ရှန့်ထိုများ စုဝေးခြင်း (၂)
Vol. 97 Ch. 1353
ဝှစ်... ဝှစ်...
မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်လျှောက် ထိပ်သီး အင်အားစုများနှင့် မြေကြီး ရှန့်ထိုများ၊ သေမျိုး တစ်ပိုင်း အရှင် အဆင့် တစ်ချို့ပင်လျှင်... ရုတ်ချည်း ဖြစ်ပျက်သွားခဲ့သည့် ဖြစ်ရပ်ကို စူးစမ်းရန် အတွက် သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင်ကို ရွက်လွှင့် နေကြပြီ ဖြစ်လေသည်။
နီးကပ်လာသည်နှင့် အမျှ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ထိုရောင်ခြည်က အမှန်တကယ် နေကြယ် တစ်ခုပင် ဖြစ်ကြောင်း စတင်ကာ သတိထားမိလာကြသည်။ ၎င်းမှာ အလွန်အမင်း သန့်စင်လှသည့် ဆိုလာနေ အမတေများကို ထုတ်လွှတ်နေပေသည်။ ထို့အပြင်... နေရောင်ခြည် အတွင်း၌ လျှို့ဝှက်တာအို အငွေ့အသက်များ ဆက်သွယ်ထားသည်ကိုပင် သူတို့ ခံစားရ၏။ ၎င်းအပြင်... ထူးဆန်းသော ခံစားချက် တစ်ခုလည်း ရှိနေခဲ့ပေသည်။
လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ကို ဖြတ်သန်း၍ စစ်ထုတ် သန့်စင်ထားသည့် အဆုံးမဲ့ ကောင်းကင် နေကြယ် အလင်းရောင်များနှင့် ခြားနားစွာပင်... ထိုနေကြယ်၏ အမတေများမှာ သေမျိုးနှင့် လျှို့ဝှက် အဆင့် စွမ်းအင်များကို သဟဇာတ ဖြစ်စွာ ပေါင်းစပ်ထားသည်။ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် မရှိသည့်တိုင်... သေမျိုးအဆင့်နှင့် လျှို့ဝှက် အဆင့် ကျင့်ကြံသူ နှစ်မျိုးလုံးမှာ ထိုနေကြယ်မှ စွမ်းအင်များကို အကျိုးရှိစွာ စုပ်ယူနိုင်ပေသည်။ ထို့အပြင်... ၎င်းမှာ မည်သည့် ကျင့်ကြံခြင်း ဝိညာဉ် အတွက် မဆို သင့်တော်သည်။
ပုံမှန်ဆိုလျှင် နေကြယ်များထံမှ အမတေ စွမ်းအင်ကို အကျိုးရှိရှိ အသုံးချရန် အတွက် ဂြိုဟ်ကြီးများ၊ ကုန်းမြေတိုက်ကြီးများမှာ ၎င်းတို့၏ ကောင်းကင် အလွှာများနှင့် စစ်ထုတ်ဖို့ လိုအပ်ပေသည်။ သို့သော်လည်း... ဤနေကြယ်မှ အမတေများကတော့ နှံနှံ့စပ်စပ်ပင် သန့်စင်ထားပြီး ဖြစ်ပုံ ပေါ်သည်။ ၎င်းတို့မှာ အမှောင် ဟင်းလင်းပြင် အပျက်အစီးမန်နာများ၏ သက်ရောက်မှုကို နည်းနည်းလေးမှ မခံရသည့်ပုံ ပေါ်လေသည်။
သူတို့ ဘဝ တစ်လျှောက် ထိုကဲ့သို့ နေကြယ်များ ရှိသည်ဟု တစ်ခါမှ မကြားခဲ့ဖူးချေ။
...
“အတော်ကြီးတာပဲ...”
ကျန်းကျိရီမှာ အမှောင် ဟင်းလင်းပြင် အတွင်း၌ ဟန်ယုဟိုင်နှင့် အတူ ပျံသန်း နေခဲ့၏။ သူတို့ နှစ်ယောက်၏ လျှို့ဝှက် အော်ရာများမှာ လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်ကထက် ပိုမို၍ တိုးတက်လာခဲ့ကြသည်။ သူတို့က ကျင့်ကြံခြင်းတွင် အောင်မြင်မှုများ ရရှိခဲ့ကြတာ ထင်ရှားပေသည်။
ကျန်းကျိရီ၏ မျက်လုံး အတွင်းတွင် လျှို့ဝှက် သင်္ကေတ သုံးခုမှာ လွင့်မျောနေခဲ့၏။ သူမက ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပင် လမ်းစဉ် သုံးခု လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထိုတိုးတက်မှုက အံ့မခန်းပင်။
“ဟုတ်တယ်...”
ဟန်ယုဟိုင်၏ မျက်လုံးများက သုန်မှုန် လာနေခဲ့၏။ ပိုမို၍ နီးကပ်လာသည်နှင့် အမျှ ထိုနေကြယ်မှာ ကြီးမားရုံမျှသာ မကပဲ မယုံကြည့်နိုင်လောက်သည့် အဆင့် တစ်ခု၌ ရှိနေကြောင်း သူ ပိုမို၍ သဘောပေါက် လာခဲ့လေသည်။
...
အမှောင် ဟင်းလင်းပြင် အတွင်း ပျံသန်းနေကြသည့် မရေမတွက်နိုင်သော အလင်းတန်းများထဲတွင် ငွေရောင် အလင်း တစ်ခုလည်း အပါအဝင် ဖြစ်ပေသည်။
“နေကြယ် တစ်ခုက ဒီလောက်တောင် သိပ်သည်းနိုင်လို့လား...”
ဟုန်ယန်လျဲ့လန်က သူမ၏ နံဘေးတွင် အတူတူ ပျံသန်းနေသည့် မာ့ကျန်းကို မေးလိုက်၏။ အသက်အရွယ်နှင့် ဗဟုသုတများ အရ ယောက်ျား ဖြစ်သူမှာ သူမထက် သာလွန်ကြောင်း ဟုန်ယန် သံသယ မရှိပါချေ။ တရားဝင် လက်ထပ်ပွဲ မကျင်းပရသေးသည့်တိုင် သူမမှာ မာ့ကျန်းကို အပိုင်ဟု ယူဆထားခဲ့ပြီး ဖြစ်သည်။
မာ့ကျန်း၏ မျက်လုံးများမှာ အဓိပ္ပာယ် ဖော်ရ ခက်ခဲနေသော်လည်း သူက အဖြေပေးလိုက်၏။
“အဆုံးမဲ့ ကောင်းကင် နေကြယ်လို ဧရာမ နေကြယ် တစ်စင်းတောင် ရှိနိုင်ရင် ပိုကြီးတာလည်း ရှိနိုင်တာပဲ... ဘယ်လိုပဲ ဖြစ်ဖြစ် အကြွင်းမဲ့ နေကြယ်တွေတောင် ရှိတာပဲဟာကို”
“ဒါပေမဲ့ ဘာလို့ ရုတ်တရက် ပေါ်လာရတာလဲ... ရှေးဟောင်း လောကနယ်မြေ တစ်လု လဲပြိုကျသွားလို့ ထွက်လာတာလား”
ထိုအရာက မြေကြီးရှန့်ထိုများ ကြားတွင် အဖြစ်နိုင်ဆုံးသော ယုတ္တိဗေဒ သုံးသပ်ချက် ဖြစ်ပေသည်။ ထိုနေရာမှာ တစ်ချိန်တုန်းက ကြယ်ကြွေ စစ်ပွဲများ စတင်ခဲ့သည့် သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင်ပင် ဖြစ်လေသည်။ တစ်ချိန်တုန်းက ထိုကြယ်ကွင်းပြင်၏ ခေါင်းဆောင်များမှာ သဘာဝ နေကြယ်များကို အသုံးပြုကာ အဆုံးမဲ့ ပဲ့တင်သံ ဆေးလုံး နေကြယ်ကို အစာကျွေးခဲ့သည်ဟု ယူဆချက်များပင် ရှိသည်။ သူတို့က နေကြယ် စီမံကိန်း တစ်ခုကို တိတ်တဆိတ် လုပ်ဆောင်နေခဲ့ကြသလော။ ယခုမတိုင်ခင် အချိန်အထိ လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ထိန်းသိမ်းထားခဲ့ကြသလော။
ပုပ်ရဟန်းမင်းကြီး ဟုန်ယန်မှာ ထိုအုပ်စုကို ရှေ့ဆုံးမှ ဦးဆောင် နေခဲ့၏။ သို့သော်လည်း သူက အရှိန်ကို လျှော့ချလိုက်ကာ မာ့ကျန်း နံဘေးသို့ ရောက်ရှိလာခဲ့သည်။ ရွှေရောင် အသက်နန်းတော် သခင်မှာ လတ်တလောတွင် ကိစ္စတစ်ခုကြောင့် မီးတောက်ခြောက်ခု ကြယ်ကွင်းပြင်ကို ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ အတူတူ ခရီးနှင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
ပုပ်ရဟန်း မင်းကြီးက မာ့ကျန်းကို စောင်းကြည့်လိုက်၏။ သူ၏ မျက်လုံးများက စကားလုံး ထောင်ချီ ဆိုနေသည့်တိုင် နှုတ်မှ တစ်ခွန်းမှ ထွက်ပေါ်မလာခဲ့ပါချေ။ မာ့ကျန်းက သူ့ကို တစ်ချက် ကြည်လိုက်၏။ ထို့နောက်... သူ့ အမူအရာက ပြောင်းလဲ သွားသည်။
ပုပ်ရဟန်းမင်းကြီး၏ မျက်လုံးများက လင်းလက်သွားကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူက ဘာမှ မမေးပါချေ။ အုပ်စု ရှေ့ဆုံးသို့ ပြန်လည် ရောက်ရှိသွားကာ စကားဝိုင်း အတွင်းမှ နှုတ်ထွက်သွားခဲ့၏။
"..."
မာ့ကျန်း၏ အမူအရာက အလေးအနက် တွေးတောနေဟန် ရလေ၏။
“အဘိုးက ဘာလိုချင်လို့လဲ...”
ဟုန်ယန်လျှို့လန်က မာ့ကျန်း အနားသို့ ပြန်လည် ကပ်လာကာ မေးလိုက်၏။ သူမ၏ အမူအရာက ယောက်ျား တစ်ယောက်အား အနိုင်ကျင့်နိုင်သည့် သေမျိုး မိန်းမ တစ်ယောက်နှင့်ပင် ဆင်တူ နေပေသေးသည်။
“အဂ္ဂိရတ် အာဏာရှင်ဝေ့ ပါနေလား ဆိုတာကို သိချင်တာ...”
မာ့ကျန်းက အသံပို့လွှတ်ကာ ရှင်းပြလိုက်သည်။
“ပါလား...”
ဟုန်ယန်လျှို့လန်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ မာ့ကျန်းမှာ အဖြေမပေးပါချေ။
၎င်းကို အစစ်အမှန် မွေးဖွားခြင်း၊ အင်ပါယာ ကလန်နှင့် ဝေ့ဝူယင်တို့ထဲမှ တစ်ယောက်ယောက်သာ ပိုင်ဆိုင်ထားခြင်း မဟုတ်ပါက... ပဋိပက္ခများ ကျိန်းသေပင် ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
သို့သော်လည်း...
သူတို့ထဲမှ တစ်ဦးဦး ပိုင်ဆိုင်ထားလျှင်ပင် ပဋိပက္ခ တစ်ခုက ဖြစ်ကောင်း ဖြစ်လာနိုင်ချေ ရှိပေသည်။
...
မဟာစက်ဝန်း ကြယ်ကွင်းပြင်၊ အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ...
ခရမ်းရောင် ဝတ်စုံဝတ် ပုံရိပ်မှာ ဘဲဥသဏ္ဌာန် မှန်တစ်ခုရှေ့တွင် တိတ်တဆိတ် ရပ်ကာ အခြေအနေကို လေ့လာ နေခဲ့၏။ သူ၏ ခန္ဓာကိုယ်ကို ဝန်းရံ၍ တင်းကြပ်သည့် လေထု တစ်ခုက ဝန်းရံနေသည်။
“မဟာ သူတော်စင်ရဲ့ စွမ်းအားတွေက ကျဆင်းလာတာလား... ဒါမှမဟုတ်... ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးရဲ့ ရှေ့ပြေးနိမိတ်လား”
ကြေးမုံမှာ အဆုံးမဲ့ ကောင်းကင် နေကြယ်ထက်ပင် ဆယ်ဆခန့် ပိုမို ကြီးမားသည့် နေကြယ်ကြီး တစ်ခု၏ ပုံရိပ်ကို ပြသနေခဲ့သည်။ အဆုံးမဲ့ ကောင်းကင် နေကြယ်လို လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် မရှိသည့်တိုင် ၎င်းမှာ သဘာဝနှင့် အပြည့်အဝပင် သဟဇာတ ဖြစ်နေခဲ့သည်။
ပုံရိပ်က မတုန့်မဆိုင်းပင် ကောင်းကင် အော်ရာများထွက်ပေါ်နေသည့် ရွှေရောင် အဆောင် တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် သူက ချေမွှလိုက်၏။ ချက်ချင်းပင် အဆောင်မှာ ရွှေရောင် အမှုန်များ အဖြစ် ပျက်စီး သွားခဲ့သည်။
ဟူး... ဟူး...
အမှုန်များမှာ ဖြည်းညင်းစွာပင် ပြန်လည် စုစည်းလာကာ ပုံရိပ် တစ်ခု အသွင် ဖွဲ့စည်းသွားခဲ့၏။ မကြာခင်မှာပင် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူသား တစ်ယောက် အပြည့်အဝပင် ပေါ်လာခဲ့သည်။
မဟာ ပုရောဟိတ်...
ဖြည်းညင်းစွာပင် သူမ၏ မျက်လုံးများက ပွင့်လာကာ ခရမ်းရောင်ဝတ် ပုဂ္ဂိုလ်ကို စိုက်ကြည့် လိုက်သည်။ ထို့နောက်... သူမက အကြည့်များကို ဘဲဥ သဏ္ဌာန် ကြေးမုံထံ ပို့လွှတ်လိုက်သည်။
"..."
"..."
သူတို့ နှစ်ယောက် အကြား၌ ထူးခြားစွာပင် တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်နေခဲ့၏။ ပတ်ဝန်းကျင်ရှိ လေထုကတော့ မွမ်းကြပ်သထက် ပိုမို၍ မွမ်းကြပ်လာခဲ့လေသည်။
“ငါ မသိဘူး...”
မဟာ ပုရောဟိတ်က ခရမ်းရောင် ဝတ်စုံဝတ် မမေးသည့် မေးခွန်းကို အဖြေပေးလိုက်သည်။
“ဘယ်လောက်တောင် အသုံးမကျလိုက်လဲ...”
ဤသည်က ခရမ်းရောင် ဝတ်စုံဝတ် ပုဂ္ဂိုလ်မှာ ချိပ်ပိတ်နယ်မြေ၏ အကြီးမားဆုံးသော ကောင်းကင် နိမိဖတ် အဖွဲ့အစည်းကြီး ဖြစ်သည့် ရွှေရောင် ဂိတ်တံခါး နန်းတော်ကို ဒုတိယမြောက် “အသုံးမကျ” ဆိုသော စကားဖြင့် ရည်ညွှန်းလိုက်ခြင်း ဖြစ်ပေသည်။ ထို့အပြင်... သူ့လေသံထဲ၌ လေးစားမှုများမရှိသည်မှာ ထင်ရှားလှသည်။
မဟာ ပုရောဟိတ်က မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း... သူမ မတုန့်ပြန်ချေ။ အဘယ်ကြောင့်နည်း။ ဂရုမစိုက်သောကြောင့်ပင်
သူမက မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက်... အဝေးတွင် ရောက်ရှိနေသည့် အဓိက ခန္ဓာကိုယ်နှင့် ဆက်သွယ် လိုက်သည်။ လက်ရှိ၌ သူမသည်လည်းပဲ အခြားသော မြေကြီး ရှန့်ထိုများလိုပင် အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ခရီးနှင် နေခဲ့ခြင်း ဖြစ်သည်။
“နင်ပြောတော့ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေက အင်အားစုတွေ ဘယ်တော့ ဆင်းသက်လာမလဲ ဆိုတာ တစ်နှစ် အတွင်းမှာ ဆုံးဖြတ်နိုင်လိမ့်မယ် ဆို”
ခရမ်းရောင် ဝတ်စုံဝတ်က ထပ်မံ၍ မေးလိုက်ပြန်၏။ သူ၏ လေသံက ရွှေရောင် ဂိတ်တံခါး နန်းတော် အလုပ် လုပ်၊ မလုပ် ဆန်းစစ်နေသည့်ပုံပင် ရသည်။
“အင်း... ငါတို့ လုပ်နိုင်လိမ့်မယ်”
မဟာ ပုရောဟိတ်က အေးစက်စက် လေသံဖြင့် ပြန်လည်၍ ပြောလိုက်၏။ သူမ၏ လေသံထဲမှ ယုံကြည်ချက်က ထင်ရှားပေသည်။ သူမက အတိအကျ ရက်စွဲကို သိရှိပြီးတာပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ခရမ်းရောင် ဝတ်စုံဝတ်ကို မပြောလိုခြင်းလည်း ဖြစ်နိုင်သည်။
ခရမ်းရောင် ဝတ်စုံဝတ်မှာ ထိုကဲ့သို့ပင် မှတ်ချက်ချလိုက်၏။ ချက်ချင်းပင် သူ၏ အော်ရာက ခြိမ်းခြောက်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက် လာခဲ့သည်။
ဟူး... ဟူး...
လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က ခန်းမ တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ မဟာ ပုရောဟိတ်၏ ရွှေရောင် ခန္ဓာမှာ စတင်ကာ ပြိုကွဲလာခဲ့၏။ သူမ၏ မျက်လုံးများက လှောင်ပြောင်လိုစိတ်များနှင့် ပြည့်နှက်လာကာ ခရမ်းရောင် ဝတ်စုံဝတ်ကို ကြည့်လိုက်သည်။
“နင် အဲဒီလောက် စိုးရိမ်နေရင် ကိုယ့်ဘာသာ စုံစမ်းပါလား...”
“ဘုန်း...”
ခရမ်းရောင် ဝတ်စုံဝတ်၏ အော်ရာက ပိုမို၍ ပြင်းထန်လာကာ မဟာ ပုရောဟိတ်မှာလည်း အပြီးတိုင် ပြိုကွဲ သွားခဲ့၏။
“နင်ကများ ငါ့ကို လှောင်ရဲတယ်...”
ခရမ်းရောင် ဝတ်စုံဝတ်၏ အသံက အကြွင်းမဲ့ အေးစက်ခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။ သူက ဘဲဥ ပုံသဏ္ဌာန်မှန်ဘက်သို့ ပြန်လှည့်လိုက်သည်။
“ကောင်းပြီလေ...
သူ့လက်ချောင်းထိပ်၌ ဝိညာဉ် အလင်းများ ကွန့်မြူးလာသည်နှင့် အမျှ ကြေးမုံမှာ လှိုင်းများနှင့် ပြည့်နှက် လာခဲ့လေတော့၏။
***