← Chapters

ကြယ်တာရာ စစ်ပွဲ

Vol. 97 Ch. 1347

ကြယ်တာရာ စစ်ပွဲ

Vol. 97 Ch. 1347

သေးငယ်ခြင်း...

အရေးမပါခြင်း...

၎င်းတို့မှာ ဝေ့ဝူယင်၏ လက်ရှိ ခံစားချက်များကို ဖော်ပြနိုင်သည့် အကောင်းဆုံး စကားလုံးများ ဖြစ်သည်။ ကြယ်အသွင်သဏ္ဌာန်များမှာ ကြယ်တာရာ ဝိညာဉ်၏ စွမ်းအားများအား ကိုယ်စားပြုသည် ဆိုသော စကားမှာ အမှန်တကယ်ပင် ဖြစ်သည်။ အိုရီနှင့် ဘုရင်တို့၏ နေကြယ်များမှာ အကြွင်းမဲ့ နေကြယ်များထဲတွင်ပင် အထွတ်အထိပ် အဆင့်၌ ရှိနေလေရာ တော်ရုံတန်ရုံ လျှို့ဝှက် အာဏာရှင် အဆင့်များပင်လျှင် ၎င်းတို့၏ တောက်ပမှု အောက်၌ မျက်လုံးများ ကန်းသွားကြလိမ့်မည် ဖြစ်သည်။

ကံကောင်းတာတစ်ခုက... အာရုဏ်ဦး နေကြယ်မှ ထုတ်လွှတ်နေသည့် နေရောင်ခြည် အလင်းတန်းများမှာ အဆိုပါ အလင်းလှိုင်းများကို ရောင်ပြန်ဟပ်စေကာ ဝေ့ဝူယင်ကို ရှင်းလင်း ကြည်လင်စွာ မြင်စေခြင်း ဖြစ်သည်။

ဝေ့ဝူယင် နေကြယ် နှစ်ခုကို အကဲခတ်လိုက်၏။ ဘယ်ဘက်တွင် ရှိနေသည်ဟု သတ်မှတ်နိုင်သော နေကြယ်မှာ နက်ရှိုင်းသည့် တည်ငြိမ်မှုများနှင့် ပြည့်နှက် နေခဲ့သည်။ အကယ်၍ တိုက်ရိုက်သာ မကြည့်ခဲ့ပါက... ၎င်းမှာ ထက်ရှသည့် အသွားများကို ပိုင်ဆိုင်ထားသော ဆေဘာ တစ်စင်းဟုပင် ထင်မိလိမ့်မည် ဖြစ်သည်။ ၎င်းမှ ထုတ်လွှတ်နေသော နေရောင်ခြည် အလင်းတန်းများမှာ အာဏာရှင်ဆန်ကာ လမ်းတွင် ကာဆီးနေသည့် မည်သည့် တည်ရှိမှုမျိုးကို မဆို အကြွင်းမဲ့ ထိုးဖောက်နိုင်စွမ်း ရှိပုံ ပေါ်လေသည်။ ၎င်းမှာ အရာအားလုံး၏ အဆုံးသတ် ဖြစ်သလို... လွတ်လပ်ခြင်း၏ အစလည်း ဖြစ်ပေသည်။

ညာဘက်ဟု သတ်မှတ်နိုင်သည့် နေရာတွင်တော့ အလားတူပင် တည်ငြိမ်မှုများနှင့် ပြည့်နှက် နေခဲ့သည့် အဖြူရောင် အလင်းတန်း တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ ငရဲနှယ် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း အကြွင်းမဲ့ တည်ငြိမ်သည်။ အဆုံးမဲ့ ပြောင်းလဲမှုများနှင့် ပြည့်နှက်နေသည်။ ၎င်းကို စိုက်ကြည့်လိုက်တိုင်း ဖော်ပြရန် ခက်ခဲသည့် ခံစားချက် တစ်ခု ရှိနေခဲ့လေသည်။

အလွန်တရာ ကြီးမားလွန်းလှသည့် နေကြယ် နှစ်ခုကို ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားက ဂုဏ်ယူမှု၊ ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ ၎င်းတို့မှာ အိုရီနှင့် ဘုရင်တို့၏ အသိစိတ် ရှိသည့် ပုံသဏ္ဌာန်များ မဟုတ်ကြသည့်တိုင် သူတို့ နှစ်ယောက်၏ အကြွင်းမဲ့ အားထုတ်မှုများကို ကိုယ်စားပြုနေပေသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် အနေဖြင့် မည်သည့် ခံစားချက်မှ မဖြစ်ပေါ်ပဲ နေနိုင်ရန် ခက်ခဲလှသည်။

ဝေ့ဝူယင် ခံစားနေရသည့် သေးငယ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် အရေးမပါခြင်း ခံစားချက်များ အားလုံးမှာ ဖြည်းညင်းစွာပင် ပျောက်ကွယ်သွားခဲ့၏။ သူ တည်ငြိမ်စွာပင် ကြယ်တာရာ အသွင် သဏ္ဌာန် နှစ်ခု၏ အပြည့်အဝ ကြီးထွားပြီးသော ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။ ဝိညာဉ်စွမ်းအင် အားလုံး ကန့်သတ်ခံထားရသည့်တိုင် ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ တစ်ချို့သော ကန့်သတ်ချက်များကို ကျော်လွှားနိုင်ပုံ ရပြီး ကြယ်တာရာများ၏ သံသရာကို ကောင်းမွန်စွာ မြင်တွေ့စေခဲ့သည်။

ဘုရင်၏ နေကြယ်မှာ တူညီစွာပင် အဖြူ‌ရောင် ဖြစ်သော်လည်း အတွင်း၌ ရှင်းလင်းပြတ်သားကာ ထိတ်လန့်မှု ကင်းသည့် ဆန္ဒ တစ်ခုကို သိုလှောင်ထားခဲ့သည်။ ပြီးပြည့်စုံသည့် ဖျက်ဆီးခြင်း ‌အော်ရာကို သယ်ဆောင် ထားသည့်တိုင် ၎င်းက မိစ္ဆာ အငွေ့အသက် ကင်းစင်သည်။ သို့သော်... ဖြောင့်မတ်ခြင်းလည်း မရှိ။ ၎င်း၏ အတွင်းပိုင်း၌ ဆေဘာ၊ ပျက်သုဉ်းခြင်းနှင့် အင်ပါယာ ဥပဒသ သုံးခု စီးဆင်းနေသည်ကို ဝေ့ဝူယင် ထင်ရှားစွာ မြင်နိုင်ပေသည်။ ၎င်းတို့အားလုံးမှာ ကောင်းကင်တာအို၏ ကောင်းချီးကို လက်ခံရရှိထားကာ ဝိညာဉ်အလင်းနှင့် ဆင်တူသည့် စွမ်းအား တစ်မျိုးနှင့် ဆက်သွယ်ခံထားရလေသည်။

ဝေ့ဝူယင် အိုရီနှင့် ဘုရင်တို့၏ နေကြယ် နှစ်ခုကို အာရုဏ်ဦး ဖီဆန် နေကြယ်နှင့် စိတ်ထဲမှ နှိုင်းယှဉ်ကြည့်လိုက်၏။

အာရုဏ်ဦး ဖီဆန် နေကြယ်မှာ မြေကြီးရှ့န်ထို အဆင့် ၁၀၀၀၁ ယောက်၏ ဆယ်စုနှစ်ချီ အားထုတ်မှု ဖြစ်သည်။ ၎င်းမှာ သာမန် ဧရာမ အရွယ် နေကြယ်များထက် အဆပေါင်းများစွာ ကြီးမားပေသည်။ သို့သော်လည်း အိုရီ၊ ဘုရင်တို့၏ နေကြယ် နှစ်ခုနှင့် နှိုင်းယှဉ်လျှင်တော့ လက်သီးဆုပ် အရွယ်မျှသာ ရှိပေသည်။ သို့စေကာမူ... တောက်ပမှုချင်း နှိုင်းယှဉ်မည် ဆိုလျှင်တော့ ၎င်းမှာ ရှုံးနိမ့်ခြင်းမရှိပါချေ။

ဝေ့ဝူယင်၏ ပထမ အစီအစဉ်က အာရုဏ်ဦး ဖီဆန် နေကြယ်၏ အလင်းနှင့် သိပ်သည်းမှုတို့ကို သုံးကာ ကပ်ဘေးကို ခုခံရန် ဖြစ်သည်။ သို့သော်လည်း... နေကြယ် နှစ်စင်းအား တွေ့မြင်ပြီး နောက်တွင် ၎င်းက ရူးနှမ်းသော နည်းဗျူဟာ တစ်ခုဟု သူ ခံစားလိုက်ရသည်။

ထိုနေကြယ် နှစ်စင်းမှ ထုတ်လွှတ်နေသည့် ရောင်ခြည်၊ အပူ၊ ဆွဲငင်အားနှင့် ထိုးဖောက်နိုင်စွမ်းတို့မှာ အလွန်ပင် ပြင်းထန်လွန်းလှသည်။ ၎င်းတို့မှာ သေမျိုးအဆင့် စွမ်းအားများကိုသာ အသုံးပြုနေကြခြင်း ဖြစ်သည့်တိုင် ကျင့်ကြံခြင်း လမ်းစဉ်တွင် သေမျိုးတာအိုမှာ လျှို့ဝှက်တာအိုထက် အားနည်းသည်ဟု ထင်ပါက ရူးမိုက်ရာ ကျလိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ အရာအားလုံး၏ စတင်ခြင်းနှင့် အဆုံးသတ်ခြင်း ဖြစ်သည့် “အယ်ဖာ” နှင့် “အိုမီဂါ” နေကြယ်များ အဖြစ် ရည်ညွှန်းနိုင်ပေလိမ့်မည်။

ဝေ့ဝူယင် အနေဖြင့် ဖိအား နှစ်ခုကို တစ်ခု အဖြစ်သို့ လျှော့ချရမည် ဖြစ်သည်။ သူ တိုက်ခိုက်ရမည်။ ထို့ကြောင့် သူက အယ်ဖာ နေကြယ်ကို အာရုံစိုက်လိုက်၏။

အာရုဏ်ဦး ဖီဆန် နေကြယ်မှာ စိတ်ကူးယဉ်နိုင်သည်ထက်ပင် ပိုမို မြန်ဆန်သည့် အရှိန်နှုန်းဖြင့် အယ်ဖာ နေကြယ်ထံသို့ တိုးဝင် သွားခဲ့သည်။ ဝေ့ဝူယင်မှာ နေကြယ်ထံသို့ သွားနေရုံမျှသာ မက... အယ်ဖာ နေကြယ်ထံမှ ဆွဲငင်အားကလည်း မွန်းစတား ဆန်လွန်းလှသည်။ စက္ကန့်ဝက်မျှ အတွင်းမှာပင် ဝေ့ဝူယင်မှာ အလွန်ကြီးမားလှသည့် အနက်ရောင် တွင်းပေါက်ကြီး တစ်ခု အတွင်း ဝင်ရောက်သွားသလို ခံစားနေရသည်။ အာရုဏ်ဦး ဖီဆန် နေကြယ်မှာ ဖော်ပြရန် ခက်ခဲလှသည့် အမြန်နှုန်းအောက်တွင် စတင်၍ ပုံပျက်နေပြီ ဖြစ်ကြောင်း သူ သံသယ မရှိပါချေ။

ဝေ့ဝူယင် မတုန့်မဆိုင်းပင် သူ၏ ဝှက်ဖဲ တစ်ခုကို ထုတ်ကာ လျှို့ဝှက် သင်္ကေတများကို အာရုဏ်ဦး ဖီဆန် နေကြယ် အမြုတေ အတွင်း အသက်သွင်းလိုက်၏။

ပင်းထျန်း၏ မူလယင်...

ဟူး... ဟူး...

ပြင်းထန်သည့် အပူချိန်များ အောက်၌ ဝေ့ဝူယင်၏ အရေပြားမှာ မဲနက်သည် အထိ လောင်ကြွမ်း နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ခရာတို၏ သွေးမျိုးဆက်နှင့်သာ ခန္ဓာကိုယ်ကို လျှို့ဝှက် အဆင့်သို့ မြှင့်တင်ခြင်း မပြုထားပါက... (အာရုဏ်ဦး ဖီဆန် နေကြယ်၏ အကာအကွယ်ရှိလျှင်ပင်) ကြယ်တာရာ နှစ်ခု၏ တောက်ပမှု အောက်၌ သူ၏ ခန္ဓာကိုယ်မှာ ပြာဖြစ်သည် အထိ လောင်ကျွမ်းသွားလောက်ပြီ ဖြစ်သည်။

အယ်ဖာ နေကြယ်ကို ရင်ဆိုင်ချိန်၌ ဝေ့ဝူယင်နှင့် ကြယ်တာရာ ဝိညာဉ်များမှာ သေမျိုး တာအို၏ အစစ်အမှန် အကန့်အသတ်ကို တွေ့မြင်ခဲ့ကြရသည်။ ၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။

ဟူး... ဟူး...

ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြူးကျယ်နေကာ အရေပြားမှာ အကင်ခံ နေရ၏။ အာရုဏ်ဦး ဖီဆန် နေကြယ်မှာ ရောင်စဉ် အများစုကို ကာကွယ်ထားသည့်တိုင် အလင်းနှင့် အပူများမှာ တရစပ် စိမ့်ဝင်လာနေကာ‌ သူ့ကို ဖုတ်ကျည်း နေခဲ့သည်။ ဝေ့ဝူယင် ထိုခံစားချက်ကို မည်ကဲ့သို့ ဖော်ပြရမည်မှန်း မသိပါချေ။

အာရုဏ်ဦး ဖီဆန် နေကြယ် အမြုတေမှ လာသည့် အပူချိန်က နွေးထွေးသည် ဆိုလျှင်... အယ်ဖာနှင့် အိုမီဂါ နေကြယ်များမှ လာသည့် အပူချိန်မှာ ပွက်ပွက်ဆူနေသည့် ချော်ရည်ပူများ သဖွယ်ပင် ဖြစ်လေသည်။

ဟူး... ဟူး...

ဝေ့ဝူယင် အလွန် လျှင်မြန်သည့် အမြန်နှုန်းနှင့် ရွေ့လျား နေခဲ့၏။ သို့သော်လည်း... အယ်ဖာနေကြယ်ထံသို့ ရောက်ရှိရန် မိုင်ပေါင်း ၅၀၀,၀၀၀ လိုပေသေးသည်။ နေကြယ်၏ ဆွဲငင်အား အကူအညီဖြင့်ပင် သူ၏ ရွေ့လျားမှုက အလွန်ပင် နှေးကွေးနေသလော။ ဝေ့ဝူယင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်မိ၏။ တကယ်တော့ သူ မနှေးပါချေ။

မိုင်ပေါင်း ၄၀၀,၀၀၀...

မိုင်ပေါင်း ၂၀၀,၀၀၀...

မိုင်ပေါင်း ၁၀၀,၀၀၀...

အလွန် လှပလှသည့် မြင်ကွင်း အတွင်း ဝေ့ဝူယင် စိမ့်ဝင်လုနီးနီးမှာပင် နေကြယ်နှစ်ခုမှာ စတင်၍ ဝေးကွားသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။

ဝေ့ဝူယင် အကန့်အသတ်ကို အဆုံးစွန်ထိ မြှင့်တင်လိုက်ရင်း အယ်ဖာ နေကြယ်ထံမှ ထွက်ပေါ်နေသည့် မီးတောက်၊ မီးပွားများ အကြားတွင် ဆက်လက် ခရီးနှင်လိုက်သည်။ မီးတောက်မီးပွား ဆိုသည့်တိုင် ၎င်းတို့မှာ အာရုဏ်ဦး ဖီဆန် နေကြယ် အရွယ်အစားလောက် ရှိပေသည်။ ဝေ့ဝူယင် ၎င်းတို့ထဲမှ အနည်းငယ်ကို ချေမှုန်းပစ်ကာ ဆက်လက် ချဉ်းကပ်လာခဲ့၏။

မကြာခင်မှာပင် ဝေ့ဝူယင် အယ်ဖာနေကြယ်၏ လေထု အတွင်း ခိုင်မာစွာ ဝင်ရောက်လာခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာနှင့် သွေးမျိုးဆက် စွမ်းအင်များမှာ အပူရှိန်ကို ပြင်းထန်စွာ ခုခံနေလေရာ သူ့ အရည်ပြားမှာ ပွက်ပွက်ဆူ နေသလိုပင် ခံစားရ၏။ ပင်းထျန်း၏ မူလယင်မှာ ထိုရူးသွပ်လောက်ဖွယ် ဗျူဟာတွင် အဖိုး အတန်ဆုံး အစိတ်အပိုင်း ဖြစ်ပေသည်။

“လာ...”

အံ့အားသင့်ဖို့ ကောင်းစွာပင် အိုမီဂါ နေကြယ်မှာ ဝေ့ဝူယင် ပြုလုပ်ရန် ရည်ရွယ်နေသည့် အရာကို ရိပ်မိပုံ ရသည်။ အယ်ဖာ နေကြယ်လည်း အတူတူပင် ဖြစ်လေ၏။

၎င်းတို့မှာ တစ်ခုနှင့် တစ်ခု စတင်ကာ ဝေးကွာသွား၏။ သို့သော်လည်း... ဝေ့ဝူယင်မှာ ထိုအခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်နိုင်ပါမည်နည်း။ နေကြယ် နှစ်ခုကို သူ တစ်ပြိုင်နက်တည်း မတိုက်ခိုက်လိုပါချေ။ ထိုကဲ့သို့ လုပ်ပါက... အာရုဏ်ဦး ဖီဆန် နေကြယ်မှာ ပြင်းထန်သည့် ထိခိုက်ပျက်စီးမှုများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ လှပစွာပင် ဉာဏ်ရည်ဉာဏ်သွေးများနှင့် တလက်လက် တောက်ပလာခဲ့လေ၏။

“စူပါနိုဗာ ဖြစ်စမ်း...”

***

All Chapters