ရောင်ခြည် အသစ်
Vol. 97 Ch. 1351
"ဟမ်... ဘာ ၉၉၉၉ ဆလဲ... နင် ဘာတွေ ပြောနေတာလဲ... အကြွင်းမဲ့ အကန့်အသတ်က အကြွင်းမဲ့ ပါဆို... ဧရာမ နေကြယ်ထက် အဆပေါင်း တစ်ထောင် ပိုကြီးတာကို ကျင့်ကြံခြင်း လောကမှာ နေကြယ်တွေရဲ့ အကြွင်းမဲ့ အကန့်အသတ်လို့ ခေါ်တယ်... အဆပေါင်း တစ်သောင်းနီးပါး ကြီးတာကို ခေါ်တာ မဟုတ်ဘူးလေ... ဟုတ်တော့ ဟုတ်သား... နင့်ရဲ့ နေကြယ်က...”
ကောင်းကင်စစ်ဝိညာဉ်မှာ တွေးတောဟန်ဖြင့် တစ်ခဏမျှ ရပ်တန့် သွားခဲ့၏။ ရာစုနှစ်ဝက် နီးပါးခန့် အတူတကွ ရှိခဲ့ကြပြီး နောက်တွင် ဝေ့ဝူယင်နှင့် ကောင်းကင် စစ်ဝိညာဉ်တို့မှာ ပိုမို၍ နီးကပ်လာခဲ့သည်။ ထို့ကြောင့်ပင်... သူတို့၏ စကားဝိုင်းက ငယ်ပေါင်းကြီးဖော်သဖွယ် ဖြစ်ပေသည်။
“...”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ကြယ်တစ်လုံး ကြယ်တာရာခေတ် အကြောင်း သူ့ထံတွင် ကြားဖူးနားဝ များစွာ ရှိပေသည်။ ထိုခေတ်မှာတုန်းက ထွန်းလင်းခဲ့သည့် အကြွင်းမဲ့ နေကြယ်မှာ အဇူရာ ကြယ်စင်စု တစ်ခုလုံးကို အလင်းပေးနိုင်ခဲ့သည်ဟု ဆိုသည်။ ကောင်းကင် စစ်ဝိညာဉ်၏ စကားအရ ဆိုလျှင် ၎င်းမှာ ဧရာမ အရွယ် နေကြယ်များ၏ အဆပေါင်း တစ်ထောင့်ခန့် အထိ ရှိပေလိမ့်မည်။
သို့သော်လည်း... ကြယ်တို့၏ သံသရာ အတွင်းမှာတုန်းက သေမျိုးတာအိုမှာ အကြွင်းမဲ့ အရွယ် နေကြယ်များထက် အဆပေါင်း တစ်သောင်းနီးပါး ကြီးမားသည့် အကြွင်းမဲ့ နေကြယ်ကြီး နှစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းတို့၏ ပုံရိပ်များမှာ ဝေ့ဝူယင်၏ ဝိညာဉ်အတွင်း စွဲထင်နေဆဲ ဖြစ်သည်။ သူ မမှားနိုင်ချေ။
“ဘာပဲဖြစ်ဖြစ်ပါ... နင့်ရဲ့ နေကြယ်ကို အပြင်ထုတ်လိုက်ရင် သေမျိုးတာအိုရဲ့ တန်ပြန် ရိုက်ခတ်မှု ဖြစ်လာမှာ ငါ စိုးရိမ်တယ်... ဒါကြောင့် ထုတ်ဖို့ မစဉ်းစားနဲ့”
ကောင်းကင်စစ်ဝိညာဉ်က ဝေ့ဝူယင်ကို ဖျောင်းဖျသည့် လေသံဖြင့် ဆိုလိုက်၏။ နေကြယ်ကို လောကထံ ထုတ်ဖော်ပြသလိုက်ခြင်းဖြင့် သေမျိုး ပျက်သုဉ်းခြင်း ကျဆင်းလာမည်ကို သူမ အမှန်တကယ် စိုးရိမ် နေခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင် ခေါင်းခါလိုက်၏။
“ကျုပ် ဘယ်နေတာက ပြန်လာတယ် ဆိုတာ ခင်ဗျား မေ့နေတာလား...”
“...”
ကောင်းကင် စစ်ဝိညာဉ်မှာ တစ်ခဏမျှ စိတ်ရှုပ်ထွေး သွားသော်လည်း... ချက်ချင်း ဆိုသလိုပင် နားလည် သဘောပေါက်ခြင်းများနှင့် ပြည့်နှက် လာခဲ့သည်။
"သေမျိုးတာအိုသာ ကျုပ်နဲ့ အာရုဏ်ဦး ဖီဆန်နေကြယ်ကို ဖျက်ဆီးပစ်ချင်တယ် ဆိုရင်...”
"ဖီဆန်ကလေးပါ...”
အိုရီက ဝင်ရောက်၍ ပြင်ဆင်ပေးလိုက်၏။
“... တကယ်လို့ သူသာ လုပ်ချင်တယ် ဆိုရင် ကျုပ်တို့ ကြယ်တွေရဲ့ သံသရာထဲမှာတည်းက သေပြီးနေလောက်ပြီ... အဲဒီနေရာက သူ့ရဲ့ လွှမ်းမိုးမှုအောက်မှာ အကြွင်းမဲ့ ရှိနေတဲ့ နေရာလေ... ကျုပ်ကို အပြင်ကိုတောင် ပြန်ပို့ပေးမှာ မဟုတ်ဘူး... အဲဒီမှာ သူက အာရုဏ်ဦး ဖီဆန်နေကြယ်ကို ဘာတစ်ခုမှ...”
“ဖီဆန်ကလေးပါဆို...”
အိုရီက ဝင်ရောက် နှောက်ယှက်လိုက်ပြန်၏။
“အဲဒီမှာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး ဆိုတော့ ခုလည်း လုပ်မှာ မဟုတ်ဘူး... ကျုပ်တော့ အဲဒီလို ခံစားရတယ်”
ဝေ့ဝူယင်က အခိုင်အမာ ဆိုလိုက်၏။ သို့သော်လည်း... အိုရီ၏ ဝင်ရောက် နှောက်ယှက် နေမှုများကြောင့် သူ၏ မိန့်ခွန်းမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေရသည်ကတော့ အနည်းငယ် ကပိုကယို နိုင်လှသည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် ဝေ့ဝူယင်က ဆုံးဖြတ်ချက် ချလိုက်၏။
“ကျုပ် သူ့ကို မေးသင့်တယ် ထင်တယ်...”
ဖီဆန်ကလေး... မဟုတ်သေး... အာရုဏ်ဦး ဖီဆန် နေကြယ်မှာ ကိုယ်ပိုင် စဉ်းစား တွေးခေါ်နိုင်သည့် သက်ရှိ ပေါက်စ ကလေးသဖွယ် ဖြစ်ကြောင်း သူ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ၎င်းကို သက်မဲ့ တစ်ယောက် သဖွယ် မဆက်ဆံဖို့ ဝေ့ဝူယင် ဆုံးဖြတ်ထားသည်။
ဟူး...
ဝေ့ဝူယင် စိတ်မျက်လုံး အတွင်းတွင် စိတ်ကိုယ်ပွား တစ်ခုကို ဖန်ဆင်းလိုက်၏။ ထို့နောက် သူက အလေးအနက်ထားသည့် အမူအရာဖြင့် စတင်ကာ စကားပြောလိုက်၏။
“ဖီဆန်ကလေး... အာ...”
ပထမဆုံး စကားတွင်ပင် ဝေ့ဝူယင် အိုရီလို ရောယောင်ကာ ထွက်သွားခဲ့သည်။
“မင်း အဲဒီ နာမည်ကို မကြိုက်ရင် ပြောနော်... ငါ နောက်တစ်ခု ပြောင်းပေးမယ်... အခု ငါ့မှာ မေးစရာ ရှိလို့... ချိပ်ပိတ် နယ်မြေထဲမှာ မင်း နေလို့ရတဲ့ နည်းရှိလား... ငါက ဒီနေရာမှာ အခြေစိုက် စခန်း ထားမှာ ဆိုတော့ နေကြယ် တစ်ခု ရှိချင်တာ”
မြေကြီးရှန့်ထိုများ၏ အကူအညီဖြင့် နေကြယ် တစ်ခုကို ထပ်မံ ဖန်တီး၍ ရကောင်း ရနိုင်သော်လည်း နောက်ထပ် ဆယ်ခုနှစ် သုံးခုနီးပါး ထပ်မံ ဖြုန်းတီးရန် သူ့ထံတွင် အချိန် မရှိတော့ပါချေ။ အကယ်၍ ဖီဆန်ကလေးထံတွင် နည်းလမ်း တစ်ခုခု ရှိပါက အရာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည် ဖြစ်သည်။
“...”
ရုတ်တရက် ဖီဆန်ကလေး၏ နေကြယ် မီးတောက်များမှာ တိတ်ဆိတ် သွားခဲ့၏။ ထို့နောက် ၎င်း၏ မျက်နှာပြင်ထက်မှ အလွန် လှပသည့် ရောင်စုံ အလင်းလုံးလေးများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ကား နေကြယ်များပင် ဖြစ်လေသည်။ သို့သော်လည်း အရွယ်အစားအားဖြင့် သေးငယ်ကာ နေကြယ်ပု အရွယ်အစားလောက်သာ ရှိပေသည်။ ဖီဆန်ကလေးနှင့် နှိုင်းယှဉ်ပါက ၎င်းတို့မှာ ဧရာမ တောင်ကြီး တစ်ခု နံဘေး၌ ရှိနေသည့် စကျင်ကျောက်တုံးလေးများလိုပင် ဖြစ်သည်။
ဟူး... ဟူး...
ဝေ့ဝူယင် ကြည့်နေစဉ်မှာပင် နေကြယ်လေးများမှာ တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားကာ အရွယ်အစား ကြီးမားလာခဲ့၏။ ချက်ချင်းပင်... ဖီဆန်ကလေးထဲမှ နေ၍ နေရောင်ခြည်ကြိုး တစ်ချောင်း ထွက်ပေါ်လာကာ နေကြယ်ကလေးကို ဆက်သွယ်ရင်း အိုမီဂါနှင့် အယ်ဖာနေကြယ်တို့၏ အရည်အသွေးများကို ပို့လွှတ် လိုက်သည်။
မကြာခင်မှာပင် နေကြယ်လေးမှာ အမျိုးမျိုးသော အရောင်အဆင်းများ ရောနှောထားသည့် ထူးဆန်းသော အသွင်အပြင် တစ်ခု ဖြစ်လာခဲ့သည်။ ဖီဆန်ကလေးမှာ ပြင်းထန်သည့် ရောင်ခြည် အလင်းတန်းများကို မှုတ်ထုတ်လိုက်ကာ နေကြယ်ကို အဖြူရောင် အဆင်းဖြင့် လွှမ်းခြုံလိုက်သည်။ ထို့နောက်တွင်တော့ ၎င်းမှာ ငွေရောင် အလင်းတန်းများနှင့် စတင်ကာ ထွန်းလင်း လာခဲ့တော့၏။
၎င်းမှာ ဖီဆန်ကလေး၏ ပုံတူ ကိုယ်ပွားသေးသေးလေးပင် ဖြစ်လေသည်။
“...”
ထိုမြင်ကွင်းကို ကြည့်ကာ ဝေ့ဝူယင် တစ်ယောက် ဆွံ့အ သွားခဲ့၏။ ၎င်းက ဖီဆန်ကလေး၏ အဖြေပင် ဖြစ်ကြောင်း သူ ခံစားနိုင်ပေသည်။ ဝေ့ဝူယင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ကြည့်ရသည်က သူ့ အတွေးများမှာ မှန်ကန်နေသည့်ပုံ ရသည်။ သူ၏ လောကချည်နှောင် နေကြယ်မှာ မှတ်တမ်းများတွင် ဖော်ပြထားသည့် အခြားသူများ၏ နေကြယ်များနှင့် ခြားနားစွာပင် ကိုယ်ပိုင် အသိဉာဏ်နှင့် ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်ပုံ ရသည်။
“ငါတို့ မိသားစုက ပိုပြီးတော့ ကြီးလာပြီ... ဟီး ဟီး...”
အိုရီက အများကြီး မစဉ်းစားပဲ အော်ဟစ်လိုက်သည်။ ထိုကလေး၏ အသံက စစ်မှန်သည့် ပျော်ရွှင် ဝမ်းမြောက်မှုများနှင့် ပြည့်နှက် နေခဲ့လေ၏။
ဖြည်းညင်းစွာပင် ဝေ့ဝူယင်မှာ နေကြယ်ကလေးနှင့် ထူးဆန်းသော ဆက်သွယ်မှု တစ်ခုကို ခံစားလာခဲ့ရသည်။ အတွေးတစ်ချက်ဖြင့်ပင် နေကြယ်ကလေးမှာ သူ့ စိတ်မျက်လုံးထဲမှာ ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင်တော့ လောကချည်နှောင် ကြယ်တာရာ နယ်မြေလိုပင် လောကအတွင်း ထွန်းလင်း လာခဲ့လေတော့သည်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့၏။ သူက နေကြယ်၏ ဆွဲငင်အား နယ်ပယ်မှ လွတ်ကင်းအောင် နေရာ ရွှေ့ပြောင်းလိုက်ကာ အဝေးမှ လေ့လာလိုက်သည်။ ၎င်းမှာ ဖီဆန်ကလေးလိုပင် နွေးထွေးသော နေရောင်ခြည်များကို ထုတ်လွှတ်ကာ လောကို အလင်းပေးလျှက် ရှိနေခဲ့၏။
ဝေ့ဝူယင် လက်ဖဝါးကို လှန်လိုက်ရာ သူ့ထံ တိုးဝင်လာနေသော ရောင်စဉ်များမှာ လိမ်ကောက် သွားခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ရန် အတွက် သူ မည်သည့် ကျင့်ကြံခြင်း အခြေခံကိုမှ ထုတ်ဖော်စရာ မလိုခဲ့ချေ။ ရိုးရှင်းသည့် အတွေး တစ်ခုသာ လိုအပ်ပေသည်။
“ဒီကောင်လေးက ဖီဆန်ကလေးရဲ့ အရင်အရွယ်အစားထက်တော့ နည်းနည်းငယ်တယ်... ဒါပေမဲ့ အဲဒါက လွဲရင် ကျန်တာ အကုန် အတူတူလိုပဲ”
ဘုရင်က ဆိုလိုက်၏။ ထိုဆေဘာ ကြယ်တာရာ ဝိညာဉ် ပင်လျှင် အာရုဏ်ဦး ဖီဆန် နေကြယ်ကို အိုရီပေးထားသည့် နာမည် အသစ်ဖြင့် ရည်ညွှန်းနေခဲ့ပြီ ဖြစ်သည်။ မသိလိုက်ခင်မှာပင် ဝေ့ဝူယင် အပါအဝင် သူတို့ အားလုံး ဖီဆန်ကလေး ဆိုသည့် နာမည်ကို နားယဉ်သွားကြပြီ ဖြစ်သည်။
အသစ် ဖြစ်ပေါ်လာသည့် နေကြယ်လေးမှာ မြေကြီး ရှန့်ထို ၁၀၀၀၁ ဦးနှင့် ဝေ့ဝူယင်တို့ ပေါင်းစပ် ဖန်တီးထားသည့် ဖီဆန်ကလေး၏ မူလအရွယ်အစားထက်တော့ အနည်းငယ် သေးငယ်သည်။ သို့သော်လည်း... ၎င်းမှာ ပျမ်းမျှ ဧရာမအရွယ် နေကြယ် တစ်စင်းထက်တော့ အဆကိုးဆယ် ပိုမို ကြီးမားနေဆဲ ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် နေကြယ်နှင့် နှိုင်းယှဉ်လျှင်ပင် ဆယ်ဆခန့် ပိုမို ကြီးမားနေပေသေးသည်။
ထိုအရာ အားလုံးထက် ပိုမို၍ အရေးကြီးသည့် အရာက... ၎င်းမှာ အပြည့်အဝ သဟဇာတ ဖြစ်ခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင်... သဘာဝ အတိုင်း ဖြစ်တည်လာသည့် နေကြယ် တစ်စင်းနှင့် ခြားနားခြင်း မရှိပါချေ။
ရုတ်တရက်... တစ်စုံတစ်ခုကို သတိထားမိသည်နှင့် ဝေ့ဝူယင်မှာ ရင်တဒိတ်ဒိတ် ခုန်သွားခဲ့၏။ သေမျိုးတာအိုက ကြယ်တို့၏ သံသရာ အပြင်သို့ ပြန်လည် ကန်ထုတ်လိုက်ပြီး နောက်တွင်... အကာအကွယ် အဖြစ် သူ ဖန်တီးထားခဲ့သည့် အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
နေရောင်ခြည်၏ တောက်ပမှုမှာ ချိပ်ပိတ် နယ်မြေ တစ်ခုလုံးကို စတင်ကာ ဖြန့်ကျက် နေခဲ့ပြီ ဖြစ်လေသည်။
"..."
....
ကြယ်တာရာမိုး အသိုက် အတွင်း၌...
သဘာဝ နေကြယ်၏ အံ့မခန်း တောက်ပမှုမှာ ဖန်သားပြင် မျက်နှာပြင် အတွင်း လှဲလျောင်း တည်ရှိနေသည့် တစ်စုံတစ်ရာကို လှုပ်နှိုးလိုက်၏။
“နောက်ဆုံးတော့... သူ... ပြီးသွားပြီ...”
ဝေ့ဝူယင် မသိလိုက်သည့် အရာတစ်ခုကား... သူ၏ အမှတ်မထင် လုပ်ဆောင်ချက်များမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ထံ အကြီးမားဆုံးသော အပြောင်းအလဲများနှင့် ကပ်ဘေးတစ်ခုအား ဆောင်ယူလာခဲ့လိမ့်မည် ဆိုခြင်းပင်။
...
အလွန်ဝေးကွာသည့် နေရာတစ်ခု၌... ဝူပိုင်ကျိုးမှာ အခန်းတစ်ခုထဲတွင် တစ်ဦးတည်း တံခါးပိတ် တရားထိုင် နေခဲ့သည်။ ထို့နောက်တွင်တော့ ရုတ်ချည်းဆိုသလိုပင် သွေးမျိုးဆက်က တုန်ရီသွားသလို သူမ ခံစားလိုက်ရ၏။
မိန်းကလေး နည်းတူပင် ချိပ်ပိတ်နယ်မြေ အတွင်းရှိ သန်းပေါင်းများစွာသော အခြားလူများမှာလည်း သွေးကြောများထံမှ အလားတူ တုန်ခါမှုများကို သတိထားလိုက်မိကြသည်။ ထိုခံစားချက်က ဆန်းကြယ်ကာ ရှင်းလင်းရန် သို့မဟုတ် ဖော်ပြရန် စကားလုံး မရှိပါချေ။ သို့သော်လည်း... သူတို့၏ အာရုံများကတော့ အသစ်အဆန်း အလင်းရောင် တစ်ခုကို သတိထားမိလိုက်ကြလေ၏။
***