ရွှေလေးကြောက်တဲ့အရာ
Vol. 108 Ch. 1507
မျက်နှာကျက်ပေါ်မှ အရာအားလုံး ရုတ်တရက်ပြုတ်ကျလာမည်ကို မစဉ်းစားဘဲ ရှောင်ချီတစ်ချက်ထိုးလိုက်သည်ကို အန်းလေမြင်လိုက်ရသည်။
ရှီမာယူယူသည် ဖရဲသီးအရွယ်အစားကျောက်ကိုဖက်ပြီး ကျောက်အလွှာ ကို ထိတွေ့ကြည့်လိုက်သည်။ ထို့နောက် သူမသည် ဂရုတစိုက်ကြည့်ကာ ပြော လိုက်သည် “ဒီမှာ ဝိညာဉ်ဆေးပင်ရှိတာဖြစ်နိုင်တယ်”
“ကမ္ဘာဦးခေတ်တွေတုန်းက ရှေးဟောင်း ဝိညာဉ်ဆေးပင်လား” ရှောင်ချီ သည် ဝိညာဉ်ဆေးပင်များကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ သူမ ပြေးလာပြီး ပြောလိုက်သည် “ယူယူ မြန်မြန် ဖွင့်ပြီးကြည့်လိုက်”
ထိုသို့ပြောပြီးနောက်တွင် သူမသည် နှုတ်ခမ်းသပ်ကာ ရှီမာယူယူလက်ထဲ မှ သတ္တုရိုင်းကို စိုက်ကြည့်နေလေသည်။
ရှီမာယူယူသည် သူမ စိတ်မရှည်ပုံကိုမြင်သောအခါ ပြောလိုက်သည် “အရမ်းကြီးပျော်မနေနဲ့ဦး မဟုတ်ရင် ဘယ်လိုလုပ်မလဲ”
“ယူယူက ဟုတ်တယ်လို့ပြောမှတော့ သေချာပေါက်ဟုတ်မှာပေါ့” ရှောင်ချီသည် ယုံကြည်ချက်ရှိနေကာ သူမစကားများသည်လည်း ယုံကြည်မှု အပြည့်ပင်။
ရှီမာယူယူသည် ရယ်မောကာ ဒူးထောက်ထိုင်ချပြီး ကျောက်တုံးဖွင့်ရန် ကိရိယာထုတ်ကာ စတင်အလုပ်လုပ်တော့သည်။
အန်းလေ ရှီမာယူယူနောက် လိုက်ကတည်းကပင် သူမ နှလုံးသားမှာ အကြိမ်ပေါင်းများစွာ ထိတ်လန့်ရသည်။ အဂ္ဂိရတ်ပညာရှင်၊ သမားတော်၊ မီအာ၊ ရွှေလေး၊ ရှောင်ချီနဲ့ အခု သူမက ဝိညာဉ်ရှာဖွေသူသခင်ဖြစ်နေသည်။
ကျွမ်းကျင်မှု နှစ်ခုတွဲရှိသော ဝိညာဉ်သခင်များမှာ တုန်လိုင်မျိုးနွယ်တွင် မရှားပေ။ သို့သော် သူမသည် သူတို့ကဲ့သို့ အရင်းအမြစ်ပေါများသော ကောင်း မွန်သည့် ပတ်ဝန်းကျင်မှလာခြင်းမဟုတ်ပေ။
ရှီမာယူယူသည် ကျောက်တုံးကို အမြန်ပင်ဖွင့်လိုက်သည်။ ခဏအကြာ တွင် မုန်လာဥနီသာသာ အရွယ်ကျန်လေသည်။
အန်းလေသည် အနီးကပ်ကြည့်ချင်သဖြင့် အလိုလိုပင် အနီးသို့ပြေးလာမိ သွားသည်။
ရှီမာယူယူသည် ကျောက်၏နောက်ဆုံးအလွှာကို ဖြည်းညင်းစွာခွာရာ သတ္တုရိုင်းအတွင်းမှ အလင်းတန်းမှာ အက်ရာများမှတဆင့် တောက်ပလာ သည်။ မွှေးပျံ့သောအနံ့ထွက်လာပြီး လန်းဆန်းမှုကို အားလုံးခံစားလိုက်ရ သည်။
တကယ်ပဲ ဝိညာဉ်ဆေးပင်ပဲ။
ရှီမာယဓယူသည် သူမ မသိသည့်ဆေးပင်ကို မြင်လိုက်ရသည်။ အမြစ် များ၏ ပေကျံမှုမှာလည်း အစိုဓာတ်ကျန်နေသေးသည့်ပုံပင်။
“အစ်ကို ဒါကိုသိလား” သူမသည် ဆေးပင်ကို ဝူလင်းယူလက်ထဲသို့ ထည့် ပေးလိုက်သည်။
ဝူလင်းယူ ယူပြီး ခေါင်းယမ်းကာ ပြောလိုက်သည် “မသိဘူး”
ထိုဆေးပင်သည် ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည့် ဆေးပင် ဖြစ်နိုင်သည်။
“ယူယူ ယူယူ” ရှောင်ချီ၏ မျက်လုံးများသည် ဆေးပင်ကို စုန်ချီဆန်ချီဖြစ် နေသည်။ သို့သော် သူမသည် ရွှေလေးကဲ့သို့ လုယူပြီး ချက်ချင်းစားမပစ်ပေ။
ထိုအချက်တွင် ရွှေလေးသည် မထိန်းနိုင်သည့် ဆာလောင်နေသည့် ကလေးနှင့်တူသည်။ ရှောင်ချီသည် ဆယ်ကျောက်သက်အရွယ် မိန်းကလေး ကဲ့သို့ပင်။ သူမသည် စားချင်သော်လည်း စိတ်လိုက်မာန်ပါမလုပ်ပေ။
ရှီမာယူယူသည် ဆေးပင်ကိုယူလိုက်သည်။ ထိုဆေးပင်သည် လူ တစ်ယောက်၏ ခြေထောက်ကဲ့သို့ နှစ်ခွဖြစ်နေသည်။ သူမ တစ်ခုကိုချိုးပြီး ရှောင်ချီအားပေးလိုက်သည်။ ထို့နောက် ကျန်သည့်အမြစ်ကို ဝိညာဉ်စေတီ အတွင်းတွင် စိုက်ပျိုးလိုက်သည်။
ရှောင်ချီသည် ဝိညာဉ်ဆေးပင်ကို ချက်ချင်းပင် စားလိုက်သည်။ သူမ စားပြီးသည်နှင့် မလုံလောက်သေးသည့်အလား နှုတ်ခမ်းကို သတ်လိုက်သည်။
ရှီမာယူယူ ထိုဝိညာဉ်ဆေးပင်ကို တွေဝေခြင်းမရှိ ရှောင်ချီကို ပေးလိုက် မည်ဟု အန်းလေထင်မထားပေ။ အဲဒါက ရှေးဟောင်းဝိညာဉ်ဆေးပင်လေ။ သူမ အပြင်မှာရောင်းရင် တကယ်ကို အတိုင်းမသိချမ်းသာသွားမှာ။
ရွှေလေးသည် ကျောက်ရုပ်ထုကိုစားခဲ့သည်ကို သူမ အပြစ်မတင်ရ သေးခင်မှာပင် ရှောင်ချီကို ဝိညာဉ်ဆေးပင် စားရန်ကျွေးလိုက်သည်။ သူမက သူမရဲ့ စာချုပ်သားရဲတွေကိုတော့ ကောင်းကောင်းလေးဆက်ဆံတာပဲ။ သူမက စာချုပ်သားရဲတွေကို ပစ္စည်းတစ်ခုလို ဆက်ဆံတဲ့လူတွေနဲ့မတူဘူး။
သူမက တုန်လိုင်လီနဲ့ မတူနိုင်ဘူး။ သူမနောက်လိုက်ဖို့ ထိုက်တန် လောက်တယ်။
ဝိညာဉ်လေးကို ကျန်ဝိညာဉ်ဆေးပင် တစ်ဝက်ကိုသေချာပျိုးခိုင်းလိုက် ကာ သူမ အားလုံးကိုပြောလိုက်သည် “ဆက်သွားကြမယ် ရွှေလေး မင်း အသုံး ဝင်တဲ့သတ္တုတွင်းကိုရှာရမယ်နော်”
ရွှေလေးသည် မြေပြင်ပေါ်တွင် အရှေ့သို့လျှောသွားကာ အမြီးလှုပ်ယမ်း ပြလေသည်။ ထို့နောက်တွင် အမြန်သွားကာ ဟိုဟိုဒီဒီဒီပတ်နေသည်။
ရှီမာယူယူသည် အားလုံးကို ဦးဆောင်ကာ သူတို့နောက်လိုက်လေသည်။ အတန်ကြာပြီးနောက်တွင် ကြီးမားသော ကျောက်တုံးကြီးအထက်တွင် ရှောင်ချီ သူတို့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။
“ဒါက…” ရှီမာယူယူ မေးလိုက်သည်။
“ရွှီး ရွှီး” ရွှေလေးသည် ခေါင်းညိတ်ကာ ကျောက်တုံးပေါ်မှ တွားသွားဆင်း လာသည်။
ရှီမာယူယူသည် ကျောက်တုံးကြီးကို သိမ်းလိုက်သည်။ ထိုကျောက်တုံး သည် ကြီးမားကာ အထဲတွင် မည်သည့်အရာပါဝင်မှန်း မသိနိုင်ပေ။
“ဒီလိုမျိုး ကျောက်တုံးတွေအများကြီးရှိတယ်” အန်းလေသည် ပတ်ပတ် လည်တွင် ကျောက်တုံးများကို မြင်ရာ ပြောလိုက်သည်။
“ဒါအကုန်လုံးက သတ္တုရိုင်းတွေပဲ အထဲမှာကောင်းတာများရှိမလား မသိ ဘူး၊ ပြန်သွားပြီးမှ ဒါတွေကြောင်းပြောကြတာပေါ့” ရှီမာယူယူသည် ပြောရင်းန နှင့် ကျောက်တုံးများကို အထဲသို့ရွှေ့လိုက်သည်။
“သခင်မလေး ဒီမှာထူးဆန်းနေတယ်” အန်းလေ ပြောလေသည်။
“ဘယ်အပိုင်းကထူးဆန်းတာလဲ”
“အဲဒီဂူလေ တမင်ဖောက်ထားတဲ့ပုံပဲ၊ ဒါပေမဲ့ လူတွေသာ တကယ်တူး ထားတယ်ဆိုရင် သူတို့က ဘာလို့အဲပစ္စည်းတွေကို ယူမသွားကြတာလဲ” အန်းလေ မေးလိုက်သည်။
ဤနေရာရှိ ကြမ်းပြင်ပေါ်မှ ပစ္စည်းများသည် အပြင်ဘက်တွင် ရတနာ များဟုပင် သတ်မှတ်၍ရသည်။ ဂူကိုဖောက်ထားပါက ဘယ်သူက ကြမ်းပြင် ပေါ် ပစ်ထားမှာလဲ။
ရှီမာယူယူသည် ထိုမေးခွန်းကို အစောပိုင်းက မစဉ်းစားမိပေ။ အခုမှ တွေး ကြည့်ရာ အနည်းငယ်ထူးဆန်းနေသည်။
“ဘယ်သူက ဘယ်လိုအကြောင်းပြချက်နဲ့ပဲလုပ်ခဲ့ခဲ့လေ အကုန်လုံး အတိတ်မှာ ကျန်ခဲ့ပြီ” သူမ ပြောလိုက်သည်။
“ကိုယ်အရင်က အဆိုတစ်ခုကြားဖူးတယ်” ဝူလင်းယူပြောလိုက်သည် “လူတစ်ယောက်က ရှေးဟောင်းသတ္တုတွင်းကို ရှာတွေ့ခဲ့တယ် ဒါပေမဲ့ အကုန် လုံးပျောက်သွားရတဲ့ အကြောင်းအရင်းကို ဘယ်သူမှမသိကြဘူး၊ ဒီအခြေအနေ ကမသိနိုင်တဲ့အရာပဲ၊ ဒါပေမဲ့ ရှေးဟောင်းဝိညာဉ်သားရဲပေါ်လာတော့ ဝင်သွား တဲ့အဲလူက အဲဒီရှေးဟောင်းဝိညာဉ်သားရဲသတ်တာခံလိုက်ရပြီလို့ လူတွေ ခန့်မှန်းကြတယ်”
ရှီမာယူယူ ထိုအရာကိုသိသည်။ သူ အတိတ်အကြောင်းဟုပြောသည်မှာ လွန်ခဲ့သည့်နှစ်သောင်းချီက ကိစ္စဖြစ်သည်။ ထိုအချိန်ကဆိုလျှင် အရိုးများပင် ကျန်မည်မဟုတ်ပေ။
“သူတို့က ဒီနေရာအကြောင်းပြောတာ ဖြစ်မလား” ရှီမာယူယူ မေးလိုက် သည် “မင်းပြောတာက အရင်တုန်းက ခိုးရာပါပစ္စည်းတွေကို ကိုယ်တို့ရလိုက် တယ်လို့ ဆိုလိုတာလား”
အန်းလေ ဆွံ့အသွားပြီ။ ရှီမာယူယူက ကံကောင်းလွန်းနေတာမလား။ သူမက ဒီလိုနေရာကိုတောင် သွားတွေ့နေတယ်။
လူအမြောက်အများလာရောက်ကြကာ သတ္တုတွင်းဝင်ပေါက်ကို ရှာတွေ့ ပြီးသည့်လူများပင် သေချာပေါက်ရှိနိုင်မည်။ တခြားလူများအပြင် သူမသည် တုန်လိုင်လီနှင့် ရင်းနှီးသည်။ သူမသည် ယခုနေရာကို သေချာပေါက် အာရုံခံမိ ထားနိုင်သည်။ သို့သော် သူမသည် ရှီမာယူယူကို သဘောမကျသောကြောင့် မပြောခြင်းဖြစ်သည်။
အခုသူတို့ထွက်သွားခဲ့ရာ တုန်လိုင်လီသည် တုန်လိုင်မျိုးနွယ်မှလူများကို သတ္တုတွင်းဆီသို့ သေချာပေါက် ဦးဆောင်သွားမည်ဖြစ်သည်။
တစ်ခုရှိလျှင် နှစ်ခုလည်းရှိနိုင်သည်။ တုန်လိုင်မျိုးနွယ်များဝင်နိုင်ပါက တခြားသော လျှို့ဝှက်မျိုးနွယ်များလည်း သေချာပေါက် ဝင်နိုင်မည်ဖြစ်သည်။ သို့သော် သူတို့သည် လူဝင်သွားသည့်ခြေရာလက်ရာမရှိသည့်နေရာကို တွေ့ခဲ့ ကြသည်။ ထိုအရာသည် သူတို့သာ ဝင်သွားနိုင်သည့် တစ်ဦးတည်းသောသူဖြစ် နေသည်ကို သက်သေပြနေသည်။
သူတို့ ဝင်သွားပြီးမကြာမီတွင် ပစ္စည်းကောင်းများ ရှာတွေ့နိုင်ခဲ့သည်။ တခြားသူများအတွက်ပင် ဝင်ပေါက်ကို ဖောက်ထားနိုင်ခဲ့သည်။ သူမကို ဖော်ပြ ဖို့ ‘ကံကောင်းတယ်’ ဆိုတဲ့ စကားလုံးကိုတောင် ဆက်သုံးလို့ရပါ့မလား။
သူတို့ အရှေ့သို့ ဆက်လျှောက်ကြရာ လမ်းတစ်လျှောက်တွင် မြင်သမျှ ကျောက်တုံးများအားလုံးကို သိမ်းခဲ့သည်။ ထိုကျောက်များသည် သတ္တုရိုင်း ဟုတ်သည် မဟုတ်သည်ကိုပင်မကြည့်ဘဲ သာမန်ကျောက်တုံးများဖြစ်လျှင် တောင် သူမ ချန်မထားခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဝိညာဉ်စေတီသည် ကြီးမားသည်။ သိမ်းထားလျှင် အလဟသမဖြစ်နိုင်ပေ။
“ရွှီး ရွှီး”
ရွှေလေးသည် လျှောက်ရာမှ ရုတ်တရက်ရပ်ကာ ရှီမာယူယူ၏ လည်ပင်း ဆီသို့ ပျံသန်းလာပြီး တင်းကျပ်စွာရစ်ပတ်လိုက်ရာ သူမ အသက်ရှုမရလုနီးပါး ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲ” ရှီမာယူယူသည် ရွှေလေး၏ ခေါင်းကိုပုတ်ပြီး နှစ်သိမ့်ပေး လိုက်သည်။
“ကြောက်တယ်” ရွှေလေးသည် မှိုင်တွေနေတကာ သူမလည်ပင်းကို ပိုမို တင်းကျပ်စွာ ရစ်ပတ်လိုက်သည်။
ရှီမာယူယူသည် ရွှေလေးတုန်ယင်နေသည်ကို ခံစားမိသဖြင့် သူ့ခေါင်းကို ပုတ်ပေးကာ ပြောလိုက်သည် “မကြောက်နဲ့ ငါတို့ရှိတယ်”
ရွှေလေး မည်သည့်အရာကို အာရုံခံမိသည်ကိုတော့ သူမမသိပေ။ သို့သော် ထိုအရာသည်မည်သည့်အရာပင်ဖြစ်စေကာမူ သူမသားရဲဘက်မှ ရပ်တည်ပေး သွားမည်ဖြစ်သည်။
သူမ ပြောသည့်စကားကို ရွှေလေးကြားသောအခါ အနည်းငယ် စိတ်အေး သွားသည်။ သို့သော် တုန်ယင်မှုမှာရပ်မသွားပေ။
အန်းလေသည် ရှီမာယူယူ သူမ၏သားရဲကို နှစ်သိမ့်ပေးနေပုံကို အနောက် မှကြည့်ပြီး တုန်လိုင်လီသည် သူမသားရဲများ သေချာမလုပ်ဆောင်နိုင်ပါက ရိုက်နှက်ပုံကို ပြန်တွေးနေမိသည်။ သူမ ပိုစဉ်းစားလေလေ ရှီမာယူယူနောက် လိုက်ခဲ့သည်မှာ ကောင်းမွန်သော ရွေးချယ်မှုဟု ခံစားရလေလေဖြစ်သည်။
သူမသိချင်သည်မှာ တုန်လိုင်မျိုးနွယ်မှ လူသတ်သမားနှင့်တွေ့လျှင် သူမ၏ စာချုပ်သားရဲများကဲ့သို့ သူမကို ဆက်ဆံပေးမည်လား။
မဖြစ်နိုင်ပေ။ ထို့အပြင် သူမသည် ရှီမာယူယူနောက် အခုမှလိုက်ခြင်းဖြစ် သည်။ သူမအတွက်နဲ့ ဘာလို့မျိုးနွယ်ကြီးတစ်ခုကို ပြစ်မှားမှာလဲ။
“ရွှေလေး ဒီလောက်ကြောက်အောင် ဘာကလုပ်လိုက်တာလဲလို့ သွား ကြည့်ရအောင်” ရှီမာယူယူ၏ ကြည်လင်သောအသံသည် သူမအတွေးစကို ဖြတ်သွားသည်။ သူမ အာရုံပြန်စုစည်းကာ ရှီမာယူယူ နောက်သို့ လိုက်သွားလိုက်သည်။
***