တိရိစ္ဆာန်ကျောက်ရုပ်ထု
Vol. 108 Ch. 1505
နောက်ပိုင်းတွင် သူမ ထပ်ကြိုးစားကြည့်သည်။ သူမ၏ နီရဲပျားများစွာ သည် ဝင်ပြီးမကြာမီတွင် သေကုန်ကြသည်ချည်းပင်။
ထိုအရာသည် တိုက်ဆိုင်မှုသက်သက်မဟုတ်သည်ကို ပြသနေသည်။
“ဒီနေရာက အခြေအနေကို အရင်ဆုံးစစ်ကြည့်ရမယ်” သူမသည် နီရဲပျား တချို့ထုတ်ကာ ထိုနေရာအကြောင်းကို စုံစမ်းကြည့်တော့သည်။
ထိုလူများ ဤနေရာသို့ရောက်မလာဘဲ ရှာမတွေ့သေးရသည့် အကြောင်း အရင်းကို သူမသိပေ။ ထိုနေရာတွင် လူတစ်ဦးတစ်ယောက်မှ ရှိမနေပေ။
“လင်းယူ ဒီကိုဝင်သင့်လား” အထဲတွင်ဖြစ်မည့်ကိစ္စများကို သူမ အကျပ် ရိုက်နေသည်။
“သွားကြမယ်” ဝူလင်းယူသည် သူမလက်ကိုဆုပ်ကိုင်ကာ အထဲသို့ ဦးတည်သွားလေသည်။
ရှီမာယူယူ စဉ်းစားကြည့်လိုက်သည်။ နောက်ဆုံးတွင် ယခုလိုနေရာကဲ့သို့ သုံးဝင်မည့် မီအာကို ခေါ်ထုတ်လိုက်သည်။
အန်းလေသည် ရှီမာယူယူ ပုံစံအငယ်လူလေး ထွက်လာသဖြင့် ကြက်သေ သေနေသည်။ သူမ ကြားလိုက်မှပင် ရှီမာယူယူ၏ စာချုပ်သားရဲဖြစ်သည်ကို သိလိုက်ရသည်။
ဒါကဘယ်လို စာချုပ်သားရဲလဲ။ ဝိညာဉ်သားရဲရဲ့ အနံ့အသက် ဘာမှရှိ မနေဘူးလေ။
“ဟင်း နောက်ဆုံးတော့ ငါ့ကိုသတိရသွားပြီပေါ့” မီအာသည် လက်ပိုက် ကာ ထောင်လွှားစွာဖြင့် ပြောလေသည်။
“မင်းက အရမ်းအရေးကြီးတယ်၊ ကိစ္စတွေဖြစ်လာရင်တော့ သေချာပေါက် ထွက်လာရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အခု ငါတို့က မြေပြင်မှာမဟုတ်တော့ မင်း လွှမ်းမိုးနိုင်တဲ့အနံ့ဘာမှမရဘူးမလား၊ ပြီးတော့ ဒါက ရှေးဟောင်းသတ္တုတွင်းလေ၊ သာမန်သတ္တုတွင်းတွေကို မင်းလုပ်သလိုမျိုး အကျိုးအမြတ်ရနိုင်မလား သိချင်တယ်”
“ခဏလောက်နော်” မိအာသည် နှာရှုတ်ကြည့်လေသည်။
“ငါတို့ဝင်သွားမလို့ မင်းသွားချင်လား မသွားချင်ဘူးလား၊ ငါတို့သွားလိုက် လို့ မတော်တဆဖြစ်လာရင်…”
“သွားမယ် ငါသွားမယ်” မီအာသည် အံ့ကြိတ်ကာ ပြောလိုက်သည်။ သူမ သေသွားရင် သူရောအသက်ရှင်မှာတဲ့လား။
တကယ်တော့ သူမက သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပဲ မဟုတ်ဘူး လား။
“ပန်းလေး အဲဒါဘာဝိညာဉ်သားရဲလဲ သူကဘာလို့ သခင်မလေးနဲ့ တူနေ ရတာလဲ” အန်းလေသည် ပန်းလေးနှင့်အတူ နောက်မှလျှောက်လာပြီး မေး လိုက်သည်။
“မီအာလား သူက ဝိညာဉ်သားရဲမဟုတ်ဘူး” ပန်းလေး ပြောလိုက်သည် “သူက စွမ်းအားတွေ အားအင်တွေပေါင်းစည်းထားတာပဲရှိတာ၊ ဘာလို့လဲဆို တော့ သူ့မှာ ရုပ်ပိုင်းဆိုင်ရာမရှိဘူး သူက ဒီအတိုင်းယူယူနဲ့တူတာပဲ”
အန်းလေ အံ့ဩသွားသည်။ စွမ်းအားဟုတ်လား။ အဲဒါကတောင် ဝိညာဉ် အသိဉာဏ်ရှိပြီး စာချုပ်တည်ထောင်နိုင်တာလား။
“ဒါဆိုရင် သူက အရမ်းအားကောင်းတာလား”
အန်းလေသည် မေးပြီးမှ နောင်တရသွားသည်။ သူသာ အားမကောင်းရင် သခင်မလေးက ဒီလိုအချိန်မှာ သူ့ကိုခေါ်မထုတ်ဘူးလေ။
သေချာသည်မှာ သူမသည် ရှီမာယူယူ၏ သရုပ်မှန်မှာ အားနည်းလွန်း သောကြောင့် အနည်းငယ်မသေမချာဖြစ်နေသေးသည်။ သေးငယ်သောနေရာ တစ်ခုမှလာသောသူသည် ထိုမျှအားကောင်းသော ဝိညာဉ်သားရဲရှိနေခြင်းကို ယုံရန်ခက်ခဲသည်။
“ဟင်း ငါ့ထက်နည်းနည်းလောက် သန်မာတာပါ” ပန်းလေးသည် ဝမ်းနည်းသွားသည်။ သို့သော် မီအာမည်မျှအားကောင်းကြောင်း အသိအမှတ် မပြုဘဲမနေနိုင်ပေ။
ကောင်းကင်ကိုဆန့်ကျင်နိုင်လောက်တဲ့ ပါရမီရှင်လေ။
ပန်းလေးထက် နည်းနည်း ပိုအားကောင်းတယ်ဟုတ်လား။ ဆိုလိုတာက သူက အဲလောက်အားကောင်းတာမဟုတ်ဘူးပဲ။ အန်းလေ စိတ်ထဲမှ တိတ်တိတ်ကလေးတွေးနေမိသည်။ သို့သော် ပန်းလေး မည်မျှအားကောင်း ကြောင်း သူမ မသိသည့်ပုံပင်။
မီအာပင်ထွက်လာရာ ရှောင်ချီသည် ပေးထွက်ရန် ဝုန်းဒိုင်းကြဲနေသည်။ ရှီမာယူယူသည် ရှောင်ချီကိုပါ ခေါ်ထုတ်လိုက်သည်။
ဝိညာဉ်စေတီအတွင်းတွင် တခြားသူများသည် မကျေနပ်စွာဖြင့် လက်သီး လက်မောင်းတန်းနေကြသည်။ သို့သော် သူတို့သည် ရှောင်ချီတို့လောက် မသန်မာသဖြင့် ထွက်လိုက်လျှင်လည်း သူတို့ကို ဆွဲချရုံသာဖြစ်နိုင်သည်။
တံခါးပိတ်ကျင့်ကြံလိုက်တာပဲ ကောင်းပါတယ်လေ။
အိပ်မက်လေးတွင် အစွမ်းအစရှိသည်။ သို့သော် သူမသည် အမွေးကျွတ် ဟိန်းသံလေးကို အဖော်ပြုလိုသဖြင့် ဝိညာဉ်စေတီတွင်သာ နေချင်နေသည်။
ရှီမာယူယူနှင့် တခြားသူများသည် တောင်အတွင်းသို့ဝင်ကြသည်။ တောင် ၏တချို့အပိုင်းများသည် အသီးအပွင့်များရှိနေသေးသော်လည်း ထိုနေရာသည် ပြောင်သလင်းခါနေသည်။
ဖြောင့်တန်းနေသာ လမ်းကိုလျှောက်ရင်း ရှီမာယူယူသည် အသက်မရှိ တော့သော သူမ နီရဲပျားများကို တွေ့ရလေသည်။ သူမသည် သူတို့ကို ဝိညာဉ် စေတီအတွင်းပို့ကာ ဝိညာဉ်လေးကို သင်္ဂြိုလ်ခိုင်းလိုက်သည်။
“ဒီမှာ ဘာထူးဆန်းတာမှ အာရုံမခံမိဘူး ဘာလို့ပျားတွေက ဒီမှာသေနေ ကြတာလဲ” သူမသည် ဝူလင်းယူအား ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
ဝူလင်းယူသည် သူတို့ပတ်ပတ်လည်မှ မြေကြီးအားကြည့်ပြီးပြောလိုက် သည် “သတိထာ မြေကြီးကနေလာတဲ့ စွမ်းအားတချို့ရှိနိုင်တယ်”
“ဒါဆိုရင် ဒါကသတ္တုတွင်းဖြစ်မလား အောက်ထဲကိုသွားရမှာလား”
ဝူလင်းယူသည် မျက်လုံးမှိတ်ကာ ခေတ္တမျှအာရုံခံပြီး ပြောလိုက်သည် “မလိုဘူး ရှေ့နားမှာဂူတစ်ခုရှိတယ်၊ အဲဒါကအောက်နဲ့ ဆက်ထားတာဖြစ်မယ်”
သူသည် ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင်ကာ ဦးဆောင်ခေါ်သွားသည်။ ရှီမာယူယူ လှည့်ပြီး ပန်းလေးနှင့် မီအာကိုကြည့်ပြီး ပြောလိုက်သည် “မင်းတို့ နှစ်ယောက် အန်းလေကို ကာကွယ်ရမယ်”
“ကောင်းပြီ” ထိုအချိန်အတွင်းတွင် ပန်းလေးသည် အန်းလေနှင့် ရင်းနှီး နေပြီဖြစ်သည်။ ထို့ကြောင့် အန်းလေကို ကာကွယ်ရမည်ကို သူမ ဝမ်းနည်းသွား ခြင်းမဖြစ်ပေ။
မီအာသည် ရှီမာယူယူကို ကြည့်ပြီး နှုတ်ဆိတ်နေလိုက်သည်။ သူ ဝမ်းနည်းသွားသည်။
သို့သော် သူ မငြင်းဆန်ပေ။ တကယ်လို့ တစ်ခုခုသာဖြစ်လာပါက သူမပါ ပါဝင်လာမည်ဖြစ်သည်။
သူတို့သည် မီတာရာဂဏန်းမျှရှေ့ဆက်လျှောက်ရာ စွမ်းအားများသည် ရုတ်တရက် မြေကြီးထဲမှ ထိုးထွက်လာသည်။ စွမ်းအားများသည် သူတို့အရှေ့မှ စတင်ကာ ထောင့်များအားလုံးတွင် ပျံ့နေကြသည်။
စွမ်းအားသည် သန်မာပြီးအားကောင်းနေသည်။ သို့သော် အသက်ရှုချိန် မရလိုက်ခင်မှာပင် မီတာရာချီဝေးအောင် ပျံ့နှံ့သွားလေသည်။
စွမ်းအားပျံ့သွားသည့်အခိုက်အတန့်မှာပင် ဝူလင်းယူသည် ရှီမာယူယူကို ဆွဲဖက်ထားပြီး ရှောင်ချီကိုဆွဲကာ မိုးပေါ်သို့ချက်ချင်း ပျံတက်ပြီး စွမ်းအားကို ချက်ချင်းပင် ရှောင်ရှားလိုက်သည်။
ရှီမာယူယူ ခေါင်းမော့ကြည့်ရာ မီအာသည် တစ်ဖက်တွင်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမသည် အောက်မှ စွမ်းအားကို ငေးမောစွာကြည့်မိသည်။
ထိုအချိန်တွင် အန်းလေ၏ခန္ဓာကိုယ်သည် ချွေးအေးများထွက်နေသည်။ သူမသည် အောက်မှ ကြောက်မက်ဖွယ်စွမ်းအားကို အာရုံခံမိသည်။ သူမသာ အောက်မှာရှိလျှင် သေချာပေါက် လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ကံကောင်း သည်မှာ ဝူလင်းယူလှုပ်ရှားသည်နှင့် မီအာသည်သူမကိုခေါ်ပြီး မိုးပေါ်သို့ ခုန် တက်လိုက်သည်။
သူမ ပန်းလေးကိုကြည့်လိုက်ရာ ပန်းလေးသည် သစ်ကိုင်းကိုဝါးနေဆဲ ဖြစ်သည်ကို မြင်သောအခါ ပန်းလေး၏ တည်ငြိမ်နိုင်မှုကို အားကျသွားသည်။
ပန်းလေးသည် သူမ အနည်းငယ်တုန်ယင်နေသည်ကို မြင်သောအခါ ပြုံး လိုက်သည် “စိတ်အေးအေးထား မီအာနဲ့ဆိုရင် မင်းဘာမှမဖြစ်ဘူး”
“ဟင်း” မီအာသည် အေးစက်စွာ နှာမှုတ်လိုက်သည်။ သူလက်တစ်ချက် ဝှေ့လိုက်သည်နှင့် ပန်းလေး ကျသွားလေသည်။
သူမ မြေပြင်နှင့် ထိမိမလိုဖြစ်သည်နှင့် ပန်းတစ်ပွင့်သည် မြေပြင်မှ ထွက် လာပြီး သူမကို ချက်ချင်းဖမ်းလိုက်သည်။
အန်းလေ လန့်သွားကာ အော်မည်အလုပ်တွင် ထိုစွမ်းအား ပျောက်ကွယ် သွားခဲ့ပြီးဖြစ်သည်ကို သိလိုက်ရသည်။
ဝူလင်းယူသည် ရှီမာယူယူကို မြေပြင်ပေါ်သို့ ပြန်ခေါ်လာခဲ့သည်။ ရွှေလေးသည် အလွန်ပင် ပျော်ရွှင်နေကာ လျှာနှစ်ခွသည် အဆက်မပြတ် ထုတ်လိုက်သွင်းလိုက်ဖြစ်နေသည်။
“အနံ့ပဲ ယူယူ ဒါအနံ့ပဲ” ရွှေလေးသည် ပျော်ရွှင်စွာဖြင့် အော်လေသည်။
“မစိုးရိမ်နဲ့ ခဏနေရင် ဝင်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒီစွမ်းအားပျောက်သွားတာနဲ့ တောင်ပေါ်ကိုရောက်သွားတာပဲ ကြည့်ရတာ အပြင်မှာပိတ်ထားတာရှိရမယ်” ဝူလင်းယူ ပြောလိုက်သည်။
“ပျားတွေက အဲစွမ်းအားကြောင့် သေသွားတာဖြစ်ရမယ် ရွှေလေး ပျော် နေတာကြည့်ပါဦး အဲဒီစွမ်းအားက အောက်ကသတ္တုတွင်းကလာတာဖြစ်မယ် လို့ထင်တယ်”
“ဒါကဟိုးရှေးတုန်းက အနံ့ပဲ အောက်ကိုဆင်းပြီးကြည့်ရအောင်”
ဝူလင်းယူသည် သူမကိုဦးဆောင်သွားပြီး ရှေ့မှလျှောက်လေသည်။ အစောပိုင်းက ဖြစ်ခဲ့သော အဖြစ်အပျက်ကဲ့သို့ နောက်ထပ်တွေ့သော်လည်း ဝူလင်းယူနှင့် မီအာတို့သည် ထိုကပ်ဆိုးမကျစေရန် အားလုံးကို ကူညီပေးသည်။
နေ့တစ်ဝက်ကြာပြီးနောက်တွင် သူတို့သည် ဝူလင်းယူပြောသည့် ဂူကို ရောက်လေသည်။
ဂူသို့ဆင်းရာလမ်းတွင် သူတို့ဆင်းလေလေ အထက်တွင်ဖြစ်ခဲ့သော ဂယက်များ ပိုများလေလေဆိုသည်ကို ရှီမာယူယူခံစားမိသည်။ ထိုစွမ်းအားများ သည် အလျားလိုက်ပျံ့နေပြီး ဒေါင်လိုက်မပျံ့သည်မှာတော့ ကံကောင်းသည်။
ဂူသည် အလွန်ပင် မှောင်မိုက်နေသည်။ ရှီမာယူယူသည် မီးလုံးထုတ်ကာ လမ်းကိုမြင်ရရန်အသုံးပြုလိုက်သည်။
သူတို့ မည်မျှနက်သည်အထိ စွန့်စားသွားရမည်ကို မသိနိုင်ပေ။ သူတို့ လမ်းပျောက်နေပြီဟု ရှီမာယူယူထင်လိုက်ချိန်တွင် ပိုလျှောဆင်းသွားရကာ မြေပြန့်သို့ စတင်လျှောက်ရလေသည်။
“မီအာ ဒီမှာစွမ်းအားတွေဘာတွေ အာရုံခံမိလား” ရှီမာယူယူ မေးလိုက် သည်။
“မခံမိဘူး” မီအာသည် ခေါင်းခါလေသည် “ဒါပေမဲ့ အရမ်းအားကောင်း တဲ့စွမ်းအားရှိတယ်လို့ အာရုံခံမိနေတယ်၊ အဲဒီစွမ်းအားက ငါ့ကို အရမ်းနေရခက် စေတယ်”
အဲဒါက ဘာဖြစ်နိုင်မလဲ… မီအာကို နေရခက်စေတဲ့ဟာက…
“ယူယူ ကြည့်လိုက် အဲဒါဘာလဲ” ရှောင်ချီ၏အော်သံသည် သူမ၏ အတွေးရထားကို ပြတ်သွားစေသည်။ သူမသည် ရှောင်ချီကြည့်သောနေရာကို လိုက်ကြည့်ပြီး ရုတ်တရက် ပင့်သက်ရှိုက်မိသည်။
ဝူလင်းယူလှည့်ကြည့်လိုက်ရာ တစ်မီတာအကျယ်ရှိသော ကျောက်တုံးကို တွေ့လိုက်ရသည်။ ထိုကျောက်သည် သွားနှင့်ခြေသည်းလက်သည်းများရှိသည့် ခြေလေးချောင်းသတ္တဝါနှင့်ဆင်တူသည်မှာ သိသာလွန်းနေသည်။
***