။

“ဘာလို့လဲ သခင်မလေးက တုန်လိုင်မျိုးနွယ်နဲ့ သိပ်အဆင်မပြေတာကို” အန်းလေသည် သူမအား နိုးကြားစွာဖြင့် ကြည့်နေသည်။

“ငါ တကယ်ပဲ သူတို့ကိုတော့ အမြင်သိပ်မကြည်ဘူး မင်းတို့သခင်မလေး က အရမ်းကိုမောက်မာပြီး အတ္တကြီးတယ်၊ သူမက အကြောင်းအရင်းမရှိဘဲ ငါ့ ကိုရန်လိုနေတာ၊ ငါက မြို့သေးသေးလေးက လာခဲ့ပေမဲ့ သူမအကြိုက်ဖြစ် အောင် နေဖို့စိတ်ကူးမရှိဘူး” ရှီမာယူယူသည် အန်းလေရှေ့တွင် တုန်လိုင်လီ၏ အကြောင်းပြောရသည်ကို အလေးမထားလှပေ။

“မင်းစဉ်းစားဖို့ မိနစ်နည်းနည်းရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “မင်း သဘောမတူဘူးဆိုရင် ငါတို့ပြန်သွားတဲ့အချိန်ကျ ငါပြောတာကို မေ့ပစ်လိုက် တော့”

“သခင်မလေးက သဘောတူမှာမဟုတ်ဘူး” အန်းလေ ပြောလိုက်သည်။

“အဲဒါကိုမင်း စိတ်ပူဖို့မလိုပါဘူး” ရှီမာယူယူ ဆက်ပြောလိုက်သည် “ဒါပေမဲ့ ငါ့မှာမင်းကို အပေးအယူလုပ်ဖို့တော့ရှိတယ်၊ မင်းငါ့နောက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် မင်းရဲ့ သစ္စာခံမှုကိုလိုတယ်၊ သစ္စာကျိန်ဆိုတာကို မင်း လုပ်ဖို့လိုတယ်”

သူမသည် အန်းလေ၏ ထိတ်လန့်သွားသော အကြည့်ကိုလျစ်လျူရှုကာ မတ်တတ်ထရင်း ပြောလိုက်သည် “မင်း စဉ်းစားလို့ရပါတယ်”

သူမ အန်းလေကိုသိသည်မှာ အချိန်တိုတောင်းပြီး သူမဘေးတွင်ထားကာ စွန့်စားမှုမလုပ်ချင်ပေ။ ထို့ကြောင့် သစ္စာဆိုခိုင်းခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

အန်းလေသည် စိတ်ထဲတွင် အတွေးပေါင်းများစွာ ပြေးလွှားရင်း ခေါင်းငုံ့ သွားလေသည်။

သဘောတူရမှာလား မတူရဘူးလား။

ရှီမာယူယူယသည် သူမကို မနှောင့်ယှက်လိုသဖြင့် ဝူလင်းယူနှင့် တခြား ကိစ္စများအကြောင်းကို သွားပြောနေလိုက်သည်။

သူမ အန်းလေကို ခေါ်ယူလိုသည်ဟု ပြောလိုက်ချိန်တွင် ဝူလင်းယူ မအံ့ဩတော့ပေ။ တကယ်တော့ သူမ လုပ်သည့်အရာကို သူအံ့ဩနေမည် မဟုတ်ပေ။ အကြောင်းမှာ သူမ လုပ်သမျှကို သူသေချာပေါက် ထောက်ပံ့ပေး မည်ဖြစ်သောကြောင့်ပင်။

ရွှမ်ချုံးနှင့် တုန်လိုင်မျိုးနွယ်နှစ်ခုလုံးသည် အဝေး၌ရပ်နေကြသည်။ အလောင်းများမှာလည်း မြေပြင်ပေါ်တွင် အရင်အတိုင်းရှိနေကာ မည်သူမှ မထိ ရဲကြပေ။

ခဏအကြာတွင် ရှီမာယူယူသည် အန်းလေအတွက် ဆေးနောက် တစ်လုံးထုတ်ပြီး ပြောလိုက်သည် “စားလိုက် ကုစားတဲ့ဆေးသောက်ပြီးသွားရင် အဆင်ပြေသွားလိမ့်မယ်”

အန်းလေ ဆေးစားပြီးပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”

“အဲတော့ ဘယ်လိုစဉ်းစားထားလဲ” ရှီမာယူယူသည် သူမ တုံ့ဆိုင်းနေပုံကို မြင်သောအခါ မေးလိုက်သည် “မင်းမှာ အခွင့်အရေးတစ်ခုပဲရှိတယ်၊ ဒါမင်းရဲ့ ကံကြမ္မာကိုပြောင်းမလားဆိုတာကိုကြည့်ဖို့ မင်းအတွက်အလောင်းအစားပဲ”

အန်းလေသည် ထိုစကားကိုကြားပြီးနောက် ဉာဏ်အလင်းပေါက်သွား သည်။ သူမ ဘဝကိုပြောင်းသွားစေမည့် တစ်ခုတည်းသော အခွင့်အရေးဆိုပါက သူမ လက်လွတ်ခံမည်မဟုတ်ပေ။

ဒါပေမဲ့ သူမလိုချင်သလိုမဟုတ်ဘဲ ရလဒ်ကပိုဆိုးသွားရင် ဘယ်လိုလုပ် မလဲ။

အဲအချိန်ကျရင် အမေက သူမကိုအပြစ်မတင်လောက်ပါဘူးနော်…

“ကျွန်မ သခင်မလေးနောက်လိုက်ပါမယ်” သူမ ရှီမာယူယူကို ကြည့်လိုက် သည် “ဒါပေမဲ့ ကျွန်မလုပ်ချင်တာကို လုပ်လို့ရအောင် လွတ်လပ်မှုပေးရမယ်”

“မင်းကို ငါနဲ့ကပ်မထားပါဘူး” ရှီမာယူယူ မတ်တတ်ရပ်လိုက်သည် “သွားကြမယ် ဟိုဘက်ကိုပြန်သွားကြတာပေါ့၊ ငါတို့ပြန်ရောက်ရင် မင်းဘာမှ ပြောစရာမလိုဘူး ငါ့ကိုသာအပ်ထားလိုက်”

အန်းလေသည် စိတ်လှုပ်ရှားစွာဖြင့် သူတို့အနောက်မှလိုက်သွားလိုက် သည်။ သူမသာ သခင်မလေးကို မဖျောင်းဖျနိုင်လျှင် တုန်လိုင်မျိုးနွယ်အတွင်း သူမ၏ အနာဂတ်နေ့ရက်များမှာ ပိုဆိုးသွားနိုင်သည်။

တုန်လိုင်လီနှင့် ရွှမ်ချုံးဟော်တို့စကားပြောနေကြကာ ကျန်လူများသည် အလောင်းများကို ချင့်ချိန်ကြည့်နေကြသော်လည်း မည်သူမှမထိရဲကြပေ။

“သူတို့ပြန်လာပြီ”

အားလုံး၏ အကြည့်များသည် အန်းလေ၏ လက်ကိုရောက်သွားကြ သည်။ လက်ကိုပတ်တီးစည်းစားထား‌သောကြောင့် မည်သို့မည်ပုံဖြစ်နေသည် ကို မမြင်ရသော်လည်း သေဆုံးခြင်းရောင်ဝါကိုတော့ ခံစားလို့ရနေသေးသည်။

“သခင်မလေး” အန်းလေသည် တုန်လိုင်လီကို အရိုအသေပေးကာ ဘေး သို့ပြန်သွားလေသည်။

“ယူယူ ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်” ရွှမ်ချုံးဟော်သည် သူမ ရှိရာဘက်သို့ကြည့်ပြီး ပြုံးလိုက်သည်။

“နည်းနည်းပင်ပန်းပေမဲ့ အဆင်ပြေပါတယ်” ရှီမာယူယူ ဆက်ပြောလိုက် သည် “သခင်မလေးလိုင် သူမကို ကုပြီးပြီဆိုတော့ ကုန်ကျစရိတ်ရှင်းလို့ရပါပြီ”

“ရှင်တကယ်ပဲ သူမကိုကုပြီးသွားပြီလား” ရွှေအာ မယုံနိုင်ပေ။

“မင်းမယုံရင် ပတ်တီးဖြည်ပြီး စစ်ကြည့်လိုက်လေ” ရှီမာယူယူသည် လျစ်လျူရှုလိုက်သည်။

ပုံမှန်ဆိုလျှင် ထိုသို့ပြောလျှင် မည်သူမှ ကြည့်မည်မဟုတ်ပေ။ သို့သော် ရွှေအာသည် အန်းလေ၏ ပတ်တီးကိုတွေဝေမှုမရှိ ဖြည်လိုက်သည်။

“အာ..”

သူမ အရိုးချည်းသက်သက်ကိုမြင်သောအခါ အော်ပြီး ခြေလှမ်းများ နောက်ဆုတ်သွားလေသည်။

ထိုလက်သည် အားလုံးရှေ့တွင် ပေါ်လာသည်။

“ဘာလို့ဒီလိုဖြစ်သွားတာလဲ” တုန်လိုင်လီသည် ရွံရှာစွာဖြင့် အဝေးသို့ ဆုတ်လိုက်ကာ ထပ်ကြည့်ချင်လိုစိတ်မရှိတော့ပေ။

“သေဆုံးခြင်းရောင်ဝါက သူမအသားတွေကိုစားသွားတယ် သူမအရိုးတွေ ကိုကယ်လိုက်နိုင်တာကိုက တော်သေးတယ်ပြောရမယ်” ရှီမာယူယူ ဆက်ပြော လေသည် “ရှင်တို့ ဒါကိုစိတ်ပူဖို့မလိုပါဘူး၊ ရှင်တို့ပိုက်ဆံသုံးဖို့ စိတ်မရှိသရွေ့ ကုသလို့ရနိုင်ပါသေးတယ်၊ ကျွန်မအရိုးဝိညာဉ်ဆေးနဲ့ အသားတိုးဆေးသုံးလိုက် ရင်ပြန်ကောင်းလာနိုင်တယ်၊ အဲဒါက ကျောက် သုံးသောင်းခွဲလောက်လိုမယ်လို့ မှန်းထားတယ်”

နောက်ထပ် ကျောက်သုံးသောင်းခွဲဟုတ်လား။ ခုနှစ်သောင်းခွဲနဲ့ ပေါင်း လိုက်ရင် တစ်သိန်းကျော်သွားပြီလေ။

အစေခံတစ်ယောက်က ဘယ်လိုလုပ် ထိပ်တန်းအဆင့်ကျောက် တစ်သိန်းတန်ဖိုးရှိမှာလဲ။

သေချာပေါက် မရဘူး။

သူတို့သည် ထိုအကြောင်းအရင်းကြောင့် အန်းလေကို အပြစ်ပေး၍ မရနိုင် ပေ။ သို့သော် သူတို့ရှေ့တွင် အရိုးခြောက်လက်နှင့် မိန်းကလေးကိုလည်း မတွေ့ ချင်ပေ။

ဒီလိုလူမျိုးက ဘယ်လိုလုပ် ပြည့်စုံနိုင်ဦးတော့မှာလဲ။

***

All Chapters