← Chapters

အမှောင်ထဲမှ လျှို့ဝှက်လှုပ်ရှားမှုများ

Vol. 108 Ch. 1502

အမှောင်ထဲမှ လျှို့ဝှက်လှုပ်ရှားမှုများ

Vol. 108 Ch. 1502

အန်းလေသည် ရှီမာယူယူအား ရှက်ရွံ့သော မျက်နှာဖြင့် ကြည့်လေသည်။

တခြားသူများ အမြင်တွင် သူမသည် လျှို့ဝှက်မိသားစုဝင်ဖြစ်ပြီး အရိုးထဲ တွင် ဂုဏ်မြင့်မားမှုစွဲထင်နေသည့် အကြည့်အဖြစ်မြင်ရသည်။ သူမက ဘယ်လိုလုပ် ဘာမှမဟုတ်တဲ့လူရဲ့ အစေခံလုပ်ရမှာလဲ။

ရှီမာယူယူသည် အားလုံးကို ကျောပေးထားပြီး အန်းလေသည် မျက်နှာ ချင်းဆိုင်ရှိနေသည်။ ထို့ကြောင့် အားလုံးသည်သူမ၏ အမူအရာကိုသာမြင်ရ ကာ ရှီမာယူယူ၏ မျက်နှာကိုမမြင်ရပေ။

“ရှီမာယူယူ လွန်မလာနဲ့နော် ပြီးတော့ သူမက လျှို့ဝှက်မိသားစုက လာ တာပဲ ဘယ်လိုလုပ် ရှင့်ရဲ့အစေခံဖြစ်နိုင်မှာလဲ” ရွှေအာ အော်လေသည်။

သူမက ဘယ်လိုလုပ်သူတို့ရဲ့ သခင်မလေးနဲ့ အဆင့်တူချင်နေတာလဲ။

ဒါက သခင်မလေးအတွက် သိမ်ငယ်စရာပဲ။

ရှီမာယူယူသည် လှည့်ပြီးနောက် ရွှေအာကိုကြည့်လိုက်သည် “ဒါဆိုရင် မင်းက သူမကိုကူပြီး ထိပ်တန်းအဆင့်ကျောက် ခုနှစ်သောင်းကိုပေးပေးမလို့ လား”

“အဲဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူမတွင် ထိုပမာဏရှိလျှင်တောင် အန်းလေအတွက် မပေးနိုင်ပေ

“မင်းမပေးနိုင်မှတော့ သူမကိုဘယ်သူက ပေးကူမှာလဲ” ရှီမာယူယူသည် လှည့်ပတ်ကြည့်လိုက်ရာ တုန်လိုင်မျိုးနွယ်မှလူများသည် ခြေတစ်လှမ်းဆုတ် သွားကြလေသည်။

သူတို့သည် အစေခံနှင့် ကိုယ်ရံတော်များဖြစ်ကြကာ တုန်လိုင်မျိုးနွယ်ကို သစ္စာဖောက်သည့်သူအတွက် ပေးရန်ပိုက်ဆံ အဘယ်မှာရှိမည်နည်း။

ဟုတ်တယ်.. သူမ ဒီလိုအခြေအနေတွေဖြစ်လို့ ထွက်သွားရင်တောင် သူတို့မျက်လုံးထဲမှာတော့ သူမက သစ္စာဖောက်ဖြစ်နေတုန်းပဲ။

ရှီမာယူယူသည် ပခုံးတွန့်လိုက်သည် “မင်းတို့က သူမအတွက် မပေးနိုင် ဘူးဆိုတော့ ငါလည်းရွေးစရာမရှိတော့ဘူး၊ အရှုံးထွက်မှာက ငါပဲလေ မဟုတ် ဘူးလား၊ ဟုတ်တယ်မလား သခင်မလေးလိုင်”

သူမ ရှင်းအောင်လုပ်လိက်သည်။ ငါတို့က အရင်ကတည်းက သဘောတူ ညီချက်ထားပြီးသားလေ ဒါပေမဲ့အခုကျ စကားကိုပြန်ရုတ်သိမ်းလိုက်တယ်။ ပိုက်ဆံမတောင်းတာတောင် လွန်နေပြီ။ အစေခံရဖို့ကို လာတားနေတယ်ဆို တော့ အရှုံးကိုဘယ်သူလျော်ပေးမှာလဲ။

“အခု သူမက သူမလွတ်လပ်မှုနဲ့သူမဆိုတော့ တုန်လိုင်မျိုးနွယ်က ဘာ တာဝန်ယူမှုမှမရှိတော့ဘူး” တုန်လိုင်မျိုးနွယ် အတိအလင်းပြောလေသည်။

သူတို့သည် အန်းလေကို ရှီမာယူယူနှင့် ထည့်ပေးရန် ရည်ရွယ်ချက်မရှိ ပေ။

သူတို့ကို ကယ်ပေးသည်မှာ ရှီမာယူယူဖြစ်ကြောင်း ရွှမ်ချုံးဟော် ပြော သော်လည်း သူတို့ထိုသို့မထင်ပေ။ သူတို့ကိုကယ်သူမှာ ရွှမ်ချုံးဟော်ဖြစ်သည် ဟုသာ တွေးထားကြသည်။

ထို့ကြောင့် သူမသည် ရှီမာယူယူကို ကယ်တင်ရှင်အဖြစ် မမြင်ဘဲ အလုပ် ပိုစေသော ပြိုင်ဘက်တစ်ယောက်အဖြစ်သာ မြင်ထားသည်။

ပြိုင်ဘက်ဟုတ်လား… ရွှမ်ချုံးဟော်က ရှီမာယူယူကို ဖွင့်မပြောတဲ့အပြင် ရှီမာယူယူဘေးမှာလည်း ဝူလင်းယူရှိနေတာကို သူမက ဘာလို့အပိုအလုပ်တွေ ရှာနေတာလဲ။

“မင်းကြားပြီနော် မင်းတို့သခင်မလေးက ဘာမှတ်ချက်မှမပေးတော့ဘူး” ရှီမာယူယူသည် ပြောရင်းနှင့် လှည့်ပြီးအန်းလေကို ကြည့်လိုက်သည် “မင်း စဉ်းစားပြီးရင်းစဉ်းစားပြီးပြီလား၊ မင်း ကိုယ့်ကိုယ်ကို ရောင်းပြီးပေးမလား မဟုတ်ရင် ပေးဖို့ရောင်းမလား တုန်လိုင်မျိုးနွယ်ဝင်တွေက စိတ်မပြောင်းဘူး မလား”

အားလုံးသည် နှုတ်ခမ်းတွန့်လိုက်ကြသည်။ သူမက ရွေးချယ်စရာပေးနေ သလိုမထင်ရဘူးလား။ သူမက ရွေးချယ်စရာတစ်ခုတည်းပေးနေတာလေ။

သူမ၏ နောက်ဆုံးစကားမှာ အားကောင်းလှသည်။ ဆိုလိုသည်မှာ သူမ ငြင်းဆန်လိုက်လျှင် တုန်လိုင်မျိုးနွယ်များသည် သူမကို ကောင်းမွန်စွာသင်ကြား ပေးထားခြင်းမဟုတ်ဟု ဆိုလိုသည်။

“ကျွန်မလုပ်ပါ့မယ် သခင်မလေး” အန်းလေသည် ခေါင်းငုံ့လိုက်သည်။ သူမသည် တုန်လိုင်မျိုးနွယ်၏ ဂုဏ်ကိုကာကွယ်လိုက်သည့်ပုံစံဖြစ်အောင် လုပ် လိုက်သည်။

“အနည်းဆုံးတော့ မင်းမှာ အသိစိတ်တော့ရှိသေးတာပဲ” ရွှေအာသည် ယခုလိုအခြေအနေအောက်တွင် မျိုးနွယ်၏ ပုံရိပ်ကို သူမ ကာကွယ်လိုက်သေး သည်ဟု တွေးရင်း နှာခေါင်းရှုတ်လိုက်သည်။

သို့သော် တုန်လိုင်မျိုးနွယ်ကို ထွက်ပြီးချက်ချင်းပင် တခြားတစ်ယောက် ၏ အစေခံဖြစ်လာခြင်းမှာ တုန်လိုင်မျိုးနွယ်ကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်ကို သူမ မတွေးမိပေ။

“မင်းက အခုငါ့အစေခံဖြစ်သွားပြီဆိုတော့ မင်းကိုအမှတ်အသားပေးရမှာ ပေါ့” ရှီမာယူယူ ပြောပြီး သူမ၏ အံ့ဖွယ်အာရုံကို အန်းလေ၏ ခန္ဓာကိုယ်အတွင်း ထည့်ပေးလိုက်သည်။ ထိုအရာသည် သူမကို သစ္စာဖောက်လျှင် အသက်ကိုပါ နှုတ်ယူနိုင်သည်။

သူမသည် ထိုအကြံကို တုန်လိုင်လီဆီမှ ရလိုက်ခြင်းဖြစ်သည်။ တုန်လိုင်လီသည် တုန်လိုင်မျိုးနွယ်၏ အမှတ်အသားပြန်မနှုတ်လိုက်လျှင် သူမ စဉ်းစားမိမည်မဟုတ်ပေ။ ထိုအစား အန်းလေကို သစ္စာဆိုခိုင်းဦးမည်ဖြစ်သည်။

“ဒါပဲလေ” သူမသည် ပြုံးပြီး လက်ပြန်ရုတ်လိုက်သည် “မင်းက ထိပ်တန်း အဆင့်ကျောက် ခုနှစ်သောင်းတန်မလားတော့ မသိဘူးပဲ”

အန်းလေသည် သူမကို ပြန်မဖြေဘဲ နှုတ်ဆိတ်နေကာ ခေါင်းငုံနေသည် မှာ သူမအတွေးကို မည်သူမှမသိနိုင်ပေ။

“ယူယူ မင်းအလုပ်ပြီးသွားပြီဆိုတော့ အခု အလောင်းတွေကိုကြည့်လို့ရ ပြီလား” ရွှမ်ချုံးဟော်သည် မီးတောက်ထဲသို့ ဆီလောင်းပေးသည်မှ လွဲပြီး သူမကို မလောပေ။

“ခဏလေးပါ သူမလက်ကိုအရင်စည်းပေးလိုက်ဦးမယ်” ရှီမာယူယူသည် ပြောပြီးနောက် အန်းလေ၏ လက်ကိုဆေးအဆီလိမ်းပေးပြီး ပတ်တီစည်းပေး လိုက်သည်။

အန်းလေသည် ထိုဆေးလိမ်းပြီးနောက် လက်ပိုသက်သာလာသည်ကို ခံဏားရသဖြင့် ရှီမာယူယူအား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ရှီမာယူယူပြုံးလိုက်သည် “ငါ့လူတွေဆိုရင် ပိုကောင်းတာသုံးတာတော့ သဘာဝပဲလေ ဒီမှာနားလိုက်ဦး ငါသွားပြီးကြည့်လိုက်ဦးမယ်”

အန်းလေသည် ရှီမာယူယူ၏ အပြုံးတွင် ကုစားသည့်စွမ်အားရှိသည်ကို သတိထားမိပြီး အလိုလိုပင် ခေါင်းညိတ်လိုက်သည်။

ရှီမာယူယူသည် ဝူလင်းယူကို အလောင်းများဆီသို့ ဆွဲခေါ်သွားပြီး တစ်ခု ချင်းစီစစ်ဆေးကြည့်လေသည်။

“သခင်မလေးယူယူ ဘယ်လိုနေလဲ” ရွှမ်ချုံးဟော် မေးလိုက်သည်။

“ကျွန်မထင်ထားတဲ့အတိုင်းပဲ သူတို့သွေးအဆီအနှစ် စုပ်ယူခံထားရတင် မဟုတ်ဘဲ ဒဏ်ရာတွေကလည်း သေဆုံးခြင်းရောင်ဝါကြောင့် တဖြည်းဖြည်း စားသွားခံထားရတာ” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့က အဲလိုပုံစံပဲ လား မသေလူအဖြစ် ပြောင်းလဲမယ့်သူတွေဖြစ်မလားဆိုတာတော့ မသေချာ ဘူး၊ ဒါပေမဲ့ သူတို့ကိုဖန်တီးမယ့်သူက အားစိုက်ထုတ်မှုနဲ့ စွမ်းအားတွေအများ ကြီး သုံးရမယ်ဆိုတာရယ် လူတွေအများကြီးသေမယ်ဆိုတာတော့ သေချာ တယ်၊ ရှင်တို့စုံစမ်းချင်ရင် အသေအပျောက်များတဲ့နေရာကနေ စလို့ရမယ်ထင် တယ်၊ အစုလိုက်အပြုံလိုက်သေတဲ့ ရွာ ဒါမှမဟုတ် မြို့တို့ မဟုတ်ရင် လူ အပျောက်များတဲ့နေရာမျိုးပေါ့”

“အဲလိုရှိပါ့မလားမသိဘူး၊ အတွင်းပိုင်းဒေသရဲ့သတင်းပျံ့နှုန်းက မြန် တယ် တစ်မြို့လုံးသာ အစုလိုက်အပြုံလိုက်သတ်ခံရရင် သတင်းတော့ရမှာပဲ လေ” ရွှမ်ချုံးဟော် ပြောလိုက်သည်။

“ဟုတ်တယ် ရှင်ကတကယ်ပဲ အကုန်သိလို့လား မဟုတ်တာတွေ လျှောက်ပြောနေတာလား” ရွှေအာသည် ညည်းညူလိုက်သည်။

ရှီမာယူယူသည် သူမကို လျစ်လျူရှုပြီး ပြောလိုက်သည် “သေတဲ့လူမများ ဘူးဆိုတာက ဒီပြဿနာကအဖုအထစ်ရှိနေပြီလို့ ဆိုလိုတာပဲ”

“ဘာလို့အဲလိုပြောနိုင်တာလဲ” ရွှမ်ချုံးဟော်သည် သူမ စကားမှ လေးနက် မှုကိုခံစားမိပြီး ချက်ချင်းပင် မတ်မတ်ထိုင်လိုက်သည်။

“သူတို့က ဒီမသေလူတွေကို လူသားသွေးသုံးတာပဲ၊ မြို့တစ်မြို့က အစု လိုက်အပြုံလိုက် သေတယ်ဆိုရင် ရှင်တို့လိုမျိုးနွယ်ကြီးတွေက ခြေရာကောက် လို့လွယ်တယ်၊ ဒါပေမဲ့ ရှင်တို့ဘာမှရှာမတွေ့ဘူးဆိုတာက အတွင်းပိုင်းဒေသမှာ လူပျောက်တာက ဟိုတစ်ကွက် ဒီတစ်ကွက်နေတယ်လို့ထင်တယ်”

အားလုံး တိတ်ဆိတ်သွားကြသည်။ သူမ ပြောသည်မှာ မှန်သည်။ မြို့ တစ်မြို့တွင် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားပါက ရှာတွေ့ရန် လွယ်ကူ သည်။ သို့သော် လူ ဆယ်ချီ ရာချီ ကွက်ကြားကွက်ကြား ပျောက်နေပါက မည်သူမှ သတိထားမိမည်မဟုတ်ပေ။ အကြောင်းမှာ တိုင်းပြည်အတွင်းတွင် ကျင့်ကြံသူများနှင့် စံတင်အဆင့်များ ရှင်သန်နိုင်သည်မှာသာမန်ကိစ္စပင်ဖြစ် သည်။

“ကျွတ် အဲဒါကတကယ်လားဆိုတာ ဘယ်သူသိမှာလဲ အဲလိုဖြစ်တယ်လို့ ပြောရအောင်က” ရွှေအာသည် အထင်သေးစွာပြောလေသည် “တကယ်ဆိုရင် လည်း သူတို့က ဘာလို့ အန်းလေလို အရိုးခြောက်မဖြစ်သွားတာလဲ”

တစ်ခြားသူများလည်း ထိုမေးခွန်းကိုတွေးနေကြသည်။

“ဘာလို့လဲဆိုတော့ သူတို့က သေပြီးကြပြီလေ သေဆုံးခြင်းရောင်ဝါက လူသားတွေအပေါ်မှာပဲ သက်ရောက်မှုရှိတာ” ရှီမာယူယူ ရှင်းပြလိုက်သည်။

“မျိုးနွယ်ကို သတင်းပို့လိုက် လူအင်အားစုပြီး စုံစမ်းဖို့ စီစဉ်ခိုင်းလိုက်” ရွှမ်ချုံးဟော် အမိန့်ပေးလိုက်သည်။

“ဟော်က အဲလိုပြောမှတော့ ငါတို့မျိုးနွယ်ကိုလည်း သတင်းပို့လိုက်” တုန်လိုင်လီ ဆက်ပြောလေသည် “ဦးလေး ၄ ဒုက္ခပေးရတဲ့အတွက် တောင်းပန် ပါတယ်”

တုန်လိုင်ဟော်သည် ခေါင်းညိတ်ပြီးနောက် မျိုးနွယ်ကိုသတင်းပို့ရန် ထွက်သွားလေသည်။

“အလောင်းတွေကို စစ်ကြည့်ချင်သေးလား မစစ်ကြည့်တော့ရင် မီးရှို့ လိုက်တော့မယ်၊ အဲအပေါ်မှာ သေဆုံးခြင်းရောင်ဝါရှိနေမှပဲ မီးရှို့လို့ရမှာ” ရှီမာယူယူ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကမစစ်တော့ဘူးလေ မီးရှို့လိုက်တော့” တုန်လိုင်လီသည် ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

***

All Chapters