← Chapters

သေမျိုးကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေး

Vol. 97 Ch. 1345

သေမျိုးကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေး

Vol. 97 Ch. 1345

မှတ်ဉာဏ်များက ဆက်လက်၍ သွားနေခဲ့၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို သန့်စင်ရင်း သူ ပိုမို၍ သန်မာလာခဲ့သည်။ ဤသို့နှင့် နေသွေးနီနီဂိုဏ်းကို သူ ရောက်ရှိခဲ့သည်။ ချီအမတေ ကျောက်တုံး တစ်တုံးကို ရှာဖွေ တွေ့ရှိကာ သူ ချီပျစ်ခဲခြင်း အဆင့်ကို ဝင်ရောက်ခဲ့သည်။ ၎င်းမှာ ကောင်းကင်တာအို ဖန်တီးသည့် ကံကြမ္မာ တစ်ခု ဖြစ်ကြောင်း သူ နောက်ပိုင်းတွင် သိရှိခဲ့ရသည်။

ချီဖန်တီးခြင်း အဆင့်၊ နူးညံ့စွာ စီးဆင်းခြင်း၊ ဒြပ်စင် မွေးဖွားခြင်း၊ ယင်ဖွဲ့စည်းခြင်း၊ ယန်ဖွံ့ဖြိုးခြင်း၊ မှားသောအမှန်၊ ဝိညာဉ်ဆက်သွယ်ခြင်း၊ နူညံ့သောချီ၊ ချီအတေ အဆင့်တို့မှာ ချီပျစ်ခဲ့ခြင်း အဆင့်၏ အဆင့်ကိုးဆင့် ဖြစ်ပေသည်။ ထိုခရီးလမ်းရှည်ကြီးကို ဖြတ်သန်းရင်း အဆင့် တစ်ခုချင်းစီကို သူ စူးစမ်း ရှာဖွေခွင့် ရရှိခဲ့သည်။ နာ့ရှင်းရီနှင့် နှစ်ကိုယ်တူ ကျင့်ကြံခဲ့သည့် မြင်ကွင်းများကိုပင် မတူညီသော ရှုဒေါင့် တစ်ခုမှ သူ ပြန်လည် လေ့လာခွင့် ရရှိခဲ့သည်။

ချွေးများ ရွှဲနစ်နေသည့် ခန္ဓာကိုယ်များ...

ထပ်ခါထပ်ခါ ပြီးမြောက်ခြင်းများနှင့် အတူ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည့် သူမ...

တက်ကြွစွာ လှုပ်ရှားနေသည့် တင်ပါးများ...

ရုတ်တရက်... မိန်းကလေး၏ မျက်ဝန်းများကို သူ သတိထားမိလိုက်၏။ မျှော်လင့်ချက်...။ မှန်၏။ သူမ၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက် အရိပ်အယောင် တစ်ချို့ ရှိနေပေသည်။ နှစ်ကိုယ်ကြား ဆက်ဆံရေးမှ တစ်ဆင့် ပတ်သက် ဆက်နွယ်မှု တစ်ခု တည်ဆောက်နိုင်မလား ဆိုသည့် မျှော်လင့်ချက်...။

အပျိုစင် မိန်းကလေး တစ်ယောက် အနေဖြင့် သူမ၏ ပန်းဦးအား ဆွတ်ခူးနေသည့် လူတစ်ယောက် အပေါ် တိမ်းညွှတ်မှု ရှိခြင်းမှာ အဆန်းတကြယ်တော့ မဟုတ်ချေ။ ထို့အပြင်... ဝေ့ဝူယင်မှာ ခန့်ညားသည်။ နေသွးနီနီဂိုဏ်းလို ထိပ်သီး ဂိုဏ်းကြီး တစ်ခုတွင် အရေးပါ အရာရောက်သည့် အဓိက တပည့်လည်း ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ဦးနှင့် လက်ထပ်ခွင့် ရရှိခဲ့လျှင် သူမ၏ ဘဝကလည်း ပြောင်းလဲသွားမှာ အသေအချာပင် ဖြစ်လေသည်။

သို့သော်လည်း... ဝေ့ဝူယင်ကတော့ မူလ ကတိအတိုင်းပင် သူမကို လွတ်လပ်ခွင့်သာ ပေးခဲ့သည်။ ရက်စက်စွာ နှင်ထုတ်ခဲ့သည်။ နာ့ရှင်းရီဘက်မှ ကြည့်ပြန်လျှင်လည်း သူ၏ လုပ်ရပ်မှာ လိုချင်တာကို ရယူပြီးသည့်နောက် သည်အတိုင်း လွှင့်ပစ်လိုက်သည်နှင့် တူညီပေသည်။ သူမ မုန်းမည်ဆိုလည်း မုန်းသင့်သည်။

သို့သော်လည်း ဝေ့ဝူယင်ဘက်မှ ပြန်ကြည့်ရလျှင်... နာ့ရှင်းရီကို လွှတ်ပေးရန် အတွက် သူ စည်းမျဉ်းများစွာကို ချိုးဖောက်ခဲ့ရသည်။ အရေးကြီးသည့် အရာက သူ ကတိတည်ခဲ့သည်။ ဂိုဏ်းမှ အပြစ်ပေးနိုင်သည့် အန္တရာယ်များ ရှိသော်လည်း... အကိုကြီး သင်ကြားပေးခဲ့သည့် အခြေခံမူများကို သူ လိုက်နာခဲ့သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... သူ့ လုပ်ရပ်က နည်းနည်း ရွံရှာဖို့ ကောင်းသွားတာတော့ အမှန် ဖြစ်သည်။ နာ့ရှင်းရီ ထွက်သွားပြီးနောက်တွင် ဝေ့ဝူယင် သူမ၏ နေရာကို အခြား မိန်းမလှ တစ်ဦးနှင့် ဖြည့်တင်းခဲ့သည်။ သူမက သူ့ကို အစွမ်းကုန် ပြုစုခဲ့သည်။ ညှို့ယူဆွဲငင်ခဲ့သည်။ သူ့ထံတွင် သူမ အတွက် အစီအစဉ် တစ်ချို့ပင် ရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ထိုအရာ အားလုံးက သူမ ချစ်သူ ရောက်ရှိလာရန် အချိန်ဆွဲနေခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် နောက်မှ သိရှိခဲ့ရသည်။

ဝေ့ဝူယင် သူမကိုရော သူမ၏ ချစ်သူကိုပါ ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည်။ ထိုလုပ်ကြံမှုတွင် တစ်စိတ်တစ်ပိုင်းမှ ပါဝင်ခဲ့သည့် ဂိုဏ်းဝင် တစ်ယောက်ကိုပါ သူ သတ်ဖြတ်ခဲ့သည်။

“ဒီမြင်ကွင်းတွေက ဘာအတွက်လဲ... သေမျိုး တစ်ယောက် အနေနဲ့ ငါ့ရဲ့ လမ်းကြောင်းကို ပြန်ကြည့်ဖို့လား...”

ဝေ့ဝူယင် သက်ပြင်း တစ်ချက် ချလိုက်၏။ မြင်ကွင်းများက ဆက်လက်၍ ပြောင်းလဲနေကာ အနန္တ ကုန်းမြေတိုက်ကြီးမှ နေ၍ အနန္တ ဧကရာဇ်ဂိုဏ်းသို့ ရောက်ရှိခဲ့သည်။

ထို့နောက် သေမျိုး နောက်ဆုံး အလွှာ၏ ပထမဆုံး ကပ်ဘေး...

ထိုသေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးတွင် ဝေ့ဝူယင် ဆေဘာ နှလုံးသား ရည်ရွယ်ချက်နှင့် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်တို့ကို ဆုပ်ကိုင်နိုင်ခဲ့သည်။ အချိန်မြစ်ကို ဖြတ်သန်းသည့် ပထမဆုံး အတွေ့အကြုံကို ခံစားခဲ့ရသည်။

မွေးဖွားလာသည့် အချိန်မှ စတင်၍ ‘ပထမဆုံး’ ဆိုသည့် အကြောင်းအရာများကို သူ ပြန်လည်၍ ကြုံတွေ့ရသည်။ ပထမဆုံး အချစ်၊ ပထမဆုံး အနမ်း၊ ဖခင်၏ ပထမဆုံး သင်ကြားပြသပေးမှု၊ အကိုကြီး၏ ပထမဆုံး သင်ခန်းစာ...။

ထို့နောက်... ကောင်းကင်လောက မိုးကြိုး ကပ်ဘေး..

ထိုကပ်ဘေးမှာ သူ၏ ကြယ်တာရာ ဝိညာဉ်များကို မူလ အဆင့်ဖြင့် ချီးမြှင့်ခဲ့သည်။ သို့သော်လည်း... ကြယ်တာရာ ဝိညာဉ်များမှာ ကျေနပ်ခြင်း မရှိပဲ အကန့်အသတ်ထိ မြှင့်တင်ကာ မူလ မိုးကုပ်စက်ဝိုင်း အဆင့်ကိုပါ ရယူခဲ့သည်။ ထိုနည်းဖြင့် သူ အကြွင်းမဲ့ မန်နာ လွှမ်းမိုးနိုင်စွမ်းကို ရရှိလာခဲ့သည်။

ထို့နောက်... တတိယမြောက် ဝိညာဉ် ဆင်းတု ဖန်တီးခြင်း ကပ်ဘေး...

ထိုကပ်ဘေးမှာ ဝိညာဉ်စွမ်းအင်ကွင်းများ၏ အောက်တွင် သူ့ကို အမှောင် ဟင်းလင်းပြင်ထံ ဖြတ်သန်း ခရီးနှင် စေခဲ့သည်။ ထိုအတွေ့အကြုံက ကြောက်စရာ ကောင်းလှသော်လည်း သူ့မိုးကောင်းကင်ကို ကျယ်ပြန့်စေခဲ့သည်။ လောကကြီးမှာ မည်မျှ အပြောကျယ်ကြောင်း ပထမဆုံး အကြိမ် အဖြစ် သူ သဘောပေါက် လာခဲ့ပေသည်။

အာကာသ ပဲ့တင်သံ အဆင့် ကပ်ဘေး...

ထိုကပ်ဘေးမှာ သူ့ဘဝတွင် ကျော်ဖြတ်ရ အလွယ်ကူဆုံး ကပ်ဘေးများထဲမှ တစ်ခု ဖြစ်သည်။ သေမျိုး အကန့်အသတ်၏ အထွတ်အထိပ် ရောက်ရှိသော အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက် အနေဖြင့် အာကာသ အမျိုးအစား ကပ်ဘေးမှာ သူ့ကို အခက်အခဲ သိပ်မဖြစ်စေခဲ့ချေ။

အလင်းပြန်ခြင်း အဆင့် ကပ်ဘေး...

အာကာသ ပဲ့တင်သံ အဆင့် ကပ်ဘေးမှာ ကျော်ဖြတ်ရ အလွယ်ကူဆုံး ကပ်ဘေးများထဲမှ တစ်ခု ဆိုလျှင် အလင်းပြန်ခြင်း အဆင့် ကပ်ဘေးမှာ အလွယ်ကူဆုံး ကပ်ဘေး ဖြစ်ပေလိမ့်မည်။ လောကအလင်း ဆေးရည်မှ တစ်ဆင့် ဝိညာဉ် အလင်း၏ စည်းမျဉ်းများကို နားလည် ဆုပ်ကိုင်နိုင်ခဲ့ပြီး ဖြစ်လေရာ ကပ်ဘေး၏ အန္တရာယ်များကို သူ အလွယ်တကူပင် ရှောင်ရှားနိုင်ခဲ့သည်။

မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကပ်ဘေး

ထိုကပ်ဘေးတွင် အလွန် ကြီးမားလှသည့် အနက်ရောင် တွင်းပေါက်ကြီး တစ်ခုကို သူ ရင်ဆိုင်ခဲ့ရသည်။ ၎င်းက သူ့ခန္ဓာကိုယ် တစ်ခုလုံးကိုပင် ဝါးမြိုဖို့ ကြိုးပမ်းခဲ့သည်။ ကံကောင်းထောက်မစွာပင်... မြေဆွဲအား လွတ်မြောက်ခြင်း ဗဟိုထုကို သူ ဆုပ်ကိုင်ကာ ကျော်လွှားနိုင်ခဲ့သည်။

လောက အင်အား ပေါင်းစည်းခြင်း ကပ်ဘေး...

၎င်းမှာ ဝေ့ဝူယင် သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရသည့် ပထမဆုံး ကပ်ဘေး ဖြစ်သည်။ သူ လွတ်ရုံလေးသာ လွတ်မြောက်ခဲ့သည်။ ‘လောက’ ဆိုသည့် အရာကို ရင်ဆိုင်ခဲ့ရသည့် အကြောင်းကို ပြန်တွေးလိုက်တိုင်း သူ ကျောရိုးများပင် စိမ့်တက်သွားမိသည်။

ဝေ့ဝူယင် နောက်ဆုံး ရင်ဆိုင်ခဲ့သည့် ကပ်ဘေးမှာ သူ့ဘဝ တစ်လျှောက် အကြီးကျယ်ဆုံးသော ကပ်ဘေးပင် ဖြစ်သည်။ ထိုကပ်ဘေးမှာ သူ့ကို ရေကန်ထဲမှ ဖားတစ်ကောင်သာ ဖြစ်ကြောင်း နားလည်စေခဲ့သည်။ အချိန်လေပွေ ကြောင့်ပင် သူ၏ ကြယ်တာရာ ဝိညာဉ်များမှာ ကပ်ဘေးကို အဆုံးစွန်ထိ မြှင့်တင်နိုင်ခဲ့ကာ လျှို့ဝှက် အာဏာရှင် အဆင့် အထက် ပုဂ္ဂိုလ်များ အတွက် ရည်ရွယ်သည့် ကပ်ဘေးမျိုးကိုပင် ရင်ဆိုင်ခဲ့ရသည်။

လျှို့ဝှက် အာဏာရှင် အဆင့်များသို့ ရောက်ရှိနေသည့် အခြား ဝေ့ဝူယင်များနှင့်ပင် သူ ကြုံတွေ့ခဲ့ရသည်။ သေမျိုး တစ်ယောက် အနေဖြင့် အားနည်းချက် များစွာ ရှိသည့် ကြားမှပင် သူတို့ကို ချေမှုန်းကာ ပထမဆုံး အနိုင်ရရှိသူ ဖြစ်လာခဲ့သည်။

အချိန်မြစ် ကပ်ဘေး...

နောက်ဆုံး၌ ကျင့်ကြံခြင်း၏ ခြေလှမ်း တစ်ခုချင်းစီကို ဝေ့ဝူယင် ပြန်လည်၍ ခံစား ကြုံတွေ့ပြီးသွားခဲ့ပြိ ဖြစ်သည်။ သူ သေမျိုးဘဝကို နောက်တစ်ကြိမ် ပြန်လည် ကြုံတွေ့ခဲ့ရသည်။ ဆုံးရှုံးမှု၊ အောင်မြင်မှု များစွာကို ခံစားခဲ့ရသည်။ မြင်ကွင်းများက ရုတ်တရက် ဝေဝါးသွားသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။

“နိုးလာပြီလား...”

ရုတ်တရက်... တောက်ပသော အလင်းရောင်က ဝေ့ဝူယင်ကို လွှမ်းခြုံသွားကာ အဆုံးအစမဲ့ အမှောင် ဟင်းလင်းပြင် အတွင်း ခေါ်ဆောင် သွားခဲ့သည်။ ထိုအမှောင် ဟင်းလင်းပြင်မှာ မည်သည့် အရာနှင့်မှ မတူသလို သူ ခံစားရသည်။ ကောင်းကင်တွင် တောက်ပနေတတ်သည့် လှပသော ကြယ်တာရာများမှာ ပျောက်ကွယ်နေကာ သန့်စင်သော အမှောင်ထု တစ်ခုသာ ကျန်ရှိပေသည်။

သို့သော်လည်း... ထိုနေရာ၌ အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ် ရှိမနေခဲ့ပါချေ။ အပူမရှိ၊ အအေး မရှိ၊ လေမရှိ၊ ဘာဆိုဘာမှ မရှိ...။ မူလ ဩကာသ လောက၏ အရည်အသွေးများ အားလုံးမှာ ထိုနေရာတွင် ပျောက်ကွယ် နေခဲ့ပေသည်။

အသံလာရာကို ကြည့်လိုက်ရာ ခုနစ်ရောင်ခြယ် အလင်း စက်ဝန်း တစ်ခုကို ဝေ့ဝူယင် တွေ့လိုက်ရ၏။

”ဧဒင်လား...”

“ဟုတ်ပါတယ်... နိုးလာပြီလား...”

အပြောကျယ်လှသော အမှောင်ထု အတွင်း အတွင်း၌ ဧဒင်၏ ခုနစ်ရောင်ခြယ် အလင်းတန်းမှာ တစ်ခုတည်းသော မီးပြတိုက် တစ်ခု သဖွယ် ရှိနေခဲ့လေသည်။ ဝေ့ဝူယင်၏ အသိစိတ်က ဖြည်းညင်းစွာပင် ပြန်လည် လာခဲ့၏။

“ငါတို့ ဘယ်မှာလဲ...”

သူ၏ ပထမ ဦးစားပေးက ရုပ်ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရန် ဖြစ်သည်။ ထို့နောက် ဤသေမျိုး ကြယ်တာရာ ရောင်ခြည်ဖြာ ကပ်ဘေးမှာ မရေမတွက်နိုင်သည့် အခြားလူများ၏ အသေးစိတ် အချက်အလက်များနှင့် ကိုက်ညီကြောင်း သူ တွေ့ရှိလိုက်ရသည်။ သူ့ ခန္ဓာကိုယ် အတွင်း၌ ကြယ်တာရာ အင်အား မရှိချေ။ ခန္ဓာကိုယ်ဆဲလ်များ၊ အသိစိတ် ပင်လယ်နှင့် သွေးကြောများ အကြားတွင် သိုလှောင်ထားသည့် အတွင်းအား စွမ်းအင်များသာ ရှိပေသည်။

ထို့အပြင်... ဝိညာဉ် စွမ်းအင်လည်း မရှိပါချေ။ သို့ဖြစ်လေရာ သူ့အနေဖြင့် ကျင့်ကြံထားသော အမတေ စွမ်းအင်များ၏ အသန့်စင်ဆုံးသော ပုံစံကိုသာ မှီခိုနေရသည်ဟု ဆိုနိုင်ပေသည်။

ရား...

နှလုံးသားဆီမှ ပြင်းထန်သည့် နဂါးဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာ သူ့ သွေးများကို ပွက်ပွက်ဆူ သွားစေခဲ့သည်။

“နောက်ဆုံးတော့ နိုးလာပြီပေါ့...”

ခရာတို၏ မိုးကြိုး ထစ်ချုန်း သကဲ့သို့ အသံက သူ့ ရင်ဘတ် အတွင်းမှ ထွက်ပေါ်လာခဲ့၏။ နှလုံးသား၏ တုန်ခါမှုကို ခံစားရန် အတွက် သူ လက်တစ်ဖက်ကို ရင်ဘတ်ပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ လျှို့ဝှက်တာအို၏ တည်ရှိမှုကို ခံစားမိသော အခိုက်၌ သူ၏ စိုးရိမ် ပူပန်ခြင်းများက အနည်းငယ် လျော့ကျ သွားခဲ့၏။

လွန်ခဲ့သည့် နှစ်ဆယ့် ခြောက်နှစ်တာ ကာလ အတွင်း၌ ဝေ့ဝူယင်၏ ကျင်ကြံခြင်းနှင့် အဂ္ဂိရတ် လမ်းစဉ်တို့မှ သိသာထင်ရှားသည့် တိုးတက်မှုများ မရှိခဲ့သည် မဟုတ်ချေ။ အကြီးမားဆုံးသော အောင်မြင်မှုကတော့ သေမျိုးတာအိုနှင့် လျှို့ဝှက် တာအိုတို့ အကြား ယာယီ ပေါင်းကူးပေးနိုင်သည့် ဆေးတောင့် တစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် သူ သေမျိုး ကောင်းကင် အမှတ်အသားကို လျှို့ဝှက် အဆင့်သို့ မြှင့်တင် နိုင်ခဲ့သည်။ ပထမ အဆင့်သာ ဖြစ်သည့်တိုင် ၎င်းမှာ ခရာတို၏ မူလ အရည်အသွေးများကို များစွာ ပြောင်းလဲ ပစ်ခဲ့လေသည်။

သေမျိုးမူဘောင် အတွင်း ရှိနေသေးခြင်းကြောင့် လျှို့ဝှက် အဆင့် သွေးမျိုးဆက် စွမ်းအင်များကို မသုံးနိုင်သေးသည့်တိုင် သူ့ နှလုံးသား အတွင်းရှိ စွမ်းအင်များနှင့် ရုပ်ခန္ဓာ သွေးမျိုးဆက်တို့ကတော့ ရူးသွပ်ဖွယ် အကန့်အသတ်ထိ ရောက်အောင် တိုးတက်လာခဲ့သည်။ ပထမ၌ ကပ်ဘေးမှာ ခရာတိုကို ချိပ်ပိတ်သွားမှာ ဝေ့ဝူယင် စိုးရိမ် နေခဲ့ခြင်း ဖြစ်သည်။ သေမျိုး အကန့်အသတ် အတွင်း ရှိနေသေးသည့်တိုင်... မည်သို့ပင် ဆိုစေ ခရာတို၏ သေးငယ်သည့် အစိတ်အပိုင်း တစ်ချို့မှာ လျှို့ဝှက်တာအို အတွင်း ရောက်ရှိနေခဲ့ပြီ မဟုတ်ပါလား။

ဧဒင်မှာ ဝေ့ဝူယင် အရှေ့၌ လွင့်မြောနေခဲ့ကာ ညင်သာ သိမ်မွေ့သည့် ရောင်ခြည်များနှင့် သူ့ကို လွှမ်းခြုံထားခဲ့သည်။ စက္ကန့်များ ကျော်ဖြတ်နေသည်နှင့် အမျှ စိတ်ပိုင်းဆိုင်ရာ သတိရှိမှုက ပိုမို၍ တိုးတက် လာနေကြောင်း ဝေ့ဝူယင် ခံစားရပေသည်။

“အခု ကျွန်တော်တို့က ကြယ်တာရာ ခြေချခြင်း ဖြစ်စဉ်ရဲ့ ဟင်းလင်းပြင်နယ်ထဲကို ရောက်နေတာ... ကြယ်တွေရဲ့ သံသရာလို့လည်း ပြောလို့ရတယ်”

ကြယ်တာရာ ခြေချခြင်း ဆိုသည့် အယူအဆမှာ ကြယ်တာရာ သခင်များ ကျရှုံးပြီး နောက်တွင် သေမျိုး တာအိုက သူတို့ ပိုင်ဆိုင်သည့် အရာများကို ပြန်လည် ရယူပြီး၊ သက်ရှိတို့၏ လောကထံ နေကြယ်များ အဖြစ် ပြန်လည် မပို့လွှတ်မှီ သန့်စင်ခြင်းပြုသည့် နေရာပင် ဖြစ်လေသည်။

“ဆိုတော့ ငါတို့က ကြယ်တွေရဲ့ သံသရာထဲမှာပေါ့...”

ဝေ့ဝူယင်မှာ ထိုဟင်းလင်းပြင်နယ် အကြောင်း ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များထဲတွင် တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... လက်တွေ့ ကြုံတွေ့ရချိန်တွင်တော့ အရာရာက ခြားနားလှပေသည်။

“ငါတို့တွေ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို စိန်ခေါ်ခဲ့တဲ့ အချိန်တုန်းက ဘုရင်နဲ့ အိုရီတို့ရဲ့ ကြယ်တွေက နီးသလိုလိုနဲ့ ဝေးနေခဲ့တယ်... ဒါက သူတို့တွေ ရှိနေခဲ့တဲ့ နေရာလား...”

ဝေ့ဝူယင်က မေးလိုက်ရင်း ခြေများ၊ လက်များကို စတင်ကာ လှုပ်ယမ်းကြည့်လိုက်၏။ လောက၏ နေရာ အနှံ့တွင် သာမန် ရုပ်ခန္ဓာ တစ်ခုကို အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်သည့် ဖိအားများက နေရာယူထားသော်လည်း... ဝေ့ဝူယင်ကတော့ သိသာ ထင်ရှားသည့် သက်ရောက်မှုမျိုး မခံစားရပါချေ။ သူ၏ ခန္ဓာကိုယ်မှာ အလွန် သန်မာကာ အကန့်အသတ်ထိ ရောက်အောင် သန့်စင် နေခဲ့ပြီ ဖြစ်သည်။ ဤဆွဲငင်အားလောက်က သူ့အတွက် မသိသာလှပါချေ။

“ဟုတ်ပါတယ်...”

ဧဒင်က အဖြေပေးလိုက်၏။ ပထမဆုံး ကပ်ဘေးတုန်းကလိုပင် ဧဒင်နှင့် ခရာတိုတို့၏ အောင်မြင်မှု လမ်းကြောင်းများက ခြားနားကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။ ဧဒင် မည်သည့် အရာများ ကြုံတွေ့ခဲ့ရကြောင်း မသိသော်လည်း... ခရာတိုကတော့ အချိန်နှင့် အာကာသကို ဖြတ်ကျော်ကာ အချိန်မြစ်၊ အာကာသတို့နှင့် ဆက်နွယ်နေသည့် အယူအဆများကို ဆုပ်ကိုင်နိုင်ခဲ့သည်။

“နေဦး... ငါနားလည်သွားတာလား...”

ရုတ်တရက် ဝေ့ဝူယင်မှာ အချိန်ကို ဖြတ်သန်း၍ နှင်ခဲ့သည့် ခရီးစဉ် အတွက် အကြောင်းပြချက်ကို နားလည်ကြောင်း သဘောပေါက်လိုက်ရာ အံ့အားသင့် သွားခဲ့သည်။

"ကျွန်တော်တို့ရဲ့ ကပ်ဘေးက အခြား ကပ်ဘေးတွေနဲ့ ခြားနားတယ်... ကျွန်တော်တို့ အောင်မြင်ပြီးသွားပြီ...”

ဧဒင်က ရောင်ခြည်ကို ဆက်လက် ထုတ်လွှတ်ရင်း အဖြေပေးလိုက်၏။ ဝေ့ဝူယင် ချက်ချင်းပင် ဆွံ့အ သွားခဲ့၏။ သူတို့က ကပ်ဘေးကို အောင်မြင်ပြီးသွားသည်လား။

“ဟမ့်... ကျွန်တော့် ကပ်ဘေးက လွယ်လွန်းတယ်... အာဏာနည်းနည်း ပြလိုက်တာနဲ့ ကျွန်တော့် လက်သည်းတွေ အောက်မှာ အညံ့ခံသွားတာပဲ”

ခရာတို၏ ကြွားလုံးထုတ်မှုက ဝေ့ဝူယင် ဘယ်ဘက် မျက်ခုံးကို အနည်းငယ် လှုပ်ရှား သွားစေခဲ့၏။ ထို့နောက် သူ့ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။ ဝိညာဉ် အတွင်းတွင် အချိန်ဥပဒေသ အပေါ် သာမည အာဏာကို သူ ခံစားနိုင်ပေသည်။ ၎င်းနှင့် အတူ ရှိနေသည်ကတော့ အာကာသ ဥပဒေသ အပေါ် သာမည အာဏာပင်။

ဘယ်တုန်းကနည်း...။

***

All Chapters