ရွှေလေးက ရတနာရှာဖွေသူ
Vol. 108 Ch. 1506
ထိုကျောက်ရုပ်ထု၏ ခြေထောက်နှစ်ဖက်သည် အရှေ့ကို မျက်နှာမူ ထားကြသည်။ ခြေထောက်နှစ်ဖက်လုံးမှာ ကြီးမားပြီး တစ်ဖက်မှာ မြေပြင်တွင် ရှိကာ နောက်တစ်ဖက်မှာ တစ်နေရာကိုညွှန်ပြနေသလိုပင်။ ကြည့်လိုက်သည် နှင့် သူသည် ထွက်ပြေးရန်ကြိုးစားနေစဉ်တွင် အေခဲသွားသည်နှင့်တူသည်။
“ဒီကျောက်ရုပ်ထုက နည်းနည်းကြောက်ဖို့ကောင်းတယ်” ပန်းလေး ပြောလိုက်သည် “ယူယူ ဒါကကျောက်ရုပ်ထုလား”
“ငါလည်းမသိဘူး” ရှီမာယူယူ လျှောက်သွားပြီး ရုပ်ထုကိုကြည့်လိုက် သည်။ ထိုခက်ထန်လှသောအမူအရာနှင့် မျက်လုံးထဲမှ လူသတ်နိုင်သည့် အကြည့်များသည် လူကိုအလိုလိုပင် တုန်ယင်သွားစေသည်။
“ရွှီး ရွှီး”
ရွှေလေးသည် ရုတ်တရက် ရှီမာယူယူ ခန္ဓာကိုယ်အပေါ်မှ လျှောဆင်းကာ အရွယ်အစား ကြီဂလိုက်သည်။ ရှေးဟောင်းအံ့ဖွယ်သားရဲ့အနံ့မှာ ချက်ချင်းပင် ထွက်လာသည်။
သူသည် ရုပ်ထုကိုတပ်မက်ပုံရကာ အားလုံး ချောက်ချားနေစဉ်မှာပင် ရုပ်ထုကို တစ်ကိုက်တည်းနှင့်စားလိုက်လေသည်။
“ရွှေလေး အန္တရာယ်များတယ်” ရှီမာယူယူ အော်လိုက်သော်လည်း မတား လိုက်နိုင်ပေ။
ရွှေလေးသည် ရုပ်ထုကို ဝါးမျိုထားပြီး လှည့်ကြည့်ရာ ရှီမာယူယူ၏ ခွင့်မပြုသောအကြည့်များကို မြင်လိုက်ရလေသည်။ သူသည် သူမရှေ့တွင် မာန ကြီးစွာဖြင့် ခေါင်းထောင်ကာ ပွတ်သပ်နေသည်။
“ရွှေလေး ဘာလို့စကားနားမထောင်ရတာလဲ” ရှီမာယူယူ၏ မျက်နှာထား မှာ မည်းနက်သွားတော့သည်။
“ယူယူ ငါ မထိန်းနိုင်တော့ဘူး” ရွှေလေးသည် နာကျင်စွာဖြင့် ပြောလေ သည်။
“မင်းစားလို့မရဘူးလို့ ငါပြောနေတာမဟုတ်ဘူး ဒါပေမဲ့ ဒါကအရမ်း အန္တရာယ်များတယ်လေ” ရှီမာယူယူ ဒေါသထွက်လေသည်။
ရွှေလေးစားလိုက်လို့ အစာမကြေနိုင်ရင် ဘယ်လိုလုပ်မလဲ။ မဟုတ်ရင် အဲနောက်ကို မကောင်းတာတစ်ခုခုဖြစ်သွားရင်ရော…
“အဲလိုမဖြစ်ပါဘူး” ရွှေလေးသည် သူမကို တရင်းတနှီး ပွတ်သပ်လေ သည် “ငါအစာချေနိုင်ပါတယ်”
“အထဲမှာဝိညာဉ်သားရဲရှိနေရင် ဘယ်လိုလုပ်မလဲ အဲဒါကအသက်ရှိနေ ပြီး မင်းကိုတစ်ခုခုလုပ်လိုက်ရင်ရော”
“အဲအချိန်ကျရင် အစာတောင်ချေပြီးနေလောက်ပြီ” ရွှေလေး ပြောလေ သည်။
“တစ်နေရာရာမှာ သက်တောင့်သက်သာမဖြစ်ရင် ငါ့ကိုပြောနော် ဟုတ်ပြီလား” ရှီမာယူယူသည် ပူပန်စွာဖြင့် မြည်တွန်တောက်တီးလိုက်သည်။
“ဟုတ်ပါပြီ ဟုတ်ပြီ” ရွှေလေးသည် သူ့ခန္ဓာကိုယ်ထဲမှ ရုပ်ထုကို ဝိညာဉ် စွမ်းအင်ဖြင့် ရစ်ပတ်ပြီး ချက်ချင်းအစာချေမပစ်ရန် ရွေးချယ်လိုက်သည်။ သူ ခန္ဓာကိုယ်လှုပ်လိုက်သည်နှင့် အကောင်သေးငယ်သွားကာ ရှီမာယူယူ၏ လည်ပင်းနားကိုရစ်ပတ်လိုက်သည်။
“ရှေ့ဆက်သွားကြတာပေါ့” ရှီမာယူယူ တခြားသူများကိုပြောလိုက်သည်။
သူတို့ ရှေ့ဆက်လျှောက်သည်နှင့် ပန်းလေးသည် အန်းလေကို မျက်ခြေ မပြတ်ကြည့်ထားသည်။
ထိုအချိန်တွင် အန်းလေသည် အစောပိုင်းက ထိတ်လန့်မှုကို စိတ်ပြန် စုစည်နိုင်ပြီဖြစ်သည်။ ရှီမာယူယူ၏ လည်ပင်းမှ အကောင်လေးသည် အမှန် တကယ်ပင် ရှေးဟောင်းအံ့ဖွယ်သားရဲဖြစ်လိမ့်မည်ဟု သူမ ထင်မထားပေ။
ရှေးဟောင်း အံ့ဖွယ်သားရဲ… လျှို့ဝှက်မျိုးနွယ်မှာတောင် ရှေးဟောင်း အံ့ဖွယ်သားရဲမရှိဘူး။
အခုလေးတင် သူမအသိအမှတ်ပြုလိုက်သည့် ဒီသခင်မလေးသည် တန်ဖိုးကြီးဆေးကိုပင် အလွယ်တကူထုတ်နိုင်ပြီး သူမ၏ ဝိညာဉ်သားရဲများ သည် မများသော်ငြား အားကောင်းကြသည်။ သူမတွင် ထို့ထက်ပိုမည်ဟု အလိုလိုသိစိတ်မှ ပြောနေသည်။ ရှီမာယူယူတွင် သူမထင်ထားသည်ထက်ပင် ရှိနေဦးမည်။
ရှီမာယူယူ၏ နာမည်သည် အတွင်းပိုင်းဒေသတွင် ပဲ့တင်ထပ်နေ သော်လည်း လူတိုင်း သူမအကြောင်းကိုမသိကြပေ။ အနက်ဝတ်လျှို့ဝှက် အဖွဲ့အစည်းကတော့ သူမအကြောင်း သေချာသိကြပြီး သူမ၏သတ္တိကိုပင် မုန်းကောင်းမုန်းနိုင်သည်။
သူတို့ရှေ့ဆက်လျှောက်ကြပြီး ဝေးဝေးမလျှောက်ရခင်မှာပင် ခပ်ဆင်ဆင် ကျောက်ရုပ်ထုကို မြင်ရလေသည်။
သူမလည်ပင်းမှ ရွှေလေးသည် ပြန်ပြီး စိတ်အားထက်လာသည်။ သို့သော် ရှီမာယူယူသည် ချက်ချင်းဖမ်းပြီး ပြောလိုက်သည် “မင်း အန္တရာယ်များတာ တစ်ခုခုလုပ်ဦးမယ်ဆိုရင် မင်းကိုပြန်ထည့်လိုက်တော့မှာ”
ရွှေလေး၏ မြှောက်နေသောအမြီးလေးသည် ပြန်ကျသွားသည်။ မည်သို့ ပင်ဖြစ်စေကာမူ သူလိုချင်လျှင် ရှီမာယူယူပေးနိုင်သည်။ လုယူရန်မလိုပေ။
ရွှေလေး စကားနားထောင်သည်ကို ရှီမာယူယူမြင်သောအခါ ဝူလင်းယူ နှင့်အတူလျှောက်သွားလိုက်သည်။
သူမ လက်ဆန့်ထုတ်ကာ ကျောက်ရုပ်ထုကို ထိတွေ့လိုက်သည်။ အေးစက်ပြီး ကြောက်မက်ဖွယ်ရောင်ဝါသည် သူမလက်ချောင်းထိပ်မှ ခန္ဓာကိုယ်အတွင်း စီးဝင်သွားသည်။
“လင်းယူ ဒီဟာက ကျောက်ရုပ်ထုလား ဒါမှမဟုတ် ချိပ်စည်းထားခံရ တဲ့ရှေးဟောင်း ဝိညာဉ်သားရဲလား” ရှီမာယူယူ မေးလိုက်သည်။
“ဒီကိုလာပြီး ကျောက်ရုပ်ထု ထုမယ့်သူမရှိလောက်ဘူးလို့ ကိုယ် စဉ်းစားနေတာ” ဝူလင်းယူ ပြောလိုက်သည်။
“အဲတော့ ခုနကဟာလည်း ရှေးဟောင်းဝိညာဉ်သားရဲဖြစ်မယ်လို့ ပြော လိုက်တာလား” ရှီမာယူယူ၏ မျက်လုံးများအရောင်တောက်သွားသည် “အဲဒါ ကိုလွှတ်ပေးလိုက်ရင် အသက်ပြန်ဝင်လာမလားမသိဘူး”
“အသက်ရှင်သလိုဖြစ်မှာပဲ” ဝူလင်းယူ ပြောလိုက်သည် “ကျောက်တုံး ကိုယ်ထည်အခွံကိုကြည့်လိုက်”
ရှီမာယူယူသည် ကျောက်တုံးတစ်တုံးကိုကြည့်ပြီး ရုပ်ထုပေါ်တက်တင် ကြည့်လိုက်သည်။ ထူလိုက်တဲ့အလွှာပဲ။ ဒါကိုသာယူမသွားရင် ထူးခြားတဲ့ပုံ မပေါ်ဘူး… သာမန် သတ္တုလိုမျိုးပဲ။
“ဒါတွေကသေသွားတယ်ဆိုရင် ကျောက်အခွံတွေ ကွာကျမှာမဟုတ်ဘူး” သူမ မျက်လုံးများအရောင်တောက်သွားသည် “အခုကို အများကြီးကျနေပြီ ဆိုလိုတာက ဒီကောင်တွေ မကြာခင်ထွက်လာကြမှာပဲ”
“ကိုယ်အရင်က ကြားဖူးတာရှိတယ် ရှေးဟောင်းဝိညာဉ်သားရဲတွေ ချိပ်ပိတ်ခံလိုက်ရရင် ဘယ်သူမှလွှတ်ပေးလို့မရဘူး အချိန်တစ်ခုကြာမှ သူတို့ ဘာသာ ထွက်လာမှာတဲ့၊ ကြည့်ရတာ အမှန်ဖြစ်မယ်ထင်တယ်” ဝူလင်းယူ ပြောလိုက်သည်။
ရွှေလေးသည် ရှေးဟောင်းအံ့ဖွယ်သားရဲဖြစ်ကာ ချိပ်ပိတ်ခံရပြီး ကြာ သည်ဟုမသတ်မှတ်ခံရခင် ရှီမာယူယူမလွှတ်ပေးခင်မှာပင် သူ့အလိုလိုထွက် လာခဲ့သည်။
ကြည့်ရတာ သူ့ဘာသာသူ ထွက်လာတာဖြစ်မယ်။
“ဒါတွေဖြစ်ရင် ဘယ်လိုဖြစ်သွားမလဲ သိချင်နေပြီ” သူမသည် ကျောက်တုံးရုပ်ထုကိုပတ်လျှောက်ကာ ရေရွတ်လိုက်သည် “အရင်ဆုံးဒါတွေကို သိမ်းလိုက်ပြီးမှ စောင့်ကြည့်ကြတာပေါ့”
သူမသည် ကျောက်တုံးရုပ်ထုကို ဝိညာဉ်စေတီအတွင်းထည့်ရာ အထဲမှ လူများသည် ချက်ချင်းပင် ရုပ်ထုနားဝိုင်းလာကာ လေ့လာတော့သည်။
သူတို့ ရှေ့ဆက်လျှောက်သွားရာ ခဏအကြာတွင်နောက်ထပ် ရုပ်ထုကို တွေ့လေသည်။
တစ်ခါဆိုလျှင် တိုက်ဆိုင်မှု နှစ်ခါဆုံလျှင် ရေစက် သုံးခါတွေ့ဆုံပါက ကံကြမ္မာလား။
“ဝိညာဉ်သားရဲတွေများမနေဘူးလား” ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက် သည်။
“ဟုတ်တယ် ဒါပေမဲ့ ဒီလောက်ပစ္စည်းကောင်းတွေ အများကြီးရတာကို စိတ်မပူသင့်ဘူး” ဝူလင်းယူသည် သူမ အပြုအမူကိုမြင်သောအခါ ပြုံးလိုက် သည်။
“အမှန်ပဲ” ရှီမာယူယူသည် သည်တစ်ကြိမ်တွင် သေချာမကြည့်တော့ဘဲ ကျောက်ရုပ်ထုကို သိမ်းလိုက်သည် “ရှေ့ဆက်သွားကြတာပေါ့”
“ရွှီး ရွှီး” ရွှေလေးသည် သူမလည်ပင်းမှ ကျောက်တုံးတစ်ခုဆီသို့ ပျံသွား လေသည်။ သူ့မျက်လုံးများသည် စိုက်ကြည့်နေသကဲ့သို့ ဝိုင်းစက်နေသည်။
“မင်း ဒါကိုလည်းလိုချင်တာလား” ရှီမာယူယူ မေးလိုက်သည်။
“အင်း အထဲမှာ ပစ္စည်းကောင်းတွေရှိတယ်” ရွှေလေး သူမကို ပြောလေ သည်။
ရှီမာယူယူ လျှောက်သွားကာ သာမန်သတ္တုတုံးကို မြင်လိုက်ရသည်။ သူမ လက်ဆန့်ထုတ်ကာ အကြောများကို စမ်းကြည့်ပြီး မေးလိုက်သည် “အထဲမှာ ဘာရှိတာလဲ၊ ဝိညာဉ်သားရဲပဲလား”
“မသိဘူး အထဲမှာတော့ ရောင်ဝါအရမ်းထူနေတယ်” ရွှေလေး ပြောလေ သည်။
အထဲမှ ရောင်ဝါကို သူမ အာရုံမခံနိုင်ချိန်တွင် ရွှေလေး ဘာကြောင့် အာရုံခံနိုင်သည်ကို ရှီမာယူယူ မစဉ်းစားတတ်တော့ပေ။ သူမသည် ရွှေလေး ပြောစကားကိုယုံသဖြင့် ဝိညာဉ်စေတီအတွင်း ပစ်ထည့်လိုက်သည်။
“အဲဒီကျောက်တုံးရောပဲ အဲထဲမှာလည်း တစ်ခုခုရှိတယ်” ရွှေလေး ပြော လေသည်။
ရှီမာယူယူသည် ထိုကျောက်ကိုပါ ပြောင်းရွှေ့လိုက်သည်။
“ယူယူ မင်းတို့ နောက်ဆုတ်နေ” ရွှေလေး ပြောလိုက်သည်။
“ဘာလုပ်ချင်လို့လဲ” ရှီမာယူယူသည် စိုးရိမ်တကြီး မေးလိုက်သည်။
“ဒီမှာ ပစ္စည်းကောင်းတွေရှိသေးတယ် ငါတို့တစ်ခါတည်းယူသွားရမှာပေါ့ မင်းတို့နောက်ကိုဆုတ်နေကြ”
ရှီမာယူယူသည် ရွှေလေး၏ ရည်ရွယ်ချက်ကို အားလုံးကိုပြောပြလိုက်ရာ သူတို့သည် ဝင်ပေါက်အတိုင်းနောက်ဆုတ်ကြလေသည်။
ရွှေလေးသည် အမြီးကိုကြီးလိုက်သည်။ သူအမြီးမွှေ့ယမ်းလိုက်သည်နှင့် အပေါ်နံရံကို တိုက်မိပြီး နံရံတစ်ခုလုံးသည် အက်သွားတော့သည်။
သူထပ်ရိုက်လိုက်ရာ ထိုကျောက်အလွှာများကျလာကာ ထူးဆန်းသော ကျောက်များ ပုံသဏ္ဍာန်မျိုးစုံ ပေါ်လာသည်။ ထိုကျောက်များသည် ပေါ်ရုံမျှသာ ဖြစ်ပြီး ပုံစံအစစ်အမှန်ကိုတော့ မမြင်ရပေ။ အထဲတွင် မည်သည့်အရာရှိသည် ကို မည်သူမှမသိကြပေ။
“ဒါတွေက သတ္တုတွေလား” ရှောင်ချီသည် ရွှေလေးကို မေးလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် ဒါပေမဲ့ အထဲမှာဘာရှိလဲမသိဘူး” ရွှေလေး၏ အသံသည် ပျော်ရွှင်နေသည်။ ထိုပစ္စည်းသည် မည်သည့်အရာပင်ဖြစ်စေကာမူ အားတိုးစေရန် အထောက်အကူပေးနိုင်သည်။
ရှီမာယူယူသည် နံရံတွင်နစ်ဝင်နေသော ကျောက်တုံးများကိုကြည့်လိုက် သည်။ တချို့မှာ နှစ်မီတာအရှည်ရှိသော်လည်း တချို့မှာ လက်တစ်ဖဝါးစာသာ ရှိလေသည်။
“ရှောင်ချီ ဒါတွေကို မင်းကိုအပ်ထားလိုက်ပြီ မင်းကအသန်မာဆုံးပဲ ဒါတွေကို သေချာပေါက် တူးနိုင်မှာပေါ့” ရှီမာယူယူသည် ရှောင်ချီ၏ ပခုံးကို ပုတ်လိုက်သည်။
“ကောင်းပြီ ကြည့်နေနော်” ရှောင်ချီသည် လျှောက်သွားပြီး ကျောက်တုံး ပတ်ပတ်လည်ကို ထိုးလိုက်သည်။ ကျောက်နံရံများ ချောင်သွားပြီး ကျောက်တုံး တချို့ကိုဆုပ်ကိုင်ကာ ဆွဲချလိုက်တော့လေသည်။
***