← Chapters

အရမ်းကိုအထီးကျန်နေတဲ့ မင်းကိုအဖော်ပြုပေးမယ်

Vol. 108 Ch. 1508

အရမ်းကိုအထီးကျန်နေတဲ့ မင်းကိုအဖော်ပြုပေးမယ်

Vol. 108 Ch. 1508

သူတို့သည် လူသွားလမ်းစင်္ကြံအတိုင်းလျှောက်လာရာ ကျယ်ဝန်းသောဂူ ဆီသို့ရောက်လေသည်။ ထိုနေရာတွင် ရှင်းလင်းနေကာ ကျောက်တုံးတစ်တုံးမှ ပင်မရှိပေ။ အဲတော့ ရွှေလေးကို ကြောက်အောင်လုပ်လိုက်တဲ့ ပစ္စည်းက ဘယ်မှာလဲ။

ရုတ်တရက် ရွှေလေး၏ ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုကြောင့် တောင့်တင်းသွားသည်။

ရှီမာယူယူသည် သူမလည်ပင်းမှ သူ့ကိုဆွဲဖြုတ်ကာ ဖက်ထားလိုက်သည်။ သူသာ ဆက်ဖြစ်နေမည်ဆိုပါက သူမ အသက်ရှုလို့ပင်ရမည်မဟုတ်ပေ။

“ရွှေလေး မင်းကို ကြောက်အောင်လုပ်နေတာ ဘာလဲ” သူမသည် သူ့ ကျောကိုပွတ်ပေးပြီး စိတ်အေးအောင် လုပ်ပေးလိုက်သည်။

သူမသည် ရွှေလေးကို မူလနေရာသို့ ပြန်ထားရမည်လားပင် စဉ်းစားနေ သည်။

သို့သော် ထိုသို့ပြုလုပ်လိုက်ပါက ပစ္စည်းကောင်းများစွာ လွတ်သွားနိုင် သည်။

“ရှေ့နားလေးတင်ပဲ” ရွှေလေးသည် ရှီမာယူယူ၏ ရင်ခွင်ထဲတွင် ခွေလိုက် သည် “အဲဒီအရိပ်နားလောက်မှာ”

ရှီမာယူယူသည် မီးတောက်အရွယ်အစား တိုးကာ ဂူတစ်ခုလုံးကို အလင်း ပေးလိုက်သည်။ ထိုအခါမှပင် ဝင်ပေါက်ကဲ့သို့ အပေါက်ကလေးရှိနေသည်ကို သတိပြုမိလိုက်သည်။

သူမသည် ရွှေလေးကို ရင်ခွင်ထဲတွင်ပိုင်ကာ လျှောက်သွားသည်နှင့် အထဲ တွင် ကျောက်တုံးရုပ်ထုတစ်ခုကို တွေ့လိုက်လေသည်။ ကျောက်ရုပ်ထုသည် နှစ်မီတာအရှည်ရှိကာ ချွန်ထက်သောဦးခေါင်းရှိသည်။ မည်သည့် အကောင် အမျိုးအစားဖြစ်သည်ကိုတော့ သူမ မသိတော့ပေ။

ထိုအချိန်တွင် ဝိညာဉ်စေတီအတွင်းတွင် လှုပ်ရှားမှုများဖြစ်လာသည်။ ရှီမာယူယူ တွေးလိုက်သည်နှင့် ကြက်သွေးရောင်မီးတောက်သည် အားလုံးရှေ့ တွင်ပေါ်လာသည်။

“ကြက်သွေးရောင်မီးတောက ဒါဘာလဲဆိုတာသိလား”

ကြက်သွေးရောင်မီးတောက်သည် ထွက်လာခဲသည်။ သူထွက်လာသည် ဆိုသည်မှာ တစ်ခုခုဖြစ်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

“ဘိုးဘေးကြီး” ကြက်သွေးရောင်မီးတောက် ပြောပြီးသည်နှင့် သူ၏ သားရဲအသွင်ပြောင်းကာ ပြားပြားဝပ်လေသည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့ အနည်းငယ် ထိတ်လန့်သွားသည်။ ကျောက်တုံး ရုပ်ထုမှာရှိတာက ကြက်သွေးရောင်မီးတောက်ရဲ့ ဘိုးဘေးကြီး… ဆိုလိုတာက နောက်ထပ် ဟင်္သာပဒါးရောင်ငှက်နောက်တစ်ကောင်လား။

အံ့ဖွယ်ငှက်နှစ်ကောင်က တစ်ချိန်တည်းမှာရှိနိုင်တာဖြစ်နိုင်ရဲ့လား။

အနောက်တွင်ရပ်နေသော အန်းလေသည် အံ့ဩလွန်းကာ မျက်လုံးများ ပင် ပြူးကျယ်လာသည်။ သူမ စဉ်းစားထားသည်မှာ အကယ်၍ အံ့ဩစရာ တစ်ခုခုဖြစ်လာပါက ရှီမာယူယူ သည် တခြားသူများကို အံ့ဩစေသည်ကို သူမ လက်ခံမည်ဟုပင် လက်ခံထားသည်။ တခြားကိစ္စသာဖြစ်ပါက သူမ လက်ခံနိုင် မည်ဟု ယုံကြည်ထားသည်။

သို့သော် ဤအခိုက်အတန့်တွင် သူမသည် ဟင်္သပဒါးရောင်ငှက်ကို သူမ ကိုယ်တိုင်မျက်လုံးနှင့် မြင်နေရသည်။ သူမ ရင်များအမြန်ခုန်လာကာ အသက် ပြင်းပြင်းရှုလိုက်သော်လည်း သူမကိုယ်သူမ မပိုင်ဆိုင်တော့သလိုပင်ခံစားရလေ သည်။

ဂူထဲတွင် မည်သူမှအသံမထွက်ရဲကြပေ။ သူတို့သည် ကြက်သွေးရောင် မီးတောက် ကျောက်တုံးရုပ်ထုကို အရိုအသေပေးနေသည့်ပုံစံကိုပင် တိတ်တ ဆိတ်စောင့်ကြည့်နေလိုက်ကြသည်။

“ခွပ် ခွပ်”

တိုးညင်းသောအသံသည် တိတ်ဆိတ်နေသောဂူအတွင်းတွင် ရှင်းလင်းစွာ ကြားရကာ အားလုံးသည် ကျောက်တုံးရုပ်ထုကို ကြည့်လိုက်မိကြသည်။

“ခွပ် ခွပ်”

“ခွမ်း ခွမ်း”

ကြက်သွေးရောင်မီးတောက် အရိုအသေပေးပြီးသည်နှင့် ရုပ်ထုပေါ်မှ ကျောက်တုံး အလွှာသည် စတင်ကျိုးပဲ့လာသည်။ ထိုအဖြစ်မှာ သခင်များ ကျောက်တုံးဖြတ်ဓားသုံးသည်ထက်ပင် အသုံးဝင်သေးသည်။

ဟင်္သာပဒါးရောင်ငှက်က ဒီမှာပေါ်လာတော့မှာလား။

အားလုံးသည် ထိုအတွေးဖြင့် ထိတ်လန့်နေကြသည်။ ရှေးဟောင်းစာအုပ် တွေမှာ ဟင်္သာပဒါးရောင်ငှက်က တစ်ချိန်တည်းမှာ နှစ်ကောင်ရှိတတ်တယ်လို့ ပြောမထားကြဘူးလေ၊ ဟုတ်တယ်မလား။

“ခွမ်း ခွမ်း”

ကြက်သွေးရောင်မီးတောက် ကြမ်းပေါ်တွင် မှောက်လျက်နေလိုက်သည် နှင့် အလွှာများသည် တစ်လွှာချင်းဆီ စတင်ကြွေကျလာသည်။ သူသည် တစ်ချိန်လုံး ခေါင်းမမော့ခဲ့ပေ။

“နောက်ဆုံးတော့ မင်းကိုစောင့်နိုင်သွားပြီပေါ့…”

တိုးညင်းသော သက်ပြင်းချသံသည် ရှေးဟောင်းအနံ့အသက်နှင့်အတူ ယူဆောင်လာသည်။ ထိုတည်ငြိမ်ပြီး ခမ်းနားသောအပြုအမူသည် ရှီမာယူယူ နှင့် တခြားသူများကို ခေါင်းငုံ့သွားစေသည်။

“နှုတ်ဆက်ပါတယ် ဘိုးဘေးကြီး” ကြက်သွေးရောင်မီးတောက်လည်း ခေါင်းငုံ့လိုက်သည်။

“ကောင်းတယ် မင်းရောက်လာပြီပဲ၊ မင်းကို မမှတ်မိရင်လည်း အနည်းဆုံး တော့ သွေးသားကဆက်သွားနေမှာပဲ၊ နောက်ဆိုရင် ဒီကမ္ဘာကြီးကို… မင်း ကာကွယ်ရမယ်၊ မင်းရဲ့တာဝန်ကို မေ့မပစ်လိုက်နဲ့” ရှေးဟောင်းဟင်္သာပဒါးငှက် သည် သူ့ကိုညွှန်ကြားလေသည်။ သူသည် အတိတ်က အရည်အချင်းရှိသော အံ့ဖွယ်ငှက်ဖြစ်ခဲ့သည်မှာ မလွဲမသွေပင်။

“ဘိုးဘေးရဲ့ သားသမီးတွေကလည်း ဘိုးဘေးတွေရဲ့ ဆန္ဒကို ငြင်းဆန်လို့ မရပါဘူး”

“ဒီနေ့ မင်းရဲ့ဒဏ်ရာတွေကုဖို့နဲ့ အားပြန်ပြည့်ဖို့အတွက် မင်းကို အမွေ ပစ္စည်းပေးမယ်” နူးညံ့သော စွမ်းအားသည် ကြက်သွေးရောင်မီးတောက်အား လွှမ်းခြုံလိုက်သည် “အာ.. မင်းက စာချုပ်တည်ထောင်ထားတာလား”

ထိုအသံသည် ပဟေဠိများစွာနှင့် ပြည့်နှက်နေကာ ကြက်သွေးရောင် မီးတောက်ကဲ့သို့ အံ့ဖွယ်ငှက်တစ်ကောင်သည် လူသားတစ်ယောက်နှင့် မည်သို့ စာချုုပ်တည်ထောင်ထားသည်ကို မသိသည့်အတိုင်းပင်။

သူ၏ အံ့ဖွယ်အာရုံဖယ်ရှားလိုက်သည်ကို ကြက်သွေးရောင်မီးတောက် သည် ခံစားလို့ရကာ ချက်ချင်းပင် သက်ပြင်းရှည်တစ်ခုကို ကြားလိုက်သည်။

“ထားလိုက်ပါတော့ ဒီလိုအလှည့်အပြောင်းတွေဖြစ်မယ်လို့ ငါထင်မထား ဘူး” ရှေးဟင်္သာပဒါးငှက်၏ အသံသည် နှမြောတသဖြစ်နေသော်လည်း စာချုပ် ပယ်ဖျက်ရန် သူ့ကို ဖိအားပေးခြင်းမရှိပေ။ “မင်းက လူတစ်ယောက်နဲ့ စာချုပ် တည်ထောင်ထားပြီးပြီဆိုရင်တောင် မင်းပခုံးပေါ်ကတာဝန်ကိုမေ့လို့မရဘူး”

“နားလည်ပါတယ်”

“သူမက မင်းရဲ့စာချုပ်သခင်ဆိုမှတော့ သူမကိုလည်း ဒီကံကြမ္မာ တစ်စိတ်တစ်ပိုင်းကို ခွဲပေးရမှာပေါ့”

ပေါက်ထွက်လာသော စွမ်းအားသည် သူမကိုယ်ထဲသို့ဝင်လာသည်နှင့် ရှီမာယူယူ ထိတ်လန့်သွားသည်။ ထိုအရာသည် သူမ အဆင့်တက်ရန် နိမိတ်ပြ သည်ဟု ခံစားရလေသည်။

“မဖြစ်နိုင်တာ ငါ ဒီမှာအဆင့်တက်လို့မရဘူး” ရှီမာယူယူသည် ဝိညာဉ် လေးကို စွမ်းအားကိုဖိနှိပ်ခိုင်းလိုက်သည်။ သူမ ခန္ဓာကိုယ်ပြန်ကောင်းလာရန် အချိန်အတန်ကြာလေသည်။

“ဘာလို့ အဆင့်မတက်တာလဲ” သူ၏ သနားကြင်နာသော ရည်ရွယ်ချက် မှာ အငြင်းခံလိုက်ရသဖြင့် ဒေါသထွက်နေသောအသံသည် မေးခွန်းထုတ်လာ သည်။

“အခု အဆင့်တက်လို့မရဘူး” ရှီမာယူယူ ခေါင်းမော့လိုက်သည်။ ထိုအခါ မှပင် ရှေးဟင်္သာပဒါးငှက်အိုကြီး၏ ပုံစံကိုမြင်ရလေသည်။

မဟုတ်သေးဘူး… ရှေးဟင်္သာပဒါးငှက်အိုကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး သည် အလင်းဖျော့ဖျော့တောက်ပနေရာ ရှင်းလင်းစွာမမြင်ရပေ။ လုံးဝကြီး မမြင်ရခြင်းမဟုတ်ဘဲ သူ့ကိုရှင်းရှင်းလင်းလင်းမမြင်ရပေ။

“ဘာလို့ မရတာလဲ”

“ကျွန်မအဆင့်တက်တန်းကို မိုးကြိုးဘေးဒုက္ခကို ဆွဲခေါ်ရတယ်၊ ဒီမှာ အဆင့်တက်လိုက်ရင် ပြဿနာအများကြီးဖြစ်သွားစေလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

ရှေးဟင်္သာပဒါးငှက်အိုကြီးသည် ထပ်မပြောတော့ပေ။ သို့သော် သူ သူမ အား မတူညီစွာကြည့်နေသည်ကို ခံစားရသည်။

“ကြိုးစားအားထုတ်မှုကို ပြန်လှန်ပြီး အခြေအနေတစ်ခုကို သိတာက မဆိုးဘူး” ရှေးဟင်္သာပဒါးငှက် ပြောလိုက်သည် “နောက်ကို ဒီလိုအကျင့်ရှိတဲ့သူ က သူ့ကိုကူပြီး တာဝန်ခွဲယူပေးမယ်ဆိုရင် သူ့အနာဂတ်ကို မင်းကိုပဲအပ်ထား လိုက်တော့မယ်”

“ဘိုးဘေးကြီး…” ကြက်သွေးရောင်မီးတောက်သည် သူ၏ ဝမ်းနည်း ပူဆွေးမှုကို အာရုံခံမိသည်။ သူသည် ငိုတော့မည့်အတိုင်းပင်ဖြစ်နေသည်။

“အခုထိမပြီးမြောက်သေးတာကို ပြီးမြောက်အောင် လုပ်ပါမယ်…”

ရှေးဟင်္သာပဒါးရောင်ငှက်၏အသံ တိုးညင်းသွားသည်နှင့် အလင်းသည် ကြက်သွေးရောင်မီးတောက်အား ဖုံးလွှမ်းသွားပြီး ကြက်သွေးရောင်မီးတောက် ကို စွမ်းအားပေးနေသည်။

ထိုအခါမှပင် အားလုံးသည် ရှေးဟင်္သာပဒါးငှက်ကို ရှင်းလင်းစွာ မြင်ရ လေသည်။

သူ့ရဲ့လက်ရှိပုံစံက အားလုံးထင်ထားတဲ့ သူအသက်ရှိတုန်းက ပုံစံအတိုင်း ပဲဘယ်လိုလုပ်ဖြစ်နေတာလဲ။ အားလုံးရှေ့တွင်ရှိနေသောသူသည် ဖြတ်လပ်မှု တစိုးတစိမျှမရှိသော ခန္ဓာကိုယ်သက်သက်သာဖြစ်သည်။

ထိုခန္ဓာကိုယ်သည် လွန်ခဲ့သည့် နှစ်သန်း တစ်ဆယ်မှ တစ်ရာအထိ ဆင်းသက်လာသော ဟင်္သာပဒါးငှက်၏ခန္ဓာကိုယ်ဖြစ်သည်။

သူသည် ဝိညာဉ်ကျောက်အတွင်းတွင် ပိတ်မိနေသဖြင့် ပုပ်သိုးသွားခြင်း မရှိခြင်းဖြစ်နိုင်သည်။ သူပြောလိုက်သောစကားများသည် မသေခင် အံ့ဖွယ် အသိစိတ်မှထားခဲ့သည့် စကားများဖြစ်နိုင်သည်။

ကြက်သွေးရောင်မီးတောက်ကို ကြည့်ရသည်မှာ သူသည် အစကတည်း ကပင် သိထားသည့်ပုံပင်။

“ကြက်သွေးရောင်မီးတောက်….” ကြမ်းပေါ်တွင် ဆက်တိုက်ဒူးထောက် နေသည့်သူကိုကြည့်ရသည်မှာ ရုတ်တရက် ရှီမာယူယူ သူ့အတွက် နာကျင်မိ သည်။

တခြားဝိညာဉ်သားရဲများသည် မျိုးနွယ်ရှိကြသည်။ သို့သော် သူ့တွင် မရှိပေ။ တစ်ယောက်ပေါ်လာသည်နှင့် နောက်တစ်ယောက်က သေပေးရမည်။ သူ.. သည် တစ်သက်လုံး တစ်ဦးတည်းဖြစ်သွားတော့မည်။

ငှက်ပေါင်းရာချီသည် သူ့ကိုရိုသေကိုးကွယ်ကြသော်လည်း ယှဉ်မရသော အထီးကျန်မှုကို… မည်သူများ နားလည်နိုင်မည်နည်း။

ရှေးဟင်္သာပဒါးငှက်လည်း အထီးကျန်တာကို သိမှာပဲလေ ဟုတ်တယ် မလား။ ထို့ကြောင့်ပင် ကြက်သွေးရောင်မီးတောက်တွင် အဖော်ပြုပေးမည့် သူမ ရှိကြောင်း သိလိုက်ချိန်တွင် ဒေါသမထွက်ခြင်းဖြစ်မည်။

ကြက်သွေးရောင်မီးတောက်၏ မှတ်ဉာဏ်အတွင်းမှတစ်ဆင့် ကြက်သွေး ရောင်မီးတောက်သည် သူ့လောက်အထီးမကျန်သည်ကို သိခဲ့ရသည်။ သူ့တွင် သူမအပြင် အဖော်ပြုပေးမည့် ဝိညာဉ်သားရဲများရှိကြကာ သူ့လောက် မခံစားခဲ့ ရပေ။

ရှောင်ချီနှင့် တခြားသူများလည်း သူ၏ နာကျင်မှုကိုခံစားမိကာ ဘာမှ မတတ်သာသဖြင့် ငိုမိကြလေသည်။

ကြက်သွေးရောင်မီးတောက်သည် မတ်တတ်ရပ်ကာ လူသားအသွင် ပြန် ပြောင်းကာ ပြောလိုက်သည် “ငါ သီးသန့်ခွဲနေပြီး တရားကျင့်ကြံတော့မယ်.. ဘိုးဘေးကြီး… ကငါ့ကိုတစ်ခါမှမရဖူးတဲ့ အမွေပေးသွားပြီ”

“ဟုတ်ပြီ” ရှီမာယူယူသည် ရှေ့တစ်လှမ်းတိုးကာ သူ့ကိုဖက်ပြီးပြောလိုက် သည် “ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းဘေးမှာ ငါတို့အမြဲရှိတယ်၊ မင်း တစ်ယောက် တည်းမဟုတ်ဘူး”

ဝူလင်းယူသည် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ ထိုအကြည့် သည် ဂူထဲရှိရေကိုပင် အေးခဲသွားစေနိုင်သည်။

စိတ်မဆိုးနဲ့ ဒေါသမထွက်လိုက်နဲ့ ဒါပေမဲ့…. ဒါအရမ်းကို အပိုတွေလုပ်နေ တာပဲ။

“ငါသိပါတယ်” ကြက်သွေးရောင်မီးတောက်သည် ဝူလင်းယူ၏ အကြည့် ကိုမကြောက်သော်လည်း သူမကိုလွှတ်ပေးလိုက်သည်။

သူ အရင်ကတစ်ခါမှမပြောဖူးသော်လည်း သူသည် အလွန်ကံကောင်းလှ သည်။ သူမ သူ့ကိုအဖော်ပြုပေးမှုနှင့်အတူ သူသည် နိမ့်ကျသောဘဝမှ တဖြည်းဖြည်းလျှောက်ထွက်လာနိုင်ခဲ့သည်။

သူ့အသက်အင်အား အားအနည်းဆုံးဖြစ်ချိန်၊ အားမရှိသောအခြေအနေ ဖြစ်နေချိန်၊ သူ အကူအညီအလိုအပ်ဆုံးအချိန်တွင် သူမ ပေါ်လာခဲ့သည်။ သူက စပြီး စာချုပ်တည်ထောင်ခဲ့သော်လည်း သူမ မရှိလျှင် သူသည် အခုချိန်လောက် တွင် သေသွားလောက်ပြီဖြစ်သည်။ ယိလင်းတိုင်းပြည်၏ စုတ်ပြတ်နေသည့် ဂူ လေးထဲတွင် တစ်သက်လုံး အထီးကျန်စွာနှင့်ပင်…

မင်းရှိတာက တကယ်ကိုပဲ ကောင်းတာပဲ….

***

All Chapters