သတ္တုတွင်းကဝင်ဖို့မလွယ်ဘူး
Vol. 108 Ch. 1504
“အန်းလေ နင့်လက်ကဘယ်လိုလုပ် ပျောက်သွားတာလဲ” ရွှေအာသည် တအံ့တဩ အော်လေသည်။
အန်းလေသည် လက်ကိုလှုပ်ယမ်းကြည့်သည်။ ဒီလတ်ဆတ်နေတဲ့ ခံစား ချက်… ဘာမှပြောင်းလဲမသွားဘူး…
သူမလက်က တကယ်ပဲ ကုသလို့ပျောက်သွားပြီပဲ။
ပျောက်ကင်းရန် တစ်လခွဲပင်ကြာမည်မဟုတ်ဟု ရှီမာယူယူ သူမကို ပြော ခဲ့စဉ်က သူမ သံသယဝင်ခဲ့သေးသည်။ သို့သော် အခုချိန်တွင် လုံးဝယုံကြည် သွားပြီဖြစ်သည်။
“အန်းလေ နင့်ကို စကားပြောနေတယ်လေ ငါ့ကိုလျစ်လျူရှုရဲတယ်ပေါ့” ရွှေအာသည် သူမကို လျစ်လျူရှုသည်ကို မြင်သောအခါ လျှောက်လာပြီးအော် လေသည်။
အန်းလေသည် သူမအား စိုက်ကြည့်နေပြီး ရှီမာယူယူ သူမကိုပြောခဲ့သည့် စကားကို တွေးတောနေမိသည်။ သူမ ပြောလိုက်သည် “နင့်ကိုဘာဂရုစိုက်ရဦး မှာလဲ၊ ငါက နင့်ရဲ့လက်အောက်ငယ်သားမှမဟုတ်တော့တာ ငါ့ကိုငေါက်ဖို့ ဘာ အခွင့်ရှိတော့လို့လဲ”
“နင်….” အန်းလေသည် သူမကို အမှန်တကယ်ပင် ပြန်ခံပြောနေသည်ကို ရွှေအာမြင်သောအခါ လက်ဆန့်ထုတ်ကာ သူမကို ရိုက်ရန်ဟန်ပြင်လေသည်။
“မိန်းကလေးရွှေအာ အန်းလေက အခုငါ့လူဖြစ်နေပြီနော် သူမကိုရိုက်ရင် ငါ့ကိုရန်သူအဖြစ် သတ်မှတ်ချင်တာလား” ရှီမာယူယူ မတ်တတ်ရပ်ကာ ရွှေအာ ကိုစိုက်ကြည့်လိုက်ရာ ရွှေအာသည် အလိုလိုပင် တုန်ယင်သွဦးလေသည်။
ဒီလူ… ဘယ်လိုလုပ် ဒီလိုအကြည့်မျိုးရှိရတာလဲ။
“ကျွန်မ…”
“ငါသိတယ်၊ မင်းက အန်းလေ ငါ့အစေခံဖြစ်လာတာကို မကျေနပ်ဘူး၊ အဲတော့ မင်းကဂုဏ်သိက္ခာပြန်လိုချင်တယ်၊ ရွှမ်ချုံးဟော်ကြောင့်သာ မဟုတ်ရင် မင်းငါတို့နောက်ကို မလိုက်နိုင်တာကြာပြီ” ရှီမာယူယူသည် သူမ စကားကို ဖြတ်ပြောလိုက်သည် “တကယ်တော့ ငါ့ကိုထွက်သွားအောင်လုပ်တာ ကလွယ်ပါတယ် မင်းတို့ပါးစပ်ဟပြီးသာ ပြောလိုက်၊ ဒီလိုမျိုးလှည့်ပတ်ပြောနေ ဖို့ကိုမလိုဘူး”
ထိုရက်များတွင် တုန်လိုင်မျိုးနွယ်သည် ရှီမာယူယူနှင့် တခြားသူများကို ဆန့်ကျင်နေခဲ့သည်။ သူမ အန်းလေ၏လက် ပြန်သက်သာသည်အထိစောင့်ပြီး သူတို့မျက်နှာကို အိုးမည်းသုတ်ချင်သောကြောင့်သာမဟုတ်လျှင် ထွက်သွား သည်မှာ ကြာလှပြီဖြစ်သည်။
ရွှမ်ချုံးဟော်သည် လက်နှစ်ဖက်ကိုထပ်ထားရင်း မျက်နှာမှာ အလွန် တင်းမာနေသည်။ ရွှမ်ချုံးမျိုးနွယ်မှလူများသည် သူ စိတ်အဆင်မပြေတော့ သည်ကို သိကြသည်။
တုန်လိုင်လီ ထိုအချင်းအရာကို မြင်သောအခါ ပြုံးပြီးပြောလေသည် “သခင်မလေးယူယူရဲ့ စကားတွေက လွန်နေပါပြီ၊ ကျွန်မတို့မှာ ဒီလိုရည်ရွယ် ချက်မရှိပါဘူး”
“တကယ်လား”
“ဒါပေါ့” တုန်လိုင်လီ ပြောလိုက်သည် “ရှင်ကဟော်ရဲ့ မိတ်ဆွေပဲ ဘယ်လိုလုပ် ရှင့်ကိုမောင်းထုတ်ရမှာလဲ၊ အန်းလေရဲ့ အခြေအနေကတော့ သူမက ရှင့်ကိုငွေမပေးနိုင်လို့လေ ပြီးတော့ သူမက ကျွန်မတို့ တုန်လိုင်မျိုးနွယ် လည်းမဟုတ်တော့ဘူး၊ အဲဒါကြောင့် ကျွန်မတို့နဲ့ ဘာမှမဆိုင်တော့ဘူး အထင် မမှားပါနဲ့”
“အဲလိုလား”
“အမှန်ပါပဲ”
“ယူယူ အဲလိုပြောရင် မင်းတို့ဘာသာ သွားလိုက်ရင် အရမ်းအန္တရာယ်များ လိမ့်မယ်” ရွှမ်ချုံးဟော် ပြောလိုက်သည် “မင်း ငါတို့နဲ့နေသင့်တယ်”
“အန္တရာယ်ဖြစ်ဖြစ် ဘယ်ဟာမဆို ကျွန်မစိတ်ထဲမရှိပါဘူး၊ ကျွန်မ ကြောက်တာက အချိန်တန်ရင် သူတို့အားကြောင့် သတ္တုတွင်းကိုရှာတွေ့သွား မှာကိုပဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မတို့က ရှင်တို့နဲ့ အရမ်းမရင်းနှီးဘူး ဆိုတာကို ကျွန်မသိပါတယ် အဲဒါကြောင့် အဲလိုအဖြစ်တွေကို ရှောင်လွှဲဖို့ အတွက် လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ”
“မင်းတကယ်ပဲ ထွက်သွားချင်တာလား” ရွှမ်ချုံးဟော် မေးလိုက်သည်။
“အင်း”
ရွှမ်ချုံးဟော်သည် ဝူလင်းယူရှိရာဘက်သို့ကြည့်ပြီး ခေတ္တမျှနှုတ်ဆိတ် သွားကာ ပြောလိုက်သည် “ဒါဆိုလည်း ကောင်းပြီလေ မင်းအန္တရာယ်တွေ့ရင် တော့ ငါ့ကိုဆက်သွယ်ပေါ့”
သူသည် ဆက်သွယ်ရန်အတွက် သားအမိကျောက်တုံးထုတ်ကာ သူမကို ပေးလိုက်သည်။
ရှီမာယူယူ ယူလိုက်သည်။
“နောက် နှစ်ဝက်ကြာရင် မင်းကိုထွက်ပေါက်မှာစောင့်နေမယ်” ရွှမ်ချုံးဟော် ပြောလိုက်သည်။
မလိုဘူးဟု ရှီမာယူယူ ပြောလိုက်ချင်သော်လည်း သူ့ကို အံ့ဖွယ်ဆေး အကြောင်း မေးရန်ကျန်နေသေးသည်ကိုတွေးမိသဖြင့် ခေါင်းညိတ်လိုက်သည်။
နှစ်တစ်ဝက်… လုံလောက်ပါတယ်။
“မင်းရဲ့ယာယီအသက်ကျောက်စိမ်းတစ်ခုကို ဘာလို့ငါ့ကိုမပေးတာလဲ” ရွှမ်ချုံးဟော် ပြောလိုက်သည်။
ရှီမာယူယူသည် ကျောက်စိမ်းတစ်ခုထုတ်ကာ သွေးတစ်စက်ချကာ ဝိညာဉ်စွမ်းအင် ထည့်လိုက်သည်။ သူမသည် ကျောက်စိမ်းနှင့် သွေးကိုပေါင်းစပ် စေကာ ယာယီအသက်ကျောက်စိမ်း ဖန်တီးလိုက်သည်။
“ကျွန်မအကြာကြီးနေလို့မှ ထွက်မလာနိုင်ရင် ရှင်တို့ပဲအရင်သွားနှင့်ကြ ပါ၊ နောက်မှပဲ ကျွန်မရှင်တို့ကိုလာရှာလိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပါပြီ”
ရွှမ်ချုံးဟော်သည် သူမကို သေချာပေါက်စောင့်မည်ဟုပင် မပြောပေ။ ထိုစကားများသည် သူမကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမည်။
“နှုတ်ဆက်ပါတယ်”
ဝူလင်းယူသည် ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင်ကာ တွန့်ဆုတ်ခြင်း တစိုးတစိမျှမရှိဘဲ ထွက်သွားလေသည်။ သူသည် ထွက်သွားချင်သည်မှာ ကြာ ပြီဖြစ်သည်။ ဘာမှမဟုတ်သည့်လူများက သူ၏ မိန်းကလေးကို အထင်သေးစွာ ကြည့်ကြသည်ကို သူ မြင်နေရသည်ကို မပျော်ရွှင်ပေ။
အန်းလေနှင့် ပန်းလေးတို့သည် အမြန်ပြေးလိုက်ကြကာ လေးယောက် သားသည် လျင်မြန်စွာပင် အားလုံး၏ မြင်ကွင်းရှေ့မှပျောက်သွားကြလေသည်။
တုန်လိုင်လီသည် ရှီမာယူယူထွက်သွားသည်ကို ကြည့်ပြီး စိတ်အေးလက် အေးဖြစ်သွားကာ ခံစားချက်များလည်း ပိုကောင်းသွားသည်။
“ကျွန်မတို့လည်း ဆက်ရှာကြတာပေါ့” သူမသည် ရွှမ်ချုံးဟော်အား ပြုံး ပြီးကြည့်လိုက်သည်။
“ငါတို့လည်း ဒီမှာပဲလမ်းခွဲသင့်တယ်လို့ စဉ်းစားနေတာ” ရွှမ်ချုံးဟော် ပြောလိုက်သည် “ငါတို့တွေ ဒီအထိရောက်လာမှတော့ အန္တရာယ်ထပ်များလာ ဖို့မရှိတော့ပါဘူး”
တုန်လိုင်လီသည် ရွှမ်ချုံးဟော် ထွက်သွားမည်ဟု ရုတ်တရက်ပြောလာ မည်ဟု ထင်မထားသဖြင့် တစ်ခဏမျှ မှင်တက်သွားလေသည်။
“ငါတို့ မျိုးနွယ်တွေက အပြန်အလှန်ဆက်ဆံမှုရှိပေမဲ့ ဒါကကိစ္စသေးသေး လေးမဟုတ်ဘူးလေ၊ နောက်ဖြစ်လာမယ့်ပြဿနာတွေရှောင်ဖို့ဆိုရင် ဒီမှာ လမ်းခွဲလိုက်တာပဲကောင်းတယ်” ရွှမ်ချုံးဟော်သည် သူမ စကားပြောရန်ပင် အခွင့်အရေးမပေးဘဲ ဆက်ပြောလေသည် “မင်း ပြဿနာတစ်ခုခုတွေ့လာရင် တော့ ငါ့ကိုလည်း ဆက်သွယ်လို့ရတယ် နှုတ်ဆက်ပါတယ်”
“ဟော်…”
“အကြီးအကဲကျိ သွားကြမယ်”
ထို့နောက် သူသည် ရွှမ်ချုံးမျိုးနွယ်ဝင်များကို ဦးဆောင်ကာ ထွက်သွား လေသည်။
သူမကဲ့သို့ သခင်မလေးတစ်ယောက်၏ ဂုဏ်သိက္ခာသည် သူ့ကို နေခိုင်း ရန်ပြောခြင်းကို ဟန့်တားနေသည်။ သူ ဝေးဝေးသွားသည်ကိုသာ သူမ ကြည့်နေ ရုံသာတတ်နိုင်လေသည်။
မျိုးနွယ်နှစ်ခုဆန့်ကျင်မှုဖြစ်ပွားပါက ထိုပစ္စည်းကို သူ့ကိုပေးလိုသည်ဟု သူမ သူ့ကိုပြောချင်သည်။
တုန်လိုင်မျိုးနွယ်ဝင်များသည် သူမဆီမှ အေးစိမ့်မှုများဖြစ်လာသည်ကို ခံစားမိသဖြင့် သူမကို စကားမပြောရဲကြပေ။ အတန်ကြာပြီးနောက်တွင် သူမ သတိပြန်ဝင်လာကာ ပြောလိုက်သည် “သွားမယ်”
သူက သူမခံစားချက်ကို လက်မခံမှတော့ အတင်းအကျပ်မလုပ်တော့ပါ ဘူး။ နောက်ပိုင်းဖြစ်လာမယ့်ကိစ္စကိုတော့ နောက်မှပြောကြတာပေါ့။ အရင်ဆုံး သတ္တုတွင်းကိစ္စကို ဖြေရှင်းရဦးမယ်။ သူတို့ အကျိုးအမြတ်ရမည်ဆိုပါက ရှေးဟောင်းဝိညာဉ်သားရဲရသည်က အကောင်းဆုံးဖြစ်မည်။ ထို့နောက်တွင် တုန်လိုင်မျိုးနွယ်၏ အဆင့်အတန်းသည် လျှို့ဝှက်မျိုးနွယ်များအကြားတွင် မြင့် သထက်မြင့်သွားနိုင်သည်။
သူမ၏ တစ်ဖက်သတ်အချစ်ကိုတော့ နောက်တွင်ချိတ်ထားရမည်။
ရှီမာယူယူ သူတို့နှင့် ခွဲထွက်ပြီးနောက်တွင် ဝူလင်းယူနှင့်အတူ ဖြည်းညင်း စွာပင် လျှောက်သွားကြသည်။ သူတို့သည် သတ္တုတွင်းရှာရာတွင် ပူပန်ခြင်းမရှိ ပေ။
ပန်းလေးသည် သူတို့အနောက်တွင်ရှိနေကာ သစ်ကိုင်းပိုက်ပြီး ဝါးနေ သည်။ သစ်ကိုင်းကို အကြာကြီးစားလာသဖြင့် သူမ သွားများပင် သန်မာလာ သည်။
သူတို့သုံးယောက် စိတ်အေးလက်အေးဖြစ်နေသည်ကို အန်းလေကြည့်နေ မိသည်။ သူတို့ရဲ့ဘယ်အပိုင်းက ရတနာလာရှာတဲ့သူနဲ့ တူနေလို့လဲ။
“သခင်မလေး စိတ်မပူဘူးလား” သူမသည် မနေနိုင်တော့ဘဲ မေးလိုက် သည်။
“ဘာကိုစိတ်ပူရမှာလဲ” ရှီမာယူယူ ပြုံးလိုက်သည် “ရွှေလေးအိပ်နေတယ် လေ”
အာ…
ရွှေလေးအိပ်နေတယ်ဟုတ်လား။ ဘာအဓိပ္ပာယ်လဲ။
ရှီမာယူယူသည် အပိုမပြောတော့ပေ။ သူမ အခြေအနေကို အန်းလေ တဖြည်းဖြည်းချင်းသိသွားလိမ့်မည်။
ရက်အနည်းငယ်ကြာပြီးသောအခါ အန်းလေသည် သူမဆိုလိုသည့် ရွှေလေး အိပ်နေသည်ဆိုသည့်အဓိပ္ပာယ်ကို နားလည်သွားလေသည်။ ရွှေလေး ၏ အိပ်ရာနိုးခါစ ရီဝေသောအကြည့်များကို သူမ မြင်သောအခါ ချက်ချင်းပင် အာရုံစိုက်မိသွားသည်။
“ယူယူ” ရွှေလေးသည် သူရှီမာယူယူအတွင်းရောက်နေသည်ကို သတိ ထားမိသောအခါ သူမလက်ဖဝါးကိုပွတ်လိုက်သည်။
“ရွှေလေး ဒီနေရာမှာ မင်းကြိုက်တာရှိတယ်” ရှီမာယူယူ ပြောလိုက် သည်။
“ငါကြိုက်မယ့်ဟာလား” ရွှေလေး၏ ပထမဆုံးတုံ့ပြန်ချက်မှာ အံ့ဩမှုဖြစ် ပြီး ထို့နောက်တွင် ပျော်ရွှင်စွာ ထရပ်လေသည် “ငါအနံ့ရတယ် အရမ်းကို ဆွဲဆောင်မှုရှိတဲ့ အနံ့ပဲ”
“ငါတို့ကို အဲဒီကိုခေါ်သွားပေး” ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်ပြီး သွားဖြဲပြေလိုက်သည်။
“အင်း အင်း” ရွှေလေးသည် ရှီမာယူယူ၏ လည်ပင်းဆီသို့လျှောတက် လိုက်ပြီး ပတ်ကာ အမြီးနှင့်လမ်းညွှန်ပြလေသည်။
သူတို့သည် ရွှေလေးပြသည့် ဦးတည်ဘက်သို့ တောင်များကိုဖြတ်သွား လေသည်။ နောက်ဆုံး ရက်အနည်းငယ်ကြာပြီးနောက်တွင် သိပ်မမြင့်လှသော တောင်တစ်တောင်သို့ ရောက်လေသည်။
“ရောက်ပြီ ရောက်ပြီ” ရွှေလေးသည် ပြောရင်းနှင့် ခုန်ဆင်းဟန်ပြင်လေ သည်။ သို့သော် ရှီမာယူယူ ဖမ်းခြင်းကို ခံလိုက်ရလေသည်။
“စိတ်မလောနဲ့ အခြေအနေကို အရင်စစ်ကြည့်မယ်” ရှီမာယူယူသည် နီရဲ ပျားတချို့ကိုလွှတ်ပြီး တောင်များဆီသို့ ပျံသန်းခိုင်းလိုက်သည်။ ခဏအကြာ တွင် အကြောင်းအရင်းကိုမသိရဘဲ သူတို့အားလုံး သေကုန်ကြလေသည်။
သူမ မျက်နှာထားသည် တင်းမာသွားသည် “ဒီနေရာက တကယ်ပဲ ဝင်ဖို့ ခက်တာပဲ”
***