← Chapters

ချင်းဟယ်

Vol. 015 Ch. 1434

ချင်းဟယ်

Vol. 015 Ch. 1434

ရီဖူရှင်းသည် ကောင်းကင်ပြစ်ဒဏ်နန်းတော်သခင်ကို ကြည့်လိုက်သည်။ ဂုဏ်ပြုပါတယ်တဲ့လား။

ယခု ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်၏ ခံစားချက်က မည်သို့ ဖြစ်နေသည်ကို မည်သူ သိရှိမည်နည်း။

သို့သော် ထိုအချိန်တွင် ရီဖူရှင်း၏ ရည်ရွယ်ချက်သည် အခမ်းအနားကို ဖျက်ဆီးရန် ဖြစ်ကာ ယခု သူသည် အပိုဆောင်း အကျိုးအမြတ်အဖြစ် နတ်နဂါးကလန်နှင့် ဆက်ဆံရေးပင် တည်ဆောက် သွားနိုင်ခဲ့ပေသည်။

“ဒီလိုအခွင့်အရေးမျိုးရအောင် စီစဉ်ပေးခဲ့တဲ့ ခရမ်းရင့်ကောင်းကင်နန်းတော်ကို ကျေးဇူးတင်ရမယ်” ရီဖူရှင်းက လက်သီးဆုပ်ပေါ် လက်ဝါးထပ်ကာ အရိုအသေပြုကာ ပြောလိုက်သည်။ သူ့ကို ကြည့်ရသည်မှာ အလွန် ယဉ်ကျေးလှ၏။ ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က သူ့ကို ကြည့်လိုက်သည်။ သူက အမှန်တကယ် မည်သို့ ခံစားနေရသည်ကို သူကိုယ်တိုင်မှ လွဲ၍ မည်သူမှ မသိရှိကြပေ။

ဤတစ်ကြိမ်၌ ခရမ်းရင့်ကောင်းကင်နန်းတော်သည် ရီဖူရှင်း၏ အသုံးချခံဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် အရှက်ရစေခဲ့သည်။

“ဟုတ်ပါပြီ။ ကျုပ်လည်း ကောင်းကင်အာဏာစက်ဘုံရဲ့ လူစွမ်းကောင်းတွေ အများကြီးကို မြင်တွေ့ခွင့်ရခဲ့လို့ ဝမ်းသာမိပါတယ်။ ပြီးတော့ မင်းက ဂူကလန်မျိုးဆက်ရဲ့ ညီငယ်ဆိုပေမဲ့ အရင်တုန်းက မင်း ဂူထျန်းရှင်းကို သိမှာမဟုတ်ဘူး။ အခု မင်းက နတ်ဆင်ကလန်နဲ့ နတ်နဂါးကလန်မှာ ကျင့်ကြံဖို့ အခွင့်အရေးရတယ်ဆိုမှတော့ ကြိုးကြိုးစားစားနဲ့ တိုးတက်အောင် လုပ်သင့်တယ်” ကောင်းကင်ပြစ်ဒဏ်နန်းတော်သခင်က သူ့ကို ဂူတုံးလျှိုနှင့် ဝေးဝေးနေရန် သတိပေးလိုက်သည်။

“စီနီယာရဲ့ အကြံပြုချက်အတိုင်း အကောင်းဆုံး ကြိုးစားကျင့်ကြံမှာပါ” ရီဖူရှင်းက တုံ့ပြန်လိုက်သည်။

ကောင်းကင်ပြစ်ဒဏ်နန်းတော်သခင်သည် သူ့ကို မကြည့်တော့ဘဲ လူအုပ်ကို ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။ “ကောင်းကင်နတ်တံခါးဂိုဏ်းက အတိတ်မှာတုန်းက ဂူကလန်နဲ့ စည်းတစ်ခုခြားထားခဲ့ပေမဲ့ အခုတော့ ကြည့်ရတာ သူတို့ရဲ့ ဆက်ဆံရေးကို မဖြတ်တောက်ခဲ့ဘူး ထင်တယ်။ အဲဒါကြောင့် သူတို့ရဲ့ ရည်ရွယ်ချက်တွေကို မေးခွန်းထုတ်စရာ ဖြစ်လာတာမို့ ခရမ်းရင့်ကောင်းကင်နန်းတော်က ကောင်းကင်နတ်တံခါးဂိုဏ်းကို သွားလည်ဖို့ ပြင်ဆင်နေပါတယ်။ ကျုပ်တို့နဲ့ အတူ သွားဖို့ စိတ်ဝင်စားတဲ့သူများ ရှိမလား သိချင်မိတယ်”

သူက ကောင်းကင်အာဏာစက်ဘုံ မဟာလမ်းစဉ် တိုက်ပွဲကို မရည်ညွှန်းခဲ့ပေ။ ခရမ်းရင့်ကောင်းကင်နန်းတော်သည် ထိုမျှ ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့ရသည့်အတွက် သူတို့က မည်သို့ တစ်ခါထပ်၍ ညွှန်းဆိုနိုင်ပါတော့မည်နည်း။

ထို့ကြောင့် ထို့အတိုင်းသာ အဆုံးသတ်ထားလိုက်ခြင်း ဖြစ်သည်။ အကယ်၍သာ ဆက်ယှဉ်ပြိုင်ပါက ခရမ်းရင့်ကောင်းကင်နန်းတော်သည် လူရယ်စရာသာ ဖြစ်ရပေတော့မည်။

များပြားလှသည့် တန်ခိုးရှင်များသည် ထိုစကားကို ကြားသည့်အခါ အနည်းငယ် အံ့အားသင့်သွားကြသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်သည် ကောင်းကင်နတ်တံခါးဂိုဏ်းသို့ သွားရောက်ကြမည်လော။

သူတို့သည် အတူပေါင်းကာ ကောင်းကင်နတ်တံခါးဂိုဏ်းအား ဂူကလန်၏ မျိုးဆက်ကို လက်လွှဲပေးရန် ဖိအားပေးကြရန် အစီအစဉ် ရှိနေသည်လား။

သို့သော် ကျန်းမိသားစု၏ ခေါင်းဆောင်သည် မူလတောင်တန်းသို့ လူကိုယ်တိုင်သွားကာ ဂူတုံးလျှိုကို ပြန်ခေါ်သွားခြင်း ဖြစ်သည့်အတွက် ဤတစ်ကြိမ်တွင် သူသည် အလေးအနက်ဖြစ်ကာ အတိတ်မှ ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်ဖြစ်ရန် ခွင့်ပြုလိမ့်တော့မည် မဟုတ်ပေ။

ထို့ပြင် ထိုအချိန်က ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်နတ်ဘုရားတို့က ထိုတိုက်ပွဲအတွင်း အရေးသာနေခဲ့သော်လည်း ယခုတွင် ကိစ္စများက ကွဲပြားသွားပြီ ဖြစ်သည်။  သူတို့သည် အင်အားစုနှစ်ခုသာ ရှိပြီး အခြားအင်အားစုများက ဝင်ရောက် စွက်ဖက်ကြလိမ့်မည် မဟုတ်ပေ။

ထို့ပြင် ဂူတုံးလျှိုသည် နတ်ဆိုးဘုံနှင့် ဆက်သွယ်မှု ရှိပြီး ရီဖူရှင်းလည်း ရှိနေသေး၏။

မျှော်လင့်ချက် အနည်းငယ်သာ ရှိသော်လည်း သူတို့သည် ဖြစ်သမျှအားလုံးကို ထိုင်ကာ ကြည့်ရုံကြည့်မနေနိုင်ပေ။ အနည်းဆုံးတော့ သူတို့သည် ကောင်းကင်နတ်တံခါးဂိုဏ်းသို့ သွားကာ ထိုနေရာ၌ ကျင့်ကြံနေသော ဂူမိသားစု၏ မျိုးဆက်သည် မည်မျှ အစွမ်းထက်သည်ကို မြင်တွေ့ရရန် လိုပေသည်။

ဂူတုံးလျှိုက ဂူထျန်းရှင်း၏ နတ်ဘုရားကျင့်စဉ်နှင့် မူလလမ်းစဉ်ကို ဆက်ခံခဲ့သည့်အချိန်က ဂူတုံးလျှိုသည် အိပ်မောကျနေခဲ့ပေသည်။ ဤရက်များအတွင်းတွင် သူသည် စွမ်းအား အများအပြား လေ့လာရရှိခဲ့ပြီး ဖြစ်နိုင်သည်။

ရီဖူရှင်းသည် ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်ကို စူးစိုက်ကြည့်လိုက်သည်။ ကောင်းကင်အာဏာစက်ဘုံ၏ အထွတ်အထိပ် အင်အားစုနှစ်ခုက ကောင်းကင်နတ်တံခါးဂိုဏ်းသို့ အတူသွားရန် အစီအစဉ် ရှိနေသည်လား။

သို့သော် သူသည်လည်း စစ်ပွဲတစ်ခု ဖြစ်ပွားခြင်းမျိုးမဟုတ်ဘဲ အများဆုံး အသေးစား အငြင်းပွားမှုသာ ဖြစ်နိုင်ကြောင်း နားလည်ပေသည်။

စစ်ပွဲသာ ဖြစ်ပွားလျှင် များပြားလှသည့် ကိစ္စများ ပါဝင်ပတ်သက်လာမည်ဖြစ်ကာ သူတို့က စွန့်စားရဲလိမ့်မည် မဟုတ်ပေ။ အခြေအနေသည် ထိုအချိန်က ဂူမိသားစုနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်ကဲ့သို့ ဖြစ်လာပါက နှစ်ဖက်လုံး အရေးနိမ့်ရပေလိမ့်မည်။

သို့သော် ထိပ်တန်းအင်အားစုနှစ်ခုက ယခု သွားလိုသည်ဆိုကတည်းက ကောင်းကင်နတ်တံခါးဂိုဏ်းအတွက် ထိတ်လန့်ဖွယ် ဖိအားကို ဖြစ်ပေါ်စေပေလိမ့်မည်။

သူတို့က သွား၍ ဖိအားပေးလိုသည်လား။

အခြား ရည်ရွယ်ချက်ရှိနေမည်လားကိုတော့ သူ မသိပေ။

ခရမ်းရင့်ကောင်းကင်နန်းတော်၊ ကောင်းကင် အာဏာစက်ပြည်ထောင်နဲ့ ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ ရန်ငြိုးတွေက အချိန်အတော်လေး ကြာမြင့်ခဲ့ပြီ။ ဒါပေမဲ့ ဂူထျန်းရှင်းက ကျွန်မတို့နဲ့ ပြဿနာမဖြစ်ချင်မှတော့ ဗြဟ္မာ့သန့်စင်ကောင်းကင်က ဒီကိစ္စတွေမှာ ဝင်မပတ်သက်ချင်ဘူး။ ကျွန်မတို့ ဗြဟ္မာ့သန့်စင်ကောင်းကင်က ဝင်မပတ်သက်ပေမဲ့ သွားပြီး တစ်ချက်တော့ လိုက်ကြည့်နိုင်ပါတယ်”

ကျိုထျန်းနတ်မိမယ်က ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ရပ်တည်မှုကို ရှင်းလင်းစွာ ပြောလိုက်သည်။

သူတို့က ဤမုန်တိုင်းအတွင်း ဝင်မစွက်ဖက်လိုကြပေ။

အနည်းဆုံးတော့ သူတို့သည် အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရခင်အထိ ပါဝင်ပတ်သက်လိမ့်မည် မဟုတ်ပေ။

သူတို့သည် အတိတ်မှ သင်ခန်းစာ ရခဲ့ပြီး ဖြစ်သည်။ ထိုအချိန်က ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ကောင်းကင်နတ်တံခါးဂိုဏ်းသည် ကောင်းကင်အာဏာစက်ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ကြသည်။ သို့သော် တိုက်ပွဲပြီးနောက် သူတို့သည် ယခင် အောင်မြင်ကျော်ကြားမှုများ ကျဆင်းသွားခဲ့ပြီး ယခု သူတို့နှင့် အခြားသော အင်အားစုများနှင့် တူညီသော အဆင့်၌ ရှိနေသော်လည်း ယခင်ကကဲ့သို့ အောင်မြင်မှုမျိုး မရှိတော့ပေ။

မဟုတ်လျှင် ကောင်းကင်နတ်တံခါးဂိုဏ်းသည် ဂူထျန်းရှင်းခေတ်ကဲ့သို့ အောင်မြင်နေဦးမည် ဖြစ်ကာ ကောင်းကင်အာဏာစက် ပြည်ထောင်သည်လည်း ယခင် အင်ပါယာဟောင်း အုပ်ချုပ်စဉ်ကကဲ့သို့ စွမ်းအားပြည့်ဝနေဦးမည် ဖြစ်ကာ ယခု ဗြဟ္မာ့သန့်စင်ကောင်းကင်က ဖိနှိပ်ခံနေရမည် ဖြစ်သည်။

“ကျုပ်တို့ ထောင်ချီနတ်တောင်ကလည်း အပျော်သဘောအနေနဲ့ လိုက်မယ်။ အတူသွားဖို့ စိတ်မရှိပါဘူး” ထောင်ချီနတ်တောင်မှ အစွမ်းထက် ပုဂ္ဂိုလ်များက အပြုံးနှင့်အတူ ပြောလိုက်သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်က သွားချင်နေသည်ဆိုလျှင် သူတို့က လိုက်သွားကြလိမ့်မည် ဖြစ်သည်။

အားလုံးသော ဤထိပ်သီးအင်အားစုများက သူတို့၏ သဘောထားကို ဖော်ပြသည်အား မြင်ပြီးနောက် များပြားလှသော တန်ခိုးရှင်များ ထိတ်လန့်သွားကြသည်။ သူတို့သည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ အောင်မြင်ကျော်ကြားမှုကို မြင်တွေ့ခဲ့ရသည့်အတွက် ထိုအဖြစ်ကို မမျှောလင့်ခဲ့ကြပေ။

အားလုံးသော တန်ခိုးရှင်များက ကောင်းကင်နတ်တံခါးဂိုဏ်းတွင် ထပ်ကာ စုစည်းကြပြန်မည်လား။

“ဒီလိုဆိုရင် သပ်သပ်စီသွားကြတာပေါ့။” ကောင်းကင်ပြစ်ဒဏ် နန်းတော်သခင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူတို့သည် မဟာမိတ်မဟုတ်သည့် အတွက် အတူတူ သွားရန် မလိုအပ်ပေ။

သူက ထရပ်ကာ ကြီးမားကျယ်ပြန့်သော လူအုပ်ကို ကြည့်၍ ပြောလိုက်သည်။ “ဒီနေ့တော့ ဒီမှာပဲ ရပ်ကြတာပေါ့။ ဒီနေ့ ခရမ်းရင့်ကောင်းကင်နန်းတော်ကို လာပြီး အခမ်းအနား တက်ရောက်ပေးခဲ့တဲ့အတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်”

ပြီးဆုံးသွားပြီလား။

ကောင်းကင်ပြစ်ဒဏ်နန်းတော်သခင်သည် သိသာစွာပင် ဤသို့ စိတ်ကျေနပ်စရာ မကောင်းသည့် အခြေအနေအား မြန်မြန် အဆုံးသတ်လိုနေသည်။

ထိပ်တန်းအင်အားစုမှ တန်ခိုးရှင်များသည် တစ်ယောက်ပြီး တစ်ယောက် ထရပ်လိုက်ကြကာ များပြားလှသည့် တန်ခိုးရှင်များက လူစုခွဲလိုက်ကြပြီး ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထွက်ခွာသွားကြတော့သည်။ သူတို့က အပြည့်အဝ ကျေနပ်မှု မရှိကြပေ။

မဟုတ်လျှင် ယနေ့က အိပ်မက်ဆန်သော နေ့တစ်နေ့ဟု ခေါ်သင့်ပေသည်။

ခရမ်းရင့်ကောင်းကင်နန်းတော်သို့ ဝင်ခွင့်ရရန် ရက်စက်ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသူများမှာ လူထု၏ စိတ်ထဲ၌ မည်သည့် ထင်မြင်ချက်မှ များများစားစား မကျန်ရစ်ခဲ့ကြပေ။ လူထုသည် ရုတ်တရက် ထွက်ပေါ်လာပြီး ခရမ်းရင့်ကောင်းကင်နန်းတော်၏ အာရုံစိုက်ခံရမှုကို လုယူသွားခဲ့သည့် ထိုထိပ်သီးပုဂ္ဂိုလ်များ၏ အကြောင်းကိုသာ အာရုံစိုက်နေခဲ့ကြပေသည်။

ဤတိုက်ပွဲတွင် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံမင်းသား၏ စွမ်းရည်ကို သက်သေပြခဲ့ပြီး ရီဖူရှင်းကတော့ အနိုင်ရသူ ဖြစ်ခဲ့သည်။

သူ၏ အမည်သည် ကောင်းကင်အာဏာစက်ဘုံတစ်ခွင်သို့ ပျံ့နှံ့သွားရန်မှာ အချိန် သိပ်ကြာလိမ့်မည် မဟုတ်ပေ။

“သွားကြစို့” ရီဖူရှင်းနှင့် ယူချင်းက အောက်သို့ ဆင်းလာခဲ့ကြသည်။ ချင်ရွှမ်ကန်းနှင့် အခြားလူများသည် လမ်းလျှောက်ထွက်လာကြပြီး မကြာခင်လူစုသည် စုစည်းမိသွားကာ နတ်ဆင်ကလန် ရှိရာဘက်သို့ လျှောက်လာကြပေသည်။

“ဒီတိုက်ပွဲမှာ မင်းက ထင်ရှားကျော်ကြားမှုတွေ အားလုံး ရသွားခဲ့တာပဲ” ကျူးကျောက်သည် ရီဖူရှင်း၏ဘေးသို့ လျှောက်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ မင်းက ဘယ်လိုလုပ် နတ်ဆင်ကလန်ရဲ့ အစွမ်းထက်ဆုံး စွမ်းရည်ကို ဒီလိုအဆင့်ထိ ကျွမ်းကျင်သွားခဲ့တာလဲ”

သူက နှင်တံအသုံးပြုမှု၌သာ ကောင်းမွန်ခြင်း မဟုတ်သည်လား။

သို့သော် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးက အမှန်တကယ် ထိုမျှ အသုံးဝင်သည်လား။

“ဒီလိုပဲ ကျင့်ကြံလိုက်တာပါ” ရီဖူရှင်းက စိတ်မဝင်စားဟန် ပခုံးတွန့်ကာ ဖြေလိုက်သည်။ မကြာခင်တွင် သူတို့သည် နတ်ဆင်ကလန်၏ လူများရှိရာသို့ ရောက်ရှိလာပေသည်။

“မင်း အရမ်း ရဲလွန်းတာပဲ” နတ်ဆင်ကလန်၏ အစွမ်းထက် ပုဂ္ဂိုလ်က ပြောလိုက်သည်။ သူက ခရမ်းရင့်ကောင်းကင်နန်းတော်၏ အကြံအစည်ကို ပျက်စီးစေခဲ့သည် ဆိုသော်လည်း သူ ထွက်လာခဲ့သည်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်ကို ဆန့်ကျင်ပြီးသား ဖြစ်ခဲ့သည်။

“စီနီယာ မူလတောင်တန်းမှာ ဘာတွေဖြစ်ခဲ့လဲ စီနီယာမသိလို့ပါ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ကျန်းယွမ်နှင့် ရန်ဟောင်ပုဂ္ဂိုလ်၏ အတင်းအကျပ် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်မှ စကာ သူသည် သူတို့အား ဆန့်ကျင်ရန် စိတ်ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

“သူတို့ ပြောတာ ကြားခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ပြောတာတော့ နတ်ဆင်ကလန်ကလည်း မင်းကို ဖမ်းဆီးချင်ခဲ့တာပဲတဲ့လေ” အစွမ်းထက်ပုဂ္ဂိုလ်က ဆက်ပြောလိုက်သည်။ ရီဖူရှင်းက စိတ်ထဲမထားပေ။ သူက နတ်ဆင်ကလန် ဘိုးဘေး၏ အရိုးကို ရရှိခဲ့သည်။ နတ်ဆင်ကလန်က ပြန်လိုချင်သည်မှာ ပုံမှန်ပင် ဖြစ်သော်လည်း အခြား တန်ခိုးရှင်များက ထိုသို့ အပြုအမူကို လုပ်သည့်အခါ ထိုသည်က ရိုင်းစိုင်းမှုပင် ဖြစ်သည်။

“အတော်ကောင်းတဲ့ စွမ်းဆောင်ရည်ပဲ” ထိုအချိန်၌ လူတစ်ယောက် ရောက်ရှိလာပြီး ရီဖူရှင်းက မော့ကြည့်လိုက်သည်။ ထိုသူက ကျူးယန့် နတ်ဆိုးအင်ပါယာ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ” ရီဖူရှင်းက ပြုံးကာ ပြန်ဖြေလိုက်ပြီးနောက် သူ့ဘေးရှိ ယူချင်းကို ကြည့်လိုက်သည်။ သူက နတ်နဂါးကလန်၏ လူအုပ် အလယ်တွင် ရှိနေသော ကျူးယန့်နတ်ဆိုးအင်ပါယာဆီသို့ လျှောက်သွားခဲ့သည်။

“ရီဖူရှင်းနဲ့ ယူချင်းက စီနီယာ့ကို အရိုအသေပေးပါတယ်” ရီဖူရှင်းနှင့် ယူချင်းက ဂါရဝပြုလိုက်ကြသည်။

နတ်နဂါးကလန်၏ အစွမ်းထက် ပုဂ္ဂိုလ်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “မင်း ယူချင်းနဲ့ ဘယ်အချိန် နတ်နဂါးကလန်ကို သွားမယ်လို့ အစီအစဉ်ဆွဲထားလဲ”

“ကျွန်တော်ကလည်း ယူချင်းကို နတ်နဂါးကလန်မှာ ကျင့်ကြံဖို့ တတ်နိုင်သမျှ မြန်မြန် ပို့ပေးချင်ပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ ကောင်းကင်နတ်တံခါးဂိုဏ်းကို အရင် သွားရလိမ့်မယ် ထင်တယ်။ အဲဒီက ပြန်လာမှ နတ်ဆိုးဘုံမှာ ယူချင်းနဲ့အတူ စီနီယာကို လာတွေ့ပါမယ်” ရီဖူရှင်းက ပြောလိုက်သည်။

“ကောင်းပြီ” ထိုပုဂ္ဂိုလ်က ခေါင်းညိတ်လိုက်သည်။ “ဒါဆို ကျုပ်တို့ အရင်သွားနှင့်မယ်”

“ဂရုစိုက်သွားပါ စီနီယာ” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ မကြာခင်၌ နတ်နဂါးကလန်၏ အစွမ်းထက် ပုဂ္ဂိုလ်နှင့် အခြားတန်ခိုးရှင်များ ထွက်ခွာသွားကြသည်။ များပြားလှသည့် ဂျူနီယာတန်ခိုးရှင်လေးများက ရီဖူရှင်းအား စူးစိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်နေသည်။

“ကျုပ်တို့လည်း သွားကြမယ်” နတ်ဆင်ကလန်၏ တန်ခိုးရှင်က ပြောလိုက်ပြီး မကြာခင်၌ သူတို့သည် လေထဲသို့ ခြေချလိုက်ကာ ခရမ်းရင့်ကောင်းကင်နန်းတော်မှ ထွက်ခွာသွားတော့သည်။

ခရမ်းရင့်ကောင်းကင်နန်းတော်၏ အထက်တွင် အဆုံးမဲ့မိုးကြိုးများက ဆက်လက်ကျဆင်းနေပြီး အလွန် ခမ်းနားထည်ဝါ နေပေသည်။ များပြားသည့် လူများက နန်းတော်မှ တဖွဲဖွဲ ထွက်ခွာသွားနေကြပြီး ထိုနေရာတွင် ရပ်နေသော လူများသည် လူများထွက်ခွာသွားသည်ကို စောင့်ကြည့်ကာ ခံစားချက်များက အနည်းငယ် ပျောက်ဆုံးနေကြပေသည်။ ဤတစ်ကြိမ်၌ ခရမ်းရင့်ကောင်းကင်နန်းတော်၏ လုပ်ဆောင်ချက်က ကြောက်မက်ဖွယ်ပင် ဖြစ်သည်။

ကျန်းယွမ်သည် ထွက်မသွားသေးဘဲ ထိုနေရာ၌ ရပ်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူက ရှုံးနိမ့်ခဲ့ရသည်။

“အရင်ပြန်သွားပြီး ဒဏ်ရာတွေကို ကုလိုက်ပါ” ကောင်းကင်ပြစ်ဒဏ်နန်းတော်သခင်က ပြောလိုက်သည်။ ထို့နောက်မှသာလျှင် ကျန်းယွမ်သည် ပြန်လှည့်ကာ ထွက်ခွာသွားသည်။

ခရမ်းရင့်ကောင်းကင်နန်းတော် အပြင်ဘက်တွင် မရေတွက်နိုင်သည့် တန်ခိုးရှင်များသည် ကောင်းကင်ထက်တွင် ပျံသန်းနေကြပြီး ရီဖူရှင်းသည်လည်း လူအုပ်ထဲတွင် ရှိနေသည်။

ထိုအချိန်တွင် လူတစ်စုက နီးကပ်လာသည်။ ရီဖူရှင်းက ကြည့်လိုက်သည့်အခါ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်ကို မြင်ရလေသည်။

သို့သော် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အရှင်သခင်၏ အဖြေကို ထိုနေ့က ကြားပြီးသည့်နောက်တွင် သူက လက်လျှော့လိုက်ပြီး ဖြစ်သည်။ ယခု သူသည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ လူများကို တွေ့သည့်အခါတိုင်း နာကျင်မှုကို ခံစားရလေသည်။

ထိုအချိန်တွင် သူသည် သူ့ကို တစ်စုံတစ်ယောက်က ကြည့်သည်ကို မြင်လိုက်၏။ ထို မျက်လုံးတစ်စုံသည် အလွန်လှပပြီး မျက်နှာကလည်း ပြီးပြည့်စုံလှသည်။ ထိုမျက်လုံးတစ်စုံနှင့် သူ၏ မျက်လုံးတို့က လေထဲတွင် ဆုံတွေ့မိကြသည်။

“ဒီနေ့ တိုက်ပွဲအပြီးမှာ သခင်လေးရီကို မသိတဲ့လူ ဘယ်သူမှ ရှိမှာမဟုတ်တော့ဘူး” နူးညံ့ညင်သာသော အသံတစ်ခုက ပြောလိုက်သည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ် နတ်မိမယ် ချင်းဟယ်သည် ပြီးပြည့်စုံသည့် အသွင်အပြင်နှင့် အရည်အချင်းတို့ကြောင့် မရေတွက်နိုင်သော လူများ၏ အိပ်မက်ထဲမှ နတ်ဘုရားမ ဖြစ်သည်။

ယခုချိန်တွင် သူမသည် ရီဖူရှင်း၏ ဘေးသို့ လာကာ သူ့ကို အရင်ဆုံး စကားစ ပြောလာသည်။

ထိုမြင်ကွင်းက များပြားလှသော လူများ၏ မျက်လုံးတို့ကို ဖမ်းစားလိုက်နိုင်သည်။ လူအများသည် အံ့အားသင့် ကုန်ကြလေသည်။

ချင်းဟယ်က ရီဖူရှင်းကို စကားပြောနေသည်။

“ဝမ်းမြောက်မိပါတယ်” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ “ကျုပ် ဒီကို မရောက်ခင်ကတည်းက ကောင်းကင်အာဏာစက်ဘုံက လူတိုင်း နတ်မိမယ်ရဲ့ နာမည်ကို ရင်းနှီးကြတယ်။ ကျုပ်ကလည်း ကောင်းကင်အာဏာစက်ဘုံကို ရောက်တာ သိပ်မကြာသေးပေမဲ့ နတ်မိမယ်ရဲ့ နာမည်ကို ကြားဖူးပါတယ်”

ရှားရှင်းယွန်က ချင်းဟယ်ကို ကြည့်လိုက်သည်။ သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ အမျိုးသမီးက မည်သည့်အတွက် ရောက်လာရသနည်း။

“သက်စောင့်ဝိညာဉ် မထုတ်ဖော်ဘဲနဲ့တောင် ခရမ်းရင့်ကောင်းကင်နန်းတော်ရဲ့ အထွတ်အထိပ်ခန္ဓာပိုင်ရှင်ကို ရှုံးနိမ့်စေနိုင်တယ်ဆိုတော့ ဘယ်လို ချီးကျူးခံရမှုနဲ့မဆို ထိုက်တန်ပါတယ်” ချင်းဟယ်က ပြုံးလိုက်သည်။

ရီဖူရှင်းက သူ၏ မျက်လုံးတို့ကို အနည်းငယ် ကျဉ်းမြောင်းလိုက်ကာ သူ၏ မျက်နှာကို စိုက်ကြည့်၍ ပြောလိုက်သည်။ “နတ်မိမယ်က ဒီကို ချီးကျူးရုံသက်သက် လာခဲ့တာလား”

“ရှင် ဘယ်လိုထင်လဲ” ချင်းဟယ်က ဆွဲဆောင်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ ရှားရှင်းယွန်ပင်လျှင် သူမ၏ အလှတွင် အနည်းငယ် နစ်မျောသွားခဲ့ရသည်။ ဤအမျိုးသမီး၏ အလှက ညှို့ဓာတ်ပြင်းလှသည်။

“နတ်မိမယ်မှာ ကျုပ်နဲ့ ပတ်သက်ပြီး အတွေးတစ်ခုခုများ ရှိနေမလား သိချင်မိတယ်” ရီဖူရှင်းက ချင်းဟယ်ကို ကြည့်ကာ ရယ်ရယ်မောမောနှင့် သာမန်အတိုင်း ပြောလိုက်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ် နတ်မိမယ်က သူ၏ ထူးချွန်သော စွမ်းဆောင်ရည်ကြောင့် ရောက်လာခဲ့သည်လား။

ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ် နတ်မိမယ် အနေနှင့် သူမ ရောက်လာခြင်းက ရိုးရှင်းလိမ့်မည် မဟုတ်ပေ။

သို့သော် သူက သူမ၏ ရည်ရွယ်ချက်အား မမှန်းဆနိုင်ပေ။

ရှားရှင်းယွန်က ရီဖူရှင်းအား စူးစိုက်ကြည့်လိုက်သည်။ *ဒီအကောင်စုတ်ကတော့ ...*

“ရှင့်မှာ ဝိညာဉ်ဖက် ရှိလား” ချင်းဟယ်က မေးလိုက်သည်။ (ဝိညာဉ်ဖက်=လက်တွဲဖော်)

ရီဖူရှင်းသည် သူမက ဤသို့သော မေးခွန်းမျိုးကို ယခုကဲ့သို့ နည်းလမ်းမျိုးဖြင့် မေးလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူက အေးခဲသွားပြီးနောက် သူ၏ အကြည့်များကို အဝေးသို့ လွှဲလိုက်သည်။ သူ့မျက်လုံးများမှ အကြည့်တို့က အနည်းငယ် မှေးမှိန်သွားခဲ့လေသည်။

***

All Chapters