ရှေးဟောင်းဝိညာဉ်သားရဲ
Vol. 108 Ch. 1509
“မင်းဘိုးဘေးကြီးရဲ့ ကျန်ခဲ့တဲ့အရိုးတွေကို ဘာလုပ်မှာလဲ” ရှီမာယူယူ သည် အခေါင်းပေါက်တွင်ရှိသော ရှေးဟင်္သာပဒါးငှက်အိုကြီး၏ အကြွင်းအကျန် များကို ညွှန်ပြလေသည်။
တခြားသော ဝိညာဉ်သားရဲ၏ အရိုးများဆိုပါက သူမသည် တစ်ခုခုတော့ လုပ်ရန်စီစဉ်မည်။ ထို့အပြင် ထိုအရာများသည် လက်နက်သန့်စင်ရာတွင်လည်း အသုံးဝင်သည့်အရာဖြစ်လာနိုင်သည်။ သို့သော် သူသည် ကြက်သွေးရောင် မီးတောက်၏ ဘိုးဘေးကြီးဖြစ်နေသည်။ ထားလိုက်ပါတော့…
“ငါ ပြန်ယူသွားမယ် အဲဒါကငါ့ကိုပြန်သုံးသပ်စေမယ်၊ နောက်ကို အသုံးဝင်ရင်လည်း ဝင်လာနိုင်တယ်” ကြက်သွေးရောင်မီးတောက စဉ်းစား ကြည့်သည်။ သူသည် ထိုအရိုးကိစ္စကို ချက်ချင်း ဆုံးဖြတ်ချက်မချနိုင်ပေ။
သို့သော် ထိုအရာကို မထီမဲ့မြင်ပြုရန် ရည်ရွယ်ချက်မရှိပေ။ သူသည် နောက်နောင်တွင် အသုံးပြု၍ရနိုင်သည်။
“ကောင်းပြီလေ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူ၏ ဘိုးဘေးကြီး ဖြစ်သည့်အတွက် သူဆုံးဖြတ်ချက်ချသည်က အကောင်းဆုံးဖြစ်မည်။
“ငါ သီးသန့်ကျင့်ကြံမယ်ဆိုပေမဲ့ အရေးတကြီးမဟုတ်ဘူး မင်း အန္တရာယ် တစ်ခုခုဖြစ်ရင် ခါတိုင်းလိုပဲငါ့ကိုခေါ်လိုက်” ကြက်သွေးရောင်မီးတောက်သည် ရှောင်ချီ ပန်းလေးနှင့် တခြားသူများကို စိုးရိမ်တကြီးကြည့်လိုက်သည်။
သူတို့သည် လုံလောက်အောင် မသန်မာသေးပေ။
ဝူလင်းယူရှိသော်လည်း သူ စိတ်ပူဆဲပင်။
“စိတ်ချပါ တစ်ခုခုဖြစ်ရင် မင်းကိုကူညီဖို့ခေါ်လိုက်မယ်” ရှီမာယူယူ ပြော လိုက်သည်။
“ဒါဆိုလည်း ကောင်းပြီ”
ရှီမာယူယူသည် ကြက်သွေးရောင်မီးတောက်နှင့် ရှေးဟင်္သာပဒါးငှက်တို့ ၏ အရိုးများကို တစ်ပြိုင်နက်သိမ်းလိုက်သည်။ သူမ သက်ပြင်းချလိုက်သည်။
ထိုနေရာတွင် ရှေးဟောင်းဟင်္သာပဒါးငှက်ကို တွေ့ရလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ထိုအချိန်တွင် ဘယ်သူကသတ်လိုက်လို့ ဒီနေရာမှာ ဘယ်လို ပေါ်လာသလဲဆိုသည့် မေးခွန်းများကို သိရန်နည်းလမ်းမရှိတော့ပေ။ သူမ သက်ပြင်းသာချနိုင်တော့သည်။ ဤကမ္ဘာကြီးတွင် လျှို့ဝှက်ဆန်းကြယ်မှုများ ဖြင့် ပြည့်နှက်နေသည်။
အမွေရထားသော ကြက်သွေးရောင်မီးတောက် သိရင်သိလိမ့်မည်။
ကြက်သွေးရောင်မီးတောက်နှင့် ရှေးဟင်္သာပဒါးငှက်တို့ ပျောက်ကွယ် သွားသည်နှင့် ဂူထဲမှရောင်ဝါသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
“ဟူး ဒီကလေးလေးတော့ ကြောက်သွားတာပဲ” ရွှေလေးသည် ရှီမာယူယူ ၏ ရင်ခွင်ထဲမှထွက်ကာ ခေါင်းခါယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှာလည်း သက်သာရာရသွားသည်။
အစောပိုင်းက ရလိုက်သော ထိတ်လန့်မှုသည် သေးသေးမွှားမွှား မဟုတ်ပေ။ နောက်ထပ်သာဆက်ဖြစ်နေပါက သူ အကြောဆွဲသွားနိုင်သည်။
တကယ်တော့ ကြက်သွေးရောင်မီးတောက်နှင့် သူမ၏ ဆက်သွယ်ချက် ကြောင့် ရွှေလေးသည် သူ၏ သေသွားသည့်ရကန်သူကို ကြောက်ရန်မလိုပေ။ သိ့သော် ရှေးဟင်္သာပဒါးငှက်၏ ရောင်ဝါသည် အလွန်အားကောင်းကာ ရှေး ကတည်းကရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် အရိုးထဲထိစိမ့်ဝင်သည့် ကြောက်လန့်မှုကို ကိုင်တွယ်ရန် မဖြစ်နိုင်ပေ။
“အခုအဆင်ပြေသွားပါပြီ” ရှီမာယူယူသည် ရွှေလေး၏ ခေါင်းကိုပုတ်ပေး လိုက်သည်။ သူတစ်ယောက်တည်းမဟုတ်ဘဲ ထိုအဖြစ်အပျက်ကြောင့် တခြား သူများပါ ကြောက်သွားမည်ကို သူမ စိုးရိမ်မိသည်။
ထိုသူသည် ရှေးအချိန်များက ရှေးဟင်္သာပဒါးငှက်ဖြစ်သည်။ တစ်ယောက် လောက်ကျန်လျှင်တောင် ထိတ်လန့်သေသွားရန် လုံလေက်စေသည်။
သူမသည် ရှေ့ကိုဆက်လျှောက်ဟန်ပြင်လိုက်သည်။ သို့သော် ခြေထောက်များမှာ အားလျော့နေလေပြီ။ သူမသည် လုံးဝပင်လှုပ်မရပေ။
“ဒီမှာပဲနားလိုက်ရအောင်” ရှီမာယူယူ၏ မျက်နှာမကောင်းသည်ကို ဝူလင်းယူမြင်သောအခါ အကြံပြုလိုက်သည်။
ရှီမာယူယူသည် အန်းလေကိုကြည့်လိုက်သည်။ သူမသည် ခုနလေးတင် ကြောက်နေသေးသည်။ သို့သော် ဆိုးဝါးလှသည်တော့မဟုတ်။ အန်းလေသည် ထိတ်လန့်မှုထက်ပင် ပိုနေဦးမည်။
သူမ ခေါင်းညိတ်လိုက်သည် “ဒီလောက်အကြာကြီးဝင်လာပြီးတာကို မနားရသေးဘူးလေ ဒီမှာပဲနားကြတာပေါ့”
ရှီမာယူယူထိုသို့ လုပ်ရခြင်းမှာ သူမကြောင့်ဖြစ်သည်ကို အန်းလေ သိရာ ကျေးဇူးတင်စွာပြုံးလိုက်သည်။ ထို့နောက်တွင် သူမသည် တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာများကို စတင်ကုသတော့သည်။
သို့သော် သူမသည် ဆိုးဝါးစွာခံစားရသည်။ သူမသည် ရှီမာယူယူထက် သန်မာသော်လည်း ရှီမာယူယူသည် ကြက်သွေးရောင်မီးတောက်နှင့် စာချုပ်ရှိ သဖြင့် ဟင်္သာပဒါးငှက်၏ ရောင်ဝါကို ပို၍ခံနိုင်ရည်ရှိသည်။ ရှောင်ချီနှင့် တခြား သူများလည်း စာချုပ်ဆက်သွယ်ချက်ရှိနေသဖြင့် ဖိအားသည်သူတို့အပေါ် ထိခိုက်မှုမရှိခဲ့ပေ။
သူမ တစ်ယောက်တည်းသာဖြစ်သည်။ ရှေးဟင်္သာပဒါးငှက်၏ အရိုးများ ပျောက်သွားသော်လည်း သူမ အံကြိတ်ကာ ဖိအားကိုတင်းခံရသည်။ ရလဒ် အနေနှင့် သူမ၏ အတွင်းပိုင်းအင်္ဂါများသည် ဖရိုဖရဲဖြစ်ကာ နာကျင်မှုနှင့် ပြည့်နှက်နေတော့သည်။
“ဒီဆေးတွေသောက်လိုက်” ရှီမာယူယူ၏ အသံသည် အထက်မှထွက်လာ ကာ သူမရှေ့တွင် မြရောင်ဆေးများပေါ်လာသည်။
“သခင်မလေး”
“ခုနက ဖိအားကြောင့် မင်းသေချာပေါက် ဒဏ်ရာရထားမှာပဲ၊ ဒီဆေးက ခန္ဓာကိုယ်ထဲက ပြဿနာတွေကို သက်သာဖို့ကူညီပေးလိမ့်မယ်” ရှီမာယူယူ သည် သူမ၏ ဖျော့တော့သောမျက်နှာကိုမြင်သောအခါ ပြောလိုက်သည် “မင်း ဒီမှာမေ့လဲသွားရင် ဆက်သွားမယ့်ခရီးခက်သွားနိုင်တယ်”
အန်းလေ မပြောသော်လည်း ရှီမာယူယူသည် ကြည့်လိုက်သည်နှင့် သူမ အခြေအနေကို မြင်နိုင်သည်။ သူမ၏ အလိုလိုကုသနိုင်စွမ်းသည် ဆေး သက်ရောက်မှုလောက် မြန်မည်မဟုတ်ပေ။
အန်းလေသည် မငြင်းတော့ဘဲ ဆေးယူလိုက်သည်။ ကျေးဇူးတင်စကား ပြောရင်းနှင့် သူမ စားလိုက်သည်။
သူမသည် ရှီမာယူယူကို ဆေးအကြောင်းမမေးဘဲ သံသယကင်းစွာ ဆေး ကိုစားလိုက်သည်။ သူမကို ထိခိုက်စေမည်မဟုတ်ဆိုသည်ကို သူမ ယုံကြည် သည်။
သူမကို ထိခိုက်အောင်လုပ်လျှင်လည်း မည်သည့်အကျိုးအမြတ်မှရမည် မဟုတ်ပေ။
ဆေးသက်ရောက်မှုသည် အလွန်မြန်ဆန်ကာ သူမ၏ မီးတောက်နေ သော အတွင်းအင်္ဂါများသည် အေးလာမှုကို စတင်ခံစားရတော့သည်။ သူမသည် ချက်ချင်းပင် များစွာ သက်တောင့်သက်သာဖြစ်လာသည်။
သူမ ခေတ္တမျှအနားယူပြီးနောက် သူတို့ ရှေ့သို့ခရီးဆက်လျှောက်ကြ သည်။ သူတို့သည် လမ်းတစ်လျှောက် သတ္တုရိုင်းများကို ကောက်သွားကြသည်။ ရွှေလေး ပျော်ရွှင်ကာ အမြီးမွှေ့ယမ်းပြီး နံရံကိုရိုက်ကာ ကွာကျလာသည်နှင့် ရှောင်ချီတူးယူသည့်အခါများလည်းရှိသည်။
ရွှေလေး အလွန်ပျော်ရွှင်နေသဖြင့် ဝိညာဉ်လေးနှင့်တခြားသူများကိုပါ ခေါ်ထုတ်လိုက်သည့်အခါများလည်းရှိသည်။ ထိုနေရာတွင်သေချာပေါက် ပစ္စည်းကောင်းများရှိနိုင်သည်။
အန်းလေ သူမနောက်လိုက်လာကာ အစပိုင်းတွင် များစွာအံ့ဩမိ သော်လည်း စတင်ထုံလာသည်။ လမ်းတစ်လျှောက်မှာ ရှီမာယူယူကောက်ယူခဲ့ တဲ့ သတ္တုရိုင်းဘယ်လောက်ရှိလဲဆိုတာကို ဘယ်သူသိမှာလဲ။ သူတို့ တန်ဖိုး နည်းတဲ့ပစ္စည်းကို ရနိုင်ချေရှိရင်တောင် သူမကတော့ ပစ္စည်းကောင်းတွေ အများကြီးရလိုက်မှာပဲ။
သူမ ထိုအချက်ကို တွေးမိသည်နှင့် ရှီမာယူယူ၏ ဝိညာဉ်ရှာဖွေသူသခင် စွမ်းရည်ကို ပြန်တွေးမိသွားသည်။ လူငယ်က တကယ်ပဲ လူကြီးတွေကို အနိုင် ယူနိုင်တာပဲ။
“ဝါး”
ရုတ်တရက် မာန်ဟိန်းသံထွက်လာရာ ရှီမာယူယူနှင့် တခြားသူများ ထိတ်လန့်သွားကြသည်။ ထို့နောက်တွင် ပုံရိပ်တစ်ခုသည် ရှေ့လူသွားလမ်းမှ အမြန်ထွက်လာသည်။ ထိုအရာသည် ရှီမာယူယူနှင့်တခြားသူများကို ဖြတ်ကျော်သွားပြီး မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားလေသည်။
ရှီမာယူယူသည် နံရံအနီးကပ်လိုက်သည်။ သူမ လက်ဖဝါးများသည် ချွေးအေးများဖြင့် စေထန်းနေဆဲပင်။ သူမသည် ဘေးတွင်ရှိနေသော ဝူလင်းယူ အားကြည့်ပြီး ကျေးဇူးတင်မိသည်။
ဝိညာဉ်သားရဲ ပြေးလာသည်နှင့် ဝူလင်းယူသည် အတားအဆီးသုံးကာ အားလုံးကို ကာကွယ်ပေးခဲ့သည်။ ထိုအခါမှပင် ဝိညာဉ်သားရဲသည် သူတို့အနံ့ ကိုခံမရတော့ဘဲ မတိုက်ခိုက်တော့ခြင်းဖြစ်သ်ည။
သို့သော် သူတို့သည် ရုတ်တရက်အဖြစ်အပျက်ကြောင့် လန့်နေကြတုန်း ပင်။
“ပြင်းလိုက်တဲ့ ရှေးဟောင်းအနံ့….” အန်းလေ ရေရွတ်လိုက်သည် “အဲဒါက… ရှေးဟောင်းဝိညာဉ်သားရဲမဟုတ်ဘူးလား”
“ဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ ရှေးဟောင်းဝိညာဉ် သားရဲတွေ့ရလိမ့်မယ်လို့ ထင်မထားဘူးပဲ အခု ငါတို့ပြောခဲ့တဲ့ ဝိညာဉ်သားရဲ တွေ စပြီးလွတ်နေပြီ”
“အဲလိုမျိုးသက်ရှိတွေအတွက် ဝိညာဉ်ကျောက်တုံးချိပ်ကလည်း အတိုင်းအတာတစ်ခုပဲ သေချာပေါက်ရှိမှာပဲ” ဝူလင်းယူ ပြောလိုက်သည် “အကန့်အသတ်ပြည့်သွားတာနဲ့ ထွက်ပေါ်လာကြမှာပဲ”
“ဒီတစ်ခေါက်က ဘာလို့ဒီလောက် တိုင်ဆိုင်နေတာလဲ” ရှီမာယူယူ တကယ်ပင် နားမလည်တော့ပေ။ အစောပိုင်းက မည်သူမှမသိခဲ့ပေ။ သို့သော် လူများဝင်လာသည်နှင့် ဝိညာဉ်သားရဲများသည် ထွက်ပေါ်လာခဲ့ကြသည်။
“ရှေးဟောင်းဝိညာဉ်သားရဲတွေက ကိုယ်တို့လက်ရှိဝိညာဉ်သားရဲတွေ ထက် အများကြီးပိုအားကောင်းတယ် အတားအဆီးက အားနည်းလာပြီ”
ရှီမာယူယူသည် ဝူလင်းယူသက်ပြင်းချသည်ကို မြင်ခဲလှသည်။ သူသည် အရာအားလုံးကို ခံစားမှုကင်းသည်ဟု သူမ အမြဲတစေတွေးထင်ခဲ့သည်။
“ရှေ့လမ်းကို အားလုံးပဲသတိထားကြမယ်၊ ဝိညာဉ်သားရဲနိုးလပြီဆိုတော့ တခြားဟာလည်းရှိနိုင်တယ်” ရှီမာယူယူသည် ရှောင်ချီနှင့် တခြားသူများကို ညွှန်ကြားလိုက်သည်။
“အင်း အင်း သိပါပြီ” ရွှေလေးနှင့် တခြားသူများခေါင်းညိတ်လိုက်ကြ သည်။
သူတို့သည် ဝိညာဉ်သားရဲအနေနှင့် ရှီမာယူယူကဲ့သို့လူသားများထက်ပင် ရှေးဟောင်းဝိညာဉ်သားရဲများကို ကြောက်ရွံ့ကြသည်။
သူတို့သည် နောက်နေ့တစ်ဝက်ကြာအောင် ဆက်လျှောက်ကြလေသည်။ သူတို့သည် အရှေ့မှ ပျံ့ထွက်လာသော ရှေးဟောင်းရောင်ဝါကို အာရုံခံမိထား လေသည်။
“ဝိညာဉ်သားရဲတွေအများကြီးများ လွတ်သွားပြီလား” ရှီမာယူယူ ထိတ်လန့်မိသည်။
ဝူလင်းယူသည် သူမလက်ကိုကိုင်ပြီးပြောလေသည် “သူတို့ လွတ်တာ မလွတ်တာကို သွားကြည့်တာနဲ့သိလိမ့်မယ်”
သူတို့သည် အထဲကိုသတိကြီးစွာဖြင့် ဝင်သွားပြီး ကျဉ်းမြောင်းသော လူသွားလမ်းကို ဖြတ်လျှောက်လိုက်သည်။ ရှေ့တွင် ပို၍ပင်ကျဉ်းမြောင်းလာ သည်။
ရှီမာယူယူနှင့် တခြားသူများသည် ဂူအတွင်းတွင်ရှိနေသည်များကို မြင် သောအခါ ကြက်သေသေသွားကြတော့သည်။
***