သူဌေးလက်သစ်ဖြစ်ရခြင်းခံစားချက်
Vol. 108 Ch. 1503
ထိုအလောင်းများသည် လုံးဝပင်အသုံးမဝင်ကာ လူများကလည်း မထိရဲ ကြပေ။
ရှီမာယူယူသည် မီးလုံးစုစည်းကာ အလောင်းများကို ပြာဖြစ်အောင် လောင်ကျွမ်းလိုက်သည်။
“အိုး ဟုတ်သားပဲ ခုနကရောက်တော့ လူတချို့ကအလောင်းတွေယူသွား တာမြင်လိုက်တယ်၊ သူတို့ကအလောင်းတွေကို ဘာလုပ်ဖို့ယူသွဦးတာလဲ” ရွှေအာမေးလိုက်သည်။
ရှီမာယူယူသည် မျက်လုံးလှိမ့်ကာ သူမ၏ ဉာဏ်ရည်နိမ့်ပါးမှုကို စိတ်ထဲမှ အထင်သေးမိသွားသည်။
“အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့လူတွေက ဘယ်သူတွေလဲ” ရွှမ်ချုံးဟော် ၏အသံသည် ခါတိုင်းလိုပင်နူးညံ့နေသော်လည်း အနည်းငယ်ထူးခြားနေသည် ကို ရှီမာယူယူ အာရုံခံ၍ရနေသည်။
အနက်ရောင်ဝတ်ရုံဝတ်ထားတဲ့လူတွေက ဘယ်သူတွေလဲ။ မသေလူ တွေ။
သူတို့က အလောင်းတွေကို ဘာအတွက်ယူရမှာလဲ။ မသေလူလုပ်ဖို့ အတွက်ပဲလေ။
ဒီလောက်ရိုးရှင်းတဲ့မေးခွန်းကို သူမက မေးလိုက်သေးတယ်။ သူမက ဉာဏ်တုံးတာမဟုတ်ရင် ဘာလဲ။
ရွှေအာလည်း တုံ့ပြန်လာကာ ခပ်တုံးတုံးမေးခွန်းကိုမေးမိသည့်အတွက် နောင်တရနေသည်။
ရှီမာယူယူသည် ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည် “ရှင် စုံစမ်းချင်တယ်ဆိုရင် သဲလွန်စပေးလိုက်မယ်၊ ဒါပေမဲ့ အမှန်ဖြစ်ရဲ့လားဆိုတာ ကိုတော့ အတည်မပြုရသေးဘူး ကျွန်မလည်း လာရင်းနဲ့မှသိလာတာ”
“ဘာသဲလွန်စလဲ”
“ပြည်နယ် ၁၆ ကယန်းမျိုးနွယ်က ဒီကိစ္စနဲ့ပတ်သတ်နေတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ခုနကပြောသလိုပဲ ဒီအတိုင်းအကြားပဲရှိတာ အမှန် ဟုတ်လား မဟုတ်လားတော့မသိဘူး၊ ရှင်စစ်ဆေးချင်ရင်တော့ ကျွန်မနဲ့ဘာမှ မဆိုင်တော့ဘူး”
“ဒီသတင်းကိုပြန်ပို့လိုက် ယန်းမျိုးနွယ်ရဲ့ လှုပ်ရှားမှုတွေကို ပိုအာရုံစိုက် ခိုင်းထားလိုက်” ရွှမ်ချုံးဟော်သည် အနည်းငယ်ပင်တွေဝေမှုမရှိ သူမကို ယုံကြည်ထားသည်။
တုန်လိုင်လိုင်သည် ခေတ္တမျှတွေဝေသွားသည်။ သူမ ဘာမှတော့မပြော ပေ။ သူမသည် ရှီမာယူယူကို မယုံကြည်သည့်ပုံပင်။
ရှီမာယူယူသည်လည်း ဖျောင်းဖျခြင်းမပြုပေ။ မည်သို့ပင်ဖြစ်စေကာမူ ပြောသင့်မပြောသင့်ကို ဆုံးဖြတ်ရမည်က သူမပင်ဖြစ်သည်။ ယုံသည်မယုံသည် က သူမ၏ ရွေးချယ်မှုပင်။
ဦးလေးဟော်၏ ဝန်ထုတ်ဝန်ပိုးကို လျော့ချစေရန် ကူညီလိုသောကြောင့် သာမဟုတ်လျှင် သူမသည် ယန်းမျိုးနွယ်အကြောင်းကို ပြောမည်မဟုတ်ပေ။
“နောက်ကျနေပြီ… နေရာတစ်နေရာရှာပြီး စခန်းချကြတာပေါ့” ရွှမ်ချုံးဟော် ပြောလိုက်သည်။
သူတို့သည် အိုအေစစ်တစ်ခုသို့ရောက်ပြီး မလောဘဲနှင့် ညအိပ်ကြလေ သည်။ သို့သော် ရံဖန်ရံခါတွင် တိုက်ပွဲအသံများကိုကြားနေရသည်။
ဟိုဟိုဒီဒီတွင် အလောင်းများရှိနေသည်။ ထိုမြင်ကွင်းကို မကြည့် သော်လည်း သူတို့ကို သက်တောင့်သက်သာမဖြစ်စေပေ။ သည်လိုနှင့် သူတို့ ရှေ့ဆက်လျှောက်လာပြီး စခန်းချလိုက်ကြသည်။
ရှီမာယူယူသည် တုန်လိုင်လီနှင့်ခပ်ဝေးဝေးတွင် တဲထိုးလိုက်ကာ ရွှမ်ချုံးဟော်သည် အလယ်တွင်နေရာချလိုက်သည်။
အန်းလေသည် တဲရှေ့တွင် ခေတ္တမျှတုံ့ဆိုင်းပြီးနောက် ရှီမာယူယူ၏ တဲသို့ ဝင်သွားလိုက်သည်။
ရှီမာယူယူသည် ဝူလင်းယူကို ကြည့်လိုက်သည်။ သူသည် အလိုလိုပင် နားလည်ကာ လက်ဝှေ့ယမ်းပြီး အတားအဆီးလုပ်လိုက်သည်။
အန်းလေသည် မယုံသင်္ကာဖြစ်မိကာ သိချင်သော်လည်း ထုတ်မမေးပေ။
သူမက တုန်လိုင်မျိုးနွယ်အကြောင်း မေးဖို့လာတာဖြစ်နိုင်တယ်။ အဲအချိန်ကျရင် ပြောသင့်လား မပြောသင့်ဘူးလား။
“ဒီကိုလာခဲ့” ရှီမာယူယူ ပြောလိုက်သည်။
အန်းလေ လျှောက်လာသည်။ သူမက အခုသခင်ဖြစ်နေပြီဆိုတော့ မနာခံ စရာအကြာင်းဘာရှိတော့မလဲ။
“ခဏနေ ငါဘာလုပ်လုပ် ပြန်မခုခံနဲ့” ရှီမာယူယူသည် လက်ဆန့်ထုတ် လိုက်သည်။
အန်းလေသည် မယုံကြည့်စွာကြည့်ကာ နောက်ပြန်ဆုတ်လေသည်။ သူမ သည် သတိရှိရှိနှင့်ကြည့်လေသည် “ဘာလုပ်ချင်လို့လဲ”
သူမ ခန္ဓာကိုယ်ထဲမှာ အမှတ်အသားလုပ်ပြီးပြီလေ အဲဒါနဲ့မလောက်သေး ဘူးလား။
“တုန်လိုင်လိုင်က မင်းခန္ဓာကိုယ်ထဲက တုန်လိုင်မျိုးနွယ်အမှတ်အသားကို ဖယ်တုန်းက သူမကိုယ်ပိုင်အမှတ်အသားကို ချန်ထားခဲ့တယ်၊ အဲဒါကို မင်း သိ လိုက်လား”
အန်းလေ၏ ခန္ဓာကိုယ်လေး တုန်ယင်သွားသည်။ ဘာဖြစ်သွားလဲဆိုတာ သူမ သေချာပေါက်သိတာပေါ့။
သူမ တုန်လိုင်လီ၏ လက်ကောက်ဝတ်မှ အလင်းဖျော့ဖျော့ထွက်လာကာ နှုတ်ခမ်းများကွေးတက်သွားသည်ကို မြင်ခဲ့သည်။ သူမကို မထောက်လှမ်းနိုင် အောင်လုပ်ဖို့လား ဒါမှမဟုတ်ရင် သူတို့က သူမနောက်ကို မိုင်ပေါင်းရာချီလိုက် ချင်လို့လား။ ဘာအတွက်လဲ။
သူမတွင် ထိုအရာရှိနေပါက တုန်လိုင်လီ မည်သည့်နေရာပင်ရောက်နေ စေကာမူ သူမကို ရှာနိုင်မည်ဖြစ်သည်။ သူမ မျိုးနွယ်ကိုသစ္စာဖောက်လိုက်သည် နှင့် မည်သို့ဖြစ်သွားမည်ကို သူမ သိသည်။
သူတို့က သူမကိုသတ်ချင်နေတာပဲ။
“ဘယ်လိုလုပ်…” သူမသည် ရှီမာယူယူကို ကြည့်လိုက်သည်။
“ငါက မင်းကို အမှတ်အသားထည့်ပေးလိုက်တယ်ဆိုတာ မမေ့လိုက်နဲ့” ရှီမာယူယူ ပြောလိုက်သည် “ငါတို့နောက်နှစ်ရက်နေရင် သတ္တုတွင်းကိုဝင် တော့မယ် ပြဿနာဖြစ်မှာမလိုချင်ဘူး ဒီကိုလာခဲ့”
အန်းလေသည် ထိုချိပ်ကိုဖွင့်ပေးမည် ဟုတ်မဟုတ်ကိုတော့ မမေးတော့ ပေ။ သူမ ရှာဖွေနိုင်တယ်ဆိုမှတော့ အဲဒါကိုဖယ်လိုက်ရင်… ပြဿနာမဖြစ်နိုင် ဘူးမလား။
ရှီမာယူယူသည် ဝိညာဉ်များကို ကောင်းစွာသိသည်။ ဝူလင်းယူ၏ ထောက်ပြမှုနှင့်အတူ ထိုချိပ်ကိုဖယ်ရှားရန်မှာပြဿနာမရှိလှပေ။
လုပ်ငန်းစဉ်မှာ အနည်းငယ်နာကျင်သည်။ သို့သော် သူတို့တွင် အချိန်ရှိ သည်မှာ ကံကောင်းသည်။ နောက်မိနစ်အနည်းငယ်တွင် ရှီမာယူယူသည် အန်းလေခန္ဓာကိုယ်မှ ချိပ်ကိုရှင်းထုတ်ပစ်နိုင်လိုက်သည်။
သူမ လက်ကောက်ဝတ်မှ မျဉ်းများမရှိတော့ပေ။ ထို့ကြောင့် တုန်လိုင် မျိုးနွယ်သည် သူမနောက်ကို မလိုက်နိုင်တော့ပေ။
“ပြီးပြီ” ရှီမာယူယူသည် နဖူးမှချွေးများသုတ်လိုက်သည်။ သူမ မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသည်။
အန်းလေသည် သူမအား တည့်တည့်ကြည့်ပြီး ငေးငိုင်စွာပြောလိုက်သည် “ဘာလို့လဲ”
“ဘာလဲ”
“ဘာလို့ ကျွန်မကိုကယ်တာလဲ”
ချိပ်ကိုဖယ်ရှားရန်အတွက် သူမသည် စွမ်းအင်များစွာသုံးခဲ့သည်။ ထိုအရာ သည် မလွယ်ကူလှပေ။
“ဘာလို့လဲဆိုတာ ဘာအဓိပ္ပာယ်လဲ” ရှီမာယူယူသည် ဆေးတစ်လုံး စား လိုက်သည် “မင်းက ငါ့လူထဲကတစ်ယောက်ပဲ၊ သေချာပေါက် တုန်လိုင်မျိုးနွယ် သတ်တာမခံရအေင် လုပ်ရမှာပေါ့၊ မင်းကိုလိုတဲ့နေရာတွေရှိသေးတယ်”
သူမကို လိုတဲ့နေရာတွေရှိသေးတယ် ဟုတ်လား။ အန်းလေ ခေါင်းငုံ့သွား သည်။ ဒါပေမဲ့ ရှီမာယူယူရဲ့ မျက်လုံးတွေက အဲလိုပြောချင်တာမဟုတ်ဘူးလို့ ဘာလို့ခံစားမိနေတာလဲ။
“ဒီဆေးတွေစားလိုက် မင်းလက်က နောက်နှစ်ရက်နေရင် သက်သာသွား လိမ့်မယ်” ရှီမာယူယူသည် ဆေးပုလင်းကို ပေးလိုက်သည်။
အန်းလေသည် ဆေးများကို တအံ့တဩကြည့်နေသည်။ သူမ ပြန်ရောက် သည်နှင့် ဆေးတစ်လုံးစားလိုက်သည်။ ညတွင် သူမလက်မှာ ကိုက်ခဲလေသည်။ နောက်တစ်နေ့တွင် ရှီမာယူယူပေးသော ဆေးဆက်စားရာ အသားများ စတင် ပြည့်လာသည်ကို သိလိုက်ရသည်။
“အံ့ဩဖို့ကောင်းလိုက်တာ” သူမသည် လက်ကိုမယုံကြည့်စွာဖြင့် ကြည့် လိုက်သည်။
“မင်းကိုပေးတဲ့ဆေးတွေက လူတွေရဲ့အသားနဲ့အရိုးကို ပြန်ဖွံ့ဖြိုးစေတယ် မမြန်ဘဲနေမလား” ရှီမာမာယူယူသည် သူမကို ဆေးလိမ်းပေးရင်း ပြောလိုက် သည် “ဆေးတစ်လုံးကို သောင်းချီတန်တယ် ငါကြွားတယ်လို့ထင်လား”
“ဒါဆိုရင် ကျွန်မမသောက်တော့ဘူး” အန်းလေသည် ဆေးနှစ်လုံးကျန် သေးသည်ကို တွေးပြီး ထပ်မသောက်နိုင်တော့ပေ။
“မင်းကိုပေးမှတော့ သောက်လေ၊ မင်းလက်ပြန်ကောင်းလာတာနဲ့ ငါတို့ သတ္တုတွင်းဝင်ရင် ကူညီလို့ရတာပေါ့ မဟုတ်ရင် မင်းငါ့ကိုဆွဲချသလိုဖြစ်လိမ့် မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီဆေးကတန်ဖိုးရှိပေမဲ့ ငါနဲ့ရှိရင် အဲဒါကို ထည့်တွက်ဖို့မလိုဘူး၊ ဒီအတိုင်းသာစားလိုက်”
အာ.. သူမ ဘာလို့သူဌေးလက်သစ်ဖြစ်သွားသလို ခံစားရတာလဲ။
“ကျေးဇူးတင်ပါတယ်… သခင်မလေး” သူမသည် အနည်းငယ်နေရခက် သွားသည်။
တစ်ချိန်တည်းမှာပင် သူမသည် အလွန်အံ့ဩသွားသည်။ သူတို့မျက်လုံး ထဲတွင် ရှီမာယူယူသည် အပြင်ဘက်မှလာသော တောသူမဖြစ်သည်။ သို့သော် သူမသည် အမှန်တကယ်ပင် ကောင်းနေသည်။
ပြောနေစဉ်တွင် ရှီမာယူယူသည် သူမဒဏ်ရာကို ဆေးစည်းပြီးဖြစ်လေ သည်။ သူမလက် အမြန်ဆုံးပြန်သက်သာလာရန်အတွက် ဆေးသောက်ရန် သတိထပ်ပေးလိုက်သေးသည်။
နှစ်ရက်အကြာတွင် သူတို့သည် မြက်တောမှထွက်ကာ တောင်များဆီသို့ ဝင်ကြသည်။ ထိုအချိန်တွင် သူတို့သည် ရှေးဟောင်းသတ္တုတွင်းများဆီသို့ ရောက်နေပြီဖြစ်သည်။
တောင်ပေါ်မှ သစ်ပင်များ ကျိုးပဲ့နေသည်မှာ လူများရောက်နေပြီကို ပြသ နေသည်။
သူတို့သည် တောင်များတွင် လတစ်ဝက်လောက် ပတ်နေကာ လူတချို့ ကိုတွေ့ရသော်လည်း သတ္တုတွင်းတစ်ခုမှမတွေ့ရပေ။ တုန်လိုင်လီအပါအဝင် လူအများစုမှာ စတင် စိုးရိမ်လာသည်။
“သခင်မလေး ဘာမှအာရုံမခံမိဘူးလား” သူတို့ နားနေချိန်တွင် တုန်လိုင် မျိုးနွယ်မှလူများသည် သူမကို ဝိုင်းလာပြီးမေးလေသည်။
“ဘာကိုမှအာရုံခံမရဘူး” တုန်လိုင်လီသည် ခေါင်းခါယမ်းလိုက်သည် “ငါ နေရာတိုင်းကိုအာရုံခံကြည့်ပြီးပြီ ဒါပေမဲ့ ဘာမှမမြင်ရဘူး”
သူမ အသံသည် အားလျော့နေသည်။
“မစိုးရိမ်ပါနဲ့ မင်းတောင်မရှာနိုင်ရင် တခြားသူတွေလည်း ရှာနိုင်မှာ မဟုတ်ဘူး ဖြည်းဖြည်းချင်းသွားကြတာပေါ့” ရွှမ်ချုံးဟော် သူမကို နှစ်သိမ့်လေ သည်။
“အင်း” သူထိုသို့ပြောလိုက်သည်နှင့် တုန်လိုင်လီသည် စိုးရိမ်ခြင်းမရှိ တော့ပေ။
ရှီမာယူယူသည် ဘေးတွင်ရှိနေသည်။ သူမ အန်းလေ၏ ပတ်တီးကိုချွတ် လိုက်သည်နှင့် လက်ပြန်ကောင်းနေသည်ကို မြင်လိုက်ရသည်။ သူမ ပြုံးလိုက် ကာ “ဘယ်လိုလဲ ပြန်ကောင်းမှာပါလို့ ငါမပြောဘူးလား”
တခြားသူများ၏ အာရုံမှာ ရုတ်တရက် သူမဆီသို့ရောက်လာကြသည်။
***