သူမ၏ လုပ်ပိုင်ခွင့်
Vol. 108 Ch. 1501
ရှီမာယူယူသည် သူမမျက်လုံးထဲမှ ရွံရှာမှုကိုမြင်သောအခါ ပြောလိုက် သည် “နှမြောစရာပဲ၊ သူမက မိန်းမကောင်းလေးဖြစ်နေတာကို ဒီလက်က နောက်ဆိုရင် သူများတွေကိုပြလို့မရတော့ဘူး”
“လီက ပြီးပြည့်စုံနေတာကို ကြိုက်တာ” ရွှမ်ချုံးဟော် ဆက်ပြောလေ သည် “သူမလက်က အခြေအနေမကောင်းတော့ မင်းနောက်ကိုလိုက်ခွင့်ပြုမှာ မဟုတ်ဘူး”
ရှီမာယူယူသည် ရွှမ်ချုံးဟော်ကို ကြည့်လိုက်သည်။ သူ တမင်များပြော လိုက်တာလား။
“ဒါပေမဲ့ ဘယ်လိုလုပ်…” တုန်လိုင်လီသည် နှုတ်ခမ်းကိုက်ကာ နောင်တ ရစွာဖြင့် ကြည့်လေသည်။
“သူမကို မလိုချင်တော့ဘူးလား သခင်မလေးလိုင် သူမကိုမလိုချင်တော့ ရင် ကျွန်မကိုပေးလိုက်ပါလား” ရှီမာယူယူ ပြောလိုက်သည်။
“သူမကို ပေးရမယ်ဟုတ်လား” တုန်လိုင်လီသည် ရှီမာယူယူကိုကြည့် လိုက်သည်။ အဲဒါဘာအဓိပ္ပာယ်လဲ။
“ဟုတ်တယ် လျှို့ဝှက်မိသားစုက အစေခံရှိတာ အရမ်းမိုက်တယ်လို့ထင် တယ်” ရှီမာယူယူသည် ရတနာတစ်ပါးကိုရှာတွေ့ရသကဲ့သို့ တောက်ပစွာ ပြုံး လေသည်။
“မဟုတ်ဘူး အန်းလေက ကျွန်မတို့အစေခံရဲ့ကလေးပဲ သူမ မိဘတွေက မသေချင်ကို သူမကို တုန်လိုင်မျိုးနွယ်ဆီကိုအပ်ထားခဲ့တာ သူမကို အဲလိုမျိုး မဆက်ဆံနိုင်ဘူး” တုန်လိုင်လီ ငြင်းဆန်လေသည်။
“အိုး သိပြီ အဲဒါကြောင့် ရှင်တို့က သူမအသက်ကိုကယ်ဖို့ ထိပ်တန်း အဆင့်ကျောက် ခုနှသောင်းကိုသုံးခဲ့တာကိုး” ရှီမာယူယူ ဆက်ပြောလေသည် “ဒါဆိုရင် သူမလက်ကို ကုဖို့ဆန္ဒရှိတယ်လို့ ဆိုလိုတာလား၊ နည်းနည်းဈေးကြီး ပေမဲ့ ကုသလို့ရတာတော့ ကောင်းတဲ့ကိစ္စပဲလ”
“လီ သူမ မျိုးနွယ်အတွင်းမှာနေတာက သူမကောင်းဖို့အတွက်လုပ်နေ တယ်ဆိုတာကို ငါသိပါတယ် ဒါပေမဲ့ အခုသူမက မသင့်တော်တော့ဘူးလေ” ရွှမ်ချုံးဟော် ဆက်ပြောလေသည် “အရင်တုန်းက သူမမိဘတွေရဲ့ကျေးဇူးကို မင်းတို့မျိုးနွယ်တွေ မှတ်မိသေးတယ်ဆိုရင် သူမဘဝလမ်းကို သူမဘာသာ ရွေးချယ်ခွင့်ပြုသင်တယ်”
အတိတ်ကဖြစ်ခဲ့သမျှကို ရှီမာယူယူ ဂရုမစိုက်ပေ။ သို့သော် ရွှမ်ချုံးဟော် မည်သို့ သိသလဲဆိုသည်ကိုတော့ သူမ သိချင်မိသည်။
အဲနှစ်တုန်းက ကိစ္စကြီးတစ်ခုခုများဖြစ်ခဲ့တာလား။
“ဟင်း သူမက နိမ့်ကျတဲ့ အစေခံတစ်ယောက်ပဲ သူမလမ်းသူမ ရွေးဖို့ကို ဘာအခွင့်ရှိလို့လဲ” ရွှေအာ နှာခေါင်းရှုတ်လေသည်။
ထိုအခိုက်တွင် တုန်လိုင်မျိုးနွယ်၏ ဘဏ္ဍာထိန်းသည် တုန်လိုင်လီဆီသို့ သွားပြီး တစ်စုံတစ်ရာပြောလိုက်ရာ တုန်လိုင်လီသည် အန်းလေကို ထူးဆန်း သလိုကြည့်လေသည်။
ဘဏ္ဍာထိန်းသည် ပြောသည့်စကားများကို သူမတို့မကြားနိုင်ရန် ပြော လိုက်ခြင်းဖြစ်သည်ကို ရှီမာယူယူသိသည်။
တုန်လိုင်မျိုးနွယ်၏ ဘဏ္ဍာထိန်းသည် လိုင်ဟော်ဖြစ်ကာ ငယ်ရွယ်ပုံပေါ် ပြီး အေးစက်သည်။ တုန်လိုင်မျိုးနွယ်တွင် သူသည် ရာထူးမြင့်ပြီး စကားနည်း ကာ နိမ့်ချနေတတ်သောလူအဖြစ် ကြားသိရသည်။ တုန်လိုင်လီသည် အရာ အားလုံးကို အစီအစဉ်ဆွဲသူဖြစ်ပြီး သူသည် စကားဝင်ပြောခဲသည်။
ထိုအချိန်တွင် သူ တုန်လိုင်လီကို မည်သို့ပြောလိုက်သည်ကို မသေချာပေ။
“သူမ ဘယ်သွားမလဲဆိုတာကို ရှင်တို့ဆွေးနွေးနေတာကို ကျွန်မ ဂရုမစိုက်ဘူး ဒါပေမဲ့ ခုနက ဆေးနှစ်လုံးအတွက် အရင်ဆုံးပိုက်ဆံပေးသင့် တယ်လေ” သူမ ပြောလိုက်သည်။
သူမ ပွင့်ပွင့်လင်းလင်းပြောကာ သူတို့ မပေးမည်ကို ကြောက်သည့် အကြည့်ဖြင့် တုန်လိုင်လီကို ကြည့်လိုက်သည်။
“ကျောက်လေးတင်ပဲမလား တုန်လိုင်မျိုးနွယ်က အဲဒါမရှိရင်သေသွားမှာ လား” တုန်လိုင်လီ ရယ်မောလိုက်သည် “ဒါပေမဲ့ အဲမတိုင်ခင် အရင်ဖြေရှင်းရ မှာရှိသေးတယ်”
“မြန်မြန်လုပ်” ရှီမာယူယူသည် မပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
တုန်လိုင်လီသည် အန်းလေဆီသို့သွားပြီး မြေပေါ်တွင်ကျနေသော ပတ်တီးကောက်ကာ သာမန်ကာလျှံကာဖြင့် ပြန်စည်းပေးလိုက်သည်။
“အန်းလေ” တုန်လိုင်လီသည် အားလုံးကိုကျောခိုင်းပြီး အန်းလေကို အေးစက်စွာဖြင့် နှလုံးသားမဲ့စွာ ကြည့်လိုက်သည်။
“သခင်မလေး” အန်းလေသည် စိတ်ထဲမှအကြောက်တရားကို ချုပ်တည်း ထားသဖြင့် ကြောက်ရွံ့ပုံမပြပေ။
“မင်းတစ်နေ့ကျ တုန်လိုင်မျိုးနွယ်ကနေ ထွက်သွားချင်ရင် မတားဖို့ မင်းမိဘတွေက ကတိတောင်းခဲ့တယ်လို့ ဦးလေး ၄ ကပြောတယ်၊ ဒီနေ့ ဒီလို ဖြစ်မှတော့ မင်းကိုမေးမယ် မင်းထွက်သွားချင်လား”
အန်းလေနှင့် ရှီမာယူယူအပါအဝင် တခြားသူများသည် အံ့အားသင့်သွား ကြသည်။
ရှီမာယူယူသည် တုန်လိုင်လီ အန်းလေကိုလက်လျော့မည့် နည်းလမ်းကို စဉ်းစားနေသည်။ သို့သော် အခွင့်အရေးသည် သူမရှေ့သို့ရောက်လာသည်။
တုန်လိုင်လီသည် ငေးငိုင်နေသော အန်းလေကိုကြည့်ပြီး ရွံရှာသဖြင့် လက်ထဲမှ ပတ်တီးသည် ပြုတ်ကျသွားပြီး အရိုးပေါ်နေသောလက်ချောင်းများ ပြန်ပေါ်လာလေသည်။
အန်းလေ၏ အံ့အားသင့်မှုသည် ထိုအကြည့်များကြောင့် ပြိုကွဲသွားကာ သတိပြနဝင်လာသည်။ သူမ ကိုယ်ကိုင်းပြီးပြောလိုက်သည် “သခင်လေးဟော် ပြောတာမှန်ပါတယ် ကျွန်မလို အစေခံက သခင်မလေးနားမှာမရှိသင့်ပါဘူး ဒီအစေခံက ထွက်သွားချင်ပါတယ်”
“မင်းဆုံးဖြတ်ပြီးပြီလား” တုန်လိုင်လီသည် သူမအဖြေကို ကြားလိုက်ရ ချိန်တွင် မအံ့ဩတော့ပေ။
သူမက သစ္စာဖောက်လိုက်ဖို့ရွေးလိုက်မှတော့ နောက်နေ့ အကျိုးသက် ရောက်မှုကိုတော့ ခံသင့်တယ်။
သူမကို ဘယ်သူမှ သစ္စာမဖောက်နိုင်ဘူး။
“ဟုတ်ကဲ့” အန်းလေသည် ခိုင်မာစွာ ခေါင်းညိတ်လေသည်။
“မင်းက ဆုံးဖြတ်ပြီးမှတော့ ဒီနေ့ကစပြီး မင်းက တုန်လိုင်အဖွဲ့ဝင် မဟုတ်တော့ဘူး၊ ဒီနေ့ မင်းဆီက တုန်လိုင်အမှတ်အသားကို ဖယ်ပေးလိုက် မယ်၊ ဒီနေ့ကစပြီး တုန်လိုင်မျိုးနွယ်က မင်းကို ဘာမှမကူညီတော့ဘူး ပြီးတော့ မင်း အပြင်ရောက်သွားရင် တုန်လိုင်မျိုးနွယ်ရဲ့ နာမည်နဲ့ဂုဏ်ကို သုံးခွင့်မရှိ တော့ဘူး၊ နားလည်လား”
“အစေခံနားလည်ပါတယ်”
တုန်လိုင်လီ အန်းလေ၏ နဖူးပေါ် လက်တင်လိုက်သည်နှင့် သူမ ခန္ဓာကိုယ်မှ အလင်းဖျော့ဖျော့သည် ပျံထွက်သွားသည်။ ထိုအချိန်တွင် သူမ ကိုယ်ပေါ်မှ ရောင်ဝါသည် ရွှေအာနှင့် တခြားသူများနှင့် မတူတော့ပေ။
အန်းလေ မြေပေါ်သို့ထိုင်ချလိုက်ခြင်းမှာ သူမ သက်ရောက်မှုကို မခံနိုင်၍ ကြောင့်လား မဟုတ်လျှင် စိတ်သက်သာရာရသွား၍လားဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
တုန်လိုင်လီသည် သူမကို တစ်ချက်မှပင် ပြန်မကြည့်ဘဲ ပြောလိုက်သည် “သခင်နဲ့အစေခံ ဆက်ဆံရေးက ဒီမှာပဲပြီးသွားပြီ အခုကစပြီး မင်းလွတ်လပ် သွားပြီ”
သူမ ပြောပြီးနောက် လှည့်ထွက်သွားပြီး ရှီမာယူယူဆီသို့သွားကာ ပြော လိုက်သည် “သခင်မလေးယူယူ အခုကစပြီး အန်းလေက တုန်လိုင်မျိုးနွယ်ရဲ့ အဖွဲ့ဝင်မဟုတ်တော့ဘူး ငွေပေးချေတာကို ဘယ်လိုလုပ်မလဲ”
သူမအကြည့်သည် ပေးချေရန်ရည်ရွယ်ချက်မရှိကြောင်းကို ရှီမာယူယူ သိ သည်။ သို့သော် သူမ မျက်နှာမှ အမူအရာသည် ခြိမ်းခြောက်မှုများဖြင့် ပြည့်နေ သည်။ မြို့ငယ်တစ်ခု မိန်းကလေးတစ်ယောက်သည် သူမကဲ့သို့ သခင်မလေး ပြောသည်ကို လိုက်နာရမည်ဖြစ်သည်။
“အန်းလေက ရှင်တို့အစေခံမဟုတ်တော့ဘူးဆိုမှတော့… အဲအတွက် ပေးဖို့မလိုတော့ပါဘူး” သူမသည် အံကြိတ်ပြီး ပြောလိုက်သည်။
“မိန်းကလေးယူယူက တကယ်ပဲ အကင်းပါးတာပဲ” တုန်လိုင်လီ ရယ် မောလေသည်။
“ဒါပေမဲ့ ထိပ်တန်းအဆင့်ကျောက် ခုနှစ်သောင်းကိုတော့ ကျော်သွားပေး လို့ရဘူး သူမကိုသွားပေးရဦးမယ်” ရှီမာယူယူသည် အန်းလေဆီသို့ပြေးသွား ကာ လက်ဆန့်ထုတ်ပြီးပြောလိုက်သည် “ပိုက်ဆံ”
“ဘာပိုက်ဆံလဲ” ထိုအခါမှပင် အန်းလေသည် သတိပြန်ဝင်လာကာ ရှီမယူယူကို သိချင်စွာဖြင့် ကြည့်လိုက်သည်။
“ဆေးနှစ်လုံးအတွက် မင်းက အခုတုန်လိုင်မျိုးနွယ်မဟုတ်တော့ဘူးဆို တော့ သခင်မလေးလိုင်က မင်းအတွက်မပေးတော့ဘူး အဲတော့မင်းပေးတော့”
“ကျွန်မ ကျွန်မမှာ ပိုက်ဆံမရှိဘူး” အန်းလေသည် ခေါင်းငုံ့သွားလေသည်။
“ပိုက်ဆံမရှိဘူးဟုတ်လား မင်းလို မျိုးနွယ်ကြီးက အစေခံက ချမ်းသာ တယ်မဟုတ်ဘူးလား” ရှီမာယူယူဆက်ပြောလေသည် “ငါက မြို့ငယ်လေးက လာတယ်ဆိုပြီး ငါ့ကိုတောင် လာနှပ်မချနဲ့နော်”
“ကျွန်မမှာပိုက်ဆံမရှိတာ အမှန်ပါ” အန်းလေသည် ခေါင်းပိုငုံ့သွားလေ သည်။
တခြားအစေခံများတွင် ပိုက်ဆံရှိကောင်းရှိနိုင်သည်။ သို့သော် သူမ ပိုက်ဆံမှာ အလုခံရသည်မှာ ကြာပြီဖြစ်သည်။
“ဒါဆိုရင်တော့ ခက်ပြီ” ရှီမာယူယူသည် သူမမေးစေ့ကိုပွတ်လိုက်သည် “ဒီလိုဖြစ်မယ်မှန်းသိရင် မင်းကိုမကယ်ခဲ့ပါဘူး၊ မင်းအတွက်နဲ့ ဒီလိုရှားပါးတဲ့ ဆေးပစ္စည်းတွေသုံးရအောင်လုပ်လိုက်တယ်၊ ဟူး ခုနကငါပြောလိုက်တဲ့ ဟာသက တကယ်ဖြစ်လာပြီပဲ မင်း ငါ့အစေခံဖြစ်လာလိုက်တော့”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” အန်းလေ အော်လေသည်။
ရှီမာယူယူသည် အားလုံးကို ကျောပေးထားပြီး သူတို့သည် ပြန်တုံ့ပြန် လိုက်သည့် အန်းလေ၏ အမူအရာကိုသာ မြင်ရလေသည်။
“မဖြစ်နိုင်ဘူးလား ဒါဆိုရင် ပေးလေ မဟုတ်ရင် မင်း ငါ့ကိုသခင်မလေး လို့ခေါ်ရမယ်”
***